{ UNICODE }
သစ်သားအိမ်ငယ်လေးထဲ လှုပ်ရှားမှုဟူ၍ တစ်စုံတစ်ရာပင် မရှိ။ တိတ်ဆိတ်ခြင်း ကိန်းဝပ်နေသော အိမ်ငယ်လေးထဲ အထီးကျန်ဆန်မှုသည်လည်း အသားတကျ ပျော်နေဝင်သလိုပင်။ ခြောက်ကပ်နေသော အိမ်ထဲ၌ မိနစ်ပိုင်းအလွန်တွင်တော့ လှုပ်ရှားမှုတစ်ချို့ ဖြစ်ပေါ်သွားလေသည်။ သုံးထပ် သစ်သားအိမ်လေး၏ ဒုတိယထပ်ရှိ အိပ်ခန်းအတွင်း၌ အဖော်ကင်းမဲ့နေသော ကောင်လေးတစ်ယောက်။
ထိုကောင်လေးကိုတော့ အများစုက "ဒေါက်တာ" ဟုသာ ခေါ်ကြသည်။ အရပ်မြင့်မြင့် ၊ အသားဖြူဖြူ ၊ ဆံပင်ကောက်ကောက်လေးနှင့် ထိုကောင်လေးမှာ အသက်အရွယ်အားဖြင့် ၂၅ နှစ် ပြည့်လုမည် ဆိုပေမဲ့ တည်ငြိမ်ရင့်ကျက်သော ဟန်ပန်နှင့် ခပ်တည်တည် မျက်နှာထားကြောင့် ရှိရင်းစွဲအသက်ထက် ပိုကြီးနေဟန် ထင်ရသည်။ အများသိသော ထိုကောင်လေး၏ နာမည်ကတော့ "မာန်" ဟူ၍သာ ... တစ်ချိန်တုန်းကတော့ သူ့အား "ကိုရိပ်" ဟု စွဲစွဲမြဲမြဲ ခေါ်ဝေါ်ခဲ့ဖူးသည့်သူတစ်ဦး ရှိခဲ့ဖူးသည်။ ပြန်မရောက်ရှိနိုင်တော့သည့် တစ်ချိန်တုန်းကပေါ့ ...
"ကိုရိပ် ..ကျွန်တော့်ကို ဗီဒီယို ရိုက်ပြန်ပြီလားဗျာ။ ကင်မရာကြီး ပိတ်ထားပါ ကိုရိပ်ရာ။"
"ဘာလဲ ..မင်းက ငါ့ဆန္ဒကို ပိတ်ပင်နေတာလား။"
"မဟုတ်ပါဘူး ကိုရိပ်ရဲ့။ ကိုရိပ် စားနေတုန်း ကင်မရာရိုက်နေတော့ သေချာ စားလို့ မရမှာစိုးလို့ပါဗျ။"
"ငါ မဆာလို့ မစားသေးတာပေါ့။ မင်းစားစရာရှိတာ ကိုယ့်ဘာသာ စားစမ်းပါ။ လျှာကိုရှည်တယ်။"
"သဘောပဲဗျာ ..ကိုရိပ်သဘော။"
အမြဲတစေ သူ့ဆန္ဒကို မျိုသိပ်ကာ "ကိုရိပ်သဘော" ဆိုသည့် စကားကို လက်ကိုင်ပြုထားတတ်သည့် တစ်စုံတစ်ဦးအား မာန် လွမ်းသည် ဆိုသော စကားလုံးထက် ပိုမို ပြည့်စုံသော စကားလုံးများ ရှိခဲ့သော် သုံးနှုန်းလိုက်ချင်သည်အထိ စက္ကန့်တိုင်း သတိရနေမိသည်။ ထူးထူးခြားခြား ယနေ့က အရင်ကထက် ပိုပြီး အနားမရှိနိုင်တော့သည့် ဖြစ်တည်မှုတစ်ခုကို မာန် တွေ့ချင်နေမိသဖြင့် လွန်ခဲ့သောနှစ် New Year ညက ရိုက်ကူးထားမိသည့် ဗီဒီယိုကို ပြန်ကြည့်နေမိသည်။
YOU ARE READING
လမင်းခြေသံ { Completed }