Love is Evil ( Completed )
By NangKhaingNiTun
87.4K 5.2K 359
ဘယ်သူမှ မမြင်ရတဲ့ နှလုံးသား ကတော့ ဘယ်လောက်ပဲ ချစ်တတ် ပါတယ်ပြောပြော လူတွေဆိုတာ မြင်ရတဲ့ အပြင်ပန်း ပုံသဏ္ဌာန် က... More
Ep - 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Ep - 25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 30
Ep - 31
Ep - 32
Ep - 33
Ep - 35
Ep - 36
Ep - 37
Ep - 38
Ep - 39
Ep - 40
Ep - 41
Ep - 42
Ep - 43
Ep - 44
Ep - 45
Ep - 46 ( Final )
Ep - 34
1.5K 98 7
By NangKhaingNiTun
နောက်တစ်နေ့ မနက်ရောက်သော် ဆိုင်ရှေ့တွင် ...
' ရှောင်း ... ဘာဖြစ်တာလဲ။ လည်ပိတ် ဆွယ်တာ င်္အကျီတွေ ဝတ်လို့။ နေမကောင်း ပြန်ဘူးလား။'
' ဘာ ... ဘာမှ မဖြစ်ဘူး။ နေကောင်းခါစ ဆိုတော့ ပြန်ဖျားမှာ စိုးလို့။'
ရိလုံ ဘာမှမဖြစ်ဘူးဆိုတော့လည်း ခေါင်း တစ်ချက် ဆတ်လိုက်ပြီး ...
' ဒါဆို ငါ သွားတော့မယ်။ ဟိုရောက်ရင် ဖုန်းဆက်လိုက်မယ်။ မင်းတို့ နှစ်ယောက် ဆိုင်ကို သေချာ ကြည့်ထားကြ။'
ရှောင်းကျန့် ဆိုင်မှာ ရပ်ထားတဲ့ သူ့ ကား ကို ယူသွားမယ့်ပုံ မပေါ်တဲ့ ရိလုံ ကြောင့် ...
' မင်း ကား မယူသွားဘူးလား။'
' မယူသွားဘူးလေ။ မင်း ကား ကို မင်း လည်း သွားစရာ ရှိရင် စီးဖို့ လိုတယ်မလား။'
' မင်း ငါ့ကို ရွဲ့နေတာလား။'
' မရွဲ့ပါဘူးကွာ။ အကောင်းပြောတာ။ ငါက အဲ့မှာ ရက် နည်းနည်း ကြာမှာ ဆိုတော့ တမင် မယူသွားတာ။'
' ယူသွားလိုက်ပါ။ မင်း လန်ဟွား ကို သူ့ မိဘဆီ သွားတောင်းမှာကို မင်း မှာ ဘာ ပိုင်ဆိုင်မှုမှ မပါသွားရင် မျက်နှာ ငယ် နေမှာပေါ့။ ပြီးတော့ ကိုယ့်ကား နဲ့ ကိုယ် သွားရင် လမ်းမှာ ကြိုက်တဲ့ အချိန် နားလို့ ရတယ်လေ။'
' လန်ဟွား ရဲ့ မိဘ က ငါ နဲ့ လန်ဟွား စတွဲကတည်းက ငါ့ ကျောထောက် နောက်ခံကို သိပြီးသားပါ။ သူတို့က ဘာဂုဏ် ပကာသန မှ မမက်ဘူး။'
' ငါက ယူသွားဆို ယူသွားလိုက်ပေါ့။ မင်းက ဘာမှ မဖြစ်ပေမယ့် လန်ဟွား က မိန်းကလေးလေ။ သူလည်း မင်းကို သူ့ မိဘရှေ့မှာ သူ့ကို ဂရုစိုက်တဲ့ အကြောင်း ပြချင်မှာပေါ့။
မင်းက ဒီအသက်အရွယ် ရှိနေပြီ ကား တောင် မရှိပဲ သူများ သားသမီး ကို လိုင်းကား နဲ့ ခေါ်သွားတယ်ဆိုပြီး သူတို့ ပတ်ဝန်းကျင်က ကဲ့ရဲ့တာ ခံချင်လို့လား။'
ရိလုံ အရင်ကကျ သူ့ကားကိုဆို သူများကို ပေးတောင် မစီးချင်တဲ့ ရှောင်း က အခု သူ့ကို အတင်းကို ယူသွားခိုင်းနေတော့ မယုံသလို ကြည့်လိုက်ပြီး ...
' မင်း ဘာလို့ ငါ့ကို ကား ကို အတင်း ယူသွားစေချင်နေတာလဲ။'
ရှောင်းကျန့် သူ ပြောစရာ ရှိတာ ကြိုပြောထားဖို့ တွေးလိုက်ရင်း ...
' တကယ်တော့ ငါ ပြင်သစ်မှာ ဒီဇိုင်းပိုင်းနဲ့ အလုပ် သွားလုပ်မလို့။ အဲ့ဒါကြောင့် ငါ့ကား ကို မင်းကိုပဲ မင်္ဂလာ လက်ဖွဲ့အဖြစ် ပေးလိုက်တော့မှာ။'
' ဘယ်လို !!!! ပြင်သစ် ပြန်သွားမှာ!!! ဘယ်တော့လဲ? အဲ့ဒါကို ဘယ်တုန်းက စဉ်းစားလိုက်တာလဲ။'
' မင်းပဲ ငါ့ကို ဝမ်ရိပေါ် နဲ့ ဝေးဝေး နေစေချင်တာ မလား။ အဲ့ဒါကြောင့် ငါ ပြင်သစ်မှာ ခဏ သွားနေလိုက်မလို့။'
ရိလုံ အဲ့စကားကို ကြားတော့ တစ်ချက်စဉ်းစားသွားရသည်။
အဲ့ဒါလည်း ဟုတ်တာပဲ။ ရှောင်း သာ ပြင်သစ် သွားလိုက်ရင် ဝမ်ရိပေါ် လည်း လိုက်နှောင့်ယှက်လို့ မရတော့ဘူး။
( သနား စရာ ရိလုံ !!!! ဟိုကဖြင့် ပိုက်ဆံ ပေါလွန်းလို့ ပြင်သစ် နဲ့ တရုတ် ကို အိမ်ဦးနဲ့ ကြမ်းပြင်လိုတောင် သွားနိုင်တယ်ဆိုတာကျ မစဉ်းစားမိရှာဘူး။)
' ဒါဆို ငါ နဲ့ လန်ဟွား လက်ထပ်ပြီး အိမ်ခွဲနေရင် ဆိုင်မှာကျ ကျင်းပေါင် တစ်ယောက်တည်း ရှိတော့မှာပေါ့။'
' ဘာခက်လို့လဲ? သူ့ကို ရိဖုန်း နဲ့ ပေးစားလိုက်တော့လေ။ မင်းလည်း အခု ရိဖုန်း ကို အမြင်ကြည်နေပြီပဲ မလား။'
' ဟာ ... မပေးစားသေးပါဘူး။ ကျင်းပေါင်က အခုမှ ကလေးပဲ ရှိသေးတာ။'
' အေး ... မပေးစားဘူး၊ မပေးစားဘူး။ လုပ်နေ ...။ ခေတ် ဆိုတာ နောက်ပြန်မသွားဘူး။ အခုခေတ် ကလေးတွေက ရည်းစား ဖြစ်ပြီဆိုတာနဲ့ ... !!!! ငါ ပြောချင်တဲ့ အဓိပ္ပာယ် သိတယ်မလား။'
ရှောင်းကျန့် သူ မီးမွှေးပေးလိုက်တာကို မသိရှာပဲ သူ့ညီကိုပဲ စိတ်ပူပြီး မျက်ဝန်းတွေ အဆမတန် ပြူးလာတဲ့ ရိလုံ ကို ကြည့်ရင်း ရယ်ချင်နေပါတယ်။
' အဲ့လိုတော့ အဖြစ်မခံဘူး။ ငါ ရိဖုန်း ကို ခေါ်ပြီး သတိပေးထားလိုက်မယ်။'
ရှောင်းကျန့် နှာခေါင်း တစ်ချက် ပွတ်ပြီး ဆရာကြီး စတိုင်လ် နဲ့ ခေါင်းရမ်းရင်း မျက်လုံးကိုပါ မှေးကျဉ်းလိုက်ပြီး ...
' မင်း ပြောတုန်းတော့ ဟုတ်ကဲ့ ဟုတ်ကဲ့ ဆိုပြီး စကား နားထောင်မှာပေါ့။ မင်းက သူတို့ကို မျက်စိအောက် အမြဲတမ်း ထားပြီး စောင့်ကြည့်နေနိုင်လို့လား။
အဲ့ဒါကြောင့် ကျင်းပေါင် တန်ဖိုး မလျော့ခင် သူတို့ကို နှစ်ဦးသဘောတူ လက်မှတ်ထိုးခိုင်းတာ ပိုမကောင်းဘူးလား။'
ရိလုံ မျက်လုံးတွေ ဂနာမငြိမ် ဖြစ်သွားပြီး အခု သွားရမှာတောင် စိတ်မဖြောင့် ဖြစ်လာသည်။
' နေအုံး ... ငါ အခုပဲ ကျင်းပေါင် ကို သွားပြောထားလိုက်မယ်။'
' နေစမ်းပါ ...။ ဘာလို့ သွားပြောမှာလဲ? မင်း သွားပြောမှ သူ့ကို အဲ့လို လုပ်ဖို့ သတိပေးသလို ဖြစ်သွားနိုင်တာ မစဉ်းစားမိဘူးလား။ အခု မင်း သွားစရာ ရှိတာ စိတ်ချ လက်ချ သွား။ အခုက ငါ သူ့ကို စောင့်ကြည့်ပေးလို့ ရသေးတယ်။
ငါ ပြောတာက နောက် ငါ ပြင်သစ် သွားတဲ့ အချိန်ကို ပြောတာ။'
ရိလုံ ဆိုင်ထဲကို တစ်ချက် လှမ်းမျှော်ကြည့်လိုက်ပြီး သနားစရာ လေသံနဲ့ ...
' သူတို့ အခုတော့ မင်း ပြောသလို မဖြစ်လောက်သေးဘူး မလား။'
ရှောင်းကျန့် သူပါ ဆိုင်ထဲကို ဟန်ဆောင် ပန်ဆောင် တစ်ချက် လိုက်ကြည့် လိုက်ပြီး ...
' အခုတော့ မဖြစ်သေးပါဘူး။'
' ကဲပါ ... သွားတော့။ လန်ဟွား စောင့်နေလိမ့်မယ်။'
ရိလုံ သူ့ကို ကျောကို တွန်းပြီး သွားခိုင်းနေတဲ့ ရှောင်းကြောင့် သွားရင်း အနောက် လှည့်ကြည့်ရင်း ...
' ကား သော့ မယူရသေးဘူး။'
ရှောင်းကျန့် ကား သော့ သွားယူပေးပြီး ရိလုံ ကား မောင်းထွက်သွားတာကို လက်ပြရင်း မျက်လုံးက ဝမ်ရိပေါ် ရဲ့ Company ဆီ အကြည့် ရောက်သွားတော့ အခုမှကား အမဲ တစ်စီး Company အရှေ့မှာ လာရပ်တာနဲ့ တိုးသွားတယ်။
ရှောင်းကျန့် ဘယ်သူမှတောင် ကား ပေါ်က ဆင်းလာတာ မတွေ့သေးဘူး၊ ကား ကို မြင်တာနဲ့ ဆိုင်ထဲ အမြန်ပြေးဝင်လိုက်သည်။
~~~~~~~~~
' ဟက် !!!! ကလေး လိုပဲ။'
သခင်ကြီး သူ့ကို ဝမ်ရိပေါ် တစ်ခုခု ပြောတယ် ထင်ပြီး ...
' ဝမ်ရိပေါ် ... ဘာပြောလိုက်တာလဲ။'
' ဘာမှမဟုတ်ပါဘူး။ Company ထဲကို ဝင်ပါ လို့ ပြောတာပါ။'
' အိုခေ ...။ မင်း အရင် ဝင်ပါ။'
ရိပေါ် ရှောင်း ကို သွား စ ချင်ပေမယ့် အခု သူ့မှာ အကြီးစား ဧည့်သည် ပါလာတာကြောင့် အာရုံ ခဏ လွှဲ ထားလိုက်ပြီး သခင်ကြီးကို ခေါ်ပြီး Company ထဲကို ဝင်သွားလိုက်တယ်။
' ဒါက ကျနော် ပြန်ပြီး ထောင်ထားတဲ့ အိမ်ထောင်ဖက် ရှာပေးတဲ့ အေဂျင်စီ ပါ။'
သခင်ကြီး ခေါင်းညိတ်လိုက်ပြီး ...
' မင်း လည်း စမ်းသပ်မှု ကို ရပ်ဆိုင်းလိုက်ပြီမလား။'
' ဟုတ်ကဲ့။ အဲ့ဒါကြောင့် ဟိုတစ်ခါ သခင်ကြီး ကျနော့်ကို ဆက်သွယ်တော့ ကျနော် ဘာမှအကြောင်းမပြန်တော့တာ။'
' အင်း ... ငါတို့လည်း ရပ်လိုက်ပြီ။ သဘာဝ မဆန်တဲ့ ကိစ္စဆိုတော့လည်း လွယ်လွယ်နဲ့ ဘယ်အောင်မြင်မလဲ။'
' ဟုတ်တယ်။ ဒီဘက်ကို ဆက် လာပါ။'
သခင်ကြီး နောက်တစ်ထပ် ရောက်သွားတော့ ကား တွေ တော်တော် များများ ရပ်ထားတာ တွေ့ရတယ်။
' မင်း ကား တွေပါ ရောင်းနေတာလား။'
' မကြာသေးပါဘူး။ အဲ့ဒါကြောင့် ကျနော် ဂျပန် ကို ခဏ ခဏ ရောက်ဖြစ်သွားတာ။'
' ဪ ... ဂျပန်ကနေပဲ သွင်းတာလား။'
' ဟုတ်ကဲ့။ အခုတော့ ဂျပန် ကနေပဲ သွင်းရသေးတာ။ နောက်မှ ကား အစီးရေ နဲ့ အမျိုးအစား အစုံ ထပ်သွင်းမလို့။'
' အင်း ... ကောင်းပါတယ်။ လူငယ် ဖြစ်ပြီး ခုလို စီးပွါးရေး စျေးကွက်တွေ မြင်တတ်တာ ငါ သဘောကျတယ်။'
' ဟုတ်ကဲ့။ ရုံးခန်းထဲကို သွားရအောင်။ ပြီးမှ ကျနော်တို့ မြေကွက် နေရာကို ခေါ်သွားပြမယ်။'
' ကောင်းပြီ။'
ရိဖုန်း သူလည်း ဆရာ ရိပေါ် နဲ့ သခင်ကြီး သွားတဲ့ နောက်ကိုပဲ လိုက် နေလိုက်သည်။
~~~~~~~~
Shopping Mall တစ်နေရာတွင် ခေတ်မှီတဲ့ အမျိုးသမီး တစ်ယောက်နဲ့ အတူ အရပ် ၆ ပေကျော်တဲ့ ကောင်လေးရဲ့ လက်မောင်းကို အရပ် ၆ ပေ မပြည့်တပြည့် ကောင်လေး တစ်ယောက်က ချိတ်ပြီး စျေးဝယ် ထွက်နေကြသည်။
' သား ... ရှောင်းရှောင်း ... ကြိုက်တာ ယူနော်။ မား ရှင်းပေးမယ်။'
' ဟုတ် ... မား။'
ခီရှီ သူ့ လက်မောင်း ကို လာချိတ်ထားတဲ့ ရှောင်းရှောင်းရဲ့ လက်ကို အုပ်ကိုင်လိုက်ပြီး ...
' ရှောင်းရှောင်း ... ကိုယ်တို့ရဲ့ လက်ထပ် လက်စွပ် အရင် သွားဝယ် ကြမလား။'
' အင်း ... သွားလေ။'
ခဏ အကြာတွင် ခီရှီ ရဲ့ လက် နှစ်ဖက် အိတ်ကြီး အိတ်ငယ် နဲ့ ပြည့်သွားရသည်။
ဒါတောင် မား နဲ့ ရှောင်းရှောင်း က ပြန်မယ့်ပုံ မပေါ်သေးဘူး။
~~~~~~~~~~
' ကျင်းပေါင် ...'
' ရှောင်း ကော ... ဘာပြောမလို့လဲ။'
' ကော ... အပြင် ခဏ သွားအုံးမယ်။'
' ဝယ်စရာ ရှိနေတာလား။ ကျနော် သွားဝယ်ပေးမယ်လေ။ ကော က ခုမှ နေပြန်ကောင်းတာ၊ အပြင်မှာ နေပူတယ်။'
ရှောင်းကျန့် တကယ်တော့ သူလည်း ကိုယ်တိုင် မသွားချင်ပါ။
' အင်း ... အဲ့ဒါဆို ပိုကောင်းတယ်။ ကော ကို မက်မန်းသီး အလုံး အကြီးကြီးနဲ့ ဟာ သွားဝယ်ပေးမလား။'
' အနီရောင် လား အမဲရောင်လား ...။'
' ရတယ်၊ ဘယ်လို ဟာ ဖြစ်ဖြစ် အလုံး အကြီးဖြစ်ရင် ပြီးရော ...။'
' ဟုတ်ကဲ့ ...။'
ရှောင်းကျန့် ကျင်းပေါင် ထွက်သွားတော့ ဘာမှ လုပ်စရာ မရှိတာကြောင့် အပေါ်မှာ သူ့ အိုင်ပက် သွားယူလာပြီး ဒီဇိုင်းတွေကို ပြန်လေ့ကျင့်နေလိုက်သည်။
ထိုစဉ် ...
!!!! တီ !!!!
ဆိုင်တံခါး ဖွင့်သံကြောင့် ကြည့်လိုက်တော့ ...
' ရှောင်းရှောင်း !!!!.'
' အင်း ... ငါ ။ ခီရှီ နဲ့ မား လည်း ပါလာတယ်။'
ရှောင်းကျန့် အဲ့တော့မှ နောက်ကို ထပ်မျှော်ကြည့်ပြီး ကောင်တာ အရှေ့ကို ထွက်လာလိုက်တယ်။
' အန်တီ ... မင်္ဂလာပါ။'
' အေး ... သား။ မင်္ဂလာပါ။ ဘယ်လိုလဲ နေကောင်းသွားပြီလား။'
ရှောင်းကျန့် သူ့ကို သဘောရိုးနဲ့ မေးလာပေမယ့် သူကတော့ မဟုတ်တာ လုပ်ထားတဲ့ လူ ဖြစ်တာကြောင့် နားရွက်တွေ နီ လာပြီး ...
' ဟုတ် ... ကောင်းသွားပါပြီ။'
' မား ... ဒါ ရှောင်း ရဲ့ ပေါင်မုန့်ဆိုင်လေ။ သူ့ဆိုင်က ပေါင်မုန့်က အရမ်း စားလို့ ကောင်းတယ်။'
' ဟုတ်လား ...။ ဟုတ်မှာပါ။ ရောင်းတဲ့ လူကလည်း လူချောလေးဆိုတော့ မုန့်တွေကလည်း အပြင်အဆင် အထုပ်အပိုးတွေနဲ့တင် စားချင်စရာလေးလို့ ခံစားနေရပြီ။'
ရှောင်းကျန့် ထိုင်ခုံ သွားယူလာတော့ ခီရှီကလည်း လာကူတယ်။
' အန်တီ ထိုင်ပါအုံး။ ကျနော် ကော်ဖီ ဖျော်ပေးမယ်။'
' အင်း ... ထိုင်မယ်လေ။ တစ်နေကုန် စျေးဝယ် ပတ်နေတာ ခြေထောက်တွေ ညောင်းနေပြီ။'
' ဪ ... စျေးဝယ် ထွက်ပြီး ပြန်လာကြတာလား။'
' ဟုတ်တယ်။ ငါ နဲ့ ခီရှီ ရဲ့ လက်ထပ် လက်စွပ်လည်း ဝယ်လာပြီ။ ခဏလေး ... ပြမယ်။'
ရှောင်းကျန့် အရမ်းကို အားတက်သရော ဖြစ်နေတဲ့ ရှောင်းရှောင်း ကြောင့် ပြုံးလိုက်ပြီး ...
' အေးပါ ...။ ပြီးမှ ပြ ...။ ငါ ကော်ဖီ သွားဖျော်အုံးမယ်။'
ခီရှီ အနောက်ဝင်သွားတဲ့ ရှောင်းကျန့် ရဲ့ နောက်ကို လိုက်ဝင်သွားလိုက်ပြီး ...
' ရှောင်းကျန့် ... မား ကို ဖျော်ပေးမယ့်ဟာက သကြား နှစ်ဇွန်းလောက်ပဲ ထည့်မယ်နော်။'
' ဪ ... ဟုတ်ပါပြီ။'
' ငါ စောင့်ယူသွားပေးလိုက်မယ်လေ။'
' အင်း ...။ ခဏစောင့် ...။'
အပြင်ဘက်တွင်တော့ ဝမ်ရှောင်းရှောင်း ကလေး လုပ်ပြီး မား ကို ခေါ်ပြီး ပေါင်မုန့် စင်တွေ ဘက်မှာ အရသာ ရှိမယ် ထင်တဲ့ မုန့်တွေ ယူပြီး စင်တွေဘက် လျှောက်ကြည့်ရင်း ဒီတိုင်း စားနေကြတယ်။
' မား ... တကယ် ကောင်းတယ်မလား။'
' အင်း ... တကယ် ကောင်းတယ်။ ဂျပန် ပြန်ရင် ဝယ်သွားအုံးမယ်။ သားရဲ့ ဒက်ဒီလည်း ပေါင်မုန့် အိအိလေးတွေဆို စားရတာ ကြိုက်တယ်။'
' ဟုတ် ...။ ဒါဆို ခဏနေကျ အိမ်ကို ဝယ်သွားမယ်လေ။'
' အင်း ... ကောင်းတယ်။'
~~~~~~~~~
ပေကျင်းမြို့နဲ့ မိုင် ရာကျော်လောက် ဝေးတဲ့ နယ်မြို့ တစ်မြို့တွင် ...
ရိလုံ သူ့ကို လန်ဟွား ပြတဲ့ လမ်းအတိုင်း ကား မောင်းဝင်သွားတော့ တစ်ထပ်တိုက်ပုလေး ပုံစံနဲ့ အိမ် တစ်အိမ် ရှေ့ ရောက်သွားတယ်။
သူတို့ ကား ရပ်သွားတာနဲ့ အိမ်ထဲကနေ လန်ဟွားရဲ့ မား ထွက်လာသည်။
' ဟော ... သား တို့ ရောက်လာကြပြီလား။ မား တောင် သားတို့ ပါး ကို အခုလေးတင် ပြောနေတာ ကလေးတွေ မရောက်လာကြသေးဘူးလို့။'
ရိလုံ ကား ပေါ်က ဆင်းလိုက်ပြီး ...
' မား ... မင်္ဂလာပါ။'
ထိုစဉ် ပါး ပါ အိမ်ထဲက ထွက်လာတယ်။
' ပါး ... မင်္ဂလာပါ။'
' အေး ... သား။'
ရိလုံ ပြီးမှ ကား နောက်ဖုံးမှာ ထည့်ထားတဲ့ ပစ္စည်းတွေကို လန်ဟွား ကို သွားကူပြီး ထုတ်လိုက်သည်။
' ဘာတွေ ဝယ်လာတာလဲကွယ်။ အများကြီးပဲ။'
' ဟုတ်သားပဲ။ အိမ်အတွက် ဘာမှ မလိုပါဘူး။ သား နဲ့ သမီးရဲ့ မျက်နှာပဲ မြင်ရရင် ပြည့်စုံပါပြီ။'
လန်ဟွား နေရာ တကာ လိုက်ကြည့်ရင်း လိုက် လိုက် ပြောတတ်တဲ့ သူ့ ပါး နဲ့ မား ကို မနိုင်ဘူး ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး ...
' အိမ် အတွက် ဝယ်လာတာ မဟုတ်ပါဘူး။ ပါး နဲ့ မား အတွက် လူကြီး ဖြည့်စွက်စာတွေပါ။ ပြီးတော့ သမီးတို့ လူကြီးတွေ ကန်တော့မယ့် ပစ္စည်းတွေ ရယ် ...။'
' ဪ ... အေးပါ။ မား တို့ အိမ်အတွက်ဆို မလိုဘူး ပြောမလို့။ အလကား ပိုက်ဆံ ကုန်တာပဲ ရှိမယ်။'
' သမီး သိတယ်။ အဲ့ဒါကြောင့် အိမ် အတွက် ဘာမှ မဝယ်လာဘူး။'
အမျိုးသမီး သူ့ကို ပြောလာတဲ့ သမီးကို ချစ်စနိုးနဲ့ ပြုံးကြည့်ပြီး ...
' သားရေ ... မင်းတော့ ရှောင်ဟွား နဲ့ ယူပြီးရင် တော်တော် သည်းခံနိုင်မှ ရတော့မယ်။'
ရိလုံ သူ့ကို ပြောလာတဲ့ မား ကို မချိပြုံး ပြုံးပြလိုက်ပြီး ...
' သား လည်း အဲ့လိုပဲ စိတ် ပြင်ဆင်ထားပါတယ် မား။'
' ကဲ ... သား အမိ နှစ်ယောက် အိမ်ထဲ ရောက်မှ ဆက်ပြောကြ။ လာ ... အိမ်ထဲ ဝင်ကြမယ်။'
လန်ဟွား သူ့ မိဘ နဲ့ ရိလုံ အိမ်ထဲ ရောက်လာတော့မှ ရေ သွားထည့်ပြီး ရိလုံ ကို ယူလာပေးလိုက်သည်။
ရိလုံ ရေ ကို မော့ သောက်လိုက်ပြီး ပြန်ချတော့ မား ဆီက အသံ ထွက်လာသည်။
' သား နဲ့ သမီး အခု လာတာ တစ်ခါတည်း လက်ထပ် သွားကြမှာလား။'
' ပါး နဲ့ မား ကို အားနာစွာနဲ့ ပြောရတော့မယ်။'
' ကျနော်က မိဘတွေလည်း မရှိတော့ဘူးဆိုတော့ အခုလို လန်ဟွား ကို လက်ထပ်မယ့် အကြောင်း လာပြောတော့လည်း တစ်ယောက်တည်းပဲ လာရပါတယ်။ ပါး နဲ့ မား ကို မလေးစား ဘူးလို့တော့ မထင်စေချင်ပါဘူး။'
' ရပါတယ်။ သား ရဲ့ အကြောင်းကို ပါး နဲ့ မား လည်း သိနေတာပဲ။ ဒါပေမယ့် ပါး တို့မှာက သမီး တစ်ယောက်တည်း ရှိတာဆိုတော့ လူကြီးတွေကိုပဲ ဖိတ်ပြီး ကန်တော့တာမျိုးနဲ့ မပြီးသွားစေချင်ဘူး။ အနည်းဆုံးတော့ ပါး တို့ရဲ့ မိတ်ဆွေ၊ ပြီးတော့ ဒီ ရပ်ကွက်ထဲက လူတွေ အကုန်လုံး ဖိတ်ပြီး ပွဲ လုပ်စေချင်တယ်။'
' အာ ... ပါး ကလည်း ပွဲ ကိစ္စက သမီးတို့ အရင်ကလည်း ပြောထားဖူးတာပဲကို။ ရိလုံက မလုပ်ပေးချင်တာ မဟုတ်ဘူး။ သမီး ကိုယ်တိုင် မလုပ်ချင်တာလို့ ...။'
' သမီး ရယ် ... သမီး ပါး ပြောတာလည်း မှန်ပါတယ်။ မား တို့မှာ သမီးပဲ ရှိတာလေ။ မားတို့လည်း မျက်နှာပွင့် ဂုဏ်ယူချင်တာပေါ့။ သမီး ခုလို လူကောင်းလေး နဲ့ ဆုံရလို့။'
ရိလုံ မား နဲ့ ဆက်ငြင်းမယ့် လန်ဟွား ရဲ့လက်ကို ကိုင်ပြီး တားလိုက်ရင်း ...
' ပါး နဲ့ မား ပြောတာလည်း မှန်ပါတယ်။ လန်ဟွား ရဲ့ ဂုဏ်သိက္ခာအတွက် ပွဲ လုပ်သင့်တာပေါ့။ ကျနော်တို့ အတွေးတိမ် သွားပါတယ်။'
' တစ်ခြားတော့ မဟုတ်ပါဘူးကွယ်။ လူ ဆိုတာကလည်း ပတ်ဝန်းကျင်နဲ့ နေရတာ မလား။ ပတ်ဝန်းကျင်ဆိုတာက အကောင်းလုပ်ရင်သာ တစ်ရက် နှစ်ရက်နဲ့ ပြောလို့ ပြီးသွားမှာ။ သူတို့ မျက်လုံးထဲ မကောင်းဘူး ထင်ရင်တော့ ပြောလို့ ပြီးမှာ မဟုတ်တော့ဘူး။'
' ဟုတ်ကဲ့။ သား နားလည်ပါတယ်။'
' အင်း ...။ ပါး တို့ အတွက်တော့ ဘာမှ မလိုဘူး။ အခုလို ပါး နဲ့ မား ဆီ လာပြီး ပြောပြီး ကန်တော့ ရင်တောင် ပါး တို့ရဲ့ သမီးကို သား က သစ္စာမဖောက်ပဲ ပေါင်းသင်းသွားရင် ကျေနပ်ပြီ။
ဒါပေမယ့် ခုန သား ရဲ့ မား ပြောသလို ပတ်ဝန်းကျင် တွေက မလွယ်ဘူး။'
' ဟုတ်ကဲ့ပါ။ ပြီးမှ သား နဲ့ လန်ဟွား ပွဲ လုပ်မယ့် ကိစ္စ တိုင်ပင် လိုက်ကြမယ်။'
' အေးပါ ...။ အေးပါ ...။'
~~~~~~~~~~
' ရိလုံ ... နင် က အရမ်းကို လျှာရှည်တယ်။'
' ရှောင်ဟွား ... နင်က မိန်းကလေးရှင်နော်။ မင်္ဂလာပွဲ မလုပ်ချင်လို့ ငါ့ကို ရန် လာရှာရတယ်လို့။ သူများတွေ ကြားရင် နင့်ကို ရူးတယ်လို့ ထင်နေကြအုံးမယ်။'
' ထင် ထင်ပေါ့ ...။ ဂရုစိုက်စရာလား။'
' နင်ကတော့ ဂရုမစိုက်ချင်လည်း ရတယ်လေ။ ဒါပေမယ့် ဒီမှာ ကျန်ခဲ့မှာက ပါး နဲ့ မား လေ။ သူတို့ ပြောတာလည်း မှားတာမှ မဟုတ်တာ။ ပြီးတော့ ပွဲ လုပ်တာ ဘာမှ အရမ်း မကုန်ကျလောက်ပါဘူး။'
' နင် ဘာသိလဲ ... မင်္ဂလာပွဲ တစ်ခါလုပ်ရင် ဒီမှာက တစ်ရက်တည်းနဲ့ မပြီးဘူး။ အိမ်နီးနားချင်းတွေက ပွဲ လုပ်မယ့် နေရာ လာကူပေး၊ ပွဲ လုပ်မယ့်နေ့မှာ ကျွေးမွေးဖို့ ချက်စရာတွေ လာ ကူလုပ်ပေး။ အဲ့ဒါနဲ့တင် တစ်ရက်က ပြီးသွားပြီ။ ပွဲ က တစ်ရက်နဲ့။ ပွဲပြီးလို့ သိမ်းဆည်း၊ သွားငှါးလာတဲ့ ဘုံ ပစ္စည်းတွေ ပြန်ပို့။ အဲ့ဒါလည်း နောက်တစ်ရက် ထပ်ကုန်မှာပဲ။ ပွဲ လုပ်တယ် ဆိုတာ လွယ်တယ် ထင်နေလား။'
' ဪ ... ဘာဖြစ်တုန်း ...။ မင်္ဂလာဆိုတာ တစ်ခါပဲ ဆောင် ရတာလေ။'
' မင်းကတော့ လွယ်မှာပေါ့။ ဘာမှ လုပ်စရာ မလိုဘူးလေ။ ငါကျ အလှတွေ ပြင်ရမယ်။ ပြီးတော့ အခု ငါ့မှာ မင်္ဂလာပွဲမှာ ဝတ်လို့ ရနိုင်လောက်တဲ့ အဝတ်အစားမျိုး မပါခဲ့ဘူး။'
' အဲ့ဒါလည်း မခက်ဘူး။ ပွဲ လုပ်ဖြစ်တယ်ဆို ရှောင်း နဲ့ ကျင်းပေါင် ကိုပါ ခေါ်ရမှာပဲ။ အဲ့ဒါတွေ သူတို့ကို ဝယ်လာခိုင်းလို့ ရတယ်။ ပြီးတော့ တကယ်လို့ ငါတို့ ကိုယ်တိုင် ထမင်း ဟင်း မချက်ချင်ဘူးဆိုလည်း မှာ လို့ ရတယ်မလား။ ဖိတ်မယ့် လူ အရေအတွက် သေချာ ပြီဆိုရင် ...။'
' မသိဘူး ...။ ပါး နဲ့ မား ကို သွားမေး ...။'
ရိလုံ သူ့ကို ဘာမဟုတ်တာလေးနဲ့ ကောက်ချင်နေတဲ့ လန်ဟွား ရဲ့ လက်ကို ဆွဲယူပြီး အုပ်ကိုင်လိုက်ရင်း ...
' ရှောင်ဟွား ကလည်း ... ဒါက စိတ်ကောက်စရာမှ မဟုတ်တာကွာ။ ငါ မင်းကို တန်ဖိုးထားလို့လေ။ ပြီးတော့ ကုန်ကျစရိတ်အတွက် မပူနဲ့ ။ ငါ့ဘာသာ သက်သက် စုထားတာ ရှိပါတယ်။'
လန်ဟွား သူ့လက်ကို မရုန်းယူပေမယ့် မျက်စောင်းတော့ ချီ လိုက်ပြီး ...
' ငါတို့က အိမ်ခွဲနေမှာလေ။ စီးပွါးရေးကလည်း ပြန် စ ရမယ်။ ပြီးတော့ စီးဖို့ ကား ကလည်း ဝယ်ရအုံးမယ်။'
' အာ ... ကား ဆိုရင်တော့ မပူနဲ့။ ရှောင်း က ပြင်သစ် သွားပြီး ဒီဇိုင်းပိုင်းနဲ့ အလုပ် သွားလုပ်မလို့တဲ့။ အဲ့ဒါ သူက သူ့ကား ကို ငါ့ကို ထားပေးသွားလိုက်မှာ။'
' ရှောင်း က ပြင်သစ် ပြန်သွားမှာ။'
' ဟုတ်တယ်။ သူလည်း ငါ့ကို ဒီလာခါနီးမှ ပြောလိုက်တာ။'
' ဒါဆို ငါတို့ အိမ်ခွဲနေမှာက ဖြစ်ပါ့မလား။'
' ဖြစ်ပါတယ်။ ငါတို့မှာ အိမ်လည်း ရှိနေပြီပဲလေ။ ကျင်းပေါင် ကို စိတ်ပူတယ်ဆို မပူနဲ့တော့။ သူ့ကို လီရိဖုန်း နဲ့ လက်မှတ် ထိုးခိုင်းထားလိုက်မှာ။'
လန်ဟွား အဲ့တော့မှ ရိလုံ ကို တစ်ချက် မဲ့ ကြည့်လိုက်ပြီး ...
' အခုတော့ တကယ်ကြီး သဘောတူလိုက်ပြီပေါ့။'
' မတူလို့ ရမလား။ ကျင်းပေါင်က အဲ့ကောင်မှ အဲ့ကောင် ဖြစ်နေတာလေ။'
လန်ဟွား အဲ့အကြောင်း ပြောတိုင်း ခုထိ စူပုပ်ပုပ် ဖြစ်နေတဲ့ ရိလုံ ကို ကြည့်ရင်း ရယ် ပဲ ရယ်နေလိုက်သည်။
~~~~~~~~
Wang အိမ် ...
' ဒါဆို ဒက်ဒီ နဲ့ မား ဂျပန် ကို ပြန်အုံးမှာပေါ့။'
' အေး ... ပြန်မှာ ရမယ်။ ဟိုမှာလည်း အလုပ် ကိစ္စကို ဘာမှ သေသေချာချာ မမှာလာရဘူး။'
' ကျနော် တော့ လိုက်မပြန်ဘူးနော်။'
သခင်ကြီး သူ့ သား ကို မျက်စောင်း မမြည်တဲ့ မျက်ဝန်းနဲ့ ကြည့်လိုက်ပြီး ...
' မင်း ကိုလည်း ငါ မခေါ်ပြန်ဘူး။ ဒီနေ့ပဲ ဝမ်ရိပေါ် နဲ့ မြေနေရာ သွားကြည့်ခဲ့တာ။ အဲ့မှာ မြေတွေ စတင် တူးနေပြီ။ မင်း က အဲ့မှာပဲ သွားကြီးကြပ်လိုက်။'
' အဲ့ဒါဆိုရင်တော့ စိတ်မပူပါနဲ့။'
' အေး ... လိုအပ်တာရှိရင် ချက်ချင်း ဖုန်းဆက်လာခဲ့။'
' ဟုတ်ကဲ့။'
~~~~~~~~
' ဒူ ... ဒူ ...'
ရိဖုန်း ရေချိုးမလို့ လုပ်တုန်း ဖုန်း မြည်လာတာကြောင့် ကြည့်လိုက်တော့ ကျင်းပေါင် ...
' ကျင်းပေါင် !!!!.'
' ကိုကို ... ဘာလုပ်နေလဲ။'
' ကိုယ် အခု ရေချိုးမလို့။ ဘာလို့လဲ ... ပြောလေ။'
' ဪ ... ဘာမှတော့ မဟုတ်ပါဘူး။ နောက် ၂ ရက်နေရင် ကျနော် လန်ဟွား ကျဲ ရဲ့ အိမ် ရှိတဲ့ နယ်ကို လိုက်သွားမလို့။ အဲ့ဒါ လှမ်းပြောတာ။'
' ဘာသွားလုပ်မှာလဲ ...။ ပြောတော့ လိုက်စရာ မလိုဘူးဆို။'
' အင်း ... အစ က မလိုဘူး။ အခုကျ အဲ့မှာ မင်္ဂလာပွဲ လုပ်ပြီးမှ ပြန်လာတော့မှာတဲ့။ အဲ့ဒါကြောင့် ကျနော် နဲ့ ရှောင်း ကော က ကျဲ အတွက် အဝတ်တွေ ဝယ်ပြီး သွားပို့ပေးရမှာ။ မင်္ဂလာပွဲ သွားတက်ရင်းပေါ့ ...။'
' ဟုတ်လား ... ကိုယ်လည်း လိုက်ချင် လိုက်တာ။'
' လိုက်ချင်ရင် ရိပေါ် ကော ကို ပြောလေ။ ရှောင်း ကော ပါ သွားမယ် ဆိုတာ သိရင် သူ ပါ လိုက်ရင် လိုက်အုံးမှာ။'
' ဟုတ်သား ...။ အင်း ...။ မနက်ဖြန်ကျ ပြောလိုက်မယ်။'
' ဟုတ် ...။ ဒါဆို ကိုကို ရေချိုးမယ်ဆို ချိုးတော့လေ။ ကျနော် ဖုန်းချတော့မယ်။'
' အင်း ...။'
~~~~~~~~~
!!!! ထင်း !!!!
ရှောင်းကျန့် အိပ်မလို့ ပြင်တုန်း မက်ဆေ့ ဝင်တဲ့ အသံကြောင့် ယူကြည့်လိုက်တော့ ...
📩🦁 ရှောင်း ... အိပ်ပြီလား။ ထပ်ဖျား သေးလား။
ရှောင်းကျန့် စာကို ဖတ်ပြီး နားရွက်တွေ ရော မျက်နှာတွေပါ နီလာတယ်။
သူ့ကို ရှက်စေတဲ့ မက်ဆေ့ ကို မပြန်ပဲ နေ နေလိုက်သည်။
ထိုစဉ် ...
!!!! ထင်း !!!!
မက်ဆေ့ ထပ်ဝင်လာတဲ့ အသံကြောင့် မယူကြည့်တော့လည်း မနေရဲပါ။ ဘာလို့ဆို ဝမ်ရိပေါ် တစ်ဇွတ်ထိုး လုပ်တတ်တာ သိလို့ပင်။
📩🦁 အိပ်သွားပြီလား။ ဖြစ်နိုင်ရင် မင်းရဲ့ အသံ ကြားချင်တယ်။ မင်း ကို တစ်ရက် ထက် တစ်ရက် အရမ်းကို လွမ်း လွမ်း လာနေတယ်။ မင်း နဲ့ ၃ နှစ်ကို ဘယ်လို ဝေးဝေး နေရမလဲ?
ရှောင်းကျန့် ဖုန်းတော့ မပြောချင်တာကြောင့် မက်ဆေ့ပဲ ပြန်လိုက်သည်။
!!!! တွိစ် !!!!
ရိပေါ် သူက မက်ဆေ့ ပို့တဲ့ box ဖွင့်ထားတာ ဖြစ်တာကြောင့် ရှောင်းကျန့် ရဲ့ စာကို တစ်ခါတည်း တန်းမြင်တယ်။
📩🐰 ၃ နှစ် မဝေးချင်ရင် လက်ထပ် မယ့် ကိစ္စကိုလည်း မေ့လိုက်။
📩🦁 ရှောင်း ကလည်းကွာ ... အရမ်း ရက်စက်တာပဲ။
📩🐰 ဘာ ရက်စက်တာလဲ။ မင်း နဲ့ နှစ်ယောက်တည်း အတူ ရှိနေရင် ခံ ရတာ ငါပဲလေ။
📩🦁 အဲ့ဒါကတော့ ချစ်လို့ ဖြစ်သွားတာလေ။ လိုက်တွက် မနေနဲ့။
ရှောင်းကျန့် ပြန်လာတဲ့ ဝမ်ရိပေါ် ရဲ့ စာ ကြောင့် မျက်စောင်းထိုးလိုက်ပြီး ...
📩🐰 မတွက်ဘူး။ ပြီးတော့ နောက်တစ်ခါ ဆိုတာ ထပ် မရှိတော့ဘူး။ မင်း ကို အခွင့်ရေးတွေ ပေးတာ များနေပြီ။
📩🦁 😭😭😭😭
📩🐰 ကြိုက်သလောက် ငို ...။ ဘာမှ ထပ်မရတော့ဘူး။ ဒါပဲ ... အိပ်တော့မယ်။
ထိုစဉ် ...
' ဒူ ... ဒူ ... ဒူ ...'
ရှောင်းကျန့် ဖုန်း ကိုင်ထားနေရင်း လက်ထဲမှာတင် ဖုန်း မြည်လာတာကြောင့် ကိုင်လိုက်သည်။ မဟုတ်ရင် ဝမ်ရိပေါ် ဒီည ပြီးမှာ မဟုတ်တော့ပါ။
' ဘာလဲ !!!! မင်း တရုတ် စကားတောင် နားမလည်တော့ဘူးလား။ ငါက အိပ်တော့မယ်လို့ ပြောတာ၊ ဖုန်း ဆက်လာခိုင်းတာ မဟုတ်ဘူး။'
' ငါက ရှောင်း ရဲ့ အသံ နားထောင်ချင်လို့လေ။'
' ငါ့ အသံ အဲ့လောက် နားထောင်ချင်ရင် မနက်ကျ အသံ သွင်းထားမယ် လာယူလိုက်။ ဒါပဲ ...။'
!!!! တီ !!!!
ရိပေါ် သူ ဘာမှတောင် ပြန်မပြောရသေးခင် ဖုန်း ချ ခံလိုက်ရပေမယ့် လူက ပြုံးစိစိ ဖြစ်သွားတယ်။
' ဟိ !!!! ဖုန်း ခေါ်လိုက်တာ ... မနက်ဖြန်ကျ မျက်နှာ ပါ တွေ့ရတော့မယ်။ ရှောင်း ... မ,လည်လေး။'
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.08.08 ( Tue ) အ,အလေး လို့ပါ ပြောလိုက်ပါတော့ ... 🤧
Zawgyi