အိုမီဂါအဖြစ် ကူးပြောင်းပြီးနေ...
By Azure5549
1.1M 131K 2.6K
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... More
မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
hello သတင်းကောင်းလေးပါရှင့်
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
162
163
164
165
166
167
168
169
170
171
172
173
174
175 ( End )
IQ team က အသစ်ပြန်တဲ့ အပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင့်
161
5.8K 602 18
By Azure5549
Chapter 161
လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို စကားမပြောဘဲ ကြည့်ပဲကြည့်လိုက်၏။
စက္ကန့်အနည်းအကြာ၌ သူက ရုတ်တရက် လက်သီးဆုပ်ကာ ယွမ်ရှင်းကျဲဆီသို့ ကမ်းပေးရင်း နူးညံ့စွာ ဆိုလေသည်။
"မင်းကိုယ့်ကို ယုံလား"
ခဏမျှကြောင်အနေပြီးနောက် ယွမ်ရှင်းကျဲ တွေဝေခြင်းမရှိပါဘဲ လက်ဆန့်ကာ သူ၏လက်သီးကို လော့ဝမ်ချွမ်း၏လက်သီးနှင့်ညင်ညင်သာသာ တိုက်ပြီး ပြန်ဖြေလိုက်၏။
"ဒါပေါ့...ကျွန်တော်စီနီယာ့ကိုယုံတာပေါ့..."
"အဲ့ဒါဆိုရပြီ"
လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲ၏မျက်လုံးများထဲသို့ကြည့်ကာ ဖြည်းညင်းစွာ ဆိုလေသည်။
"ကိုယ်တို့က တစ်ယောက်ခွန်အားကိုတစ်ယောက်
အသိကြဆုံးလူတွေလေ...တမင်တကာ ပူးပေါင်းနေစရာမလိုသလို ပြိုင်ပွဲကိုလည်းအနိုင်ရနိုင်တယ်..."
သူ့စကားများကို ကြားရသောအခါ ယွမ်ရှင်းကျဲ၏ ပူပန်မှုများက လွင့်ပျံသွားပြီး မနေနိုင်ဘဲ တခစ်ခစ်ရယ်မိတော့သည်။
"တစ်ဖက်က ဒီစကားကိုကြားရင်ရူးသွားလိမ့်မယ်"
ဘေးရှိ သူတို့အသင်းဖော်များ၏နှလုံးသားများ:
ငါတို့လည်း မင်းစကားကိုကြားရတာ စိတ်နည်းနည်းကုန်တယ်ကွာ...
ပြိုင်ပွဲမစခင်မှာ ဘယ်လိုများ မင်းရဲ့အချစ်တွေကိုပြနိုင်ရတာလဲ...
သို့ရာတွင် အသင်းထဲရှိ အသန်မာဆုံးနှစ်ယောက်၏ စိတ်အေးလက်အေးနှင့် ပျော်ရွှင်နေသော အသွင်အပြင်ကိုကြည့်ပြီး ရှင်းဟိုင်တက္ကသိုလ်အသင်း၏အဖွဲ့ဝင်များလည်း စိုးရိမ်ပူပန်မှုများ လျော့ပါးသွားခဲ့ကြ၏။
ပြိုင်ပွဲကွင်းပြင်ထဲကို လူတိုင်းဝင်သွားကြပြီးနောက် ရစ်ချက် တစ်စုံတစ်ခုကို ရုတ်ချည်း အမှတ်ရသွားပြီး ကိုယ့်ခေါင်းကိုယ်ပုတ်ကာ နောင်တအပြည့်နှင့်ပြောလိုက်သည်။
"အာ...ငါမေးဖို့မေ့သွားတယ်...ရှင်းကျဲမက်ခါရဲ့အဆင့်ကဘယ်လောက်လဲ"
ရှင်းဟိုင်နှင့်ယှဥ်ပါက နိုရာအသင်း၏အဖွဲ့သားများမှာ စိတ်ဖိစီးလာကြ၏။
သိသိသာသာကို သူတို့ကသုံးမှတ် အသာရနေပါသော်လည်း သူတို့က သုံးမှတ်နောက်ကောက်ကျနေသလိုမျိုး လေထုက လေးလံနေသည်။
နိုရာ၏နည်းပြအနေဖြင့် အံကြိတ်ကာဖြင့် သူတို့ကိုနှစ်သိမ့်ပေးရုံသာတတ်နိုင်လေ၏။
"ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ပြိုင်ပွဲကိုနိုင်ရမယ်...ယွမ်ရှင်းကျဲရဲ့မက်ခါက စက္ကူကျားသက်သက်ပါကွာ...အဲဲ့ဒါက တိုက်ပွဲရဲ့အရှိန်ကို ပြောင်းလဲနိုင်မှာမလို့လား..."
မိနစ်အနည်းငယ်အကြာတွင် ပြိုင်ပွဲက တရားဝင် စတင်လေပြီ။
6vs6ထိုးစစ်နှင့် ခံစစ်ပြိုင်ပွဲ၏စည်းမျဥ်းများက ရှုပ်ထွေးခြင်းမရှိပေ။
ပထမဆုံး အသင်းနှစ်သင်းဟာ ပြိုင်ပွဲမစမီမဲနှိုက်ပြီး ထိုးစစ်နှင့် ခံစစ်အဖြင့် နှစ်ပိုင်းခွဲရမည်ဖြစ်၏။
ပြိုင်ပွဲကွင်းပြင်ထဲတွင် စုစုပေါင်း"အမာခံနယ်မြေ"သုံးခုရှိပြီး တိုက်ခိုက်သူနှင့် ခုခံသူများက
အမာခံနယ်မြေများ၏ဝန်းကျင်မှာ ထိုးစစ်နှင့်ခံစစ်တိုက်ပွဲများကို သုံးချီ တိုက်ခိုက်ရမှာဖြစ်လေသည်။
အမာခံနယ်မြေတိုင်း၏ အလယ်ဗဟိုတွင် စစ်မီးတိုင်တစ်ခုစီရှိ၏။ စစ်မီးတိုင်များက အစပိုင်းမှာ ခံစစ်အသင်း၏ ရောင်ခြယ်ရောင်ခြည်တန်းနှင့်အတူ ထွန်းလင်းလာလိမ့်ပေမည်။
ထိုးစစ်သမားက စစ်မီးတိုင်၏ခလုတ်ကို အနှောက်အယှက်မရှိ မိနစ်ဝက်အကြာ ကိုင်ထားနိုင်မှ စစ်မီးတိုင်၏ရောင်ခြည်တန်းကို ထိုးစစ်သမား၏ရောင်ခြည်တန်းနှင့် အစားထိုးမည်ဖြစ်ပြီး ထိုးစစ်သမားက ထိုဟာကိုအောင်မြင်စွာ သိမ်းယူနိုင်သွားပြီဟုလည်း အဓိပ္ပါယ်ရလေသည်။
အမာခံနယ်မြေတိုက်ပွဲတိုင်းက မိနစ်20သာကြာမည်ဖြစ်၏။ ထိုးစစ်သမားက အမာခံနယ်မြေကို ကြိုပြီးသိမ်းပိုက်နိုင်ပါက ကျန်ရှိသည့် အချိန်ဟာ နောက်တစ်ချီထဲပေါင်းထည့်မည်ဖြစ်ကာ စုစုပေါင်းက မိနစ်60ဖြစ်ပေသည်။
ထိုးစစ်သမားက အမာခံနယ်မြေသုံးခုကို သတ်မှတ်ထားသည့်အချိန်အတွင်း အပိုင်သိမ်းနိုင်ပါက ၎င်းတို့အနိုင်ရမှာဖြစ်လေ၏။
ခံစစ်အသင်းအတွက်မူ အမာခံနယ်မြေသုံးခုကို တစ်နာရီအတွင်း သိမ်းယူခံရခြင်းကနေ ကာကွယ်နိုင်ပါက သူတို့အနိုင်ရမှာဖြစ်ချေသည်။ သို့မဟုတ် ထိုးစစ်သမားက အချီတစ်ခုခုမှာ သတ်မှတ်ထားသည့်အချိန်အတွင်း အမာခံနယ်မြေတစ်ခုကိုသိမ်းယူရန် ကြရှုံးပါက ခံစစ်အသင်းဟာ စောစောအနိုင်ရမှာဖြစ်၏။
ဤတိုက်ပွဲမျိုး၏ကွင်းပြင်က ရံဖန်ရံခါတွင် ခုခံရန်လွယ်ကူပြီး တိုက်ခိုက်ရန် ခက်ခဲသောမြေအနေအထားရှိတတ်ပေသည်။ ခံစစ်ဘက်မှာ သဘာဝအားသာချက်တစ်ခုရှိနေပြီး နိုရာစစ်တက္ကသိုလ်ကလည်း ၎င်း၏သန်မာသောခံစစ်စွမ်းရည်ကြောင့် နာမည်ကြီး၏။
ဤတစ်ကြိမ်တွင် နိုရာ၏ကံတရားက အလွန်ကောင်းလှပြီး သူတို့ဟာ ခံစစ်ဘက်ကိုမဲကျသွားခဲ့သည်။
သဘာဝအတိုင်းပဲ ပြိုင်ပွဲမစခင်မှာ လူတိုင်းက
နိုရာစစ်တက္ကသိုလ်ကို ယုံကြည်စိတ်ချကြပြီး
သူတို့က ပြိုင်ပွဲကိုအနိုင်ရကာ 6vs6ပြိုင်ပွဲ၏ပထမအချီကို အခြေပြုပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်မည်ဟုပင် ထင်ခဲ့ကြ၏။
လက်ရှိတွင် နှစ်ဘက်လုံးဟာ လမ်းကြောင်း၏ မတူညီသောနေရာများရှိ စုဝေးရပ်များတွင် ရောက်ရှိနေလေပြီ။
ခံစစ်အသင်းမှာ ပြိုင်ပွဲမစမီ အမာခံနယ်မြေ၏အနီး၌ ခံစစ်ပုံစံများနေရာချရန် ထပ်ဆောင်းငါးမိနစ်အချိန်ပေးရသည်။
နိုရာစစ်တက္ကသိုလ် စုဝေးရပ်ကနေထွက်ခွာသွားပြီးနောက် ရှင်းဟိုင်က တန်ပြန်ရေးအစီအစဥ်များကို စတင်ဆွေးနွေကြ၏။
အဆုံးတွင် သူတို့ဟာ ဟဲဟောင်မင်နှင့်ကာလက်ကတစ်ဖွဲ့၊ ခဲ့လိုင်နှင့်အက်ရှလေကတစ်ဖွဲ့ အဖွဲ့ဖွဲ့ပြီးတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ယွမ်ရှင်းကျဲနှင့် လော့ဝမ်ချွမ်းတို့ဟာဖြင့် သူတို့၏ အတော်လေးသန်မာသော စွမ်းအားကြောင့်
တစ်ကိုယ်တော်ဖြစ်စေ အသင်းလိုက်ဖြစ်စေ လုပ်ဆောင်နိုင်ပေ၏။
ငါးမိနစ်ကြာပြီးနောက်...
နှင်းဆီနီရောင် အလင်းတန်းတစ်ခုက ပထမ အမာခံနယ်မြေ၏နေရာ၌ ကောင်းကင်ယံဆီသို့ လင်းလက်သွားခဲ့သည်။ နိုရာစစ်တက္ကသိုလ်၏ ကျားအကယ်ဒမီသင်ကေတဟာ အလင်းတန်း၏ အလယ်ဗဟို၌ တလက်လက်ထနေခဲ့၏။
စက်ရုပ်အီလက်ထရောနစ်အမျိုးသမီးအသံက လူတိုင်း၏နားထဲမှာ ထွက်ပေါ်လာခဲ့သည်။
[ခံစစ်သမားများ— နိုရာစစ်တက္ကသိုလ် —ပထမအမာခံနယ်မြေမှာ ခံစစ်ပြင်ဆင်မှုများကိုလုပ်ဆောင်ပြီးပါပြီ။ ထိုးစစ်သမားများ–ရှင်းဟိုင်တက္ကသိုလ်— ကျေးဇူးပြု၍ ဒီကြေညာချက်အဆုံးမှာ ပထမအမာခံနယ်မြေကိုသွားပေးပါ ]
[အချိန်စမှတ်ပါပြီ... ]
ရှင်းဟိုင်ဘက်ရှိမက်ခါခြောက်စီးက သွားရန်အဆင်သင့်ဖြစ်နေပြီးသားဖြစ်ကာ စုဝေးရပ်ကနေ ပထမအမာခံနယ်မြေဆီသို့ တဟုန်ထိုးသွားကြ၏။
ကွင်းအပြင်ဘက်ရှိလူတွေက အခြေအနေအပြည့်အစုံနှင့် နှစ်ဘက်လုံးက မက်ခါတွေရှိသည့်နေရာကို မြင်ရသော်လည်း ကစားသမားများကမူ မမြင်ရပေ။
ပရိတ်သတ်များက ပြိုင်ပွဲ၏တရားဝင်စတင်မှုကို မြင်သောအခါ စိတ်အားထက်သန်စွာအော်ဟစ်အားပေးခဲ့ကြသည်။
သို့သော်လည်း စိုးရိမ်နေသည့် အမူအရာပြသနေသူများလည်းရှိကြ၏။
ရှီးပေါ်လိုင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဒီမြေပုံက...ထိုးစစ်သမားတွေမှာ အားသာချက်လုံးဝမရှိဘူးလို့ ငါခံစားရတယ်"
"တကယ်ကို ခံစစ်အတွက်သင့်တော်တာ"
ပိုင်ကျားရှီက သဘောတူသောအားဖြင့်ပြောလိုက်၏။
"မြေပုံတစ်ခုလုံးက နိုရာအတွက် ကွက်တိစီမံထားသလိုပဲ"
နိုရာစစ်တက္ကသိုလ်က ပြိုင်ဘက်တွေကို အမြင့်ကနေ အမြောက်ကြီးများဖြင့် ပစ်ခတ်သည့်နေရာမှာ တော်လေသည်။ တစ်ချိန်တည်းမှာပင် သူတို့ဟာ
လူတွေကို ဥမင်လှိုဏ်ခေါင်းတွေ၊ ချောက်မြေတွေမှာ ချောင်းမြောင်းတိုက်ခိုက်သည့်နေရာမှာလည်း
အလွန်တော်ပြီး မကြာခဏပြိုင်ဘက်တွေကို အလစ်ဖမ်းကာဖမ်းဆီးလေ့ရှိ၏။
161.2
ဤပြိုင်ပွဲ၏မြေပုံထဲတွင် တောင်ကုန်း၊တောင်တန်းတွေနှင့် ချောက် ၊လှိိုဏ်ခေါင်းတွေက နေရာတိုင်းမှာ မြင်နေရသည်။ အထူးသဖြင့်မက်ခါတွေ ပုန်းရန်သင့်တော်သည့် တောအုပ်ထူထူများပင်ရှိသေး၏။
လက်ရှိတွင် နိုရာ၏မက်ခါခြောက်စီးက မြေပုံထက်တွင် အနီစက်ခြောက်ခုအဖြစ်ပြောင်းသွားပြီး သူတို့ထဲကအတော်များများက ပထမအမာခံနယ်မြေဆီသို့ အတိုဆုံးလမ်းကနေ လက်ဦးကာသွားနေကြလေပြိ။
ရှင်းဟိုင်ဖြတ်သွားသည်နှင့် ကြောက်မက်ဖွယ်ကောင်းသည့် အမြောက်ကြီးနှင့်ပစ်ခတ် တိုက်ခိုက်ခံရမည်မှာ အသေအချာပင်။
ပြိုင်ပွဲဝင်များအနေဖြင့် မြေပုံပေါ်က အမာခံနယ်မြေ၏နေရာကိုသာမြင်ရလေသည်။ ရန်သူ၏တည်နေရာကိုမူ သူတို့ဘာသူတို့ပဲထောက်လှမ်းရ၏။
"အခြေစိုက်စခန်းရဲ့မြောက်ဘက်ဆီ သွားရာလမ်းကြောင်းမှာရှိတဲ့ တောအုပ်ထဲမှာ ကြယ်ပျံမက်ခါနှစ်ခုရှိတယ်...ကြယ်တံခွန်မက်ခါနဲ့မုန်တိုင်းမက်
ခါက တောင်ဘက်ဆီသွားတဲ့ လိုဏ်ခေါင်းထဲမှာ"
ယွမ်ရှင်းကျဲ၏အသံက ရှင်းဟိုင်ကစားသမားများ၏နားထဲတွင် ထွက်ပေါ်လာ၏။
"အရှေ့ဘက်ကချောက်ထဲမှာ အလင်းဓါးမက်ခါတစ်စီးရှိတယ်...ပြီးတော့ အရိပ်မက်ခါအနောက်ဘက်က တောင်ကုန်းပေါ်မှာ"
လော့ဝမ်ချွမ်း၏မျက်လုံးများတွင် အံအားသင့်မှုများ တဖျက်ဖျက်လက်ခါသွားသည်။
ယွမ်ရှင်းကျဲ၏ စုံစမ်းစစ်ဆေးမှုအရှိန်က ဤမျှထိမြန်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
"မားမားရေ...မိုက်လိုက်တာ... "
ဟဲဟောင်မင်က အံအားတကြီး ရေရွတ်လိုက်၏။
"ဘယ်လိုလုပ်လိုက်တာလဲ...မြေပုံဟက်ခ်(hack)ထားသလိုပဲကွာ"
(T/N–ဂိမ်းတွေထဲမှာ မြေပုံဟက်ခ်တယ်ဆိုတာ
ပြိုင်ဘက်ကစားသမားတွေရဲ့တည်နေကိုသိအောင် ဆော့ဖ်ဝဲတစ်ခုခုသုံးထားတာပါ)
"ဂိမ်းဆော့နေတယ်လို့များ မင်းကထင်နေတာလား...hacking/cheatingတောင်ပလပ်ထိုးနေသေးတယ်"
အက်ရှလေက သူ့ကိုလှောင်လိုက်သည်။
"သေချာပေါက်ကို ရှင်းကျဲရဲ့မက်ခါက အရမ်းစွမ်းအားကြီးလို့ပေါ့ကွ"
နိုရာစစ်တက္ကသိုလ်၏တွက်ချက်မှုများအရ ရှင်းဟိုင်အတွက် ပထမအမာခံနယ်မြေကိုမရောက်မီ သူတို့ကိုရှာတွေဖို့ရာ ခက်ခဲလိမ့်မည်ဖြစ်ပြီး ယင်းက ချောင်းမြောင်းတိုက်ခိုက်မှုအောင်မြင်ရန် အလားအလာ ကြီးကြီးမားမားတိုးလာမည်ဖြစ်၏။
သို့သော် လူတိုင်းသိထားသလိုပင် သူတို့ဟာ ယွမ်ရှင်းကျဲ၏ထောက်လှမ်းရေးစနစ်ရှေ့တွင် လုံးလုံးလျားလျား အဖော်ထုတ်ခံလိုက်ရလေသည်။
"ကာလက် ဟဲ့ဟောင်မင်...မင်းတို့မြောက်ဘက်ကိုသွား"
ယွမ်ရှင်းကျဲက တည်ငြိမ်စွာ အမိန့်ပေးလိုက်၏။
"ခဲ့လိုင်နဲ့အစ်မအက်ရှလေတို့က တောင်ဘက်ကိုသွား...ကျွန်တော်က အရှေ့ဘက်ကိုသွားမယ်...သာ့ချွမ်းက အနောက်ဘက်ကိုသွား"
ထိုသို့ပြောပြီးနောက် ယွမ်ရှင်းကျဲက ထပ်ဖြည့်ပြောလိုက်သည်။
"မင်းတို့က သူတို့ကို အနောက်မှာထိန်းထားဖို့ပဲလိုတယ်...အလင်းတန်းသိမ်းပိုက်ရမဲ့တာဝန်ကို သာ့ချွမ်းနဲ့ငါ့ကိုလွှဲလိုက်...ဒီနည်းနဲ့ဆို ငါတို့ ပထမဆုံးအမှတ်ကို အမြန်ဆုံးသိမ်းပိုက်နိုင်မှာပါ..."
ယွမ်ရှင်းကျဲ၏အကြံက သူ့အသင်းဖော်တွေက ၎င်းတို့၏ပြိုင်ဘက်များကို အနောက်မှာ ထိန်းထားနိုင်သရွေ့ သူနှင့်လော့ဝမ်ချွမ်းက အရှေ့ဘက်နှင့်မြောက်ဘက်ကနေ လွယ်လွယ်ကူကူ ထိုးဖောက်ဝင်ရောက်ပြီး အမာခံနယ်မြေထဲဝင်ကာ
အလင်းတန်းကို ခိုးယူနိုင်မှာဖြစ်၏။
ယင်းက အချိန်ကုန်သက်သာသည့်အပြင် ဆုံးရှုံးမှုများကိုလည်း လျော့ပါးစေသည်။ တစ်ချိန်တည်းမှာပင် ပြိုင်ဘက်၏မိမိကိုယ်ကိုယုံကြည်မှုကို ထိခိုက်စေမည်ဖြစ်၏။
မကြာမီ လူခြောက်ယောက်ဟာ လူစုခွဲလိုက်ကြသည်။
သူတို့၏ ပြိုင်ဘက်တွေချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ဆင်ထားသည့်နေရာများကို လက်ဦးယူပြီး ပြေးဝင်သွားမှုကိုကြည့်နေကြသော ပရိတ်သတ်များမှာ အနည်းငယ်အံအားသင့်သွားကြ၏။
ရှင်းဟိုင်က နိုရာကို နည်းနည်းမှ ကြောက်ဟန်မရှိဘဲ "ငါက မင်းနဲ့တကယ်ကိုတိုက်ခိုက်ချင်တယ်"ဟူသော အရိပ်အယောင်ပင် ရှိနေသေးသည်လား။
လူတိုင်း သက်ပြင်းချမိလိုက်ကြသည်။ ရှင်းဟိုင်က တကယ်ကို မွေးကင်းစနွားပေါက်ကလေးဖြစ်ကာ ကျားပျိုတစ်ကောင်ကိုမကြောက်ချေ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မြေပုံပေါ်ရှိ မြောက်ဘက်နေရာ၌ အပြာအလင်းစက်နှစ်ခုနှင့် အနီအလင်းစက်နှစ်ခုတို့ ဆုံသွားကြ၏။
နိုရာက မီးစွမ်းရည်သုံးကြယ်ပျံမက်ခါ နှစ်စီးကို ချောင်းပစ်သည့်တာဝန်ယူရန် အထူးတလည် စီစဥ်ထားသည်။ ကာလက်နှင့်ဟဲ့ဟောင်မင်ပေါ်လာသည်ကို သူတို့မြင်သောအခါ သစ်တော၏အရပ်မျက်နှာအစုံ၌ ကောင်းကင်ထက်ကနေ အမြောက်မိုးများရွာကျလာ၏။
ကြယ်ပျံမက်ခါနှစ်စီးက သစ်တောထဲတွင် ပုန်းအောင်းနေရင်း မြေအနေအထားကို အခွင့်ကောင်းယူပြီး တိုက်ဖျက်ရန်ခက်ခဲသည့် အမြောက်ဆံအများအပြားကို ပြင်ဆင်ထားခဲ့သည်။
ဟဲဟောင်မင် အမြန်တုံ့ပြန်လိုက်ပြီး ကြီးမားသည့်
မုန်တိုင်းအကာအကွယ်(ဒိုင်းကာ) နှစ်ခုကို ချက်ချင်းတန်းဖွင့်လိုက်၏။ ၎င်းတို့က သစ်တောထဲရှိ ဖျက်စီး၍မရနိုင်သော ကျောက်တုံးကြီးများနှင့်တူပြီး ဘက်ပေါင်းစုံမှတိုက်ခိုက်မှုများကို အခိုင်အမာ ပိတ်ဆို့ကာဆီးထားလေသည်။
ကာလက် သစ်တောထဲကမက်ခါများကို သေသေချာချာကြည့်လိုက်၏။ ကြက်သွေးရောင်ကြယ်တံခွန်မက်ခါက သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်ဖြင့် အခွင့်အရေးကိုစောင့်ဆိုင်းနေသော *ဟိုင်အီနားတစ်ကောင်နှင့်တူလေသည်။
(T/N–hyena=ဟိုင်အီနား=အာဖရိကနှင့်အာရှတိုက်တို့တွင်တွေ့ရသည့် ခွေးနှင့်တူပြီး အုပ်စုဖွဲ့နေတတ်ကာ အသေကောင်ကိုစားလေ့ရှိသော၊လှောင်ရယ်သံအလား အော်မြည်တတ်သော တောရိုင်းတိရစ္ဆာန်)
နောက်တစ်စက္ကန့်မှာပင် ကာလက်၏မျက်လုံးများက ကြယ်ပျံမက်ခါတစ်ခုပေါ်မှာ စွဲကပ်သွားပြီး
သူ့မက်ခါက ဝိညာဥ်တစ်ကောင်လိုမျိုး ပြေးထွက်သွား၏။
တစ်ချိန်တည်း၌ ခဲ့လိုင်နှင့်အက်ရှလေတို့ဟာ
တောင်ဘက်က တောင်ဥမင်လှိုဏ်ခေါင်းဆီသို့
ရောက်တော့ပေမည်။
"ဥမင်တွေအများကြီးပဲ...မြေပြင်အနေအထားက ရှုပ်ထွေးလွန်းတယ်"
အက်ရှလေက မျက်မှောင်ကြုတ်ကာ ခဲ့လိုင်ကိုပြောလိုက်၏။
xxxxxxx
Continue Reading
You'll Also Like
133K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
1.1M 132K 43
လက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?
1.6M 205K 163