🍐72🍐နောက်ပစ်မှတ်

1.4K 176 0
                                    

Second life

72
{နောက်ပစ်မှတ်}

ဖုန်းချီးတောင်ဟူသော စကားသံကို ကြားတဲ့အခါ ဖုန့်ဝူယိသာမက ဝမ်ကွမ်းတုံလည်း ထူးဆန်းသွားသည်။ ပေကျစ်ကျိုး ဖုန့်ဝူယိကို တစ်ချက် ကြည့်လိုက်သည်။

ဒါပေါ့။ သူဖုန့်ဝူယိအကြောင်းကို စုံစမ်းခဲ့တဲ့ အချိန်တုန်းက ဖုန်းချီးတောင် အကြောင်းလည်း အနည်းအကျဥ်း ပါထားသည်။ စုံစမ်းရသလောက် ဆိုရင် ဖုန်းချီးတောင်ကို ဖုန့်မိသားစု အဆက်ဆက်က ပိုင်ဆိုင်လေသည်။

ပေကျစ်ကျိုး -"ကိုယ်တို့ တစ်ချက်လောက် သွားကြည့်ကြမလား?"

"အင်း"

ဖုန့်ဝူယိ ခေါင်းညိတ်လိုက်သည်။

ချင်းမင်သခင်မ ကိုယ်တိုင်က ဖုန်းချီးတောင်အကြောင်းကို ပြောလာတယ် ဆိုတော့ ထိုတောင်တွင် တစ်ခုခုရှိနေတာ ဖြစ်နေနိုင်သည်။

ထို့ကြောင့် သူတို့အားလုံး ဖုန်းချီးတောင်ဆီသို့ ထွက်ခွာလာခဲ့တော့သည်။

မြင်းကိုယ်စီဖြင့် မရပ်မနား ခရီးနှင်လာခဲ့သော်လည်း ဖုန်းချီးတောင်ကို ရောက်ဖို့ တစ်ညကြာသွားခဲ့သည်။ ပေကျစ်ကျိုး နှင့် ဖုန့်ဝူယိက အရှေ့ဆုံးမှနေ၍ တောင်ပေါ်ကို တက်လာခဲ့၏။

ဘာကြောင့်မှန်း မသိပေမယ့် တောင်ပေါ်မှာ တစ်ခုခု ရှိနေတယ်လို့ ခံစားနေမိရာ ဖုန့်ဝူယိ ခြေလှမ်းတွေ တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။

"ယိယိ... စိတ်အေးအေးထားပါ"

ပေကျစ်ကျိုး ဖုန့်ဝူယိလက်တစ်ဖက်ကို ဆုပ်ကိုင်ပေးလိုက်သည်။

"ကျွန်တော် စိတ်အေးအေး ထားနေပါတယ်... ဒါပေမဲ့ ချင်းမင်သခင်မက တစ်ခုခုကို သိထားသလိုပဲ အဲဒါက ထူးဆန်းနေတယ်"

မကြာခင်မှာပဲ သူတို့အားလုံး ဖုန်းချီးတောင်ပေါ်က နေရာတစ်ခုကို ရောက်လာခဲ့၏။ တောင်ပေါ်ရောက်ရောက်ချင်း 'ဖုန့်မိသားစုသင်္ချိုင်း' ဟူသော ဂိတ်ဝကြီးရှေ့တွင် တံမြည်စည်း လှည်းနေသော လူအိုတစ်ယောက်ကို တွေ့ရလေသည်။

ဖုန့်ဝူယိတို့အားလုံး ရပ်တန့်သွားသည်။

လူအိုသည် လက်တစ်ဖက် ပြတ်နေပြီး ကျန်လက်တစ်ဖက်တည်းဖြင့် ဂိတ်ဝရှေ့က သစ်ရွက်ခြောက်များကို လှည်းနေသည်။

Second life (OC) Completed Where stories live. Discover now