လမင်းခြေသံ { Completed }

By LinMyatMo23

45K 2.1K 169

ချစ်တယ် ဆိုတဲ့ စကားရဲ့ အလွန်မှာ အမုန်း ရှိနေနိုင်သေးပေမဲ့ ... မြတ်နိုးတယ် ဆိုတဲ့ စကားရဲ့ အလွန်မှာတော့ တစ်ဘဝလု... More

အမှာစာ
နာမည်ပြောင်းလဲခြင်း (U+Z)
အပိုင်း {၁} (UNICODE)
အပိုင်း (၁) (ZAWGYI)
အပိုင်း {၂} (UNICODE)
အပိုင်း {၂} (ZAWGYI)
အပိုင်း {၃} (UNICODE)
အပိုင်း {၃} (ZAWGYI)
အပိုင်း {၄} (UNICODE)
အပိုင်း {၄} (ZAWGYI)
အပိုင်း {၅} (UNICODE)
အပိုင်း {၅} (ZAWGYI)
အပိုင်း {၆} (UNICODE)
အပိုင်း {၆} (ZAWGYI)
အပိုင်း {၇} (UNICODE)
အပိုင်း {၇} (ZAWGYI)
အပိုင်း {၈} (UNICODE)
အပိုင်း {၈} (ZAWGYI)
အပိုင်း {၉} (UNICODE)
အပိုင်း {၉} (ZAWGYI)
အပိုင်း {၁၀} (UNICODE)
အပိုင်း {၁၀} (ZAWGYI)
အပိုင်း {၁၁} (UNICODE)
အပိုင်း {၁၁} (ZAWGYI)
အပိုင်း {၁၂} (UNICODE)
အပိုင်း {၁၂} (ZAWGYI)
အပိုင်း {၁၃} (UNICODE)
အပိုင်း {၁၃} (ZAWGYI)
အပိုင်း {၁၄} (UNICODE)
အပိုင်း {၁၄} (ZAWGYI)
အပိုင်း {၁၅} (UNICODE)
အပိုင်း {၁၅} (ZAWGYI)
အပိုင်း {၁၆} (UNICODE)
အပိုင်း {၁၆} (ZAWGYI)
အပိုင်း {၁၇} (UNICODE)
အပိုင်း {၁၇} (ZAWGYI)
အပိုင်း {၁၈} (UNICODE)
အပိုင်း {၁၈} (ZAWGYI)
အပိုင်း {၁၉} (UNICODE)
အပိုင်း {၁၉} ( ZAWGYI)
အပိုင်း {၂၀} (UNICODE)
အပိုင်း {၂၀} (ZAWGYI)
အပိုင်း {၂၁} (UNICODE)
အပိုင်း {၂၁} (ZAWGYI)
အပိုင်း {၂၂} (UNICODE)
အပိုင်း {၂၂} (ZAWGYI)
အပိုင်း {၂၃} (UNICODE)
အပိုင်း {၂၃} (ZAWGYI)
အပိုင်း {၂၄} (UNICODE)
အပိုင်း {၂၄} (ZAWGYI)
အပိုင်း {၂၅} (UNICODE)
အပိုင်း {၂၅} (ZAWGYI)
အပိုင်း {၂၆} (UNICODE)
အပိုင်း {၂၆} (ZAWGYI)
အပိုင်း {၂၇} (UNICODE)
အပိုင်း {၂၇} (ZAWGYI)
အပိုင်း {၂၈} (UNICODE)
အပိုင်း {၂၈} (ZAWGYI)
အပိုင်း {၂၉} (UNICODE)
အပိုင်း {၂၉} (ZAWGYI)
အပိုင်း {၃၀} (UNICODE)
အပိုင်း {၃၀} (ZAWGYI)
အပိုင်း {၃၁} (UNICODE)
အပိုင်း {၃၁} (ZAWGYI)
အပိုင်း {၃၂} (UNICODE)
အပိုင်း {၃၂} (ZAWGYI)
အပိုင်း {၃၃} (UNICODE)
အပိုင်း {၃၄} (UNICODE)
အပိုင်း {၃၄} (ZAWGYI)
အပိုင်း {၃၅} (UNICODE)
အပိုင်း {၃၅} (ZAWGYI)
အပိုင်း {၃၆} (UNICODE)
အပိုင်း {၃၆} (ZAWGYI)
အပိုင်း {၃၇} (UNICODE)
အပိုင်း {၃၇} (ZAWGYI)
အပိုင်း {၃၈} (UNICODE)
အပိုင်း {၃၈} (ZAWGYI)
အပိုင်း {၃၉} (UNICODE)
အပိုင်း {၃၉} (ZAWGYI)
အပိုင်း {၄၀} (UNICODE)
အပိုင်း {၄၀} (ZAWGYI)
အပိုင်း {၄၁} (UNICODE)
အပိုင်း {၄၁} (ZAWGYI)
အပိုင်း {၄၂} (UNICODE)
အပိုင်း {၄၂} (ZAWGYI)
အပိုင်း {၄၃} (UNICODE)
အပိုင်း {၄၃} (ZAWGYI)
အပိုင်း {၄၄} (UNICODE)
အပိုင်း {၄၄} (ZAWGYI)
အပိုင်း {၄၅} (UNICODE)
အပိုင်း {၄၅} (ZAWGYI)
အပိုင်း {၄၆} (UNICODE)
အပိုင်း {၄၆} (ZAWGYI)
အပိုင်း {၄၇} (UNICODE)
အပိုင်း {၄၇} (ZAWGYI)
အပိုင်း {၄၈} (UNICODE)
အပိုင်း {၄၈} (ZAWGYI)
အပိုင်း {၄၉} (UNICODE)
အပိုင်း {၄၉} (ZAWGYI)
အပိုင်း {၅၀} (UNICODE)
အပိုင်း {၅၀} (ZAWGYI)
အပိုင်း {၅၁} (UNICODE)
အပိုင်း {၅၁} (ZAWGYI)
အပိုင်း {၅၂} (UNICODE)
အပိုင်း {၅၂} (ZAWGYI)
ဇာတ်သိမ်းပိုင်း (UNICODE)
ဇာတ်သိမ်းပိုင်း (ZAWGYI)
ကျေးဇူးတင်လွှာ (U + Z)
Happy New Year {U + Z}

အပိုင်း {၃၃} (ZAWGYI)

127 5 0
By LinMyatMo23

မာန့်စိတ်တွေ အစိုးမရနိုင်အောင် ပျာယာခတ်နေသည်။ လှိုင်းက အကြွေးတင်နေတာကို ဖြေရှင်းပေးနေရတာလား။ လှိုင်းအဖေတို့ကလည်း ပါပါးက လစဉ် ထောက်ပံ့ပေးထားတာတောင် ဘာလို့များ အကြွေးတင်အောင် လုပ်ကြသနည်း။ အကြွေးတင်လျှင်တောင် လှိုင်း၏ အစ်ကိုတွေကရော ဘာလို့များ မဖြေရှင်းကြရသနည်း။ ဒါထက် လှိုင်း အိမ်ပြန်တာကရော ထိုအကြွေးကိစ္စနှင့် စပ်လျဉ်းပတ်သက်နေသည်လား။ အကယ်၍ အကြွေးနှင့် ပတ်သက်နေသည်ဆိုလျှင်တောင် ဘာလို့များ မာန်တို့ကို ထုတ်မပြောပြရသနည်း။

မာန် အမှန်စင်စစ် စိတ်တွေ မွန်းကြပ် ရှုပ်ထွေးလာရသည်။ လှိုင်းသံစဉ်ကို အနားထားပြီး သူ ဘာဆို ဘာမှ မသိခဲ့သည် မဟုတ်လား။ သူ ယခု ဘာလုပ်ရမည်နည်း။ လှိုင်း ဂိုက်သင်မည့် ကိစ္စကို သဘောတူလိုက်ရမည်လား။ သဘောတူရသည်ကား သူ့အတွက် အရေးမဟုတ်သော်လည်း စိတ်ထဲ မေရတီ၏ ဂိုက်တော့ မလုပ်စေချင်။ သို့သော် ခက်သည်ကား လှိုင်းသံစဉ်ဟူသည် သူများပိုက်ဆံကို အလကား ယူမည့်သူမှ မဟုတ်ဘဲ ... အလကား ပေးမည် စိုး၍တောင် မာန်တို့ရှေ့ အကြွေးကိစ္စ လုံးဝ မပြောဘဲ သူ့နည်းသူ့ဟန်ဖြင့် ကြိတ်ဖြေရှင်းနေခဲ့သည်လေ။ ထိုသို့သော လူက မာန်က မေရတီ၏ ဂိုက် မလုပ်ရဘူးဟု ပိတ်ပင်ပြီး အကြွေးဆပ်ဖို့ ပိုက်ဆံကို ဒီတိုင်း ပေးလျှင်ရော ကြည်ကြည်ဖြူဖြူ လက်ခံမည်တဲ့လား ... မဖြစ်နိုင်တာ။

မာန် သဘောမတူချင်တာ မှန်သော်လည်း လှိုင်းသံစဉ် ဂိုက်လုပ်မည်ကိုတော့ ခွင့်ပြုရမည်။ လှိုင်းသည် ပညာလည်း ထူးချွန်ရုံသာမက သူများကို စာပြန်ရှင်းပြလျှင်လည်း နားလည်လွယ်အောင် ပြောပြတတ်သည်။ မာန်ကတော့ ဆရာကြီး အလုပ်မခံချင်သဖြင့် လှိုင်းအား ဘယ်သောအခါမှ စာမရှင်းခိုင်းသော်လည်း ဘုန်းသွင်နှင့် မိုးထက်ကမူ တစ်ခါတစ်ရံ နားမလည်သည့်စာများအား လှိုင်းကို ရှင်းပြခိုင်းတတ်သဖြင့် မာန် လှိုင်း၏ စာရှင်းပုံ စာရှင်းနည်းကို ကြားဖူးနားဝရှိခဲ့ဖူးသည်။ သို့ဖြစ်၍ ဤကိစ္စ၌ မာန် ခေါင်းမာနေ၍ မဖြစ်။ မာန့်ဘက်က ကလေးဆန်စွာ ခေါင်းမာပြီး လှိုင်းကို အလုပ်လုပ်ရန် ခွင့်မပြုပြန်လျှင်လည်း အကြွေးက ကျေနိုင်မည် မဟုတ်။ တစ်ခု ရှိသည်ကား မာန် လှိုင်းကို လူအများနှင့် ရောရောထွေးထွေး မနေစေလိုသည့် စိတ်က သဘောတူပေးချင်သည့် ဆန္ဒနှင့် လွန်ဆွဲနေလေသည်။

မဖြစ်တော့ဘူး ... မာန် အခန်းထဲ ဆက်ထိုင်ပြီး အတွေးနယ်ချဲ့နေရန် မသင့်တော့။ ထို့ကြောင့် အခန်းတံခါးကို ဖွင့်ကာ အောက်ထပ်သို့ ခြေသုတ်တင် ပြေးဆင်းလာလိုက်သည်။ အောက်ထပ် ရောက်သောအခါ ဒေါ်သီတာတို့ အခန်းထဲ၌ လှိုင်းမရှိ။ မီးဖိုထဲ သွားကြည့်ပြန်တော့လည်း မတွေ့။ ဧည့်ခန်းနှင့် ထမင်းစားခန်းထဲ၌လည်း လူသူကင်းမဲ့နေလေရာ မာန်သည် ခြံထဲသို့ ထွက်လာလိုက်သည်။ ခြံထဲ၌ ခြေချသည်နှင့် အိမ်အဝင်အဝနား နေရာချထားသည့် ဒန်း၌ ထိုင်ကာ ခေါင်းကို ငုံ့ငိုက်ထားလျက် အတွေးပွါးနေဟန် ရှိသည့် လှိုင်းသံစဉ်။ လှိုင်းကို တွေ့သည်နှင့် မာန် အနားလျှောက်သွားမည်အပြု မြင်ကွင်းထဲ တိုးဝင်ရောက်လာသည့် တစ်စုံတစ်ဦး၏ သဘောမတွေ့ချင်စရာ အပြုအမူ ... ခေါင်းငုံ့ထားကာ ခြေထောက်ကို ထောက်လျက် ဒန်းကို ရှေ့နောက် အသာ လွှဲနေသည့် လှိုင်းအား မနီးမဝေးတစ်နေရာမှ ဓာတ်ပုံရိုက်ယူနေသည့် ဇွဲမာန်ဟိန်း။

မာန် အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိကာ လှိုင်း၏ အနား ခပ်သွက်သွက် လျှောက်သွားပြီး ဒန်း၌ ထောက်ထားသည့် လက်ကို ဆတ်ခနဲ ဆွဲကာ အိမ်ထဲ ပြန်ခေါ်လာရသည်။ ထိုအခါ လှိုင်းသံစဉ်သည် ယက်ကန် ယက်ကန်ဖြင့် မာန် ခေါ်ဆောင်ရာနောက်သို့ လိုက်ပါလာသည်။ သည်တစ်ကြိမ်၌လည်း လှိုင်းသည် မာန့်နောက်သို့ အထွန့်တက်ခြင်း မရှိ ၊ ရုန်းကန်ခြင်း မပြုဘဲ ရှေးယခင်ကအတိုင်း အသာတကြည် လိုက်ပါလာသည်။ အိမ်ပေါ်ထပ်ရှိ မာန်တို့ အခန်းထဲ ရောက်သောအခါမှ မာန်သည် လှိုင်း၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ရာ ဒေါသကြောင့် တင်းတင်းဆုပ်ကိုင်ထားမိသဖြင့် ရဲနေသည့် လက်ကောက်ဝတ်ငယ်ကြောင့် စိတ်ထဲ မကောင်းဖြစ်သွားရသော်လည်း မာန့်အကျင့်အတိုင်း တောင်းပန်စရာတော့ မဆိုဖြစ်ပါ။ မာန့်ဘက်က အမှားလုပ်ထားပြီး မတောင်းပန်လျှင်တောင် လှိုင်းသံစဉ်က စိတ်ဆိုးမည့် လူမျိုး မဟုတ်မှန်း မာန် ကောင်းကောင်း သိသည်လေ။

"မင်းက အဲ့မှာ ဘာထိုင်လုပ်နေတာလဲ။ ပိုင်ဘုန်းသွင်ရော။"

"ဘုန်းသွင်က သင်တန်းရှိသေးလို့ ပြန်သွားတယ် ကိုရိပ်။ ကျွန်တော်က ... ဒီတိုင်း ထိုင်နေတာ။"

လှိုင်းသံစဉ်တို့များ ... ဖြေပုံကိုက အချိုးမပြေတာ။ "ဒီတိုင်း ထိုင်နေတာ" ဆိုပဲ။ မရဲတရဲလေး ပြူးကြောင်ကြောင် မော်ကြည့်နေပုံက လူကို အသည်းယားလာစေသေးသဖြင့် မာန် စိတ်ကို မနည်း တင်းထားရသည်။

"မင်းကို ဟိုကောင် ဓာတ်ပုံ ရိုက်နေတာ မသိဘူးလား။"

"ဘယ်ကောင်လဲဟင် ကိုရိပ်။"

မျက်လုံးလေး အဝိုင်းသားနှင့် မျက်မှန်ကို ပင့်တင်ရင်း ပြန်မေးလာပုံက လှိုင်းသံစဉ် ပီသစွာ ကတ်မောင်တိန်မောင်တိန်ပါပဲ။ လှိုင်းသံစဉ်၏ ဒီလို အူတူတူ ပုံစံတွေကြောင့် မာန် မျက်ကွယ်မှာ စိတ်မချတာပေါ့။ ယခုလည်း ကြည့် ... သူ့ကို ဇွဲမာန်ဟိန်းဆိုသည့် မှန်ကြောင်က ဓာတ်ပုံ ရိုက်နေသည်မှာ ပုံတွေ မနည်းမနော ရနေလောက်ပြီ။ သကောင့်သားလေးက ဘာမှ မသိ။

"ဘယ်ကောင်ရှိရမှာလဲ။ ဟိုကောင် မှန်ကြောင်ပေါ့။ မင်းနော် မင်း ..ငါ သိပ်မပြောချင်ဘူး။ တောက် ..."

လူက ဒေါသထွက်နေမှန်း သိပေမဲ့ ဘာကို စိတ်ထဲ အလိုမကျဖြစ်နေမှန်း မသဲကွဲသေးခင် တောက်တစ်ချက် အရင်ခေါက်ပြီးနှင့်နေပြီ။ ထိုအခါ လှိုင်းသံစဉ်ကလည်း မာန်ကိုယ်တိုင် ဘယ်အချက်ကို စိတ်တိုနေမှန်း မသိသေးသည်ကို နှုတ်ခမ်းပါးတွေက တဖွဖွဖြင့် တောင်းပန်စကားကို မတုံ့မဆိုင်း ဆိုပါတော့သည်။

"တောင်းပန်ပါတယ် ကိုရိပ်ရယ်။ ကျွန်တော် သူ ဓာတ်ပုံရိုက်နေမှန်း သတိမထားလိုက်မိလို့ပါဗျာ။ နောက်ကျရင် သတိထားပါ့မယ်နော်။ စိတ်ဆိုးပြေပါတော့နော် ကိုရိပ်။ နောက်ပြီး ကိုရိပ် ဂိုက်လုပ်တာကို ခွင့်မပြုရင်လည်း ကျွန်တော် မလုပ်တော့ပါဘူးနော်။ ကျွန်တော် ..."

"သဘောတူတယ်"

"ဗျာ"

"မင်း ဂိုက်လုပ်မှာကို ငါ သဘောတူတယ်လို့။"

"တကယ်လား ကိုရိပ်။"

"အင်း ..ဒါပေမဲ့နော် မိန်းကလေးတွေဆိုရင် မင်း အရမ်း နီးနီးကပ်ကပ် နေလို့ မရဘူး ကြားလား။ ဟို မေရတီဆိုတဲ့ ကောင်မလေးနဲ့လည်း မင်း အရောတဝင် မနေရဘူး။ မင်းတို့ စာသင်ရင် ငါ လာထိုင်နေမှာ ..နားလည်လား။"

"ဟုတ် ကိုရိပ်။ ကိုရိပ်သဘောပါ။ ခွင့်ပြုပေးတာနဲ့တင် ကျွန်တော်က ကျေးဇူးတင်နေပြီ။ ကျေးဇူးနော် ကိုရိပ်။"

"ကျေးဇူးကို နောက်ထား။ ဘယ်မှာလဲ သကြားလုံး။"

"ရှိတယ် ရှိတယ် ..ရော့ ကိုရိပ်။"

မာန်က ဆိုင်းမဆင့် ဘုံမဆင့် ခေါင်းထဲ ဝင်လာသည့် ကော်ဖီသကြားလုံးကို လက်ဖြန့်ကာ တောင်းလိုက်ရာ လှိုင်းသည် ချက်ချင်းဆိုသလို သူ၏ အင်္ကျီ အိတ်ကပ်ထဲမှ သကြားလုံးနှစ်လုံးကို ထုတ်ပေးပြီး မာန်၏ လက်ဖဝါးဖြူဖြူပေါ်သို့ တင်ပေးလာသည်။ လှိုင်းသံစဉ်ကို ဤသို့သော အချက်တွေကြောင့် မာန် မည်သူ့ကိုမှ မပေးချင်တာ ... မာန့်စကား တစ်ခွန်းဆို တစ်ခွန်း စိတ်ထဲ ကမ္ဗည်းထိုးထားသလိုကို မှတ်သားထားပြီး မာန့်အလိုကို အမြဲဖြည့်ဆည်းပေးတတ်ရာ လှိုင်းကို မာန်သည် အနား၌ တစ်သက်လုံး ရှိနေစေချင်သည်အထိ သူတစ်ပါးလက်ထဲ ကျေကျေနပ်နပ် ထည့်ပေးလိုက်ဖို့ နှမြောတသဖြစ်နေရသည်။ တစ်ခါတလေတော့လည်း လှိုင်းသံစဉ်ကိုဆိုလျှင် ဆတ်ဆတ်ထိမခံ ဖြစ်လွန်းသည့် မိမိကိုယ်ကို အံ့ဩမိပါ၏။

"စားမယ်မလား ကိုရိပ်။ ကျွန်တော် ဖောက်ပေးမယ်နော်။"

လက်ဖဝါးပေါ်ရှိ သကြားလုံးတစ်လုံးကို ပြန်ယူကာ အခွံခွါပြီးနောက် မာန်၏ နှုတ်ခမ်းများ၌ သကြားလုံးကို တေ့ပေးလာသည်။ မာန်လည်း ဟန်ဆောင်ကာ မူပိုမနေတော့ဘဲ နှုတ်ခမ်းများကို ခပ်ဟဟ ဖွင့်ပေးလိုက်ရာ သကြားလုံး၏ ချိုသက်မှုသည် မာန်၏ အာရုံခံအင်္ဂါကို လာရောက်ထိတွေ့လာသည်။ ချိုမြိန်သော အရသာကြောင့် မာန့်စိတ်ထဲ နေလို့ ကောင်းသွားသည်တော့ အမှန်ပင်။

မာန်သည် ခုတင်၌ သွားထိုင်လေရာ ခင်နှင့်အတူ အပြင်ထွက်တုန်းက ဝယ်လာသည့် ဈေးဝယ်အိတ်များကို သတိပြုလိုက်မိသည်။ မာန့်နည်းတူ လှိုင်းသည်လည်း ထိုအိတ်များကို သတိထားလိုက်မိဟန် ရှိ၏။

"အင်္ကျီတွေ ဝယ်လာတာလား ကိုရိပ်။ ကျွန်တော် ဗီရိုထဲ ထည့်လိုက်မယ်နော်။"

"နေဦး ..ငါ့ဆီ ခဏ ယူခဲ့။"

လှိုင်းသည် မာန့်အနားသို့ တိုးကပ်လာကာ ဈေးဝယ်အိတ်များကို ကမ်းပေးလာသည်။ မာန်သည် ၅ အိတ်ခန့် ရှိသော ဈေးဝယ်အိတ်များကို ခုတင်စပ်နား၌ တင်ကာ ထိုအိတ်များထဲမှ အင်္ကျီတစ်ထည်ကို ထုတ်လိုက်သည်။ ပြီးနောက် အညိုရောင် လက်ရှည်အင်္ကျီအား ဖြန့်ကာ လှိုင်း၏ ကိုယ်၌ ကပ်လိုက်သည်။

"ဘာလုပ်တာလဲဟင် ကိုရိပ်။"

"မင်းနဲ့ အတော်ပဲ ထင်တယ်။ ရော့ ..မင်းအတွက်။"

"ဗျာ"

"ကျန်သေးတယ်။ ဒါတွေက တီရှပ်တွေ။ ဒါကတော့ မင်း ထပ်ဝတ်နေကျ လက်ရှည်အင်္ကျီတွေ။ ငါ ဆိုဒ်ကို မှန်းဝယ်လာတာ ..တော်လောက်မယ်တော့ ထင်တယ်။"

မာန်သည် ပြောလည်း ပြော ၊ ဈေးဝယ်အိတ်များထဲမှ အင်္ကျီတစ်ထည်ပြီး တစ်ထည် ထုတ်ကာ လှိုင်း၏ လက်ထဲသို့ ထည့်ပေးလာသည်။ လှိုင်းသည် မာန့်ကို ကြောင်လျက် ငေးကြည့်နေမိသည်။ မာန်က သူ့ချစ်သူ မိန်းကလေးနှင့် ဈေးပတ်သည်ကို သူ့အတွက် သတိတရ ဝယ်လာပေးသည်တဲ့လား။ ဝဲတက်လာသော မျက်ရည်များသည် ပျော်ရွှင်ကြည်နူးမှု၏ နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်မည် ထင်ပါရဲ့။ လှိုင်းသည် လှိုက်တက်လာသော ခံစားချက်များကို ထိန်းချုပ်မထားနိုင်သည့်အဆုံး မာန် ပေးသည့် အင်္ကျီများကို ခုတင်ပေါ်၌ ဖြည်းဖြည်းချကာ မာန့်ကို သိုင်းဖက်လိုက်မိသည်။ ကွာဟနေသော အရပ်အမောင်းကြောင့် လှိုင်းသည် မာန့်ကို တင်းတင်းကျပ်ကျပ် ဖက်ထားစဉ်၌ ခြေဖျားထောက်ထားရသည်။

ရုတ်တရက် သိုင်းဖက်လာသော လှိုင်းကြောင့် အူကြောင်ကြောင် ဖြစ်ရသူကား မာန်ရိပ်မော်ပင်။ မာန့်ကို မဖက်လိုက်ခင် ဆုံသွားသည့် အကြည့်မျှားမှ တစ်ဆင့် အရောင်လက်သွားသော မျက်ဝန်းညိုများသည် တောက်ပနေ၏။ သူ့အတွက် ကြုံတုန်း အင်္ကျီ လေး ငါးထည် ဝယ်ပေးခဲ့သည်ကို သည်လောက်ထိ ဝမ်းသာသွားလိမ့်မည်မှန်း မာန်မှ မထင်ထားခဲ့မိဘဲ။ ပြီးတော့ မာန် ပေးသည်ကား စိန်တွေ ၊ ရွှေတွေလည်း မဟုတ် ၊ လှိုင်း ဝတ်နေကျ အင်္ကျီလက်ရှည်များနှင့် တီရှပ်အချို့ကို ဝယ်လာပေးသည်ကို မျက်ရည်ဝဲသည်အထိ ပျော်ရွှင်သွားလိမ့်မည်ဟု ဘယ်ထင်လိမ့်မည်နည်း။

"ဟိတ်ရောင် လွှတ်ဦး။ သေမလို ဖက်မထားနဲ့။ လည်ပင်းအစ်တယ် ပုတက်။"

မာန် အသံပြဲနှင့် ထအော်ကာမှ လက်တို့ကို လွှတ်ပေးလာသည်။ ပါးထက်၌ မျက်ရည်စီးကြောင်း ရှိ​မနေသော်လည်း မျက်ဝန်းညိုတို့မှာ အရည်ကြည်တို့၏ ပံ့ပိုးမှုကြောင့် အခန်းမီးရောင်အောက် တဖိတ်ဖိတ်တောက်နေသည်။

"ကျေးဇူးတင်ပါတယ် ကိုရိပ်။ ကျွန်တော် ..ကျွန်တော် သေချာ သိမ်းထားပါ့မယ်။"

"ဟ ငါက မင့် သိမ်းထားဖို့ ဝယ်ပေးတာမှ မဟုတ်တာ။ သိမ်းမထားနဲ့ ..အခု မင်း ကျူရှင်ပြစရာတွေ ရှိရင် ဝတ်သွား။ မင်းအင်္ကျီတွေကလည်း ဟောင်းနေပြီ။"

"ဟာ မဝတ်ပါဘူးဗျာ။ ကျွန်တော် သိမ်းထားပါ့မယ် ကိုရိပ်ရယ်။ ကျူရှင်သွားပြတာက အရင်အင်္ကျီတွေနဲ့လည်း ဖြစ်ပါတယ်ဗျ။"

"ငါက ဝတ်ဆို ဝတ်လေ။ ဘာကို လျှာလာရှည်နေတာလဲ။ အထွန့်မတက်နဲ့ ..မင်း ကျူရှင်သွားပြရင် ဒီင်္အကျီတွေကို အရင်ဝတ်။ ဒါပဲ။"

"ဟုတ်ပါပြီ ကိုရိပ်ရယ်။ ဝတ်ဆိုလည်း ဝတ်ပါ့မယ်။ စိတ်တော့ ထပ်မဆိုးပါနဲ့နော်။"

"မဆိုးစေချင်ရင် ဝတ်ဖြစ်အောင် ဝတ်သွား။ ဘုန်းသွင် မိတ်ဆက်ပေးတဲ့တစ်ယောက်နဲ့ မင်း ဘယ်တော့ စသင်ရမှာလဲ။"

"မနက်ဖြန် ညနေဘက် ကိုရိပ်။"

"ဘယ်ကို သွားရမှာလဲ။"

"လမ်းမတော် ၅ လမ်း ကိုရိပ်။"

"မင်းကို ငါ လိုက်ပို့မယ်။"

"လိုက်မပို့ပါနဲ့ ကိုရိပ်ရဲ့။ ကိုရိပ် ပင်ပန်းပါတယ်။ ကျွန်တော် လိုင်းကား စီးပြီး သွားလိုက်မယ်ဗျ။"

"မင်းက စီးတတ်လို့လား ..လူကဖြင့် အူကြောင်ကြောင်နဲ့ကို။"

"စီးတတ်ပါတယ် ကိုရိပ်ရဲ့။ ကျွန်တော် ခါတိုင်းလည်း စီးနေကျပဲကို။"

"မသိဘူး မသိဘူး ..လိုက်ပို့မှာပဲ။ လိုက်ပို့တယ် ဆိုတာကလည်းနော် ..မင်းကို စိတ်ပူလွန်းလို့တော့ မထင်နဲ့။ မင်းစာသင်မဲ့ အိမ်ရဲ့ အနေအထားကို ငါ လိုက်ကြည့်မလို့။"

"ကျွန်တော် သိပါတယ် ကိုရိပ်ရဲ့။ လိုက်ကြည့်မယ်ဆိုလည်း ကိုရိပ်သဘောပါ။"

မာန့်မှာလည်း အတင်းကာရော လိုက်မယ် လုပ်နေပြီးမှ ဆန္ဒကို သိက္ခာနှင့် ပြန်ထိန်းလိုက်ရသည်။ မာန် လှိုင်းကို စိတ်ပူသောကြောင့် လိုက်မည်ဟု ပြောနေသော်လည်း အမှန်တရားကို လှိုင်းသံစဉ် ရိပ်မိသွားလို့ မဖြစ်။ သို့ဖြစ်၍ စကားကို လေသံမာမာဖြင့် လီဆယ်ပြီး ပြောလိုက်ရသည်။ ဤသည်ကိုလည်း ပုတက်လေးက ယုံသွားသည့် ပုံပါပဲ။ လှိုင်းသံစဉ် ဟူသည်လည်း ထိုသို့နှယ် မာန်၏ စကားမှန်သမျှကို ဖြစ်နိုင်၏ ၊ မဖြစ်နိုင်၏ မစဉ်းစားဘဲ အမြဲ မျက်စိစုံမှိတ် ယုံစားတတ်သူ ဖြစ်သဖြင့် မုသားဆိုရသည်မှာ အချည်းနှီးမဖြစ်။

"ကိုရိပ် ဗိုက်မဆာသေးဘူးလား။"

"ဗိုက်ဆာနေတာ ကြာနေပြီ။ မင်းမှ ဘာမှ မကျွေးတာ။"

"ဟောဗျာ ..ဟုတ်ပါပြီ။ ကျွန်တော်က မှားတာပါ။ လာ ကိုရိပ် ..အောက်ထပ်ဆင်းမယ်။ ကျွန်တော် မနက်ကတောင် ကိုရိပ် ကြိုက်တဲ့ ပုစွန်ဟင်း ချက်ထားသေးတယ်။"

လှိုင်းက ပြောပြောဆိုဆိုနှင့် မာန့်ကိုပါ ခေါ်ပြီး အောက်ထပ်သို့ ဆင်းလာသည်။ မာန် တကယ်တော့ ခင်နှင့် အပြင်သွားတုန်းက လမ်း၌ ကြာဇံချက် ဝင်စားကြသေးသည်။ မာန် ပြောဖို့ မေ့သွားသည်နှင့် နံနံပင် မထည့်ရန် မမှာလိုက်မိလေရာ နံနံပင် ပါသော ကြာဇံချက်အား ကိုယ်တိုင် နံနံပင် ဖယ်စားလိုက်ရသည်။ ခင်ဝတီစံကိုလည်း နံနံပင် မကြိုက်သည့်အကြောင်း အရေးတယူ လုပ်ကာ ပြောမနေတော့ဘဲ နံနံပင် မပါအောင် ခပ်စားနေရသဖြင့် မာန် တစ်ဝက်ပင် မကုန်။ လှိုင်းသံစဉ်သာ ပါလျှင် မာန် အေးဆေး စား၍ ရမည် ထင်ရဲ့။

အောက်ထပ်ရောက်သောအခါ ထမင်းစားချိန် လွန်နေပြီ ဖြစ်ရာ ထမင်းစားခန်းထဲ၌ မည်သူမှ မရှိ။ ဧည့်ခန်းထဲမှ လွင့်ပြယ်လာသော အသံများသည် မာန် မမြင်ချင်ဆုံး မောင်နှမနှစ်ယောက်၏ စကားသံများ ဖြစ်နေလေရာ မာန် ဧည့်ခန်းထဲသို့ တစ်ချက်ပင် လှမ်းမျှော် မကြည့်ဖြစ်။ ထမင်းစားခန်းထဲ ရောက်သောအခါ လှိုင်းသည် သူ၏ တာဝန်ကို မပျက်ကွက်ပေ ... မာန့်အတွက် ထမင်း ၊ ဟင်းများကို နွေးရုံမျှ ပြန်နွှေးပေးရုံ သာမက မာန့်အကြိုက် ပုစွန်ထုပ်များကိုလည်း အခွံခွါပေးသေးသည်။ သူကဖြင့် ပုစွန်နှင့် မတည့်သည်ကို လှိုင်းသံစဉ်သည် မာန့်အတွက် အမြဲ ပုစွန်ဟင်း ချက်ပေးသည်။ ပြစ်ချက် ထောက်ပြစရာ မရှိသည့် ပုစွန်ဟင်းကို ချက်သည့် လှိုင်းသံစဉ်သည် သူ မကျွမ်းကျင်သော နယ်ပယ်တစ်ခု၌ ထူးချွန်အောင် လုပ်နိုင်သည်အထိ ဆန်းကြယ်နေတတ်သေး၏။

ထိုနေ့က ညနေ ဦးသော်က ပြန်ရောက်ချိန်၌ လှိုင်းသည် သူ အလုပ်လုပ်မည့်အကြောင်း သွားပြောသေး၏။ မာန်ကတော့ မလိုက်သွားဖြစ်ဘဲ အခန်းထဲ၌သာ ကျန်ရစ်နေခဲ့သည် ... မာန် မပါလည်း ပါပါးက လှိုင်းကို ခွင့်ပြုမည်မှန်း သိသည်က တစ်ကြောင်း ၊ ယခုချိန်၌ ပါပါးနှင့် မျက်နှာချင်းမဆိုင်ချင်သေးသည်က တစ်ကြောင်း မာန်သည် အခန်းထဲ၌သာ ထိုင်နေဖြစ်သည်။ လှိုင်းသံစဉ် ပြန်ရောက်လာသောအခါ မာန် ထင်သည့်အတိုင်း ခွင့်ပြုချက် ရလာလေသည်။

လှိုင်းသံစဉ်ဆိုသည်မှာလည်း ခွင့်ပြုချက် ရပြီ ဆိုသဖြင့် တက်ကြွနေလိုက်တာ ကြက်ဖတစ်ကောင်အလား။ မနက်ဖြန် ညနေမှ သွားရမည်ကို ညကတည်းက သူ့၌ ရှိသော အင်္ကျီဖြူနှင့် ဂျင်းဘောင်းဘီကို ထုတ်ကာ သူ့အကျင့်အတိုင်း အင်္ကျီဖြူပေါ်၌ ထပ်ဝတ်ရန် မာန် ဝယ်ပေးထားသည့် အင်္ကျီလက်ရှည်များထဲမှ အညိုရင့်ရောင် အင်္ကျီကို အဆင်သင့်ထုတ်ထားသည်။

"လှိုင်း"

"ဗျာ ကိုရိပ်"

ခြင်ထောင် ထောင်ပေးနေရင်း ပြန်ထူးလာသည့် လေယူလေသိမ်းသည်လည်း မာန့်အိမ်ကို ရောက်စကအတိုင်း သံရှည်ဆွဲ ပြန်ထူးသံမို့ နှစ်လိုဖွယ်ကောင်းနေသည်။

"မင်း ..နွေရာသီ ၃ လအိမ်ပြန်တာက မဟုတ်မှလွဲရော ..အကြွေးကြောင့်ပဲလား။"

ရုတ်တရက် မေးခံလိုက်ရသည့် အမေးကြောင့် လှိုင်း၏ လက်ဖျားထိပ်များ အေးစက်လာသည်။

"မဟုတ်ပါဘူး ကိုရိပ်ရယ်။ အဲ့နွေရာသီတုန်းက ကျွန်တော်က အဒေါ့်ရွာမှာ ရှိနေတာလေ ကိုရိပ်ရဲ့။ အကြွေးကြောင့် မဟုတ်ပါဘူး။ ဘာဖြစ်လို့ မေးတာလဲ ကိုရိပ်။"

ခြင်ထောင် ထောင်ပေးအပြီး၌ ခုတင်၌ ထိုင်နေသည့် မာန့်ကို ကျောခိုင်းရင်း စာအုပ်စီနေသလို ဟန်ပြကာ အဖြေပြန်ပေးလိုက်မိသည်။ တစ်ဆက်တည်းမှာပင် တန်ပြန်မေးခွန်းတစ်ခုဖြင့် စကားဝိုင်းကို ဆက်လိုက်သည်။

"သိချင်လို့ မေးတာလေ။ ဘာလဲ ..မင်းက မဖြေချင်ဘူးလား ဟမ်။"

ခပ်ဆတ်ဆတ် ပြန်မေးလာပုံက အခြေအနေမကောင်းတော့သည်မို့ လှိုင်းသည် ခြင်ထောင်ထဲ ဝင်ကာ မာန့်ရှေ့ ဝင်ထိုင်လိုက်သည်။ မှုန်ကုပ်နေသည့် မျက်နှာဘေးသည် အလိုမကျခြင်းတို့ကို မီးမောင်းထိုးပြနေသဖြင့် -

"ဘာတွေ အလိုမကျ ဖြစ်နေတာလဲ မင်းသားလေးရဲ့။ ဆူပုတ်နေတာပဲဗျာ။"

"ငါ ပျင်းလို့လေ အရူးကောင်ရဲ့။ သရဲကား ကြည့်ချင်တာတောင် သွားကြည့်လို့ မရဘူးကွာ ... တောက်။"

"ကြည့်ချင်တယ်ဆို အောက်ဆင်းမယ်လေ ကိုရိပ်ရဲ့။ ခုချိန်ဆို ဧည့်ခန်းမှာ ဘယ်သူမှ မရှိလောက်တော့ပါဘူး။"

"ငါ သူတို့နဲ့ မတွေ့ချင်ဘူး။"

"ဒါဆိုလည်း ကျွန်တော် အရင် သွားကြည့်ပေးမယ်။ ဘယ်သူမှ မရှိတော့ဘူး ဆိုရင် ကိုရိပ်ကို လာခေါ်မယ် ..အိုကေ?"

လက်ညှိုးနှင့် လက်မကို အဝိုင်းပုံသဏ္ဍာန် ဆက်ကာ "အိုကေရဲ့လား" ဆိုပြီး မေးလာသည့် လှိုင်းသံစဉ်သည် တကယ် အသည်းယားစဖွယ်။

"မြန်မြန် ပြန်လာခဲ့။"

"အင်း"

လှိုင်းက ခေါင်းတစ်ချက် ညိတ်ကည အခန်းထဲမှ ခပ်သွက်သွက် ထွက်သွားသည်။ မာန် သရဲကား မကြည့်ရတာ ကြာလှပြီ။ စာမေးပွဲ ရှိတုန်းကလည်း ရုပ်ရှင်ဟူသည် ဘယ်ဌာနေ ရောက်နေမှန်းကို မသိ။ စာမေးပွဲ ပြီးသောအခါ သရဲကား ကြည့်မည် ဆိုပြန်တော့လည်း အနားမှာ လှိုင်းသံစဉ်မှ မရှိဘဲ။ မာန်တစ်ယောက်တည်းဆို သရဲကား မကြည့်ရဲ။ လှိုင်း အိမ်ကို မရောက်လာခင်ကတော့ မာန် သရဲကား ကြည့်လျှင် သူငယ်ချင်းများ ဆုံမှ ကြည့်ဖြစ်သည်။ သို့သော်ငြား မာန်က ကြောက်တတ်လွန်းရာ တစ်ခါတလေ ဘုန်းသွင်နှင့် မိုးထက်၏ နောက်သို့ ဝင်ကာ မျက်နှာကို ဝှက်ထားတတ်သည်။ ထိုအချိန်မျိုးဆိုလျှင် ဘုန်းသွင်တို့က မကြိုက်တတ်သည်မို့ မာန် သူတို့နှင့် သရဲကားအတူ မကြည့်လို။ လှိုင်းကျတော့ ဘုန်းသွင်တို့လို မဟုတ်ဘဲ မာန့်စိတ်တိုင်းကျ နေပေးသည် ဖြစ်ရာ မာန် သရဲကား ကြည့်ချိန်တိုင်း လှိုင်းက မရှိမဖြစ် အရေးပါသည့် အခရာ ဖြစ်တည်မှုပင်။

တစ်အောင့်အကြာ၌ လှိုင်းသံစဉ် အခန်းထဲ ပြန်ဝင်လာသည်။

"လာ ကိုရိပ် ..အောက်ထပ်တစ်ခုလုံး ဘယ်သူမှ မရှိဘူး။"

လှိုင်းက ခြင်ထောင်ကို လှန်ပေးပြီး မာန့်ကို ဆွဲထူလိုက်သည်။ မည်သူမှ အောက်ထပ်၌ မရှိဘူးဆိုမှ မာန်က အသာတကြည် လိုက်ပါလာသည်။ အောက်ထပ်ရောက်သောအခါ တကယ်လည်း မည်သူမှ ရှိမနေ။ ရှိမနေဆို ည ၁၁ နာရီပင် ကျော်နေလေပြီ ဖြစ်ရာ တစ်အိမ်လုံး အိပ်ကုန်ကြလေပြီ။ ဧည့်ခန်းထဲ အရောက်၌ လှိုင်းက မာန် မကြည့်ရသေးသည့် သရဲကားတစ်ခွေကို အောက်စက်ထိုး ဖွင့်လိုက်ပြီး ဆိုဖာပေါ် ထိုင်နေသည့် မာန့်ဘေးနား ဝင်ထိုင်လိုက်သည်။ သရဲကား စပြီဆိုသည်နှင့် မာန်သည် လှိုင်းအနားသို့ တိုးတိုးကပ်လာလေသည်။

"ပုတက် ..ငါ ကြောက်လာပြီ။"

သရဲကားထဲရှိ သရဲမက နှစ်ခါလောက် ကိုယ်ထင်ပြလာပြီးနောက် မာန်က လှိုင်း၏ ခါးနေရာအား သူ၏ ခြေတံရှည်များဖြင့် ခွကာ လှိုင်း၏ နောက်ကျောနောက် ခေါင်းတိုးဝင်လာသည်။

"ကိုရိပ်ရယ် ..ဒါက တကယ်မှ မဟုတ်တာဗျာ။ ဒီလိုပဲ ဒါရိုက်တာ​တွေ လျှောက်ရိုက်ထားတဲ့ဟာကို။"

"မသိဘူး ..ကြောက်တယ်။ သရဲမ သွားရင် ငါ့ကို ပြော။"

"ဟုတ်ပါပြီဗျာ။"

လှိုင်းက ရယ်သံစွက်ရင်း ပြန်ပြောလာသည်။ မာန်က တကယ့် ကလေး ... အသက်တွေ ဘယ်လောက်ကြီးကြီး ၊ ပုံပန်းသွင်ပြင်အရသာ လူအများ ငေးမောရသည်အထိ တည်တည်ကြည်ကြည်နှင့် မှုန်နေအောင် ချောသောကြောင့်သာ ရင့်ကျင်သည့်ဟန်ပန် ရှိနေသော်လည်း တကယ်တမ်းကျ အတွင်းစိတ်က နုနုနယ်နယ်။ လှိုင်း ဤအိမ်ကို စရောက်ကတည်းက သရဲကြောက်သည်မှာ ယခုချိန်ထိ မပျောက်သေး။ သရဲဆို တုန်နေအောင် ကြောက်သော်လည်း သရဲကားက အကြည့်မပျက်သူမို့ လှိုင်းကသာ အမြဲ အနားရှိပေးရသည်။ လှိုင်းမရှိလျှင် မာန်က သရဲကား မကြည့်သည်မို့ လှိုင်း သရဲကား မကြိုက်သော်လည်း အဖော်ပြုပေးရသည်။ ဤသည်မှာလည်း မာန် စိတ်ချမ်းသာဖို့ အရေးမို့ သူ့၌ ငြင်းဆန်လိုစိတ် မရှိပါ။

~~~~~~~~~~~~~~~~~~~~~~~

"ဟိတ်ရောင် ငါ အိမ်ပေါ်ထိ လိုက်ခဲ့မယ်။"

"အိမ်အထိ လိုက်လို့ ကောင်းပါ့မလား ကိုရိပ်ရဲ့။ တော်ကြာ တစ်မျိုး ထင်ကုန်ဦးမယ်။"

"ထင် ထင်ပေါ့။ ငါက ဘယ်သူ့ဂရုစိုက်ရမှာလဲ။ လာ ဆင်း ..သွားမယ်။"

မာန်က လှိုင်းစကားဆို နားမထောင်တတ်သူမို့ လှိုင်းကသာ မာန့်ဆန္ဒကို လိုက်လျောပေးလိုက်ရ၏။ တိုက်ခန်းဖြစ်သည်မို့ မာန်တို့ လှေကားမှ တက်လာလိုက်ကြသည်။ ဦးပြုံးကတော့ ကားပေါ်၌သာ စောင့်နေသည်။

"တင်းတောင်"

ဘဲလ်သံ ထွက်ပေါ်လာပြီး မကြာမီ တံခါး ပွင့်လာသည်။ လှိုင်းသံစဉ် နည်းတူ ကတုံးဆံတောက်ကေနှင့် ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ပါပဲ။ လှိုင်းနှင့်အတူ မာန့်ကိုပါ ယှဉ်မြင်လိုက်ရသောအခါ အူကြောင်ကြောင်လေး ငေးကြည့်နေလေ၏။

"ဘယ်သူလာတာလဲ သား။"

မေးခွန်းတစ်ခုနှင့်အတူ ကောင်လေးအနား ရောက်လာသည့် အမျိုးသမီးသည် လှိုင်းကို မြင်သောအခါ အပြုံးပန်းကို ပန်ဆင်လျက် -

"ဩ ဆရာ ရောက်လာပြီပဲ။ ကြွပါ ဆရာ ..ကြွပါ။"

ထိုအမျိုးသမီးက သံဗန်းတံခါးကို ဖွင့်ပေးသဖြင့် လှိုင်း အိမ်ထဲ ဝင်သွားလိုက်ရာ မာန်က နောက်မှ လိုက်ပါလာသည်။

"အန်တီ ..ဒါက ဘုန်းသွင်ရဲ့ သူငယ်ချင်းပါ။ ကျွန်တော့်အတွက်ဆို အစ်ကိုလို အားကိုးရတဲ့သူပါ။ ကိုရိပ်က တစ်ချက် လိုက်ကြည့်ချင်တယ် ပြောလို့ ကျွန်တော် ခေါ်ခဲ့လိုက်တာပါ။ စိတ်မရှိပါနဲ့နော်။"

"ဩ ရပါတယ် ဆရာရယ်။ လာ လာ ..သားလေးနဲ့က စာသင်ဖို့ အခန်းထဲမှာ အန်တီ ပြင်ထားတယ်။ လာကြည့်ကြနော်။"

ထိုအမျိုးသမီးကသာ လှိုင်းတို့ကို အခန်းတစ်ခန်းဆီသို့ ခေါ်ဆောင်သွားသည်။ စာကြည့်ခန်းအဖြစ် သီးသန့်ထားထားဟန် ရှိသောအခန်းသည် အလင်းရောင် လုံလုံလောက်လောက် ဝင်ပြီး လင်းကျင်းနေလေသည်။

"ဟုတ် ရပါပြီ အန်တီ။ ကျွန်တော် လိုက်လာတယ် ဆိုတာကလည်း အန်တီတို့ကို မယုံလို့ မဟုတ်ပါဘူး။ လှိုင်းက ဒါပထမဆုံး ဂိုက်လုပ်တာဆိုတော့ သူ အဆင်မပြေဖြစ်မှာ စိုးလို့ပါ။ ကျွန်တော့်ကို ခွင့်ပြုပါဦးဗျ။"

"ရပါတယ် ..အန်တီ စိတ်ထဲ မထားပါဘူး။ သားမပြန်ခင် အအေးတွေ ဘာတွေ သောက်သွားဦးလေ သားရဲ့။"

"နေပါစေ အန်တီ ..မသောက်တော့ပါဘူး။ ကျွန်တော့်ကို ခွင့်ပြုပါဦးဗျ။ ပြီးရင် အောက်ဆင်းလာခဲ့ ..ငါ စောင့်နေမယ်။"

"ဟုတ် ကိုရိပ်"

လှိုင်းနှင့် သူ၏ အသစ်စက်စက် ကျောင်းသားအား ထိုအခန်းငယ်ထဲ ချန်ထားရစ်ခဲ့ကာ ကလေးမိခင်က မာန့်ကို လိုက်ပို့ပေးသည်။ မာန် သေချာလေး နှုတ်ဆက်ပြီး အောက်ထပ် ပြန်ဆင်းလာလိုက်သည်။ ဤအိမ်က စိတ်ချရမည့် ပုံပါပဲ။ လှိုင်း သင်ပေးရမည့် ကောင်လေးကလည်း ရို့ကျိုးပြီး စကားနားထောင်မည့်ဟန် ရှိသည်။ ဘုန်းသွင်က ဒါမျိုးကျ အားကိုးရသည်။ ဘုန်းသွင်၏ မိခင်က အသိမိတ်ဆွေ ပေါသောကြောင့် မာန့်ထက်စာလျှင် လှိုင်းသံစဉ်အတွက် အကူအညီ ရသည် ဆိုရမည်။

လှိုင်း စာသင်နေတုန်း ဦးပြုံးနှင့် မာန် shopping center တစ်ခုသို့ သွားကာ လှိုင်းသံစဉ်အတွက် လိုအပ်မည့် အဝတ်အစားများ သွားဝယ်ပေးရသည်။ လှိုင်းက တစ်ခုခုဆို ပူဆာသည်မျိုး မရှိဘဲ အဝတ်အစားဆိုလျှင်လည်း ဒေါ်သူဇာဝင်း ဝယ်ပေးသည်များကိုသာ ဝတ်သည် ဖြစ်ရာ ယခု စာလိုက်သင်ရလျှင် အဝတ်အစားက ဟောင်းနွမ်းနေလို့ မဖြစ်။ အရမ်း ကောင်းနေတာမျိုး မဟုတ်ဘဲ အမြင်သင့်နေသည့် အနေအထားတစ်ခုတော့ ရှိသင့်သည်မို့ လှိုင်းသံစဉ် အညိုလုံးအတွက် မာန့်မှာ ခြေညောင်းခံပြီး ဈေးပတ်နေရသည်။

ဈေးပတ်ပြီး လိုချင်သလောက် စိတ်ကျေနပ်သည်အထိ ဝယ်ခြမ်းပြီးမှ လှိုင်း၏ ကျူရှင်အိမ်သို့ ပြန်လာလိုက်သည်။ လှိုင်း ဆင်းလာရန် နာရီဝက်ခန့် လိုသေးသည်မို့ ကားထဲ ဦးပြုံးနှင့် စကားစမြည် ပြောနေလိုက်သည်။ စကားကောင်းနေတုန်း လှိုင်းက သူ၏ ကျောပိုးအိတ်ကို တစ်ဖက် လွယ်ကာ လှေကားမှ ဆင်းလာသည်။ ဆံပင်ငုတ်စိလေးတွေနှင့်မို့ မြင်ရသည့် မျက်နှာက ရှင်းလင်းတည်ကြည်နေသည့်အပြင် မာန် ပေးထားသည့် အညိုရောင်အပေါ်ထပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို တွဲဖက်ဝတ်ထားရာ ကြည့်ကောင်းသည်ထက် သာလွန်နေသည်။ လှိုင်းသံစဉ်သည် အရမ်း ချောမောခန့်ငြားနေသည်မျိုး မဟုတ်သော်ငြား ကြည့်​ကောင်းသည်ဆိုသော အဆင့်ထက် ပိုသည်မို့ ညိုစိမ့်စိမ့် အသားအရည်နှင့် သူ့အား ညိုချောဟုပဲ ခေါင်းစဉ်တပ်ပေးရမည် ထင်ရဲ့။

လှိုင်းက လှေကားက ဆင်းလာပြီး ကားရှေ့ခန်း၌ ဝင်ထိုင်သည်။ နောက်၌ ထိုင်နေသည့် မာန့်ဘေးက အထုပ်ပေါင်းများစွာကို တွေ့သောအခါ မျက်လုံးလေး အနည်းငယ်တော့ ဝိုင်းသွားသော်လည်း ဘာမှတော့ မမေး။

"ကိုရိပ် စောင့်နေရတော့ ပျင်းနေပြီမလား။ နောက်နေ့တွေ မလိုက်ခဲ့ပါနဲ့ ကိုရိပ်ရယ်။ ကျွန်တော် လာတတ်နေတာပဲဟာကို။"

"ငါ့ကို လျှာလာမရှည်ပါနဲ့။ မင်း သင်ရတာ အဆင်ပြေလား။"

"ဟုတ် ပြေပါတယ် ကိုရိပ်ရဲ့။ သူက ဉာဏ်ကောင်းပါတယ်။ စာမလုပ်ချင်တဲ့စိတ်လေး ရှိနေတော့ နည်းနည်း တွန်းရတာပေါ့။"

"ပြေရင် ပြီးတာပဲ။ လေးပြုံး ကားမောင်းသွားသင်မယ်။"

"ကိုရိပ်က ကားမောင်းသင်တော့မလို့လား။"

"မဟုတ်ဘူး ..မင်းကို သင်ပေးမလို့။"

"ဟာ ကိုရိပ်ကလည်း ..ကျွန်တော့်အတွက် မလိုပါဘူး။ မသင်ချင်ဘူးဗျာ ..နော် ကိုရိပ်။"

"ဘာတွေ ဇွတ်ငြင်းနေတာလဲ။ နောက်ဆို လေးပြုံးကို ငါ့အတွက် ကားမမောင်းခိုင်းတော့ဘူး ..မင့် မောင်းခိုင်းမလို့။ လျှာမရှည်နဲ့ ..ငါက သင်ဆို သင်လိုက်။"

"ဟုတ်"

လှိုင်း အထွန့်မတက်ရဲတော့သဖြင့် နှုတ်ဆိတ်ကာ လိုက်ပါလာရတော့သည်။

"ကိုရိပ်ကလည်း တစ်ခုခုဆို ဟောက်ဖို့ချည်းပဲ ..ကိုရိပ် အကျင့်ပုတ်။"

စိတ်ထဲ၌ မာန့်ကို တိုးတိုးတိတ်တိတ် မကျေမချမ်း ပြောနေမိသေးသည်။ စိတ်ထဲ တစ်ကိုယ်တည်း ပြောနေမိပြီးမှ လှိုင်း ခပ်ရေးရေးကလေး ပြုံးမိသွားသည်။ ထိုအကျင့်ပုတ်လေးကိုပဲ သူ့မှာ အရိပ်တကြည့်ကြည့်နှင့် အသက်တမျှ မြတ်နိုးတွယ်တာနေရသည် မဟုတ်ပါလား။

ချစ်ခြင်းမေတ္တာဟူသည် ဆန်းကြယ်၏ ... မချစ်သင့်သူမှန်း သိသိလျက်နှင့် ၊ လက်လှမ်းမမီသည့် သဇင်ပန်းလေးမှန်း သိသိလျက်နှင့် ၊ စိတ်ကူးဖြင့်ပင် မှန်းဆ၍ မရနိုင်သူမှန်း သိသိလျက်နှင့် မြတ်နိုးတွယ်တာနေမိသည့် လှိုင်းသည် ပို၍ပင် ဆန်းကြယ်နေသေး၏။

~ 25/8/2023 (3:38 p.m.) ~

{ Author's Note :
မျှော်နေတဲ့ သဲငယ်လေးတွေ ရှိမှန်း သိသိလျက်နဲ့ နောက်ကျသွားလို့ လင်း တောင်းပန်ပါတယ်နော် 🥺 }

Continue Reading

You'll Also Like

110K 3.5K 32
[ONGOING 🔞] #8 insanity :- Wed, May 15, 2024. #2 yanderefanfic :- Sat, May 18, 2024. After y/n became an orphan, she had to do everything by herself...
527K 15.1K 53
what happened when the biggest mafia in the world hid his real identity and married an innocent, sweet girl?
72.4K 868 32
A couple of fluffs and hyper unrealistic realities where you get to date, Sebastian Stan! (c'mon who doesn't want that?) And you're probably already...