ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ...

By Swae_Nyoe

208K 21.9K 207

ဘာသာပြန်သူ - စွဲညို့အသင်း More

Description
Part 1
Part 2
တယ်လီဂရုကြေညာချက်..
Part 3
Part 4
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
🥰🥰နန်းတွင်းအသစ်လေး
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံး ပြီးဆုံးပါကြောင်း...
Part 90
Part 92
Part 93
Part 94
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 95
Part 96
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 97
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 28

2.4K 271 2
By Swae_Nyoe

TYCDTN

Chapter 28

အဓိကခန်းမထဲမှာ အစေခံတွေက ဖွယ်ဖွယ်လျာလျာ စားသောက်ပွဲကြီးကို ပြင်ဆင်ပေးထားပြီးပြီ ဖြစ်သည်။ သူတို့ဝင်သွားတော့ အစားအသောက်က ပူနွေးနေကာ မွှေးပျံ့နေခဲ့သည်။

"လာခဲ့ အနောက်မြောက်ပိုင်းမှာ ခက်ခဲတဲ့ဒဏ်တွေ ခံခဲ့ရတော့ အစားကောင်း အသောက်ကောင်းတွေ မစားခဲ့ရဘူးမလား၊ ဒါတွေအကုန်လုံး ငါ့မြေးအကြိုက်တွေချည်းပဲ၊ ညီမလေးကို ခုံပေါ်ချပေးလိုက်ပြီး ၂ယောက်လုံးစားကြ"

မဒမ်အိုကြီးက အချက်ပြခဲ့သည်။

ယွီရှန်းကလည်း အောက်ဆင်းဖို့ ရုန်းကန်နေခဲ့သည်။

ယွီဖင်ယန်က သူ့ညီမလေးကို တွန့်ဆုတ်စွာဖြင့် ဝှီးချဲပေါ် ချပေးလိုက်ပြီး မဒမ်အိုကြီးကို တစ်ခွက်ထည့်ပေးကာ သြရှသည့် အသံဖြင့်ပြောလေသည်။

"ဒီနှစ်တွေထဲ ဒီမြေးက အဖွားတို့ကို ခက်ခဲအောင် လုပ်ခဲ့မိပြီ၊ ကိုယ်ဘာသာ အပြစ်ပေးတဲ့အနေနဲ့ ဒီမြေးက တစ်ခွက်သောက်ပါ့မယ်"

ထိုစကားကြားတော့ မဒမ်အိုကြီးက ထပ်ပြီး မျက်ရည်ကျခဲ့သည်။ ထို့နောက် ယွီရှန်းရဲ့ စကားကို ကြားလိုက်လေသည်။

"အစ်ကိုကြီး သမီးတို့က မိသားစုတွေလေ၊ အစ်ကိုကြီးက အပြင်မှာ ကြိုးစားနေတဲ့ အချိန်မှာ သမီးတို့က မိသားစုဘဝလေး ပိုကောင်းမွန်အောင် ထိန်းသိမ်း စောင့်ရှောက်ခဲ့တယ်၊ လူတိုင်း ကိုယ့်တာဝန်ကို ကျေအောင်လုပ်ပြီး ဘဝတွေ ပိုကောင်းမွန်အောင် လုပ်တာလေ၊ အစာမရှိဘဲ သောက်ရင် အစာအိမ်နာလိမ့်မယ် မြန်မြန်စား"

စကားပြောပြီးနောက် သူ(မ)က ဖန်ခွက်ကိုဆွဲကာ ပုဇွန်ဖက်ထုပ် ခွံ့ကျွေးလိုက်သည်။

ယွီဖင်ယန်က အမြန်လေးမြိုချကာ ညီမဖြစ်သူရဲ့ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်ပေးခဲ့သည်။

မဒမ်အိုကြီးကလည်း သဘောတူစွာ ပြောလေသည်။

"ရှန်းအာပြောတာမှန်တယ်၊ ကိုယ့်တာဝန်ကိုယ်ယူပြီး မိသားစုဘဝလေး ပိုကောင်းအောင် လုပ်ကြရအောင်၊ ဒီလိုစကားတွေ ပြောနေစရာ မလိုပါဘူး၊ နှစ်အနည်းငယ်လောက် ဝေးကွားသွားတာနဲ့ ဒီအဖွားကို စိမ်းကားနေတာပဲ"

"အရိုက်ခံရသင့်တယ်"

ယွီရှန်းက ဝှီးချဲမှာ ချိတ်ဆွဲထားသည့် ကြာပွတ်အသေးလေးကို ယူထုတ်ကာ ညှင်သာစွာ ရိုက်ခဲ့လေသည်။

"ဒီကလေးမလေးက ပိုပိုပြီး ကြမ်းတမ်းလာတာပဲ အစ်ကိုကြီးရဲ့ ညီမလေး ဖြစ်ထိုက်ပါတယ်"

ယွီဖင်ယန်က ရွှင်ပျစွာ ရယ်နေခဲ့သည်။ လှပပြီး ချစ်ဖို့ကောင်းသည့် ညီမလေးကို ကြည့်လေလေ ယွီဖင်ယန်က ပိုသဘောကျလာခဲ့သည်။ ထို့နောက် သူ့ဖက်ရောက်အောင် ဆွဲပွေ့ခေါ်ပြီး နှာခေါင်းလေးကို တို့ထိလိုက်သည်။

ယွီရှန်းက ပုဇွန်ကို တိတ်တိတ်လေးယူကာ ယွီဖင်ယန်ရဲ့ ပါးစပ်ထဲ ထည့်ပေးခဲ့ပြီး မောင်နှမ ၂ယောက်လုံး ဆူညံနေခဲ့သည်။

"ထိုင်ပြီး စားကြပါတော့၊ စားပြီမှပဲ နင်တို့တွေ ကြိုက်သလောက် အလွမ်းသယ်ကြပါ၊ ၂ယောက်လုံး ကလေးတွေ ကျနေတာပဲ"

မဒမ်အိုကြီးက ဆူလိုက်ပေမယ့် မျက်နှာက ပြုံးရွှင်နေသည်။

ယွီဖင်ယန်က ပုဇွန်ဖက်ထုပ်ကို မြိုချပြီးနောက် ယွီရှန်းရဲ့ နဖူးကိုထိကာ

"ဒီကဒဏ်ရာက ဘာဖြစ်တာလဲ"

မဒမ်အိုကြီးက ပြောတော့မည့်အချိန်မှာပဲ ယွီရှန်းက ဖြတ်ပြောလေသည်

"အစ်ကိုကြီး ပြန်လာမယ်ကြားတော့ အရမ်းပျော်သွားပြီး တံခါးဘောင်ကို တိုက်မိခဲ့တာလေ၊ အဲဒါတွေက အစ်ကိုကြီးရဲ့ အမှားတွေပဲ"

အခုမြေးလေးပြန်လာပြီဆိုတော့ အပြင်းအထန် ရှိခိုးပူဇော်ခဲ့တာကို သူ့ကိုပြောပြစရာ မလိုတော့ဘူး။ မဒမ်အိုကြီးက တိတ်တဆိတ် တွေးလိုက်လေသည်။ ယွီဖင်ယန်ကလည်း ယုံသွားခဲ့သည်။ ယွီဖင်ယန်က ရယ်ကာ ပြောလေသည်

"ဟုတ်ပါပြီ အစ်ကိုကြီးရဲ့အမှားပါ၊ အနာဂတ်မှာ ရှန်းအာလေး အမှားလုပ်မိရင်လည်း အဲဒါလည်း အစ်ကိုကြီးရဲ့အမှားပဲ အပြစ်တွေအကုန်လုံးကို အစ်ကိုကြီးပဲ ခံယူမယ်"

လေထုက အလွန်မွှေးပျံ့နေတုန်း မာမောမောက တုန်လှုပ်သည့်အသွင်ဖြင့် ဝင်လာခဲ့သည်။ ထို့နောက် နူးညံ့သည့်အသံဖြင့် ပြောလေသည်။

"မဒမ်ကြီး သခင်မကြီး လာပါတယ်"

"သူက ဒီကို ဘာလာလုပ်တာလဲ"

မဒမ်အိုကြီးရဲ့ မျက်နှာထက်က အပြုံးတွေက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ဒီလိုနေ့ကောင်းရက်မြတ်မှာ ဂြိုလ်ဆိုးမ လင်ရှီကို တကယ်မတွေ့ချင်ဘူး။

ယွီဖင်ယန်ကတော့ အမူအရာ မပြောင်းလဲစွာ ရှိနေသေးပေမယ့် သူ့မျက်လုံးတွေက အေးစက်နေသည်။ မာမောမောသာ မပြောပါက အမေဖြစ်သူရဲ့အကြောင်းကို သူ မေ့တောင်မေ့နေပြီ ဖြစ်သည်။ အဝတ်အစားတွေ၊ ဖိနပ်တွေ၊ ခြေအိတ်တွေ ထည့်ပေးရင်း ယွီရှန်းနှင့် အဖွားဖြစ်သူက ၁၀ရက်တစ်ခါ သူ့ဆီစာပို့လေ့ရှိသည်။ အစာခြောက်တွေလည်း စခန်းမှာ မပြတ်လပ်ရအောင် ဒါဇင်ချီပို့ပေးခဲ့သည်။ ချိုငန်သည့် အရသာ အစားအသောက်ကလည်း သူ့ကို မျက်ရည်တွေဖြင့် ပြုံးစေခဲ့သည်။ သို့ပေမယ့် လင်ရှီကတော့ သူ(မ)တွင် သားမရှိသလို ပြုမူခဲ့သည်။ စာရွက်တစ်ရွက် မဆိုထားနှင့် အပ်ချည်တစ်မျှင်တောင် သူ့ကို မပို့ပေးခဲ့ပေ။

လင်ရှီက သူ့ကို ရှန်းအာလို သွေးသားမတော်စပ်ဘဲ မွေးခဲ့တာလားဟုပင် ထင်ခဲ့မိသည်။ သို့ပေမယ့် အခုတော့ သူ့အတွက်ထိုကိစ္စက ပြဿနာကြီး မဟုတ်တော့ပေ။

မင်္ဂလာရှိသော လေထုနှင့် ကိုက်ညီမှုရှိစေရန် လင်ရှီက သူ(မ)သိပ်ဝတ်လေ့မရှိသည့် အပန်းရောင်ဝတ်စုံလေးကို ဝတ်ထားပြီး လိပ်ပြာ ဆံထိုးလေး ထိုးထားခဲ့သည်။ သူ(မ)က ဖြည်းညင်စွာလျှောက်လာပြီး ပြုံးကာ ပြောလေသည်

"အမေမပါလို့ ဘယ်ဖြစ်မလဲ ယန်အာလေးက တိုက်ပွဲကို အနိုင်ယူပြီး မြို့တော်ကို ပြန်လာလို့ ဂုဏ်ပြုပေးရမှာပေါ့"

ယွီဖင်ယန်ရဲ့ လက်မောင်းတွေထဲ ပွေ့ဖက်ထားခံရသည့် ယွီရှန်းကိုတွေ့တော့ သူ(မ)က အေးစက်စွာပြုံးလျက် ဆူလေသည်။

"အစ်ကိုကြီးရဲ့ အပေါ်မှာထိုင်နေတာ မသင့်လျော်ပါဘူး မြန်မြန်အောက်ဆင်း"

ယွီရှန်းကတော့ ထိုသို့မထင်ပေမယ့် ယွီဖင်ယန်ရဲ့ အင်္ကျီလက်ကိုဆွဲကာ အောက်ချပေးခိုင်းခဲ့သည်။

နွေးထွေးနေသည့် လေထုက စကားလုံး အနည်းငယ်ကြောင့် ပျောက်ကွယ်သွားခဲ့သည်။ မဒမ်အိုကြီးက စိတ်တိုစွာရယ်ပြီး အေးစက်စွာ ပြောလေသည်

"ယန်အာက နင့်သားဆိုတာ နင်သတိရတာ ရှားသားပဲ၊ သူ စစ်တိုက်နေတုန်းက နင်ဘာလုပ်နေခဲ့လဲ၊ ကျွင်းကျဲပုံကို ချည်ပန်းထိုးနေတာ မလား၊ ယန်အာ သေသွားတဲ့အခါလည်း ချည်ပန်းထိုးကူမလို့လား"

ထိုစကားပြောပြီးနောက် မဒမ်အိုကြီးက သူ(မ)နှုတ်ခမ်းကို လက်ဖြင့်ပြန်ရိုက်ကာ

"အရှင်ဘုရား တပည့်တော်မကို အပြစ်မယူပါနဲ့၊ စိတ်တိုလို့ ဒီလိုစကားတွေ ပြောဆိုမိတာပါ၊ အတည်မယူပါနဲ့ဘုရား တပည့်တော်မကို အပြစ်မယူပါနဲ့ဘုရား"

လင်ရှီက ထိုင်ကာ ဆောင့်ကြီးအောင့်ကြီး ပြောလေသည်

"အမေက ကျွန်မ ယောက်ျားပိုင်တဲ့ ပစ္စည်းတွေအကုန် မီးရှို့ပစ်တာလေ၊ ဒီချွေးမမှာ အတိတ်ကို ပြန်လွမ်းဆွေးစရာ ဘာပစ္စည်းမှမရှိတော့ ယောက်ျားဖြစ်သူရဲ့ပုံကို ချည်ပန်း ထိုးမိတာပေါ့၊ လက်တလောလည်း အမေ့စကားကို နားထောင်ပြီး အပ်ချည်တောင် မထိကြည့်ဘူးလေ၊ ယန်အာ အနောက်မြောက်ဘက်မှာ နေတုန်းက ထိခိုက်ဒဏ်ရာ ရခဲ့သေးလား"

ယွီဖင်ယန်က ဘေးက ရှဥ့်ကြွက်လေးလို ပန်းကန်ထဲ အစာတွေ ကောက်ထည့်နေသည့် ယွီရှန်းကို ကြည့်ပြီး ပြုံးကာ

"ဒီသားက အမေ့ကို စိတ်ပူစေမိခဲ့ပြီ၊ သား အကုန်အဆင်ပြေပါတယ်"

ယွီရှန်းက ပါးကို လက်ဖြင့်အုပ်ကာ ပြောလေသည်။

"မြန်မြန်စား ပေါက်ကရတွေ ပြောမနေနဲ့"

ယွီဖင်ယန်က ရယ်ကာ သူ(မ)ရဲ့ နှုတ်ခမ်းကို ချစ်မြတ်နိုးစွာ ပွတ်သပ်ပေးပြီး ခေါင်းငုံ့ကာ စားသောက်နေလိုက်သည်။

လင်ရှီက သူ့အတွက် အသီးအရွက်တွေ ထည့်ပေးကာ

"ဖြည်းဖြည်းစား မနင်စေနဲ့၊ ဗိုလ်ချုပ်ကြီး ကွမ်ဝေး ရာထူးရသွားတယ်ဆို ပြီးနောက် လက်အောက်မှာလဲ စစ်သည် 180000 ရှိတယ်ဆို"

ယွီဖင်ယန်က ပြန်မဖြေခဲ့ပေ။ သူ့ညီမလေးရဲ့ စိန်ပုံစံ နှုတ်ခမ်းလေးထဲကို ကြက်ဥဟင်းရည် ခပ်တိုက်ကာ သူ့ညီမလေး မြိုချတာကို ပြုံးလျက် ကြည့်နေခဲ့သည်။ ယွီရှန်းကလည်း သူ့ကို ပြန်ခွံ့ကျွေးခဲ့သည်။ မောင်နှမ၂ယောက် တစ်ယောက်တစ်လှည့် ခွံ့ကျွေးကာ ပျော်ရွှင်စွာ စားသောက်နေကြသည်။

မဒမ်အိုကြီးက ကျေနပ်နေကာ အစေခံကိုခေါ်ပြီး နောက်ထပ် ကြက်ဥဟင်းရည် တစ်ပန်းကန် ထည့်ခိုင်းခဲ့သည်။ သူ(မ)ရဲ့ သား ပထမဆုံးစစ်ပွဲက ပြန်လာတုန်းကဆိုရင် အသားတွေမြင်ရင် အန်နေကာ ၃လလောက် အစား မစားနိုင်ခဲ့ပေ။ တစ်နေ့တစ်ခြား ပိုပိန်လာကာ လူနဲ့ပင် မတူတော့ပေ။ ပထမဆုံး စစ်ပွဲက ပြန်လာသည့်လူတိုင်း ထိုအတိုင်းပဲလို့ ကြားခဲ့ပြီး ဆေးတွေနှင့် ကုသလို့မရဘဲ သူတို့ဘာသာ စိတ်ဆောင်မှ ပြန်စားသောက်နိုင်မှာ ဖြစ်ကြောင်း ကြားခဲ့သည်။ မဒမ်အိုကြီးက မြေးဖြစ်သူလည်း သူ့ဖအေဖြစ်သူလို ထူးဆန်းသည့် ရောဂါကြီး ခံစားနေရမှာကို စိုးရိမ်ခဲ့သည်။

အခုတော့ တော်သေးတာပေါ့။ မြေးလေးက အားအင်ပြည့်ဝပြီး စားနိုင်သောက်နိုင်လို့။ တစ်နှစ်ခွဲလောက် ခဲဆွဲနေသည့် နှလုံးသားက နောက်ဆုံးတော့ ဘေးကင်းစွာ အောက်ကျသွားပြီဖြစ်သည်။

ဘယ်သူမှ သူ(မ)ကို အရေးစိုက်မနေတော့ လင်ရှီက ကသိကအောက် ဖြစ်သွားခဲ့သည်။ ကံကောင်းချင်တော့ သူ(မ)ကလည်း ခင်ပွန်းဖြစ်သူကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ပေ။ သူ(မ)က လိုက်လျောညီထွေမှု ဖြစ်အောင် ပြုပြင်ပြီး စကားပြောလေသည်

"နင့်မှာ လူအင်အား အလုံအလောက်ရှိနေတာပဲ အရှိန်တိုးမြင့်ပြီး နင့်ညီမလေးကိုရှာ... "

ယွီဖင်ယန်က သူ့ပန်းကန်ကို စားပွဲပေါ် ဆောင့်ချကာ အေးစက်စွာကြည့်ကာ

"အမေ ထမင်းစားနေတဲ့အချိန် စကားအများကြီးမပြောနဲ့"

ထို့နောက် ယွီရှန်းကို ငုံ့ကြည့်တော့ သူ(မ)ရဲ့ ရှုပ်ထွေးနေသည့် အမူအရာလေးကို မြင်ပြီးနောက် သူ့မျက်လုံးထဲက မြူတွေက ချက်ချင်း အရည်ပျော်သွားခဲ့သည်။

ဒီကိစ္စကြောင့် ဒီကိုလာတာလား။ သူ့မျက်စိရှေ့မှာတင် အရွယ်ရောက်လာတဲ့သားနဲ့ တစ်ခါမှ မတွေ့ဖူးတဲ့သမီး ဘယ်ဟာက ပိုအရေးကြီးလဲ။ မဒမ်အိုကြီးက ဒေါသကြောင့် တုန်ယင်လာခဲ့သည်။ လင်ရှီ ပါးစပ်ကနေ သမီး ဆိုတဲ့စကားထွက်လာတိုင်း အမြဲတမ်း ဒီလိုအချိန်ကိုမှ ရွေးပြောသည်။ ထိုအချိန်မှာ မြေးမအရင်းကို မျှော်လင့်နေသည့် မဒမ်အိုကြီးရဲ့ မျှော်လင့်ချက်က ပိုဆိုးလာကာ ပိုပြီး အေးတိအေးစက် ဖြစ်လာခဲ့သည်။

မြေးမလေး ပြန်လာမှာကို မလိုချင်တာမဟုတ်ဘဲ မြေးဖြစ်သူကို ရက်အနည်းငယ်လောက် အနားယူခိုင်းလိုက်လို့ မရဘူးလား။ အခုမှ ယမ်းငွေ့တွေကြားက စစ်ပွဲကနေ ပြန်လာခဲ့တာလေ။ တခြားလူကို ရှာခိုင်းလို့ မရဘူးလား။ သူ့ကို ဘယ်လိုထင်နေတာလဲ။ ခံစားချက်မရှိတဲ့ ကျောက်တုံးလို့ ထင်နေတာလား။

မဒမ်အိုကြီးက ဒေါသတွေကို ဖိနှိပ်ကာ ယွီရှန်းကို ကြည့်လိုက်သည်။ ထို့နောက် နူးညံ့စွာ ပြောလေသည်

"ရှန်းအာ အဖွား နင့်အမေနဲ့ ပြောစရာစကားရှိလို့ အရင်ပြန်နှင့်လိုက်တော့"

စကားပြောပြီးနောက် မာမောမောကို စားကောင်းသောက်ဖွယ်တွေ ထည့်ခိုင်းကာ လျိုလွီ့နှင့် ထောင်ဟုန်ကို သယ်ပြန်ခိုင်းလိုက်သည်။

ယွီရှန်းက အခု သူ(မ)ရဲ့ မျိုးရိုးအကြောင်းကို မသိချင်သေးတာကြောင့် နာခံစွာဖြင့် သဘောတူခဲ့သည်။ ယွီဖင်ယန်က သူ(မ)ကို ချီပြန်ကာ နဖူးကို ဆေးလိမ်းပေးခဲ့သည်။ ချော့မော့ကာ အစာကိုပြီးအောင် စားခိုင်းပြီး အဓိကခန်းမကို ပြန်သွားခဲ့သည်။

ပုံမှန်အတိုင်း လင်ရှီက လက်ကိုင်ပဝါဖြင့် မျက်ရည်သုတ်လိုက်သည်။ ယွီဖင်ယန် ပြန်လာတာတွေ့တော့ သူ(မ)က ဆို့နင်စွာ ပြောလေသည်

"စစ်ပွဲက အန္တရာယ်များတာသိပါတယ်၊ ဒါပေမဲ့ လမ်းမှာ ပတ်သွားနေရတဲ့ ကျွန်မ သမီးကကော အန္တရာယ်မများဘူးလား၊ ကမ္ဘာကြီးက ကမောက်ကမဖြစ်နေပြီး ရှန်မိသားစုကလည်း စီးပွားရေးလုပ်တာ၊ ချမ်းသာမလား ဆင်းရဲမွဲတေမလားဆိုတာ အချိန်ခဏပဲ လိုတာ၊ အဲမိသားစုမှာ ကျွန်မ သမီးက ဘယ်လိုနေထိုင်နေမှာလဲ၊ အမေ့လို ရာထူးမြင့်ပြီး ချမ်းသာနေတဲ့လူနဲ့ ယှဥ်လို့တောင် မရပါဘူး..."

"ပါးစပ် ပိတ်ထားစမ်း၊ ငါတို့ချမ်းသာကြွယ်ဝတာတွေက လေနဲ့ပါလာတယ်လို့ ထင်နေတာလား၊ အကုန်လုံးက ယန်အာ ရှာဖွေထားတာ၊ နင့်ရင်ထဲမှာ နင့်သမီးပဲရှိပြီး ယန်အာအတွက် နေရာရှိလို့လား၊ သူက နင်နဲ့ကော သွေးသားတော်စပ်ရဲ့လား"

မဒမ်အိုကြီးက ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ချပစ်လိုက်သည်။

ယွီဖင်ယန်က အဖွားရဲ့ခါးကိုဆွဲကာ တားခဲ့သည်။ ထို့နောက် လင်ရှီကို အေးစက်စွာကြည့်ပြီး

"အမေ ကျွန်တော် လူလွတ်ပြီး ရှာခိုင်းလိုက်ပါ့မယ်၊ သူ့ကို တွေ့အောင်ရှာပေးပါ့မယ်၊ သူ့ကို ရှာတွေ့တဲ့အခါကျရင် အမေ သူနဲ့ပဲနေပါတော့"

ကျွန်တော့်ကို ပြဿနာမရှာပါနဲ့တော့၊ ဒီကိစ္စလုပ်ပေးပြီးရင် အမေ့ကို ဂရုမစိုက်တော့ဘူး။

ယွီဖင်ယန်ပြောသည့် စကားကို လင်ရှီ နားမလည်ပေမယ့် မဒမ်အိုကြီးက နားလည်သည်။ သူ(မ)ရဲ့ မြေးကိုကြည့်ကာ ပုတီးကို ပတ်ချာလည်ပြီးနောက် သက်ပြင်းချလိုက်သည်။ ထားပါတော့ ဒီလိုအမေမျိုး ရှိမှတော့ ဘယ်သူက ဆက်သည်းခံနိုင်မှာလဲ။ ဒီလိုတွေဖြစ်အောင် လင်ရှီ ကိုယ်တိုင် လုပ်တာပဲ။

လင်ရှိက အငိုရပ်ကာ ထွက်သွားခဲ့သည်။

၁၅မိနစ်လောက်ကြာပြီးနောက် မဒမ်အိုကြီးက လေသံတိုးတိုးဖြင့် မေးလေသည်

"ရှန်းအာ အိပ်ပြီလား"

"အင်း"

ယွီဖင်ယန်က ခေါင်းညိတ်ပြခဲ့သည်။

မဒမ်အိုကြီးက သက်ပြင်းချကာ အခန်းထဲက နေရောင်ခြည်ကိုကြည့်လျက်

"နင့်အမေကတော့ ဂရုမစိုက်ပေမယ့် နင့်ညီမလေးကတော့ အရမ်းဂရုစိုက်တာ၊ သွေးသားမတော်စပ်ပေမယ့် နင့်ကိုချစ်တာကတော့ ဟန်ဆောင်တာမဟုတ်ဘူး၊ သူ့နဖူးက ဒဏ်ရာက တံခါးဘောင်ကို တိုက်မိလို့ ရတယ်လို့ ထင်နေတာလား၊ သူက တစ်နေကုန် နင့်အတွက် ဆုတောင်းပေးနေတာ၊ ဒီနေ့ပြီးသွားရင် နောက်နေ့တွေလည်း သူ့အတွက်သူ ဂရုမစိုက်ဘဲ ရှိခိုးဆုတောင်းပေးတာ၊ ငါတောင် မကြည့်ရက်ပါဘူးဟယ်"

မျက်လုံးထောင့်က မျက်ရည်ကိုသုတ်ကာ သူ(မ)က ဆက်ပြောလေသည်။

"နင့်ညီမလေး အရင်း ပြန်လာတဲ့အခါ ရှန်းအာကို ပစ်ပယ်ပြီး ဂရုမစိုက်ဘဲ မနေပါနဲ့"

ယွီဖင်ယန်က လည်ပင်းထဲ တင်းကြပ်သွားလေသည်။ သူက လက်မြှောက်ပြီး အရက်တစ်ခွက် ငှဲ့သောက်လိုက်သည်။ ထို့နောက် သြရှသည့် အသံဖြင့်ပြန်ဖြေလေသည်။

"အဖွားပြောတာကိုလည်း ကြည့်ပါဦး မြေးက ဘာလို့ ရှန်းအာကို တစ်ယောက်တည်း ထားခဲ့ရမှာလဲ၊ သူက မြေးရဲ့ သွေးသားတော်စပ်တဲ့ ညီမ မဟုတ်ပေမယ့် ချစ်ခင်ကြင်နာရတဲ့ ညီမလေးပါ၊ စိတ်မပူပါနဲ့အဖွား မြေးက လူတိုင်းကို ရက်စက်ကြမ်းတမ်းစွာ ဆက်ဆံနိုင်ရင်တောင် ရှန်းအာလေးကိုတော့ မဆက်ဆံနိုင်ပါဘူး၊ စကားမစပ် ရှန်းအာ ကျန်းမာရေးကောင်းရဲ့လား"

"အခုတလောတော့ ကောင်းပါတယ်၊ နင်ထွက်သွားပြီး တစ်လကြာတော့ နှလုံးတွေ အောင့်လို့တဲ့ သမားတော်ကလည်း အကြောင်းအရင်း ရှာမတွေ့ဘူးတဲ့လေ၊ အိပ်မက်ဆိုးတွေလည်း မက်ပြီး အစ်ကိုကြီး မြန်မြန်ပြေး လို့လည်း အော်တယ်"

မဒမ်အိုကြီးက မြေးဖြစ်သူရဲ့ မျက်လုံးကိုကြည့်ကာ သေချာစူးစမ်းနေသည်။

ယွီဖင်ယန်ရဲ့ မျက်လုံးက အနည်းငယ် လက်သွားခဲ့သည်။ ထို့နောက် သူ့အိတ်ကပ်ထဲက ကြေးဒင်္ဂါးပြားကိုထုတ်ကာ ပြုံးလျက်ပြောလေသည်။

"ဒီကမ္ဘာပေါ်မှာ ထူးဆန်းတဲ့ ဝိညာဉ်ဆက်သွယ်ချက်ရှိတာပဲ၊ အဲတုန်းက မြေးက ရန်သူသတ်တာ ခံခဲ့ရတာ၊ အဲအချိန်မှာ ရှန်းအာပြောတဲ့ မြန်မြန်ပြေးဆိုတဲ့ စကားကြားပြီး လှည့်ထွက်ခဲ့တာ၊ ကြေးဒင်္ဂါးပြားက နှလုံးကိုမထိအောင် မြှားဒဏ်ကို ကာကွယ်ပေးခဲ့တယ်၊ လဝက်လောက် ရင်ဘတ်နာပေမယ့် အသားမှာ ဒဏ်ရာမရခဲ့ဘူး၊ စစ်ပြေပြင်မှာ ရန်သူတွေကို သတ်နေတုန်း ရှန်းအာက နာကျင်ခံစားနေရတယ်၊ ဗုဒ္ဓဘုရားရှင် လုပ်တာလား၊ အသက်တွေကို သတ်ဖြတ်လို့ ဒီမြေးကို အပြစ်ပေးတာလား"

ယွီဖင်ယန်က ဗုဒ္ဓဘာသာကို ယုံကြည်ခြင်းမရှိပေမယ့် ဒီကိစ္စကိုတော့ ယုံကြည်နေသည်။

အချိန် ကြာသည်အထိ မဒမ်အိုကြီးက ကြက်သေသေနေကာ အသိစိတ်ပြန်ကပ်လာမှ

"ဗုဒ္ဓဘုရားရှင်ကို ဘယ်လို အပြစ်ကျူးလွန်နေတာလဲ၊ ဒါ ဗုဒ္ဓဘုရားရဲ့ ကာကွယ်ပေးခြင်းပဲ၊ ကြည့်ဦး ဒီကမ္ဘာမှာ နင့်လောက်ဘယ်သူ ကံကောင်းလို့လဲ၊ သေဘေးကနေတောင် လွတ်ခဲ့သေးတယ်၊ အဲလိုတွေးမနေနဲ့ နင်အသက်ရှင်လျက် ပြန်လာတာပဲ ကံကောင်းနေပြီ"

စကားပြောပြီးနောက် သူ(မ)က ကြေးဒင်္ဂါးပြားကို ယူကာ ကိုင်လိုက်သည်။ ထိုအချိန်ကစပြီး ယွီရှန်းက ထိုက်ယီကျူရန် ဆိုတာကို ယုံသွားခဲ့သည်။

ယွီဖင်ယန်က မဒမ်အိုကြီးကို နှုတ်ဆက်ကာ ယွီရှန်းရဲ့ ခြံထဲကို ပြန်သွားခဲ့သည်။ ယွီရှန်းက နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး ပါးစပ်လေး နည်းနည်းဟကာ အသက်ရှူနေပြီး ကြာပန်းနံ့လေး သင်းနေသည်။ ယွီဖင်ယန်က အနားကပ်လာကာ နဖူးက အညိုကွက်ကို ထိကာ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီကို နူးညံ့စွာ ထိတွေ့နေခဲ့သည်။ သူ(မ)ရဲ့အေးစက်သည့် နှလုံးသား တစ်ခုလုံးက နူးညံ့နေခဲ့တာကို သူ အသွေးအသားထဲကနေ ခံစားမိခဲ့သည်။

ယွီဖင်ယန်က ဖိနပ်နှင့် တိုက်ပွဲဝတ်ရုံကို ချွတ်ကာ ယွီရှန်းရဲ့ဘေးမှာ လဲလျောင်းပြီး အေးချမ်းစွာ မျက်လုံး မှိတ်လိုက်သည်။

ထောင်ဟုန်နှင့် လျိုလွီ့က သူ့ကိုနှိုးရမလား မနှိုးရဘူလားဆိုတာ မသိဘဲ မာမောမောကို သွားရှာလိုက်သည်။

မာမောမောက အခန်းထဲကြည့်ကာ လက်ဝေ့ယမ်းပြပြီး ပြုံးလျက်ပြောလေသည်

"မှူးမတ်ကြီး အိပ်ပါစေ၊ မောင်နှမတွေကြားထဲမှာ ဘာလို့စည်းမျဥ်းတွေ သိပ်များတာလဲ"

သခင်မလေးရဲ့ကံကောင်းခြင်းတွေ မှူးမတ်ကြီး ယူရမယ့်အချိန်ပဲ။ မင်္ဂလာရှိတဲ့နေ့လေးကို သခင်မကြီးက ဖျက်ဆီးပစ်ခဲ့တာပဲ။

#####

Telegram မှာ အပိုင်း ၉၃အထိ ရောက်ပါပြီနော်။

Zawgyi

TYCDTN
Chapter 28

အဓိကခန္းမထဲမွာ အေစခံေတြက ဖြယ္ဖြယ္လ်ာလ်ာ စားေသာက္ပြဲႀကီးကို ျပင္ဆင္ေပးထားၿပီးၿပီ ျဖစ္သည္။ သူတို႔ဝင္သြားေတာ့ အစားအေသာက္က ပူေႏြးေနကာ ေမႊးပ်ံ႕ေနခဲ့သည္။

"လာခဲ့ အေနာက္ေျမာက္ပိုင္းမွာ ခက္ခဲတဲ့ဒဏ္ေတြ ခံခဲ့ရေတာ့ အစားေကာင္း အေသာက္ေကာင္းေတြ မစားခဲ့ရဘူးမလား၊ ဒါေတြအကုန္လုံး ငါ့ေျမးအႀကိဳက္ေတြခ်ည္းပဲ၊ ညီမေလးကို ခုံေပၚခ်ေပးလိုက္ၿပီး ၂ေယာက္လုံးစားၾက"

မဒမ္အိုႀကီးက အခ်က္ျပခဲ့သည္။

ယြီရွန္းကလည္း ေအာက္ဆင္းဖို႔ ႐ုန္းကန္ေနခဲ့သည္။

ယြီဖင္ယန္က သူ႔ညီမေလးကို တြန္႔ဆုတ္စြာျဖင့္ ဝွီးခ်ဲေပၚ ခ်ေပးလိုက္ၿပီး မဒမ္အိုႀကီးကို တစ္ခြက္ထည့္ေပးကာ ၾသရွသည့္ အသံျဖင့္ေျပာေလသည္။

"ဒီႏွစ္ေတြထဲ ဒီေျမးက အဖြားတို႔ကို ခက္ခဲေအာင္ လုပ္ခဲ့မိၿပီ၊ ကိုယ္ဘာသာ အျပစ္ေပးတဲ့အေနနဲ႔ ဒီေျမးက တစ္ခြက္ေသာက္ပါ့မယ္"

ထိုစကားၾကားေတာ့ မဒမ္အိုႀကီးက ထပ္ၿပီး မ်က္ရည္က်ခဲ့သည္။ ထို႔ေနာက္ ယြီရွန္းရဲ႕ စကားကို ၾကားလိုက္ေလသည္။

"အစ္ကိုႀကီး သမီးတို႔က မိသားစုေတြေလ၊ အစ္ကိုႀကီးက အျပင္မွာ ႀကိဳးစားေနတဲ့ အခ်ိန္မွာ သမီးတို႔က မိသားစုဘဝေလး ပိုေကာင္းမြန္ေအာင္ ထိန္းသိမ္း ေစာင့္ေရွာက္ခဲ့တယ္၊ လူတိုင္း ကိုယ့္တာဝန္ကို ေက်ေအာင္လုပ္ၿပီး ဘဝေတြ ပိုေကာင္းမြန္ေအာင္ လုပ္တာေလ၊ အစာမရွိဘဲ ေသာက္ရင္ အစာအိမ္နာလိမ့္မယ္ ျမန္ျမန္စား"

စကားေျပာၿပီးေနာက္ သူ(မ)က ဖန္ခြက္ကိုဆြဲကာ ပုဇြန္ဖက္ထုပ္ ခြံ႕ေကြၽးလိုက္သည္။

ယြီဖင္ယန္က အျမန္ေလးၿမိဳခ်ကာ ညီမျဖစ္သူရဲ႕ေခါင္းကို ခ်စ္ခင္စြာ ပြတ္သပ္ေပးခဲ့သည္။

မဒမ္အိုႀကီးကလည္း သေဘာတူစြာ ေျပာေလသည္။

"ရွန္းအာေျပာတာမွန္တယ္၊ ကိုယ့္တာဝန္ကိုယ္ယူၿပီး မိသားစုဘဝေလး ပိုေကာင္းေအာင္ လုပ္ၾကရေအာင္၊ ဒီလိုစကားေတြ ေျပာေနစရာ မလိုပါဘူး၊ ႏွစ္အနည္းငယ္ေလာက္ ေဝးကြားသြားတာနဲ႔ ဒီအဖြားကို စိမ္းကားေနတာပဲ"

"အ႐ိုက္ခံရသင့္တယ္"

ယြီရွန္းက ဝွီးခ်ဲမွာ ခ်ိတ္ဆြဲထားသည့္ ၾကာပြတ္အေသးေလးကို ယူထုတ္ကာ ညႇင္သာစြာ ႐ိုက္ခဲ့ေလသည္။

"ဒီကေလးမေလးက ပိုပိုၿပီး ၾကမ္းတမ္းလာတာပဲ အစ္ကိုႀကီးရဲ႕ ညီမေလး ျဖစ္ထိုက္ပါတယ္"

ယြီဖင္ယန္က ႐ႊင္ပ်စြာ ရယ္ေနခဲ့သည္။ လွပၿပီး ခ်စ္ဖို႔ေကာင္းသည့္ ညီမေလးကို ၾကည့္ေလေလ ယြီဖင္ယန္က ပိုသေဘာက်လာခဲ့သည္။ ထို႔ေနာက္ သူ႔ဖက္ေရာက္ေအာင္ ဆြဲေပြ႕ေခၚၿပီး ႏွာေခါင္းေလးကို တို႔ထိလိုက္သည္။

ယြီရွန္းက ပုဇြန္ကို တိတ္တိတ္ေလးယူကာ ယြီဖင္ယန္ရဲ႕ ပါးစပ္ထဲ ထည့္ေပးခဲ့ၿပီး ေမာင္ႏွမ ၂ေယာက္လုံး ဆူညံေနခဲ့သည္။

"ထိုင္ၿပီး စားၾကပါေတာ့၊ စားၿပီမွပဲ နင္တို႔ေတြ ႀကိဳက္သေလာက္ အလြမ္းသယ္ၾကပါ၊ ၂ေယာက္လုံး ကေလးေတြ က်ေနတာပဲ"

မဒမ္အိုႀကီးက ဆူလိုက္ေပမယ့္ မ်က္ႏွာက ၿပဳံး႐ႊင္ေနသည္။

ယြီဖင္ယန္က ပုဇြန္ဖက္ထုပ္ကို ၿမိဳခ်ၿပီးေနာက္ ယြီရွန္းရဲ႕ နဖူးကိုထိကာ

"ဒီကဒဏ္ရာက ဘာျဖစ္တာလဲ"

မဒမ္အိုႀကီးက ေျပာေတာ့မည့္အခ်ိန္မွာပဲ ယြီရွန္းက ျဖတ္ေျပာေလသည္

"အစ္ကိုႀကီး ျပန္လာမယ္ၾကားေတာ့ အရမ္းေပ်ာ္သြားၿပီး တံခါးေဘာင္ကို တိုက္မိခဲ့တာေလ၊ အဲဒါေတြက အစ္ကိုႀကီးရဲ႕ အမွားေတြပဲ"

အခုေျမးေလးျပန္လာၿပီဆိုေတာ့ အျပင္းအထန္ ရွိခိုးပူေဇာ္ခဲ့တာကို သူ႔ကိုေျပာျပစရာ မလိုေတာ့ဘူး။ မဒမ္အိုႀကီးက တိတ္တဆိတ္ ေတြးလိုက္ေလသည္။ ယြီဖင္ယန္ကလည္း ယုံသြားခဲ့သည္။ ယြီဖင္ယန္က ရယ္ကာ ေျပာေလသည္

"ဟုတ္ပါၿပီ အစ္ကိုႀကီးရဲ႕အမွားပါ၊ အနာဂတ္မွာ ရွန္းအာေလး အမွားလုပ္မိရင္လည္း အဲဒါလည္း အစ္ကိုႀကီးရဲ႕အမွားပဲ အျပစ္ေတြအကုန္လုံးကို အစ္ကိုႀကီးပဲ ခံယူမယ္"

ေလထုက အလြန္ေမႊးပ်ံ႕ေနတုန္း မာေမာေမာက တုန္လႈပ္သည့္အသြင္ျဖင့္ ဝင္လာခဲ့သည္။ ထို႔ေနာက္ ႏူးညံ့သည့္အသံျဖင့္ ေျပာေလသည္။

"မဒမ္ႀကီး သခင္မႀကီး လာပါတယ္"

"သူက ဒီကို ဘာလာလုပ္တာလဲ"

မဒမ္အိုႀကီးရဲ႕ မ်က္ႏွာထက္က အၿပဳံးေတြက ခ်က္ခ်င္း ေပ်ာက္ကြယ္သြားခဲ့သည္။ ဒီလိုေန႔ေကာင္းရက္ျမတ္မွာ ၿဂိဳလ္ဆိုးမ လင္ရွီကို တကယ္မေတြ႕ခ်င္ဘူး။

ယြီဖင္ယန္ကေတာ့ အမူအရာ မေျပာင္းလဲစြာ ရွိေနေသးေပမယ့္ သူ႔မ်က္လုံးေတြက ေအးစက္ေနသည္။ မာေမာေမာသာ မေျပာပါက အေမျဖစ္သူရဲ႕အေၾကာင္းကို သူ ေမ့ေတာင္ေမ့ေနၿပီ ျဖစ္သည္။ အဝတ္အစားေတြ၊ ဖိနပ္ေတြ၊ ေျခအိတ္ေတြ ထည့္ေပးရင္း ယြီရွန္းႏွင့္ အဖြားျဖစ္သူက ၁၀ရက္တစ္ခါ သူ႔ဆီစာပို႔ေလ့ရွိသည္။ အစာေျခာက္ေတြလည္း စခန္းမွာ မျပတ္လပ္ရေအာင္ ဒါဇင္ခ်ီပို႔ေပးခဲ့သည္။ ခ်ိဳငန္သည့္ အရသာ အစားအေသာက္ကလည္း သူ႔ကို မ်က္ရည္ေတြျဖင့္ ၿပဳံးေစခဲ့သည္။ သို႔ေပမယ့္ လင္ရွီကေတာ့ သူ(မ)တြင္ သားမရွိသလို ျပဳမူခဲ့သည္။ စာ႐ြက္တစ္႐ြက္ မဆိုထားႏွင့္ အပ္ခ်ည္တစ္မွ်င္ေတာင္ သူ႔ကို မပို႔ေပးခဲ့ေပ။

လင္ရွီက သူ႔ကို ရွန္းအာလို ေသြးသားမေတာ္စပ္ဘဲ ေမြးခဲ့တာလားဟုပင္ ထင္ခဲ့မိသည္။ သို႔ေပမယ့္ အခုေတာ့ သူ႔အတြက္ထိုကိစၥက ျပႆနာႀကီး မဟုတ္ေတာ့ေပ။

မဂၤလာရွိေသာ ေလထုႏွင့္ ကိုက္ညီမႈရွိေစရန္ လင္ရွီက သူ(မ)သိပ္ဝတ္ေလ့မရွိသည့္ အပန္းေရာင္ဝတ္စုံေလးကို ဝတ္ထားၿပီး လိပ္ျပာ ဆံထိုးေလး ထိုးထားခဲ့သည္။ သူ(မ)က ျဖည္းညင္စြာေလွ်ာက္လာၿပီး ၿပဳံးကာ ေျပာေလသည္

"အေမမပါလို႔ ဘယ္ျဖစ္မလဲ ယန္အာေလးက တိုက္ပြဲကို အႏိုင္ယူၿပီး ၿမိဳ႕ေတာ္ကို ျပန္လာလို႔ ဂုဏ္ျပဳေပးရမွာေပါ့"

ယြီဖင္ယန္ရဲ႕ လက္ေမာင္းေတြထဲ ေပြ႕ဖက္ထားခံရသည့္ ယြီရွန္းကိုေတြ႕ေတာ့ သူ(မ)က ေအးစက္စြာၿပဳံးလ်က္ ဆူေလသည္။

"အစ္ကိုႀကီးရဲ႕ အေပၚမွာထိုင္ေနတာ မသင့္ေလ်ာ္ပါဘူး ျမန္ျမန္ေအာက္ဆင္း"

ယြီရွန္းကေတာ့ ထိုသို႔မထင္ေပမယ့္ ယြီဖင္ယန္ရဲ႕ အက်ႌလက္ကိုဆြဲကာ ေအာက္ခ်ေပးခိုင္းခဲ့သည္။

ေႏြးေထြးေနသည့္ ေလထုက စကားလုံး အနည္းငယ္ေၾကာင့္ ေပ်ာက္ကြယ္သြားခဲ့သည္။ မဒမ္အိုႀကီးက စိတ္တိုစြာရယ္ၿပီး ေအးစက္စြာ ေျပာေလသည္

"ယန္အာက နင့္သားဆိုတာ နင္သတိရတာ ရွားသားပဲ၊ သူ စစ္တိုက္ေနတုန္းက နင္ဘာလုပ္ေနခဲ့လဲ၊ ကြၽင္းက်ဲပုံကို ခ်ည္ပန္းထိုးေနတာ မလား၊ ယန္အာ ေသသြားတဲ့အခါလည္း ခ်ည္ပန္းထိုးကူမလို႔လား"

ထိုစကားေျပာၿပီးေနာက္ မဒမ္အိုႀကီးက သူ(မ)ႏႈတ္ခမ္းကို လက္ျဖင့္ျပန္႐ိုက္ကာ

"အရွင္ဘုရား တပည့္ေတာ္မကို အျပစ္မယူပါနဲ႔၊ စိတ္တိုလို႔ ဒီလိုစကားေတြ ေျပာဆိုမိတာပါ၊ အတည္မယူပါနဲ႔ဘုရား တပည့္ေတာ္မကို အျပစ္မယူပါနဲ႔ဘုရား"

လင္ရွီက ထိုင္ကာ ေဆာင့္ႀကီးေအာင့္ႀကီး ေျပာေလသည္

"အေမက ကြၽန္မ ေယာက္်ားပိုင္တဲ့ ပစၥည္းေတြအကုန္ မီးရႈိ႕ပစ္တာေလ၊ ဒီေခြၽးမမွာ အတိတ္ကို ျပန္လြမ္းေဆြးစရာ ဘာပစၥည္းမွမရွိေတာ့ ေယာက္်ားျဖစ္သူရဲ႕ပုံကို ခ်ည္ပန္း ထိုးမိတာေပါ့၊ လက္တေလာလည္း အေမ့စကားကို နားေထာင္ၿပီး အပ္ခ်ည္ေတာင္ မထိၾကည့္ဘူးေလ၊ ယန္အာ အေနာက္ေျမာက္ဘက္မွာ ေနတုန္းက ထိခိုက္ဒဏ္ရာ ရခဲ့ေသးလား"

ယြီဖင္ယန္က ေဘးက ရွဥ့္ႂကြက္ေလးလို ပန္းကန္ထဲ အစာေတြ ေကာက္ထည့္ေနသည့္ ယြီရွန္းကို ၾကည့္ၿပီး ၿပဳံးကာ

"ဒီသားက အေမ့ကို စိတ္ပူေစမိခဲ့ၿပီ၊ သား အကုန္အဆင္ေျပပါတယ္"

ယြီရွန္းက ပါးကို လက္ျဖင့္အုပ္ကာ ေျပာေလသည္။

"ျမန္ျမန္စား ေပါက္ကရေတြ ေျပာမေနနဲ႔"

ယြီဖင္ယန္က ရယ္ကာ သူ(မ)ရဲ႕ ႏႈတ္ခမ္းကို ခ်စ္ျမတ္ႏိုးစြာ ပြတ္သပ္ေပးၿပီး ေခါင္းငုံ႔ကာ စားေသာက္ေနလိုက္သည္။

လင္ရွီက သူ႔အတြက္ အသီးအ႐ြက္ေတြ ထည့္ေပးကာ

"ျဖည္းျဖည္းစား မနင္ေစနဲ႔၊ ဗိုလ္ခ်ဳပ္ႀကီး ကြမ္ေဝး ရာထူးရသြားတယ္ဆို ၿပီးေနာက္ လက္ေအာက္မွာလဲ စစ္သည္ 180000 ရွိတယ္ဆို"

ယြီဖင္ယန္က ျပန္မေျဖခဲ့ေပ။ သူ႔ညီမေလးရဲ႕ စိန္ပုံစံ ႏႈတ္ခမ္းေလးထဲကို ၾကက္ဥဟင္းရည္ ခပ္တိုက္ကာ သူ႔ညီမေလး ၿမိဳခ်တာကို ၿပဳံးလ်က္ ၾကည့္ေနခဲ့သည္။ ယြီရွန္းကလည္း သူ႔ကို ျပန္ခြံ႕ေကြၽးခဲ့သည္။ ေမာင္ႏွမ၂ေယာက္ တစ္ေယာက္တစ္လွည့္ ခြံ႕ေကြၽးကာ ေပ်ာ္႐ႊင္စြာ စားေသာက္ေနၾကသည္။

မဒမ္အိုႀကီးက ေက်နပ္ေနကာ အေစခံကိုေခၚၿပီး ေနာက္ထပ္ ၾကက္ဥဟင္းရည္ တစ္ပန္းကန္ ထည့္ခိုင္းခဲ့သည္။ သူ(မ)ရဲ႕ သား ပထမဆုံးစစ္ပြဲက ျပန္လာတုန္းကဆိုရင္ အသားေတြျမင္ရင္ အန္ေနကာ ၃လေလာက္ အစား မစားႏိုင္ခဲ့ေပ။ တစ္ေန႔တစ္ျခား ပိုပိန္လာကာ လူနဲ႔ပင္ မတူေတာ့ေပ။ ပထမဆုံး စစ္ပြဲက ျပန္လာသည့္လူတိုင္း ထိုအတိုင္းပဲလို႔ ၾကားခဲ့ၿပီး ေဆးေတြႏွင့္ ကုသလို႔မရဘဲ သူတို႔ဘာသာ စိတ္ေဆာင္မွ ျပန္စားေသာက္ႏိုင္မွာ ျဖစ္ေၾကာင္း ၾကားခဲ့သည္။ မဒမ္အိုႀကီးက ေျမးျဖစ္သူလည္း သူ႔ဖေအျဖစ္သူလို ထူးဆန္းသည့္ ေရာဂါႀကီး ခံစားေနရမွာကို စိုးရိမ္ခဲ့သည္။

အခုေတာ့ ေတာ္ေသးတာေပါ့။ ေျမးေလးက အားအင္ျပည့္ဝၿပီး စားႏိုင္ေသာက္ႏိုင္လို႔။ တစ္ႏွစ္ခြဲေလာက္ ခဲဆြဲေနသည့္ ႏွလုံးသားက ေနာက္ဆုံးေတာ့ ေဘးကင္းစြာ ေအာက္က်သြားၿပီျဖစ္သည္။

ဘယ္သူမွ သူ(မ)ကို အေရးစိုက္မေနေတာ့ လင္ရွီက ကသိကေအာက္ ျဖစ္သြားခဲ့သည္။ ကံေကာင္းခ်င္ေတာ့ သူ(မ)ကလည္း ခင္ပြန္းျဖစ္သူကလြဲရင္ ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္ေပ။ သူ(မ)က လိုက္ေလ်ာညီေထြမႈ ျဖစ္ေအာင္ ျပဳျပင္ၿပီး စကားေျပာေလသည္

"နင့္မွာ လူအင္အား အလုံအေလာက္ရွိေနတာပဲ အရွိန္တိုးျမင့္ၿပီး နင့္ညီမေလးကိုရွာ... "

ယြီဖင္ယန္က သူ႔ပန္းကန္ကို စားပြဲေပၚ ေဆာင့္ခ်ကာ ေအးစက္စြာၾကည့္ကာ

"အေမ ထမင္းစားေနတဲ့အခ်ိန္ စကားအမ်ားႀကီးမေျပာနဲ႔"

ထို႔ေနာက္ ယြီရွန္းကို ငုံ႔ၾကည့္ေတာ့ သူ(မ)ရဲ႕ ရႈပ္ေထြးေနသည့္ အမူအရာေလးကို ျမင္ၿပီးေနာက္ သူ႔မ်က္လုံးထဲက ျမဴေတြက ခ်က္ခ်င္း အရည္ေပ်ာ္သြားခဲ့သည္။

ဒီကိစၥေၾကာင့္ ဒီကိုလာတာလား။ သူ႔မ်က္စိေရွ႕မွာတင္ အ႐ြယ္ေရာက္လာတဲ့သားနဲ႔ တစ္ခါမွ မေတြ႕ဖူးတဲ့သမီး ဘယ္ဟာက ပိုအေရးႀကီးလဲ။ မဒမ္အိုႀကီးက ေဒါသေၾကာင့္ တုန္ယင္လာခဲ့သည္။ လင္ရွီ ပါးစပ္ကေန သမီး ဆိုတဲ့စကားထြက္လာတိုင္း အၿမဲတမ္း ဒီလိုအခ်ိန္ကိုမွ ေ႐ြးေျပာသည္။ ထိုအခ်ိန္မွာ ေျမးမအရင္းကို ေမွ်ာ္လင့္ေနသည့္ မဒမ္အိုႀကီးရဲ႕ ေမွ်ာ္လင့္ခ်က္က ပိုဆိုးလာကာ ပိုၿပီး ေအးတိေအးစက္ ျဖစ္လာခဲ့သည္။

ေျမးမေလး ျပန္လာမွာကို မလိုခ်င္တာမဟုတ္ဘဲ ေျမးျဖစ္သူကို ရက္အနည္းငယ္ေလာက္ အနားယူခိုင္းလိုက္လို႔ မရဘူးလား။ အခုမွ ယမ္းေငြ႕ေတြၾကားက စစ္ပြဲကေန ျပန္လာခဲ့တာေလ။ တျခားလူကို ရွာခိုင္းလို႔ မရဘူးလား။ သူ႔ကို ဘယ္လိုထင္ေနတာလဲ။ ခံစားခ်က္မရွိတဲ့ ေက်ာက္တုံးလို႔ ထင္ေနတာလား။

မဒမ္အိုႀကီးက ေဒါသေတြကို ဖိႏွိပ္ကာ ယြီရွန္းကို ၾကည့္လိုက္သည္။ ထို႔ေနာက္ ႏူးညံ့စြာ ေျပာေလသည္

"ရွန္းအာ အဖြား နင့္အေမနဲ႔ ေျပာစရာစကားရွိလို႔ အရင္ျပန္ႏွင့္လိုက္ေတာ့"

စကားေျပာၿပီးေနာက္ မာေမာေမာကို စားေကာင္းေသာက္ဖြယ္ေတြ ထည့္ခိုင္းကာ လ်ိဳလြီ႕ႏွင့္ ေထာင္ဟုန္ကို သယ္ျပန္ခိုင္းလိုက္သည္။

ယြီရွန္းက အခု သူ(မ)ရဲ႕ မ်ိဳး႐ိုးအေၾကာင္းကို မသိခ်င္ေသးတာေၾကာင့္ နာခံစြာျဖင့္ သေဘာတူခဲ့သည္။ ယြီဖင္ယန္က သူ(မ)ကို ခ်ီျပန္ကာ နဖူးကို ေဆးလိမ္းေပးခဲ့သည္။ ေခ်ာ့ေမာ့ကာ အစာကိုၿပီးေအာင္ စားခိုင္းၿပီး အဓိကခန္းမကို ျပန္သြားခဲ့သည္။

ပုံမွန္အတိုင္း လင္ရွီက လက္ကိုင္ပဝါျဖင့္ မ်က္ရည္သုတ္လိုက္သည္။ ယြီဖင္ယန္ ျပန္လာတာေတြ႕ေတာ့ သူ(မ)က ဆို႔နင္စြာ ေျပာေလသည္

"စစ္ပြဲက အႏၲရာယ္မ်ားတာသိပါတယ္၊ ဒါေပမဲ့ လမ္းမွာ ပတ္သြားေနရတဲ့ ကြၽန္မ သမီးကေကာ အႏၲရာယ္မမ်ားဘူးလား၊ ကမာၻႀကီးက ကေမာက္ကမျဖစ္ေနၿပီး ရွန္မိသားစုကလည္း စီးပြားေရးလုပ္တာ၊ ခ်မ္းသာမလား ဆင္းရဲမြဲေတမလားဆိုတာ အခ်ိန္ခဏပဲ လိုတာ၊ အဲမိသားစုမွာ ကြၽန္မ သမီးက ဘယ္လိုေနထိုင္ေနမွာလဲ၊ အေမ့လို ရာထူးျမင့္ၿပီး ခ်မ္းသာေနတဲ့လူနဲ႔ ယွဥ္လို႔ေတာင္ မရပါဘူး..."

"ပါးစပ္ ပိတ္ထားစမ္း၊ ငါတို႔ခ်မ္းသာႂကြယ္ဝတာေတြက ေလနဲ႔ပါလာတယ္လို႔ ထင္ေနတာလား၊ အကုန္လုံးက ယန္အာ ရွာေဖြထားတာ၊ နင့္ရင္ထဲမွာ နင့္သမီးပဲရွိၿပီး ယန္အာအတြက္ ေနရာရွိလို႔လား၊ သူက နင္နဲ႔ေကာ ေသြးသားေတာ္စပ္ရဲ႕လား"

မဒမ္အိုႀကီးက ေဒါသတႀကီးျဖင့္ စားပြဲကို ႐ိုက္ခ်ပစ္လိုက္သည္။

ယြီဖင္ယန္က အဖြားရဲ႕ခါးကိုဆြဲကာ တားခဲ့သည္။ ထို႔ေနာက္ လင္ရွီကို ေအးစက္စြာၾကည့္ၿပီး

"အေမ ကြၽန္ေတာ္ လူလြတ္ၿပီး ရွာခိုင္းလိုက္ပါ့မယ္၊ သူ႔ကို ေတြ႕ေအာင္ရွာေပးပါ့မယ္၊ သူ႔ကို ရွာေတြ႕တဲ့အခါက်ရင္ အေမ သူနဲ႔ပဲေနပါေတာ့"

ကြၽန္ေတာ့္ကို ျပႆနာမရွာပါနဲ႔ေတာ့၊ ဒီကိစၥလုပ္ေပးၿပီးရင္ အေမ့ကို ဂ႐ုမစိုက္ေတာ့ဘူး။

ယြီဖင္ယန္ေျပာသည့္ စကားကို လင္ရွီ နားမလည္ေပမယ့္ မဒမ္အိုႀကီးက နားလည္သည္။ သူ(မ)ရဲ႕ ေျမးကိုၾကည့္ကာ ပုတီးကို ပတ္ခ်ာလည္ၿပီးေနာက္ သက္ျပင္းခ်လိုက္သည္။ ထားပါေတာ့ ဒီလိုအေမမ်ိဳး ရွိမွေတာ့ ဘယ္သူက ဆက္သည္းခံႏိုင္မွာလဲ။ ဒီလိုေတြျဖစ္ေအာင္ လင္ရွီ ကိုယ္တိုင္ လုပ္တာပဲ။

လင္ရွိက အငိုရပ္ကာ ထြက္သြားခဲ့သည္။

၁၅မိနစ္ေလာက္ၾကာၿပီးေနာက္ မဒမ္အိုႀကီးက ေလသံတိုးတိုးျဖင့္ ေမးေလသည္

"ရွန္းအာ အိပ္ၿပီလား"

"အင္း"

ယြီဖင္ယန္က ေခါင္းညိတ္ျပခဲ့သည္။

မဒမ္အိုႀကီးက သက္ျပင္းခ်ကာ အခန္းထဲက ေနေရာင္ျခည္ကိုၾကည့္လ်က္

"နင့္အေမကေတာ့ ဂ႐ုမစိုက္ေပမယ့္ နင့္ညီမေလးကေတာ့ အရမ္းဂ႐ုစိုက္တာ၊ ေသြးသားမေတာ္စပ္ေပမယ့္ နင့္ကိုခ်စ္တာကေတာ့ ဟန္ေဆာင္တာမဟုတ္ဘူး၊ သူ႔နဖူးက ဒဏ္ရာက တံခါးေဘာင္ကို တိုက္မိလို႔ ရတယ္လို႔ ထင္ေနတာလား၊ သူက တစ္ေနကုန္ နင့္အတြက္ ဆုေတာင္းေပးေနတာ၊ ဒီေန႔ၿပီးသြားရင္ ေနာက္ေန႔ေတြလည္း သူ႔အတြက္သူ ဂ႐ုမစိုက္ဘဲ ရွိခိုးဆုေတာင္းေပးတာ၊ ငါေတာင္ မၾကည့္ရက္ပါဘူးဟယ္"

မ်က္လုံးေထာင့္က မ်က္ရည္ကိုသုတ္ကာ သူ(မ)က ဆက္ေျပာေလသည္။

"နင့္ညီမေလး အရင္း ျပန္လာတဲ့အခါ ရွန္းအာကို ပစ္ပယ္ၿပီး ဂ႐ုမစိုက္ဘဲ မေနပါနဲ႔"

ယြီဖင္ယန္က လည္ပင္းထဲ တင္းၾကပ္သြားေလသည္။ သူက လက္ေျမႇာက္ၿပီး အရက္တစ္ခြက္ ငွဲ႔ေသာက္လိုက္သည္။ ထို႔ေနာက္ ၾသရွသည့္ အသံျဖင့္ျပန္ေျဖေလသည္။

"အဖြားေျပာတာကိုလည္း ၾကည့္ပါဦး ေျမးက ဘာလို႔ ရွန္းအာကို တစ္ေယာက္တည္း ထားခဲ့ရမွာလဲ၊ သူက ေျမးရဲ႕ ေသြးသားေတာ္စပ္တဲ့ ညီမ မဟုတ္ေပမယ့္ ခ်စ္ခင္ၾကင္နာရတဲ့ ညီမေလးပါ၊ စိတ္မပူပါနဲ႔အဖြား ေျမးက လူတိုင္းကို ရက္စက္ၾကမ္းတမ္းစြာ ဆက္ဆံႏိုင္ရင္ေတာင္ ရွန္းအာေလးကိုေတာ့ မဆက္ဆံႏိုင္ပါဘူး၊ စကားမစပ္ ရွန္းအာ က်န္းမာေရးေကာင္းရဲ႕လား"

"အခုတေလာေတာ့ ေကာင္းပါတယ္၊ နင္ထြက္သြားၿပီး တစ္လၾကာေတာ့ ႏွလုံးေတြ ေအာင့္လို႔တဲ့ သမားေတာ္ကလည္း အေၾကာင္းအရင္း ရွာမေတြ႕ဘူးတဲ့ေလ၊ အိပ္မက္ဆိုးေတြလည္း မက္ၿပီး အစ္ကိုႀကီး ျမန္ျမန္ေျပး လို႔လည္း ေအာ္တယ္"

မဒမ္အိုႀကီးက ေျမးျဖစ္သူရဲ႕ မ်က္လုံးကိုၾကည့္ကာ ေသခ်ာစူးစမ္းေနသည္။

ယြီဖင္ယန္ရဲ႕ မ်က္လုံးက အနည္းငယ္ လက္သြားခဲ့သည္။ ထို႔ေနာက္ သူ႔အိတ္ကပ္ထဲက ေၾကးဒဂၤါးျပားကိုထုတ္ကာ ၿပဳံးလ်က္ေျပာေလသည္။

"ဒီကမာၻေပၚမွာ ထူးဆန္းတဲ့ ဝိညာဥ္ဆက္သြယ္ခ်က္ရွိတာပဲ၊ အဲတုန္းက ေျမးက ရန္သူသတ္တာ ခံခဲ့ရတာ၊ အဲအခ်ိန္မွာ ရွန္းအာေျပာတဲ့ ျမန္ျမန္ေျပးဆိုတဲ့ စကားၾကားၿပီး လွည့္ထြက္ခဲ့တာ၊ ေၾကးဒဂၤါးျပားက ႏွလုံးကိုမထိေအာင္ ျမႇားဒဏ္ကို ကာကြယ္ေပးခဲ့တယ္၊ လဝက္ေလာက္ ရင္ဘတ္နာေပမယ့္ အသားမွာ ဒဏ္ရာမရခဲ့ဘူး၊ စစ္ေျပျပင္မွာ ရန္သူေတြကို သတ္ေနတုန္း ရွန္းအာက နာက်င္ခံစားေနရတယ္၊ ဗုဒၶဘုရားရွင္ လုပ္တာလား၊ အသက္ေတြကို သတ္ျဖတ္လို႔ ဒီေျမးကို အျပစ္ေပးတာလား"

ယြီဖင္ယန္က ဗုဒၶဘာသာကို ယုံၾကည္ျခင္းမရွိေပမယ့္ ဒီကိစၥကိုေတာ့ ယုံၾကည္ေနသည္။

အခ်ိန္ ၾကာသည္အထိ မဒမ္အိုႀကီးက ၾကက္ေသေသေနကာ အသိစိတ္ျပန္ကပ္လာမွ

"ဗုဒၶဘုရားရွင္ကို ဘယ္လို အျပစ္က်ဴးလြန္ေနတာလဲ၊ ဒါ ဗုဒၶဘုရားရဲ႕ ကာကြယ္ေပးျခင္းပဲ၊ ၾကည့္ဦး ဒီကမာၻမွာ နင့္ေလာက္ဘယ္သူ ကံေကာင္းလို႔လဲ၊ ေသေဘးကေနေတာင္ လြတ္ခဲ့ေသးတယ္၊ အဲလိုေတြးမေနနဲ႔ နင္အသက္ရွင္လ်က္ ျပန္လာတာပဲ ကံေကာင္းေနၿပီ"

စကားေျပာၿပီးေနာက္ သူ(မ)က ေၾကးဒဂၤါးျပားကို ယူကာ ကိုင္လိုက္သည္။ ထိုအခ်ိန္ကစၿပီး ယြီရွန္းက ထိုက္ယီက်ဴရန္ ဆိုတာကို ယုံသြားခဲ့သည္။

ယြီဖင္ယန္က မဒမ္အိုႀကီးကို ႏႈတ္ဆက္ကာ ယြီရွန္းရဲ႕ ၿခံထဲကို ျပန္သြားခဲ့သည္။ ယြီရွန္းက ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနၿပီး ပါးစပ္ေလး နည္းနည္းဟကာ အသက္ရႉေနၿပီး ၾကာပန္းနံ႔ေလး သင္းေနသည္။ ယြီဖင္ယန္က အနားကပ္လာကာ နဖူးက အညိဳကြက္ကို ထိကာ မ်က္ႏွာအစိတ္အပိုင္း တစ္ခုခ်င္းစီကို ႏူးညံ့စြာ ထိေတြ႕ေနခဲ့သည္။ သူ(မ)ရဲ႕ေအးစက္သည့္ ႏွလုံးသား တစ္ခုလုံးက ႏူးညံ့ေနခဲ့တာကို သူ အေသြးအသားထဲကေန ခံစားမိခဲ့သည္။

ယြီဖင္ယန္က ဖိနပ္ႏွင့္ တိုက္ပြဲဝတ္႐ုံကို ခြၽတ္ကာ ယြီရွန္းရဲ႕ေဘးမွာ လဲေလ်ာင္းၿပီး ေအးခ်မ္းစြာ မ်က္လုံး မွိတ္လိုက္သည္။

ေထာင္ဟုန္ႏွင့္ လ်ိဳလြီ႕က သူ႔ကိုႏႈိးရမလား မႏႈိးရဘူလားဆိုတာ မသိဘဲ မာေမာေမာကို သြားရွာလိုက္သည္။

မာေမာေမာက အခန္းထဲၾကည့္ကာ လက္ေဝ့ယမ္းျပၿပီး ၿပဳံးလ်က္ေျပာေလသည္

"မႉးမတ္ႀကီး အိပ္ပါေစ၊ ေမာင္ႏွမေတြၾကားထဲမွာ ဘာလို႔စည္းမ်ဥ္းေတြ သိပ္မ်ားတာလဲ"

သခင္မေလးရဲ႕ကံေကာင္းျခင္းေတြ မႉးမတ္ႀကီး ယူရမယ့္အခ်ိန္ပဲ။ မဂၤလာရွိတဲ့ေန႔ေလးကို သခင္မႀကီးက ဖ်က္ဆီးပစ္ခဲ့တာပဲ။

#####

Telegram မွာ အပိုင္း ၉၃အထိ ေရာက္ပါၿပီေနာ္။ 

Continue Reading

You'll Also Like

184K 31.2K 69
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
4.4M 499K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
411K 53.3K 134
စာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not...
220K 32.2K 200
အကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်န...