အိုမီဂါအဖြစ် ကူးပြောင်းပြီးနေ...
By Azure5549
1.1M 130K 2.5K
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... More
မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
hello သတင်းကောင်းလေးပါရှင့်
144
145
146
147
148
149
150
151
152
153
154
155
156
157
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175 ( End )
IQ team က အသစ်ပြန်တဲ့ အပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင့်
158
5.7K 617 4
By Azure5549
Chapter 158
NCLM ၏ နောက်ဆုံးပွဲစဉ်မှာ နောက်တစ်နေ့တွင် စတင်လာပြီဖြစ်သည်။
အ‌ဓိကသတင်းစာများနှင့် ကွန်ယက်များမှ သတင်းထောက်များ နိုအာကြယ်တွင် စုဝေးနေကြပြီး အားကစားကွင်း၏အတွင်းရော အပြင်ပါ လူများအုံခဲနေသည်။
ကစားပွဲမှာ မစတင်သေးသော်ငြား မရေတွက်နိုင်သော ကင်မရာမီးများ ပလူပျံနေပြီး မြင်ကွင်းအား ပြင်းထန်သော အပူရှိန်ဖြင့် အလင်းပေးနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ပရိသတ်များမှာ ယခုနှစ်ပြိုင်ပွဲ၏အနိုင်ရရှိသူ မည်သူဖြစ်နိုင်မည်ကို ပြင်းပြင်းထန်ထန် မှန်းဆနေကြသည်။
" ရှင်းဟိုင်တက္ကသိုလ်က ဒီနှစ်ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ.. သူတို့က နောက်ဆုံးပွဲစဉ်ထိတောင် တက်လာနိုင်တယ်…"
" ဒါပေမယ့်လည်း နိုအာတက္ကသိုလ်က အရမ်းအားကြီးနေဆဲပဲလေ..ငါထင်တာတော့ ရှင်းဟိုင်ရဲ့နောက်ဆုံးပွဲစဉ်အခြေအနေကတော့ သိပ်မသေချာတော့ဘူး…"
" ယွမ်ရှင်းကျဲကော ပြန်လာနိုင်ပါ့မလား.. သူသာမလာရင် ရှင်းဟိုင်အနိုင်ရဖို့အခွင့်အရေးက ပိုနည်းသွားတော့မယ်…"
" ငါကြားမိတာတော့ ဂလင်းကိုဖြတ်လိုက်တာရဲ့ နောက်ဆက်တွဲတွေက အခုထိ ကုလို့မပြီးသေးဘူးတဲ့ သူကအခု ဆေးကုသခန်းရဲ့ ဖန်ပေါင်းချောင်ထဲမှာပဲရှိသေးတယ်…"
" ပုံစံကြည့်ရတာတော့ လော့ဝမ်ချွမ်းဒီမှာရှိနေသေးတယ်ဆိုရင်တောင်မှ နိုအာကပဲ ချန်ပီယံဖြစ်ဦးမယ်ထင်တယ်.."
ယခုနှစ်ပြိုင်ပွဲတွင် ရှင်းဟိုင်တက္ကသိုလ်မှာ ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး ဖျက်မြင်းတစ်ကောင်ဖြစ်ခဲ့သည့်တိုင် နိုအာတက္ကသိုလ်မှာ သန်မာသောမက်ခါသင်တန်းကျောင်းတစ်ခုဖြစ်ကာ ထိုကျောင်းနှစ်ကျောင်း၏ကြားထဲတွင် ကြီးမားသောကွာဟမှုရှိနေဆဲပင်ဖြစ်သည်။
ကစားသမားတစ်ဦးချင်းစီ၏ ခွန်အားအရဆိုလျှင် နိုအာစစ်တက္ကသိုလ်ရှိအမြင့်ဆုံးကစားသမားမှာ SS+အဆင့်ဖြစ်ပြီး လော့ဝမ်ချွမ်းနှင့် ယှဉ်ပြိုင်နိုင်သည့် လူနည်းစုများထဲတွင် ပါဝင်သည်။ ထပ်ပေါင်းရမည်ဆိုပါက နိုအာစစ်တက္ကသိုလ်တွင် နောက်ထပ် SS အဆင့်နှစ်ဦး ၊ S+ အဆင့်သုံးဦးနှင့် S အဆင့်ကစားသမား လေးဦးရှိသည်။
ထို့ကြောင့် နိုအာတက္ကသိုလ်အား Sအဆင့်အပြည့်ပါသောအဖွဲ့ဟု သိကြပြီး သူတို့၏အစားထိုးကစားသမားများသည်ပင် အလွန်သန်မာလှသည်။
မတူညီသည့်အချက်မှာ ရှင်းဟိုင်တက္ကသိုလ်တွင်မူ A+ အဆင့်ကစားသမား အနည်းငယ်သာရှိနေပြီး နိုအာတက္ကသိုလ်အား လုံးလုံးပင် မယှဉ်ပြိုင်နိုင်ချေ။
မည်သို့ပင်ဖြစ်စေ ရှင်းဟိုင်မှကျောင်းသားများမှာ အလွန်လျင်မြန်စွာတိုးတက်နေကြဆဲဖြစ်သည်။ ယွမ်ရှင်းကျဲပြန်မလာသေးမီအထိ ဆက်နေနိုင်ရန်အတွက် သူတို့ထက်သန်မာသော အဖွဲ့အချို့ကိုပင် အနိုင်ယူထားနိုင်ခဲ့ရာ သူတို့၏စွမ်းရည်နှင့် ခိုင်မာသော ယုံကြည်ချက်မှာ အထင်သေး၍မရပေ။
ပြိုင်ပွဲမှာ တရားဝင်စတင်လာပြီဖြစ်သည်။
နှစ်ဖက်လုံးမှာ ကစားသမားများ ကွင်းထဲဝင်ရောက်လာကြပြီးနောက် သိသိသာသာပင် ရှင်းဟိုင်တက္ကသိုလ်၏ဘက်၌ တစ်စုံတစ်ဦးမှာ ပျောက်ဆုံးနေခဲ့သည်။
ပရိသတ်များ၏မျက်လုံးများတွင် စိတ်ပျက်သွားမှုများ ဖြစ်ပေါ်လာရသည်။
သိထားသင့်သည်မှာ ယွမ်ရှင်းကျဲသည် ယခုအချိန်တွင် လွှမ်းမိုးနိုင်သော လူတစ်ဦးဖြစ်နေပြီဖြစ်ကာ သူကွင်းထဲဝင်ရောက်လာချိန်တိုင်း အမြဲဆိုသလို မယုံနိုင်လောက်သည့်အံ့သြမှုများအား ယူဆောင်လာတတ်ပြီး မဖြစ်နိုင်ဘူးဟုထင်ထားမိသောအရာကို လုပ်ပြတတ်သည်။
နိုအာစစ်တက္ကသိုလ်ရှိလူများကိုမူ ထိုအရာအတွက် စိတ်အေးသွားခဲ့ရသည်။
သူတို့အတွက်မူ ရှင်းဟိုင်းစစ်တက္ကသိုလ်မှ ဂရုစိုက်ရမည့်သူနှစ်ဦးမှာ လော့ဝမ်ချွမ်းနှင့် ယွမ်ရှင်းကျဲသာဖြစ်သည်။
သူတို့ထဲတွင် ယွမ်ရှင်းကျဲ၏ခွန်အားမှာ ကစားပွဲတိုင်းတွင် လုပ်ပြတတ်သော ထူးဆန်းသည့်လှည့်ကွက်များဖြစ်ပြီး သူ၏ပြိုင်ဘက်အား အငိုက်မိသွားစေတတ်သည်။ နိုအာကျောင်းအဖွဲ့၏နည်းပြသည်ပင် ယွမ်ရှင်းကျဲမှာ ရင်ဆိုင်ရန်အနည်းငယ်ခက်ခဲကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
လက်ဆွဲမနှုတ်ဆက်ခင်အချိန်တွင် နိုအာဘက်မှလူတိုင်းသည် သူတို့အနိုင်ရတော့မည်ဟူသော ယုံကြည်ချက်မျိုးဖြင့် အနည်းငယ်ဝင့်ကြွားနေကြသည်။
သူတို့ထဲမှ နိုအာဘက်မှခေါင်းဆောင်သည် လော့ဝမ်ချွမ်းအားပြောလာခဲ့သည်။
" ငါက SSS+ အဆင့် စိတ်စွမ်းအားထိန်းချုပ်နိုင်တဲ့ကစားသမားနဲ့ ဆုံချင်သေးတာကို… ကြည့်ရတာ သူမလာနိုင်ဘူးထင်တယ် နှမြောစရာပဲ.."
ထိုသို့ပြောနေရင်းမှ သူ၏လေသံထဲတွင် ကြည်နူးမှုအချို့ပါဝင်နေခဲ့လေသည်။
သူ့ဘေးရှိ နိုအားကျောင်းအဖွဲ့မှ လူအများလည်း အနည်းငယ်ရယ်မောလိုက်ကြသည်။
လော့ဝမ်ချွမ်း သူ့အားကြည့်လျက် ရုတ်တရက် နှာခေါင်းရှုံ့လိုက်ကာ " သူကဒီမှာမရှိပေမဲ့ မင်းကသူ့ကိုအရမ်းလွမ်းနေတယ်ဆိုတော့… ကြည့်ရတာ မင်းတို့သူ့ကိုတော်တော်ကြောက်ကြပုံပဲ.."
ထိုစကားများထွက်လာသည်နှင့် နိုအာကျောင်းအဖွဲ့ဝင်များ၏ပျော်ရွှင်မြူးထူးနေကြသော မျက်နှာများမှာ ပျက်ယွင်းသွားကြသည်။
သူတို့လက်မခံချင်သည့်တိုင် လော့ဝမ်ချွမ်း၏စကားများမှာ အမှန်တရားအား တိုက်ရိုက်ပင် ထုတ်ဖော်ပြသလာခဲ့သဖြင့် သူတို့၏မျက်နှာများမှာ ဖုံးဖိမရဖြစ်နေခဲ့ကြသည်။
" ယွမ်ရှင်းကျဲက မင်းတို့ကျောင်းကလူတွေထက် အနည်းငယ်ပိုပြီးသန်မာတယ်ဆိုပေမဲ့လည်း သူရှိရှိ မရှိရှိ ပြသနာမရှိပါဘူးလေ.."
နိုအာဘက်မှ အဖွဲ့ဝင်တစ်ဦးမှာ အနည်းငယ်ရန်စလိုသောသဘောဖြင့် " အဲ့ဒါက ငါတို့နိုအာစစ်တက္ကသိုလ်က မင်းတို့ရှင်းဟိုင်ကို မှောက်သိပ်တော့မှာကို သက်ရောက်စေမှာမှမဟုတ်တာ…"
ရှင်းဟိုင်တက္ကသိုလ်မှ လူတိုင်းသည် နိုအာတက္ကသိုလ်မှရန်စမှုတွင်ပင် အလွန်တည်ငြိမ်စွာ ပြုမူနေခဲ့သည်။
လက်ဆွဲနှုတ်ဆက်မှု ပြီးဆုံးသွားချိန်တွင် ရှင်းဟိုင်တက္ကသိုလ်၏အဖွဲ့ဝင်များမှာ အချင်းချင်း အားပေးလိုက်ကြသည်။
" ရှင်းရှင်း ပြန်လာနိုင်ဖို့ အခွင့်အရေးရှိသေးတာမလို့ အားမလျော့ကြနဲ့…"
" ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရှင်းကျဲစိတ်ပျက်လက်ပျက်နဲ့ နိုးလာရမှာကို ခွင့်မပြုသင့်ဘူး…"
" ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရှင်းဟိုင်က ရှုံးဖူးတဲ့ကောင်တွေပဲဟာ…"
သူတို့ အခွင့်အရေးမသာသည့်တိုင် ရှင်းဟိုင်မှလူတိုင်းထံတွင် အနိုင်ရလိုမှုအတွက် သန်မာသော စိတ်ဆန္ဒရှိကြသည်။
အလွန်တရာ မျှော်လင့်ထားကြသည့် နှစ်သင်းစလုံး၏ ပထမအကျော့ပွဲစဉ်မှာ တရားဝင်စတင်လာလေပြီ။
ပထမအကျော့၏ ပုံစံမှာ အုပ်စုပွဲစဉ်နှင့် အတူတူပင်ဖြစ်ပြီး အသင်းအဖွဲ့များ၏ တစ်ဦးချင်းပွဲစဉ်များဖြစ်ကြသည်။
မည်သို့ပင်ဖြစ်စေ နေ့လည်ခင်းတွင် ယှဉ်ပြိုင်ရမည့် ခြောက်ဦးစီ ထိုးစစ်ခံစစ် ပွဲစဉ်အတွက် လုံလောက်သော ခွန်အားကျန်ရှိနေစေရန် ယေဘုယျအားဖြင့် နှစ်ဖက်စလုံးမှာ မနက်ခင်းပွဲစဉ်တွင် ခွန်အားအချို့ ချန်ထားရမည်ဖြစ်သည်။
ထို့အတူ နောက်ထပ်လာမည့်ကစားပွဲ၏ ပြင်းထန်မှုမှာ ပရိသတ်မျော်မှန်းထားသည့်ထက် ကျော်လွန်နေခဲ့သည်။
158.2
တစ်ဦးချင်းပွဲစဉ်၏ ပထမအသုတ်တွင် ဟဲဟောင်မင်ဆော့ကစားခဲ့ပြီး သူ၏ပြိုင်ဘက်မှာ နိုအာဘက်မှာ S+ အဆင့် ကြယ်ပျံမက်ခါစစ်သည်တော်တစ်ဦးဖြစ်သည်။
ဟဲဟောင်မင်မှာ ပြိုင်ပွဲတစ်လျောက်တွင် ကြီးထွားလာသည်ဟု ဆိုနိုင်ပေမည်။ သူ့၏မက်ခါအား ယွမ်ရှင်းကျဲ၏အကြံပေးချက်အရ အကြိမ်ပေါင်းများစွာ အဆင့်မြှင့်တင်ခဲ့ပြီး သူ၏စုစုပေါင်းခွန်အားမှာလည်း အများအပြားတိုးတက်လာခဲ့သည်။
သူ၏ပြိုင်ဘက်မှာလည်း သန်မာလှကာ သူ၏သွက်သွက်လက်လက်လှုပ်ရှားနိုင်မှုကြောင့် လူသိများပြီး ပြိုင်ဘက်အား လေပေါ်ပစ်တင်ရာတွင် အတော်ဆုံးသူဖြစ်သည်။
ပြိုင်ပွဲမှာ မိနစ်၂၀ထက်မနည်းကြာမြင့်ခဲ့ပြီး ဟဲဟောင်မင်သည် သူ၏ပြိုင်ဘက်အား အစမှအဆုံးထိ အခွင့်အရေးတစ်ခုပင် မပေးခဲ့ချေ။ မုန်တိုင်းမက်ခါ၏ခံစစ်အား အဆုံးထိမြှင့်တင်ကာ ပြိုင်ဘက်၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုဆွဲချလိုက်ပြီး နောက်ဆုံးတွင် မျှော်လင့်မထားသော အနိုင်ကိုရရှိခဲ့သည်။
နိုအာစစ်တက္ကသိုလ်ရှိ မည်သူကမျှ ရှင်းဟိုင်၏ကစားသမားများ ထိုမျှပြင်းထန်လိမ့်မည်ဟု မထင်ထားခဲ့ကြချေ။
" ဒီနေ့နေ့လည်ခင်းကျရင် ခြောက်ယောက်ချင်းပွဲစဉ်အတွက် အမှတ်ပြည့်လေးမှတ်တောင် ရှိတာမဟုတ်ဘူးလား…သူတို့ရဲ့ခွန်အားတွေကို လုံးဝမချန်ထားတော့ဘူးလို့ စဉ်းစားနေတာတော့ မဟုတ်လောက်ဘူးထင်တယ်နော်…"
နိုအာ၏နည်းပြမှာ ရှုပ်ထွေးသွားခဲ့ပြီး " ရစ်ချက်ဘာတွေစဉ်းစားနေတာပါလိမ့်…"
သူတို့၏ဘေးတွင်ထိုင်နေသော ကျောင်းအဖွဲ့ဝင်တစ်ဦးမှ ပြောလိုက်လေသည်။
" ဖြစ်နိုင်တာက သူတို့ဆိုးဆိုးဝါးဝါးမရှုံးသွားချင်လို့နေမှာပေါ့.. ဘယ်လိုပဲဖြစ်ဖြစ် ခြောက်ယောက်ပွဲစဉ်ကျရင် သူတို့ဘက်ကအနိုင်ရဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလေ.. သူတို့ရဲ့ခွန်အားက ငါတို့ထက်အများကြီး ဆိုးရွားနေတာပဲကို…"
ရှင်းဟိုင်အား ထောက်ခံနေကြသည့် ပရိသတ်များမှာ ရှင်းဟိုင်ကစားသမားများ၏ အလျှော့မပေးသောစိတ်ဓာတ်ကြောင့် ခံစားသွားရကာ သူတို့၏ စိတ်အားထက်သန်မှုမှာလည်း မြင့်မားလာကြသည်။
" အဲ့ဒီအစီအစဉ်အတိုင်းပဲ ဆက်လုပ်သွား…" ရစ်ချက်လူတိုင်းအား အလေးအနက်ပြောလိုက်ပြီး " လက်မလွှတ်လိုက်နဲ့.."
နောက်ထပ်ပွဲစဉ်မှာ သုံးဦးခြင်းယှဉ်ပြိုင်ရသည့် ပထမ‌အကျော့ဖြစ်ကာ ရှင်းဟိုင်တက္ကသိုလ်မှာ အက်ရှလေ၊ အိုးရွေ့နှင့် ဆာတိုအန်းတို့အား လွှတ်လာခဲ့သည်။ ထိုသုံးဦးသည်လည်း ပြောင်မြောက်သည့် ပေါက်ကွဲမျိုးထုတ်ဖော်ပြလာပြီး ပြိုင်ပွဲစင်ပေါ်၌ နိုအာတက္ကသိုလ်ထက်ပင် ရှေ့သို့ရောက်နေခဲ့သည်။
နိုအာစစ်တက္ကသိုလ်သည်လည်း ရှင်းဟိုင်၏နည်းဗျူဟာအား သိနေခဲ့သဖြင့် သူတို့၏ခွန်အားကို ထိန်းချုပ်ထားရန် လုံးလုံးမရည်ရွယ်ထားပေ။ သို့ဖြစ်ရာ နိုအာဘက်မှ တိုက်ခိုက်ရန်အတွက် ခွန်အားရှိကြောင်းကို ထုတ်ဖော်ပြသရမည်ဖြစ်သည်။
ရှင်းဟိုင်ဘက်မှပို့လာသည့် ကစားသမားများမှာ ကြမ်းတမ်းနေသည့်အပြင် အက်ရှလေ၏ကိုယ်ပိုင်အင်အားဖြင့် ကစားသမားနှစ်ဦးအား ဆွဲချနိုင်ခဲ့သည့်တိုင်အောင် သူတို့သည် နိုအာ၏ကစားသမားသုံးဦးစလုံးအား ခံနိုင်ရည်မရှိကြသေးပေ။
အဆုံးတွင် ရှင်းဟိုင်မှာ အလင်းအချိန်အနည်းငယ်လေးဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။
158.2
သို့တိုင်အောင် ပရိသတ်မှာ ထိုရင်သပ်ရှုမောဖွယ် ကစားပွဲအတွက် အားပေးနေကြဆဲပင်ဖြစ်သည်။
လူတိုင်း၏မသိစိတ်တွင်ပင် ရှင်းဟိုင်အသင်းအား နိုအာနှင့် တစ်တန်းတည်း လက်ရည်တူအဖြစ် မှတ်ယူလာကြပြီး သူတို့၏ခွန်အားများတွင် ကြီးမားလှသော ကွာဟချက်များရှိနေလျှင်ပင် ရှင်းဟိုင်ဘက်တွင် ချန်ပီယံပွဲအား အနိုင်ရနိုင်သည့် အလားအလာများ ဖြစ်ပေါ်လာပုံရသည်။
အချိန်နှင့်အမျှ ကွင်းပြင်ထဲရှိလေထုမှာ ပူလောင်တင်းမာနေကာ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေကြသည့် ပရိသတ်များသည်လည်း သူတို့၏ အထွတ်အထိပ်သို့ရောက်ရှိနေခဲ့ကြသည်။
ဒုတိယအကျော့ တစ်ဦးချင်းပွဲစဉ်တွင်မူ ရစ်ချက်သည် လော့ဝမ်ချွမ်းအား ဝင်ကစားရန် စီစဉ်ခဲ့သည်။
‌ပြိုင်ပွဲတစ်လျှောက်တွင် ရစ်ချက်မှာ အမြဲဆိုသလို လော့ဝမ်ချွမ်းအား နောက်ဆုံးပွဲစဉ်တွင်သာ ချပေးတတ်သည်ဖြစ်ရာ လော့ဝမ်ချွမ်းအား ရှောင်ရှားနိုင်ရန်အတွက် နိုအာဘက်မှ အသန်မာဆုံးသော SS+ ခေါင်းဆောင်ကစားသမား‌ အား ဒုတိယအကျော့ တစ်ဦးပွဲစဉ်တွင် နေရာချထားပေးမိခဲ့သည်။
မမျှော်လင့်ဘဲ ထို SS+ အဆင့်ကစားသမားနှစ်ဦးမှာ ထိပ်တိုက်တွေ့ရတော့မည်ဖြစ်သည်။
ကွင်းထဲမဝင်ခင်အချိန်၌ နိုအာဘက်မှ ခေါင်းဆောင်မှာ နားဝင်မချိုသည့် စကားများပြောခဲ့မိသော်လည်း ယခုအချိန်တွင်မူ သူမည်သို့လုပ်ဆောင်ရမည်အား မသိတော့ပေ။ အဆုံးတွင် လော့ဝမ်ချွမ်းသည် NCLM ပွဲအား တစ်ကြိမ်တစ်ခါမျှ မရှုံးနိမ့်ဖူးသူဖြစ်လေသည်။
ကစားပွဲမစတင်ခင် နိုအာခေါင်းဆောင်မှ လော့ဝမ်ချွမ်းအား ပြောလာခဲ့သည်။
" လော့ဝမ်ချွမ်း မင်းအရမ်းခွန်အားကြီးတာ ငါလက်ခံပါတယ်…ဒါပေမယ့် မင်းအရှုံးပေးသင့်တယ်နော်..မင်းအခု အရမ်းကြိုးစားလိုက်မယ်ဆိုရင်တောင်မှပဲ မင်းတို့က နေ့လည်ခင်းထိုးစစ်ခံစစ်ပွဲစဉ်ကျရင် ရှုံးရမှာပဲလေ…"
သို့သော် လော့ဝမ်ချွမ်း သူ့အား ရိုးရိုးရှင်းရှင်းပင် စိုက်ကြည့်လာကာ ပြောလိုက်လေသည် " ငါးမိနစ်ပဲ…"
တစ်ဖက်လူမှာ ရှုပ်ထွေးသွားပြီး အချိန်ခဏကြာ မတုံ့ပြန်နိုင်ခဲ့ပေ " ဘာ…"
လော့ဝမ်ချွမ်း ကစားပွဲအပေါ် နိုင်ခြင်း ရှုံးခြင်းအ‌ပေါ် လုံးလုံးပင် ဂရုမစိုက်ခဲ့ချေ။
သို့သော်လည်း ‌ယွမ်ရှင်းကျဲနိုးလာပြီး ပွဲ၏ဗီဒီယိုအား ပြန်ကြည့်သည့်အချိန်၌ သူ့အားပျော်ရွင်စေချင်မိသည်။
သို့ဖြစ်ရာ အနည်းဆုံးအနေဖြင့် ယခုပွဲတွင် သူဖောက်ထွက်ရပေမည်။
မကြာမီအချိန်တွင် လော့ဝမ်ချွမ်း သူ၏အလင်းဓားမက်ခါအတွင်းသို့ ဝင်လိုက်ပြီး ပွဲစတင်ပြီး မိနစ်ဝက်ခန့်အကြာတွင်ပင် သူ လူနှင့်စက်ရုပ်ပေါင်းစည်းမှု အခြေအ‌နေသို့ ဝင်ရောက်သွားခဲ့သည်။
သူ၏ပြိုင်ဘက်မှာလည်း ခေသူမဟုတ်သည့်အတွက် နောက်ထပ်တစ်မိနစ်ခွဲခန့်အကြာတွင် လူနှင့်စက်ရုပ်ပေါင်းစည်းမှု အခြေအ‌နေသို့ ဝင်ရောက်လာခဲ့သည်။
သူတို့နှစ်ဦးစလုံးမှာ SS+ အဆင့်ကစားသမားများ ဖြစ်ကြသော်လည်း လော့ဝမ်ချွမ်းမှာမူ သိသိသာသာပင် ဘက်ပေါင်းစုံ၌ သာလွန်နေသည်။သူ၏ပြင်းထန်သော တိုက်ခိုက်မှုပုံစံအား ယခုပွဲတွင် အပြင်းထန်ဆုံးအဆင့်ထိ သယ်ဆောင်ထားပြီး မကြာမီအချိန်၌ သူအသာစီးရလာခဲ့သည်။
အဆုံးတွင် လူတိုင်းမျှော်မှန်းထားသည်များကို ကျော်လွန်၍ လော့ဝမ်ချွမ်း ‌သူ့ပြိုင်ဘက်၏ ချို့ယွင်းချက်ကို လေးမိနစ်နှင့်ငါးဆယ်စက္ကန့်အမှတ်ဖြင့် သိမ်းပိုက်လိုက်နိုင်ကာ ခုတ်ပိုင်း၍ ဂိမ်းကိုအနိုင်ရရှိရန်အတွက် ပြိုင်ဘက်ဖြစ်သူအား လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည်။
ပရိသတ်များမှာ အလွန်တရာ အံ့ဩသွားရသည်။
" ဒါကြီးက မြန်လွန်းတယ် … လော့ဝမ်ချွမ်းက အဲ့လောက်တောင် သန်မာတာလား…"
" ရှင်းဟိုင်က လူတိုင်းက ကြိုးကြိုးစားစား တိုက်ခိုက်နေကြတယ်ဆိုတာကို မြင်နိုင်တယ်…"
" ရှင်းဟိုင် ကြိုးစားထား…"
လော့ဝမ်ချွမ်းကစားပွဲအားအနိုင်ရရှိသွားပြီး ရမှတ်မှာ 2:2 တူညီသွားကာ ရှင်းဟိုင်တက္ကသိုလ်ဘက်မှ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာကြသည်။
နိုအာ၏ဘက်မှာမူ နှိုးဆွခံလိုက်ရပြီး ယခင်အချိန်ကရှိခဲ့သော သူတို့၏ မထီမဲ့မြင်ပြုသည့် သဘောထားများလည်း ပြောင်းလဲသွားရသည်။
xxxxxxxx
Continue Reading
You'll Also Like
13.6K 410 30
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
638K 71.2K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
1.6M 200K 161