ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ...

By Swae_Nyoe

194K 20.8K 197

ဘာသာပြန်သူ - စွဲညို့အသင်း More

Description
Part 1
Part 2
တယ်လီဂရုကြေညာချက်..
Part 3
Part 4
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
part 19
Part 20
Part 21
Part 22
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
🥰🥰နန်းတွင်းအသစ်လေး
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံး ပြီးဆုံးပါကြောင်း...
Part 90
Part 92
Part 93
Part 94
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 95
Part 96
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅

Part 23

2.2K 229 1
By Swae_Nyoe

TYCDTN

Chapter 23

ထောင်ဟုန်၊ လျိုလွီ့နှင့် တခြားအစေခံ၃ယောက်ကလွဲရင် ကျန်သည့်အစေခံအားလုံးကို ယွီဖင်ယန်က အသစ်တွေဖြင့် အစားထိုးခဲ့သည်။ အစေခံစာချုပ်ကိုလည်း ယွီရှန်းထံကို လွှဲပြောင်းပေးလိုက်ပြီး အုပ်ချုပ်ခွင့်ပေးလိုက်သည်။

အရင်ကထက်စာရင် ယွီရှန်းက ယွီဖင်ယန်ကို ပိုကပ်လာခဲ့သည်။ ယွီဖင်ယန်ကို တစ်ရက်၃ကြိမ်တွေ့ရသည်။ သူ(မ)က ယွီဖင်ယန်ကို တစ်ရက်၃ကြိမ် မတွေ့ရပါက မစားနိုင်၊ မအိပ်နိုင်နှင့် စိတ်ဆိုးနေတတ်သည်။ ယွီဖင်ယန်ကလည်း သူ့ညီမလေးရဲ့ တောင်းဆိုချက်ကို အတတ်နိုင်ဆုံး ဖြည်းဆည်းပေးကာ ကျေနပ်အောင် လုပ်ပေးခဲ့သည်။ ယွီဖင်ယန်ဆီမှာ ပစ္စည်းကောင်းတွေရှိပါကလည်း ယွီရှန်းရဲ့ အဆောင်တော်ကို ပို့ပေးတတ်သည်။

ယွီဖင်ယန်က အသက်ငယ်ငယ်လေးနဲ့ရင့်ကျက်ခဲ့ကာ ဘဝရဲ့အတက်အကျ အခြေအနေမျိုးစုံကိုလည်း ကြုံခဲ့ပြီး ထပ်ခါထပ်ခါ လုပ်ကြံခံရခြင်းများ၊ အကွက်ချခံရခြင်းများ၊ နိုင်ငံရေး ပဋိပက္ခများကြောင့် သူ့ရဲ့နှလုံးသားက အေးခဲသွားခဲ့သည်။ စံအိမ်တော်တွင် လူပေါင်းများစွာရှိသည်။ ယွီဖင်ယန်က အရင်တုန်းက မဒမ်အိုကြီးကိုပဲ ဂရုစိုက်ခဲ့ပေမယ့် အခုတော့ ယွီရှန်းကိုပါ အလွန်ဂရုစိုက်နေပြီဖြစ်ကာ လင်ရှီ၊ ယွီစီးယွီနှင့် ပျောက်ဆုံးနေသည့် ညီမအရင်းကိုတော့ အပြင်လူအဖြစ်ကဲ့သို့သာ ပြုမူဆက်ဆံသည်။

ထိုအချက်တွေကြောင့် အပြင်က လူတွေက ယွီဖင်ယန်ကို ရက်စက်ပြီး နှလုံးသားမဲ့သည့်လူဟု ထင်ကြေးပေးကြသည်။

သို့ပေမယ့် အပြင်လူတွေ ဘယ်လောက်ပဲ ဝေဖန်ပါစေ ယွီရှန်းက ထိုကဲ့သို့သော ယွီဖင်ယန်ကို အလွန်သဘောကျသည်။ ယွီရှန်းက လုပ်စရာမရှိပါက ယွီဖင်ယန် သူ(မ)ကို ပေးခဲ့သည့်ကြာပွတ်ကိုထုတ်ကာ ပြုံးပြီး ငြင်သာသွာ ဝေ့ယမ်းနေတတ်သည်။

ထိုနေ့က ယွီဖင်ယန် ညနေပိုင်း မလာခဲ့ပေ။ ယွီရှန်းက စောင့်နေရင်းဖြင့် ပိုစိတ်လှုပ်ရှားလာခဲ့သည်။ သူ(မ)က စားပွဲကို ကြာပွတ်ဖြင့်ရိုက်ကာ အော်ဟစ်လေသည်

"ထောင်ဟုန် အရှေ့ဆောင်ကိုသွားပြီး အစ်ကိုကြီး ပြန်လာပြီလားဆိုတာ သွားကြည့်စမ်း"

"အခုပဲ ဒီအစေခံ သွားလိုက်ပါ့မယ်"

ထောင်ဟုန်က အမိန့်အတိုင်း ထွက်သွားခဲ့သည်။ သူ(မ)ထွက်သွားသည်နှင့် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် မာမောမောလာနေတာဖြင့် ဆုံလိုက်လေသည်။ မာမောမောက အသက်ကို အမောတကောရှူကာ ပြောလေသည်

"ထောင်ဟုန်နဲ့လျိုလွီ့ နင်တို့သခင်မလေးကို အမြန်လေး မဒမ်ကြီးရဲ့ အဆောင်ခြံထဲ ပို့ပေးလိုက်၊ မဒမ်ကြီးမှာ အရေးကြီးကိစ္စရှိနေတယ်၊ မြန်မြန် မြန်မြန်"

မာမောမောက အမြဲလိုလို အိန္ဒြေသိက္ခာကြီးစွာ နေထိုင်လေ့ရှိသည်။ မာမောမော ဒီလောက် အလျင်စလို စိတ်လှုပ်ရှားနေသည့် ပုံကို ထောင်ဟုန် အခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူ(မ)က အမြန်လေး အခန်းထဲပြန်သွားကာ စိတ်မရှည်ဖြစ်နေသည့် သခင်မလေးကို တွန်းခေါ်လာခဲ့သည်။

"ဘာကိစ္စလဲ"

ယွီရှန်းက ပိုပြီး စိတ်ရှုပ်လာခဲ့သည်။

"သခင်မလေး မှူးမတ်ကြီးကို ဖျောင်းဖျပေးပါဦး"

လျိုလွီ့က တွန်းဖို့အားမရှိဘူးလို့ မာမောမောထင်တာကြောင့် လျိုလွီ့ဖက် ဝင်တွန်းကူကာ နူးညံ့စွာ ရှင်းပြလေသည်

"မှူးမတ်ကြီး ဘာတွေ စိတ်ညှို့ခံနေရလဲ မသိပါဘူး၊ စစ်တပ်ထဲဝင်မလို့တဲ့လေ၊ သူက အထုတ်တွေတောင်သိမ်းပြီးလို့ ဒီညပဲ ဟွေးရှီတပ်စခန်းကို သွားမလို့တဲ့၊ ဟွေးရှီတပ်စခန်းက စစ်ဖြစ်နေတဲ့ ရှေ့ပိုင်းစစ်စခန်းပဲ၊ ဟိုးတုန်းက မှူးမတ်အိုကြီးက မြင်းတပ်ရဲ့ ဗိုလ်မှူးကြီးလေ စစ်ပွဲအတွင်းမှာပဲ ဆုံးသွားခဲ့တာ၊ မင်းသားယွီကိုလည်း ဘုရင်ကြီးက နောက်နှစ်နွေဦးအစမှာ ဒဏ်ခတ်မယ်လို့လည်း ပြောတယ်၊ မှူးမတ်ကြီးက အခု အနောက်မြောက်အရပ်ကို သွားဖို့ပြင်နေတယ်၊ မှူးမတ်ကြီးက သခင်မလေးရဲ့ စကားကို နားထောင်ပါတယ် သူ့ကို တားပေးပါဦး"

ထိုစကားတွေကြားပြီးနောက် ယွီရှန်းရဲ့ မျက်နှာက ပိုမည်းမှောင် လာခဲ့သည်။ သူ(မ)က ကြာပွတ်ကိုပဲ တင်းကြပ်နေအောင် ဆုပ်ကိုင်ထားခဲ့သည်။

ယွီရှန်း အခန်းထဲဝင်လိုက်တော့ မဒမ်အိုကြီးက ရင်ဘတ်ကိုလက်တစ်ဖက်ဖြင့် ဖိကာ နောက်လက်တစ်ဖက်က အမူအရာကင်းမဲ့နေသည့် ယွီဖင်ယန်ကို လက်ညိုးထိုးထားလေသည်။ မဒမ်အိုကြီးရဲ့ နှုတ်ခမ်းတွေက တုန်ယင်နေကာ ဒေါသတကြီး ပြောဆိုနေသည်။ ယွီရှန်း ဝင်လာတာတွေ့တော့ သူ(မ)က အလောတကြီးပြောလေသည်

"ရှန်းအာ အချိန်ကိုက်ရောက်လာတာပဲ၊ သူက စစ်ထဲဝင်ချင်နေတယ်၊ စစ်ထဲကို အပျော်ဝင်တယ်များထင်နေလား မသိဘူး"

ယွီဖင်ယန်ကလည်း ဆက်ငြိမ်မနေနိုင်တော့ပေ။ သူက မျက်မှောင်ကြုပ်ကာ ပြောလေသည်

"အဖွား ဘာလို့ ရှန်းအာကို ခေါ်လိုက်တာလဲ၊ ဒီကိစ္စတွေသိဖို့ သူအရမ်းငယ်သေးတယ်"

"ဘာလို့ မသိစေချင်တာလဲ"

ယွီရှန်းက မာမောမောကို ယွီဖင်ယန်ဆီ တွန်းပို့ခိုင်းခဲ့သည်။ သူ(မ)က ယွီဖင်ယန်ရဲ့ လက်မောင်းကို တွယ်ဖက်ကာ

"မသွားပါနဲ့၊ အစ်ကိုကြီးသွားရင် သမီးနဲ့အဖွားက ဘယ်လိုလုပ်မလဲဟင်"

သူ(မ)က စကားပြောပြီးနောက် မျက်ရည်တွေ ကျဆင်းလာခဲ့သည်။

သူ(မ)ငိုတာကိုမြင်ရတာက ယွီဖင်ယန် မခံနိုင်ဆုံး ကိစ္စဖြစ်သည်။ ယွီရှန်းကို ဝှီးချဲထဲကနေသယ်ထုတ်ကာ သူ့ပေါင်ပေါ်ထိုင်ခိုင်းထားလိုက်ပြီး မျက်ရည်တွေကို နူးညံ့စွာ သုတ်ပေးခဲ့သည်။ ယွီရှန်း စိတ်ငြိမ်သွားမှ သေချာလေးရှင်းပြလေသည်

"အင်ပါယာ အကယ်ဒမီကို ကျော်ဖြတ်နိုင်ပြီး အရာရှိဖြစ်ခဲ့ရင် ၃နှစ်အတွင်း အထွေထွေအုပ်ချုပ်ရေးရဲ့အတွင်းရေးမှူး ဖြစ်လာနိုင်တယ်၊ ၅နှစ်အတွင်း ဝန်ကြီးအဖွဲ့ရဲ့တပ်မတော်မှာ ပညာသင်ခွင့်ရမယ်၊ ၁၀နှစ်အတွင်းမှာ အထွေထွေအုပ်ချုပ်ရေးမှာ လက်ထောက် အတွင်းရေးမှူး ဖြစ်လာနိုင်တယ်၊ နောက်ထပ်၃နှစ်အတွင်းဆိုရင် အထွေထွေအုပ်ချုပ်ရေးရဲ့ အထွေထွေလက်ထောက် ဖြစ်လာနိုင်တယ်၊ ထိပ်ဆုံးရာထူး၃ခုကို ရောက်ဖို့ နှစ်၂၀လောက် ကြာမယ်၊ ၂၁နှစ်ကြာပြီးရင် ရှန်းအာက အသက်၃၁လောက်ရှိပြီ၊ အစ်ကိုကြီးက ရှန်းအာလေးကို မကာကွယ်နိုင်သေးသလို မှူးမတ်စံအိမ်တော်ကြီးကလည်း အဖွားရှိတုန်းကလောက် မခမ်းနားသေးဘူး၊ ဒီလို အဖြစ်မခံနိုင်ဘူး"

တုန်ယင်နေသည့် မဒမ်အိုကြီးရဲ့ လက်တွေ ရပ်သွားခဲ့သည်။ မျက်လုံးမှိတ်ကာ ပုတီးစိပ်လိုက်သည်။ နောက်ဆုံး စကားကြောင့် သူ(မ) ဆွံ့အသွားခဲ့သည်။

"ဒါပေမဲ့ အခု အစ်ကိုကြီးက မှူးမတ်ကြီးလေ"

ယွီရှန်းက နှာရှုပ်လေသည်။

"အရူးမလေး အရာရှိအနေနဲ့ ရာထူးခေါင်းစဥ်က ကွာတယ်လေ၊ စွမ်းအားမရှိရင် တက်နင်းခံရမှာပဲ"

ယွီဖင်ယန်က ယွီရှန်းရဲ့ မျက်လုံးနှင့် နှာခေါင်းကို တို့ထိကာ

"၂၁နှစ်လုံး မပြီးနိုင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို စစ်ပွဲကို အကြိမ်အနည်းငယ်လောက် သွားလိုက်တာနဲ့ ရနိုင်တယ်၊ ရှန်းအာ အဖွားနဲ့မင်းကို အခု ဘဝထက် ပိုကောင်းမွန်အောင် နေထိုင်စေချင်တယ်"

ချင်းဟယ်ကျွင်းကျူ အနိုင်ယူလို့ရသည့် ဒီဘဝမှာတင် သူ(မ)ကို မနေထိုင်စေချင်ပေ။

အထက်စီးကနေ သူ့ကိုကော သူ့မိသားစုကိုပါ ဘယ်သူမှ တက်နင်းခွင့်မပြုနိုင်ပေ။ သူ ငယ်ငယ်တုန်းက အခက်အခဲတွေကို ခံစားခဲ့ရပြီးပြီဖြစ်သည်။ အမြင့်ဆုံးမှာရပ်ပြီး လှပသည့် ရှုခင်းကိုသာ ကြည့်လိုသည်။ ၂၁နှစ်ကြာပြီးရင် ဘာတွေဘယ်လိုဖြစ်နေမှာလဲ။ ၂၁နှစ်ကြာအောင် သူ မစောင့်နိုင်သလို အဖွားနှင့် ရှန်းအာလည်း မစောင့်နိုင်ပေ။

တွေးတောပြီးနောက် သူရဲ့နူးညံ့သည့် မျက်လုံးတွေက ပိုပြီး ဆုံးဖြတ်ချက် ခိုင်မာလာခဲ့သည်။

မဒမ်အိုကြီးက မျက်လုံးဖွင့်ကာ သူ့ကို ကြည့်လိုက်သည်။ ထို့နောက် မျက်လုံး ထပ်ပိတ်လိုက်သည်။ လက်ထဲက စိပ်ပုတီးကို အမြန်လေးလှည့်ပတ်နေလိုက်သည်။ သူ(မ)မြေးကလည်း ယောက်ျားတစ်ယောက်ဖြစ်ပြီး အဖိုးဖြစ်သူထက် ပိုသန်မာရဲရင့်သည့် မြေးမလို့ ဆုံးဖြတ်ချက်ချပြီးပါက ဘယ်သူမှ တားမရတာကို သူ(မ)သိသည်။

မဒမ်ကြီးလောက် ယွီဖင်ယန်ကို နားလည်သည့် ယွီရှန်းကလည်း မတောင်းဆိုတော့ပေ။ လူငယ်လေးရဲ့ မျက်လုံးထဲက ရည်မှန်းချက်ကြီးနေသည့် အမြင်တွေကိုမြင်လိုက်ရတော့ မတားမိတော့ပေ။ ဒီလူက အတောင်ကိုဖြန့်ကာ ကောင်းကင်တခွင်ပျံဝဲနေမည့် သိမ်းငှက်ဖြစ်ပြီး အလှကြည့်ဖို့ ရွှေလှောင်အိမ်ထဲမှာ သော့ခတ်ကာ သိမ်းထားရမည့် ကြက်တူရွေး မဟုတ်ပေ။ ဖျောင်းဖျနေရင် အမောဆို့တာပဲ အဖတ်တင်မည်။

ဒါက အဆုံးသတ် ဆုံးဖြတ်ချက်ပဲဆိုတာ သူ(မ)သိလိုက်တာကြောင့် မျက်လုံး မှိတ်ထားလိုက်သည်။ သူ(မ)က မှာလေသည်။

"အစ်ကိုကြီးသာ စစ်ပွဲမှာ မတော်တဆဖြစ်သွားခဲ့ရင် သမီးနဲ့ အဖွား ဘယ်လိုဖြစ်သွားမလဲ ဆိုတာ သိလား၊ ဆွေမျိုးတွေက အစ်ကိုကြီး သင်ခန်းစာပေးထားလို့ ကြောက်နေပေမယ့် ရင်ထဲကနေတော့ အငြိုးတွေ ထားနေမှာ၊ အဲအချိန်ကျရင် သမီးတို့ကို အရှင်လတ်လတ် ဝါးမြိုသွားလိမ့်မယ်၊ အဖွားကလည်း အသက်ကြီးနေလို့ လှုပ်နိုင်မှာ မဟုတ်သလို သမီးကလည်း အောက်ပိုင်းသေနေလို့ အားကိုးလို့ မရဘူး၊ အစ်ကိုကြီးကသာ သမီးတို့ရဲ့ နောက်ခံပဲ၊ အစ်ကိုကြီးမရှိရင် သမီးတို့တွေလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

မဒမ်အိုကြီးလည်း ရင်ထဲထိသွားကာ မျက်ရည်စို့သွားခဲ့သည်။ မြေးမလေးက စိတ်ထိခိုက်ကာ မြေးဖြစ်သူက မလွှတ်ဘူးဟု ထင်ခဲ့မိပေမယ့် မြေးမလေးက အမိန့်တစ်ခု ပေးလေသည်။

"အစ်ကိုကြီး အသက်ရှင်လျက် ပြန်လာရမယ်၊ အစ်ကိုကြီး တစ်ခုခုဖြစ်ရင် သမီးလည်း သေပစ်မယ်၊ သမီးက နဂိုကတည်းက အောက်ပိုင်းသေနေတဲ့လူပဲ အသက်ရှင်စရာ အကြောင်း မရှိဘူး"

သူ(မ)က စကားပြောရင်းပြုံးကာ မျက်ရည်တွေလည်း ပိုဝဲခဲ့သည်။

ယွီဖင်ယန်က သူ(မ)ကို လက်မောင်းထဲ ပွေ့ဖက်ထားခဲ့သည်။ ခဏလောက်နေပြီးမှ သြရှသည့် အသံဖြင့် ပြောလေသည်။

"အစ်ကိုကြီးက ဘေးကင်းစွာ ပြန်လာမယ်ဆိုတာ စိတ်ချလိုက်၊ သေမယ် ရှင်မယ် ဆိုတာ ဘာတွေပြောနေတာလဲ၊ နောက်တစ်ခါကျရင် ဒီလိုတွေပြောခွင့်မပြုဘူးနော်"

"ဟုတ်ကဲ့ပါ မပြောတော့ပါဘူး"

ယွီရှန်းက ယွီဖင်ယန်ရဲ့ ရင်ဘတ်က အဝတ်ဖြင့် မျက်ရည်တွေ ပွတ်သုတ်ပစ်ကာ သူ့လက်မောင်းကို ကြာပွတ်ဖြင့် ဖြည်းညင်းစွာ ရိုက်ပြီး အပြစ်တင်လေသည်

"ဆုံးဖြတ်ချက်ချပြီးမှ အဖွားနဲ့သမီးကို အသိပေးတယ်၊ ဘယ်သူက ကိုယ့်စိတ်တိုင်းကျ လုပ်ခိုင်းလို့လဲ"

သူ(မ)က ၂ချက်လောက်ရိုက်ပြီး ရင်ခွင်ထဲဝင်ကာ မျက်ရည်ထပ်သုတ်ခဲ့သည်။ ဒါက လက်စားချေတာဖြစ်သည်။

ကြာပွတ်က ကိုယ်ခန္ဓာကိုရိုက်မိတာ မဟုတ်ဘဲ ယွီဖင်ယန်ရဲ့ နှလုံးကို ထိသွားခဲ့တာ ဖြစ်သည်။ နှလုံးသားလေး နာကျင်သွားပေမယ့် ပျော်ရွှင်နေရသည်။ ယွီဖင်ယန်ရဲ့ ဝမ်းနည်းမှုတွေက ချက်ချင်း ပျောက်ကွယ်သွားခဲ့ကာ ညီမလေးကို ပွေ့ဖက်ထားခဲ့သည်။ ညစ်ပတ်တယ်လို့ မပြောဘဲ မျက်ရည်တွေနှင့် နှပ်ချေးတွေကိုလည်း လက်ဖြင့် သုတ်ပေးခဲ့သည်။ ထို့နောက် သူ(မ)လက်ထဲက ကြာပွတ်ကို ယူကာ အဖွားကို ကမ်းပေးပြီး

"အဖွား ဒီမြေးကို ရိုက်လိုက်ပါ၊ အဖွားဘေးမှာ မနေနိုင်တာ ဒီမြေးရဲ့အပြစ်ပါ"

မဒမ်အိုကြီးကတော့ အမူအရာ မပြောင်းလဲစွာ နေနေသည်။ သူ(မ)က ကြာပွတ်ကိုယူကာ ရိုက်လိုက်သည်။ သို့ပေမယ့် အဝတ်အစားကိုသာ ဖွဖွလေးထိပြီး ကလိထိုးနေသလို ဖြစ်နေသည်။ သူ(မ)ရဲ့ မြေးက မျက်မှောင်ကြုတ်ကာ နာချင်ယောင်ဆောင်တာတွေ့တော့ ရပ်လိုက်လေသည်။ သူ(မ)က သုန်မှုန်စွာ ပြောလေသည်

"အေး ဟန်ဆောင်မနေနဲ့ သွားပြီး အထုတ်သိမ်းတော့ ဘေးကင်းအောင် ပြန်လာခဲ့"

ယွီဖင်ယန်က ခေါင်းညိတ်ပြခဲ့သည်။ ထို့နောက် ယွီရှန်းကို ချီကာ ထွက်သွားပြီး တံခါးနားရောက်တော့ အဖွားဖြစ်သူရဲ့စကားကို ကြားလိုက်လေသည်

"နင့်အမေဆီ သွားလည်ဦး၊ သူက အားမကိုးရပေမယ့်လည်း အမေပဲလေ၊ သူများတွေ မကောင်းပြောတာ မခံရစေနဲ့"

ယွီဖင်ယန်က ခေါင်းညိတ်ကာ ဝင်ပေါက်ဆီ လျှောက်သွားလိုက်သည်။ သူ့လက်ထဲက ညီမဖြစ်သူကိုကြည့်ကာ

"ရှန်းအာ အမေနဲ့တွေ့ချင်လား"

"သူက သမီးကို မတွေ့ချင်သလို သမီးကလည်း သူ့ကို မတွေ့ချင်ဘူး၊ တစ်ယောက်နဲ့တစ်ယောက် မပတ်သက်တာပဲ ကောင်းပါတယ်၊ အစ်ကိုကြီးပဲ သွားလိုက်တော့"

ယွီရှန်းက မတုံ့မဆိုင်း ငြင်းခဲ့သည်။ အရင်ဘဝကတည်းက မိခင်မေတ္တာကို မမျှော်လင့်ခဲ့တာကြောင့် ဒီဘဝလည်း ထွေထွေထူးထူး ခံစားမနေရပေ။ လင်ရှီက သူ(မ)အတွက်တော့ သူစိမ်းသာဖြစ်သည်။ အနာဂတ်မှာ ဒီကိုယ်ခန္ဓာရဲ့မူလပိုင်ရှင်ရဲ့ မိဘတွေကို ရှာတွေ့ခဲ့ရင်တောင် ရင်းနှီးသည့် ဆက်ဆံရေးရှိမည် မဟုတ်ပေ။

အေးတိအေးစက် ပြောလာတာကို ယွီဖင်ယန်က ရယ်လေသည်။ သူ(မ)ကို ဝှီးချဲပေါ် တင်ပေးပြီးနောက် ဆံပင်ကို ထိုးဖွလိုက်သည်။ ထို့နောက် မိခင်ဖြစ်သူရဲ့ ခြံထဲ ဝင်သွားလိုက်သည်။ ယွီရှန်းက ဘာလို့ သူ့ညီမအရင်း မဟုတ်ရမှာလဲ။ စိတ်ဓာတ်ကအစ သူနဲ့ လာတူနေတယ်လေ။ တည့်တိုးဆန်တယ်၊ ကြိုက်တာမကြိုက်တာကို တည့်ပြောတယ်၊ အရင်းနှီးဆုံး ဆွေမျိုးတွေကို မိသားစုဝင်အဖြစ် မသတ်မှတ်ဘူး စတာတွေက သူနဲ့တူတာ ဖြစ်သည်။

မဟုတ်ဘူး အရင်းနှီးဆုံးဆွေမျိုးတွေကို မိသားစုဝင်အဖြစ် သတ်မှတ်မခံရတာ မဟုတ်ဘဲ သူ(မ)သိတဲ့လူ အရမ်းနည်းတာဖြစ်သည်။ သူ့အပြင် အဖွားကိုတောင် နှလုံးသားထဲ ထည့်ပုံမပေါ်ပေ။ စိတ်သဘောထားက အရမ်းအေးစက်ကာ နှလုံးသားမဲ့သည်။

ထိုသို့တွေးပေမယ့် ယွီဖင်ယန်က မှားယွင်းတယ်လို့တော့ မခံစားရပေ။ သိမ်မွေ့သည့် ကျေနပ်ခြင်းကိုသာ ခံစားနေရသည်။

မာမောမောက သံသယရှိတာတွေ အကုန်မီးရှို့ပစ်ပြီးနောက် လင်ရှီရဲ့ခြံဝန်းက အလွန်ကျယ်ဝန်းနေပြီး မီးမှိန်နေသည်။ လေထုထဲမှာ ပူဇော်ထားသည့် ဖယောင်းဆီနံ့တွေထွက်နေပြီး လူကို မသက်မသာဖြစ်စေသည်။

ဟောခန်းထဲက စားပွဲအလယ်မှာ မှူးမတ်ကြီး ယွီကျွင်းကျဲ ဆိုသည့် ကမ္ပည်းတိုင်ရှိသည်။ နှစ်တိုင်းတိုက်ထားတာကြောင့် ပြောင်လက်နေသည်။ သေဆုံးသွားသည့်ခင်ပွန်း ဟူသောစာသား အနီလေးကလည်း ဒီနေ့ထိ တောက်ပြောင်နေဆဲဖြစ်သည်။

ယွီဖင်ယန်က တစ်ချက်ကြည့်ပြီး အကြည့်လွှဲကာ မြေပြင်ကို စိုက်ကြည့်လိုက်သည်။

လင်ရှီက ပန်းစာရွက်အထပ်က စာတွေကိုသာ အာရုံစိုက်ဖတ်နေသည်။ သူ(မ)က တစ်ခုခုကို တွေးတောမိပြီးနောက် ပြုံးနေခဲ့သည်။ သူ(မ)က မရုန်းထွက်နိုင်သည့် အတိတ်က အမှတ်တရဟောင်းလေးတွေမှာသာ နစ်မြှုပ်နေခဲ့သည်။ ယွီဖင်ယန်ကတော့ စကားတွေ အကြာကြီး ပြောနေခဲ့ပြီးမှ သူ(မ)က အသိဝင်လာကာ လက်ဝေ့ယမ်းပြကာ

"သွားတော့ ကိုယ့်ဘာသာကိုယ် ဂရုစိုက်"

ထင်ထားသည့်အဖြေကိုသာ ရခဲ့သည်။ ယွီဖင်ယန်ရဲ့ မျက်လုံးတွေက အနည်းငယ် အေးစက်သွားခဲ့သည်။ ရှန်းအာရဲ့ ကြောင်ကလေးလိုငိုနေသည့်ပုံစံ အဖွားရဲ့ ဒေါသထွက်နေသည့် ပုံစံလေးကို ပြန်တွေးလိုက်ပြီးနောက် အေးစက်စွာ ပြုံးလိုက်သည်။ အဆင်ပြေပါတယ် ကာကွယ်ပေးချင်တဲ့လူတွေကိုပဲ ဂရုစိုက်တယ်။ အပိုလူတွေကို စိတ်ထဲမထားပေ။

သူက ဘာမှမပြောလဲ ထထွက်သွားခဲ့သည်။ သို့ပေမယ့် လင်ရှီရဲ့ တားမြစ်တာကို ခံလိုက်ရသည်။

"နင့်ညီမကို ရှာတွေ့ပြီလား၊ နှစ်ဝက်လောက်ကြာတာတောင် ဘာသတင်းမှ မကြားရသေဘူး၊ သေချာကော ရှာရဲ့လား"

လင်ရှီကို ကျောပေးရပ်နေကာ ယွီဖင်ယန်ရဲ့ လှပသည့် မျက်နှာက မြူဆိုင်းနေပြီး သြရှသည့်အသံဖြင့် ပြောလေသည်

"သေချာအားစိုက်ရှာပါတယ် ဒါပေမဲ့ လူတွေက အများကြီးလေ၊ ဟန်မင်းဆက်ရဲ့ နယ်မြေမှာ လအနည်းငယ်လောက်နဲ့ ရှာတွေ့ဖို့ဆိုတာ မလွယ်ဘူး၊ ဒီကိစ္စကို စိတ်မပူပါနဲ့ အမေ သူအသက်ရှင်နေသ၍ တစ်နေ့ကျရင် သူ့ကိုရှာတွေ့မှာပါ"

စကားပြောလို့ မဆုံးခင်မှာဘဲ အင်္ကျီလက်ကို ခါယမ်းကို ထွက်သွားခဲ့သည်။

#####

Zawgyi

TYCDTN
Chapter 23

ေထာင္ဟုန္၊ လ်ိဳလြီ႕ႏွင့္ တျခားအေစခံ၃ေယာက္ကလြဲရင္ က်န္သည့္အေစခံအားလုံးကို ယြီဖင္ယန္က အသစ္ေတြျဖင့္ အစားထိုးခဲ့သည္။ အေစခံစာခ်ဳပ္ကိုလည္း ယြီရွန္းထံကို လႊဲေျပာင္းေပးလိုက္ၿပီး အုပ္ခ်ဳပ္ခြင့္ေပးလိုက္သည္။

အရင္ကထက္စာရင္ ယြီရွန္းက ယြီဖင္ယန္ကို ပိုကပ္လာခဲ့သည္။ ယြီဖင္ယန္ကို တစ္ရက္၃ႀကိမ္ေတြ႕ရသည္။ သူ(မ)က ယြီဖင္ယန္ကို တစ္ရက္၃ႀကိမ္ မေတြ႕ရပါက မစားႏိုင္၊ မအိပ္ႏိုင္ႏွင့္ စိတ္ဆိုးေနတတ္သည္။ ယြီဖင္ယန္ကလည္း သူ႔ညီမေလးရဲ႕ ေတာင္းဆိုခ်က္ကို အတတ္ႏိုင္ဆုံး ျဖည္းဆည္းေပးကာ ေက်နပ္ေအာင္ လုပ္ေပးခဲ့သည္။ ယြီဖင္ယန္ဆီမွာ ပစၥည္းေကာင္းေတြရွိပါကလည္း ယြီရွန္းရဲ႕ အေဆာင္ေတာ္ကို ပို႔ေပးတတ္သည္။

ယြီဖင္ယန္က အသက္ငယ္ငယ္ေလးနဲ႔ရင့္က်က္ခဲ့ကာ ဘဝရဲ႕အတက္အက် အေျခအေနမ်ိဳးစုံကိုလည္း ႀကဳံခဲ့ၿပီး ထပ္ခါထပ္ခါ လုပ္ႀကံခံရျခင္းမ်ား၊ အကြက္ခ်ခံရျခင္းမ်ား၊ ႏိုင္ငံေရး ပဋိပကၡမ်ားေၾကာင့္ သူ႔ရဲ႕ႏွလုံးသားက ေအးခဲသြားခဲ့သည္။ စံအိမ္ေတာ္တြင္ လူေပါင္းမ်ားစြာရွိသည္။ ယြီဖင္ယန္က အရင္တုန္းက မဒမ္အိုႀကီးကိုပဲ ဂ႐ုစိုက္ခဲ့ေပမယ့္ အခုေတာ့ ယြီရွန္းကိုပါ အလြန္ဂ႐ုစိုက္ေနၿပီျဖစ္ကာ လင္ရွီ၊ ယြီစီးယြီႏွင့္ ေပ်ာက္ဆုံးေနသည့္ ညီမအရင္းကိုေတာ့ အျပင္လူအျဖစ္ကဲ့သို႔သာ ျပဳမူဆက္ဆံသည္။

ထိုအခ်က္ေတြေၾကာင့္ အျပင္က လူေတြက ယြီဖင္ယန္ကို ရက္စက္ၿပီး ႏွလုံးသားမဲ့သည့္လူဟု ထင္ေၾကးေပးၾကသည္။

သို႔ေပမယ့္ အျပင္လူေတြ ဘယ္ေလာက္ပဲ ေဝဖန္ပါေစ ယြီရွန္းက ထိုကဲ့သို႔ေသာ ယြီဖင္ယန္ကို အလြန္သေဘာက်သည္။ ယြီရွန္းက လုပ္စရာမရွိပါက ယြီဖင္ယန္ သူ(မ)ကို ေပးခဲ့သည့္ၾကာပြတ္ကိုထုတ္ကာ ၿပဳံးၿပီး ျငင္သာသြာ ေဝ့ယမ္းေနတတ္သည္။

ထိုေန႔က ယြီဖင္ယန္ ညေနပိုင္း မလာခဲ့ေပ။ ယြီရွန္းက ေစာင့္ေနရင္းျဖင့္ ပိုစိတ္လႈပ္ရွားလာခဲ့သည္။ သူ(မ)က စားပြဲကို ၾကာပြတ္ျဖင့္႐ိုက္ကာ ေအာ္ဟစ္ေလသည္

"ေထာင္ဟုန္ အေရွ႕ေဆာင္ကိုသြားၿပီး အစ္ကိုႀကီး ျပန္လာၿပီလားဆိုတာ သြားၾကည့္စမ္း"

"အခုပဲ ဒီအေစခံ သြားလိုက္ပါ့မယ္"

ေထာင္ဟုန္က အမိန္႔အတိုင္း ထြက္သြားခဲ့သည္။ သူ(မ)ထြက္သြားသည္ႏွင့္ စိတ္လႈပ္ရွားေနေသာ အမူအရာျဖင့္ မာေမာေမာလာေနတာျဖင့္ ဆုံလိုက္ေလသည္။ မာေမာေမာက အသက္ကို အေမာတေကာရႉကာ ေျပာေလသည္

"ေထာင္ဟုန္နဲ႔လ်ိဳလြီ႕ နင္တို႔သခင္မေလးကို အျမန္ေလး မဒမ္ႀကီးရဲ႕ အေဆာင္ၿခံထဲ ပို႔ေပးလိုက္၊ မဒမ္ႀကီးမွာ အေရးႀကီးကိစၥရွိေနတယ္၊ ျမန္ျမန္ ျမန္ျမန္"

မာေမာေမာက အၿမဲလိုလို အိေျႏၵသိကၡာႀကီးစြာ ေနထိုင္ေလ့ရွိသည္။ မာေမာေမာ ဒီေလာက္ အလ်င္စလို စိတ္လႈပ္ရွားေနသည့္ ပုံကို ေထာင္ဟုန္ အခုမွ ပထမဆုံးအႀကိမ္ ျမင္ဖူးျခင္းျဖစ္သည္။ သူ(မ)က အျမန္ေလး အခန္းထဲျပန္သြားကာ စိတ္မရွည္ျဖစ္ေနသည့္ သခင္မေလးကို တြန္းေခၚလာခဲ့သည္။

"ဘာကိစၥလဲ"

ယြီရွန္းက ပိုၿပီး စိတ္ရႈပ္လာခဲ့သည္။

"သခင္မေလး မႉးမတ္ႀကီးကို ေဖ်ာင္းဖ်ေပးပါဦး"

လ်ိဳလြီ႕က တြန္းဖို႔အားမရွိဘူးလို႔ မာေမာေမာထင္တာေၾကာင့္ လ်ိဳလြီ႕ဖက္ ဝင္တြန္းကူကာ ႏူးညံ့စြာ ရွင္းျပေလသည္

"မႉးမတ္ႀကီး ဘာေတြ စိတ္ညႇိဳ႕ခံေနရလဲ မသိပါဘူး၊ စစ္တပ္ထဲဝင္မလို႔တဲ့ေလ၊ သူက အထုတ္ေတြေတာင္သိမ္းၿပီးလို႔ ဒီညပဲ ေဟြးရွီတပ္စခန္းကို သြားမလို႔တဲ့၊ ေဟြးရွီတပ္စခန္းက စစ္ျဖစ္ေနတဲ့ ေရွ႕ပိုင္းစစ္စခန္းပဲ၊ ဟိုးတုန္းက မႉးမတ္အိုႀကီးက ျမင္းတပ္ရဲ႕ ဗိုလ္မႉးႀကီးေလ စစ္ပြဲအတြင္းမွာပဲ ဆုံးသြားခဲ့တာ၊ မင္းသားယြီကိုလည္း ဘုရင္ႀကီးက ေနာက္ႏွစ္ေႏြဦးအစမွာ ဒဏ္ခတ္မယ္လို႔လည္း ေျပာတယ္၊ မႉးမတ္ႀကီးက အခု အေနာက္ေျမာက္အရပ္ကို သြားဖို႔ျပင္ေနတယ္၊ မႉးမတ္ႀကီးက သခင္မေလးရဲ႕ စကားကို နားေထာင္ပါတယ္ သူ႔ကို တားေပးပါဦး"

ထိုစကားေတြၾကားၿပီးေနာက္ ယြီရွန္းရဲ႕ မ်က္ႏွာက ပိုမည္းေမွာင္ လာခဲ့သည္။ သူ(မ)က ၾကာပြတ္ကိုပဲ တင္းၾကပ္ေနေအာင္ ဆုပ္ကိုင္ထားခဲ့သည္။

ယြီရွန္း အခန္းထဲဝင္လိုက္ေတာ့ မဒမ္အိုႀကီးက ရင္ဘတ္ကိုလက္တစ္ဖက္ျဖင့္ ဖိကာ ေနာက္လက္တစ္ဖက္က အမူအရာကင္းမဲ့ေနသည့္ ယြီဖင္ယန္ကို လက္ညိဳးထိုးထားေလသည္။ မဒမ္အိုႀကီးရဲ႕ ႏႈတ္ခမ္းေတြက တုန္ယင္ေနကာ ေဒါသတႀကီး ေျပာဆိုေနသည္။ ယြီရွန္း ဝင္လာတာေတြ႕ေတာ့ သူ(မ)က အေလာတႀကီးေျပာေလသည္

"ရွန္းအာ အခ်ိန္ကိုက္ေရာက္လာတာပဲ၊ သူက စစ္ထဲဝင္ခ်င္ေနတယ္၊ စစ္ထဲကို အေပ်ာ္ဝင္တယ္မ်ားထင္ေနလား မသိဘူး"

ယြီဖင္ယန္ကလည္း ဆက္ၿငိမ္မေနႏိုင္ေတာ့ေပ။ သူက မ်က္ေမွာင္ၾကဳပ္ကာ ေျပာေလသည္

"အဖြား ဘာလို႔ ရွန္းအာကို ေခၚလိုက္တာလဲ၊ ဒီကိစၥေတြသိဖို႔ သူအရမ္းငယ္ေသးတယ္"

"ဘာလို႔ မသိေစခ်င္တာလဲ"

ယြီရွန္းက မာေမာေမာကို ယြီဖင္ယန္ဆီ တြန္းပို႔ခိုင္းခဲ့သည္။ သူ(မ)က ယြီဖင္ယန္ရဲ႕ လက္ေမာင္းကို တြယ္ဖက္ကာ

"မသြားပါနဲ႔၊ အစ္ကိုႀကီးသြားရင္ သမီးနဲ႔အဖြားက ဘယ္လိုလုပ္မလဲဟင္"

သူ(မ)က စကားေျပာၿပီးေနာက္ မ်က္ရည္ေတြ က်ဆင္းလာခဲ့သည္။

သူ(မ)ငိုတာကိုျမင္ရတာက ယြီဖင္ယန္ မခံႏိုင္ဆုံး ကိစၥျဖစ္သည္။ ယြီရွန္းကို ဝွီးခ်ဲထဲကေနသယ္ထုတ္ကာ သူ႔ေပါင္ေပၚထိုင္ခိုင္းထားလိုက္ၿပီး မ်က္ရည္ေတြကို ႏူးညံ့စြာ သုတ္ေပးခဲ့သည္။ ယြီရွန္း စိတ္ၿငိမ္သြားမွ ေသခ်ာေလးရွင္းျပေလသည္

"အင္ပါယာ အကယ္ဒမီကို ေက်ာ္ျဖတ္ႏိုင္ၿပီး အရာရွိျဖစ္ခဲ့ရင္ ၃ႏွစ္အတြင္း အေထြေထြအုပ္ခ်ဳပ္ေရးရဲ႕အတြင္းေရးမႉး ျဖစ္လာႏိုင္တယ္၊ ၅ႏွစ္အတြင္း ဝန္ႀကီးအဖြဲ႕ရဲ႕တပ္မေတာ္မွာ ပညာသင္ခြင့္ရမယ္၊ ၁၀ႏွစ္အတြင္းမွာ အေထြေထြအုပ္ခ်ဳပ္ေရးမွာ လက္ေထာက္ အတြင္းေရးမႉး ျဖစ္လာႏိုင္တယ္၊ ေနာက္ထပ္၃ႏွစ္အတြင္းဆိုရင္ အေထြေထြအုပ္ခ်ဳပ္ေရးရဲ႕ အေထြေထြလက္ေထာက္ ျဖစ္လာႏိုင္တယ္၊ ထိပ္ဆုံးရာထူး၃ခုကို ေရာက္ဖို႔ ႏွစ္၂၀ေလာက္ ၾကာမယ္၊ ၂၁ႏွစ္ၾကာၿပီးရင္ ရွန္းအာက အသက္၃၁ေလာက္ရွိၿပီ၊ အစ္ကိုႀကီးက ရွန္းအာေလးကို မကာကြယ္ႏိုင္ေသးသလို မႉးမတ္စံအိမ္ေတာ္ႀကီးကလည္း အဖြားရွိတုန္းကေလာက္ မခမ္းနားေသးဘူး၊ ဒီလို အျဖစ္မခံႏိုင္ဘူး"

တုန္ယင္ေနသည့္ မဒမ္အိုႀကီးရဲ႕ လက္ေတြ ရပ္သြားခဲ့သည္။ မ်က္လုံးမွိတ္ကာ ပုတီးစိပ္လိုက္သည္။ ေနာက္ဆုံး စကားေၾကာင့္ သူ(မ) ဆြံ႕အသြားခဲ့သည္။

"ဒါေပမဲ့ အခု အစ္ကိုႀကီးက မႉးမတ္ႀကီးေလ"

ယြီရွန္းက ႏွာရႈပ္ေလသည္။

"အ႐ူးမေလး အရာရွိအေနနဲ႔ ရာထူးေခါင္းစဥ္က ကြာတယ္ေလ၊ စြမ္းအားမရွိရင္ တက္နင္းခံရမွာပဲ"

ယြီဖင္ယန္က ယြီရွန္းရဲ႕ မ်က္လုံးႏွင့္ ႏွာေခါင္းကို တို႔ထိကာ

"၂၁ႏွစ္လုံး မၿပီးႏိုင္တဲ့ ရည္မွန္းခ်က္ပန္းတိုင္ကို စစ္ပြဲကို အႀကိမ္အနည္းငယ္ေလာက္ သြားလိုက္တာနဲ႔ ရႏိုင္တယ္၊ ရွန္းအာ အဖြားနဲ႔မင္းကို အခု ဘဝထက္ ပိုေကာင္းမြန္ေအာင္ ေနထိုင္ေစခ်င္တယ္"

ခ်င္းဟယ္ကြၽင္းက်ဴ အႏိုင္ယူလို႔ရသည့္ ဒီဘဝမွာတင္ သူ(မ)ကို မေနထိုင္ေစခ်င္ေပ။

အထက္စီးကေန သူ႔ကိုေကာ သူ႔မိသားစုကိုပါ ဘယ္သူမွ တက္နင္းခြင့္မျပဳႏိုင္ေပ။ သူ ငယ္ငယ္တုန္းက အခက္အခဲေတြကို ခံစားခဲ့ရၿပီးၿပီျဖစ္သည္။ အျမင့္ဆုံးမွာရပ္ၿပီး လွပသည့္ ရႈခင္းကိုသာ ၾကည့္လိုသည္။ ၂၁ႏွစ္ၾကာၿပီးရင္ ဘာေတြဘယ္လိုျဖစ္ေနမွာလဲ။ ၂၁ႏွစ္ၾကာေအာင္ သူ မေစာင့္ႏိုင္သလို အဖြားႏွင့္ ရွန္းအာလည္း မေစာင့္ႏိုင္ေပ။

ေတြးေတာၿပီးေနာက္ သူရဲ႕ႏူးညံ့သည့္ မ်က္လုံးေတြက ပိုၿပီး ဆုံးျဖတ္ခ်က္ ခိုင္မာလာခဲ့သည္။

မဒမ္အိုႀကီးက မ်က္လုံးဖြင့္ကာ သူ႔ကို ၾကည့္လိုက္သည္။ ထို႔ေနာက္ မ်က္လုံး ထပ္ပိတ္လိုက္သည္။ လက္ထဲက စိပ္ပုတီးကို အျမန္ေလးလွည့္ပတ္ေနလိုက္သည္။ သူ(မ)ေျမးကလည္း ေယာက္်ားတစ္ေယာက္ျဖစ္ၿပီး အဖိုးျဖစ္သူထက္ ပိုသန္မာရဲရင့္သည့္ ေျမးမလို႔ ဆုံးျဖတ္ခ်က္ခ်ၿပီးပါက ဘယ္သူမွ တားမရတာကို သူ(မ)သိသည္။

မဒမ္ႀကီးေလာက္ ယြီဖင္ယန္ကို နားလည္သည့္ ယြီရွန္းကလည္း မေတာင္းဆိုေတာ့ေပ။ လူငယ္ေလးရဲ႕ မ်က္လုံးထဲက ရည္မွန္းခ်က္ႀကီးေနသည့္ အျမင္ေတြကိုျမင္လိုက္ရေတာ့ မတားမိေတာ့ေပ။ ဒီလူက အေတာင္ကိုျဖန္႔ကာ ေကာင္းကင္တခြင္ပ်ံဝဲေနမည့္ သိမ္းငွက္ျဖစ္ၿပီး အလွၾကည့္ဖို႔ ေ႐ႊေလွာင္အိမ္ထဲမွာ ေသာ့ခတ္ကာ သိမ္းထားရမည့္ ၾကက္တူေ႐ြး မဟုတ္ေပ။ ေဖ်ာင္းဖ်ေနရင္ အေမာဆို႔တာပဲ အဖတ္တင္မည္။

ဒါက အဆုံးသတ္ ဆုံးျဖတ္ခ်က္ပဲဆိုတာ သူ(မ)သိလိုက္တာေၾကာင့္ မ်က္လုံး မွိတ္ထားလိုက္သည္။ သူ(မ)က မွာေလသည္။

"အစ္ကိုႀကီးသာ စစ္ပြဲမွာ မေတာ္တဆျဖစ္သြားခဲ့ရင္ သမီးနဲ႔ အဖြား ဘယ္လိုျဖစ္သြားမလဲ ဆိုတာ သိလား၊ ေဆြမ်ိဳးေတြက အစ္ကိုႀကီး သင္ခန္းစာေပးထားလို႔ ေၾကာက္ေနေပမယ့္ ရင္ထဲကေနေတာ့ အၿငိဳးေတြ ထားေနမွာ၊ အဲအခ်ိန္က်ရင္ သမီးတို႔ကို အရွင္လတ္လတ္ ဝါးၿမိဳသြားလိမ့္မယ္၊ အဖြားကလည္း အသက္ႀကီးေနလို႔ လႈပ္ႏိုင္မွာ မဟုတ္သလို သမီးကလည္း ေအာက္ပိုင္းေသေနလို႔ အားကိုးလို႔ မရဘူး၊ အစ္ကိုႀကီးကသာ သမီးတို႔ရဲ႕ ေနာက္ခံပဲ၊ အစ္ကိုႀကီးမရွိရင္ သမီးတို႔ေတြလည္း အသက္ရွင္ႏိုင္မွာ မဟုတ္ဘူး"

မဒမ္အိုႀကီးလည္း ရင္ထဲထိသြားကာ မ်က္ရည္စို႔သြားခဲ့သည္။ ေျမးမေလးက စိတ္ထိခိုက္ကာ ေျမးျဖစ္သူက မလႊတ္ဘူးဟု ထင္ခဲ့မိေပမယ့္ ေျမးမေလးက အမိန္႔တစ္ခု ေပးေလသည္။

"အစ္ကိုႀကီး အသက္ရွင္လ်က္ ျပန္လာရမယ္၊ အစ္ကိုႀကီး တစ္ခုခုျဖစ္ရင္ သမီးလည္း ေသပစ္မယ္၊ သမီးက နဂိုကတည္းက ေအာက္ပိုင္းေသေနတဲ့လူပဲ အသက္ရွင္စရာ အေၾကာင္း မရွိဘူး"

သူ(မ)က စကားေျပာရင္းၿပဳံးကာ မ်က္ရည္ေတြလည္း ပိုဝဲခဲ့သည္။

ယြီဖင္ယန္က သူ(မ)ကို လက္ေမာင္းထဲ ေပြ႕ဖက္ထားခဲ့သည္။ ခဏေလာက္ေနၿပီးမွ ၾသရွသည့္ အသံျဖင့္ ေျပာေလသည္။

"အစ္ကိုႀကီးက ေဘးကင္းစြာ ျပန္လာမယ္ဆိုတာ စိတ္ခ်လိုက္၊ ေသမယ္ ရွင္မယ္ ဆိုတာ ဘာေတြေျပာေနတာလဲ၊ ေနာက္တစ္ခါက်ရင္ ဒီလိုေတြေျပာခြင့္မျပဳဘူးေနာ္"

"ဟုတ္ကဲ့ပါ မေျပာေတာ့ပါဘူး"

ယြီရွန္းက ယြီဖင္ယန္ရဲ႕ ရင္ဘတ္က အဝတ္ျဖင့္ မ်က္ရည္ေတြ ပြတ္သုတ္ပစ္ကာ သူ႔လက္ေမာင္းကို ၾကာပြတ္ျဖင့္ ျဖည္းညင္းစြာ ႐ိုက္ၿပီး အျပစ္တင္ေလသည္

"ဆုံးျဖတ္ခ်က္ခ်ၿပီးမွ အဖြားနဲ႔သမီးကို အသိေပးတယ္၊ ဘယ္သူက ကိုယ့္စိတ္တိုင္းက် လုပ္ခိုင္းလို႔လဲ"

သူ(မ)က ၂ခ်က္ေလာက္႐ိုက္ၿပီး ရင္ခြင္ထဲဝင္ကာ မ်က္ရည္ထပ္သုတ္ခဲ့သည္။ ဒါက လက္စားေခ်တာျဖစ္သည္။

ၾကာပြတ္က ကိုယ္ခႏၶာကို႐ိုက္မိတာ မဟုတ္ဘဲ ယြီဖင္ယန္ရဲ႕ ႏွလုံးကို ထိသြားခဲ့တာ ျဖစ္သည္။ ႏွလုံးသားေလး နာက်င္သြားေပမယ့္ ေပ်ာ္႐ႊင္ေနရသည္။ ယြီဖင္ယန္ရဲ႕ ဝမ္းနည္းမႈေတြက ခ်က္ခ်င္း ေပ်ာက္ကြယ္သြားခဲ့ကာ ညီမေလးကို ေပြ႕ဖက္ထားခဲ့သည္။ ညစ္ပတ္တယ္လို႔ မေျပာဘဲ မ်က္ရည္ေတြႏွင့္ ႏွပ္ေခ်းေတြကိုလည္း လက္ျဖင့္ သုတ္ေပးခဲ့သည္။ ထို႔ေနာက္ သူ(မ)လက္ထဲက ၾကာပြတ္ကို ယူကာ အဖြားကို ကမ္းေပးၿပီး

"အဖြား ဒီေျမးကို ႐ိုက္လိုက္ပါ၊ အဖြားေဘးမွာ မေနႏိုင္တာ ဒီေျမးရဲ႕အျပစ္ပါ"

မဒမ္အိုႀကီးကေတာ့ အမူအရာ မေျပာင္းလဲစြာ ေနေနသည္။ သူ(မ)က ၾကာပြတ္ကိုယူကာ ႐ိုက္လိုက္သည္။ သို႔ေပမယ့္ အဝတ္အစားကိုသာ ဖြဖြေလးထိၿပီး ကလိထိုးေနသလို ျဖစ္ေနသည္။ သူ(မ)ရဲ႕ ေျမးက မ်က္ေမွာင္ၾကဳတ္ကာ နာခ်င္ေယာင္ေဆာင္တာေတြ႕ေတာ့ ရပ္လိုက္ေလသည္။ သူ(မ)က သုန္မႈန္စြာ ေျပာေလသည္

"ေအး ဟန္ေဆာင္မေနနဲ႔ သြားၿပီး အထုတ္သိမ္းေတာ့ ေဘးကင္းေအာင္ ျပန္လာခဲ့"

ယြီဖင္ယန္က ေခါင္းညိတ္ျပခဲ့သည္။ ထို႔ေနာက္ ယြီရွန္းကို ခ်ီကာ ထြက္သြားၿပီး တံခါးနားေရာက္ေတာ့ အဖြားျဖစ္သူရဲ႕စကားကို ၾကားလိုက္ေလသည္

"နင့္အေမဆီ သြားလည္ဦး၊ သူက အားမကိုးရေပမယ့္လည္း အေမပဲေလ၊ သူမ်ားေတြ မေကာင္းေျပာတာ မခံရေစနဲ႔"

ယြီဖင္ယန္က ေခါင္းညိတ္ကာ ဝင္ေပါက္ဆီ ေလွ်ာက္သြားလိုက္သည္။ သူ႔လက္ထဲက ညီမျဖစ္သူကိုၾကည့္ကာ

"ရွန္းအာ အေမနဲ႔ေတြ႕ခ်င္လား"

"သူက သမီးကို မေတြ႕ခ်င္သလို သမီးကလည္း သူ႔ကို မေတြ႕ခ်င္ဘူး၊ တစ္ေယာက္နဲ႔တစ္ေယာက္ မပတ္သက္တာပဲ ေကာင္းပါတယ္၊ အစ္ကိုႀကီးပဲ သြားလိုက္ေတာ့"

ယြီရွန္းက မတုံ႔မဆိုင္း ျငင္းခဲ့သည္။ အရင္ဘဝကတည္းက မိခင္ေမတၱာကို မေမွ်ာ္လင့္ခဲ့တာေၾကာင့္ ဒီဘဝလည္း ေထြေထြထူးထူး ခံစားမေနရေပ။ လင္ရွီက သူ(မ)အတြက္ေတာ့ သူစိမ္းသာျဖစ္သည္။ အနာဂတ္မွာ ဒီကိုယ္ခႏၶာရဲ႕မူလပိုင္ရွင္ရဲ႕ မိဘေတြကို ရွာေတြ႕ခဲ့ရင္ေတာင္ ရင္းႏွီးသည့္ ဆက္ဆံေရးရွိမည္ မဟုတ္ေပ။

ေအးတိေအးစက္ ေျပာလာတာကို ယြီဖင္ယန္က ရယ္ေလသည္။ သူ(မ)ကို ဝွီးခ်ဲေပၚ တင္ေပးၿပီးေနာက္ ဆံပင္ကို ထိုးဖြလိုက္သည္။ ထို႔ေနာက္ မိခင္ျဖစ္သူရဲ႕ ၿခံထဲ ဝင္သြားလိုက္သည္။ ယြီရွန္းက ဘာလို႔ သူ႔ညီမအရင္း မဟုတ္ရမွာလဲ။ စိတ္ဓာတ္ကအစ သူနဲ႔ လာတူေနတယ္ေလ။ တည့္တိုးဆန္တယ္၊ ႀကိဳက္တာမႀကိဳက္တာကို တည့္ေျပာတယ္၊ အရင္းႏွီးဆုံး ေဆြမ်ိဳးေတြကို မိသားစုဝင္အျဖစ္ မသတ္မွတ္ဘူး စတာေတြက သူနဲ႔တူတာ ျဖစ္သည္။

မဟုတ္ဘူး အရင္းႏွီးဆုံးေဆြမ်ိဳးေတြကို မိသားစုဝင္အျဖစ္ သတ္မွတ္မခံရတာ မဟုတ္ဘဲ သူ(မ)သိတဲ့လူ အရမ္းနည္းတာျဖစ္သည္။ သူ႔အျပင္ အဖြားကိုေတာင္ ႏွလုံးသားထဲ ထည့္ပုံမေပၚေပ။ စိတ္သေဘာထားက အရမ္းေအးစက္ကာ ႏွလုံးသားမဲ့သည္။

ထိုသို႔ေတြးေပမယ့္ ယြီဖင္ယန္က မွားယြင္းတယ္လို႔ေတာ့ မခံစားရေပ။ သိမ္ေမြ႕သည့္ ေက်နပ္ျခင္းကိုသာ ခံစားေနရသည္။

မာေမာေမာက သံသယရွိတာေတြ အကုန္မီးရႈိ႕ပစ္ၿပီးေနာက္ လင္ရွီရဲ႕ၿခံဝန္းက အလြန္က်ယ္ဝန္းေနၿပီး မီးမွိန္ေနသည္။ ေလထုထဲမွာ ပူေဇာ္ထားသည့္ ဖေယာင္းဆီနံ႔ေတြထြက္ေနၿပီး လူကို မသက္မသာျဖစ္ေစသည္။

ေဟာခန္းထဲက စားပြဲအလယ္မွာ မႉးမတ္ႀကီး ယြီကြၽင္းက်ဲ ဆိုသည့္ ကမၸည္းတိုင္ရွိသည္။ ႏွစ္တိုင္းတိုက္ထားတာေၾကာင့္ ေျပာင္လက္ေနသည္။ ေသဆုံးသြားသည့္ခင္ပြန္း ဟူေသာစာသား အနီေလးကလည္း ဒီေန႔ထိ ေတာက္ေျပာင္ေနဆဲျဖစ္သည္။

ယြီဖင္ယန္က တစ္ခ်က္ၾကည့္ၿပီး အၾကည့္လႊဲကာ ေျမျပင္ကို စိုက္ၾကည့္လိုက္သည္။

လင္ရွီက ပန္းစာ႐ြက္အထပ္က စာေတြကိုသာ အာ႐ုံစိုက္ဖတ္ေနသည္။ သူ(မ)က တစ္ခုခုကို ေတြးေတာမိၿပီးေနာက္ ၿပဳံးေနခဲ့သည္။ သူ(မ)က မ႐ုန္းထြက္ႏိုင္သည့္ အတိတ္က အမွတ္တရေဟာင္းေလးေတြမွာသာ နစ္ျမႇဳပ္ေနခဲ့သည္။ ယြီဖင္ယန္ကေတာ့ စကားေတြ အၾကာႀကီး ေျပာေနခဲ့ၿပီးမွ သူ(မ)က အသိဝင္လာကာ လက္ေဝ့ယမ္းျပကာ

"သြားေတာ့ ကိုယ့္ဘာသာကိုယ္ ဂ႐ုစိုက္"

ထင္ထားသည့္အေျဖကိုသာ ရခဲ့သည္။ ယြီဖင္ယန္ရဲ႕ မ်က္လုံးေတြက အနည္းငယ္ ေအးစက္သြားခဲ့သည္။ ရွန္းအာရဲ႕ ေၾကာင္ကေလးလိုငိုေနသည့္ပုံစံ အဖြားရဲ႕ ေဒါသထြက္ေနသည့္ ပုံစံေလးကို ျပန္ေတြးလိုက္ၿပီးေနာက္ ေအးစက္စြာ ၿပဳံးလိုက္သည္။ အဆင္ေျပပါတယ္ ကာကြယ္ေပးခ်င္တဲ့လူေတြကိုပဲ ဂ႐ုစိုက္တယ္။ အပိုလူေတြကို စိတ္ထဲမထားေပ။

သူက ဘာမွမေျပာလဲ ထထြက္သြားခဲ့သည္။ သို႔ေပမယ့္ လင္ရွီရဲ႕ တားျမစ္တာကို ခံလိုက္ရသည္။

"နင့္ညီမကို ရွာေတြ႕ၿပီလား၊ ႏွစ္ဝက္ေလာက္ၾကာတာေတာင္ ဘာသတင္းမွ မၾကားရေသဘူး၊ ေသခ်ာေကာ ရွာရဲ႕လား"

လင္ရွီကို ေက်ာေပးရပ္ေနကာ ယြီဖင္ယန္ရဲ႕ လွပသည့္ မ်က္ႏွာက ျမဴဆိုင္းေနၿပီး ၾသရွသည့္အသံျဖင့္ ေျပာေလသည္

"ေသခ်ာအားစိုက္ရွာပါတယ္ ဒါေပမဲ့ လူေတြက အမ်ားႀကီးေလ၊ ဟန္မင္းဆက္ရဲ႕ နယ္ေျမမွာ လအနည္းငယ္ေလာက္နဲ႔ ရွာေတြ႕ဖို႔ဆိုတာ မလြယ္ဘူး၊ ဒီကိစၥကို စိတ္မပူပါနဲ႔ အေမ သူအသက္ရွင္ေနသ၍ တစ္ေန႔က်ရင္ သူ႔ကိုရွာေတြ႕မွာပါ"

စကားေျပာလို႔ မဆုံးခင္မွာဘဲ အက်ႌလက္ကို ခါယမ္းကို ထြက္သြားခဲ့သည္။

#####

Continue Reading

You'll Also Like

215K 31.7K 200
အကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်န...
18.1K 417 53
သိုင်းလောကစာအုပ်နာမည်နဲ့ဇာတ်လမ်းမိတ်ဆက် သိုင္းေလာကစာအုပ္နာမည္နဲ႔ဇာတ္လမ္းမိတ္ဆက္ Xianxia book listလို့ နာမည်ပေးထားပေမယ့် ဖတ်လို့ကောင်းမယ့် သိုင်းစာစဉ်...
232K 37.4K 62
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
510K 84.7K 128
The story is not mine. It's just a translation. All credit goes to the original author.