ပုပ္ပားမြေမှ စံကားဝါ / ပုပၸား...
By ShwunLaeKyaw
203K 9.4K 350
ပုပ္ပားမြေမှ စကားဝါ ပင်လုံးညှာ ရွှေရောင်ဝင်းလေတော့ ကြူသင်းစွာ မွှေးရနံ့ရယ်(ကွယ်) နှလုံးသားအထိ...စွဲ။ တစ်စုံတ... More
မေတ္တာရပ်ခံခြင်း / ​မေတ္တာရပ်​ခံခြင်း
အပိုငျး- ၁
အပိုင်း - ၁
အပိုငျး- ၂
အပိုင်း - ၂
အပိုငျး- ၃
အပိုင်း - ၃
အပိုငျး- ၎
အပိုင်း - ၎
အပိုငျး - ၅
အပိုင်း - ၅
အပိုငျး - ၆
အပိုင်း - ၆
အပိုငျး - ၇
အပိုင်း - ၇
အပိုငျး - ၈
အပိုင်း - ၈
အပိုငျး - ၉
အပိုင်း - ၉
အပိုငျး - ၁၀
အပိုင်း - ၁၀
အပိုငျး - ၁၁
အပိုင်း - ၁၁
အပိုငျး - ၁၂
အပိုင်း - ၁၂
အပိုငျး - ၁၃
အပိုင်း - ၁၃
အပိုငျး - ၁၄
အပိုင်း - ၁၄
အပိုငျး - ၁၅
အပိုင်း - ၁၅
အပိုငျး - ၁၆
အပိုင်း - ၁၆
အပိုငျး - ၁၇
အပိုင်း - ၁၇
အပိုငျး - ၁၈
အပိုင်း - ၁၈
အပိုငျး - ၁၉
အပိုင်း - ၁၉
အပိုငျး - ၂၀
အပိုင်း - ၂၀
အပိုငျး - ၂၁
အပိုင်း - ၂၁
အပိုငျး - ၂၂
အပိုင်း - ၂၂
အပိုငျး - ၂၃
အပိုင်း - ၂၃
အပိုငျး - ၂၄
အပိုင်း - ၂၄
အပိုငျး - ၂၅
အပိုင်း -၂၅
အပိုငျး - ၂၆
အပိုင်း - ၂၆
အပိုငျး ၂၇
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုငျး - ၂၉
အပိုင်း - ၂၉
အပိုငျး - ၃၀
အပိုင်း - ၃၀
အပိုငျး - ၃၁
အပိုင်း - ၃၁
အပိုငျး - ၃၂
အပိုင်း - ၃၂
အပိုငျး - ၃၃
အပိုင်း - ၃၃
အပိုငျး - ၃၄
အပိုင်း - ၃၄
မီးပုံးလုပျနညျး / မီးပုံးလုပ်နည်း
အပိုငျး - ၃၅
အပိုင်း - ၃၅
အပိုငျး - ၃၆
အပိုင်း - ၃၆
အပိုငျး - ၃၇
အပိုင်း - ၃၇
အပိုငျး - ၃၈
အပိုင်း - ၃၈
အပိုငျး - ၃၉
အပိုင်း - ၃၉
အပိုငျး - ၄၀
အပိုင်း ၄၀
အပိုငျး - ၄၁
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင္း - ၄၃
အပိုင်း - ၄၄
အပိုင္း - ၄၄
အပိုင်း - ၄၅
အပိုင္း - ၄၅
အပိုင်း - ၄၆
အပိုင္း - ၄၆
အပိုင်း ၄၇(ဇာတ်သိမ်းပိုင်း)
အပိုင်း - ၂၈
2.1K 122 3
By ShwunLaeKyaw
သူတို့ တုရင်တောင်စွယ်တော်မှထွက်လာချိန်၌ လောကတစ်ခွင်လုံး အလင်းရောင်များက အတော်လေးလွှမ်းခြုံနေလေပြီ။
" ဗိုက်ဆာပြီလား သား "
တုရင်တောင်အောက်ခြေအရောက် ဦးကံကောင်းက သူ့တူကို ဂရုတစိုက် လှမ်းမေးလာ၏။
လူးကပ်စ်က သူ့ဘာသာပြန်မဖြေဘဲ ထက်နောင်ဆီလှည့်ကြည့်လာရင်း...
" အစ်ကို ရော ‌တစ်ခု ခု စားချင် သေးလား "
" အစ်ကိုကတော့ သိပ်မဆာသေးပါဘူး လူးကပ်စ်သဘောလေ "
အမှန်တကယ်ကို ထက်နောင်မဆာသေးပါ။
ဟိုတယ်မှမထွက်ခင် အဆာပြေအဖြစ် ကော်ဖီတစ်ခွက်စီ သောက်ခဲ့ကြသေးသည်မဟုတ်လား။
လူးကပ်စ်က ထက်နောင်ဆီကအဖြေရပြီးမှ ဦးကံကောင်းဆီ ပြန်မေးလိုက်ပြန်သည်။
" ဦးလေး ရော "
" ဦးလေးက မဆာသေးပါဘူး မင်းတို့လူငယ်တွေကသာ ဗိုက်ဆာတတ်လွန်းလို့မေးရတာ "
" ဟုတ် ဒါဆို နောက် တစ်ဆူ ဖူး ပြီးမှ စားကြ တာပေါ့ ကျွန်တော် လဲ သိပ် မဆာ သေးဘူး "
သဘောတူညီစွာ ဆုံးဖြတ်လိုက်ကြပြီးနောက် နောက်ထပ်စွယ်‌တော်တစ်ဆူဆီ ခရီးဆက်လိုက်ကြ၏။
အစီအစဉ်အတိုင်း ဦးကံကောင်းမောင်းသည့်ကားလေးဦးတည်ရာက လောကနန္ဒာစွယ်တော်ရှင်ထံ။
လောကနန္ဒာစွယ်တော်ဆီရောက်ချိန်၌ မိုးစင်စင်လင်းနေပြီဖြစ်သည့်အပြင် စေတီတည်နေရာကလည်း အချက်အချာကျသည့်နေရာတွင်ဖြစ်၍ ဟိုစုစုဒီစုစုဖြင့် ဘုရားဖူးအတော်များများ တွေ့လာရလေပြီဖြစ်သည်။
စေတီတော်ကြီးက ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိနေကာ အုပ်တံတိုင်းကိုကျော်ကြည့်လိုက်ပါက တသွင်သွင်စီးဆင်းနေသည့် ဧရာဝတီမြစ်ကြီးကို အတိုင်းသားမြင်နေရပေလိမ့်မည်။
စေတီတံတိုင်းအပြင်၌ မြစ်ပြင်ကြီးဖြစ်သော်လည်း
ကလေးအချို့က မကြောက်မရွံ့ ထိုအုပ်တံတိုင်းပေါ်တွင် တက်ထိုင်နေကြသေး၏။
တမင်မရိုမသေပြုကြခြင်းကား ဟုတ်ဟန်မတူ။
ကလေးများသဘာဝ တစ်ဘက်မှ ဧရာဝတီမြစ်ကြီးကို ထိုင်ကြည့်လိုကြခြင်းသာဖြစ်ပုံပင်။
လူကြီးများမြင်၍ မာန်မဲလျှင်ကား ထွက်ပြေးကြရမည်မှာမလွဲ။
မြစ်ရေငွေ့များ ရောယှက်ပါဝင်နေသည့်လေထုကြောင့် ရင်ပြင်တော်တစ်ခုလုံးမှာမူ အေးအေးမြမြရှိနေလျှက်။
လေသဲ့သဲ့တိုက်လေတိုင်း စေတီတော်မှ သာယာနာပျော်ဖွယ် ဆည်းလည်းသံလေးများနှင့်အတူ ရေလှိုင်းပုတ်သံသဲ့သဲ့ကိုပါ ကြားနေရမြဲပင်။
ထိုစွယ်တော်မြတ်စေတီတော်ကြီး၌လည်း မိမိတို့မွေးနံအသီးသီး၌ ဝတ်ပြုလိုက်ကြကာ လူးကပ်စ်က ဆွမ်း၊ ပန်း၊ ရေချမ်းများဆက်ကပ်ပြီး ရွှေဆိုင်းပါချလိုက်သည်။
ထို့နောက်မှ အုတ်တံတိုင်းနားထိလျှောက်သွားကာ မြစ်ပြင်ကျယ်ကြီးကို စိုက်ကြည့်နေလိုက်မိ၏။
ကလေးအချို့က ဧရာဝတီမြစ်၏ သဲသောင်ပြင်တွင် သွားလာပြေးလွှားနေကြလျှက်။
မနက်ဆည်းဆာနေရောင်ကြောင့် မြစ်ရေမှာ နီပြေပြေသန်းကာ အလှကြီးလှနေကြောင်းမငြင်းဆန်နိုင်။
ယင်းအပြင် တစ်ဘက်ကမ်းမှ တန့်ကြည့်တောင်၏အလှကပါ ဖြည့်စွက်ပေးထားပြန်ရာ ထိုနေရာကား သဘာဝအလှတို့ပေါင်းစုံရာ ငေးမောဖွယ်သက်ဝင်ပန်းချီကားတစ်ချပ်နှယ်။
" ဘယ်လိုလဲ ရှုခင်းသိပ်လှတယ်မဟုတ်လား "
လူးကပ်စ်တစ်ယောက် ငေးကောင်းကောင်းဖြင့်ငေးနေစဉ် ထက်နောင်က အနားရောက်လာရင်းစကားဆိုလာ၏။
" ဟုတ်ပါ ရဲ့ ဟိုဘက် ကမ်းက တန့်ကြည့် တောင်ရယ်၊ ဧရာ ဝတီ မြစ်ကြီး ရဲ့ အလှ ရယ် ‌တကယ် ပြော မပြ တတ်လောက် အောင်ပဲ "
" ဖြစ်ရမယ်လေ ဒါကြောင့်ပြောစမှတ်ပြုကြတာပေါ့ 'ဘုရားမှာ လောကနန္ဒာ၊ အင်းမှာကြောင်နံ့သာ၊ ချောင်းမှာနေရဉ္စရာ၊ မြစ်မှာနဒီဧရာ၊ ရွာမှာ သီရိပစ္စယာတဲ့ "
" ဟင် အဲဒါ ဘာကို ပြောတာ လဲ "
" ဒီပုဂံတစ်ဝိုက်မှာပြောကြတဲ့ စကားတစ်ခုပါပဲ မြင်ကွင်းသိပ်ကောင်းသိပ်လှပြီး သိပ်သာယာတဲ့နေရာတွေလို့ ဆိုလိုချင်တယ်ထင်ပါရဲ့ "
" ဪ "
" တစ်ချို့ခရီးသွားတွေဆိုရင် ဒီလောကနန္ဒာစေတီကနေပြီး ညနေဆည်းဆာကို တမင်တကာလာစောင့်ကြည့်တတ်ကြတယ် လူးကပ်စ်ရဲ့ နေလုံးနီနီရဲရဲကြီးက ဟိုးတစ်ဘက်ကမ်းက တန့်ကြည့်တောင်မှာ တဖြည်းဖြည်းငုပ်လျှိုးသွားပုံက သိပ်ကိုလှတယ် ပြောမယုံ ကြုံဖူးမှသိဆိုတဲ့ မြင်ကွင်းမျိုးပဲ "
ထက်နောင့်အပြောနှင့်ပင် လောကနန္ဒာစွယ်တော်ရှင်မှနေဝင်ချိန်ကိုပင် သူ စောင့်ကြည့်ချင်သွားရ၏။
ယခင်ကလည်း ယခုစေတီတော်သို့ လူးကပ်စ်ရောက်ဖူးသည့်တိုင် ညနေခင်းမဟုတ်။
" အင်းနော် အစ်ကို ပြောမှ ပဲ ကျွန်တော် တောင် ဒီက နေဝင် ဆည်းဆာ ကို စောင့်ကြည့် ချင်သွား ပြီ "
" လူးကပ်စ်က ပုဂံသားပဲဟာ နောက်ရက်မှသက်သက်လာကြည့်ကြည့်လေ "
" ဟုတ်ကဲ့ အဲဒီ လို လုပ်လိုက် မယ်လေ "
သူတို့စကားပြောနေစဉ်မှာပင် ဆယ်နှစ်အရွယ် ကလေးတစ်ယောက်က အနားသို့ရောက်လာရင်း...
" ဘုရားသမိုင်း ရှင်းပြရမလား‌ဗျ "
ထက်နောင်က ခေါင်းတစ်ချက်ခါလိုက်သည်။
" ဟင့်အင်း ဒါပေမဲ့ အစ်ကိုတို့ကို ဓာတ်ပုံရိုက်ပေးလို့ရမလား "
ထက်နောင့်စကားကြောင့် ကလေးမျက်နှာက ပြုံးရွှင်သွားရင်း ချက်ချင်းခေါင်းညိတ်လာသည်။
ထက်နောင်တို့နှစ်ယောက်ပုံနှင့် တစ်ယောက်ချင်းပုံများပါ စိတ်ကြိုက်ရိုက်လိုက်ကြပြီး ဦးကံကောင်းကိုပါခေါ်ကာ သုံးယောက်ပုံများလည်း ရိုက်ဖြစ်လိုက်ကြသေး၏။
ထိုကလေးလေးက အတော်လေးကျွမ်းကျွမ်းကျင်ကျင် ဓာတ်ပုံရိုက်တတ်ပုံရကာ ပုံထွက်အတော်ကောင်းသည်မို့ လူးကပ်စ်ပင် အံ့ဩယူရသည်အထိ။
" ပုံလေးတွေကောင်းလိုက်တာ ကျေးဇူးပဲ‌နော် သား "
ထက်နောင်ကပြောပြောဆိုဆို ငါးထောင်တန်တစ်ရွက်ထုတ်ပေးလိုက်သဖြင့် လူးကပ်စ်ကပါ တစ်သောင်းထပ်ပေးလိုက်သည့်အခါ ထိုကလေးမှာ ပျော်ရွှင်မြူးဆောင့်နေ၏။
" ဟီး အများကြီးပဲ ကျေးဇူးပါ‌ဗျ ဒါက ဒီက ကိုကိုက foreignerလားဗျ "
" ဟုတ်တယ် အဲဒီအစ်ကိုက ပြင်သစ်မြန်မာကပြားလေ ဒီနေ့က သူ့မွေးနေ့မို့ ဘုရားလာတာ "
" joyeux anniversaire.
Je vous souhaite le meilleur."
(မွေးနေ့မှာ ပျော်ရွှင်ပါစေ။
အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်နော်)
ပြင်သစ်သံပီပီသသဖြင့် မွေးနေ့ဆုတောင်းသံကြောင့် လူးကပ်စ်မျက်လုံးပင့်တက်သွားရ၏။
" သားက အင်္ဂလိပ်၊ အီတလီ၊ ဂျာမန်၊ ကိုရီးယား၊ ပြင်သစ် ငါးဘာသာပြောတတ်တယ်ဗျ "
ကောင်လေးကပင် ပြင်သစ်ဘာသာဖြင့်ပင် ဂုဏ်ယူစွာ ဆက်ပြီးရှင်းပြလာပြန်ရာ လူးကပ်စ်မှာ အံ့ဩခြင်းမက အံ့ဩရ၏။
ဆယ်နှစ်ခန့်အရွယ်လေး၏ လေ့လာနိုင်မှုကို သူ မချီးကျူးဘဲလည်း မနေနိုင်ပါလေ။
ထိုအခါမှ ထက်နောင်က ယနေ့ လူးကပ်စ်၏မွေးနေဟု တမင်တကာအသိပေးလိုက်ခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်ရသည်။
ကလေးက သူ့အကြောင်းနှင့်မိသားစုအကြောင်းကိုပင် ပြင်သစ်လိုပြောကာ နှုတ်ဆက်သွားသေး၏။
" ကလေးတွေက တော်လိုက်တာနော် "
" ဟုတ်တယ် တစ်ချို့ကလေးတွေဆို ဘာသာစကားငါးမျိုးထက်တောင် ပိုတတ်သေးတာ သင်တန်းဘာညာမတတ်ရဘဲ ကျောင်းတက်နေရင်းကနေ လေ့လာထားကြရတာလေ ဘုရားသမိုင်းကိုလဲ စိတ်ဝင်စာအောင်ပြောပြတတ်တယ် ဘယ်ဖုန်းနဲ့မဆို ပုံထွက်ကောင်းအောင်လဲ ရိုက်တတ်တယ် "
" ဒီလို မှန်းသိ ပြောပြ ခိုင်း ပါတယ် "
" နေပါစေကွာ သူတို့လဲအမြဲပြောပြရတာ ပျင်းရှာမှာပေါ့ အစ်ကိုရှိတာပဲ အစ်ကိုပြောပြမယ် "
လူးကပ်စ် ပြုံးလိုက်မိ၏။
ဟုတ်သည်။ သူ့အတွက် အခြားသူထပ်မလိုပါလေ။
သူ့ဘေးတွင် အရာရာကိုရှင်းပြပေးရန် အစ်ကိုတစ်ယောက်လုံး ရှိနေသည်မဟုတ်ပါလား။
" ဒါကြောင့် ပုံပဲ ရိုက်ပေး ခိုင်းလိုက် တာလား "
လူးကပ်စ်အမေးကို ထက်‌နောင်က ခေါင်းညိတ်ပြလိုက်ရင်း
" ဒါနဲ့ အချိန်ရသေးတာပဲ သောင်ပြင်ကို ခဏဆင်းကြည့်ချင်လား "
အဆက်အစပ်မရှိစွာပင် မြစ်ကမ်းစပ်သောင်ပြင်ဆီဆင်းရန် ထက်နောင်က အဖော်ညှိလာသည့်အခါ လူးကပ်စ်ကလည်း နှစ်ခါမခေါ်ရဘဲ ချက်ချင်းလက်ခံလိုက်သည်။
လူကြီးဖြစ်သည့်ဦးကံကောင်းကမူ မလိုက်တော့ဘဲ စေတီရင်ပြင်တွင်သာ ကျန်ရစ်ခဲ့ပြီး လူးကပ်စ်တို့ကမူ အုတ်လှေကားလေးမှတစ်ဆင့် သောင်စပ်ဆီစကားတပြောပြောဖြင့် ဆင်းလာလိုက်ကြ၏။
‌ကမ်းစပ်တွင်ကား အေးမြမြလေပြေတို့က ပို၍ပင်သိသိသာသာ တိုက်ခတ်နေလျှက်။
လှိုင်းကြက်ခွပ်လေးများထကာ ကမ်းစပ်ဆီရေလှိုင်းလေးများ ပြေးလွှားဆော့ကစားနေသည်မှာ မြူးရွှင်နေသည့်ကလေးတစ်ဦးအလား။
ထက်နောင်က ကမ်းစပ်တွင်လမ်းလျှောက်နေရင်းမှ လောကနန္ဒာအကြောင်းကိုလည်း စိတ်လိုလက်ရရှင်းပြလာသည်။
" လောကနန္ဒာဟာ ပုဂံခေတ်က အရေးအပါဆုံးဆိပ်ကမ်းကြီးလေ သီဟိုဠ်ပြည် ဝီဇယဗာဟုမင်းကြီးဆီက စွယ်တော်မြတ်က ဒီဆိပ်ကမ်းကပဲ ပုဂံကိုဆိုက်ခဲ့ပြီး အနော်ရထာမင်းမြတ်ကိုယ်တိုင်လဲ ရေထဲကိုလည်မျိုထိတိုင်အောင်ဆင်းပြီး စွယ်တော်ကိုပင့်ဆောင်ခဲ့တဲ့နေရာပေါ့ "
" တကယ့် အထင် ကရ နေရာ ပဲနော် "
" အင်း ဟုတ်တယ် ဒီ‌ဆိပ်ကမ်းကနေ ပြည်တွင်းပြည်ပဆီကုန်သွယ်တယ် ဒီဆိပ်ကမ်းကနေပဲ သာသနာပြုခရီးစဉ်တွေလွှတ်ခဲ့တယ် ဒီဧရာဝတီနဲ့ ဒီဆိပ်ကမ်းကပဲ ပုဂံရဲ့ သာသနာရေး၊ စီးပွားရေးတွေကို ကူညီဖြည့်ဆည်းပေးခဲ့တာပေါ့ "
လူးကပ်စ် ခေါင်းတဆတ်ဆတ်ညိတ်လိုက်မိ၏။
အစ်ကိုကပဲ အပြောကောင်းသည်လားမသိ။
သူ့စိတ်ထဲ ပုဂံ၏ထိုနေ့ရက်များဆီ ပြတ်ပြတ်ထင်ထင် ပြန်လည်မြင်ယောင်လာရသည်အထိ။
" ဒါကြောင့် လဲ စွယ်တော် သယ်ခဲ့ တဲ့ နေရာ မို့ စေတီ တည်ခဲ့ တာ ထင်ပါ ရဲ့နော် "
" မဟုတ်ဘူး လူးကပ်စ်ရဲ့စေတီတော်တည်ဖို့အတွက် စွယ်တော်ကိုဆင်ဖြူတော်ပေါ်တင်ပြီး အဓိဋ္ဌာန်နဲ့ ဆင်တော်ဝပ်တဲ့နေရာမှာ စေတီတည်တယ်လို့ဆိုကြတယ်လေ ဆင်တော်က ဒီနေရာမှာတိုက်တိုက်‌ဆိုင်‌ဆိုင် တတိယမြောက်အကြိမ်ဝပ်ခဲ့တာတဲ့ မင်းနဲ့ပြည်သူတွေတော့ သိပ်ဝမ်းသာကြမှာပေါ့လေ "
" ဟုတ်ပါ ရဲ့နော် ဒီလို ဆိုတော့ ဘယ်လို တောင်မှ တိုက်ဆိုင် မှုမျိုးလဲ "
" ဒါအပြင် ထူးဆန်းတာက စေတီတော်ကို တည်ထားခဲ့တာ နှစ်ပေါင်းကိုးရာကျော်ခဲ့ပေမဲ့ ဒီကမ်းပါးက မြစ်ရေကြောင့် ဘယ်တုန်းကမှမပြိုကျဖူးဘူးတဲ့ ရေတွေဘယ်လောက်ပဲကြီးပါစေ စေတီရင်ပြင်ကိုလဲ ရေလုံးဝမရောက်ဘူးလေ သဘာဝတရားကတောင် မဖျက်ဆီးနိုင်ခဲ့တဲ့သဘောပေါ့ "
" တကယ်ထူးဆန်းတာပဲ "
လူးကပ်စ် အံ့အားတသင့် ရေရွတ်လိုက်မိ၏။
ထက်နောင်က ခေါင်းတစ်ချက်ညိတ်ရင်း....
" ဪ ဒါထက် အစ်ကိုတို့ စောစောက ဖူးခဲ့တဲ့တုရင်တောင်ကလဲ ဆင်ဖြူတော်က စတုတ္ထမြောက်ဝပ်ခဲ့တဲ့နေရာပဲ အစ်ကိုတို့ဆက်သွားမဲ့ ရွှေစည်းခုံစေတီက ဆင်ဖြူတော် ပထမဆုံးဝပ်ခဲ့တဲ့နေရာဖြစ်ပြီး တန့်ကြည့်တောင်က ဒုတိယဝပ်ခဲ့တဲ့နေရာလေ တကယ်မထင်ရဘူးမဟုတ်လား "
" ဟုတ်တယ် နော် ကျွန်တော့် စိတ်ထဲ ဒီ အတိုင်း တည်ထား တယ်ပဲ ထင်နေ တာ ဒါထက် အဲဒီ လို ဆိုတော့ တန့်ကြည့် ကိုဆို ဆင်တော်က မြစ်ကို ဖြတ်ရ မှာပေါ့ "
" ဟုတ်တယ် လူးကပ်စ်ရဲ့ ဆင်တော်က ထူးထူးဆန်းဆန်းပဲမြစ်ကိုဖြတ်ပြီး တန့်ကြည့်တောင်ဆီတက်ခဲ့တာတဲ့ "
" အံ့ဩစရာပဲနော် "
" အင်းပေါ့ ကဲ အခုတော့ အချိန်သိပ်မရှိတော့ဘူး အစ်ကိုတို့ခရီးဆက်ရအောင်လေ "
ပတ်ဝန်းကျင်မှာအတော်လှ၍ ဤသောင်ယံမှမခွာနိုင်သည်အထိဖြစ်နေရသော်လည်း ခရီးဆက်ရဦးမည်ဖြစ်ရာ သူတို့ပြန်ထွက်လာကြကာ အနီးအနားမှဆိုင်တွင် မနက်စာစားလိုက်ကြပြီး ရွှေစည်းခုံစေတီတော်မြတ်ဆီ ခရီးဆက်ရပြန်သည်။
ရွှေစည်းခုံစေတီတော်ထံ သူတို့ရောက်ချိန်က အချိန်ကောင်းဖြစ်သည့်အပြင် စေတီတော်မှာလည်း အချက်အချာနေရာတွင်တည်နေသဖြင့် လူသူပရိသတ်ပေါလှ၏။
မနက်ခင်းမှာပင် စေတီတော်ဝန်းကျင်၌ ဘုရားဖူးသူများ၊ ဈေးရောင်းသူများဖြင့် အတော်ကြီးစည်ကားနေလျှက်။
ယခင်အတိုင်းပင် မိမိတို့မွေးနေ့နံများ၌ ကိုယ်စီဝတ်ပြုဆုတောင်းလိုက်ကြကာ လူးကပ်စ်ကလည်း မိမိမွေးနံ၌ ရှေးနည်းတူပင် ဆက်ကပ်လှူဒါန်းလိုက်သည်။
" ရွှေစည်းခုံစေတီတော်ကြီးက အံ့ဖွယ်ကိုးပါးနဲ့ပြည့်စုံတယ်ငါ့တူ သေချာလေး အာရုံပြုပြီးဆက်ကပ်ရင် သိပ်ပြီးလဲကုသိုလ်ထူးတယ် "
" အံ့ဖွယ် ကိုးပါး "
အနားသို့ရောက်လာကာဆိုလိုက်သော ဦးကံကောင်း၏စကားကို လူးကပ်စ်သံယောင်လေး ရေရွတ်လိုက်သည့်အခါ ဦးကံကောင်းက ခေါင်းတစ်ချက်ညိတ်ရင်း...
" ထီးမဆိုင်း
တံတိုင်းမှာရိပ်တည်
မလွင့်ရွှေရောင်ပ
ဗိုလ်သောင်းထောင် ဝင်မကျပ်သည့်ပြင်
ဆွမ်းကပ်သူလက်မဦးနိုင်ဘု
မထူးမြည်ကြားဟီး တီးတော့ရွှေစည်
မြင့်ဝှမ်းယောင်ထင်စနိုးရသည့်
မိုးကပ်ပြုရေ အရည်နည်းမျှမကြွင်း
ချရားပင်ဒွါဒသင်ခါမလင့်ပြီဘုဖူးကြူထုံတဲ့
ဇေယျခုံ အံ့ဖွယ်ကိုးကို တိုးခဝပ်စင်း...တဲ့ "
" ကျွန်တော် နား မ လည်ဘူး "
မြန်မာစကားကို ကောင်းကောင်းနားရည်ဝသော်လည်း ကဗျာနှင့် စကားပုံအချို့တို့၏အဓိပ္ပာယ်ကို လူးကပ်စ် အမှန်ပင်နားမလည်။
" အင်း ပြောပြမယ်လေ ဒီရွှေစည်းခုံစေတီတော်ကြီးမှာ အံ့ဩဖွယ်အချက်ကိုးချက်ရှိသတဲ့ အဲဒါက နံပါတ်(၁) ထီးတော်အလွန်ကြီးပေမဲ့ သံကြိုးမဆိုင်းရဘူးတဲ့ ရွှေစည်းခုံစေတီမြတ်ရဲ့ ထီးတော်ကသိပ်ကြီးတယ် သာမန်ဆို ထီးတော်ကိုသံကြိုးနဲ့ဆိုင်းထားချည်ထားရပေမဲ့ ဒီစေတီကတော့မဆိုင်းရဘူး‌လေ နံပါတ်(၂)ကတော့ စေတီရဲ့အရိပ်က တံတိုင်းအပြင်သို့ မရောက်တာပဲ ရွှေစည်းခုံရဲ့မဟာရံတံတိုင်းက အတန်အသင့်ပဲကျယ်ပေမဲ့ စေတီကသိပ်ကြီးတာမို့ စေတီအရိပ်ဟာ တံတိုင်းကိုကျော်သင့်ပါလျှက် မကျော်ဘူးတဲ့ "
" ဪ ဟုတ်ကဲ့ စိတ်ဝင် စား စရာ ပါပဲ "
" အင်း နံပါတ်(၃)က စေတီရဲ့အထက်ကြာဖက်လန်ကနေ ရွှေစက္ကူ၊ ငွေစက္ကူလို ပေါ့ပေါ့ပါးပါးအရာတွေ ပစ်ချရင်တောင် တံတိုင်းအပြင်သို့မရောက်ဘူးတဲ့လေ စေတီကမြစ်နဲ့နီးတာမို့ လေတအားတိုက်တာကြောင့် အပြင်ဘက်ထိလွင့်စဉ်နိုင်တာက ပုံမှန်ပေမဲ့ လုံးဝမလွင့်ထွက်ပါဘူးတဲ့ နံပါတ်(၄)ကတော့ လူတွေဘယ်လောက်များများ စေတီရဲ့ မဟာရံတံတိုင်းအတွင်းမှာ ပြည့်ကျပ်မနေတာပဲပေါ့ နောက်ထပ် နံပါတ်(၅)ကိုပြောရရင် တန်ဆောင်မုန်းလပြည့်ပွဲတော်မှာ ပထမသပိတ်တော်ထဲ ဘယ်သူမှ ဆွမ်းဦးမတင်နိုင်တာပဲ ပြောရရင်တော့ နတ်တွေ၊ ဗြဟ္မာတွေလို မြင်အပ် မမြင်အပ်ပုဂ္ဂိုလ်တွေ ဆွမ်းအရင်လာကပ်တယ်ပေါ့ကွယ် "
ပြောသွားသည့်အကြောင်းအရာများက အံ့ဩဖွယ်ကောင်းလွန်း၍ လူးကပ်စ်ပါးစပ်အဟောင်းသားဖြင့် ငြိမ်နားထောင်နေမိသည်။
ဦးကံကောင်းက အာညောင်းသွားဟန်ဖြင့် ခဏနားလိုက်ပြီးမှ စကားဆက်လာ၏။
" နံပါတ်(၆)အနေနဲ့က စေတီတော်ကြီးကို အဝေးကကြည့်ရင် ကုန်းမြင့်မှာတည်ထားတယ်ထင်ရပေမဲ့ စေတီကကြည့်ရင်တော့ မြေနိမ့်မှာတည်ထားသလိုထင်ရတယ်တဲ့ကွယ် နံပါတ်(၇)က စေတီရဲ့တစ်ဘက်ကတီးတဲ့စည်သံကို အခြားတစ်ဘက်မှ မကြားရတာဖြစ်ပြီး နံပါတ်(၈)က မိုးဘယ်လောက်သည်းသည်း စေတီရင်ပြင်မှာ ရေမတင်တာနဲ့ နံပါတ်(၉) စေတီတော် အရှေ့တောင်ထောင့်က ခရေပင်က ၁၂ရာသီ အချိန်အခါမရွေးပွင့်တာပဲငါ့တူရဲ့ "
" တကယ် ထူးဆန်း တယ်နော် အံ့ဖွယ် အစစ် ပါပဲ "
" အင်း ဒါကြောင့် ဇေယျခုံ အံ့ဖွယ်ကိုးကိုလို့ စပ်ဆိုထားတာပေါ့ငါ့တူရဲ့ ဪ အရင်က ရွှေစည်းခုံစေတီတော်မြတ်ကို ဇေယျခုံလို့လဲ ခေါ်တွင်ခဲ့တယ်တဲ့လေ "
' ဪ ဟုတ်ကဲ့ "
" စောစောက ဦးကံကောင်းပြောပြသွားတာက အတွင်းအံ့ဖွယ်ကိုးပါးဖြစ်ပြီး အပြင်အံ့ဖွယ်ကိုးပါးဆိုတာလဲ ရှိသေးတယ်လူးကပ်စ်ရဲ့ "
မည်သည့်အချိန်က ရောက်လာသလဲမသိသော ထက်နောင့်စကားသံကြောင့် လူးကပ်စ်မျက်လုံးလေးဝိုင်းသွားရင်း...
" ဟင် ရှိသေး တယ်လား "
" အင်း ရှိသေးတာပေါ့ အပြင်အံ့ဖွယ်တွေကတော့ (၁)ဆင်ဖြူတော်ကိန်းဝပ်တဲ့ ဧရာဝတီမြစ်ရေစီးနေရာမှာ သဲသောင်ပြင်ပေါ်လာတာရယ် (၂) အဲဒီသဲသောင်ပြင်ဟာ ခိုင်ခံ့တဲ့ကျောက်ဖြစ်နေတာရယ် (၃) ဧရာဝတီမြစ်က စေတီတော်ကိုဦးခိုက်သလို ရစ်ဝဲကွေ့ပတ်စီးဆင်းတာအပြင် (၄)မဟာတံတိုင်းက ရှစ်ပယ်(၁၄. ၁၆)ဧကကျယ်ဝန်းတာနဲ့ (၅) ဘုရားတည်နေချိန် တုရင်းတောင်က ကျောက်‌တွေကိုမှူးမတ်ပြည်သူတွေ ကလက်ဆင့်ကမ်းသယ်ယူတာပဲပေါ့ "
" ဪ "
" ပြီးတော့ (၆)က အဲဒီအချိန်က ကျောက်လက်ဆင့်ကမ်းသယ်ယူသူတွေ အရိပ်ရဖို့အတွက်
မန်ကျည်းပင်များချက်ခြင်းပေါက်လာပြီး (၇) ကျောက်တွေသယ်ယူပြီးစီးတဲ့ခါ မန်ကျည်းပင်တွေက အလိုလိုပြန်ပျောက်ကွယ်သွားတာရယ် (၈)အနေနဲ့ စေတီရဲ့အရှေ့မျက်နှာ လှေကားခြေရင်းက ရေအိုင်ငယ်မှာ စေတီရဲ့အရိပ်ထင်တာနဲ့ (၉)စေတီကိုအဝေးကကြည့်ရင် ကုန်းမြင့်ပေါ်မှာတည်ထားတယ်လို့ထင်ရတာပါပဲတဲ့ "
ထက်နောင့်စကားကို ဦးကံကောင်းက သဘောတကျဖြင့် ခေါင်းတဆတ်ဆတ်ညိတ်နေရင်း...
" သာဓုကွယ် ရွှေစည်းခုံအကြောင်းပြောရင် အတွင်းအံ့ဖွယ်ကိုးပါးပဲသိကြတာများပြီး အပြင်အံ့ဖွယ်ကိုးပါးကို မသိကြဘူးကွဲ့ ငါ့တူလိုလူငယ်က တစ်ချက်မကျန်ပြောပြနိုင်တာ ဝမ်းသာတယ်ကွယ် "
" ကျေးဇူးပါဦးလေး ကျွန်တော်လဲ လူကြီးတွေပြောတာ ကြားဖူးလို့ပါဗျ "
" အစ်ကို က တော်ကို တော်တာ ပါ ပုဂံ အကြောင်း လဲ သေချာ သိနေ ပြန်တာ ပဲ "
" ‌ပုဂံနဲ့ရေစက်ပါလို့နေမှာပါ "
ထက်နောင် ကိုယ့်ဘာသာပြောပြီးမှ မလုံမလဲဖြင့် လူးကပ်စ်မျက်နှာကို ငုံ့ကြည့်လိုက်မိသည်။
ပတ်ဝန်းကျင်ကိုငေးနေပုံရသည့်ကောင်လေးက သူ့စကားကို သတိမထားမိ၍သာ တော်ပါသေး၏။
" ကဲ လာ လာ အချိန်ရှိတုန်း စောစောက အပြင်အံ့ဖွယ်တစ်ပါးဖြစ်တဲ့ စေတီရဲ့အရှေ့မျက်နှာက ရေအိုင်ကိုလိုက်ပြမယ် "
လူကြီးဖြစ်သည့် ဦးကံကောင်းကပင် တက်တက်ကြွကြွဖြင့် ရှေ့မှဦးဆောင်ခေါ်သွားသဖြင့် လူးကပ်စ်တို့လည်း နောက်ဘက်မှဆက်လိုက်လာကြသည်။
စွယ်တော်မြတ်စေတီကြီးကို လက်ယာရစ်လှည့်ပတ်နေရင်းမှ ရေအိုင်ဆီမရောက်မီ မြောက်ဘက်မုခ်ထွက်ပေါက်ဝ၌ လူစုစုရှိနေသည်ကို လှမ်းမြင်လိုက်ကြရာ လူးကပ်စ်က အထူးအဆန်းဟန်ဖြင့်...
" အစ်ကို့ ဟိုမှာ လူတွေ "
" အင်း အဲဒီမှာ နဂါးအမြီးရှိတယ်လေ "
" နဂါးအမြီး "
" အင်း ရှေးလူကြီးတွေအဆိုအရ ဒီရွှေစည်းခုံစေတီမှာ နဂါးအမြီးရှိပြီး သူ့ရဲ့ဦးခေါင်းပိုင်းကတော့ တန့်ကြည့်တောင်ဘက်မှာဆိုတယ်လေ "
" တကယ် "
" အစ်ကိုလဲ သေချာတော့ ဘယ်သိပါ့မလဲ လူးကပ်စ်ရယ် ကြားဖူးတာကိုပြောပြတာ တန့်ကြည့်တောင်ရောက်မှ‌ သေချာပြောပြမယ်နော် "
" ဟုတ် လူတွေ ကရော အဲဒီ မှာ ဘာလုပ် နေကြ တာလဲ ဟင် "
" နဂါးကို ပန်းတွေ ရေတွေကပ်တယ် ဆုတောင်းကြတယ်လို့ပြောတာပဲ လူးကပ်စ်ရဲ့ သူတို့ရဲ့ ယုံကြည်မှုတစ်မျိုးပေါ့ "
လူးကပ်စ်က ခေါင်းတဆက်ဆက်ညိတ်ရင်း မျက်လုံးအဝိုင်းသားဖြင့် လှမ်းကြည့်နေဆဲဖြစ်၍ ထက်နောင်ကပင် မနေနိုင်စွာမေးရပြန်၏။
" လူးကပ်စ် သွားကြည့်ချင်သေးလို့လား "
" ဟင့်အင်း နေပါ စေတော့ အချိန် မမီ မှာ စိုးလို့ "
ထိုအခိုက်မှာပင် သူတို့ပါမလာသည်ကို သတိထားမိပုံရသည့် ဦးကံကောင်းက လှမ်းခေါ်လာသည်။
" ကလေးတွေ ငေးမနေနဲ့ အချိန်မနည်းတော့ဘူး ရေအိုင်ကြည့်ပြီး ခရီးဆက်ရအောင် မြန်မြန်လာကြ "
ဦးကံကောင်းစကားကြောင့် နှစ်ယောက်သား ခပ်သွက်သွက်ပြေးရတော့၏။
စေတီ၏အရှေ့ဘက်မုခ်မှ အတော်ကြာသွားပြီးနောက် အမှန်တကယ်ပင် ရေအိုင်တွင်းလေးကို တွေ့လိုက်ရကာ ထူးဆန်းစွာပင် ထိုအိုင်လေး၌လည်း စေတီတော်တစ်ဆူလုံး၏ ပုံရိပ်ထင်နေကြောင်း အံ့အားသင့်ဖွယ် ဖူးတွေ့လိုက်ရသည်။
" ဒီရေအိုင်ပမာဏနဲ့ စေတီရဲ့အကွာအဝေးကို သေချာကြည့်ငါ့တူ တကယ်ဆို စေတီရဲ့တစ်စိတ်တစ်ပိုင်းသာပေါ်သင့်ပေမဲ့ ဒီအိုင်တွင်းလေးမှာစေတီတစ်ဆူလုံးပေါ်နေတာ မြင်ရဲ့လား "
" ဟုတ်ပါရဲ့ အံ့ဩစရာပဲနော် "
" ကဲ ကဲ မြင်ဖူးသွားပြီဆိုတော့ တော်ရောပေါ့ အချိန်ရှိတုန်း ပြန်ဆင်းရအောင် "
ဦးကံကောင်း၏လောဆော်သံနှင့်အတူ ထက်နောင်တို့လည်း ရွှေစည်းခုံစေတီမှဆင်းလာကာ ဗူးဘုရားဘက်ဆီ နောက်ကြောင်းပြန်လှည့်လိုက်ရ၏။
ဗူးဘုရားကို မိနစ်ပိုင်းသာဝင်ဖူးလိုက်ပြီး လှေဆိပ်ဆီဆင်းလာလိုက်ကြသည်။
ယမန်နေ့ကတည်းကပင် ကြိုတင်မှာထားသည့်အတွက် စက်လှေနှင့် လှေသမားကလည်း အသင့်ပင်။
ထက်နောင်တို့လည်း အချိန်မဆွဲဘဲ စက်လှေပေါ်တက်လိုက်ကြလေသည်။
" လူးကပ်စ် လာ အစ်ကို့လက်ကိုတွဲ "
ထက်နောင်က စက်လှေပေါ်အရင်တက်ပြီးမှ လူးကပ်စ်ဆီလက်ကမ်းကာ တွဲခေါ်လိုက်သည်။
ခရီးသည်မပါဘဲ ‌စက်လှေတစ်စီးလုံးက သူတို့နှစ်ယောက်တည်းပင်။
သို့သော် ပို့သခအဖြစ် ငွေအလုံအလောက်ရနေသရွေ့ စက်လှေပိုင်ရှင်အတွက် လူနှစ်ယောက်တည်းလိုက်ပို့ရလျှင်လည်း ကိစ္စမရှိ။
သူတို့စက်လှေစထွက်သည်နှင့် ဦးကံကောင်းက လက်ပြနှုတ်ဆက်ကာ သူ့ကားဆီသာသူပြန်သွားလေပြီ။
" လူးကပ်စ် အေးနေလား "
" ဟုတ် နည်းနည်း "
လူးကပ်စ်အဖြေအဆုံး ထက်နောင်က သူ့အိတ်ထဲအသင့်ထည့်လာပုံရသည့် အနွေးထည်လေးကိုထုတ်ပေးလာ၏။
" ကျေးဇူး အစ်ကို "
မနက်က အနွေးထည်ပါးပါးတစ်ထည်သာဝတ်ခဲ့မိသဖြင့် မြစ်ပြင်ကိုဖြတ်ရသည့်အခါ အနည်းငယ်အေးလာသည်က အမှန်ပင်။
ထိုအချိန် ထက်နောင်က အနွေးထည်ထုတ်ပေးလာသည့်အခါ ဟန်ပင်မဆောင်နိုင်တော့။
" ဪ...လူးကပ်စ် ဒါက မွေးနေ့လက်ဆောင် "
လူးကပ်စ် အနွေးထည်ဝတ်အပြီး ထက်နောင်က အရွယ်မကြီးမသေးသေတ္တာလေးတစ်လုံးကို ထုတ်ပေးလာပြန်၏။
မဲ့ရ်ပြောပြဖူး၍ ထိုအရာလေးက ယွန်းသေတ္တာလေးဖြစ်ကြောင်း လူးကပ်စ်သိလိုက်ရသည်။
" အစ်ကို ရယ် အားနာ စရာ "
ပါးစပ်မှသာ ထိုသို့ပြောလိုက်သော်လည်း လူးကပ်စ်လက်တို့က သေတ္တာလေးကို ဖွင့်ကြည့်မိပြီးသားပင်။
သေတ္တာထဲ၌ ဓာတ်ပုံဘောင်လေးတစ်ခုကို မှောက်လျှက်တွေ့ရကာ ယွန်းလက်ပတ်တစ်ခု၊ အဖုံးလေးပါသည့် ယွန်းကော်ဖီခွက်လေးတစ်ခွက်ကလည်း ရိုးရိုးရှင်းရှင်းရှိနေ၏။
" တန်ဖိုးသိပ်မများပါဘူး ဒါပေမဲ့ လူးကပ်စ် သဘောကျမယ်ထင်ပါတယ် "
" အာ သဘော ကျ တာပေါ့ အစ်ကို ဒါက ယွန်းထည် တွေ မဟုတ် လား "
" ဟုတ်တယ် ဓာတ်ပုံဘောင်ရော၊ ကော်ဖီခွက်ရော၊ လက်ပတ်လေးကပါ ယွန်းထည်လေ ပြီးတော့ သေတ္တာလေးကလွဲလို့ အဲဒီသုံးခုလုံး အစ်ကိုလုပ်ထားတာ "
" တကယ် "
လူးကပ်စ်အသံက ခါတိုင်းထက် ရွှင်မြူးနေ၏။
" အင်း တကယ်ပေါ့ ဪ ဒါနဲ့ အဲဒီလက်ပတ်လေးက အစ်ကိုနဲ့ဆင်တူလေ "
ထက်နောင်က ပြောပြောဆိုဆို အနွေးထည်လက်ရှည်ကိုခေါက်တင်ကာ သူ့လက်ကောက်ဝတ်လေးကို ပြလာ၏။
ထက်နောင့်ဘယ်လက်မှ ယွန်းလက်ပတ်လေးက လူးကပ်စ်လက်ထဲရှိ လက်ပတ်လေးနှင့် အဆင်တူ၊ အသွေးအရောင်တူ တစ်ပုံစံတည်းလေးပင်။
လက်ပတ်လေးကို သေချာကြည့်မှ ရောင်းကုန်များနှင့်မတူဘဲ မည်းနက်နက်ယွန်းလုံးလေးများပေါ်မှ အနီရောင်အသည်းပုံလေးများမှအစ ဂရုတစိုက်ဖြင့် အသေးစိတ်လုပ်ထားကြောင်းသိသာနေ၏။
လူးကပ်စ်သဘောတကျဖြင့် လက်ပတ်ကလေးကို သူ့ဘယ်လက်တွင်ကောက်စွပ်လိုက်သည်။
လူးကပ်စ်က အသားဖြူသူဖြစ်၍ အနက်ရောင်ယွန်းလက်ပတ်လေးနှင့် ပို၍ပင်လိုက်ဖက်နေသယောင်။
" သဘောကျလား "
" ဟုတ် အများ ကြီးပေါ့ "
လူးကပ်စ်က ချက်ချင်းပြန်ဖြေလိုက်ရင်း ထက်နောင်လက်ကလေးနားတိုးကာ ဘေးချင်းကပ်ကြည့်‌လာသည်မို့...
" ဟေး ဘာလုပ်တာလဲ ဒါက အသားဖြူပါတယ်ဆိုပြီး တစ်ကွက်ပြတာလား "
" မဟုတ် ပါဘူး အစ်ကို ရဲ့ လက်ပတ် လေးက ဒီလို တစ်စုံ ဆိုရင် ပိုလှ သလို ပဲနော် "
လူးကပ်စ်မျက်လုံးလေးများက ထိုလက်နှစ်ဖက်ဆီမှ အကြည့်မခွာပါလေတော့။
ထက်နောင်ကိုယ်တိုင်ကလည်း ထိုလက်ပတ်လေးများကို အတွဲလိုက်ဆင်တူဝတ်ကြသည်သာများကြောင်း မပြောပြလိုက်ပါလေ။
တစ်ချို့အရာများက နှုတ်ဖြင့်ရှင်းပြနေသည်ထက် တိတ်တဆိတ်နေလိုက်သည်ကသာ အဖြေဖြစ်နေတတ်သည်မဟုတ်ပါလား။
ပညာရှိပေါင်း မြောက်မြားစွာတို့
အဓိပ္ပာယ်အမျိုးစုံဖွင့်ခဲ့သည့်
အချစ်ဟူသည် တစ်ခါတစ်ရံ
ဆင်တူလက်ပတ်လေးတစ်စုံသာ...
သူအတွက် အချစ်ကရိုးရှင်း၏။
ဆင်တူလက်ပတ်လေးနှင့်ပင်
ခံစာချက်များစွာကို ဖော်ပြနိုင်ရန်
တတ်စွမ်းခဲ့ပါလေသည်။
လူးကပ်စ်က ဘေးချင်းယှဉ်ထားသည့်လက်နှစ်ဖက်ကို အနီးကပ်ကြည့်လိုက်၊ ဝေးဝေးမှကြည့်လိုက်ဖြင့် အချိန်အတော်ကြာကြာလုပ်နေပြီးမှ ယွန်းသေတ္တာဆီပြန်သွားကာ ထပ်မွှေပြန်၏။
သည်တစ်ကြိမ်တော့ ဓာတ်ပုံကိုယူကြည့်လိုက်မိကာ လူးကပ်စ်မျက်ဝန်းလေးများက ပို၍ပင်ဝိုင်းစက်သွားရင်း
" အစ်ကို ဒါက... "
" အဲဒီနေ့ကို လူးကပ်စ် မှတ်မိသေးလား "
" မှတ်မိ တာပေါ့ ကျွန်တော် တို့ ပထ မဆုံး တွေ့တဲ့ နေ့လေ "
" အင်း အဲဒီနေ့က အစ်ကို့တပည့်တစ်ယောက်က တောင်ကလပ်ရှူခင်းပုံလိုချင်တယ်ဆိုလို့လေ ဓာတ်ပုံရိုက်ရင်း လူးကပ်စ်ပုံလေးပါလာတယ်ထင်တယ် စိတ်မဆိုးဘူး မဟုတ်... "
ထက်နောင့်စကားသံ မဆုံးလိုက်။
အကြောင်းရင်းမှာမူ ရုတ်တရက်ပြေးဝင်ဖက်လာသည့် လူးကပ်စ်ကြောင့်ပင်။
ထင်မထားသည့်တုံ့ပြန်မှုကြောင့် ထက်နောင်ကျောက်ရုပ်ပမာ ငြိမ်သက်နေမိပြီးမှ လူးကပ်စ်ကျောလေးကို ခပ်ဖွဖွပုတ်ပေးရန်ကြိုးစားလိုက်မိသည်။
သို့သော် မအောင်မြင်လိုက်။
သူ့လက်က လေထဲတွင်သာ ရပ်တန့်နေမိလျှက်သား။
လူးကပ်စ်က စိတ်တိုင်းကျဖတ်ပြီးမှ သတိဝင်လာဟန်ဖြင့် အသာပြန်ခွာလာ၏။
အချစ်တစ်ခုအကြောင်း
စာစီကုံးရပါလျှင်
ပထမဆုံးတွေ့သည့်နေ့၏ ဓာတ်ပုံလေးက
လွန်စွာလှပလွန်းသည့် နိဒါန်းတစ်ခု
" ဆောရီး ကျွန်တော် ဝမ်းသာ သွားလို့ "
" အင်း ရတယ် "
" အစ်ကို့ ပေါင်ပေါ် ခဏ လှဲလို့ ရ မလား "
" ဟင် "
" လှိုင်း မူးတယ် "
လူးကပ်စ်အဖြေကြောင့် ထက်နောင်က ပျာယာခတ်သွားရရင်း...
" ဟင် ဟုတ်လား ဒါဆို ခဏလှဲနေလိုက်လေ လာ အစ်ကို့ပေါင်ပေါ်ခေါင်းအုံးလိုက် "
" ဟုတ် "
လူးကပ်စ်က ထက်နောင့်ပေါင်ပေါ်လှဲချလိုက်ကာ မျက်လုံးများမှိတ်ချလိုက်၏။
ထိုအခိုက်အတန့်သည် သူ့အတွက် ကမ္ဘာကြီးတစ်ခုလုံးကို အပိုင်စားရလိုက်ခြင်းဟုဆိုလျှင် လွန်မည်မထင်။
" အဆင်ပြေရဲ့လား အစ်ကို ဘာလုပ်ပေးရမလဲ "
" ရတယ် ခဏ လှဲ လိုက်ရင် ကောင်းသွား မှာ "
ထက်နောင်က သူ့အိတ်ကပ်ဆီ ဟိုရှာဒီရှာပြုပြီးမှ ရှူဆေးတောင့်လေးကိုထုတ်ပေးလိုက်ကာ...
" ဒါလေးရှူလိုက်လူးကပ်စ် မူးတာနည်းနည်း သက်သာလာလိမ့်မယ် အစ်ကို့ကိုအားမနာနဲ့ အဆင်မပြေရင်ပြောနော် "
" ဟုတ် "
ပျာပျာသလဲဖြစ်နေသည့် ထက်နောင်တစ်ယောက် သူ့ပေါင်ပေါ်မှကောင်လေး၏ ခပ်ရေးရေးအပြုံးကို မမြင်လိုက်ပါချေ။
လိမ်ညာမှုသည်အပြစ်ဆိုသော်လည်း ချစ်မေတ္တာပါ တွဲပါသည်မို့ ပြစ်ဒဏ်လျှော့ကောင်းသင့်သည်ထင်ပါ၏။
ပြုမိခဲ့‌သမျှ အပြစ်တို့ကို
အချစ်ဖြင့်သာ အယူခံဝင်လိုပါသည်။
တရားသူကြီးမင်း စိတ်မရှိပါက
ချစ်ရသူ၏ နှလုံးသားထောင်တွင်သာ
အကျဉ်းချပေးစေပါလို။
27.8.23
Sunday
ရွှန်းလဲ့ကျော်
#all_pics_crd
တုရင်တောင်စွယ်တော်မုခ်ဦး
လောကနန္ဒာစွယ်တော်မုခ်ဦး
ရွှေစည်းခုံစေတီတော်မုခ်ဦး
တန့်ကြည့်စွယ်တော်မုခ်ဦး
လောကနန္ဒာမှမြင်ကွင်း
ရွှေစည်းခုံမှ နဂါးအမြီး
ရွှေစည်းခုံမှ ရေအိုင်
ဗူးဘုရား
ဗူးဘုရားဆိပ်ကမ်း
ယွန်းဓာတ်ပုံဘောင်
ယွန်းလက်ပတ်က ဒါမျိုးကိုမှ အဝါရောင်စပေါ့စက်တွေအစား အသည်းအနီလေးတွေပါ
ထပ်ပြောပါရစေ
ပုံတွေအားလုံးက Google and Facebookက ရှာထားခြင်းဖြစ်ပါတယ်ရှင့်။
Continue Reading
You'll Also Like
179K 13.5K 47
အထပ်ထပ် ရစ်ပတ်နှောင်ဖွဲ့၍ မြတ်နိုးခြင်းမည်သော မေတ္တာတရားတို့အား နှလုံးသားတွင်း သန့်ရှင်းစွာ တည်ရှိစေ .....။ အထပ်ထပ် ရစ်ပတ်နှောင်ဖွဲ့၍ မြတ်နိုးခြင်းမ...
103K 7.4K 71
အချစ်ဇာတ်လမ်းလေးပါ။ဤficကို Wp၌ ဒီဇင်ဘာ ၁၂ရက် 2020 စတင်ရေးသားခဲ့သည်။ ကူးယူထားခြင်းမရှိပါ။ မူပိုင်Ficလေး ဖြစ်ပါသည်။
1.1M 61.5K 50
263K 13.8K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...