🍐65🍐ကလေးလေးလိုပဲ

1.6K 191 3
                                    

Second life

(65)
{ကလေးလေးလိုပဲ}

ပေကျစ်ကျိုးက ဆည်ကြီးကို ဖောက်၍ ဖုန့်အိမ်တော်ကို စက်ဝိုင်းခြမ်းသဏ္ဌာန် ကွေ့ပတ်သွားဖို့အတွက် အစီအစဥ်ဆွဲထား၏။

ဖုန့်အိမ်တော်သည် မြစ်ကြီးကို ကျောပေးလျက် အိမ်တော်၏ ပင်မဂိတ်တံခါးကို အနောက်ဖက်သို့ လှည့်ထားခြင်း ဖြစ်သည်။ မြစ်ကြီးသည် မြောက်မှ တောင်ဖက်သို့ စီးဆင်းနေကာ ထိုမြစ်ကို ဆင်နဂါးမြစ်ဟု ခေါ်ကြသည်။

ပေကျစ်ကျိုး -"အခုကိုယ့်လက်အောက်က စစ်သည်တွေနဲ့ အရိပ်တပ်သားတွေ ပေါင်းလိုက်ရင် ကိုယ့်မှာ လူအင်အား ၇၀၀ ရှိမယ်..."

စစ်သည်၅၀၀နှင့် အရိပ်တပ်သား ၂၀၀ ဖြစ်သည်။ သို့သော်လည်း အရိပ်တပ်သား ဦးရေမှာ သိုင်းလောကတစ်ခွင် ဖြန့်ကျက်ထားသူများ မပါသေးချေ။

ဖုန့်ဝူယိ -"ကျွန်တော် ဖုန့်အိမ်တော်ဟောင်းမှာ အလုပ်လုပ်ခဲ့တဲ့ လူတွေကို ပြန်ရှာဖို့ လိုသေးလား?"

"သူတို့က ပျက်စီးသွားပြီးတဲ့ ဒီအိမ်မှာ နောက်ထပ် အလုပ်မလုပ်ရဲတော့မှာ ကြောက်ရတယ် လိုအပ်တဲ့ အလုပ်သမားတွေကို ကိုယ်တို့နောက်မှပဲ ထပ်ရှာကြရအောင်"

"အင်း...."

"ဖုန့်ရှောင်းဖက်ကို ကိုယ်လူလွှတ်ထားတယ်.... သူအခုလောလောဆယ် ခြံဝန်းတစ်ခုထဲမှာ ပုန်းနေတယ်လေ ယဲ့ထောင် သွားကြည့်နေလောက်ပြီ"

"အင်း...."

ဖုန့်ဝူယိ ခေါင်းညိတ်လိုက်ကာ

"ဖုန့်ရှောင်းရဲ့ သိုင်းပညာက အရင်ကလောက် မဟုတ်တော့သလိုပဲ.... သူယဲ့ထောင်ကိုတော့ ယှဥ်နိုင်မှာ မဟုတ်ဘူး"

ယဲ့ထောင်နဲ့ ပတ်သက်ပြီးတော့ ဖုန့်ဝူယိ စိတ်ချထားသည်။ သိုင်းလောကမှာ ယဲ့ထောင်ကို လိုက်သတ်ချင်သူတွေ ရှိတာကြောင့် အနည်းငယ် စိုးရိမ်ရပေမယ့် သူ့ဘေးမှာ ဟွမ်ရှုလည်း ရှိနေပြီမို့ သူတို့နှစ်ယောက် အချင်းချင်း ကူညီလို့ရသည်။

ဖုန့်ဝူယိ အတွေးမမှားချေ။ ယဲ့ထောင် ထွက်တာနဲ့ ဟွမ်ရှုကလည်း တိတ်တဆိတ် လိုက်လာသည်။

Second life (OC) Completed Where stories live. Discover now