Second life (OC) Completed

By hinnthawethadar

194K 20.3K 327

အချစ်ကြောင့် မျက်ကန်းဖြစ်ခဲ့ရတဲ့ ဖုန့်ဝူယိဟာ သူချစ်မိတဲ့ ယောက်ျားကြောင့်နဲ့ပဲ သေခဲ့ရတယ်... သူ့ကိုတစ်ဖက်သက် ချ... More

Intro
🍐1🍐ဖုန့်ဝူယိ
🍐2🍐 ပေကျစ်ကျိုးကအရူးတစ်ယောက်ပဲ
🍐3🍐မြို့တော်အပြင်ကအိမ်တော်
Wunzinn
🍐4🍐ဖုန့်ဝူယိအတိတ်မေ့သွားလား
🍐5🍐ကိုယ့်ဝမ်ဖေးလေးက အရမ်းတော်တာပဲ
🍐6🍐မထင်မှတ်ဘဲတွေ့ခြင်း
🍐7🍐ဖုန့်ဝူယိပြောင်းလဲသွားပြီ
🍐8🍐ခြိမ်းခြောက်ခံရသူ
🍐9🍐ခိုးပြုံးလိုက်တယ်
wunzinn update
🍐10🍐လူသေအလောင်း
🍐11🍐လျှိုဝှက်တပ်စခန်း
wunzinn update
🍐12🍐မင်းသား၂ရဲ့လက်ဆောင်
🍐13🍐လုပ်ကြံသူနှစ်ဦး
🍐14🍐ဖုန့်ဝူယိရဲ့လျှောက်တင်ချက်
🍐15🍐ဖုန့်မျိုးရိုး
wunzinn
🍐16🍐မင်္ဂလာပွဲ
🍐17🍐ပြဿနာတစ်ခုရောက်လာပြီ
🍐18🍐မင်းကိုယ့်အနားမှာနေချင်သေးရဲ့လား
🍐19🍐မိတ်ဆွေဟောင်း
wunzinn update
🍐20🍐ဒေါသပုံချမိခြင်း
🍐21🍐ကျွန်တော်သူ့ကို သဘောကျလို့
🍐22🍐ဒါကမှ ဖုန့်ဝူယိအစစ်ပဲ
🍐23🍐ရန်သူနဲ့မိတ်ဆွေ
🍐24🍐ဝမ်ကွမ်းတုံရဲ့နောက်ကြောင်း
🍐25🍐ပြိုင်ပွဲ
🍐26🍐ယွင်းလုံဓားပြန်ပေါ်လာခြင်း
wunzinn update
🍐27🍐မင်းအတွက်သီးသန့်
🍐28🍐သူအရင်က ခံစားခဲ့ရတာတွေ များလွန်းတယ်
🍐29🍐ဝမ်ကွမ်းတုံနဲ့တွေ့ဆုံခြင်း
🍐30🍐ညအချိန်သတ်ဖြတ်မှု
🍐31🍐မတ်တတ်ရပ်နိုင်ပြီ
🍐32🍐 ခြင်္သေ့မြှားဂိုဏ်း
🍐33🍐လုံရှန်းတောင်က....
🍐34🍐အသက်သခင်
🍐35🍐ကိုယ်လက်လှုပ်ရှားမှု
🍐36🍐သဝန်တိုနေတာမဟုတ်တဲ့လူ
🍐37🍐အိပ်မက်ထဲကအမျိုးသမီး
🍐38🍐မင်ရန်အိမ်တော်
🍐39🍐အတိတ်မှတ်ဉာဏ်များ
🍐40🍐အမုန်းတွေပျောက်မှာ မဟုတ်
🍐41🍐ပစ်မှတ်များ
🍐42🍐အဖမ်းခံရခြင်း
🍐43🍐သတိရခြင်း
🍐44🍐 မွေးစားသား
🍐45🍐ကလေးနဲ့အတူစောင့်နေသူ
🍐46🍐အရိပ်များနဲ့တိုက်ပွဲ
🍐47🍐တပည့်လက်ခံခြင်း
🍐48🍐အပြန်ခရီး
🍐49🍐စဥ်းစားစရာများ
🍐50🍐 မွေးစားအဖေ
🍐51🍐 အံဩစရာသတင်း
🍐52🍐ရုတ်တရက်ဆန်မှုများ
🍐53🍐လက်စားချေခြင်း
🍐54🍐သူ မသေသေးဘူး
🍐55🍐 ကွေဟွားမုန့်များ
🍐56🍐ဟန်ဆောင်စုံတွဲလုပ်ကြမယ်
🍐57🍐ဘယ်အချိန်ကတည်းကလဲ?
🍐58🍐ပင်ပန်းနေတယ်
🍐59🍐ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာများ
🍐60🍐ထောင်ဟွားသခင်မ
🍐61🍐ရှက်ပြုံး
🍐62🍐ကိုယ်အရမ်းအားတယ်
🍐63🍐ဖုန့်အိမ်တော်
🍐64🍐အမောပြေသွားပြီ
🍐65🍐ကလေးလေးလိုပဲ
🍐66🍐အားချူ
🍐67🍐 မတွေ့တာကြာပြီနော်
🍐68🍐သူ့ကိုငါကိုယ်တိုင်ရင်ဆိုင်မယ်
🍐69🍐အမတမီးအိမ်
🍐70🍐အသုံးချချင်နေတာ
🍐72🍐နောက်ပစ်မှတ်
🍐73🍐လက်ကျိုးသွားပြီ
🍐74🍐မထိန်းနိုင်တော့ဘူး
🍐75🍐 Final

🍐71🍐 လှောင်ပြုံးနဲ့မျက်ရည်

1.5K 172 0
By hinnthawethadar

Second life

(71)
{ လှောင်ပြုံးနဲ့မျက်ရည်}

ချင်းမင်သခင်မရဲ့ 'မင်းလုပ်နိုင်ပါ့မလား' ဆိုတဲ့ စကားကို ဖုန့်ဝူယိကို မျက်မှောင်ကြုတ်သွားစေသည်။ သူက လက်တစ်ဖက်မှာ ကိုင်ထားတဲ့ ဓားကိုဆွဲထုတ်ကာ ချင်းမင်သခင်မထံ ပြေးဝင်သွား၏။

အိမ်ပိုင်ရှင် သခင်ကြီးက သူတို့နှစ်ယောက်အတွက် နေရာပေးတဲ့ အနေနဲ့ ခြေလှမ်းတွေ ဆုတ်ပေးလိုက်သည်။

ပေကျစ်ကျိုးကလည်း အခြေအနေကို စောင့်ကြည့်နေပြီး ဖုန့်ဝူယိကို ဝင်ကူဖို့ အသင့်အနေအထား ဖြစ်နေသည်။ ဖုန့်ဝူယိရဲ့ အတွင်းအားတွေ တိုးလာသလို ချင်းမင်သခင်မဟာလည်း ဒဏ်ရာရထားတာကြောင့် အနည်းငယ် ကိုင်တွယ်ရ လွယ်ကူ၏။

ပေကျစ်ကျိုး ဘေးထွက်နေတဲ့ စုန့်သခင်ကြီးနဲ့ သူ့အပေါင်းအပါတွေကို ကြည့်လိုက်သည်။ သူတို့က ချင်းမင်သခင်မအတွက် ဝင်ကူပေးဖို့ စိတ်ကူးရှိပုံ မပေါ်ချေ။

သို့သော်လည်း သူတို့ဒီကို မလာခင် အရိပ်တပ်သားတွေ ဆီကနေ စုန့်သခင်ကြီးအကြောင်း သတင်းရထားပြီးသား ​ဖြစ်သည်။

စုန့်သခင်ကြီးနှင့် ချင်းမင်သခင်မတို့ဟာ တမအေတည်းက ဆင်းသက်လာတဲ့ မောင်နှမ အရင်းတွေ ဖြစ်ကြသည်။ ဘာကြောင့် သူတို့ စိတ်ဝမ်းကွဲသွားတယ် ဆိုတာကတော့ အနည်းငယ် စုံစမ်းရခက်သည်။

ဗုန်း!

လက်ဝါးချင်း ရိုက်မိပြီး အတွင်းအားလှိုင်းတွေ ပျံ့နှံ့သွားသည်။

ဖုန့်ဝူယိ အနောက်ကို ပြန်လွင့်လာစဥ် ပေကျစ်ကျိုး လက်တစ်ဖက်ဆန့်၍ အသင့်ဖမ်းထားလိုက်သည်။

တစ်ဖက်ရှိ ချင်းမင်သခင်မဟာတော့ တိုင်ကြီးဖြင့် ပြေးတိုက်မိပြီး သွေးတစ်လုတ် အန်ကျလာသည်။

ဖုန့်ဝူယိ -"ကျွန်တော် သုံးလိုက်တာ ချိုးဖျက်လက်ဝါးသိုင်းရဲ့ အပြင်းဆုံး အဆင့်ပဲ... ချင်းမင်သခင်မ ခံစားမိရဲ့လား မသိဘူး..."

ဖုန့်ဝူယိရဲ့ တစ်ဖက်လူအပေါ် အေးတိအေးစက်နဲ့ ဆက်ဆံနေပုံက တစ်မျိုးဖြစ်နေလို့ ပေကျစ်ကျိုးမှာ မငေးဘဲ မနေနိုင်ပေ။

အကြောင်းမှာ ဖုန့်ဝူယိဆိုတာက သူနဲ့ နှစ်ယောက်တည်း ရှိချိန်မှာဆို အမြဲလိုလို နူးညံ့နေတတ်သည်လေ။

ချင်းမင်သခင်မသည် ကြမ်းပြင်ပေါ်က သွေးတစ်ပွတ်နဲ့ တုန်ယင်နေတဲ့ သူမလက်ဝါးကို ပြန်ငုံ့ကြည့်လိုက်သည်။ ထို့နောက် ဖုန့်ဝူယိကို ခပ်စူးစူး စိုက်ကြည့်လိုက်ကာ။

"အဟက်..."

သူမ ရယ်လိုက်ပြီး။

"မင်းက အခုမှမင်းအမေနဲ့ တူသွားတာ....ဒါပေမဲ့ သူမကသေခါနီးမှာတော့ ဒီသိုင်းကွက်ကို ထုတ်မသုံးလိုက်ရဘူး...."

ဝှစ်....

ဖုန့်ဝူယိ ဖျတ်ကနဲ ပြေးထွက်သွားသည်။ ရပ်ကြည့်နေတဲ့ သခင်ကြီးလည်း အထိတ်တလန့် ဖြစ်သွားသည်။

ချင်းမင်သခင်မလည်း မျက်နှာပျက်သွားကာ သူမရဲ့ နောက်လက်တစ်ဖက်နဲ့ ဖုန့်ဝူယိလက်ဝါးကို ကာထားလိုက်သည်။

ဝုန်း!

အတွင်းအား လှိုင်းလုံးကြောင့် ချင်းမင်သခင်မရဲ့ အဝတ်နဲ့ ဆံပင်တွေ လွင့်ပျံသွားပြီး တံခါးရွက်များလည်း ရိုက်ခတ်သွားသည်။ ဖုန့်ဝူယိ သူ့လက်ဝါးကိုသိမ်းကာ အနောက်ဆုတ်လိုက်တဲ့ အချိန်မှာ ချင်းမင်သခင်မ သွေးတစ်လုတ် ထိုးအန်လိုက်သည်။

သူမ ကြမ်းပြင်ပေါ် ထိုင်လျက် လဲကျသွားသည်။ သေချာကြည့်မယ်ဆိုရင် သူမမှီခဲ့တိုင်ဟာ အက်ကွဲကြောင်းတွေ ဖြစ်ပြီး အချိန်မရွေး ကျိုးကြေတော့မလို ဖြစ်သွားတာကို တွေ့မြင်နိုင်ပေသည်။

"ဟားဟားဟား...."

ချင်းမင်သခင်မက အော်ရယ်လိုက်သည်။

"ဟားဟားဟား... ကောင်းလိုက်တာ အရမ်းကောင်းတယ်....."

ချင်းမင်သခင်မသည် သူမအစ်ကိုအား စိုက်ကြည့်လိုက်ပြီးနောက် သတိလစ်သွားတော့သည်။

.......

ဖုန့်အိမ်တော်ထဲဝယ်။

"မင်းပြောချင်တာက သွေးဓားသခင်ဆိုတာ ဆရာကြီးဟိုင်ရဲ့ ညီ??"

ဝမ်ကွမ်းတုံ သူအခုကြားလိုက်ရတဲ့ သတင်းကြောင့် အနည်းငယ် ထိတ်လန့်အံ့သြနေသည်။ သွေးဓားသခင်က သူ့ရဲ့မွေးစားအဖေ၊ ရော့ဟန်အိမ်တော်နဲ့ ပူးပေါင်းပြီး ဖုန့်မိသားစုကို ဘေးအန္တရာယ် ဖြစ်စေခဲ့သူ ဖြစ်သည်။

ရှင်ကျန့်မင်လည်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... ထောင်ဟွားသခင်မနဲ့ ချင်းမင်သခင်မက ဆရာကြီးဟိုင်ရဲ့ တပည့်တွေဆိုတော့ သူနဲ့ဆို ဆရာဦးလေး တော်မှာပဲ....အဲဒါကြောင့် သူ့ဆီမှာ ချင်းမင်သခင်မ ဖန်တီးထားတဲ့ အဆိပ်တွေ ရှိနေတာ"

ဝမ်ကွမ်းတုံ မျက်မှောင်ကြုတ်သွားသည်။

ချင်းမင်သခင်မက လူတိုင်းကို ရှင်းထုတ်ပစ်ဖို့အတွက် အဆိပ်ပင်တွေကို မွေးမြူခဲ့တဲ့အပြင် သွေးဓားသခင်မှ တစ်ဆင့် အဆိပ်တွေကို ဖြန့်ခဲ့သေးသည်။

သူ့ရဲ့ မွေးစားအဖေဆီမှာ တချို့အဆိပ် ပုလင်းတွေကို သုံးပြီးသား အခွံလွတ်တွေ ဖြစ်နေရာ ဘယ်သူ့အပေါ် အသုံးပြုခဲ့သလဲတော့ မသိ။ နောက်ဆုံး အဆိပ်အပြည့်ပါတဲ့ ပုလင်းတစ်ခုသာ ကျန်သည်။

ပြောလို့မရဘူး။ အဲဒီနောက်ဆုံး ပုလင်းက သူ့ကိုသတ်ဖို့လည်း ဖြစ်နေနိုင်တယ်။

"အစ်ကို၃....."

ရုတ်တရက် အခန်းအပြင်မှ ယဲ့ထောင်အသံကို ကြားလိုက်ရသည်။ ဝမ်ကွမ်းတုံ တံခါး ပြေးဖွင့်လိုက်တော့။

"ကိုကိုတို့ ချင်းမင်သခင်မကို ဖမ်းလာပြီ!"

"မြန်လိုက်တာ!"

ရှင်ကျန့်မင် -" သွားကြည့်ရအောင်"

ချင်းမင်သခင်မကို ခိုင်မာသော သံတိုင်များရှိသည့် ဖုန့်အိမ်တော် အကျဥ်းထောင်ထဲတွင် ထည့်ထားသည်။ သူမရဲ့ လက်နှစ်ဖက်ကို ကြိုးတုပ်ထားကာ လေးထောင့်လှောင်အိမ်ထဲပါ ထပ်ထည့်ထားသေး၏။

ဝမ်ကွမ်းတုံတို့ အကျဥ်းထောင်နား ရောက်သွားချိန်မှာတော့ ဖုန့်ဝူယိ နဲ့ ပေကျစ်ကျိုးမှာ အကျဥ်းထောင်ထဲက ထွက်လာပြီ ဖြစ်သည်။

"ကိုကို!"

ကြည့်လိုက်တော့ ဖုန့်ဝူယိမျက်နှာမှာ အနည်းငယ် မှိုင်းညှို့လျက်။ မထင်မှတ်ထားတဲ့ အံ့သြစရာ တစ်ခုခုကို ကြုံတွေ့ခဲ့ရသည့် အတိုင်းပင်။

"ကိုကို! ဘာဖြစ်လို့လဲ?"

"......."

ဖုန့်ဝူယိမှာ ငိုင်နေဆဲ ဖြစ်တာကြောင့် ဝမ်ကွမ်းတုံလည်း ဘေးက ပေကျစ်ကျိုးကို ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ?"

ပေကျစ်ကျိုး -"ချင်းမင်သခင်မက ဟွမ်ရှုရဲ့ အမေအရင်း..."

"ဘာ!"

ယဲ့ထောင်ကတော့ သိပြီးသား ဖြစ်သည်။ ချင်းမင်သခင်မက သူ့အမေကို သတ်ဖို့အမိန့်ပေးခဲ့တာလည်း သူသိပြီးသားဖြစ်ကာ သိခဲ့ပေမယ့် ထွေထွေထူးထူး မခံစားရချေ။

တွေ့တာနဲ့ သတ်ပစ်မယ်ဆိုတဲ့ စိတ်ဆန္ဒရှိပေမယ့် ဟွမ်ရှုအတွက် အချိန်ခဏ ပေးထားချင်သေးသည်။

ဖုန့်ဝူယိအတွက်က မတူချေ။ ဖုန့်ဝူယိနဲ့ ဟွမ်ရှုဟာ သူတို့ထက်အရင် သိကျွမ်းလာခဲ့တာ ဖြစ်ပြီး ဟွမ်ရှုက ပေကျစ်ကျိုးရဲ့ တပည့်လည်း ဖြစ်နေသေးသည်။

သူ့အနေနဲ့ ပေကျစ်ကျိုးတပည့်ရဲ့ အမေကို လက်တုံ့ပြန်ဖို့က။

အကျဥ်းထောင်ထဲ၌။

လှောင်အိမ်ထဲက အမျိုးသမီးဆီကို ဟွမ်ရှု တရွေ့ရွေ့ သွားနေ၏။ ချင်းမင်သခင်မမှာ ဖုန့်ဝူယိနဲ့ တိုက်ခိုက်ထားတုန်းက သွေးစတွေ ရှိနေပေမယ့် သူမဒဏ်ရာ ရထားတာက ဟွမ်ရှုကိုတော့ စိတ်ပျော့မသွားစေပေ။

ခြေသံကြားသောအခါ သံတိုင်တွေကို မှီထားတဲ့ အမျိုးသမီးက မျက်လုံးဖွင့်ကြည့်လာ၏။ သူမက လှပသော ပန်းရောင်ဂါဝန်နဲ့ မိန်းကလေးကို တွေ့သောအခါ အနည်းငယ် အံ့သြသွားသည်။

ဟွမ်ရှုက သံလှောင်အိမ်အနား မရောက်ခင်မှာပဲ ရပ်တန့်လိုက်သည်။ လှောင်အိမ်ထဲက အမျိုးသမီးရဲ့ မျက်လုံးတွေက ဖျော့တော့နေပေမယ့် စူးရှရှနှင့် လှပသည်။

တစ်နည်းဆိုရရင် သူမမျက်လုံးတွေနဲ့ တူလှ၏။ သူမအဖေက အမေ့အကြောင်း မပြောပြပေမယ့် ဘေးလူတွေဆီက ကြားရတာတော့ သူမက အမေနဲ့ အရမ်းတူတယ်တဲ့။

ချင်းမင်သခင်မ -"ဘာလာလုပ်တာလဲ?"

အသံက မာထန်နေခြင်း မဟုတ်သော်လည်း အဆောက်အအုံ ဖွဲ့စည်းပုံကြောင့် ရှင်းရှင်းလင်းလင်း ကြားရသည်။

ဟွမ်ရှုက သူမလက်တွေကို နောက်ပစ်လိုက်ကာ။

"ရှင့်ရဲ့ အရှုံးသမား ပုံစံက ဘယ်လိုလဲဆိုတာ လာကြည့်တာလေ"

"ဟုတ်လား?"

ချင်းမင်သခင်မက ပြုံး၍ ဟွမ်ရှုကို ခေါင်းအစခြေအဆုံး ကြည့်လိုက်သည်။ သူမရဲ့ အသွင်အပြင်ဟာ ဖခင်ဆီက ဆင်းသက်လာသလိုပင် အရှိန်အဝါအပြည့် ရှိသည်။

စိုက်ကြည့်နေတုန်းမှာပဲ ဟွမ်ရှုဆီက သက်ပြင်းချသံ ကြားလိုက်ရသည်။

"ဘာလဲ?"

ဟွမ်ရှု -"ရှင်က ကျွန်မကြားဖူးထားတဲ့ သတင်းအတိုင်းပဲကိုး....နှမြောစရာပဲ အခုတော့ ရှင်ပြေးလို့ မလွတ်အောင် အဆုံးသတ်သွားပြီ အဖေကပြောတယ် ရှင့်ကိုပြန်တွေ့ရင် တစ်ခေါက်လောက် မျက်နှာပြလိုက်ပါတဲ့!"

ချင်းမင်သခင်မရဲ့ အပြုံးတွေက ရပ်တန့်မသွားချေ။

"ဟုတ်လား.... သူရော နေကောင်းရဲ့လား?"

"ရှင့်ထက်တော့ ၁၀ဆလောက် သာပြီးသားပဲ....ချင်းမင်သခင်မ ကျွန်မ ကြားဖူးထားတာ တစ်ခုရှိတယ် ဥပမာ ရှင့်ရဲ့ချင်းမင်သခင်မ ဆိုတဲ့ နာမည် ဘယ်ကနေ ဖြစ်ပေါ်လာရတယ် ဆိုတာလေ...."

ဟွမ်ရှု တစ်ဖက်လူကို အေးစက်စွာ ပြုံးပြလိုက်သည်။ တစ်ဖက်ရှိ ချင်းမင်သခင်မထံမှာတော့ အပြုံးတွေ မတည်ရှိတော့ပေ။

သူမရဲ့ ထိုလောကအသိ အမည်ဟာ ကောင်းမွန်စွာ ရလာခဲ့ခြင်းတော့ မဟုတ်ပေ။ ချင်းမင်ပွဲတော်နေ့တွင် သူမသည် ဓားတစ်ချောင်းကို ကိုင်ကာ သူမရဲ့ ကိုယ်ပိုင်မိသားစုကို သွေးချောင်းစီးစေခဲ့သူ ဖြစ်လေ၏။

ထို့ကြောင့် သူမကို ချင်းမင်သခင်မလို့ လူသိများခဲ့သည်။

သို့သော်လည်း သူမဘာကြောင့် မိသားစုကို သွေးကြောင်းစီးစေခဲ့တယ် ဆိုတာကိုတော့ သိတဲ့လူ သိပ်မရှိခဲ့ချေ။

သူမရဲ့ သမီးဖြစ်သူ ဟွမ်ရှုကလည်း ထိုအကြောင်းကို အများနည်းတူ ကြားထားတာလည်း ဖြစ်နိုင်သည်။ သူမနဲ့ ဟွမ်သခင်ကြီးက အဆင်မပြေခဲ့တာရယ်လို့ မဟုတ်ပေမယ့် အကြောင်းတစ်ခုကြောင့် သူမ ထိုသားအဖကို စွန့်ပစ်ခဲ့တာပင်။

တစ်အောင့်ကြာတော့ ချင်းမင်သခင်မက ဟွမ်ရှုကို ပြုံးပြလိုက်သည်။

"မင်းက ဒီအကြောင်းကို အထူးတလည် လာပြောပြတာလား?"

"ရှင်မသေခင် ကျွန်မ ကောင်းကောင်း ကြီးပြင်းလာတယ် ဆိုတာကို သိချင်လို့လေ..."

"ဟားဟား.... ဟားဟားဟား...."

ချင်းမင်သခင်မ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူမက မျက်ရည်ထွတ်မတတ် ဟားတိုက်ရယ်မော၍ ဟွမ်ရှုကို ကြည့်နေတဲ့ မျက်လုံးတွေကလည်း လှောင်ပြောင်မှု အပြည့်ဖြင့်။

"အဲ့တော့ ဘာဖြစ်လဲ? အစကတည်းက မင်းကို ငါ့သမီးလို့ သတ်မှတ်ခဲ့တာမှ မဟုတ်တာ....ကောင်းပြီ လာပြီးပြီဆိုတော့ ပြန်တော့လေ ငါလည်းမင်းကို သိပ်တွေ့ချင်နေတာ မဟုတ်ဘူး! ဒါပေမဲ့ ဖုန့်ဝူယိကို ပြောလိုက် ဖုန်းချီးတောင်ကို တစ်ခေါက်လောက် သွားကြည့်လိုက်ပါလို့...."

ဟွမ်ရှု မျက်မှောင်ကြုတ်သွားသည်။ ခဏကြာတော့ တစ်ခါတည်း လှည့်ထွက်သွားရာ ခဏအတွင်း အကျဥ်းထောင်ထဲမှ ပျောက်ကွယ်သွား၏။

ဟွမ်ရှု ပျောက်ကွယ်သွားသည်နှင့် ချင်းမင်သခင်မ မျက်နှာပေါ်က လှောင်ပြုံးတွေလည်း ခဏအတွင်း ပြယ်လွင့်သွားကာ တားဆီးထားတဲ့ မျက်ရည်တစ်စက် စီးကျလာသည်။

"ကောင်းကောင်း ကြီးပြင်းလာခဲ့တာကိုး...."

.......

"ကိုယ်တို့လောလောဆယ် သူ့ဆီက တချို့အကြောင်းတွေကို စုံစမ်းရဦးမယ်....သူမဘာကြောင့် ကိုယ့်ကို အဆိပ်ခတ်ခဲ့တယ် ဆိုတာနဲ့ ဘာကြောင့် ကိုယ့်အဒေါ်နေရာ ဝင်နေခဲ့လဲဆိုတာရော"

ပေကျစ်ကျိုး စကားပြောရင်း ဖုန့်ဝူယိအတွက် ရေနွေးတစ်ခွက် ငှဲ့၍ လက်ထဲကို ကိုယ်တိုင်ကိုယ်ကျ ထည့်ပေးလိုက်သည်။

ပြတင်းပေါက်ဘေးမှာ မတ်တတ်ရပ်နေတဲ့ ဝမ်ကွမ်းတုံက သူတို့ကို လှည့်ကြည့်လာသည်။

"ကျွန်တော် သူမဆီသွားပြီး မေးလိုက်မယ်!"

"မသွားနဲ့ဦး!"

ပေကျစ်ကျိုး တားလိုက်သည်။

"ဘာဖြစ်လို့လဲ?"

ပေကျစ်ကျိုး တားပြီး သိပ်မကြာလိုက် ဟွမ်ရှုက တံခါးတွန်းဖွင့်ကာ ဝင်လာသည်။ ဝင်ဝင်ချင်း လူတိုင်းက သူမမျက်နှာကို သတိထား ကြည့်နေကြတာကို တွေ့လိုက်ရတော့ ဟွမ်ရှု ကြောင်အသွား၏။

သူမက ပြုံးလိုက်ပြီး။

"တစ်ခုခု ဖြစ်နေကြတာလား?"

ဖုန့်ဝူယိ -"မင်း အဆင်ပြေရဲ့လား?"

"အဆင်မပြေစရာ အကြောင်းမှ မရှိတာ.... ကျွန်မက သူမကို သေသေချာချာ မြင်ချင်ရုံသက်သက်ပဲလေ ဒါပေမဲ့ သူမပြောလိုက်တယ် ဖုန်းချီးတောင်ကို သွားကြည့်ကြည့်တဲ့....ဖုန်းချီးတောင်က ဘာထူးခြားလို့လဲ?"

"ဖုန်းချီးတောင်?"

"ဖုန်းချီးတောင်?"

ဖုန့်ဝူယိနဲ့ ဝမ်ကွမ်းတုံတို့ တစ်ပြိုင်တည်း ထအော်လိုက်ကြသည်။

ပေကျစ်ကျိုး -"ဘာဖြစ်လို့လဲ?"

ဖုန့်ဝူယိ -"ဖုန်းချီးတောင်ကို လူတိုင်းသိပေမယ့် ဘယ်သူမှမသိတဲ့ လျှိုဝှက်ချက် ရှိသေးတယ်....ဖုန်းချီးတောင်အောက်မှာ ဖုန့်မိသားစုရဲ့ မြေအောက်ဂူသင်္ချိုင်းရှိတယ်"

ယဲ့ထောင် -"ဂူသင်္ချိုင်း?"

ယဲ့ထောင် ဝမ်ကွမ်းတုံကို တစ်ချက်ကြည့်လိုက်သည်။ ဝမ်ကွမ်းတုံကလည်း အဲဒီအကြောင်းကိုတော့ သူ မသိထားကြောင့် သဘောဖြင့် ခေါင်းယမ်းပြ၏။

ဖုန့်မိသားစုက မျိုးနွယ်စုကြီးကဲ့သို့ အင်အားကြီးခဲ့လေသလို ဧကရာဇ်ထံတော်မှ ခေတ်အဆက်ဆက် မျက်နှာသာပေး ခံခဲ့ရတာကြောင့် တောင်တစ်တောင်အောက်တွင် ဂူသင်္ချိုင်း တည်ဆောက်နိုင်တဲ့အထိ အဆင့်အတန်းက မြင့်လေသည်။







Second life

(71)
{ ေလွာင္ၿပဳံးနဲ႕မ်က္ရည္}

ခ်င္းမင္သခင္မရဲ႕ 'မင္းလုပ္နိုင္ပါ့မလား' ဆိုတဲ့ စကားကို ဖုန့္ဝူယိကို မ်က္ေမွာင္ၾကဳတ္သြားေစသည္။ သူက လက္တစ္ဖက္မွာ ကိုင္ထားတဲ့ ဓားကိုဆြဲထုတ္ကာ ခ်င္းမင္သခင္မထံ ေျပးဝင္သြား၏။

အိမ္ပိုင္ရွင္ သခင္ႀကီးက သူတို႔ႏွစ္ေယာက္အတြက္ ေနရာေပးတဲ့ အေနနဲ႕ ေျခလွမ္းေတြ ဆုတ္ေပးလိုက္သည္။

ေပက်စ္က်ိဳးကလည္း အေျခအေနကို ေစာင့္ၾကည့္ေနၿပီး ဖုန့္ဝူယိကို ဝင္ကူဖို႔ အသင့္အေနအထား ျဖစ္ေနသည္။ ဖုန့္ဝူယိရဲ႕ အတြင္းအားေတြ တိုးလာသလို ခ်င္းမင္သခင္မဟာလည္း ဒဏ္ရာရထားတာေၾကာင့္ အနည္းငယ္ ကိုင္တြယ္ရ လြယ္ကူ၏။

ေပက်စ္က်ိဳး ေဘးထြက္ေနတဲ့ စုန့္သခင္ႀကီးနဲ႕ သူ႕အေပါင္းအပါေတြကို ၾကည့္လိုက္သည္။ သူတို႔က ခ်င္းမင္သခင္မအတြက္ ဝင္ကူေပးဖို႔ စိတ္ကူးရွိပုံ မေပၚေခ်။

သို႔ေသာ္လည္း သူတို႔ဒီကို မလာခင္ အရိပ္တပ္သားေတြ ဆီကေန စုန့္သခင္ႀကီးအေၾကာင္း သတင္းရထားၿပီးသား ျဖစ္သည္။

စုန့္သခင္ႀကီးႏွင့္ ခ်င္းမင္သခင္မတို႔ဟာ တမေအတည္းက ဆင္းသက္လာတဲ့ ေမာင္ႏွမ အရင္းေတြ ျဖစ္ၾကသည္။ ဘာေၾကာင့္ သူတို႔ စိတ္ဝမ္းကြဲသြားတယ္ ဆိုတာကေတာ့ အနည္းငယ္ စုံစမ္းရခက္သည္။

ဗုန္း!

လက္ဝါးခ်င္း ရိုက္မိၿပီး အတြင္းအားလွိုင္းေတြ ပ်ံ့ႏွံ႕သြားသည္။

ဖုန့္ဝူယိ အေနာက္ကို ျပန္လြင့္လာစဥ္ ေပက်စ္က်ိဳး လက္တစ္ဖက္ဆန့္၍ အသင့္ဖမ္းထားလိုက္သည္။

တစ္ဖက္ရွိ ခ်င္းမင္သခင္မဟာေတာ့ တိုင္ႀကီးျဖင့္ ေျပးတိုက္မိၿပီး ေသြးတစ္လုတ္ အန္က်လာသည္။

ဖုန့္ဝူယိ -"ကြၽန္ေတာ္ သုံးလိုက္တာ ခ်ိဳးဖ်က္လက္ဝါးသိုင္းရဲ႕ အျပင္းဆုံး အဆင့္ပဲ... ခ်င္းမင္သခင္မ ခံစားမိရဲ႕လား မသိဘူး..."

ဖုန့္ဝူယိရဲ႕ တစ္ဖက္လူအေပၚ ေအးတိေအးစက္နဲ႕ ဆက္ဆံေနပုံက တစ္မ်ိဳးျဖစ္ေနလို႔ ေပက်စ္က်ိဳးမွာ မေငးဘဲ မေနနိုင္ေပ။

အေၾကာင္းမွာ ဖုန့္ဝူယိဆိုတာက သူနဲ႕ ႏွစ္ေယာက္တည္း ရွိခ်ိန္မွာဆို အၿမဲလိုလို ႏူးညံ့ေနတတ္သည္ေလ။

ခ်င္းမင္သခင္မသည္ ၾကမ္းျပင္ေပၚက ေသြးတစ္ပြတ္နဲ႕ တုန္ယင္ေနတဲ့ သူမလက္ဝါးကို ျပန္ငုံ႕ၾကည့္လိုက္သည္။ ထို႔ေနာက္ ဖုန့္ဝူယိကို ခပ္စူးစူး စိုက္ၾကည့္လိုက္ကာ။

"အဟက္..."

သူမ ရယ္လိုက္ၿပီး။

"မင္းက အခုမွမင္းအေမနဲ႕ တူသြားတာ....ဒါေပမဲ့ သူမကေသခါနီးမွာေတာ့ ဒီသိုင္းကြက္ကို ထုတ္မသုံးလိုက္ရဘူး...."

ဝွစ္....

ဖုန့္ဝူယိ ဖ်တ္ကနဲ ေျပးထြက္သြားသည္။ ရပ္ၾကည့္ေနတဲ့ သခင္ႀကီးလည္း အထိတ္တလန့္ ျဖစ္သြားသည္။

ခ်င္းမင္သခင္မလည္း မ်က္ႏွာပ်က္သြားကာ သူမရဲ႕ ေနာက္လက္တစ္ဖက္နဲ႕ ဖုန့္ဝူယိလက္ဝါးကို ကာထားလိုက္သည္။

ဝုန္း!

အတြင္းအား လွိုင္းလုံးေၾကာင့္ ခ်င္းမင္သခင္မရဲ႕ အဝတ္နဲ႕ ဆံပင္ေတြ လြင့္ပ်ံသြားၿပီး တံခါး႐ြက္မ်ားလည္း ရိုက္ခတ္သြားသည္။ ဖုန့္ဝူယိ သူ႕လက္ဝါးကိုသိမ္းကာ အေနာက္ဆုတ္လိုက္တဲ့ အခ်ိန္မွာ ခ်င္းမင္သခင္မ ေသြးတစ္လုတ္ ထိုးအန္လိုက္သည္။

သူမ ၾကမ္းျပင္ေပၚ ထိုင္လ်က္ လဲက်သြားသည္။ ေသခ်ာၾကည့္မယ္ဆိုရင္ သူမမွီခဲ့တိုင္ဟာ အက္ကြဲေၾကာင္းေတြ ျဖစ္ၿပီး အခ်ိန္မေ႐ြး က်ိဳးေၾကေတာ့မလို ျဖစ္သြားတာကို ေတြ႕ျမင္နိုင္ေပသည္။

"ဟားဟားဟား...."

ခ်င္းမင္သခင္မက ေအာ္ရယ္လိုက္သည္။

"ဟားဟားဟား... ေကာင္းလိုက္တာ အရမ္းေကာင္းတယ္....."

ခ်င္းမင္သခင္မသည္ သူမအစ္ကိုအား စိုက္ၾကည့္လိုက္ၿပီးေနာက္ သတိလစ္သြားေတာ့သည္။

.......

ဖုန့္အိမ္ေတာ္ထဲဝယ္။

"မင္းေျပာခ်င္တာက ေသြးဓားသခင္ဆိုတာ ဆရာႀကီးဟိုင္ရဲ႕ ညီ??"

ဝမ္ကြမ္းတုံ သူအခုၾကားလိုက္ရတဲ့ သတင္းေၾကာင့္ အနည္းငယ္ ထိတ္လန့္အံ့ၾသေနသည္။ ေသြးဓားသခင္က သူ႕ရဲ႕ေမြးစားအေဖ၊ ေရာ့ဟန္အိမ္ေတာ္နဲ႕ ပူးေပါင္းၿပီး ဖုန့္မိသားစုကို ေဘးအႏၱရာယ္ ျဖစ္ေစခဲ့သူ ျဖစ္သည္။

ရွင္က်န့္မင္လည္း ေခါင္းညိတ္လိုက္သည္။

"ဟုတ္တယ္... ေထာင္ဟြားသခင္မနဲ႕ ခ်င္းမင္သခင္မက ဆရာႀကီးဟိုင္ရဲ႕ တပည့္ေတြဆိုေတာ့ သူနဲ႕ဆို ဆရာဦးေလး ေတာ္မွာပဲ....အဲဒါေၾကာင့္ သူ႕ဆီမွာ ခ်င္းမင္သခင္မ ဖန္တီးထားတဲ့ အဆိပ္ေတြ ရွိေနတာ"

ဝမ္ကြမ္းတုံ မ်က္ေမွာင္ၾကဳတ္သြားသည္။

ခ်င္းမင္သခင္မက လူတိုင္းကို ရွင္းထုတ္ပစ္ဖို႔အတြက္ အဆိပ္ပင္ေတြကို ေမြးျမဴခဲ့တဲ့အျပင္ ေသြးဓားသခင္မွ တစ္ဆင့္ အဆိပ္ေတြကို ျဖန့္ခဲ့ေသးသည္။

သူ႕ရဲ႕ ေမြးစားအေဖဆီမွာ တခ်ိဳ႕အဆိပ္ ပုလင္းေတြကို သုံးၿပီးသား အခြံလြတ္ေတြ ျဖစ္ေနရာ ဘယ္သူ႕အေပၚ အသုံးျပဳခဲ့သလဲေတာ့ မသိ။ ေနာက္ဆုံး အဆိပ္အျပည့္ပါတဲ့ ပုလင္းတစ္ခုသာ က်န္သည္။

ေျပာလို႔မရဘူး။ အဲဒီေနာက္ဆုံး ပုလင္းက သူ႕ကိုသတ္ဖို႔လည္း ျဖစ္ေနနိုင္တယ္။

"အစ္ကို၃....."

႐ုတ္တရက္ အခန္းအျပင္မွ ယဲ့ေထာင္အသံကို ၾကားလိုက္ရသည္။ ဝမ္ကြမ္းတုံ တံခါး ေျပးဖြင့္လိုက္ေတာ့။

"ကိုကိုတို႔ ခ်င္းမင္သခင္မကို ဖမ္းလာၿပီ!"

"ျမန္လိုက္တာ!"

ရွင္က်န့္မင္ -" သြားၾကည့္ရေအာင္"

ခ်င္းမင္သခင္မကို ခိုင္မာေသာ သံတိုင္မ်ားရွိသည့္ ဖုန့္အိမ္ေတာ္ အက်ဥ္းေထာင္ထဲတြင္ ထည့္ထားသည္။ သူမရဲ႕ လက္ႏွစ္ဖက္ကို ႀကိဳးတုပ္ထားကာ ေလးေထာင့္ေလွာင္အိမ္ထဲပါ ထပ္ထည့္ထားေသး၏။

ဝမ္ကြမ္းတုံတို႔ အက်ဥ္းေထာင္နား ေရာက္သြားခ်ိန္မွာေတာ့ ဖုန့္ဝူယိ နဲ႕ ေပက်စ္က်ိဳးမွာ အက်ဥ္းေထာင္ထဲက ထြက္လာၿပီ ျဖစ္သည္။

"ကိုကို!"

ၾကည့္လိုက္ေတာ့ ဖုန့္ဝူယိမ်က္ႏွာမွာ အနည္းငယ္ မွိုင္းညွို႔လ်က္။ မထင္မွတ္ထားတဲ့ အံ့ၾသစရာ တစ္ခုခုကို ႀကဳံေတြ႕ခဲ့ရသည့္ အတိုင္းပင္။

"ကိုကို! ဘာျဖစ္လို႔လဲ?"

"......."

ဖုန့္ဝူယိမွာ ငိုင္ေနဆဲ ျဖစ္တာေၾကာင့္ ဝမ္ကြမ္းတုံလည္း ေဘးက ေပက်စ္က်ိဳးကို ၾကည့္လိုက္သည္။

"ဘာျဖစ္တာလဲ?"

ေပက်စ္က်ိဳး -"ခ်င္းမင္သခင္မက ဟြမ္ရႈရဲ႕ အေမအရင္း..."

"ဘာ!"

ယဲ့ေထာင္ကေတာ့ သိၿပီးသား ျဖစ္သည္။ ခ်င္းမင္သခင္မက သူ႕အေမကို သတ္ဖို႔အမိန့္ေပးခဲ့တာလည္း သူသိၿပီးသားျဖစ္ကာ သိခဲ့ေပမယ့္ ေထြေထြထူးထူး မခံစားရေခ်။

ေတြ႕တာနဲ႕ သတ္ပစ္မယ္ဆိုတဲ့ စိတ္ဆႏၵရွိေပမယ့္ ဟြမ္ရႈအတြက္ အခ်ိန္ခဏ ေပးထားခ်င္ေသးသည္။

ဖုန့္ဝူယိအတြက္က မတူေခ်။ ဖုန့္ဝူယိနဲ႕ ဟြမ္ရႈဟာ သူတို႔ထက္အရင္ သိကြၽမ္းလာခဲ့တာ ျဖစ္ၿပီး ဟြမ္ရႈက ေပက်စ္က်ိဳးရဲ႕ တပည့္လည္း ျဖစ္ေနေသးသည္။

သူ႕အေနနဲ႕ ေပက်စ္က်ိဳးတပည့္ရဲ႕ အေမကို လက္တုံ႕ျပန္ဖို႔က။

အက်ဥ္းေထာင္ထဲ၌။

ေလွာင္အိမ္ထဲက အမ်ိဳးသမီးဆီကို ဟြမ္ရႈ တေ႐ြ႕ေ႐ြ႕ သြားေန၏။ ခ်င္းမင္သခင္မမွာ ဖုန့္ဝူယိနဲ႕ တိုက္ခိုက္ထားတုန္းက ေသြးစေတြ ရွိေနေပမယ့္ သူမဒဏ္ရာ ရထားတာက ဟြမ္ရႈကိုေတာ့ စိတ္ေပ်ာ့မသြားေစေပ။

ေျခသံၾကားေသာအခါ သံတိုင္ေတြကို မွီထားတဲ့ အမ်ိဳးသမီးက မ်က္လုံးဖြင့္ၾကည့္လာ၏။ သူမက လွပေသာ ပန္းေရာင္ဂါဝန္နဲ႕ မိန္းကေလးကို ေတြ႕ေသာအခါ အနည္းငယ္ အံ့ၾသသြားသည္။

ဟြမ္ရႈက သံေလွာင္အိမ္အနား မေရာက္ခင္မွာပဲ ရပ္တန့္လိုက္သည္။ ေလွာင္အိမ္ထဲက အမ်ိဳးသမီးရဲ႕ မ်က္လုံးေတြက ေဖ်ာ့ေတာ့ေနေပမယ့္ စူးရွရွႏွင့္ လွပသည္။

တစ္နည္းဆိုရရင္ သူမမ်က္လုံးေတြနဲ႕ တူလွ၏။ သူမအေဖက အေမ့အေၾကာင္း မေျပာျပေပမယ့္ ေဘးလူေတြဆီက ၾကားရတာေတာ့ သူမက အေမနဲ႕ အရမ္းတူတယ္တဲ့။

ခ်င္းမင္သခင္မ -"ဘာလာလုပ္တာလဲ?"

အသံက မာထန္ေနျခင္း မဟုတ္ေသာ္လည္း အေဆာက္အအုံ ဖြဲ႕စည္းပုံေၾကာင့္ ရွင္းရွင္းလင္းလင္း ၾကားရသည္။

ဟြမ္ရႈက သူမလက္ေတြကို ေနာက္ပစ္လိုက္ကာ။

"ရွင့္ရဲ႕ အရႈံးသမား ပုံစံက ဘယ္လိုလဲဆိုတာ လာၾကည့္တာေလ"

"ဟုတ္လား?"

ခ်င္းမင္သခင္မက ၿပဳံး၍ ဟြမ္ရႈကို ေခါင္းအစေျခအဆုံး ၾကည့္လိုက္သည္။ သူမရဲ႕ အသြင္အျပင္ဟာ ဖခင္ဆီက ဆင္းသက္လာသလိုပင္ အရွိန္အဝါအျပည့္ ရွိသည္။

စိုက္ၾကည့္ေနတုန္းမွာပဲ ဟြမ္ရႈဆီက သက္ျပင္းခ်သံ ၾကားလိုက္ရသည္။

"ဘာလဲ?"

ဟြမ္ရႈ -"ရွင္က ကြၽန္မၾကားဖူးထားတဲ့ သတင္းအတိုင္းပဲကိုး....ႏွေျမာစရာပဲ အခုေတာ့ ရွင္ေျပးလို႔ မလြတ္ေအာင္ အဆုံးသတ္သြားၿပီ အေဖကေျပာတယ္ ရွင့္ကိုျပန္ေတြ႕ရင္ တစ္ေခါက္ေလာက္ မ်က္ႏွာျပလိုက္ပါတဲ့!"

ခ်င္းမင္သခင္မရဲ႕ အၿပဳံးေတြက ရပ္တန့္မသြားေခ်။

"ဟုတ္လား.... သူေရာ ေနေကာင္းရဲ႕လား?"

"ရွင့္ထက္ေတာ့ ၁၀ဆေလာက္ သာၿပီးသားပဲ....ခ်င္းမင္သခင္မ ကြၽန္မ ၾကားဖူးထားတာ တစ္ခုရွိတယ္ ဥပမာ ရွင့္ရဲ႕ခ်င္းမင္သခင္မ ဆိုတဲ့ နာမည္ ဘယ္ကေန ျဖစ္ေပၚလာရတယ္ ဆိုတာေလ...."

ဟြမ္ရႈ တစ္ဖက္လူကို ေအးစက္စြာ ၿပဳံးျပလိုက္သည္။ တစ္ဖက္ရွိ ခ်င္းမင္သခင္မထံမွာေတာ့ အၿပဳံးေတြ မတည္ရွိေတာ့ေပ။

သူမရဲ႕ ထိုေလာကအသိ အမည္ဟာ ေကာင္းမြန္စြာ ရလာခဲ့ျခင္းေတာ့ မဟုတ္ေပ။ ခ်င္းမင္ပြဲေတာ္ေန႕တြင္ သူမသည္ ဓားတစ္ေခ်ာင္းကို ကိုင္ကာ သူမရဲ႕ ကိုယ္ပိုင္မိသားစုကို ေသြးေခ်ာင္းစီးေစခဲ့သူ ျဖစ္ေလ၏။

ထို႔ေၾကာင့္ သူမကို ခ်င္းမင္သခင္မလို႔ လူသိမ်ားခဲ့သည္။

သို႔ေသာ္လည္း သူမဘာေၾကာင့္ မိသားစုကို ေသြးေၾကာင္းစီးေစခဲ့တယ္ ဆိုတာကိုေတာ့ သိတဲ့လူ သိပ္မရွိခဲ့ေခ်။

သူမရဲ႕ သမီးျဖစ္သူ ဟြမ္ရႈကလည္း ထိုအေၾကာင္းကို အမ်ားနည္းတူ ၾကားထားတာလည္း ျဖစ္နိုင္သည္။ သူမနဲ႕ ဟြမ္သခင္ႀကီးက အဆင္မေျပခဲ့တာရယ္လို႔ မဟုတ္ေပမယ့္ အေၾကာင္းတစ္ခုေၾကာင့္ သူမ ထိုသားအဖကို စြန့္ပစ္ခဲ့တာပင္။

တစ္ေအာင့္ၾကာေတာ့ ခ်င္းမင္သခင္မက ဟြမ္ရႈကို ၿပဳံးျပလိုက္သည္။

"မင္းက ဒီအေၾကာင္းကို အထူးတလည္ လာေျပာျပတာလား?"

"ရွင္မေသခင္ ကြၽန္မ ေကာင္းေကာင္း ႀကီးျပင္းလာတယ္ ဆိုတာကို သိခ်င္လို႔ေလ..."

"ဟားဟား.... ဟားဟားဟား...."

ခ်င္းမင္သခင္မ က်ယ္ေလာင္စြာ ရယ္ေမာလိုက္သည္။ သူမက မ်က္ရည္ထြတ္မတတ္ ဟားတိုက္ရယ္ေမာ၍ ဟြမ္ရႈကို ၾကည့္ေနတဲ့ မ်က္လုံးေတြကလည္း ေလွာင္ေျပာင္မႈ အျပည့္ျဖင့္။

"အဲ့ေတာ့ ဘာျဖစ္လဲ? အစကတည္းက မင္းကို ငါ့သမီးလို႔ သတ္မွတ္ခဲ့တာမွ မဟုတ္တာ....ေကာင္းၿပီ လာၿပီးၿပီဆိုေတာ့ ျပန္ေတာ့ေလ ငါလည္းမင္းကို သိပ္ေတြ႕ခ်င္ေနတာ မဟုတ္ဘူး! ဒါေပမဲ့ ဖုန့္ဝူယိကို ေျပာလိုက္ ဖုန္းခ်ီးေတာင္ကို တစ္ေခါက္ေလာက္ သြားၾကည့္လိုက္ပါလို႔...."

ဟြမ္ရႈ မ်က္ေမွာင္ၾကဳတ္သြားသည္။ ခဏၾကာေတာ့ တစ္ခါတည္း လွည့္ထြက္သြားရာ ခဏအတြင္း အက်ဥ္းေထာင္ထဲမွ ေပ်ာက္ကြယ္သြား၏။

ဟြမ္ရႈ ေပ်ာက္ကြယ္သြားသည္ႏွင့္ ခ်င္းမင္သခင္မ မ်က္ႏွာေပၚက ေလွာင္ၿပဳံးေတြလည္း ခဏအတြင္း ျပယ္လြင့္သြားကာ တားဆီးထားတဲ့ မ်က္ရည္တစ္စက္ စီးက်လာသည္။

"ေကာင္းေကာင္း ႀကီးျပင္းလာခဲ့တာကိုး...."

.......

"ကိုယ္တို႔ေလာေလာဆယ္ သူ႕ဆီက တခ်ိဳ႕အေၾကာင္းေတြကို စုံစမ္းရဦးမယ္....သူမဘာေၾကာင့္ ကိုယ့္ကို အဆိပ္ခတ္ခဲ့တယ္ ဆိုတာနဲ႕ ဘာေၾကာင့္ ကိုယ့္အေဒၚေနရာ ဝင္ေနခဲ့လဲဆိုတာေရာ"

ေပက်စ္က်ိဳး စကားေျပာရင္း ဖုန့္ဝူယိအတြက္ ေရႏြေးတစ္ခြက္ ငွဲ႕၍ လက္ထဲကို ကိုယ္တိုင္ကိုယ္က် ထည့္ေပးလိုက္သည္။

ျပတင္းေပါက္ေဘးမွာ မတ္တတ္ရပ္ေနတဲ့ ဝမ္ကြမ္းတုံက သူတို႔ကို လွည့္ၾကည့္လာသည္။

"ကြၽန္ေတာ္ သူမဆီသြားၿပီး ေမးလိုက္မယ္!"

"မသြားနဲ႕ဦး!"

ေပက်စ္က်ိဳး တားလိုက္သည္။

"ဘာျဖစ္လို႔လဲ?"

ေပက်စ္က်ိဳး တားၿပီး သိပ္မၾကာလိုက္ ဟြမ္ရႈက တံခါးတြန္းဖြင့္ကာ ဝင္လာသည္။ ဝင္ဝင္ခ်င္း လူတိုင္းက သူမမ်က္ႏွာကို သတိထား ၾကည့္ေနၾကတာကို ေတြ႕လိုက္ရေတာ့ ဟြမ္ရႈ ေၾကာင္အသြား၏။

သူမက ၿပဳံးလိုက္ၿပီး။

"တစ္ခုခု ျဖစ္ေနၾကတာလား?"

ဖုန့္ဝူယိ -"မင္း အဆင္ေျပရဲ႕လား?"

"အဆင္မေျပစရာ အေၾကာင္းမွ မရွိတာ.... ကြၽန္မက သူမကို ေသေသခ်ာခ်ာ ျမင္ခ်င္႐ုံသက္သက္ပဲေလ ဒါေပမဲ့ သူမေျပာလိုက္တယ္ ဖုန္းခ်ီးေတာင္ကို သြားၾကည့္ၾကည့္တဲ့....ဖုန္းခ်ီးေတာင္က ဘာထူးျခားလို႔လဲ?"

"ဖုန္းခ်ီးေတာင္?"

"ဖုန္းခ်ီးေတာင္?"

ဖုန့္ဝူယိနဲ႕ ဝမ္ကြမ္းတုံတို႔ တစ္ၿပိဳင္တည္း ထေအာ္လိုက္ၾကသည္။

ေပက်စ္က်ိဳး -"ဘာျဖစ္လို႔လဲ?"

ဖုန့္ဝူယိ -"ဖုန္းခ်ီးေတာင္ကို လူတိုင္းသိေပမယ့္ ဘယ္သူမွမသိတဲ့ လွ်ိုဝွက္ခ်က္ ရွိေသးတယ္....ဖုန္းခ်ီးေတာင္ေအာက္မွာ ဖုန့္မိသားစုရဲ႕ ေျမေအာက္ဂူသခၤ်ိဳင္းရွိတယ္"

ယဲ့ေထာင္ -"ဂူသခၤ်ိဳင္း?"

ယဲ့ေထာင္ ဝမ္ကြမ္းတုံကို တစ္ခ်က္ၾကည့္လိုက္သည္။ ဝမ္ကြမ္းတုံကလည္း အဲဒီအေၾကာင္းကိုေတာ့ သူ မသိထားေၾကာင့္ သေဘာျဖင့္ ေခါင္းယမ္းျပ၏။

ဖုန့္မိသားစုက မ်ိဳးႏြယ္စုႀကီးကဲ့သို႔ အင္အားႀကီးခဲ့ေလသလို ဧကရာဇ္ထံေတာ္မွ ေခတ္အဆက္ဆက္ မ်က္ႏွာသာေပး ခံခဲ့ရတာေၾကာင့္ ေတာင္တစ္ေတာင္ေအာက္တြင္ ဂူသခၤ်ိဳင္း တည္ေဆာက္နိုင္တဲ့အထိ အဆင့္အတန္းက ျမင့္ေလသည္။

Continue Reading

You'll Also Like

137K 16.1K 99
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
154K 22.6K 104
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
1.2M 80.6K 114
Cover- edited from google Start Date -22.4.22 End Date- 22.3.23 အနံ့သင်းတဲ့ သဇင်မင်းကမှ ပန်းထင်သလား မထင်ပါနဲ့ အဲလိုမထင်ပါနဲ့ အနံ့မဖက်တဲ့ သပြေခက်ကလဲ...
1.5M 190K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...