Mr.Rong's ချစ်မှုရေးရာ ဒိုင်ယ...

By eithethmue

51.9K 7K 113

မင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေး... More

Chapter 1.1
Chapter 1.2
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9.1
Chapter 9.2
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70
Chapter 71
Chapter 72
Chapter 73
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6
Extra 7
Extra 8
Extra 9
Extra 10
Extra 11
End of Extra

Chapter 47

500 82 2
By eithethmue


Chapter 47:

သူက တကယ် ချစ်စရာကောင်းတယ်။





တကယ်ကို မူမမှန်သည့်လူပင်။ အကယ်၍ ဤလူသည် ပုံမှန်စိတ်အခြေအနေဖြင့် မွေးဖွားလာသူသာ မဟုတ်ပါက သူ၏ဘဝတွင် တစ်စုံတစ်ခုက ဤရောဂါမျိုးရအောင် လှုံ့ဆော်ခဲ့ခြင်း ဖြစ်ပေမည်။

အကယ်၍ နောက်ပိုင်းတွင် ထပ်မံ ဖြစ်ပွားခဲ့ပါက ရုန်ယီသည် မလွှဲမရှောင်သာဘဲ ဒရာမာဇာတ်ညွှန်းကို ထပ်မံ ရေးသားရဦးမည်။ အခြားအချက်အလက်များသည် ချန်းခယ့်ယောင်နှင့် တိုက်ဆိုင်မှုမရှိသော်လည်း ယခုအကြိမ်၌ မယုံနိုင်စရာ တိုက်ဆိုင်မှုအချို့ ရှိလာခဲ့သည်။

အကယ်၍ ထိုလူသာ အမှန်တကယ် ချန်းခယ့်ယောင် ဖြစ်နေလျှင် သူလည်း ရုန်ယီကို ချစ်နေပြီး ထိုရောဂါကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရသည် ဟု ဆိုလိုခြင်း မဟုတ်ပါလား။

ချန်းခယ့်ယောင်ထံမှ မည်သည့်အရာကိုမျှ မမျှော်လင့်သင့် ဟု သူ့ကိုယ်သူ အကြိမ်တစ်သောင်းမက သတိပေးနေလျက်ရှိသော ရုန်ယီသည် အလျင်အမြန် စာပြန်လိုက်၏။

"သေချာတာပေါ့။ သတင်းအချက်အလက်တွေ ပြောပြပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ လက်တွေ့ဘဝမှာ ဘယ်သူ့ကိုမှ မပြောပြနိုင်တဲ့ ကိစ္စတွေရှိလာခဲ့ရင် ကျွန်တော့်ကို ပြောပြလို့ရတယ်နော်။ လွန်ခဲ့တဲ့ရက်တွေတုန်းက ကျွန်တော် အလုပ်များနေလို့ လိုင်းမတက်ဖြစ်တာပါ။ နောက်ရက်တွေကျရင် မက်ဆေ့ခ်ျတွေကို စစ်ဖို့ နေ့တိုင်း လော့ဂ်အင်ဝင်တော့မယ်"

တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရလွယ်ကူစေရန်အတွက် သူ၏ wechat အကောင့်ကိုပင် ပေးထားရန် စိတ်ကူးမိသော်လည်း သူသည် အစပိုင်းတွင် လိမ်ညာခဲ့ပြီး တစ်ဖက်လူက ချန်းခယ့်ယောင် ဟုတ်၊မဟုတ် မသိနိုင်သောကြောင့် နောက်ဆုံးတွင် သူ လက်လျှော့လိုက်လေသည်။

စာပြန်ပို့ပြီးနောက်တွင် သူ လက်ထဲတွင် မိုဘိုင်းလ်ဖုန်းကို ကိုင်၍ အချိန်အတော်ကြာသည်အထိ refreshလုပ်ကြည့်ခဲ့သော်လည်း မည်သည့်စာအသစ်တစ်စောင်မျှ ဝင်မလာတော့ပေ။

သူ ပို၍ စောင့်နေလေ ပို၍ ကြာသယောင် ထင်ရလေ ဖြစ်သည်။ ရုန်ယီသည် ပထမဦးစွာ ကိုယ်လက်သန့်စင်ပြီး လမ်းလျှောက်ထွက်ရန် ဆုံးဖြတ်လိုက်၏။ သူ ဤနေရာသို့ မလာမီတွင် ရိုးရိုးရှင်းရှင်း ရှာဖွေမှုတစ်ခု ပြုလုပ်ခဲ့ပြီး ဟိုတယ်အနီးတဝိုက်၌ အခြေအနေ သိပ်မဆိုးသော သရေစာ ရောင်းချသည့် ဘား အနည်းငယ် ရှိမှန်း တွေ့ရှိခဲ့သည်။ ယခုလောလောဆယ်တွင် သူ့ထံ၌ မည်သည့်အရာမျှလည်း လုပ်စရာမရှိသည့်အပြင် လေယာဉ်ပေါ်တွင် ကျွေးသော အစားအသောက်များကလည်း သိပ်ပြီး ဗိုက်မပြည့်ခဲ့သောကြောင့် ထိုဆိုင်များကို တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်စမ်းကြည့်နိုင်လေသည်။

.

ရုန်ယီသည် အစားအသောက်နှင့်ပတ်သက်လျှင် ခိုင်မာသော စိတ်ဓာတ်ရှိသူ ဖြစ်သည်။ လူအများစုသည် ဆိုင်တစ်ဆိုင်တွင် အရသာတွေ့ပါက နောက်တစ်ကြိမ် ထိုဆိုင်သို့ လာရန် ဆုံးဖြတ်လေ့ရှိကြသော်လည်း ရုန်ယီကမူ တစ်ခုခုကို အရသာ တွေ့ပါက ကိုယ်တိုင် ချက်ပြုတ်ရန်အတွက် သူ့ကိုယ်သူ စိန်ခေါ်ရန် စိတ်အားထက်သန်နေမည် ဖြစ်သည်။ အမှန်မှာ ကိစ္စတော်တော်များများတွင် ပုံတူကူးချခြင်းသည် ပြည့်စုံသောရလဒ်ကို မရရှိနိုင်ချေ။ မည်သို့ပင်ဆိုစေကာမူ နာမည်ကြီး စားသောက်ဆိုင် အများစုတွင် အလွယ်တကူ လေ့လာ၍မရနိုင်သော ၎င်းတို့၏ ကိုယ်ပိုင်လျှို့ဝှက်နည်းလမ်းများစွာ ရှိသည်။ သို့သော် ၎င်းသည် ရုန်ယီအား ထိုအရာကို ပျော်ရွှင်စွာ လုပ်ဆောင်လိုခြင်းမှ မတားဆီးနိုင်ခဲ့ပေ။

အထူးသဖြင့် ချက်ပြုတ်စမ်းသပ်မှုရလဒ်များကို မျှဝေရန် တစ်စုံတစ်ဦး ရှိလာခဲ့ပြီးနောက်ပိုင်းတွင် ဖြစ်၏။

ရလဒ်အချို့ရလာသည့် အချိန်တိုင်း သူသည် ချန်းခယ့်ယောင်အား ဤဟင်းကို မည်သည့်နေရာတွင် စားခဲ့ဖူးခြင်းဖြစ်ကြောင်း၊ အရသာမှာ ကောင်းမွန်သည့်အတွက် သူ ကိုယ်တိုင်စမ်းချက်ကြည့်ချင်ခြင်း ဖြစ်ကြောင်း အထူးတလည် ပြောပြပေလိမ့်မည်။ ထို့နောက် သူ ချန်းခယ့်ယောင်ကို မေးမည်။

"မင်း ဘယ်လိုထင်လဲ"

အပြုသဘောဆောင်သည့် စကားများ ပြောတတ်ရန် မည်သည့်အခါကမှ မသင်ယူဖူးခဲ့သော ချန်းခယ့်ယောင်သည် သူ၏ ဟင်းချက်ကျွမ်းကျင်မှုကို ချီးကျူးသည့်အခါမှသာ အထူးတလည် ချိုသာစွာ ပြောဆိုတတ်လေသည်။ သူ၏နောက်ဆုံးချီးမွမ်းခဲ့သော စကားမှာ လှည့်ကွက်များနှင့် အဓိပ္ပါယ်အမျိုးမျိုးဖြင့် ပြည့်နှက်နေသော်လည်း ရုန်ယီအတွက် အစွမ်းထက်နေဆဲ ဖြစ်၏။

"ပေါက်ကရတွေ မပြောနဲ့။ ငါ ဒီဟင်းကို အဲ့ဆိုင်မှာ စားခဲ့ပြီးပြီ။ အဲ့ဒါကို မင်း ချက်ထားတာနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"

သို့သော် ၎င်းက လွန်ခဲ့သည့် နှစ်ပတ်လောက်က ဖြစ်သည်။

ဆိုင်ထဲတွင် အစားအသောက်များ လာချပေးမည်ကို စောင့်နေရင်းက ရုန်ယီ ရုတ်တရက် အိပ်ငိုက်လာလေသည်။ အာရုံ အပြောင်းအလဲဖြစ်စေရန်အတွက် သူ၏ အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းကို ထုတ်ကာ screenကို ရည်ရွယ်ချက်မရှိဘဲ ပွတ်ဆွဲလိုက်သည်။

Lockချထားသော screenကို ဖွင့်လိုက်ချင်းချင်း ရုန်ယီ  ထိုဖိုရမ်၏ မျက်နှာပြင်ကို မြင်လိုက်ရသည်။ refresh ပြန်လုပ်ပြီးနောက်တွင် သူ၏ ဝင်စာပုံးမှာ အမှန်တကယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။

ရုန်ယီ အလျင်အမြန် ဝင်ကြည့်လိုက်သောအခါ ထိုလူက တကယ်ကြီး စာပြန်ပို့ထားသည်။

"တော်သေးတာပေါ့။ အရင်ရက်တွေတုန်းက အလွဲလွဲအချော်ချော် ဖြစ်ထားတော့ ခင်ဗျား ကြောက်သွားမလား ဆိုပြီး နည်းနည်း စိုးရိမ်နေမိတာ။ ကျွန်တော် အမြဲတမ်း မေးချင်ခဲ့တဲ့ မေးခွန်းတစ်ခုတော့ ရှိတယ်။ ခင်ဗျားအတွက် ဖြေဖို့ အဆင်ပြေရဲ့လားတော့ မသိဘူး။ ခင်ဗျားကို ဒီလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်စေခဲ့တဲ့ အကြောင်းအရင်းက ဘာများလဲ”

ထိုမေးခွန်းက ရုန်ယီအတွက် အမှန်တကယ် ဖြေရခက်သည်။

သူသည် ချန်းခယ့်ယောင်၏အဖြေကိုပင် ရှာမတွေ့နိုင်ခဲ့ပေ။ အကြောင်းမှာ ထိုလူသည် အိုမီဂါများအပေါ် အဘယ်ကြောင့် ဤမျှ ခါးခါးသီးသီး ဖြစ်နေရသည်ကို သူ ယခုချိန်ထိ အဖြေရှာမရသေး၍ ဖြစ်သည်။

အချိန်အတော်ကြာသည်အထိ ခေါင်းခြောက်အောင် စဉ်းစားပြီးနောက်တွင် မူရင်းပို့စ်အောက်ရှိ မှတ်ချက်များအောက်တွင် တစ်စုံတစ်ဦး ရေးခဲ့သော စကားတစ်ခွန်းကို ရုတ်တရက် သတိရမိသွားသည်။

"ခင်ဗျားက တစ်စုံတစ်ယောက်ဟာ သူ့အလိုလို စိုစွတ်လာတယ်ဆိုတဲ့ အချက်ကို လက်မခံနိုင်တဲ့ အစွန်းရောက် လူမျိုးလား"

ဤအကြောင်းပြချက်သည် အနည်းငယ် အောက်တန်းကျပြီး သွယ်ဝိုက်စွာဖြင့် လိင်ခွဲခြားသည့်သဘော သက်ရောက်သော်လည်း အခြားအကြောင်းပြချက်များထက် လက်တွေ့ကျ၏။

ရုန်ယီသည် မူရင်းစာလုံးများကို ကူးယူရန် ရှက်ရွံ့နေသေးသောကြောင့် အခြားစာလုံးအချို့ကို ပြောင်းသုံးလိုက်သည်။

“တစ်စုံတစ်ယောက်က ကျွန်တော်နဲ့ ပထမလိင်နဲ့ အမျိုးအစား (ကျား၊မ) ချင်းတူတာကို လက်ခံနိုင်တယ်ဆိုပေမယ့် ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ လုပ်ဆောင်မှုတွေမှာ ကွဲပြားမှုတွေ အများကြီး ရှိသေးတယ်။ ကျွန်တော် တော်တော်ကြီး မသက်မသာခံစားရပြီး အဲဒါကို တွေးလိုက်တိုင်း ပျို့အန်ချင်စိတ်ကို ဖြစ်စေတယ်”

ချန်း၏ အမှန်တကယ် ရောဂါလက္ခဏာများနှင့် အင်တာနက်ပေါ်ရှိ သီအိုရီတို့ ပေါင်းစပ်လိုက်သောအခါ အလွန် ကျိုးကြောင်းဆီလျော်ပုံပေါ်သွားသည်။

သူ ပုဇွန်ဖက်ထုပ်စွပ်ပြုတ် တစ်ပန်းကန်လုံး ကုန်အောင် စားပြီးသောအခါ စာမျက်နှာကို refreshပြန်လုပ်ပြီးနောက် တစ်ဖက်လူက စာပြန်ထားသည်ကို တွေ့လိုက်ရသည်။

"ဘရို.. တခြားလူတွေရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ လုပ်ဆောင်မှုတွေကို ဦးနှောက်ထဲမှာ ပုံဖော်ကြည့်ရုံနဲ့ ဘာလို့ စိတ်အနှောင့်အယှက်ဖြစ်ရတာလဲ"

ရုန်ယီသည် ပြန်မဖြေနိုင်ဘဲ ရှက်ရွံ့သွား၏။ သူ၏မျက်နှာနှင့် နားရွက်များပင် နီရဲလာကြသည်။ သူ ဖုန်းကို အချိန်အတော်ကြာအောင် ကိုင်၍ စဉ်းစားပြီးမှ အဖြေပြန်ပို့ရန် ကြိုးစားလိုက်သည်။

"သေချာပေါက် တခြားအချိန်တွေမှာတော့ အနှောင့်အယှက်မဖြစ်ဘူးပေါ့။ ဒါပေမယ့် အဲဒါက အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ မသိစိတ်ကနေ မတွေးမိဘဲနေဖို့ ခက်တယ်"

ဤတစ်ခါတော့ တစ်ဖက်ကလည်း ချက်ချင်းသဘောတူသည်။

"ဟုတ်တယ်။ ကျွန်တော်လည်း အဲ့ကိစ္စကြောင့်ပဲ ဟိုတလောက စိတ်အနှောင့်အယှက် ဖြစ်ခဲ့သေးတယ်။ ဆရာဝန်က ဒီလို အခြေအနေမျိုးကနေ ခဏလောက် ရှောင်နိုင်ဖို့အတွက် နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး အဲ့အကြောင်း သိပ်ပြီး မစဉ်းစားဖို့ ပြောတယ်။ ကျွန်တော် ကြိုးစားကြည့်ပါသေးတယ်။ ဒါပေမယ့် အရမ်း ခက်တယ်။ ကျွန်တော် တကယ် မလုပ်နိုင်ဘူး။ ဆရာဝန်ကလည်း ကျွန်တော့် အတွေးတွေကို လွတ်လွတ်လပ်လပ် လွှတ်ထားနိုင်တယ် နောက်ဆိုရင် တဖြည်းဖြည်း အသားကျသွားလိမ့်မယ် လို့ ပြောရှာပါတယ်။ အဲ့ဒီနည်းအတိုင်းလည်း ကြိုးစားကြည့်ပါသေးတယ်။ ကျွန်တော့်ခန္ဓာကိုယ်က အဲဒါကို ဘယ်လိုလုပ်မှ လက်ခံနိုင်မှာလဲ မသိတော့ဘူး။ တကယ် ခက်တာပဲ"

အတော်လေး သနားစရာကောင်းသည့်ပုံပေါ်သော်လည်း ထိုလူနေရာတွင် ချန်းခယ့်ယောင်ကို မြင်ယောင်ကြည့်ပြီးနောက် ထိုအခြေအနေမှာ တစ်နေရာရာက ရယ်စရာ ကောင်းသွားသည်။

လှောင်ရယ်ပြီးနောက်တွင် ရုန်ယီသည် စာပြန်သည့်နေရာကို သွား၍ နှုတ်ခမ်းကို ကိုက်ကာ ဂရုတစိုက်ဖြင့် စာရိုက်သည်။

"ဒါဆို ခင်ဗျား post မှာ ပြောထားတဲ့ အိုမီဂါကို အခုထိ ချစ်နေတုန်းပဲပေါ့... ဟုတ်လား"

အမှန်မှာ ရုန်ယီသည် စာရိုက်နေစဉ်က အထူးတလည် စိတ်မလှုပ်ရှားမိသော်လည်း 'ပို့'ခလုတ်ကို နှိပ်လိုက်ပြီးသည့်အချိန်၌ သူ၏နှလုံးထဲတွင် ဗုံများ တီးနေသကဲ့သို့ ခံစားလိုက်ရသည်။

ထိုသို့သော အခြေအနေတွင် သူသည် စာမျက်နှာကို အနည်းဆုံး အကြိမ်ပေါင်း ဒါဇင်နှင့်ချီကာ refreshလုပ်ရင်းဖြင့် ဖက်ထုပ်စွပ်ပြုတ်ဆိုင်မှ ဆန်မုန့်ကြော်ဆိုင်သို့ တစ်လမ်းလုံး လျှောက်လာခဲ့ရာ နောက်ဆုံးတွင် အကြောင်းပြန်စာ ဝင်လာသည်။

“အင်း”

ရုန်ယီသည် ဖုန်းကို ကိုင်ထားလျက်က ကြောက်လန့်တကြားဖြင့် တစ်ချက်မှ မလှုပ်ဝံ့ဘဲ အသက် ပြင်းပြင်း ရှူမိလိုက်သည်။

သူသည် နှုတ်ခမ်းများကို တင်းတင်းစေ့ထားရင်းက စိတ်နှလုံးထဲတွင် ဗရမ်းဗတာ ဖြစ်နေသည်။ သူ ပျော်လိုက်ချင်သော်လည်း စိတ်ထဲက မဝံ့ရဲပေ။

'ဟုတ်တယ်၊ ဒီလူက ချန်းခယ့်ယောင် ဟုတ်၊ မဟုတ် အရင်ဆုံး အတည်ပြုသင့်တယ်။ ဘယ်လိုအတည်ပြုရမလဲ။ တိုက်ရိုက်ပဲ ရုတ်တရက်ကြီး မေးလိုက်ရမလား'

သူ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး သူ၏ရှေ့တွင် လက်တစ်စုံက ရုတ်တရက် ပေါ်လာသောအခါ...

"မှာထားတဲ့ ဆန်မုန့်ကြော် ရပါပြီ။ လက်ကို အပူမလောင်မိအောင် သတိထားနော်"

ရုန်ယီသည် ထိတ်လန့်တုန်လှုပ်မှုတွင် နစ်မြုပ်နေသောကြောင့် သူ၏ပတ်ဝန်းကျင်ရှိ လူများအားလုံးကို လန့်ဖြန့်သွားစေသည့် အသံဖြင့် အော်ဟစ်မိသွားသည်။

ရုန်ယီ ဆန်မုန့်ကြော်ကို လှမ်းယူ၍ နီရဲနေသော မျက်နှာဖြင့် ထွက်ပြေးလာသည်။ ခြေလှမ်း အနည်းငယ်လှမ်းပြီးမှ သူ ငွေမချေရသေးသည်ကို သတိရမိသွား၏။ သူသည် ရှက်ရွံ့စွာဖြင့် ချက်ချင်း ဆိုင်သို့ ပြန်ပြေးရန် လှည့်လာသောအခါ ဆိုင်ပိုင်ရှင်သူဌေးသည် အစောင့်အကြပ်များလက်ထဲမှ ထွက်လာကာ အားနေသည့် ကုန်တင်ကားဖြင့် သူ့နောက်ကို လိုက်ရန် အဆင်သင့်ပြင်နေကြောင်း တွေ့လိုက်ရသည်။

၎င်းက အလွန့်အလွန်ကို ရှက်စရာ ကောင်းလှသည်။ ဤအဖြစ်အပျက်သည် နောင်နှစ် 30 ကြာသည်အထိ ရုန်ယီ အိပ်မပျော်သည့်ညများ၌ အိပ်ယာထဲတွင် လှဲလျောင်းနေရင်း အမှတ်ရစေရန် လုံလောက်နိုင်လိမ့်မည် ဟု ခန့်မှန်းမိလိုက်၏။

သို့သော်လည်း ဆိုင်ရှင်သူဌေးက သူသည် သတိလက်လွတ်ဖြင့် စိတ်နှင့်လူနှင့်မကပ် ဖြစ်နေကြောင်းကို ရိပ်မိသွားသောကြောင့် သူ့ကို အစား နှစ်သိမ့်ပေးလိုက်၏။ သူက ပြောသည်။

“အခုလို စိတ်နဲ့လူနဲ့မကပ်တဲ့ လူငယ်လေးတွေကို နေ့တိုင်း တွေ့နေရတာပါပဲ။ ဒီလောက်အထိ ရှက်နေစရာ မလိုပါဘူး လူငယ်လေး"

သို့သော် ရယ်ချင်စိတ်ကို အတင်း မျိုသိပ်ထားရသောကြောင့် အလွန် နီရဲနေသော ဆိုင်ရှင်၏မျက်နှာက သူ၏ အတွေးအမှန်များကို သစ္စာဖောက်နေလေသည်။

ရုန်ယီသည် ငွေပေးချေပြီးနောက် ဆန်မုန့်ကြော်ကို လက်ထဲတွင် ကိုင်၍ ထွက်လာခဲ့ပြီး သူ၏ခေါင်းကို တစ်လမ်းလုံး ငိုက်စိုက်ချလာကာ ဝမ်းနည်းပူဆွေးမှုကို အရသာရှိသော အစားအစာဖြင့် ဖြေလျှော့ရန် ကြိုးစားမိသည်။

သူ နောက်ဆုံး ဆန့်မုန့်ကြော် တစ်ခုလုံး စားပြီးသွားသည့်အခါ စီးပိုင်နေသော ကောက်ညှင်းသည် သူ၏ပါးစပ်ကို မဖွင့်နိုင်လောက်အောင် စေးကပ်နေသောကြောင့် သကြားရေဆိုင်သို့ သွားကာ သကြားရေတစ်ပန်းကန် သောက်လိုက်သည်။ ထို့နောက်တွင်  အချိန်အတော်ကြာ ဗရုတ်သုတ်ခပေါင်းစုံ ဖြစ်နေခဲ့ပြီးနောက် သူ၏ဦးနှောက်မှာ အရေးကြီးသည့် ကိစ္စရပ်ကို ရုတ်တရက် သတိရမိသွားလေသည်။

သူသည် လက်ကိုင်ဖုန်းကို အမြန် ထုတ်ကြည့်လိုက်သောအခါ တစ်ဖက်လူက မက်ဆေ့ခ်ျများစွာ ပို့ထားသည်ကို တွေ့လိုက်ရ၏။

“သူက အမြဲလိုလို နည်းနည်း တုံးတုံးအအနိုင်ပေမယ့် တကယ် ချစ်ဖို့ကောင်းတယ်။ အစတုန်းကတော့ သူ ရှိနေတာကို အထူးတလည် သတိထားမိနေတာက ကျွန်တော့်ရဲ့ ရှက်ရွံ့စိတ်ကြောင့် လို့ပဲ ထင်ခဲ့တာ။ နောက်ဆုံး ကျွန်တော်တို့ကြားမှာ သိပ်မကြာသေးခင်က ပျော်ရွှင်စရာ အဆုံးသတ်မဟုတ်ပေမယ့် တိုတောင်းတဲ့ ဆက်ဆံရေးလေး ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲ့ဒါက လုံးဝ မတူညီဘူးဆိုတာ ကျွန်တော် သိလိုက်ရတယ်”

“အချိန်ကြာလာတာနဲ့အမျှ ကျွန်တော် ဒီဆက်ဆံရေးကို ပို ဂရုစိုက်လာတယ် ဆိုတာ သိလိုက်ရတယ်။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် နားလည်လာလေလေ သူ အနားမှာ မရှိတဲ့အခါ ပိုပြီး လွမ်းလေလေပါပဲ"

"ခင်ဗျားရဲ့ ချစ်ဖို့ကောင်းတဲ့ အိုမီဂါလေးနဲ့ ပတ်သက်ပြီးတော့ရော အခုလိုမျိုး ခံစားမိလား။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် သူ့ကို ထိတွေ့ချင်မိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ထိတွေ့မိသွားရင် ပိုပြီး လိုချင်မိလိမ့်မယ် ထင်တယ်။ တကယ်တော့ ခန္ဓာကိုယ်ချင်း မထိတွေ့ဘဲနဲ့တောင် သူ့အကြောင်း အများကြီး တွေးမိဖို့ အရမ်း လွယ်တယ်။ သူက အဲ့လိုမျိုး ဘာကိုမှ ဂရုမစိုက်တဲ့ လူမိုက် ပုံစံနဲ့ ကျွန်တော့်ရှေ့ကနေ တစ်နေကုန် ဟိုလျှောက်ဒီလျှောက် လုပ်နေတော့ အာရုံမစိုက်မိဘဲ မနေနိုင်ဘူး။

“သူက တကယ် ချစ်စရာကောင်းတယ်။ စိတ်ထား အရမ်း ကောင်းတဲ့သူ မဟုတ်ပေမယ့် အကြောင်းမရှိ အမြဲ စိတ်မကြည်မလင် ဖြစ်ပြီး ဆူပုပ်နေတတ်ပေမယ့် အချိန် အများစုမှာတော့ သူက အရမ်း နူးညံ့သိမ်မွေ့ပြီး အပြစ်ကင်းစင်တဲ့ လူတစ်ယောက်ပါ”

“နူးညံ့သိမ်မွေ့တယ်၊ ကြင်နာတတ်တယ်၊ ဒါပေမယ့် အရမ်းလည်း သတ္တိရှိတယ်”

“တကယ်တော့လေ သူက ကျွန်တော့်ရှေ့ကနေ တစ်ခါတလေမှ ဖြတ်သွားရင်တောင် အရမ်း စိတ်ဝင်စားဖို့ကောင်းတာပဲ”

“အခုတလော ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် တကယ် စိတ်ရှုပ်နေတာ။ ကျွန်တော် သူနဲ့ တွဲချင်ပေမယ့် ကျွန်တော်တို့ ပိုဝေးသွားရင် ဘယ်လိုလုပ်မလဲ တွေးနေမိပြန်ရော။ ဒီလို ပြဿနာမျိုးနဲ့ ကျွန်တော်က သူနဲ့ အတူ ရှိနေနိုင်ဖို့ ဘယ်လို တောင်းဆိုရမလဲ။ ဆက်ပြီး ဒီလို နှောင့်ယှက်နေတာက သူ့ကို စိတ်အနှောင့်အယှက်ပဲ ဖြစ်စေလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်ရောဂါ ပျောက်သွားတဲ့အချိန်ကျရင် သူ့ကို တခြားတစ်ယောက်က လုယူသွားရင်ကော.. သူက အရမ်း ချစ်စရာကောင်းတယ်။ တခြား အယ်လ်ဖာတွေကလည်း မျက်စိကန်းနေတာမှ မဟုတ်တာ။ ကျွန်တော် သူ့ကို မျက်စိဒေါက်ထောက် မကြည့်နေဘူးဆိုရင် မိနစ်ပိုင်းလေးအတွင်း အလုခံလိုက်ရလိမ့်မယ်။ သူ တခြားသူတစ်ယောက်ယောက်နဲ့ အတူ ရှိနေမယ်လို့ တွေးလိုက်တာနဲ့တင် တကယ်ကို နာကျင်ရတယ်”

ရုန်ယီ ထိုစာများအားလုံးကို တိတ်တဆိတ် ဖတ်ပြီး သူ၏နှလုံးသားက အေးခဲသွားလေသည်။

ဤသို့ဆိုလျှင် ထိုလူ သဘောကျသည့် အိုမီဂါမှာ နူးညံ့သိမ်မွေ့ကာ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသည်။ အိုး... ထို့အပြင် သူက အခြား အယ်လ်ဖာများကြားတွင်လည်း နာမည်ကြီးသေးသည်။

သူ မည်မျှပင် အတင်းအကြပ် ဖြစ်စေချင်ပါစေ ချန်းခယ့်ယောင်အား ဤလူ၏နေရာတွင် ခံစားရစေရန် ဆန္ဒရှိသည်အထိတော့ မျက်နှာပြောင်မတိုက်သေးပေ။

ထို့အပြင် သူသည် သူ့ကိုယ်သူ ဆူဆူပုပ်ပုပ်နှင့် စိတ်အလိုမကျ ဖြစ်နေသည့် လူတစ်ယောက်အဖြစ် မည်သည့်အခါကမှ မတွေးခဲ့ဖူးပေ။ တုံးတုံးအအနိုင်ခြင်းမှာတော့ ဝေးသေးသည်။

အချက်အလက်များအားလုံးက သူနှင့် မကိုက်ညီချေ။

ကမ္ဘာကြီးက ရက်စက်လွန်းပြီး လက်တွေ့ကျလွန်းသည်။ မူလက လိင်တူအယ်လ်ဖာများကိုသာ လက်ခံခဲ့သည့် အိုမီဂါကြောက်ရွံ့သော အယ်လ်ဖာ ပင်လျှင် နူးညံ့သိမ်မွေ့ကာ အပြစ်ကင်းစင်၍ လှပပြီး ချစ်စဖွယ်ဖြစ်သော အလှလေးထံတွင် နောက်ဆုံး၌ တဖြည်းဖြည်း ကျဆုံးသွားဆဲ ဖြစ်သည်။

ထို့အပြင် သူ့လို ရုပ်အသွင်အပြင်နှင့် တစ်စုံတစ်ဦးသည် စတင်မှတ်တည်းက ဂိမ်းကို ရှုံးမည်မဟုတ်သော်လည်း စတင်မှတ်မှာ လုံးဝကို မရှိနေခဲ့ပေ။

တစ်ဖက်လူ ချစ်မိသွားသော အိုမီဂါမှာ သူကိုယ်ကိုယ်တိုင် ဖြစ်နေခဲ့ပါက ဤလူသည် ချန်းခယ့်ယောင်ကလွဲပြီး အခြားလူတစ်ယောက် ဖြစ်သင့်သည်။ အဆုံးသတ်တွင် ချန်းခယ့်ယောင်၏အိမ်တွင် အတူတကွ နေထိုင်ကြခြင်းဖြင့် ၎င်းသည် အွန်လိုင်းအချစ် မဟုတ်ပါက သူ၏ အချစ်သင်္ကေတနှင့်လည်း ဆက်နွယ်နေစရာ အကြောင်းမရှိချေ။ "ကျွန်တော့်ရှေ့ကနေ နေ့တိုင်း ဟိုလျှောက်ဒီလျှောက် လုပ်နေတယ်" ဟူသည့်စကားအား မေ့ထားလိုက်သင့်သည်။

နေရောင်အောက်တွင် အမှန်တကယ် မည်သည့်အရာမျှ အသစ်အဆန်း မရှိနိုင်သကဲ့သို့ တူညီသည့်အရာများသာ အမြဲဆက်တိုက် ဖြစ်ပေါ်နေမည် ဖြစ်သည်။

ရုန်ယီ၏ အချစ်ရေးမှာ အဆင်ပြေမနေသော်လည်း ဤလူက အလားတူ အခြေအနေမျိုးတွင် ရှိနေသည်ကို သိလိုက်ရသောအခါ သူ့ကို အားမပေးဘဲ မနေနိုင်ပေ။

အဆုံးသတ်တွင် သူသည် ဤဇာတ်လမ်းထဲ၌ အလွန် ပျော်ဝင်နေလေပြီ။

“ခင်ဗျား သေချာ မကြိုးစားကြည့်ဘဲနဲ့ တစ်ဖက်လူက လက်မခံဘူးဆိုတာ ဘယ်လို သိနိုင်မှာလဲ။ ဒီရောဂါက ကုသလို့ ရတယ်ဆိုတော့ သူက စောင့်ပေးချင်စိတ်ရှိတာလည်း ဖြစ်နိုင်တာပဲ။ သူသာ ခင်ဗျားကို သဘောကျတယ်ဆိုရင် ဒီကာလတလျှောက်လုံး ခင်ဗျားဘေးမှာ ရှိနေပေးချင်မှာ သေချာတယ်”

မိနစ်အနည်းငယ်ကြာပြီးနောက် စာမျက်နှာကို refresh လုပ်ပြီးနောက် အကြောင်းပြန်စာတစ်စောင် ဝင်လာလေသည်။

"သူက ကျွန်တော့်ကို မကြိုက်ပါဘူး"

ရုန်ယီသည် ထိုစကားလုံးကိုးလုံးကို ကြည့်ပြီး ရုတ်တရက် အလွန် ဝမ်းနည်းသွား၏။

ထိုကဲ့သို့သော ရိုးရှင်းသောစာကြောင်းလေးမှာ လူသားအားလုံး၏ပြဿနာအရင်းခံ ဖြစ်သည်။

ရုန်ယီသည် ဤလူ၏အကြောင်းနှင့် သူ၏ချစ်လှစွာသော အိုမီဂါလေးမှာ မည်သူ ဖြစ်မှန်း အတိအကျ မသိသောကြောင့် သူ့ကို သတ္တိမွေးရန် မျက်စိစုံမှိတ်ကာ မစည်းရုံးဝံ့သော်လည်း လက်တော့မလျှော့စေချင်ပေ။

"ဒါဆို ခင်ဗျားက အခွင့်အရေးလေး ရဖို့တောင် မကြိုးစားချင်တော့ဘူးပေါ့"

ထိုပြန်စာကို ပို့ပြီးသည်နှင့် ရုန်ယီ လမ်းပြန်လျှောက်လာသည်။ သူ ဟိုတယ်သို့ ပြန်ရောက်လာပြီးနောက် ဓာတ်လှေကားရှေ့သို့ ရောက်သောအခါ သူ၏ကတ်ကို စကင်န်ဖတ်ကာ မြေညီထပ်ခလုတ်ကို နှိပ်လိုက်ပြီး စာမျက်နှာကို refresh လုပ်လိုက်သောအခါ ပြန်စာနှစ်စောင် ရောက်နေကြောင်း တွေ့ရှိလိုက်ရသည်။

“အခု ကျွန်တော် အခွင့်အရေး ရဖို့ ကြိုးစားတာက သူ့ကို ဒုက္ခပေးသလို ဖြစ်နေလိမ့်မယ်။ ကျွန်တော် ဘာမှမတတ်နိုင်ဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် ငါးဆားနယ်တစ်ကောင်လို ခံစားရတယ်”

“ငါးဆားနယ်လောက်တောင် မကောင်းပါဘူး”

ဖုန်းစခရင်မှ တဆင့်ပင် ရုန်ယီသည် ဤလူ၏ စိတ်ဓာတ်ကျနေမှုကို ခံစားနိုင်လေသည်။

ရုန်ယီသည် ရယ်ချင်သော်လည်း သူ့အတွက် စိတ်မကောင်းဖြစ်မိပြန်သည်။ သူ့အား မည်သို့ နှစ်သိမ့်ရမည်ကို စဉ်းစားနေမိသည်။ ဓာတ်လှေကားက ရောက်လာသည်။ သူသည် ဖုန်းကို ငုံ့ကြည့်နေရင်း ထွက်လာသောကြောင့် တစ်စုံတစ်ဦးကို မတော်တဆ တိုက်မိသွားလေသည်။

"တောင်းပန်ပါတယ်"

သူ အလျင်အမြန် တောင်းပန်လိုက်သည်။

တစ်ဖက်လူက ဘာမှ ပြန်မပြောဘဲ လက်ပြပြီးနောက် သူ၏ဘေးမှ ဖြတ်သွားကာ ဓာတ်လှေကားထဲသို့ ဝင်သွားလေသည်။

သို့သော် ထိုနေရာတွင် ရပ်နေဆဲဖြစ်သော ရုန်ယီမှာ ချက်ချင်းပင် အံ့အားသင့်သွား၏။

သူသည် ဓာတ်လှေကားထဲမှ နေကာမျက်မှန်နှင့် ကုတ်အင်္ကျီအပွကို ဝတ်ဆင်ကာ နားကြပ်တပ်ထားသည့် ဓာတ်လှေကားထဲမှ အမျိုးသားကို ကြည့်ရန် နောက်သို့ ပြန်လှည့်လိုက်သည်။ ဓာတ်လှေကားတံခါး လုံးဝ ပိတ်သွားသည်အထိ ရုန်ယီ မျက်တောင်မခတ်ဝံ့ပေ။

.

မူရင်းစာရေးသူ၏ မှတ်စုများ

[ဆရာချန်း၏ ဘာသာစကားအနုပညာသင်တန်း]

ရုန်ယီ : ငါက အရမ်းကြီး ချစ်စရာမကောင်းပါဘူး ... / / / / / / /

ချန်းခယ့်ယောင် : မင်းက တကယ် အရိပ်အကဲ နားမလည်တဲ့လူပဲ။

ရုန်ယီ: ??????

ရုန်ယီ : မင်း ရန်ဖြစ်ချင်တာလား ....



Xxxxxxx





Continue Reading

You'll Also Like

8.4K 1K 23
Jungkook Atlas Francis - Taehyung Rowan Elliot
154K 8.2K 17
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
41.9K 6.1K 39
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
36.7K 4.5K 41
I don't wanna be right .