ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ...

Από Swae_Nyoe

203K 21.4K 204

ဘာသာပြန်သူ - စွဲညို့အသင်း Περισσότερα

Description
Part 1
Part 2
တယ်လီဂရုကြေညာချက်..
Part 3
Part 4
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
🥰🥰နန်းတွင်းအသစ်လေး
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံး ပြီးဆုံးပါကြောင်း...
Part 90
Part 92
Part 93
Part 94
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 95
Part 96
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 97
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 31

2.4K 261 4
Από Swae_Nyoe

TYCDTN

Chapter 31

ယွီရှန်းက ခဏလောက် အိပ်လိုက်သည်။ နိုးလာတော့ လက်သည်းဆိုးဆေးတွေ ပျက်နေပြီမလို့ ထောင်ဟုန်ကို ဖုန့်ရှန်းပန်းရည် ပြင်ဆင်ခိုင်းလိုက်ပြီး

"လက်သည်းဆေးဆိုတဲ့အခါ အနံ့လေးမွှေးနေအောင်လို့ နှင်းဆီ ဆီလေးများများ ထည့်လိုက်၊ ဒါမှ အင်္ကျီလက်လေးဝေ့ယမ်းပြီး ဖြည်းဖြည်းလေး လက်ခါလိုက်ရင် နှစ်လိုဖွယ်ကောင်းနေမှာ"

ထောင်ဟုန်ကလည်း အမိန့်နာခံစွာဖြင့် မြေပန်ကန်းလေးထဲမှာ ဖုန့်ရှန်းပန်းနှင့် ကျောက်ချဥ်လေးထည့်ကာ ရောကြိတ်လိုက်သည်။

လျိုလွီ့က ပန်းထိုးပိုးထည် သေတ္တာကြီးသယ်ကာ ဝင်လာခဲ့သည်။ သူ(မ)က လိုက်ကာမကာ တင်ပြေလေသည်

"သခင်မလေး ဆိုင်ရှင်က နွေဦးဝတ်စုံတွေနဲ့ ခေါင်းအဆင်တန်ဆာတွေ ယူလာပါတယ်၊ အရင်ဆုံး ရွေးဦးမလား ဒါမှမဟုတ် မမကြီးကို ပို့ပေးလိုက်ရမလား"

"သူ့ဆီပဲပို့လိုက် ဒီအချိန်ဆို ပြတင်းပေါက်မှာ လည်ပင်းရှည်နေလောက်ပြီ"

ယွီရှန်းက ကုတင်ထက်တွင် ကိုယ်တစ်ဝက်မှီကာထိုင်နေပြီး အပေါ်ထပ်လက်ရှည်လေးက လျှောကျနေကာ ဖြူဖွေးသည့်ပုခုံးလေးက လစ်ဟာနေသည်။

"နွေဦးရဲ့လေက အေးစိမ့်စိမ့်ကြီး၊ အနွေးဖက်ကနေ အအေးဖက်ကို ရုတ်တရက်ကြီး ကူးပြောင်းတဲ့ကာလမလို့ သခင်မလေး အဝတ်ထူထူဝတ်ထားပါဦး"

လျိုလွီ့က ပိုးထည်သေတ္တာကိုချပြီး သူ(မ)ရဲ့ ဝတ်ရုံကို သေချာပြန်ဝတ်ပေးလိုက်သည်။ ထို့နောက် နားထင်နားက ကျနေသည့် ဆံပင်တွေကို သပ်တင်ပေးကာ သေချာစည်းပေးလိုက်သည်။ လျိုလွီ့က အစေခံလေး၂ယောက်ကို ခေါ်ပြီး သူ(မ)ရဲ့ သခင်မလေးကို မှန်တက်ခုံက ထိုင်ခုံပေါ် တင်ခိုင်းခဲ့သည်။

ယွီရှန်းက စားပွဲပေါ်မှာ ပျင်းရိပျင်းတွဲ လဲချလေသည်။ သူ(မ)ရဲ့ လက်ချောင်းတွေက ပိုးထည်သေတ္တာက ပန်းဖွားအနီကို ဆော့ကစားနေသည်။ ထို့နောက် ဖြည်းညှင်းစွာ ပြောလေသည်

"ချုံရှီကို ယွီစီးယွီ့ကို စောင့်ကြည့်ဖို့ သွားပြောလိုက်၊ ယွီစီးယွီ့ ဘောင်ကျော်တာတွေ လုပ်လာရင် သူ့အဆင့်အတန်းတွေကို အရေးထားမနေဘဲ ချည်ထားလိုက်၊ ငါသူ့ကို သံဆူးသင်းပုတ်နဲ့ ရိုက်ရင်တောင် သူက ငါ့စကားကို နားထောင်မှာ မဟုတ်ဘူး၊ ငါက သူကောင်းစားတာကို မနာလိုလို့ ပြောတယ်ဘဲ ထင်နေမှာ၊ သူ့မှာ မကောင်းတဲ့အကြံရှိပြီး ဒီလမ်းကို ဆက်သွားရင်တော့ သေမှာပဲ၊ ငါ့အစ်ကိုကြီးကို ထိခိုက်စေမှာ မကြောက်ရင် သူသေသေ ရှင်ရှင် ငါဂရုမစိုက်ဘူး၊ အဲဒီမီးတွင်းထဲကို ခုန်ချခိုင်းလိုက်မှာ"

လျိုလွီ့က နားထောင်ပြီးနောက် ခေါင်းညိတ်သဘောတူလိုက်သည်။ သူ(မ) သခင်ရဲ့ ဆံပင်က အလွန်နူးညံ့တာကြောင့် ဆီလေးလိမ်းပေးကာ ငွေကလစ်တွေ အများကြီးသုံးပြီး လိပ်ပြာပုံလေး ဖော်ပေးလိုက်သည်။

ယွီရှန်းက ကြေးမှန်ကိုကြည့်ပြီး အလွန်ကျေနပ်သွားကာ လက်ဝေ့ယမ်းပြီး ပြောလေသည်

"ကောင်းပြီ မြန်မြန်သွားတော့"

ထောင်ဟုန်က ဖုန့်ရှန်းပန်းတွေ ကြိတ်လို့ပြီးသွားပြီ ဖြစ်သည်။ ထို့နောက် ပန်းကန်လုံးလေးထဲမှာ ပန်းရည်၊ ကျောက်ချဥ်နဲ့ နှင်းဆီ ဆီလေးဖြင့်ရောကာ ဂွမ်းလေးဖြင့် တို့လိုက်သည်။ သခင်မလေးက ပျင်းနေတာကြောင့် သူ(မ)က စကားရှာပြောလေသည်

"သခင်မလေး ဖန်းမိသားစုရဲ့သားက တကယ်ဆွဲဆောင်မှုရှိတယ်"

"အမ် ဘယ်လိုဆွဲဆောင်မှုရှိတာလဲ"

ယွီရှန်းက သူ(မ)ကို လှည့်ကြည့်ခဲ့သည်။

"သူ့အသားအရေက ဖြူဖွေးပြီး ကြည်ရှင်းနေတာ၊ မျက်ခုံးဆို ထူထဲမည်းနက်ပြီး နှာခေါင်းက... "

ထောင်ဟုန်က စကားပြောရင်း ဇာဂနာဖြင့် ပန်းရေစိမ်ထားသည့်ဂွမ်းလုံးလေးကိုယူပြီး သခင်မလေးရဲ့ လက်သည်းကို ကပ်ပြီး ဂွမ်းတဘက်လေးယူကာ သုတ်ပးလိုက်သည်။

သူတို့တွေ စိတ်အားထက်သန်စွာ စကားပြောနေကြတုန်း လျှောက်လမ်းမှာ ချိတ်ထားသည့် ကြက်တူရွေးကြီး အားလုက အသံကျယ်ကျယ်ဖြင့် အော်လေသည်

"မှူးမတ်ကြီးလာပြီ မှူးမတ်ကြီးလာပြီ"

ထောင်ဟုန်က ချက်ချင်း ပါးစပ်ပိတ်သွားပေမယ့် နောက်ကျသွားခဲ့သည်။ ယွီဖင်ယန်က အမူအရာ ကင်းမဲ့သည့် မျက်နှာထားဖြင့် ဝင်လာကာ သြရှသည့်အသံဖြင့်ပြောလေသည်

"ဒီတစ်လလုံး ဒီခြံထဲကို ဘယ်သူစိမ်းမှ ဝင်ခွင့်မပြုဘူး၊ စည်းကမ်းဖောက်ဖျက်ရင် ပျဥ်ချပ်နဲ့အချက်၃၀ အရိုက်ခံရမယ်"

ထောင်ဟုန်က အမိန့်နာခံလိုက်ပြီး ကြောက်လန့်မှုကြောင့် တုန်ယင်နေသည်။

ယွီရှန်းက ပြုံးကာ

"အစ်ကိုကြီး ဖန်းမိသားစုက သားက တကယ်ပဲ ဆွဲဆောင်မှုရှိတာလား"

"ရွက်ကြမ်းရေကျိုပါပဲ"

ယွီဖင်ယန်ရဲ့ အေးစက်သည့်မျက်နှာက ပိုပြီး ယိုယွင်းလာခဲ့သည်။ သူက ညီမဖြစ်သူရဲ့ အနောက်ဖက်ကိုသွားပြီး ပုခုံးကိုကိုင်ကာ နားနားကပ်ပြောခဲ့သည်

"ဒီနေ့ သူ့အမေ ဘာပြောခဲ့တာလဲ"

"ဒီလိုပါပဲ သူ့ကိုကြည့်ရတာ ယွီစီးယွီ့ကို ချွေးမတော်ချင်နေပုံပဲ၊ ဖန်းမိသားစုက ကျိကျိတက် ချမ်းသာတာကို အစ်ကိုကြီးလည်း သိတာပဲ၊ အခုဆိုရင် ယွီစီးယွီ့ တော်တော်လေး ပျော်နေလောက်ပြီ"

ယွီရှန်းက လက်သည်းခြောက်အောင် ဖြည်းဖြည်းလေး မှုတ်နေသည်။ တမူထူးခြားသည့် အနံ့လေးက လေထဲမှာ သင်းပျံ့နေသည်။

ယွီဖင်ယန်က သူ့ညီမဘေးမှာ မထိုင်ခင် သူ့ညီမရဲ့ လည်ပင်းနားခေါင်းငုံ့ကာ ဇက်ပိုးနားမှာ အနံ့မွှေးကြည့်လိုက်သည်။ သူက ထောင်ဟုန်ဆီကနေ ဇာဂနာလေး၂ခုကိုယူပြီး သူ့ညီမရဲ့ လက်သည်းတွေကို ကျွမ်းကျင်စွာ ဆိုးပေးခဲ့သည်။ မမြင်တွေ့ရပါက မြင်းတပ်ရဲ့ဗိုလ်မှူးကြီး စစ်ပွဲမှာရက်စက်ကြမ်းတမ်းသည့်လူက ဒီကို နုနုရွရွလေး ပြုမူတတ်တာကို ဘယ်သူမှ ယုံနိုင်မည်မဟုတ်ပေ။

"အခုကြည့်ရင်တော့ ဖန်းမိသားစုက ကြီးကျယ်ခမ်းနားတာပေါ့၊ တကယ်တော့ သူတို့က မီးတောက်ထဲကို လောင်စာဆီ ဖြည့်နေတာ၊ မကြာခင် ကုန်ဆုံးတော့မှာ၊ ယွီစီးယွီ့ကို စောင့်ကြည့်ထား အစ်ကိုကြီးတို့ မှူးမတ်စံအိမ်တော်ကို ဆွဲမချစေနဲ့၊ မင်းကောပဲ သူများတွေ ပြောတဲ့စကားကို သိပ်နားမထောင်နဲ့ သူက ချောတာတို့ဘာတို့.. "

သူ(မ)အစ်ကိုကြီးက တဖျစ်တောက်တောက် ပြောတော့မှာကိုသိလို့ ယွီရှန်းက သူ(မ)ရဲ့ အားနေသည့်လက်ဖြင့် သူ့လည်ပင်းကိုဖက်ကာ

"သိပါတယ် သူက အစ်ကိုကြီးလောက် ချောပါ့မလား၊ အမြင့်ဆုံးက အလှဆုံးကျောက်စိမ်းလို အစ်ကိုကြီးက ဒီကမ္ဘာမှာ ပြိုင်စံရှား အချောဆုံးပဲ၊ ငါ့အစ်ကိုကြီးလောက် ချောတဲ့ယောက်ျားဆိုတာ မရှိဘူး၊ ဒါ့အပြင် အစ်ကိုကြီးက ဟန်မင်းဆက်ရဲ့ သူရဲကောင်းကြီးလေ၊ တကယ်လို့ ညီမလေးက လက်ထပ်ရင်တောင် အစ်ကိုကြီးလိုလူနဲ့ပဲ လက်ထပ်မှာ သာမာန်လူတွေကို စိတ်ထဲမထားဘူး"

သူ(မ)က မျက်လုံးဝိုင်းကြီးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ရယ်ပြီး

"ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ အစ်ကိုကြီးလောက် ကောင်းတဲ့လူမရှိမှာစိုးလို့ ဒီဘဝတော့ လက်မထပ်ဖို့ ဆုံးဖြတ်ထားတယ်၊ အစ်ကိုကြီးက ညီမလေးကို ထောက်ပံ့ကျွေးမွေးရမှာ"

သူ(မ)က အနားကပ်သွားကာ ယွီဖင်ယန်ရဲ့နှာခေါင်းထိပ်လေးကို သူ(မ)ရဲ့ နှာခေါင်းထိပ်ဖြင့် ပွတ်လိုက်သည်။ အသံရှူသံလေးက နွေးထွေးနေကာ ကြာပန်းနံ့ သင်းသင်းလေးက လူကို ယစ်မူးစေသည်။

ယွီဖင်ယန်က ခဏလောက် မိန်းမောသွားခဲ့သည်။ သူ့ရဲ့အေးစက်သည့်မျက်နှာက ပိုနူးညံ့သွားကာ လေသံတိုးတိုးဖြင့် ပြောလေသည်

"ညီမလေး ပြောစရာတောင် မလိုပါဘူး ညီမလေးရဲ့ တစ်ဘဝလုံးကို ဒီအစ်ကိုကြီးက ထောက်ပံ့သွားမယ်၊ ညစာကို ဘာနဲ့စားထားလဲ"

"ကြက်သားဟင်း၊ ငါးလိပ်၊ ဟင်းသီးဟင်းရွက်၄မျိုးပါတဲ့ ဂေါ်ရခါးရွက်၊ တရုတ်ငါးပေါင်း.. "

ယွီရှန်းက တစ်ခုပြီးတစ်ခု ရွတ်ပြခဲ့သည်။

"ဒါပဲလား၊ ပျားရည်တွေ စည်ပိုင်းကြီးနဲ့ တစ်ပိုင်းသောက်ထားတယ် ထင်နေတာ ဒီလောက်ထိ ချိုမြနေအောင် ပြောတတ်တော့လေ"

ယွီဖင်ယန်က ပြုံးကာ ယွီရှန်းရဲ့ နှုတ်ခမ်းကို ပွတ်လိုက်သည်။

"ပျားရည်တော့ မစားထားပေမယ့် ဒါလေးတော့ စားထားတယ်"

ထို့နောက် ယွီရှန်းက စားပွဲပေါ်က ဘူးလေးတစ်ခုကို ဖွင့်လိုက်ပြီး လက်ချောင်းဖြင့် အထဲက ပျားရည်လို အနီရောင် အရည်ကိုယူကာ အောက်နှုတ်ခမ်းထက်တွင် လိမ်းလိုက်သည်။ ထို့နောက် လျှာလေးထုတ်ကာ လျက်လိုက်သည်။ သူ(မ)က ပြုံးကာ ပြောလေသည်

"ဒီဟာကို ကိုယ်တိုင်လုပ်ထားတာ၊ နှင်းဆီပန်းအဖတ်၊ ပျားရည်နဲ့ ဆီထည့်ကြိတ်ထားတာ၊ ခြောက်သွားရင် သုံးလို့ရပြီ၊ အနံ့ရလား၊ အရမ်းမွှေးတယ်မလား"

သူ(မ)က ရယ်လျက် ယွီဖင်ယန် ရှူဖို့ နှာခေါင်းထိပ်နား နည်းနည်းသုတ်ပေးခဲ့သည်။ ထို့နောက် နှုတ်ခမ်းကို လိမ်းပေးလိုက်သည်။

ယွီဖင်ယန်က အသက်၁၆ကတည်းက စစ်တိုက်ခဲ့သူဖြစ်သည်။ ဒီကလေးမရဲ့ နောက်ပြောင်ကျီစယ်မှုကို မသိဘဲမနေပေ။ သို့ပေမယ့် သူ(မ)ကို လုပ်ချင်တာ လုပ်ခွင့်ပေးထားခဲ့သည်။ သူ့နှုတ်ခမ်းကို နီနေအောင် လုပ်ပြီးနောက် မျက်လုံးလေး မှေးကျည်းသည်အထိ ရယ်မောနေသည်။

"အစ်ကိုကြီး ချိုပြီး မွှေးတယ်မလား"

မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မေးနေသည်။

ယွီဖင်ယန်က လျှာထုတ်ကာ လျက်ကြည့်လိုက်သည်။ အချိုဓာတ်လေး စွဲကျန်နေသည်။ နီရဲနေသည့် နှုတ်ခမ်းက သူ့ကို ရက်စက်သည့် နတ်ဆိုးအသွင်ဖြင့် ပိုချောသွားစေခဲ့သည်။

ယွီရှန်းက ကြောင်အမ်းအမ်း ဖြစ်နေသည်။

ထိုအချိန်မှာပဲ ယွီဖင်ယန်က ယွီရှန်းရဲ့ ချယ်ရီသီးအမှည့်လို ရဲနေသည့် နှုတ်ခမ်းကနေ အကြည့်မခွာနိုင်ခဲ့ပေ။ အနားကပ်လိုက်တော့ နှင်းဆီနှင့် ကြာပန်းနံ့က သူ့နှာခေါင်းထဲ ပိုတိုးဝင်လာသည်။ ရုတ်တရက်ကြီး ဒွိဟဖြစ်နေသည့် ကဗျာက ခေါင်းထဲ ပေါ်လာခဲ့သည်။ 'မျက်နှာချေမှုန့်တွေပါတဲ့ ရောင်စုံမိတ်ကပ်လေးတွေလေထဲပျံ့နေတယ်'။

ရုတ်တရက်ကြီး ရေဆာလာသလို ခံစားလိုက်ရသည်။ စိန်ပုံစံ နှုတ်ခမ်းလေးကို မြိုချပစ်ချင်စိတ်တွေ ပေါ်လာခဲ့ရသည်။

ရင်ထဲမှာ အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်။ အမြန်လေး နောက်ဆုတ်ကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်သည်။ ဂွမ်းလုံးလေးကို ယူကာ သူ့ညီမကို လက်သည်း ဆက်ဆိုးပေးနေလိုက်သည်။ တဘက်ဖြင့် သုတ်ပေးပြီးနောက် ဆင်ခြေရှာကာ အမြန်ထွက်သွားခဲ့သည်။

ယွီရှန်းကတော့ သတိမထားမိဘဲ ထောင်ဟုန်ကို လက်သည်းဆက်ဆိုး ခိုင်းလိုက်သည်။

တျယ်ချိန်ဥယျာဥ်ထဲမှာ ဖေရှီ့က အရက်သောက်ပြန်လာမည့် သားဖြစ်သူကိုစောင့်နေကာ သားဖြစ်သူပြန်လာတော့ သွားကူပေးဖို့ အမြန်လေး ရှေ့တိုးသွားခဲ့သည်။

"မျက်နှာကို မြန်မြန်သုတ်လိုက်"

သူ(မ)က သားဖြစ်သူရဲ့ မျက်နှာဆီ တဘက်ပစ်ပေးကာ စိတ်အားထက်သန်စွာ မေးလေသည်

"မှူးမတ်ကြီးနဲ့ မိတ်ဆွေဖြစ်ပြီလား"

ဖန်းကျီ့ချန်က ညောင်စောင်းထက်မှာ ခဏလဲနေသည်။ ခေါင်းမမူးတော့မှ တုန်လှုပ်ချောက်ချားစွာ ပြောလေသည်

"သူက သတင်းတွေထဲကအတိုင်း အေးစက်တယ်၊ သူ့ကို ချည်းကပ်ဖို့ ခက်တယ်၊ အရက်သောက်ဖို့ ကမ်းလှမ်းခဲ့တော့လည်း ချက်ချင်း ငြင်းပစ်တာ၊ သူ့ကို စကားပြောတော့လည်း အေးတိအေးစက်ပဲ ဆက်ဆံတာ၊ မှူးမတ်စံအိမ်တော်ကြီးထဲမှာ လျှောက်မသွားဖို့လည်း တားမြစ်ခဲ့တယ်၊ ကို့ရို့ကားယား အခြေအနေကြီးကို ရှောင်ဖို့အတွက် သားလည်း အရက်တွေပဲ ငှဲ့သောက်လိုက်ရတာပဲ၊ ဒီလိုနဲ့ မတော်တဆ သောက်တာ များသွားတယ်"

"ချည်းကပ်ဖို့ခက်တယ်"

ထိုစကားကြားတော့ ဖေရှီ့က ဒေါသထွက်သွားပေမယ့် မှူးမတ်စံအိမ်တော်မှာ နေရဖို့က မလွယ်ပေ။ ဓားကိုင်ဆောင်ထားသည့် စစ်သားတွေက တံခါးအပြင်မှာ စောင့်ကြပ် နေကြသည်။ တည်ကြည်သည့်မျက်နှာထားနှင့် အစောင့်တွေကလည်း ခြံထဲပတ်ပြီး ကြည့်ရှုနေတာကြောင့် သူ(မ)ကို ကြောက်လန့်စေကာ ခြေလက်တွေကိုပင် အားနည်းသွားစေသည်။

သူ(မ)ခင်ပွန်းရဲ့မိသားစုက ချမ်းသာသည်ဟု ထင်ခဲ့သည်။ ယွီမိသားစုနဲ့ ယှဥ်ကြည့်မှပဲ ကြွယ်ဝမှုက လှည့်စားထားသည့်မှန်လို တစ်ချက်ထိရုံဖြင့် ပြိုလဲသွားမယ့်အရာမှန်း သိခဲ့ရသည်။ ယွီမိသားစုကမှ ဂုဏ်သရေကြီးကာ တကယ့် မင်းမျိုးစိုးနွယ် မိသားစုဖြစ်သည်။

ခဏလောက်တွေးတောနေပြီးမှ သူ့သားကို အမူးပြေဟင်းရည် တိုက်ဖို့ သတိရလေသည်။ ထို့နောက် သူ(မ)သားကို သတိပေးခဲ့သည်။

"သူက တပ်မှူးကြီးဖြစ်ပြီး ငရဲဘုရင်ပဲ သူ့ကို ဘယ်သူမှ ထိလို့မရဘူး၊ ဒီလိုစိတ်ထားရှိတာ ပုံမှန်ပဲ သူ့ကို သည်းခံရမယ်"

သူ(မ)က သားဖြစ်သူ ထလို့ရအောင်ကူပေးပြီး ဆက်ပြောလေသည်

"ဒီနေ့ မှူးမတ်စံအိမ်တော်က သမီး၂ယောက်နဲ့တွေ့ခဲ့တယ်၊ နင့်ကို ကိုယ်လုပ်တော်က မွေးတဲ့သမီးနဲ့ စေ့စပ်စေချင်တယ် ဘယ်လိုသဘောရလဲ"

ဖန်းကျီ့ချန်က ချက်ချင်းအမူးပြေသွားကာ မေးလေသည်

"ဘာလို့ ကိုယ်လုပ်တော်ကမွေးတဲ့သမီးလဲ၊ ထိပ်တန်း စာသင်သားတစ်ယောက်အနေနဲ့ မင်းမျိုးစိုးနွယ်က တရားဝင်သမီး မပြောနဲ့ ဘုရင်မင်းမြတ်ရဲ့ သမီးနဲ့တောင် လက်ထပ်လို့ရတယ်၊ ဘာလို့ ကိုယ်လုပ်တော်ရဲ့သမီးနဲ့ လက်ထပ်ရမှာလဲ အမေ သားကို အရှက်ခွဲတာလား"

"အမေ့မှာ ဘာရွေးချယ်စရာရှိလို့လဲ"

ဖေရှီ့ရဲ့မျက်နှာက ခါးသက်နေသည်။

"ဘုရင်ကြီးက အခု သယ်ယူပို့ဆောင်ရေးရဲ့ အခွန်တွေစစ်ဆေးနေပြီး အထူးသဖြင့် ဆားသယ်ယူပို့ဆောင်ရေးရဲ့အခွန်ကို စစ်ဆေးနေတယ်၊ ဘယ်လိုမုန်တိုင်းတွေ နီးကပ်လာပြီလဲဆိုတာ ငါမသိဘူး၊ နင့်အဖေကလည်း နောက်ဆက်တွဲအတွက် ပြင်ဆင်ပြီးထား၊ ဒီမြို့ထဲက မရေတွက်နိုင်တဲ့လူတွေထဲမှာ တပ်မှူးကြီးကပဲ ငါတို့ကို ကယ်နိုင်မှာ၊ နင့်လက်ထပ်ပွဲကို အကြောင်းပြုပြီးတော့ပဲ နင့်အဖေ အသက်ရှင်နိုင်မှာ"

"ဒါဆိုလည်း တရားဝင်သမီး ရှိတယ်မလား"

ဖန်းကျီ့ချန်က မကျေမနပ်မေးလေသည်။

"နင်က အဲဒါပဲသိပြီး ကျန်တာမသိဘူး၊ တရားဝင်သမီးရှိတာ မှန်ပေမယ့် သူက မသန်မစွမ်းလေ၊ အောက်ပိုင်းသေနေတာ၊ သူနဲ့လက်ထပ်ပြီးရင် ဘယ်သူက ငါတို့အိမ်တော်ကို တာဝန်ယူပြီး ဘယ်သူက နင်နဲ့လူရှေ့သူရှေ့ ထွက်ပေးမှာလဲ၊ အမွေဆက်ခံဖို့ ကလေးရဖို့လည်း ခက်ဦးမယ်၊ ဒါကြောင့် ဒုတိယရွေးချယ်မှုအနေနဲ့ ကိုယ်လုပ်တော်ရဲ့သမီးနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ပေးခဲ့တာ"

ဖေရှီ့က သနားစဖွယ် ပြောနေပေမယ့် မြို့ထဲက သူ(မ)မိသားစုရဲ့ အဆင့်ကို မတွေးမိဘဲ မနေနိုင်ခဲ့ပေ။။ ယန်ကျုံးက ဟိတ်ဟန်များကာ လူများသည့်နေရာက သူ(မ)ကို မျက်စိကျိန်းစေကာ ဆားကုန်သည်တွေက မြှောက်ပင့် ပေးခဲ့သည်။ မြို့တော်ကို သွားတော့လည်း ခေါင်းမော့ရင်ကော့ကာ မျက်နှာမငယ်ခဲ့ပေ။ သူ(မ)သားက လူပေါင်းသန်းချီထဲက အရည်အချင်းရှိ လူတစ်ယောက်ဟု ထင်ခဲ့သည်။ ဒါကြောင့် မိသားစုတိုင်းက မိန်းမငယ်လေးတွေကို ရွေးခဲ့သည်။

ဖန်းကျီ့ချန်က သူ့အဖေရဲ့ ပြဿနာတွေကို ပြန်တွေးလိုက်သည်။ နေရာ၃ခုရဲ့တာဝန်ခံ တပ်မှူးကြီးကသာ သူတို့ကို ကယ်တင်နိုင်သည်။ သိမ်ငယ်မှုတွေကို မြိုချကာ ခေါင်းညိတ်ပြပြီး

"အမေ့စကားကို နားထောင်ပါ့မယ်၊ ဒါပေမဲ့ မစေ့စပ်ခင်တော့ မှူးမတ်စံအိမ်တော်က သမီးကြီးနဲ့ တွေ့ဖို့တောင်းဆိုချင်တယ်"

ဖေရှီ့က သူ(မ)သားရဲ့ ခေါင်းကိုပွတ်သပ်ပေးကာ ပြုံးလျက်

"ဒါပေါ့ သူက ကိုယ်လုပ်တော်ရဲ့သမီးဆိုပေမယ့် ငယ်ငယ်ကတည်းက တရားဝင်ဇနီးမယားကြီးနဲ့ပဲ ကြီးပြင်းလာတာ၊ ရုပ်ရည်လေးကလည်း မဆိုးဘူး၊ သားသဘောကျမှာပါ"

သားမိ၂ယောက် ခဏလောက်စကားပြောပြီးနောက် လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ တော်ဝင်စာမေးပွဲကို ပထမအဆင့်နှင့်အောင်ဖို့ စောင့်ပြီးမှ ကျင်းပဖို့ စီစဉ်လိုက်သည်။ ဒါပြီးမှ ကြီးကျယ်ခမ်းနားစွာ မှူးမတ်စံအိမ်တော်ကို တင်တောင်းမည်ဖြစ်သည်။

#####

Telegram မှာ အပိုင်း ၉၈အထိ ရောက်ပါပြီနော်။

Zawgyi

TYCDTN
Chapter 31

ယြီရွန္းက ခဏေလာက္ အိပ္လိုက္သည္။ ႏိုးလာေတာ့ လက္သည္းဆိုးေဆးေတြ ပ်က္ေနၿပီမလို႔ ေထာင္ဟုန္ကို ဖုန္႔ရွန္းပန္းရည္ ျပင္ဆင္ခိုင္းလိုက္ၿပီး

"လက္သည္းေဆးဆိုတဲ့အခါ အနံ႔ေလးေမႊးေနေအာင္လို႔ ႏွင္းဆီ ဆီေလးမ်ားမ်ား ထည့္လိုက္၊ ဒါမွ အက်ႌလက္ေလးေဝ့ယမ္းၿပီး ျဖည္းျဖည္းေလး လက္ခါလိုက္ရင္ ႏွစ္လိုဖြယ္ေကာင္းေနမွာ"

ေထာင္ဟုန္ကလည္း အမိန္႔နာခံစြာျဖင့္ ေျမပန္ကန္းေလးထဲမွာ ဖုန္႔ရွန္းပန္းႏွင့္ ေက်ာက္ခ်ဥ္ေလးထည့္ကာ ေရာႀကိတ္လိုက္သည္။

လ်ိဳလြီ႕က ပန္းထိုးပိုးထည္ ေသတၱာႀကီးသယ္ကာ ဝင္လာခဲ့သည္။ သူ(မ)က လိုက္ကာမကာ တင္ေျပေလသည္

"သခင္မေလး ဆိုင္ရွင္က ေႏြဦးဝတ္စုံေတြနဲ႔ ေခါင္းအဆင္တန္ဆာေတြ ယူလာပါတယ္၊ အရင္ဆုံး ေ႐ြးဦးမလား ဒါမွမဟုတ္ မမႀကီးကို ပို႔ေပးလိုက္ရမလား"

"သူ႔ဆီပဲပို႔လိုက္ ဒီအခ်ိန္ဆို ျပတင္းေပါက္မွာ လည္ပင္းရွည္ေနေလာက္ၿပီ"

ယြီရွန္းက ကုတင္ထက္တြင္ ကိုယ္တစ္ဝက္မွီကာထိုင္ေနၿပီး အေပၚထပ္လက္ရွည္ေလးက ေလွ်ာက်ေနကာ ျဖဴေဖြးသည့္ပုခုံးေလးက လစ္ဟာေနသည္။

"ေႏြဦးရဲ႕ေလက ေအးစိမ့္စိမ့္ႀကီး၊ အေႏြးဖက္ကေန အေအးဖက္ကို ႐ုတ္တရက္ႀကီး ကူးေျပာင္းတဲ့ကာလမလို႔ သခင္မေလး အဝတ္ထူထူဝတ္ထားပါဦး"

လ်ိဳလြီ႕က ပိုးထည္ေသတၱာကိုခ်ၿပီး သူ(မ)ရဲ႕ ဝတ္႐ုံကို ေသခ်ာျပန္ဝတ္ေပးလိုက္သည္။ ထို႔ေနာက္ နားထင္နားက က်ေနသည့္ ဆံပင္ေတြကို သပ္တင္ေပးကာ ေသခ်ာစည္းေပးလိုက္သည္။ လ်ိဳလြီ႕က အေစခံေလး၂ေယာက္ကို ေခၚၿပီး သူ(မ)ရဲ႕ သခင္မေလးကို မွန္တက္ခုံက ထိုင္ခုံေပၚ တင္ခိုင္းခဲ့သည္။

ယြီရွန္းက စားပြဲေပၚမွာ ပ်င္းရိပ်င္းတြဲ လဲခ်ေလသည္။ သူ(မ)ရဲ႕ လက္ေခ်ာင္းေတြက ပိုးထည္ေသတၱာက ပန္းဖြားအနီကို ေဆာ့ကစားေနသည္။ ထို႔ေနာက္ ျဖည္းညႇင္းစြာ ေျပာေလသည္

"ခ်ဳံရွီကို ယြီစီးယြီ႕ကို ေစာင့္ၾကည့္ဖို႔ သြားေျပာလိုက္၊ ယြီစီးယြီ႕ ေဘာင္ေက်ာ္တာေတြ လုပ္လာရင္ သူ႔အဆင့္အတန္းေတြကို အေရးထားမေနဘဲ ခ်ည္ထားလိုက္၊ ငါသူ႔ကို သံဆူးသင္းပုတ္နဲ႔ ႐ိုက္ရင္ေတာင္ သူက ငါ့စကားကို နားေထာင္မွာ မဟုတ္ဘူး၊ ငါက သူေကာင္းစားတာကို မနာလိုလို႔ ေျပာတယ္ဘဲ ထင္ေနမွာ၊ သူ႔မွာ မေကာင္းတဲ့အႀကံရွိၿပီး ဒီလမ္းကို ဆက္သြားရင္ေတာ့ ေသမွာပဲ၊ ငါ့အစ္ကိုႀကီးကို ထိခိုက္ေစမွာ မေၾကာက္ရင္ သူေသေသ ရွင္ရွင္ ငါဂ႐ုမစိုက္ဘူး၊ အဲဒီမီးတြင္းထဲကို ခုန္ခ်ခိုင္းလိုက္မွာ"

လ်ိဳလြီ႕က နားေထာင္ၿပီးေနာက္ ေခါင္းညိတ္သေဘာတူလိုက္သည္။ သူ(မ) သခင္ရဲ႕ ဆံပင္က အလြန္ႏူးညံ့တာေၾကာင့္ ဆီေလးလိမ္းေပးကာ ေငြကလစ္ေတြ အမ်ားႀကီးသုံးၿပီး လိပ္ျပာပုံေလး ေဖာ္ေပးလိုက္သည္။

ယြီရွန္းက ေၾကးမွန္ကိုၾကည့္ၿပီး အလြန္ေက်နပ္သြားကာ လက္ေဝ့ယမ္းၿပီး ေျပာေလသည္

"ေကာင္းၿပီ ျမန္ျမန္သြားေတာ့"

ေထာင္ဟုန္က ဖုန္႔ရွန္းပန္းေတြ ႀကိတ္လို႔ၿပီးသြားၿပီ ျဖစ္သည္။ ထို႔ေနာက္ ပန္းကန္လုံးေလးထဲမွာ ပန္းရည္၊ ေက်ာက္ခ်ဥ္နဲ႔ ႏွင္းဆီ ဆီေလးျဖင့္ေရာကာ ဂြမ္းေလးျဖင့္ တို႔လိုက္သည္။ သခင္မေလးက ပ်င္းေနတာေၾကာင့္ သူ(မ)က စကားရွာေျပာေလသည္

"သခင္မေလး ဖန္းမိသားစုရဲ႕သားက တကယ္ဆြဲေဆာင္မႈရွိတယ္"

"အမ္ ဘယ္လိုဆြဲေဆာင္မႈရွိတာလဲ"

ယြီရွန္းက သူ(မ)ကို လွည့္ၾကည့္ခဲ့သည္။

"သူ႔အသားအေရက ျဖဴေဖြးၿပီး ၾကည္ရွင္းေနတာ၊ မ်က္ခုံးဆို ထူထဲမည္းနက္ၿပီး ႏွာေခါင္းက... "

ေထာင္ဟုန္က စကားေျပာရင္း ဇာဂနာျဖင့္ ပန္းေရစိမ္ထားသည့္ဂြမ္းလုံးေလးကိုယူၿပီး သခင္မေလးရဲ႕ လက္သည္းကို ကပ္ၿပီး ဂြမ္းတဘက္ေလးယူကာ သုတ္ပးလိုက္သည္။

သူတို႔ေတြ စိတ္အားထက္သန္စြာ စကားေျပာေနၾကတုန္း ေလွ်ာက္လမ္းမွာ ခ်ိတ္ထားသည့္ ၾကက္တူေ႐ြးႀကီး အားလုက အသံက်ယ္က်ယ္ျဖင့္ ေအာ္ေလသည္

"မႉးမတ္ႀကီးလာၿပီ မႉးမတ္ႀကီးလာၿပီ"

ေထာင္ဟုန္က ခ်က္ခ်င္း ပါးစပ္ပိတ္သြားေပမယ့္ ေနာက္က်သြားခဲ့သည္။ ယြီဖင္ယန္က အမူအရာ ကင္းမဲ့သည့္ မ်က္ႏွာထားျဖင့္ ဝင္လာကာ ၾသရွသည့္အသံျဖင့္ေျပာေလသည္

"ဒီတစ္လလုံး ဒီၿခံထဲကို ဘယ္သူစိမ္းမွ ဝင္ခြင့္မျပဳဘူး၊ စည္းကမ္းေဖာက္ဖ်က္ရင္ ပ်ဥ္ခ်ပ္နဲ႔အခ်က္၃၀ အ႐ိုက္ခံရမယ္"

ေထာင္ဟုန္က အမိန္႔နာခံလိုက္ၿပီး ေၾကာက္လန္႔မႈေၾကာင့္ တုန္ယင္ေနသည္။

ယြီရွန္းက ၿပဳံးကာ

"အစ္ကိုႀကီး ဖန္းမိသားစုက သားက တကယ္ပဲ ဆြဲေဆာင္မႈရွိတာလား"

"႐ြက္ၾကမ္းေရက်ိဳပါပဲ"

ယြီဖင္ယန္ရဲ႕ ေအးစက္သည့္မ်က္ႏွာက ပိုၿပီး ယိုယြင္းလာခဲ့သည္။ သူက ညီမျဖစ္သူရဲ႕ အေနာက္ဖက္ကိုသြားၿပီး ပုခုံးကိုကိုင္ကာ နားနားကပ္ေျပာခဲ့သည္

"ဒီေန႔ သူ႔အေမ ဘာေျပာခဲ့တာလဲ"

"ဒီလိုပါပဲ သူ႔ကိုၾကည့္ရတာ ယြီစီးယြီ႕ကို ေခြၽးမေတာ္ခ်င္ေနပုံပဲ၊ ဖန္းမိသားစုက က်ိက်ိတက္ ခ်မ္းသာတာကို အစ္ကိုႀကီးလည္း သိတာပဲ၊ အခုဆိုရင္ ယြီစီးယြီ႕ ေတာ္ေတာ္ေလး ေပ်ာ္ေနေလာက္ၿပီ"

ယြီရွန္းက လက္သည္းေျခာက္ေအာင္ ျဖည္းျဖည္းေလး မႈတ္ေနသည္။ တမူထူးျခားသည့္ အနံ႔ေလးက ေလထဲမွာ သင္းပ်ံ႕ေနသည္။

ယြီဖင္ယန္က သူ႔ညီမေဘးမွာ မထိုင္ခင္ သူ႔ညီမရဲ႕ လည္ပင္းနားေခါင္းငုံ႔ကာ ဇက္ပိုးနားမွာ အနံ႔ေမႊးၾကည့္လိုက္သည္။ သူက ေထာင္ဟုန္ဆီကေန ဇာဂနာေလး၂ခုကိုယူၿပီး သူ႔ညီမရဲ႕ လက္သည္းေတြကို ကြၽမ္းက်င္စြာ ဆိုးေပးခဲ့သည္။ မျမင္ေတြ႕ရပါက ျမင္းတပ္ရဲ႕ဗိုလ္မႉးႀကီး စစ္ပြဲမွာရက္စက္ၾကမ္းတမ္းသည့္လူက ဒီကို ႏုႏု႐ြ႐ြေလး ျပဳမူတတ္တာကို ဘယ္သူမွ ယုံႏိုင္မည္မဟုတ္ေပ။

"အခုၾကည့္ရင္ေတာ့ ဖန္းမိသားစုက ႀကီးက်ယ္ခမ္းနားတာေပါ့၊ တကယ္ေတာ့ သူတို႔က မီးေတာက္ထဲကို ေလာင္စာဆီ ျဖည့္ေနတာ၊ မၾကာခင္ ကုန္ဆုံးေတာ့မွာ၊ ယြီစီးယြီ႕ကို ေစာင့္ၾကည့္ထား အစ္ကိုႀကီးတို႔ မႉးမတ္စံအိမ္ေတာ္ကို ဆြဲမခ်ေစနဲ႔၊ မင္းေကာပဲ သူမ်ားေတြ ေျပာတဲ့စကားကို သိပ္နားမေထာင္နဲ႔ သူက ေခ်ာတာတို႔ဘာတို႔.. "

သူ(မ)အစ္ကိုႀကီးက တဖ်စ္ေတာက္ေတာက္ ေျပာေတာ့မွာကိုသိလို႔ ယြီရွန္းက သူ(မ)ရဲ႕ အားေနသည့္လက္ျဖင့္ သူ႔လည္ပင္းကိုဖက္ကာ

"သိပါတယ္ သူက အစ္ကိုႀကီးေလာက္ ေခ်ာပါ့မလား၊ အျမင့္ဆုံးက အလွဆုံးေက်ာက္စိမ္းလို အစ္ကိုႀကီးက ဒီကမာၻမွာ ၿပိဳင္စံရွား အေခ်ာဆုံးပဲ၊ ငါ့အစ္ကိုႀကီးေလာက္ ေခ်ာတဲ့ေယာက္်ားဆိုတာ မရွိဘူး၊ ဒါ့အျပင္ အစ္ကိုႀကီးက ဟန္မင္းဆက္ရဲ႕ သူရဲေကာင္းႀကီးေလ၊ တကယ္လို႔ ညီမေလးက လက္ထပ္ရင္ေတာင္ အစ္ကိုႀကီးလိုလူနဲ႔ပဲ လက္ထပ္မွာ သာမာန္လူေတြကို စိတ္ထဲမထားဘူး"

သူ(မ)က မ်က္လုံးဝိုင္းႀကီးေတြကို ပုတ္ခတ္ပုတ္ခတ္လုပ္ကာ ရယ္ၿပီး

"ဒါေပမဲ့ ဒီကမာၻေပၚမွာ အစ္ကိုႀကီးေလာက္ ေကာင္းတဲ့လူမရွိမွာစိုးလို႔ ဒီဘဝေတာ့ လက္မထပ္ဖို႔ ဆုံးျဖတ္ထားတယ္၊ အစ္ကိုႀကီးက ညီမေလးကို ေထာက္ပံ့ေကြၽးေမြးရမွာ"

သူ(မ)က အနားကပ္သြားကာ ယြီဖင္ယန္ရဲ႕ႏွာေခါင္းထိပ္ေလးကို သူ(မ)ရဲ႕ ႏွာေခါင္းထိပ္ျဖင့္ ပြတ္လိုက္သည္။ အသံရႉသံေလးက ေႏြးေထြးေနကာ ၾကာပန္းနံ႔ သင္းသင္းေလးက လူကို ယစ္မူးေစသည္။

ယြီဖင္ယန္က ခဏေလာက္ မိန္းေမာသြားခဲ့သည္။ သူ႔ရဲ႕ေအးစက္သည့္မ်က္ႏွာက ပိုႏူးညံ့သြားကာ ေလသံတိုးတိုးျဖင့္ ေျပာေလသည္

"ညီမေလး ေျပာစရာေတာင္ မလိုပါဘူး ညီမေလးရဲ႕ တစ္ဘဝလုံးကို ဒီအစ္ကိုႀကီးက ေထာက္ပံ့သြားမယ္၊ ညစာကို ဘာနဲ႔စားထားလဲ"

"ၾကက္သားဟင္း၊ ငါးလိပ္၊ ဟင္းသီးဟင္း႐ြက္၄မ်ိဳးပါတဲ့ ေဂၚရခါး႐ြက္၊ တ႐ုတ္ငါးေပါင္း.. "

ယြီရွန္းက တစ္ခုၿပီးတစ္ခု ႐ြတ္ျပခဲ့သည္။

"ဒါပဲလား၊ ပ်ားရည္ေတြ စည္ပိုင္းႀကီးနဲ႔ တစ္ပိုင္းေသာက္ထားတယ္ ထင္ေနတာ ဒီေလာက္ထိ ခ်ိဳျမေနေအာင္ ေျပာတတ္ေတာ့ေလ"

ယြီဖင္ယန္က ၿပဳံးကာ ယြီရွန္းရဲ႕ ႏႈတ္ခမ္းကို ပြတ္လိုက္သည္။

"ပ်ားရည္ေတာ့ မစားထားေပမယ့္ ဒါေလးေတာ့ စားထားတယ္"

ထို႔ေနာက္ ယြီရွန္းက စားပြဲေပၚက ဘူးေလးတစ္ခုကို ဖြင့္လိုက္ၿပီး လက္ေခ်ာင္းျဖင့္ အထဲက ပ်ားရည္လို အနီေရာင္ အရည္ကိုယူကာ ေအာက္ႏႈတ္ခမ္းထက္တြင္ လိမ္းလိုက္သည္။ ထို႔ေနာက္ လွ်ာေလးထုတ္ကာ လ်က္လိုက္သည္။ သူ(မ)က ၿပဳံးကာ ေျပာေလသည္

"ဒီဟာကို ကိုယ္တိုင္လုပ္ထားတာ၊ ႏွင္းဆီပန္းအဖတ္၊ ပ်ားရည္နဲ႔ ဆီထည့္ႀကိတ္ထားတာ၊ ေျခာက္သြားရင္ သုံးလို႔ရၿပီ၊ အနံ႔ရလား၊ အရမ္းေမႊးတယ္မလား"

သူ(မ)က ရယ္လ်က္ ယြီဖင္ယန္ ရႉဖို႔ ႏွာေခါင္းထိပ္နား နည္းနည္းသုတ္ေပးခဲ့သည္။ ထို႔ေနာက္ ႏႈတ္ခမ္းကို လိမ္းေပးလိုက္သည္။

ယြီဖင္ယန္က အသက္၁၆ကတည္းက စစ္တိုက္ခဲ့သူျဖစ္သည္။ ဒီကေလးမရဲ႕ ေနာက္ေျပာင္က်ီစယ္မႈကို မသိဘဲမေနေပ။ သို႔ေပမယ့္ သူ(မ)ကို လုပ္ခ်င္တာ လုပ္ခြင့္ေပးထားခဲ့သည္။ သူ႔ႏႈတ္ခမ္းကို နီေနေအာင္ လုပ္ၿပီးေနာက္ မ်က္လုံးေလး ေမွးက်ည္းသည္အထိ ရယ္ေမာေနသည္။

"အစ္ကိုႀကီး ခ်ိဳၿပီး ေမႊးတယ္မလား"

မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္ လုပ္ကာ ေမးေနသည္။

ယြီဖင္ယန္က လွ်ာထုတ္ကာ လ်က္ၾကည့္လိုက္သည္။ အခ်ိဳဓာတ္ေလး စြဲက်န္ေနသည္။ နီရဲေနသည့္ ႏႈတ္ခမ္းက သူ႔ကို ရက္စက္သည့္ နတ္ဆိုးအသြင္ျဖင့္ ပိုေခ်ာသြားေစခဲ့သည္။

ယြီရွန္းက ေၾကာင္အမ္းအမ္း ျဖစ္ေနသည္။

ထိုအခ်ိန္မွာပဲ ယြီဖင္ယန္က ယြီရွန္းရဲ႕ ခ်ယ္ရီသီးအမွည့္လို ရဲေနသည့္ ႏႈတ္ခမ္းကေန အၾကည့္မခြာႏိုင္ခဲ့ေပ။ အနားကပ္လိုက္ေတာ့ ႏွင္းဆီႏွင့္ ၾကာပန္းနံ႔က သူ႔ႏွာေခါင္းထဲ ပိုတိုးဝင္လာသည္။ ႐ုတ္တရက္ႀကီး ဒြိဟျဖစ္ေနသည့္ ကဗ်ာက ေခါင္းထဲ ေပၚလာခဲ့သည္။ 'မ်က္ႏွာေခ်မႈန္႔ေတြပါတဲ့ ေရာင္စုံမိတ္ကပ္ေလးေတြေလထဲပ်ံ႕ေနတယ္'။

႐ုတ္တရက္ႀကီး ေရဆာလာသလို ခံစားလိုက္ရသည္။ စိန္ပုံစံ ႏႈတ္ခမ္းေလးကို ၿမိဳခ်ပစ္ခ်င္စိတ္ေတြ ေပၚလာခဲ့ရသည္။

ရင္ထဲမွာ အနည္းငယ္ ထိတ္လန္႔သြားခဲ့ရသည္။ အျမန္ေလး ေနာက္ဆုတ္ကာ ဘာမွမျဖစ္ခဲ့သလို ဟန္ေဆာင္ေနလိုက္သည္။ ဂြမ္းလုံးေလးကို ယူကာ သူ႔ညီမကို လက္သည္း ဆက္ဆိုးေပးေနလိုက္သည္။ တဘက္ျဖင့္ သုတ္ေပးၿပီးေနာက္ ဆင္ေျခရွာကာ အျမန္ထြက္သြားခဲ့သည္။

ယြီရွန္းကေတာ့ သတိမထားမိဘဲ ေထာင္ဟုန္ကို လက္သည္းဆက္ဆိုး ခိုင္းလိုက္သည္။

တ်ယ္ခ်ိန္ဥယ်ာဥ္ထဲမွာ ေဖရွီ႕က အရက္ေသာက္ျပန္လာမည့္ သားျဖစ္သူကိုေစာင့္ေနကာ သားျဖစ္သူျပန္လာေတာ့ သြားကူေပးဖို႔ အျမန္ေလး ေရွ႕တိုးသြားခဲ့သည္။

"မ်က္ႏွာကို ျမန္ျမန္သုတ္လိုက္"

သူ(မ)က သားျဖစ္သူရဲ႕ မ်က္ႏွာဆီ တဘက္ပစ္ေပးကာ စိတ္အားထက္သန္စြာ ေမးေလသည္

"မႉးမတ္ႀကီးနဲ႔ မိတ္ေဆြျဖစ္ၿပီလား"

ဖန္းက်ီ႕ခ်န္က ေညာင္ေစာင္းထက္မွာ ခဏလဲေနသည္။ ေခါင္းမမူးေတာ့မွ တုန္လႈပ္ေခ်ာက္ခ်ားစြာ ေျပာေလသည္

"သူက သတင္းေတြထဲကအတိုင္း ေအးစက္တယ္၊ သူ႔ကို ခ်ည္းကပ္ဖို႔ ခက္တယ္၊ အရက္ေသာက္ဖို႔ ကမ္းလွမ္းခဲ့ေတာ့လည္း ခ်က္ခ်င္း ျငင္းပစ္တာ၊ သူ႔ကို စကားေျပာေတာ့လည္း ေအးတိေအးစက္ပဲ ဆက္ဆံတာ၊ မႉးမတ္စံအိမ္ေတာ္ႀကီးထဲမွာ ေလွ်ာက္မသြားဖို႔လည္း တားျမစ္ခဲ့တယ္၊ ကို႔႐ို႕ကားယား အေျခအေနႀကီးကို ေရွာင္ဖို႔အတြက္ သားလည္း အရက္ေတြပဲ ငွဲ႔ေသာက္လိုက္ရတာပဲ၊ ဒီလိုနဲ႔ မေတာ္တဆ ေသာက္တာ မ်ားသြားတယ္"

"ခ်ည္းကပ္ဖို႔ခက္တယ္"

ထိုစကားၾကားေတာ့ ေဖရွီ႕က ေဒါသထြက္သြားေပမယ့္ မႉးမတ္စံအိမ္ေတာ္မွာ ေနရဖို႔က မလြယ္ေပ။ ဓားကိုင္ေဆာင္ထားသည့္ စစ္သားေတြက တံခါးအျပင္မွာ ေစာင့္ၾကပ္ ေနၾကသည္။ တည္ၾကည္သည့္မ်က္ႏွာထားႏွင့္ အေစာင့္ေတြကလည္း ၿခံထဲပတ္ၿပီး ၾကည့္ရႈေနတာေၾကာင့္ သူ(မ)ကို ေၾကာက္လန္႔ေစကာ ေျခလက္ေတြကိုပင္ အားနည္းသြားေစသည္။

သူ(မ)ခင္ပြန္းရဲ႕မိသားစုက ခ်မ္းသာသည္ဟု ထင္ခဲ့သည္။ ယြီမိသားစုနဲ႔ ယွဥ္ၾကည့္မွပဲ ႂကြယ္ဝမႈက လွည့္စားထားသည့္မွန္လို တစ္ခ်က္ထိ႐ုံျဖင့္ ၿပိဳလဲသြားမယ့္အရာမွန္း သိခဲ့ရသည္။ ယြီမိသားစုကမွ ဂုဏ္သေရႀကီးကာ တကယ့္ မင္းမ်ိဳးစိုးႏြယ္ မိသားစုျဖစ္သည္။

ခဏေလာက္ေတြးေတာေနၿပီးမွ သူ႔သားကို အမူးေျပဟင္းရည္ တိုက္ဖို႔ သတိရေလသည္။ ထို႔ေနာက္ သူ(မ)သားကို သတိေပးခဲ့သည္။

"သူက တပ္မႉးႀကီးျဖစ္ၿပီး ငရဲဘုရင္ပဲ သူ႔ကို ဘယ္သူမွ ထိလို႔မရဘူး၊ ဒီလိုစိတ္ထားရွိတာ ပုံမွန္ပဲ သူ႔ကို သည္းခံရမယ္"

သူ(မ)က သားျဖစ္သူ ထလို႔ရေအာင္ကူေပးၿပီး ဆက္ေျပာေလသည္

"ဒီေန႔ မႉးမတ္စံအိမ္ေတာ္က သမီး၂ေယာက္နဲ႔ေတြ႕ခဲ့တယ္၊ နင့္ကို ကိုယ္လုပ္ေတာ္က ေမြးတဲ့သမီးနဲ႔ ေစ့စပ္ေစခ်င္တယ္ ဘယ္လိုသေဘာရလဲ"

ဖန္းက်ီ႕ခ်န္က ခ်က္ခ်င္းအမူးေျပသြားကာ ေမးေလသည္

"ဘာလို႔ ကိုယ္လုပ္ေတာ္ကေမြးတဲ့သမီးလဲ၊ ထိပ္တန္း စာသင္သားတစ္ေယာက္အေနနဲ႔ မင္းမ်ိဳးစိုးႏြယ္က တရားဝင္သမီး မေျပာနဲ႔ ဘုရင္မင္းျမတ္ရဲ႕ သမီးနဲ႔ေတာင္ လက္ထပ္လို႔ရတယ္၊ ဘာလို႔ ကိုယ္လုပ္ေတာ္ရဲ႕သမီးနဲ႔ လက္ထပ္ရမွာလဲ အေမ သားကို အရွက္ခြဲတာလား"

"အေမ့မွာ ဘာေ႐ြးခ်ယ္စရာရွိလို႔လဲ"

ေဖရွီ႕ရဲ႕မ်က္ႏွာက ခါးသက္ေနသည္။

"ဘုရင္ႀကီးက အခု သယ္ယူပို႔ေဆာင္ေရးရဲ႕ အခြန္ေတြစစ္ေဆးေနၿပီး အထူးသျဖင့္ ဆားသယ္ယူပို႔ေဆာင္ေရးရဲ႕အခြန္ကို စစ္ေဆးေနတယ္၊ ဘယ္လိုမုန္တိုင္းေတြ နီးကပ္လာၿပီလဲဆိုတာ ငါမသိဘူး၊ နင့္အေဖကလည္း ေနာက္ဆက္တြဲအတြက္ ျပင္ဆင္ၿပီးထား၊ ဒီၿမိဳ႕ထဲက မေရတြက္ႏိုင္တဲ့လူေတြထဲမွာ တပ္မႉးႀကီးကပဲ ငါတို႔ကို ကယ္ႏိုင္မွာ၊ နင့္လက္ထပ္ပြဲကို အေၾကာင္းျပဳၿပီးေတာ့ပဲ နင့္အေဖ အသက္ရွင္ႏိုင္မွာ"

"ဒါဆိုလည္း တရားဝင္သမီး ရွိတယ္မလား"

ဖန္းက်ီ႕ခ်န္က မေက်မနပ္ေမးေလသည္။

"နင္က အဲဒါပဲသိၿပီး က်န္တာမသိဘူး၊ တရားဝင္သမီးရွိတာ မွန္ေပမယ့္ သူက မသန္မစြမ္းေလ၊ ေအာက္ပိုင္းေသေနတာ၊ သူနဲ႔လက္ထပ္ၿပီးရင္ ဘယ္သူက ငါတို႔အိမ္ေတာ္ကို တာဝန္ယူၿပီး ဘယ္သူက နင္နဲ႔လူေရွ႕သူေရွ႕ ထြက္ေပးမွာလဲ၊ အေမြဆက္ခံဖို႔ ကေလးရဖို႔လည္း ခက္ဦးမယ္၊ ဒါေၾကာင့္ ဒုတိယေ႐ြးခ်ယ္မႈအေနနဲ႔ ကိုယ္လုပ္ေတာ္ရဲ႕သမီးနဲ႔ လက္ထပ္ဖို႔ ဆုံးျဖတ္ေပးခဲ့တာ"

ေဖရွီ႕က သနားစဖြယ္ ေျပာေနေပမယ့္ ၿမိဳ႕ထဲက သူ(မ)မိသားစုရဲ႕ အဆင့္ကို မေတြးမိဘဲ မေနႏိုင္ခဲ့ေပ။။ ယန္က်ဳံးက ဟိတ္ဟန္မ်ားကာ လူမ်ားသည့္ေနရာက သူ(မ)ကို မ်က္စိက်ိန္းေစကာ ဆားကုန္သည္ေတြက ေျမႇာက္ပင့္ ေပးခဲ့သည္။ ၿမိဳ႕ေတာ္ကို သြားေတာ့လည္း ေခါင္းေမာ့ရင္ေကာ့ကာ မ်က္ႏွာမငယ္ခဲ့ေပ။ သူ(မ)သားက လူေပါင္းသန္းခ်ီထဲက အရည္အခ်င္းရွိ လူတစ္ေယာက္ဟု ထင္ခဲ့သည္။ ဒါေၾကာင့္ မိသားစုတိုင္းက မိန္းမငယ္ေလးေတြကို ေ႐ြးခဲ့သည္။

ဖန္းက်ီ႕ခ်န္က သူ႔အေဖရဲ႕ ျပႆနာေတြကို ျပန္ေတြးလိုက္သည္။ ေနရာ၃ခုရဲ႕တာဝန္ခံ တပ္မႉးႀကီးကသာ သူတို႔ကို ကယ္တင္ႏိုင္သည္။ သိမ္ငယ္မႈေတြကို ၿမိဳခ်ကာ ေခါင္းညိတ္ျပၿပီး

"အေမ့စကားကို နားေထာင္ပါ့မယ္၊ ဒါေပမဲ့ မေစ့စပ္ခင္ေတာ့ မႉးမတ္စံအိမ္ေတာ္က သမီးႀကီးနဲ႔ ေတြ႕ဖို႔ေတာင္းဆိုခ်င္တယ္"

ေဖရွီ႕က သူ(မ)သားရဲ႕ ေခါင္းကိုပြတ္သပ္ေပးကာ ၿပဳံးလ်က္

"ဒါေပါ့ သူက ကိုယ္လုပ္ေတာ္ရဲ႕သမီးဆိုေပမယ့္ ငယ္ငယ္ကတည္းက တရားဝင္ဇနီးမယားႀကီးနဲ႔ပဲ ႀကီးျပင္းလာတာ၊ ႐ုပ္ရည္ေလးကလည္း မဆိုးဘူး၊ သားသေဘာက်မွာပါ"

သားမိ၂ေယာက္ ခဏေလာက္စကားေျပာၿပီးေနာက္ လက္ထပ္ဖို႔ ဆုံးျဖတ္ခဲ့သည္။ ေတာ္ဝင္စာေမးပြဲကို ပထမအဆင့္ႏွင့္ေအာင္ဖို႔ ေစာင့္ၿပီးမွ က်င္းပဖို႔ စီစဥ္လိုက္သည္။ ဒါၿပီးမွ ႀကီးက်ယ္ခမ္းနားစြာ မႉးမတ္စံအိမ္ေတာ္ကို တင္ေတာင္းမည္ျဖစ္သည္။

#####
Telegram မွာ အပိုင္း ၉၈အထိ ေရာက္ပါၿပီေနာ္။ 

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

18.4K 419 53
သိုင်းလောကစာအုပ်နာမည်နဲ့ဇာတ်လမ်းမိတ်ဆက် သိုင္းေလာကစာအုပ္နာမည္နဲ႔ဇာတ္လမ္းမိတ္ဆက္ Xianxia book listလို့ နာမည်ပေးထားပေမယ့် ဖတ်လို့ကောင်းမယ့် သိုင်းစာစဉ်...
730K 64K 59
မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်းကမ္ဘာဦးခိုက် time travel (My Universe i...
42.5K 4.9K 20
က် ိဳးလုေဖးရွန္​း၏ Master series ဘာသာျပန္​
49.7K 8.3K 48
Name(s) : Quick Transmigration Cannon Fodder's Record of Counterattacks Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...