°°မက်မွန်သီးတစ်လုံး နှင့် ချစ...

Oleh suikasan1001

543 17 4

ခင်ဗျားတို့စဥ်းစားမိဖူးကြလား ? ဘဝမှာ မက်မွန်သီးတစ်လုံးကို ချစ်မိသွားလိမ့်မယ်လို့လေ.... 🍑🍑 Plot Start Date... Lebih Banyak

🍑 Note 🍑
တွေ့ဆုံခြင်းအစ 🍑🍑
တွေ့ဆုံခြင်းအစ 🍑🍑
ဒုတိယအကြိမ် တွေ့ဆုံမှု


23 0 0
Oleh suikasan1001


တိတ်ဆိတ်နေသော အတန်းသည် လူတစ်ယောက်ဝင်ရောက်လာသောအခါ အပ်ကျသံကြားရသည်အထိပိုတိတ်ဆိတ်သွားသည်။

"တီချယ် ဝင်ခွင့်ပြုပါ "

စာသင်နေတုန်းအနှောင့်အယှက်ပေးရင်မကြိုက်တဲ့ တီချယ် May အသံကြားရာသို့လှည့်ကြည့်လိုက်သောအခါ ကျောင်းသူသစ်တစ်ယောက်ကိုတွေ့လိုက်ရသည်။ မနက်က ကျောင်းအုပ်ကြီးခေါ်ပြောထားတဲ့တစ်ယောက်ဖြစ်မည်။

"ဪ ကျောင်းသူသစ်လား ?  သမီး "

"ဟုတ်ကဲ့ "

"အေးအေး ဝင်လာခဲ့..... အားလုံးနားထောင်မယ် တီချယ်တို့ကျောင်းကို ကျောင်းသူအသစ်တစ်ယောက်ပြောင်းလာတယ်"

မက်မွန်သီးရောင် ဆံနွယ်များကို ကျောတွင်ဖြန့်ချထားပြီး နှုတ်ခမ်းများက အပြုံးအရယ်မရှိပေ။ မက်မွန်ပွင့်လွှာ မျက်ဝန်းတို့က ရေသေပမာတည်ငြိမ်နေပြီး စိုက်ကြည့်မိလျှင် အညှို့ခံလိုက်ရသလို ၊ ပုံမှန်အတိုင်း School Uniform ဖြစ်တဲ့ ဒူးအတိစကတ်နဲ့ ရှပ်အင်္ကျီ ကိုအပေါ်က Hoodie အဖြူရောင်ထပ်ဝတ်ထားပင်မဲ့ ထိုပုံစံက သူမနှင့်မှပို၍ကြည့်ကောင်းနေသယောင်

"ဟင် စာသင်နှစ်တောင်ကုန်ခါနီးပြီကို"

"အေးလေ "

"ပြီးတော့ ကျောင်းက အဲ့လိုပြောင်းရွေ့မှုတွေဆိုလက်မခံဘူးမလား"

"ဟုတ်တယ် ...ဒီတစ်ယောက်ကဘာလဲမသိဘူး"

"ဒုန်း!! "

"ပါးစပ်ပေါက်တွေပိတ်ထားစမ်း! "

ခုံကိုထုလိုက်ပြီး တီချယ်အော်လိုက်မှ ပွစိပွစိနဲ့ ပြောနေသောကျောင်းသားများကငြိမ်ကျသွားသည်။သူတို့ပြောတာလဲမမှားဘူး။ တစ်နှစ်ကို ကျောင်းသားသစ် အယောက် ၁၀၀ ပဲဝင်ခွင့်ပေးတဲ့ ကျောင်းမို့ နှစ်စဆို မိဘတိုင်းက အလုအယက်ကျောင်းအပ်ကြရသည်။ စာသင်နှစ်စပြီဆိုလျှင် ကျောင်းအပြောင်းအရွေ့များကိုလက်မခံတော့တာကြောင့် အခုလို စာသင်နှစ်ကုန်ခါနီး ၃လမှာ ပြောင်းလာတဲ့ကျောင်းသူက ထူးခြားတာတော့အမှန်ပင်။

"သမီး ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်ပါဦး"

" သျှိုင်း "

စကားကိုအပိုအလိုမပြောဘဲ နာမည်ကိုသာတိုက်ရိုက်ပြောလိုက်တဲ့ကျောင်းသူသစ်ကြောင့် တချို့အတန်းဖော်များ အမြင်စောင်းသွားရတော့သည်။တီချယ်ကိုယ်တိုင်လဲ ဘာဆက်ပြောရမလဲမသိဖြစ်သွားပုံပင်

"အဟမ်းး ဟုတ်ပြီ သမီး ဟိုနောက်ကလွတ်နေတဲ့နေရာမှာဝင်ထိုင်လိုက်နော် "

"ဟုတ်ကဲ့"

တီချယ့်ကိုအရိုအသေပေးပြီး ထိုင်ရမယ့်နေရာကိုသာ သျှိုင်း ထွက်လာလိုက်သည်။ဘယ်သူတွေဘယ်လိုကြည့်ပြီး ဘယ်လိုတွေးထင်သလဲဆိုတာ စိတ်မဝင်စားပါ။

ပြတင်းပေါက်ဘေးနေရာကိုရသောကြောင့် သျှိုင်း အနည်းငယ်ကျေနပ်သွားရသည်။ အတန်းအလယ်မှာသာထိုင်ရမယ်ဆိုရင် တီချယ့်ကိုနေရာပြောင်းခိုင်းမိဦးမှာ...

"အပြင်ကတစ်ယောက် ဝင်ခဲ့လို့ရပြီ"

အခန်းနံရံကိုနားပြေးကပ်မတက်ခိုးနားထောင်နေတဲ့ ပန်ပန်းတယောက် တီချယ်ရဲ့စကားလဲကြားရော အပြေးအလွှားဝင်လာမိသည်။

မက်မွန်သီး ကိုအတန်းထဲမှာ မျက်စိတောင်းမှောက်လိုက်ရှာမိတော့ ရွှေမင်းသမီးက တတိယတန်းရဲ့ ထောင့်ဆုံးခုံမှာထိုင်နေသည်။

ပန်ပန်းက ငါးတန်းမြောက် အလယ်ခုံမှာထိုင်တာဆိုတော့ ခိုးငေးဖို့နေရာကောင်းပဲ။ သူမ ရဲ့ဘေးကနေဖြတ်သွားရင်း ခိုးကြည့်မိတော့ လွယ်အိတ်ထဲမှစာအုပ်တို့ကိုခေါင်းငုံပြီးထုတ်နေသည်မို့ ရှည်လျား၍ဖြာကျနေသော မျက်တောင်ရှည်တို့ကိုသာတွေ့ရသည်။

လေအဝှေ့တွင်ပါလာသော မက်မွန်သီးရနံ့တို့ကလဲ စွဲမက်ဖွယ်အတိ။

နေ့လည်စာကျောင်းဆင်းချိန်မှာ ပန်ပန်း ဘက်ကပဲလက်ဦးမှုယူကာ သွားမိတ်ဖွဲ့လိုက်သည်။

"Hello ရှိုင်း တွေ့ရတာဝမ်းသာပါတယ် ငါတို့ခင်လို့ရမလား ငါ့နာမည်က ပန်ပန်းကတ္တီပါ "

"သျှိုင်း ... ရှိုင်း မဟုတ်ဘူး"

"ဟမ်.. ရှိုင်း လေ မှန်တာပဲကို"

"ကျစ်!"

စိတ်ရှုပ်သွားဟန် သူမ က စုတ်သတ်သည်။ပြီးမှ ရှေ့တွင်ရှိသောစာအုပ်တစ်အုပ်တွင်စာတချို့ချရေးနေသည်။ ပန်ပန်းလဲ ခဏရပ်စောင့်နေလိုက်သည်။

"ဒီလို 'သျှိုင်း' ... မင်းပြောနေတဲ့ 'ရှိုင်း' မဟုတ်ဘူး "

စာအုပ်ပေါ်တွင် သ ယပင့် ဟက်ထိုး လုံးကြီးတင် တချောင်းငင် ငသတ် ဝစ်စနှစ်လုံးပေါက် (သျှိုင်း) ဟု ရေးပြထားသည်။

"အာ! ဟုတ်ပြီ..ဟဲဟဲ "

စိတ်ရှုပ်စရာကောင်းတာမို့ဘာမှဆက်မပြောပဲ သျှိုင်း ထွက်လာလိုက်သည်။

ရွှေမင်းသမီးကဘာမှမပြောပဲထ ထွက်သွားတာမို့ ပန်ပန်းအမြန်ပြေးလိုက်ရသည်။

"ဟေ့ သျှိုင်း နေ့လည်စာ အတူစားကြမယ်လေ သူငယ်ချင်းမရှိသေးဘူးမလား ငါတို့ သူငယ်ချင်းလုပ်ရအောင်..."

တခြားသူတွေလိုပဲ သျှိုင်း လျစ်လျူရှုထားလိုက်ရင်ထွက်သွားမှာပဲလို့ထင်တာကြောင့်ဘာမှပြန်မပြောပဲလမ်းဆက်လျှောက်လာလိုက်သည်။

"ဒီနေ့ Menu က လုံးဝရှယ်မိုက်တယ် သိလား ဝက်သားလုံးကြော် ၊ ကြက်ဥလိပ်... နောက်ထပ်အရန်ဟင်းတွေကလဲအရသာရှိတယ် "

"ငါတို့အမြန်သွားမှ ကြက်ဥလိပ်ရမှာ မဟုတ်ရင် ကုန်သွားလိမ့်မယ် "

တေမိမင်းရဲ့မြေးတော် များတော်စပ်သလားမသိဘူး စကားကိုတစ်ခွန်းမှပြန်မပြောပေ။ တခြားသူသာဆိုနားရင်းပိတ်ရိုက်လိုက်မိမှာဆိုပင်မဲ့ သူမလေးကိုတော့ အထူးတလည် နူးညံ့ပေးချင်တာကြောင့် မရှည်တဲ့စိတ်ကိုဆွဲဆန့်နေရသည်။

"နင် ဘာဟင်းစားရတာကြိုက်လဲ "

". .."

"ငါကတော့ ကျောင်းကလုပ်တဲ့ ကြက်ဥလိပ်ကိုအကြိုက်ဆုံးပဲ တကယ့်အကိတ်ကြီး "

"ဟင်းး"

ပန်ပန်း ပါးစပ်က အမြှပ်တောင်ထွက်တော့မယ် စကားပြန်ကတစ်ခွန်းမှမရှိပါ။ ပန်ပန်း မောလာတာကြောင့် သူမ နည်းလမ်းကိုသာကျင့်သုံးရင်း ကန်တင်းသို့ဆက်လျှောက်လာလိုက်သည်။

မက်မွန်သီး တစ်လုံးနှင့်နေ့လည်စာစားရခြင်းက အနည်းငယ်တော့ပျင်းစရာကောင်းသည်။

ပန်ပန်းကတ္တီပါ ရဲ့အတွေးတို့နှင့်ဆန့်ကျင်စွာ မက်မွန်သီးတစ်လုံး၏အတွေးမှာ

'သာလိကာတစ်ကောင်နဲ့နေ့လည်စာစားရခြင်းမှာအလွန်စိတ်ညစ်ဖွယ်' ဟုပင်။

🍑🍑 A Peach 🍑🍑

24.8.2023 (Thursday)

11:11 PM

#OrynKoe 🍉

တိုတိုလေး မှန်းသိပင်မဲ့ ဒီနေ့ပင်ပန်းနေလို့ ဒါလေးကိုအရင်ဖတ်ထားကြနော်
Update မြန်မြန်လေး ပေးနိုင်အောင်ကြိုးစားပါ့မယ် နော် 🥺

Lanjutkan Membaca

Kamu Akan Menyukai Ini

23.7K 142 4
Dee Dee 🐑 အပြာစာပေ
144K 2.2K 30
˚₊‧꒰ა ☆ ໒꒱ ‧₊˚ in which lando norris falls for oscar piastri's sister. or an upcoming rookie joins mclaren and his sister causes a stir.
118K 4.7K 39
A fire incident at his(Kim Jae-soo) husband's home while he (Baek Ji-Hu )was away made Kim Jae-soo return to his third year of university (he was reb...
9.9K 127 24
Some Chenford stories.