ချစ်သောဗီလိန်လေး 2 (Ongoing)

By eett97

27.4K 3.1K 754

#DZ ၂၁ရာစုသမီးပျိုလေး ကားမတော်တဆဖြစ်ရာနေ system 1005နှင့်တွေ့ဆုံပြီးနောက် ............ ဒီဇာတ်လမ်းကတော့ ပါဝါရိ... More

In Space
ကူးပြောင်းခြင်းမိတ်ဆက်
ဇာတ်ကောင်မိတ်ဆက်
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
please 🙏❤
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
Note 📌
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပ်ပုဒိတ် မဟုတ်သေးပါ
အပိုင်း ၂၁
🙇🏻

အပိုင်း ၂၂

208 31 10
By eett97


Unicode

      ပိုင်ဝေ့ရှင်းတယောက် ဂျိတ်အိုဗက်ဒီအား မနိုင်သည့်ပုံစံဖြင့် မျက်လုံးကိုလှိမ့်ပြလိုက်သည်။ ရုတ်တရက်ဆာလောင်လာသောအစာအိမ်ကြောင့် ပိုင်ဝေ့ရှင်းရဲ့မျက်လုံးအစုံသည်  ဘေးစားပွဲပေါ်တင်ထားသော အစားအသောက်ဗန်းကို မျက်လုံးရောက်သွားသည်။
လူကြီးလူကောင်းတို့မည်သည် မိန်းမပျိုလေးဗိုက်ဆာချိန်မှာ သူမစားလိုရာစားနိုင်စေရန်အလိုက်တသိထွက်သွားပေးသင့်တယ်မဟုတ်လား??...။

သူ့အိမ်မှာသူနေသောဂျိတ်အိုဗက်ဒီ... ????

" မင်းကြိုက်မယ်ထင်လို့ လုပ္လာတာ..စားကြည့်လိုက်..အဆင်မပြေရင်လဲ ကိုယ် အသစ်ပြင်ပေးမယ်..."

" မလိုပါဘူး... က်မက အဆင်ပြေတယ်...."
" ဂြီ~~~~~~"
"..........."

" အိုကေ... ကိုယ်အပြင်ကစောင့်နေမယ်...မင်းစိတ်ချလက်ချစားနိုင်အောင်..."

အခန်းတံခါးကိုပိတ်ထားခဲ့ပြီး ဂျိတ်အိုဗက်ဒီ စာကြည့်ခန်းထဲသို့ ဝင်လာခဲ့သည်။
ဖတ်လက်စစာအုပ်အား ယူကာ ဆက်ဖတ်ရန်ပြင်လိုက်စဉ်  ဖုန်းမြည်သံထွက်ပေါ်လာသည်။

" ဟယ္လို..." ဂျိတ်အိုဗက်ဒီ ဖုန်းကိုယူကိုင်လိုက်သည်။

" ဂျိတ်.... မင်းဘယ်မှာလဲ?.. မင်းဘယ်ပျောက်နေတာလဲ?... အဲ့တာမင်းမလား?.. မင်းကို ငါဘာမွာထားလဲ?...မင်းရဲ့စွမ်းရည်တွေကိုထုတ်မသုံးဖို့ကို ငါမပြောထားဘူးလား?..  မင်းရဲ့ရန်သူတွေ မင်းကို ခြေရာခံမိသွားမယ်ဆိုတာမင်းနားမလည်ဘူးလား?.. မင်း ဘာလို့စကားမပြောတာလဲ?.. ငါမေးတာဖြေလေ... ဂျိတ်.!!!.."  ဟု ကျယ်လောင်သောအော်သံနဲ့အတူ အမျိုးသားတယောက်ရဲ့စိုးရိမ်စွာတရစပ်ပြောဆိုနေသောစကားသံများ ကြားလိုက်ရသည်။
ထိုလူသားသည်  သူ ဒီနေရာကိုစရောက်ကထဲက သူ့အပေါ်ကောင်းပေးပြီး သူ့ကိုယုံကြည်လက်ခံပေးခဲ့သော တဦးတည်းသောသူလဲဖြစ်သည်။
ဒန်နီရယ်ရောဘတ်သည်  ဒီဂြိုလ်ပေါ်မှာ သူ့အတွက် သူငယ်ချင်းကောင်းတယောက်ဖြစ်သည်။

" မင်း ...   ငါ့ကိုရောပြောခွင့်ပေးခဲ့လို့လား!..."
ပျင်းတိပျင်းရွဲ့အသံနဲ့ ပြန်ပြောလိုက်သည်။

တဖက်မှ ခေတ္တမျှတိတ်ဆိတ်သွားပြီး...
" အခု မင်းဘယ်မှာလဲ?.."

"အိမ်မှာ..လုံခြုံတယ်.."

" သူမေရာလား?.."

"အခန်းထဲမှာ.."

"သူရဲ့အသင်းသားတွေနဲ့အဖွဲ့အစည်းကရှာနေတယ်.. ပြန်ပို့ပေးလိုက်ပါ..." ဟု အကြုံပြုလေသည်။

" သူမ ပြန်ချင်တဲ့အချိန်ပြန်လိမ့်မယ်.."

" ဂျိတ်...  မင်းအတွက် အန္တရာယ်ရှိလာနိုင်တယ်နော်..."

"သူမအတြက္ဆို  တန်တယ်..."  ဘယ်ဘက်နှုတ်ခမ်းကို အနည်းငယ်ကော့တက်ကာပြုံးရင်း ဖြေလိုက်သည်။

" ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး လုပ်စရာရှိတာလုပ်ထားလိုက်တော့... သူ့အကျင့်အရဆို မကြာခင်ရောက်လာလိမ့်မယ်..."

" ငါ ကြိုပြင်ထားလိုက်ပါ့မယ်..."

ဒန်နီရယ် တခုခုကိုထပ်ပြောချင်ပေမဲ့ ပြတင်းပေါက်ကိုသာငေးကြည့်နေသောဂျိတ်ကြောင့် အခန်းထဲမှ တိတ်တဆိတ်ထွက်သွားလိုက်သည်။
ဘေးအခန်းရှေ့ကို ဖြတ်လျှောက်ချိန်မှာ   တစုံတေယာက္ကို ဝင်ကြည့်သင့်မကြည့်သင့်ခဏစဉ်းစားလိုက်သည်။
ကာယကံရှင်ကတောင်ဘာမှမပြောတာ သူတိတ်နေလိုက်တာအကောင်းဆုံးပါပဲလေ။

ပိုင်ဝေ့ရှင်း သူမ သတိရလာတာ တပတ်ခန့်ကြာနေပေမဲ့ အခုထိ အခန်းထဲက အခန်းအပြင်ကို မရောက်ရသေးချေ။ မှန်အပြည့်ကာထားသောပြတင်းပေါက်မှတဆင့် ဝင်လာသောနေရောင်ခြည်ကို လက်နဲ့ကာရင်း ကောင်းကင်ကြီးကို မော့လိုက်သည်။ အဖွဲ့သားတွေရော အဆင်ပြေကြလောက်ရဲ့လားမသိဘူး။
သူမကိုရော လိုက်ရှာနေမလား..။ သူမ့အဘွားရော သူမပျောက်သွားတာသိပြီး စိတ်များပူနေမလား..။ အေတြးများစွာနဲ့ အချိန်အတော်ကြာငေးမောနေမိသည်။

ကောင်းကင်ကျယ်ကိုမော့ကြည့်နေရင်း သူမမြင်ကွင်းထဲကို လက်တဖက်မဝင်လာခင်အထိ
သူမအတွေးလွန်နေမိသည်။

" အချိန်ကြာရင် မင်းမျက်လုံးနာလိမ့်မယ်... အလင်းရောင်ကို အကာအကွယ်မပါပဲစိုက်မကြည့်ရဘူးလို့ မင်းမိဘတွေမပြောထားဘူးလား..."

ပိုင်ဝေ့ရှင်း အလိုမကျစွာနဲ့ " မမွာထားဘူး.."..။

ဂျိတ်အိုဗက်ဒီ သူ့ကိုယ်ပိုင်အခန်းရဲ့ဝရန်တာကိုထွက်ရင်း  ပိုင်ဝေ့ရှင်း ကောင်းကင်ကိုအချိန်အကြာကြီးငေးမောတာတွေ့ရသဖြင့် အခန်းထဲသို့ ဝင်လာခဲ့ခြင်းဖြစ်သည်။

" က်မ  အိမ်ပြန်ချင်လာပြီ.. "

" ငါ မင်းကို သဘောကျတယ်.. "

"......."

"....."

မတူညီတဲ့စကားစုနှစ်စု ဆုံတွေ့သွားချိန်မှာ အခန်းတခုလုံး တခဏအတွင်းတိတ်ဆိတ်သွားရသည်။

အချိန်တခုကြာပြီးနောက်  တိတ်ဆိတ်မှုကို  ဂျိတ်အိုဗက်ဒီတစ်ယောက် ဖြိုခွဲလိုက်သည်။

" မင်း သဘောမကျဘူးဆို  ငါ မတားဘူး.. ထွက်သွားခွင့်ပြုမယ်.. ဒါပေမဲ့  အချိန်တခုတော့ ငါ့အနားနေပေးပါ.. ပြီးတော့ မင်းရဲ့မိတ်ဆွေတွေကို  မင်းအဆင်ပြေကြောင်း  ငါအကြောင်းကြားထားပေးပြီးပြီမို့  မင်းအရမ်းစိတ်မပူလဲရတယ်.. မင်းရဲ့အဖွဲ့ခေါင်းဆောင်ကတော့ လက်မလျော့သေးဘူး.. အခုထိစုံးစမ်းနေတုန်းပဲ... မင်းနဲ့သူနဲ့ကြားမှာ ပတ်သက်မှုရှိရင်  ငါနောက်ဆုတ်ပေးမယ်.. ခဏလေးပဲ.. ငါ့အနားမှာနေပေးပါ..."

ပိုင်ဝေ့ရှင်း  သူပြောချင်ရာပြောပြီး  ခေါင်းငုံ့ကာ သူမကိုမျက်နှာချင်းမဆိုင်တော့သည့်ထိုလူအား ထုရိုက်ချင်စိတ်ပေါက်လာသည်။

သူမပြန်ပြောခွင့်မပေးပဲ သူ့စိတ်ထဲရှိတာပြောသွားတယ်..။

" ဒီမှာ  ကျမနဲ့ခေါင်းဆောင်ကြားမှာ ဘာပတ်သက်မှုမှမရှိဘူး..   ပြီးတော့ ရှင် ကျမ့ပြောတာကိုလဲ တချက်နားထောင်ပေးဖို့ စိတ်ကူးရှိလား.. "

" ငါနားထောင်ပါတယ်..."

" ကျမလဲ ရှင့်ကို သဘောကျတယ်..ရှင့်လိုရုပ်ချောပြီး ပိုက်ဆံရှိတဲ့လူကိုမှ မကြိုက်ရင်  ဒီတစ်သက် ကျမ ရည်းစားရမှာမဟုတ်တော့ဘူး.."
(ပွင့်လင်းထင်သာမှုရှိသောအယ်မကြီး🥴)

#ဟယ်လို အသဲလေးတို့ ဒီအမကြီး ပြန်လာပါပြီ.. ကြာသွားလို့တောင်းပန်ပါတယ်.ကိုယ်အလုပ်ဝင်နေတာမို့ အလုပ်မှာအသားကျဖို့အချိန်ယူနေရလို့ပါ..ပြန်ရောက်ချိန်နောက်ကျတာကြောင့် အိမ်ရောက်တာနဲ့တန်းအိပ်နေတာပါ😴..
ချစ်ပါတယ်သဲလေးတို့😘😘

26.7.2023
9:07Am(Web)
#DZ



•••••••••••••••••••••••••••••••••••••••••••••••••••••••

Zawgyi




" ဂြီ~~~~~~"
"..........."






" အခု မင်းဘယ်မှာလဲ?.."

"အိမ်မှာ..လုံခြုံတယ်.."

" သူမေရာလား?.."

"အခန်းထဲမှာ.."









သူမအတွေးလွန်နေမိသည်။





" ငါ မင်းကို သဘောကျတယ်.. "

"......."

"....."







" ငါနားထောင်ပါတယ်..."


ချစ်ပါတယ်သဲလေးတို့😘😘

26.7.2023
9:07Am(Web)
#DZ









Continue Reading

You'll Also Like

185K 4.1K 100
*NOT FINISHED* I'm tired of fighting...... AMORA!" My uncle yells while i'm trying to open my eyes. I'm sitting in a the corner of the house with he...
14.6K 619 21
"Come on, come on, don't leave me like this I thought I had you figured out Something's gone terribly wrong You're all I wanted Come on, come on, don...
20.9K 549 20
Naruto Uzumaki is the eldest of four siblings, born into the Uzumaki family, renowned for their strong chakra and their special connection to the Nin...
89.9K 19.4K 61
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့