မေတ္တာတော်ကဲ (ေမတၱာေတာ္ကဲ )

By Htet-Bo

250K 15.3K 1.3K

13.8.2022 - 16.8.2023 More

Cover
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Final.

Thank You.

4.3K 240 81
By Htet-Bo


Hello Htet ပါ။
" မေတ္တာတော်ကဲ " Fiction လေးက တစ်နှစ်ကျော်အကြာမှာ Complete ဖြစ်သွားပါပြီရှင့်။ စိတ်ရှည်ရှည်နဲ့အဆုံးထိ လိုက်လာပေးခဲ့ကြပြီး ချစ်ခြင်းများစွာဖြင့် ဖတ်ရှူပေးခဲ့ကြတဲ့ စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို လေးစားစွာဖြင့် ကျေးဇူးတင်ပါတယ်ရှင့်။

ထက်က ဝါသနာရှင်အဆင့်သာရှိသေးတာကြောင့် အရေးအသားကျစ်လစ်မှုတွေမှာ လိုအပ်ချက်လေးတွေရှိပါသေးတယ်ရှင်။ မေတ္တာတော်ကဲ fictionလေးက လိုအပ်ချက်လေးတွေ ရှိနေသေးပေမဲ့ စိတ်တိုင်းကျမိတဲ့ Fictionလေးပါရှင်။

ဇာတ်ကောင်တွေ ငိုရင်လိုက်ငို၊ရယ်ရင်လိုက်ရယ်ပြီး ရေးခဲ့တဲ့Fictionလေးမလို့နှစ်သက်သဘောကျပေးတယ်ဆိုကျေးဇူးတင်ပါတယ်ရှင်။

( စကားချပ် - ဒေါ်ခင်ထားနွယ်ရဲ့ တောင်ငူဒေသသံလေးကို နောက်ပိုင်းမှာ မထည့်ထားမိပါဘူးရှင်၊ပြင်ဆင်ဖို့အခွင့်အရေးရခဲ့ရင်ပြင်ဆင်ပါ့မယ်ရှင်)

မေတ္တာတော်ကဲ မှာပေးထားတဲ့
Comment တစ်ခုချင်းစီကို တန်ဖိုးထားဖတ်ပြီး ရင်ထဲသိမ်းထားပါတယ်ရှင်။ မှတ်ချက်လေးတွေက သိပ်ကိုချစ်စရာကောင်းပြီး နွေးထွေးတာကြောင့် ထက်စိတ်ပင်ပန်းလူပင်ပန်းဖြစ်တဲ့အခါတိုင်း လာဖတ်ဖြစ်ပြီး ပြုံးရနွေးရနဲ့ ပင်ပန်းမှုတွေ တကယ်ပျောက်ခဲ့ရတာကြောင့် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

" မေတ္တာတော်ကဲ " Fiction လေးထဲက ဇာတ်ကောင်လေးတွေဟာ အကုန်လုံးဇာတ်ဆောင်လေးတွေပါပဲ။ ဦးကြည်ရှင်းမောင်၊ လွင်၊ဒေါ်ခင်ထားနွယ်၊ဒေါ်သီသီနိုင်၊ဦးမြတ်သျှံ၊ဖွားမြိုင်၊ကိုကိုမင်း​မြတ်သျှံ၊နွေးကြည်လင်၊ရှင်းသန့်ဦး၊မသက်ထားခင်မိသားစု ပါဝင်တဲ့ဇာတ်ကောင်တိုင်းကို ချစ်ရမြတ်နိုးရပြီးတန်ဖိုးထားရပါတယ်ရှင်။

ဦးကြည်ရှင်းမောင်နဲ့လွင်ကတော့ ဇာတ်လမ်းတစ်ပုဒ်လုံးကိုထွေးပိုက်ထားတဲ့လူသားနှစ်ဦးပေါ့လေ။ ဦးကြည်ရှင်းမောင်က ထက်ရဲ့ Ideal Type မလို့ ဦးကြည်ရှင်းမောင်အခန်းလေးတွေရေးတိုင်း ရင်ခုန်ရပါတယ်😁။

ဇာတ်လမ်းလေးက လွင့်ခံစားချက်လေးနဲ့အတူစတင်ခဲ့တယ်ဆိုတာ မှတ်မိကြဦးမယ်ထင်ပါတယ်ရှင်။လွင့်ခံစားမှုလေးတွေဟာ လွင့်ပတ်ဝန်းကျင်၊မိသားစုအသိုင်းအဝိုင်းကနေတဆင့်ရရှိခဲ့တာကြောင့် လွင့်မိသားစုဝင်တွေဟာဇာတ်လမ်းကို အစပျိုးပေးသူ​တွေလို့ဆိုလို့ရပါတယ်။အထူးသဖြင့်ဦးမြတ်သျှံနဲ့ဒေါ်သီသီနိုင်တို့ဟာ ထိုနေရာရဲ့ဇာတ်ဆောင်လေးတွေပေါ့ရှင့်။ ဖွားမြိုင်နဲ့ကိုကိုဟာ လွင့်ရဲ့လုံခြုံမှုရိပ်မြုံလေးဖြစ်ပေးခဲ့ကြတယ်မဟုတ်လား။ဖွားမြိုင်နဲ့ကိုကိုသာ မပါဝင်ခဲ့ရင် လွင်ဟာ ရှင်သန်ရတာ သိပ်ကိုပင်ပန်းနေရှာလိမ့်မယ်။

ဒီနေရာမှာ အသားပေးရေးသားခဲ့တဲ့ဇာတ်ဆောင်တစ်ဦးရှိပါသေးတယ်။သူကတော့ လွင့်ရဲ့တစ်ဦးတည်းသောကိုကို မင်းမြတ်သျှံပါပဲ။ မင်းမြတ်သျှံက ထက်သိပ်မြတ်နိုးရ၊ချစ်ရ၊အသနားပိုရတဲ့ဇာတ်ကောင်လေးပါ။ ကိုကိုဟာလည်း ​ချစ်ခြင်းမေတ္တာငတ်မွတ်ခဲ့တဲ့ကောင်လေးပါပဲ။ မိဘတွေရဲ့ထိန်းချုပ်မှုတွေအောက်မှာ အရွယ်နဲ့မလိုက်​အောင် မွန်းကျပ်စွာနေခဲ့ရတဲ့ကောင်ငယ်လေးပါ။ သူ့ဆန္ဒတွေကို ချိုးနှိမ်ပြီးရှင်သန်ခဲ့ရတဲ့ကောင်လေးပေါ့။ အချစ်ရေးမှာလည်း နာကျင်ခဲ့ရတဲ့ကောင်ငယ်လေးဟာ ဆယ်ကျော်သက်အရွယ်လေးမှာ လောကကြီးကို နာနာကျင်ကျင်နဲ့ပဲနှုတ်ဆက်သွားရရှာတယ်။ချစ်ခြင်းမေတ္တာကို မခံစားခဲ့ရရှာဘူး။ ကိုကိုရဲ့ညင်သာတဲ့အပြောလေးတွေ၊သိမ်မွေ့တဲ့စိတ်ထားလေးတွေကို ထက်ကသိပ်သဘောကျခဲ့ရပြီး ထွေးပွေးပေးချင်ခဲ့တဲ့ဇာတ်ကောင်လေးပါ။

မေမေဒေါ်ခင်ထားနွယ်ကတော့ ချစ်ခြင်းမေတ္တာတွေအပြည့်အဝပေးတတ်တဲ့ဇာတ်ကောင်လေး။ နားလည်ပေးတဲ့စိတ်၊မေတ္တာပြည့်ဝတဲ့စိတ်လေးနဲ့ပဲ ဇာတ်လမ်းလေးမှာပါဝင်သွားခဲ့တယ်။

နွေးကြည်လင်နဲ့ရှင်းသန့်ဦးကို မေ့ထားလို့မရပါဘူးရှင်။ကွဲကွာနေတဲ့အချစ်ငှက်ကလေးနှစ်ကောင်ကြားကပေါင်းကူးတံတားလေးမဟုတ်လားရှင်။
ဒီဇာတ်ကောင်လေးနှစ်ဦးကြောင့် ဦးကြည်ရှင်းမောင်နဲ့လွင်တို့နှစ်ဦးက ဝေးကွာနေပေမဲ့ နီးကပ်နေခဲ့ကြတယ်လေ။

မသက်ထားခင်မိသားစုလေးကတော့ ကိုကို့ကိုသတိရစေတဲ့နွေးထွေးပျော်ရွှင်ပြီးမေတ္တာတွေပြည့်နေတဲ့မိသားစုလေးပါပဲ။

မေတ္တာတော်ကဲ ဆိုတဲ့နာမည်လေးအတိုင်း ထက်ခံစားဖူးတဲ့၊ကြုံတွေ့ဖူးတဲ့၊မှတ်သားဖူးတဲ့ချစ်ခြင်းမေတ္တာတရားတွေကို ကြိုးစားပုံဖော်ထားပါတယ်ရှင့်။ချစ်ခြင်းမေတ္တာအငွေ့အသက်လေးခံစားမိတယ်ဆိုရင်ကို ကျေနပ်ပါပြီရှင်။

မေတ္တာတော်ကဲ fiction လေးနဲ့ပတ်သက်လို့ လိုအပ်သည်များရှိရင်အကြုံပြုပေးနိုင်ပါတယ်ရှင်။အမှတ်တရလေးတွေရှိရင်လေးပြောခဲ့ပေးပါဦးရှင်။သဘောကျမိရင်လည်းပြောခဲ့ပေးပါဦးရှင်။

နောက်ဆုံးအနေနဲ့ မေတ္တာတော်ကဲလေးကို အမြဲသတိရ​နေပေးဖို့ တောင်းဆိုရင်း နှုတ်ဆက်လိုက်ပါတယ်ရှင်။

စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီကိုလေးစားစွာဖြင့် ထက်။

.

Hello Htet ပါ။
" ေမတၱာေတာ္ကဲ " Fiction ေလးက တစ္ႏွစ္ေက်ာ္အၾကာမွာ Complete ျဖစ္သြားပါၿပီရွင့္။ စိတ္ရွည္ရွည္နဲ႕အဆုံးထိ လိုက္လာေပးခဲ့ၾကၿပီး ခ်စ္ျခင္းမ်ားစြာျဖင့္ ဖတ္ရႉေပးခဲ့ၾကတဲ့ စာဖတ္သူတစ္ဦးတစ္ေယာက္ခ်င္းစီတိုင္းကို ေလးစားစြာျဖင့္ ေက်းဇူးတင္ပါတယ္ရွင့္။

ထက္က ဝါသနာရွင္အဆင့္သာရွိေသးတာေၾကာင့္ အေရးအသားက်စ္လစ္မႈေတြမွာ လိုအပ္ခ်က္ေလးေတြရွိပါေသးတယ္ရွင္။ ေမတၱာေတာ္ကဲ fictionေလးက လိုအပ္ခ်က္ေလးေတြ ရွိေနေသးေပမဲ့ စိတ္တိုင္းက်မိတဲ့ Fictionေလးပါရွင္။

ဇာတ္ေကာင္ေတြ ငိုရင္လိုက္ငို၊ရယ္ရင္လိုက္ရယ္ၿပီး ေရးခဲ့တဲ့Fictionေလးမလို႔ႏွစ္သက္သေဘာက်ေပးတယ္ဆိုေက်းဇူးတင္ပါတယ္ရွင္။

( စကားခ်ပ္ - ေဒၚခင္ထားႏြယ္ရဲ႕ ေတာင္ငူေဒသသံေလးကို ေနာက္ပိုင္းမွာ မထည့္ထားမိပါဘူးရွင္၊ျပင္ဆင္ဖို႔အခြင့္အေရးရခဲ့ရင္ျပင္ဆင္ပါ့မယ္ရွင္)

ေမတၱာေတာ္ကဲ မွာေပးထားတဲ့
Comment တစ္ခုခ်င္းစီကို တန္ဖိုးထားဖတ္ၿပီး ရင္ထဲသိမ္းထားပါတယ္ရွင္။ မွတ္ခ်က္ေလးေတြက သိပ္ကိုခ်စ္စရာေကာင္းၿပီး ႏြေးေထြးတာေၾကာင့္ ထက္စိတ္ပင္ပန္းလူပင္ပန္းျဖစ္တဲ့အခါတိုင္း လာဖတ္ျဖစ္ၿပီး ၿပဳံးရႏြေးရနဲ႕ ပင္ပန္းမႈေတြ တကယ္ေပ်ာက္ခဲ့ရတာေၾကာင့္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္။

" ေမတၱာေတာ္ကဲ " Fiction ေလးထဲက ဇာတ္ေကာင္ေလးေတြဟာ အကုန္လုံးဇာတ္ေဆာင္ေလးေတြပါပဲ။ ဦးၾကည္ရွင္းေမာင္၊ လြင္၊ေဒၚခင္ထားႏြယ္၊ေဒၚသီသီနိုင္၊ဦးျမတ္သွ်ံ၊ဖြားၿမိဳင္၊ကိုကိုမင္းျမတ္သွ်ံ၊ႏြေးၾကည္လင္၊ရွင္းသန့္ဦး၊မသက္ထားခင္မိသားစု ပါဝင္တဲ့ဇာတ္ေကာင္တိုင္းကို ခ်စ္ရျမတ္နိုးရၿပီးတန္ဖိုးထားရပါတယ္ရွင္။

ဦးၾကည္ရွင္းေမာင္နဲ႕လြင္ကေတာ့ ဇာတ္လမ္းတစ္ပုဒ္လုံးကိုေထြးပိုက္ထားတဲ့လူသားႏွစ္ဦးေပါ့ေလ။ ဦးၾကည္ရွင္းေမာင္က ထက္ရဲ႕ Ideal Type မလို႔ ဦးၾကည္ရွင္းေမာင္အခန္းေလးေတြေရးတိုင္း ရင္ခုန္ရပါတယ္😁။

ဇာတ္လမ္းေလးက လြင့္ခံစားခ်က္ေလးနဲ႕အတူစတင္ခဲ့တယ္ဆိုတာ မွတ္မိၾကဦးမယ္ထင္ပါတယ္ရွင္။လြင့္ခံစားမႈေလးေတြဟာ လြင့္ပတ္ဝန္းက်င္၊မိသားစုအသိုင္းအဝိုင္းကေနတဆင့္ရရွိခဲ့တာေၾကာင့္ လြင့္မိသားစုဝင္ေတြဟာဇာတ္လမ္းကို အစပ်ိဳးေပးသူေတြလို႔ဆိုလို႔ရပါတယ္။အထူးသျဖင့္ဦးျမတ္သွ်ံနဲ႕ေဒၚသီသီနိုင္တို႔ဟာ ထိုေနရာရဲ႕ဇာတ္ေဆာင္ေလးေတြေပါ့ရွင့္။ ဖြားၿမိဳင္နဲ႕ကိုကိုဟာ လြင့္ရဲ႕လုံၿခဳံမႈရိပ္ၿမဳံေလးျဖစ္ေပးခဲ့ၾကတယ္မဟုတ္လား။ဖြားၿမိဳင္နဲ႕ကိုကိုသာ မပါဝင္ခဲ့ရင္ လြင္ဟာ ရွင္သန္ရတာ သိပ္ကိုပင္ပန္းေနရွာလိမ့္မယ္။

ဒီေနရာမွာ အသားေပးေရးသားခဲ့တဲ့ဇာတ္ေဆာင္တစ္ဦးရွိပါေသးတယ္။သူကေတာ့ လြင့္ရဲ႕တစ္ဦးတည္းေသာကိုကို မင္းျမတ္သွ်ံပါပဲ။ မင္းျမတ္သွ်ံက ထက္သိပ္ျမတ္နိုးရ၊ခ်စ္ရ၊အသနားပိုရတဲ့ဇာတ္ေကာင္ေလးပါ။ ကိုကိုဟာလည္း ခ်စ္ျခင္းေမတၱာငတ္မြတ္ခဲ့တဲ့ေကာင္ေလးပါပဲ။ မိဘေတြရဲ႕ထိန္းခ်ဳပ္မႈေတြေအာက္မွာ အ႐ြယ္နဲ႕မလိုက္ေအာင္ မြန္းက်ပ္စြာေနခဲ့ရတဲ့ေကာင္ငယ္ေလးပါ။ သူ႕ဆႏၵေတြကို ခ်ိဳးႏွိမ္ၿပီးရွင္သန္ခဲ့ရတဲ့ေကာင္ေလးေပါ့။ အခ်စ္ေရးမွာလည္း နာက်င္ခဲ့ရတဲ့ေကာင္ငယ္ေလးဟာ ဆယ္ေက်ာ္သက္အ႐ြယ္ေလးမွာ ေလာကႀကီးကို နာနာက်င္က်င္နဲ႕ပဲႏႈတ္ဆက္သြားရရွာတယ္။ခ်စ္ျခင္းေမတၱာကို မခံစားခဲ့ရရွာဘူး။ ကိုကိုရဲ႕ညင္သာတဲ့အေျပာေလးေတြ၊သိမ္ေမြ႕တဲ့စိတ္ထားေလးေတြကို ထက္ကသိပ္သေဘာက်ခဲ့ရၿပီး ေထြးေပြးေပးခ်င္ခဲ့တဲ့ဇာတ္ေကာင္ေလးပါ။

ေမေမေဒၚခင္ထားႏြယ္ကေတာ့ ခ်စ္ျခင္းေမတၱာေတြအျပည့္အဝေပးတတ္တဲ့ဇာတ္ေကာင္ေလး။ နားလည္ေပးတဲ့စိတ္၊ေမတၱာျပည့္ဝတဲ့စိတ္ေလးနဲ႕ပဲ ဇာတ္လမ္းေလးမွာပါဝင္သြားခဲ့တယ္။

ႏြေးၾကည္လင္နဲ႕ရွင္းသန့္ဦးကို ေမ့ထားလို႔မရပါဘူးရွင္။ကြဲကြာေနတဲ့အခ်စ္ငွက္ကေလးႏွစ္ေကာင္ၾကားကေပါင္းကူးတံတားေလးမဟုတ္လားရွင္။
ဒီဇာတ္ေကာင္ေလးႏွစ္ဦးေၾကာင့္ ဦးၾကည္ရွင္းေမာင္နဲ႕လြင္တို႔ႏွစ္ဦးက ေဝးကြာေနေပမဲ့ နီးကပ္ေနခဲ့ၾကတယ္ေလ။

မသက္ထားခင္မိသားစုေလးကေတာ့ ကိုကို႔ကိုသတိရေစတဲ့ႏြေးေထြးေပ်ာ္႐ႊင္ၿပီးေမတၱာေတြျပည့္ေနတဲ့မိသားစုေလးပါပဲ။

ေမတၱာေတာ္ကဲ ဆိုတဲ့နာမည္ေလးအတိုင္း ထက္ခံစားဖူးတဲ့၊ႀကဳံေတြ႕ဖူးတဲ့၊မွတ္သားဖူးတဲ့ခ်စ္ျခင္းေမတၱာတရားေတြကို ႀကိဳးစားပုံေဖာ္ထားပါတယ္ရွင့္။ခ်စ္ျခင္းေမတၱာအေငြ႕အသက္ေလးခံစားမိတယ္ဆိုရင္ကို ေက်နပ္ပါၿပီရွင္။

ေမတၱာေတာ္ကဲ fiction ေလးနဲ႕ပတ္သက္လို႔ လိုအပ္သည္မ်ားရွိရင္အႀကဳံျပဳေပးနိုင္ပါတယ္ရွင္။အမွတ္တရေလးေတြရွိရင္ေလးေျပာခဲ့ေပးပါဦးရွင္။သေဘာက်မိရင္လည္းေျပာခဲ့ေပးပါဦးရွင္။

ေနာက္ဆုံးအေနနဲ႕ ေမတၱာေတာ္ကဲေလးကို အၿမဲသတိရေနေပးဖို႔ ေတာင္းဆိုရင္း ႏႈတ္ဆက္လိုက္ပါတယ္ရွင္။

စာဖတ္သူတစ္ဦးတစ္ေယာက္ခ်င္းစီကိုေလးစားစြာျဖင့္ ထက္။

Continue Reading

You'll Also Like

402K 16.3K 39
"ကျွန်တော် ခင်ဗျားကိုချစ်တယ် ခင်ဗျားလည်း ပြန်ချစ်ရမယ်" "ဟင်"
384K 16.2K 41
လူသားတစ်ယောက်ကိုမှချစ်မိခြင်း
174K 4.5K 64
ပူပြင်းတဲ့မီးပင်လယ်တောင် အချစ်နဲ့ပက်ဖြန်းလိုက်ရင် သိပ်လှတဲ့နှင်းဆီခင်းအဖြစ်ဖူးပွင့်သွားတက်တယ် Aug. 28.2020
342K 18.4K 58
မင်းစဝ်နှိုင်းသွင် ဒီကောင်လေးနဲ့ခက်ပါရဲ့ကွာ...မင်းရည်စားစကားပြောနေတဲ့သူက မင်းအဖေလောက်ရှိတယ်ဆိုတာရော သိရဲ့လား.... သွန်းလျှံမိုးခ အသက်အရွှယ်အပိုင်းအခြာ...