ပုပ္ပားမြေမှ စံကားဝါ / ပုပၸား...
By ShwunLaeKyaw
203K 9.4K 350
ပုပ္ပားမြေမှ စကားဝါ ပင်လုံးညှာ ရွှေရောင်ဝင်းလေတော့ ကြူသင်းစွာ မွှေးရနံ့ရယ်(ကွယ်) နှလုံးသားအထိ...စွဲ။ တစ်စုံတ... More
မေတ္တာရပ်ခံခြင်း / ​မေတ္တာရပ်​ခံခြင်း
အပိုင်း- ၁
အပိုင်း - ၁
အပိုင်း- ၂
အပိုင်း - ၂
အပိုင်း- ၃
အပိုင်း - ၃
အပိုင်း- ၄
အပိုင်း - ၎
အပိုင်း - ၅
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း - ၂၁
အပိုင်း - ၂၂
အပိုင်း - ၂၂
အပိုင်း - ၂၃
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း -၂၅
အပိုင်း - ၂၆
အပိုင်း - ၂၆
အပိုင်း ၂၇
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၄
မီးပုံးလုပျနညျး / မီးပုံးလုပ်နည်း
အပိုင်း - ၃၅
အပိုင်း - ၃၅
အပိုင်း - ၃၆
အပိုင်း - ၃၆
အပိုင်း - ၃၇
အပိုင်း - ၃၇
အပိုင်း - ၃၈
အပိုင်း - ၃၈
အပိုင်း - ၃၉
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၆
အပိုင်း ၄၇(ဇာတ်သိမ်းပိုင်း)
အပိုင်း - ၂၄
623 19 0
By ShwunLaeKyaw
" ဟဲ့ မွန်ဖျိ ဘယ်သွားနေတာလဲ လက်ထဲကရော ဘာထုပ်ကြီးလဲ မဲ့ရ်က မတွေ့လို့လိုက်ရှာနေတာကွယ် "
ဒေါ်ထွေးရီမော်က ခပ်ဖောင်းဖောင်းအထုပ်ကြီးတစ်ထုပ်ကိုင်ကာ ပြုံးတုံ့တုံ့မျက်နှာပေးဖြင့် ဟိုတယ်ပေါ်ပြန်တက်လာသည့်သားဖြစ်သူကိုမေးလိုက်သည်။
ညနေခင်းအဆာပြေအဖြစ် ကော်ဖီသောက်ရန် လာခေါ်သော်လည်း သားဖြစ်သူကိုမတွေ့၍ သူ(မ)လိုက်ရှာနေခဲ့ရခြင်းပင်။
ကံကောင်း၍သာ ဟိုတယ်လုံခြုံရေးဝန်ထမ်းများကိုပါ ကူရှာခိုင်းတော့မည့်လက်မတင်လေးမှာပင် သားဖြစ်သူက အထုပ်တစ်ထုပ်ကိုင်ကာ ပြန်ရောက်လာပြန်၏။
ယခုလည်း သူ့လက်ထဲမှအထုပ်ကိုမြှောက်ပြရင်း ရွှင်ရွှင်မြူးမြူးဖြင့် ပြန်ဖြေလာသည်က...
" ကျွန်တော် ဒီမှာ ရှိပါ တယ် မဲ့ရ်ရဲ့ အောက်ကို ခဏ ဆင်းတာ ပါ ဒါက မုန့်ထုပ် လေ မဲ့ရ်က ဘာလို့ ရှာနေ တာလဲ ဟင်"
" ဪ မွန်ဖျိအဆာပြေစားရအောင် ကော်ဖီသောက်ဖို့လာခေါ်တာလေ အခန်းထဲမတွေ့တော့ ဘယ်ကိုများပျောက်သွားတာလဲလို့ မဲ့ရ်တော့လန့်သွားတာပဲ "
" ဪ ဟုတ် "
" မုန့်စားချင်ရင်လဲ တစ်ယောက်ယောက်ကို မှာခိုင်းရောပေါ့မွန်ဖျိရယ် ကိုယ်တိုင်ဆင်းဝယ်ရလား "
" အမ်း မဟုတ် ဘူး မဲ့ရ် ဒါက အစ်ကို လာ ပေးတာ "
" အစ်ကို "
" ဟုတ် ပုပ္ပား က အစ်ကို လေ "
ထိုအခါမှပင် သားဖြစ်သူ မြူးထူးနေရသည့်အကြောင်းကို သူ(မ)သဘောပေါက်သွားရတော့သည်။
ကြည့်ရသည်မှာ ပုပ္ပားမှသား၏ကောင်မလေး ပြန်ရောက်လာပုံပင်။
ယခုမှပင် ဒေါ်ထွေးရီမော်တစ်‌ယောက် သက်ပြင်းချနိုင်တော့၏။
သူ(မ)အနေဖြင့် တစ်ဦးတည်းသောသားကို အချစ်ပိုရသည့်အားလျော်စွာ သားဖြစ်သူ၏မျက်နှာကိုသာ မှန်အမှတ်ဖြင့် ကြည့်နေခဲ့ရသူပင်။
ထို့ကြောင့် သားဖြစ်သူ၏မျက်နှာကို တစ်ချက်ကြည့်ရုံမျှဖြင့် သားစိတ်ထဲမှအတွေးမှန်သမျှကို အတပ်သိနိုင်သည်အထိပါပေ။
ယခင်ရက်များက သားတော်မောင်တစ်ယောက် သိသိသာသာပင် မလန်းမဆန်းနှင့် ငေးငေးငိုင်ငိုင်ဖြစ်နေသည်မှာ တစ်ပတ်ခန့်ပင်ရှိတော့မည်။
ဖုန်းကိုကြည့်လိုက်၊ အပြင်ဘက်ဆီငေးလိုက်၊ သက်ပြင်းချလိုက်ဖြင့် သားဖြစ်သူပုံစံက အပြင်ဘက်မှကြည့်သူပင် စိတ်မသက်သာ။
ထိုပုံစံက သိသာလွန်းနေသည်မို့ အမြဲအရိပ်အကဲခတ်နေသည့် ဒေါ်ထွေးရီမော်ပင်စိတ်မကောင်း။
ကိုယ့်သားမို့သာတော်တော့သည်။
Lucas Damondတို့က လွန်ကိုလွန်၏။
ညနေဘက်နေညှိုးသည့်ပန်းလို မျက်နှာကြီးက ညှိုးကျနေကာ လူကလည်း တစ်ချိန်လုံးတွေတွေကြီးလုပ်နေသည်မှာ ကြက်ကြီးလည်လိမ်နေသည့်အလား။
မသိလျှင် သူတို့ဟိုတယ်၌ နာရေးရှိနေသ‌လားဟု အောက်မေ့စရာပင်။
သို့သော်လည်း သူ(မ)မည်သို့မျှမတတ်နိုင်။
သားဖြစ်သူဖြစ်နေသည့် အနာကိုသိသော်လည်း ဆေးက အဝေးရောက်နေသည်မို့ သူ(မ)လည်း မကူညီနိုင်ခဲ့ပါလေ။
ဒေါ်ထွေးရီမော်ကတော့ရှင်းသည်။
ဇာတ်လမ်းများကဲ့သို့ သားကို ချွေးမနှင့်အပြိုင်တွက်ကတ်ရန် အစီအစဉ်မရှိ။
ချွေးမလောင်းအတွက် အထွေအထူး သတ်မှတ်ချက်လည်းမရှိ။
သား၏ကောင်မလေးကသာ သားကိုချစ်လျှင် သူ(မ)အတွက် လက်မခံစရာမရှိ။
သားတစ်ယောက်သာရှိသည်မို့ ချွေးမကိုလည်း သမီးအဖြစ်သာမှတ်ယူရန် စဉ်းစားထားသည်။
ဆင်းရဲလျှင် တစ်ကိုယ်လုံးရွှေချပေးမည်။
ရိုင်းစိုင်းတတ်လျှင် ယဉ်အောင်ပြင်မည်။
ရောဂါသည်ဖြစ်လျှင် ဆေးကုပေးမည်။
ရုပ်ဆိုးလျှင် လှအောင်ပြုပြင်ပေးမည်။
ပညာမတတ်လျှင် သူ(မ)သင်ပေးမည်။
သားချစ်သည့်သူဖြစ်ရန်သာ အရေးကြီးပါလေသည်။
သူ(မ) ရွှေမမက်၊ ငွေမမက်၊ ဂုဏ်မမက်။
သားဖြစ်သူ၏ ပျော်ရွှင်မှုကိုသာမက်၏။
သူ(မ)အတွက်...
သား၏ပျော်ရွှင်မှုသည်သာ ပထမ၊
သား၏ပျော်ရွှင်မှုသည်သာ ဒုတိယ၊
သား၏ပျော်ရွှင်မှုသည်သာ တတိယမဟုတ်ပါလား။
ယခုမှ ရုတ်တရက် ရက်အတော်ကြာ ကွယ်ပျောက်သွားခဲ့သော သားဖြစ်သူ၏အပြုံးကို ရှားရှားပါးပါး ပြန်မြင်ရသည်မို့ သူ(မ)ဝမ်းသာလှသည်။
" ဪ သူတို့ပြန်လာကြပြီလား မွန်ဖျိအတွက် လက်ဆောင်တွေ ဝယ်လာတယ်ပေါ့  "
" ဟုတ်ကဲ့ "
" ထင်တော့ထင်သားပဲ ဒါကြောင့် အထုပ်ကြီးကကြီးလှချည်လားလို့တွေးနေတာ ပြစမ်းပါအုံး ဘာတွေများထည့်ပေးလိုက်လဲလို့ အခု tea timeနဲ့လိုက်တဲ့ဟာလေးပါရင် စားရတာပေါ့ "
ထိုစကားကြောင့် လူးကပ်စ်မျက်နှာလေးပြုံးနေရာမှ ရုတ်တရက်တည်ကျသွား၏။
သို့သော် ဒေါ်ထွေးရီမော်ကမူ သားကိုမကြည့်‌တော့ဘဲ
လူးကပ်စ်လက်ထဲမှအထုပ်ကိုသာ ဆွဲယူလိုက်ကာ တစ်ခုချင်းမွှေနေတော့သည်မှာ တားချိန်ပင်မရလိုက်။
ဒေါ်ထွေးရီမော်တစ်ယောက် မုန့်ထုပ်များကိုကိုင်ရင်း မျက်လုံးပြူးရတော့၏။
မုန့်ထုပ်ထဲ၌ မုန့်များက အတော်စုံ၏။
မတူညီသည့်မုန့်များက ဘူးများ၊ အထုပ်များအသီးသီးဖြင့်။
" အမ်း ပဲချောင်းတွေ၊ ယိုထုပ်တွေရောစုံလို့ပါလား အမလေး ယိုတွေကတင် တကယ်အမျိုးမျိုးနဲ့ အများကြီးပဲ အင်း ယိုကတော့ ကော်ဖီနဲ့အဆင်မပြေဘူး ဟယ် မုန့်ကြွပ်လုံးလဲပါသေးတာပဲ ဒါတွေမစားရတာကြာပြီ မုန့်ကြွပ်လုံးကတော့ ယူသွားရမယ် "
" ဗျာ "
" ဪ ဒီကလေးနဲ့တော့ မုန့်ကြွပ်လုံးကို မဲ့ရ်ယူသွားလိုက်မယ်လို့ပြောနေတာလေ ကော်ဖီနဲ့ မုန့်ကြွပ်က သိပ်လိုက်တာ တကယ်ကွက်တိပဲ "
" မဲ့ရ် အဲဒါ "
" ဘာဖြစ်လို့လဲမွန်ဖျိ "
ဒေါ်ထွေးရီမော်က မုန့်ကြွပ်လုံးအထုပ်ကြီးတစ်ထုပ်ကိုထုတ်ယူလိုက်ရင်း ပြန်မေးလာသည်မို့ လူးကပ်စ် မသက်သာတော့ဘဲ ခေါင်းခါပြလိုက်ကာ...
" အမ်း ဘာမှ မဟုတ် တော့ဘူး မဲ့ရ် "
" ဘာပြောမလို့လဲမွန်ဖျိ ပြောစရာရှိရင်ပြောလေ "
" ဟင့်အင်း ဘာမှ မဟုတ် တော့ပါ ဘူး မဲ့ရ် "
" မဟုတ်လဲ ပြီးတာပဲ "
ဒေါ်ထွေးရီမော်က မျက်မှောင်ကုတ်ကြည့်လိုက်ပြီး
စိတ်ကြိုက်ထုတ်ယူထားသည့်မုန့်ထုပ်ကို လူးကပ်စ်ထံပြန်ပေးလိုက်‌ရင်း ဆက်ပြောလာပြန်သည်။
" ကဲ ဒီမုန့်ထုပ်ကို အခန်းထဲသွားသိမ်းလိုက်တော့‌ ဪ ခဏနေထွက်လာခဲ့နော် မဲ့ရ် dinning roomမှာစောင့်နေမယ်သိလားမွန်ဖျိ ကော်ဖီပူပူနဲ့ မုန့်ကြွပ်ချိုချိုကြွပ်ကြွပ်လေးစားရအောင် မြန်မြန်လာခဲ့ "
" ဟုတ်ကဲ့ "
" အင်း ဒါဆို မြန်မြန်လုပ် "
ဒေါ်ထွေးရီမော်က ပြောပြောဆိုဆိုထွက်သွားပြီမို့ လူးကပ်စ်တစ်ယောက် သက်ပြင်းတစ်ချက်ချရင်း ရေရွတ်မိသည်က...
" သားမုန့် ကို ဘယ် အမေ က လုစား လို့လဲ " ဟုသာ။
သို့သော် မထူးတော့ပြီမို့ မုန့်ထုပ်လေးကိုသာကျစ်ကျစ်ဆုပ်ကိုင်ကာ အခန်းထဲအမြန်ဝင်လိုက်တော့၏။
လတ်တလော သူ့အဖြစ်က လမ်းပျောက်လှသည်။
မုန့်ကို ဓားပြတိုက်ခံလိုက်ရသည့်တိုင် မဲ့ရ်ကိုစိတ်ဆိုး၍လည်းမဖြစ်၊ ကျွန်တော့်မုန့်ကို မယူပါနှင့်ဟု တား၍လည်းမဖြစ်သည့် အခြေအနေ။
မုန့်မယူရန်တားလျှင် မိခင်ကိုပင်တွန့်တိုရာရောက်ကာ
မုန့်ယူသွား၍စိတ်ဆိုးလျှင်လည်း သူပဲငရဲကြီးဦးမည်။
မတတ်သာသည့်အဆုံး လူးကပ်စ်အပြတ်သား‌ဆုံး ဆုံးဖြတ်ချက်တစ်ခုချက်လိုက်၏။
မဲ့ရ်ယူသွားသော မုန့်ကြွပ်လုံးများကို ယခု tea timeတွင် မဲ့ရ့်ထက်သူကသာ အများဆုံးစားပစ်မည်ဟုသာ။
" တောင်းပန် ပါတယ် မဲ့ရ်ရေ ကျွန်တော် မ စားဖူးသေး ဘဲနဲ့ ကြိုက်တဲ့ မုန့်က အဲဒါ ပထမ ဆုံးမို့ "
~•~ ~•~ ~•~ ~•~ ~•~
နောက်တစ်နေ့၏ မနက်ခင်းက ပုံမှန်ကဲ့သို့ပင်။
နီနီတစ်ယောက်က နေ့လယ်စာထမင်းချိုင့်အတွက် ပြင်ဆင်နေခဲ့ကာ ထက်နောင်တို့သားအမိက ပုပ္ပားတောင်ကလပ်ဆီစောစောသွားကာ ဈေးခင်းကြရသည်။
မစို့မပို့နှင့် မှုန်ပျပျအလင်းရောင်အောက်၌ပင် ဈေးခင်းနေသည့်ဈေးသည်များဖြင့် ပုပ္ပားတောင်ကလပ်က လှုပ်ရှားသက်ဝင်နေလေပြီ။
စောစောပြင်ဆင်ထားမှသာ နေအလင်းရောင် ကောင်းကောင်းထွက်ချိန်၌ တဖွဲဖွဲရောက်ရှိလာမည့်
ဈေးဝယ်သူများကို အဆင်သင့်ရောင်းနိုင်မည်ပင်။
ဈေးမခင်းသည်မှာ တစ်ပတ်တိတိကြာပြီမို့ သူတို့နေရာတွင် အခန့်သားရောက်နေသော ဖုန်စများကိုလှည်းကျင်းရသည်ကပင် အလုပ်တစ်လုပ်။
ယခင်နေ့များကလည်း ဈေးမခင်းမီ ဆိုင်အတွင်း လှည်းကျင်းရှင်းလင်းရမြဲဖြစ်သော်လည်း ယနေ့ကပိုဆိုး၏။
ရောင်းချရသည့်ပစ္စည်းများကိုမူ အထုပ်ထုပ်သင့်သည်ထုပ်၊ ဖုံးအုပ်သင့်သည်ဖုံးအုပ်ထားသည်မို့ ဖုန်မတက်၍တော်ပါသေးသည်။
‌သို့သော်လည်း ယခင်ကဲ့သို့ နေ့စဉ်ဈေးခင်းရသည်ထက် အချိန်ဖင့်သွားရသည်ကအမှန်။
" ဟာ ဒေါ်ဒေါ်တို့ပြန်ရောက်နေကြပြီလား "
" အေးကွဲ့ မနေ့ကပဲပြန်ရောက်တယ်လေ မောင်သန့်ဇင်ဦးက တောင်ကလပ်ကို ဘယ်လိုဖြစ်ပြီး ရောက်နေရတုံး "
သန့်ဇင်ဦးတို့မိသားစုက ပုပ္ပားမြို့ထဲတွင်သာ ဆိုင်ခန်းဝယ်ကာ ဒေသထွက်ပစ္စည်းများရောင်းချကြ၍ တောင်ကလပ်နှင့် အဆက်အစပ်မရှိပါလေ။
ထို့ကြောင့် သူ့ကို မနက်စောစော တောင်ကလပ်တွင်တွေ့လိုက်ရ၍ ဒေါ်ပန်းရုံတစ်ယောက် အံ့အားသင့်စွာမေးလိုက်ခြင်းပင်။
" ဟုတ်ကဲ့ဒေါ်ဒေါ် ကျွန်‌တော်လဲ မိငယ်နေမကောင်းလို့ ကြီးတော်ကိုဈေးလာကူခင်းတာဗျ ခုပဲခင်းပေးပြီးလို့ ပြန်တော့မလို့ "
" ဪ အေးကွယ် "
သန့်ဇင်ဦးပြောသည့် ကြီးတော်နှင့် မိငယ်ဆိုသူက သူ့ဖခင်ဘက်မှအဒေါ်တော်စပ်သော ဒေါ်ဥမ္မာနှင့် ဒေါ်ဥမ္မာ၏သမီး ပိုပိုအောင်ကို ရည်ညွှန်းခြင်းသာ။
ဒေါ်ဥမ္မာတို့သားအမိကလည်း ဒေါ်ပန်းရုံတို့ကဲ့သို့ပင် တောင်ကလပ်တွင် ဈေးရောင်းသူတစ်ယောက်ဖြစ်ကာ ယနေ့မှ သူ့ညီမဝမ်းကွဲနေမကောင်း၍ သန့်ဇင်ဦးက အဒေါ်ကို ဈေးခင်းရန် ခဏလာကူရခြင်းဖြစ်မည့်ပုံပင်။
ဒေါ်ပန်းရုံခေါင်းတညိတ်ညိတ်လုပ်နေခိုက် သန့်ဇင်ဦးက ထပ်ပြောလာပြန်သည်။
" အခုတော့ ကြီးတော်ကိုကူပြီးပြီဆိုတော့ ဒေါ်ဒေါ်တို့ကို ကူပေးမယ်လေ "
" နေပါကွယ် မောင်သန့်ဇင်ဦးဘာသာပြန်ပါ ဒါတွေကလုပ်နေကျပါ ဒေါ်ဒေါ်နဲ့ သားထက်နောင်နဲ့တင်ပြီးပါတယ် အခုလဲ ဘာမှသိပ်မကျန်တော့ပါဘူး "
" မဟုတ်တာဗျာ အစောကြီးရှိပါသေးတယ် ကဲ ဒီမျောက်ရုပ်တွေက ဟိုဘက်မှာထားရမှာမဟုတ်လား "
" ဪ အင်း ဟုတ်တယ်ကွဲ့ "
" ဒီယပ်တောင်တွေကရောဒေါ်ဒေါ် "
" အဲဒါတွေက ဒေါ်ဒေါ့်ကိုပေး ဒီရှေ့မှာဖြန့်ခင်းရမှာ "
" ဪ ဟုတ်ကဲ့ "
သန့်ဇင်ဦးက ပြောပြောဆိုဆိုဝင်ကူလာသည်မို့ ဒေါ်ပန်းရုံလည်း ဆက်ပြီးတားမနေတော့ဘဲ ခွင့်ပြုထားလိုက်တော့သည်။
" ဟိုတလောက ဒေါ်ဒေါ်တို့ရုတ်တရက် ဆိုင်မဖွင့်တော့ တစ်ယောက်ယောက်များ နေမကောင်းဖြစ်နေသလားလို့ အစ်ကို့ကိုတောင်မေးမိသေးတယ် သူတို့ ဦးလေးဆုံးတယ်ဆို "
" အေးကွယ် သူတို့အဖေဘက်က အဒေါ်ရဲ့အမျိုးသားဆုံးတာပဲ ရုတ်တရက်ဆိုတော့ အဒေါ်တို့လဲ အမြန်သွားရတာပါပဲ "
" ဪ ဟုတ်ကဲ့ ကြားလိုက်ပါတယ် ချော်လဲတာဆို ဘယ်လိုဖြစ်ရတာလဲဗျာ "
သိပြီးသားအကြောင်းအရာဖြစ်သော်လည်း သန့်ဇင်ဦးက အသာခေါင်းညိတ်ပြရင်း ‌နားထောင်နေပြန်သည်။
" ရေချိုးခန်းမှာ ချော်လဲတာကွယ် ခေါင်းကိုထိသွားတော့ သုံးရက်လုံးမှ တစ်ခါပဲ သတိခဏပြန်ဝင်ပြီး ဆုံးပါရောလား "
" ဒါဆို သိပ်မကြာလိုက်ဘူးပဲ "
" ဘယ်ကြာလိုက်မတုံး အစကတော့ ရန်ကုန်သယ်ပြီးကုမလို့လုပ်ကြသေးတယ် ဒါပေမဲ့ လူနာက အသယ်မခံလောက်တာနဲ့ ဆရာဝန်တွေကိုတိုင်ပင်ပြီး နည်းနည်းသက်သာရင် ရန်ကုန်သွားမလို့ပြင်ပြီးသား "
" ဪ "
" သူ့ကံပေါ့လေ အင်း လူကြီးတွေဖြစ်လာတော့လဲ တစ်ချက်အတိမ်းအစောင်းမခံဘူး အစားမတော်တစ်လုပ်၊ အသွားမတော်တစ်လှမ်းဆိုတာ ဒီအရွယ်ပဲ "
ဒေါ်ပန်းရုံက သက်ပြင်းတစ်ချက်ကိုချရင်း သံဝေဂရဟန်ဖြင့် ဆိုလာ၏။
စကားတပြောပြောဖြင့် ဆိုင်ခင်းသည်ကလည်း ပြီးသွားလေပြီ။
" ဟုတ်တယ်ဒေါ်ဒေါ်ရေ ဒါကြောင့် အိမ်ကလူကြီးတွေကိုလဲ ရေချိုးတာမကြာဖို့၊ တက်စာတွေမစားဖို့ မနည်းသတိပေးရတယ် အသက်ကြီးလာရင် တကယ်ကလေးပြန်ဖြစ်နေသလိုပဲနော် "
" ဒီလိုပဲပေါ့ကွယ် ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်တဲ့ ကိုယ့်အသက်ကိုယ်ရှည်အောင် ဥတု၊ အာဟာရကိုချိန်ဆနေထိုင်ရတာပဲ မင်းအမေ မထွေးကြည်တို့ရော နေကောင်းတယ်မဟုတ်လား "
" ကောင်းတယ်ဒေါ်ဒေါ်ရေ လူကြီးကောင်းပေါ့ အိပ်ရာထဲသာမလဲပေမဲ့ မတ်တတ်နာပါပဲ နောက်ရက်မှအိမ်ကိုလဲ လာခဲ့ပါအုံးဗျ အမေတို့ကတောင် ဒေါ်ဒေါ့်ကိုမေးနေတာ "
" အေးကွယ် အသက်လေးရလာကြတော့လဲ ဒီလိုပါပဲ နောက်များမှ အဲဒီဘက်ကိုလမ်းကြုံရင်ဝင်ခဲ့တာပေါ့ ဒေါ်ဒေါ်လဲ ဆိုင်တစ်ဘက်နဲ့ မိုးလင်းမိုးချုပ်အလုပ်များနေတာ "
" ဟုတ်ကဲ့ဗျ စကားကောင်းနေတာ နေတောင်ပွင့်လာပြီ ဆိုင်လဲခင်းပြီးပြီဆိုတော့ ပြန်လိုက်ပါအုံးမယ် ခွင့်ပြုပါအုံးဒေါ်ဒေါ်၊ အစ်ကိုရေပြန်ပြီ "
" အေးကွယ် ကျေးဇူးပါပြီ "
" ကောင်းပြီ ဖြည်းဖြည်းပြန် "
သန့်ဇင်ဦးက ဒေါ်ပန်းရုံတို့သားအမိနှစ်ဦးသားကို နှုတ်ဆက်ရင်း တောင်ကလပ်အောက်ဆီ တရွေ့ရွေ့ပြန်ဆင်းသွားလေသည်။
ဒေါ်ပန်းရုံလည်း ငယ်ရာမှကြီးလာသူမို့ အချို့အရာများကို သဘောပေါက်ပါ၏။
အထူးသဖြင့် သန့်ဇင်ဦး၏မိဘများက သမီးငယ်ကို သူတို့သားနှင့် သဘောတူကြောင်း မသိမသာရော သိသိသာသာပါ စကားစထားကြသည်မဟုတ်ပါလား။
သူ(မ)အမြင်အရ သန့်ဇင်ဦးက သိပ်တော့မဆိုးလှ။
အပြောအဆို၊ အနေအထိုင်ကောင်းပြီး မိဘများ၏ဆိုင်ကို ကိုယ်တိုင်ကြိုးကြိုးစားစားဖြင့် ဦးစီးနေသူပင်။
ကိုယ်တိုင်လည်း ရုပ်ရည်အသင့်အတင့်ရှိကာ တက္ကသိုလ်မှ ဘွဲ့တစ်ခုရပြီးသား။
ပုံမှန်အားဖြင့် သဘောကျဖွယ်ဖြစ်သော်လည်း သူ(မ)အနေဖြင့် သမီးဖြစ်သူ၏အိမ်ထောင်ရေးကို ဝင်စွက်ဖက်မည်မဟုတ်။
သမီးကိုဗန်းပြကာ ကျိကျိတက်ချမ်းသာသူကို သမက်ဖမ်းရန်လည်း စိတ်မဝင်စား။
သမီးငယ်သဘောကျကာ သမီးငယ်ကို စိတ်ချမ်းသာအောင်ထားနိုင်လျှင် သူ(မ)အနေဖြင့်ကျေနပ်ပြီပင်။
သမီးငယ်သဘောကျနေသူက ပေပေတေတေ ငမူးငရူးဖြစ်နေလျှင်တော့ မိန်းကလေးရှင်မို့ သူ(မ)တားသင့်သလောက် တားမည်ဖြစ်သော်လည်း မည်သူမည်ဝါကိုယူပါဟုတော့ တိုက်တွန်းမည်မဟုတ်။
လူဟူသမျှ မိမိဘဝမိမိပိုင်သည်မို့ သမီး၏ဘဝကိုလည်း ကိုယ်တိုင်လွတ်လွတ်လပ်လပ် ရွေးချယ်စေလို၏။
သူ(မ)က မိခင်တစ်ဦးအနေဖြင့် မကောင်းသည့်ဘက်ဆီမယိမ်းအောင် ထိန်းပေးရုံသာတတ်နိုင်လေသည်။
တားသည့်ကြားမှ လူဆိုးလူပေကိုမှရွေးသွားလျှင်လည်း သမီးငယ်၏ ကိုယ်တိုင်ရွေးချယ်မှုမို့ သူ(မ)လည်းမတတ်နိုင်။
သူ(မ)တို့မိသားစုက အလွန်မချမ်းသာသော်လည်း ပြည့်ပြည့်စုံစုံရှိကာ ထိုက်သင့်သလောက်စုမိထားသည်များလည်းရှိ၏။
သမီးငယ်သဘောကျသူတွေ့လာလျှင် မိဘအနေဖြင့် ထိုက်သင့်သမျှမြေတောင်မြောက်ပေးလိုက်မည်။
သို့မဟုတ် အပျိုကြီးလုပ်နေလျှင်လည်း သမီးငယ်တစ်သက်တော့ မပူမပင်စားသောက်နိုင်သည့် ပမာဏရှိသည်မို့ စိတ်မပူမိ။
တစ်သက်တာ လက်ထပ်ပေါင်းသင်းရမည်က သမီးငယ်ကိုယ်တိုင်မို့ သမီးငယ်စိတ်တိုင်းကျသူသာဖြစ်သင့်သည်ဟု မှတ်ယူထားသည်။
သို့သော် သားသမီးနှစ်‌ယောက်လုံးကို ဒေါ်ပန်းရုံယုံ၏။
သူ(မ)သား၊သမီးများက ကိုယ်ပိုင်တွေးခေါ် ထိန်းသိမ်းနိုင်စွမ်းရှိသည်မို့ သူတို့နှင့်တစ်ဘဝလုံး အတူဖြတ်သန်းရမည့်သူကိုလည်း မှန်မှန်ကန်ကန်နှင့် အကောင်းဆုံးရွေးချယ်နိုင်လိမ့်မည်သာ။
ဖြစ်နိုင်လျှင် မည်သူ့ကိုမှမပေးချင်သော်လည်း သဘောဝကိုကား လွန်ဆန်၍မရပါလေ။
သူတို့က ပန်းပင်ပျိုးသည့်ဥယျာဉ်မှူးသာဖြစ်ကာ ဘုရားပန်းအိုးတွင်နေမည်လား၊ ပျိုမေ့ခေါင်းတွင်ဆင်မည်လား၊ သို့မဟုတ် အပင်မှာပင် သက်ဆုံးတိုင်နေမည်လား ဆုံးဖြတ်ခွင့်မရှိပါချေ။
" အင်း ကလေးတွေတောင် တကယ်အရွယ်ရောက်လာခဲ့ပြီပဲ "
ဒေါ်‌ပန်းရုံ ခေါင်းတညိတ်ညိတ်လုပ်ရင်း တစ်ကိုယ်တည်းရေရွတ်လိုက်မိ၏။
" ‌အမေ ဘာပြောနေတာလဲ "
" ဟင် "
" အမေ ခုန ဘာပြောနေတာလဲလို့ "
စောစောက ဒေါ်ပန်းရုံစကားကို ထက်နောင်က နားစွန်နားဖျားသာကြားလိုက်ဟန်ဖြင့် မေးလာသည်။
" ဪ အမေ့ပန်းပွင့်လေးတောင် ပျား၊ ပိတုန်းတွေ ဝိုင်းနေပြီလို့တွေးမိလို့ပါကွယ် "
‌ဒေါ်ပန်းရုံစကားကို ထက်နောင်က ချက်ချင်းသဘောပေါက်သွားဟန်ဖြင့် မျက်နှာတစ်ချက်မဲ့ရင်း...
" အငယ်မက ငယ်ပါသေးတယ် "
" ဟေ "
" ဟုတ်တယ်လေ အသက်နှစ်ဆယ့်ငါးက ဘာကြီးသေးလို့လဲ ကလေးလေးပဲကို "
ထက်နောင်စကားကြောင့် ဒေါ်ပန်းရုံက တရယ်၏။
ဒေါ်ပန်းရုံရယ်လေ ထက်နောင်မျက်နှာက မည်းလာလေပင်။
မည်သို့ပင်ဆိုဆို တစ်ယောက်တည်းရှိသည့် ညီမလေးမို့ အငယ်မကို ထက်နောင်သိပ်ချစ်ရပါ၏။
ငယ်ငယ်ကတည်းက မုန့်တစ်ခုရှိလျှင် ညီမငယ်ကိုသာကျွေးကာ သူအကြိုက်ဆုံးအရုပ်ကိုပင် ညီမငယ်ကလိုချင်ပါသည်ဆိုလျှင် ချက်ချင်းပေးပစ်ခဲ့သည်က သူဆိုသောထက်နောင်ပင်။
နှုတ်မှထုတ်မပြောဖြစ်သော်လည်း တစ်ဦးတည်းသောညီမငယ်လေးကို သူ့မှာ ကြည့်မဝ ရှုမဆုံးနိုင်အောင်ချစ်နေရသည်သာ။
" ‌အမေက ဘာရယ်တာလဲ "
" မဟုတ်ပါဘူး အမေ့မျက်စိထဲ ငယ်ငယ်က ကစားကြဖူးတဲ့ မယ်ထွေးကို ရွှေစွန်ညိုမသုတ်အောင် ကာကွယ်နေတဲ့ပုံကြီးပြေးမြင်လို့ပါ "
" အမေကလဲ "
" အမေက မလဲနဲ့မောင်ထက်နောင်ရဲ့ အသက်နှစ်ဆယ့်ငါးဆိုတာ ဆယ်ကိုးနှစ်အရွယ်သားသမီးတောင်ရှိတတ်ကြတဲ့အရွယ်ပါတော့် ဒါကိုဘာငယ်တာလဲ "
ဒေါ်ပန်းရုံစကားကြောင့် ထက်နောင်အသံတိတ်သွား၏။
ဟုတ်တော့လည်းဟုတ်သည်။
ညီမငယ်၏သူငယ်ချင်းမတစ်ယောက်ဆို အသက်ဆယ့်ခြောက်နှစ်နှင့် ယောက်ျားယူကာ သားသမီးနှစ်ယောက်ပင်ရနေပြီမဟုတ်ပါလား။
" ကဲ မောင်ထက်နောင် ညီမကိုပဲ တိုမနေနဲ့အုံး အမေ့သားလဲ မိန်းမယူမယ်ဆို မင်းရဲ့ကလေးတောင် ဆယ့်ငါး၊ဆယ့်ခြောက်ဖြစ်လို့ လင်ယူ၊ မယားယူရင် ယူလောက်ရောပေါ့ "
" ဟာ အမေ့ ဒါကြီးကတော့ လွန်သွားပြီ "
ထက်နောင် ရှက်ရမ်းရမ်းကာ ခေါင်းကြီးကိုသာ တွင်တွင်ငုံ့ထားမိတော့၏။
ရုတ်တရက် ပြင်သစ်သားလေးကို မြင်ယောင်လာမိသည်ကလည်း အဆက်အစပ်မရှိစွာပင်။
ခက်တော့ခက်နေလေပြီ။
9.8.23
Wednesday
ရွှန်းလဲ့ကျော်
Continue Reading
You'll Also Like
91.4K 9.5K 35
အခြားသူတွေအတွက် ကမ္ဘာကြီးက လုံးလား ပြားလား မသိပေမဲ့ ဘေဘီ့ကမ္ဘာကြီးက လုံးတယ်ဗျ။ ငါတို့ ကမ္ဘာကြီးက အလုံး။ ကမ္ဘာကြီးရဲ့ အချစ်စွမ်းအားကြောင့် ရပ်တည်နိုင်တာ...
422K 35.1K 50
သတ်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ ငယ်သော်လည်းရင့်ကျက်နေတဲ့ကောင်ငယ်လေးတို့ နှစ်ယောက်အကြောင်းပါ။ လိုက်ပါစီးမျောပေးပါအုံးနော်။
315K 7.7K 77
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
108K 9.8K 31
တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ် S2 ကဲစီးမြောလိုက်ကြရအောင်... တင်ပြီးသားကို ဖျတ်မိသွားတယ်...🥴🥴