🍐56🍐ဟန်ဆောင်စုံတွဲလုပ်ကြမယ်

1.7K 188 2
                                    

Second life

(56)
{ဟန်ဆောင်စုံတွဲလုပ်ကြမယ်}

ထိုအချိန်တွင် ယွမ်စန်းသည် သူ့လက်ထဲက ဓားကို လျင်မြန်သော အရှိန်အဟုန်ဖြင့် ယဲ့ထောင်တို့ဖက်သို့ ပစ်လွှတ်လိုက်တော့သည်။ ဟွမ်ရှုလည်း လက်မြှောက်၍ ခုခံထားလိုက်သည်။

သို့သော် သူမရဲ့သိုင်းကွက် တစ်ဝက်လောက် အရောက်မှာ ယဲ့ထောင်ဓားက လွင့်လာပြီး တစ်ဖက်ကဓားကို ရိုက်ထုတ်လိုက်ပေ၏။ ယဲ့ထောင် သူ့ရဲ့ တောင့်တင်းနေတဲ့ ခန္ဓာကိုယ်နဲ့ ဟွမ်ရှုရှေ့တွင် ဝင်ကာထားသည်။

ဟွမ်ရှုလည်း မျက်တောင် ကော့ကော့လေးများကို ပုတ်ခတ်ရင်း ယဲ့ထောင်ကို ခေါင်းစောင်းကြည့်လိုက်ပေသည်။

အခုက သူမကို ကာကွယ်ပေးနေတာလား? ခင်ပွန်းလောင်းဆိုတဲ့ စကားကို ယဲ့ထောင် အတည်ယူနေတာတော့ မဟုတ်ဘူးမလား။

သို့သော်လည်း သူမ အတွေးမဆုံးခင်မှာ ယဲ့ထောင်က ယွမ်စန်းနဲ့ သိုင်းကွက်၅ကွက်လောက် ဖလှယ်ပြီးပြီ ဖြစ်သည်။ ယွမ်စန်း ပစ်သွင်းလိုက်တဲ့ ဓားကို ယဲ့ထောင်မှ လက်ဝါးတစ်ဖက်ဖြင့် ထိန်းကာထားလိုက်သည်။

ထို့နောက် ဓားကိုပြန်ရိုက်ထုတ်ကာ မျက်တောင်တစ်ခတ်အတွင်း ယွမ်စန်းရှေ့ကို ရောက်သွားသည်။ ယွမ်စန်းလည်း မျက်လုံးပြူး မျက်စံပြူးဖြင့် ထိတ်လန့်သွားစဉ် လက်ဝါးတစ်ဖက်က သူ့ရင်ဘတ်ကို ရိုက်ထုတ်ပစ်၏။

ဝုန်း.....

ယွမ်စန်း ခပ်ဝေးဝေးသို့ လွင့်သွားပြီး သစ်ပင်တစ်ပင်နဲ့ တိုက်မိသွားသည်။

'ဖူး......'

ပြင်းထန်တဲ့ သွေးတစ်လုတ်ကို အန်ပြီးတဲ့နောက် ရင်ဘတ်ကိုဖိရင်း ယဲ့ထောင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ ယဲ့ထောင်ရဲ့ မပြောင်းလဲတဲ့ မျက်နှာထားကတော့ စောစောကအတိုင်း တည်ငြိမ်နေ၏။

သို့သော် ယဲ့ထောင်ကိုယ်က ထုတ်လွှတ်နေတဲ့ အရှိန်အဝါကတော့ လျော့ကျမသွားပေ။ ယဲ့ထောင်ရဲ့ အတွင်းအား ဘယ်လောက်ကောင်းလဲ ဆိုတာ သူအန်လိုက်တဲ့ သွေးက သက်သေပဲဖြစ်သည်။

ထိုစဥ် ဟွမ်ရှုက ဝမ်းသာအားရ လက်ခုပ်ထတီးလေ၏။

"ရိုက်လိုက်တာ ကောင်းတယ်!!"

Second life (OC) Completed Where stories live. Discover now