Second life
(55)
{ ကွေဟွားမုန့်များ}ဝမ်ကွမ်းတုံ မီးဖိုချောင်ထဲ ဟိုပြေးဒီပြေးနဲ့ ချက်ပြုတ်နေစဥ် ရှင်ကျန့်မင်က ထမင်းစား စားပွဲမှာထိုင်၍ ကြည့်နေ၏။ သူတို့နှစ်ယောက်သည် ဝေးလံခေါင်ဖျား ဒေသမှာ ရောက်နေသလိုပဲ ပတ်ဝန်းကျင်က အလွန်အမင်း တိတ်ဆိတ်လျက်ရှိသည်။
အိမ်ကလေးက သန့်ရှင်းသပ်ရပ်ကာ အိမ်နဲ့ မနီးမဝေးမှာတော့ ပေ၂၀ခန့်ရှည်ပြီး ကျောက်တုံးကျောက်ခဲတွေ အလွန်ပေါများသော ချောင်းတစ်ခု ရှိလေသည်။
ဝမ်ကွမ်းတုံ ထိုချောင်းထဲကနေ ငါးသွားဖမ်းထားပုံရသည်။ သူက ငါးစွပ်ပြုတ်လုပ်ကာ အသီးအရွက်တွေလည်း ကြော်နေသေးသည်။ သူလုပ်သွားပုံတွေက အင်မတန် ကျွမ်းကျင်မှုရှိကာ မီးဖိုနဲ့ မစိမ်းသူ တစ်ယောက်လိုပင်။
ငါးစွပ်ပြုတ်အတွက် ရေနွေး တည်ထားတုန်း ဝမ်ကွမ်းတုံသည် အရွက်တွေ တင်ထားတဲ့ စားပွဲပေါ်ကို ပြန်လာ၏။ အသန့် အလွန်ကြိုက်တဲ့ အလှလေးရဲ့ မျက်နှာမှာ အခုတော့ အိုးမဲတချို့ ပေကျန်လျက်။
အနားရောက်တော့ ဝမ်ကွမ်းတုံ ရှင်ကျန့်မင်ကို ပြုံးပြလိုက်၏။
"ဒီနေ့ညစာက ငါ့လက်ရာနော်... မင်းအခုကစပြီး ငါ့လက်ရာကိုပဲ စားရတော့မှာ"
ရှင်ကျန့်မင်လည်း ပြုံးလိုက်သည်။ သူက ခေါင်းညိတ်၍ ဝမ်ကွမ်းတုံပါးက အိုးမဲတွေကို လှမ်းသုတ်ပေးရင်း။
"မင်း မီးဖိုချောင်နဲ့ ဒီလောက်ထိ ရင်းနှီးနေမယ်လို့ မထင်ထားဘူး"
ဝမ်ကွမ်းတုံ ပြုံး၍ -"မေမေက သူ့သားတွေကို မီးဖိုချောင် ကိစ္စတွေကအစ အကုန်သင်ပေးတယ်လေ... ဒါပေမဲ့ ငါက ငယ်ငယ်ကတည်းက မီးဖိုချောင်ကို သဘောမကျဘူး ညစ်ပတ်လို့လေ... အဲဒါကြောင့် ကိုကိုကပဲ ငါ့အတွက် အနစ်နာခံပေးရတာ.... "
ဝမ်ကွမ်းတုံက ဖုန့်ဝူယိအကြောင်း ပြောလိုက်တိုင်း မျက်ဝန်းတွေ တောက်ပလာလေ၏။
"ကိုကိုက အရမ်းဟင်းချက်ကောင်းတယ်... ငယ်ငယ်ကဆို ကိုကို ခိုးချက်ကျွေးတာတွေက အရမ်းစားလို့ကောင်းတာ"
YOU ARE READING
Second life (OC) Completed