SUMMER STORY [ ONGOING]

Por Diana_Lin_

1.8K 103 82

**Unicode ** လှပတဲ့နွေဦးရာသီမှာ ပေါ်ပေါက်လာတဲ့ ဆွတ်ပျံ့ဖွယ်အချစ်ဇတ်လမ်း တစ်ပုဒ် ။ ** Zawgyi ** လွပတဲ့ႏြေဦးရ... Más

SUMMER STORY
Character Introduce
Chapter- 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 9

Chapter - 8

42 6 3
Por Diana_Lin_

** Unicode **

မဟူရာအရောင်ကို လုံးလုံးပြောင်းသွားတဲ့
ကောင်းကင်နောက်ခံမှာ တည်နေတဲ့ ငွေရောင်ကြယ်လေးတွေ မှိတ်ချည်ကွယ်ချည်
ဖြစ်နေတယ် ။ လတ်လတ်ဆတ်ဆတ် မီးဖုတ်ထားတဲ့ ပုစွန်နံ့က လေမတိုက်တဲ့ပတ်ဝန်းကျင်မှာ ခပ်သင်းသင်းဝေ့နေတယ် ။

ဝါးနဲ့လုပ်ထားတဲ့ ပန်းကန်ပြားတွေမှာ လတ်လတ်ဆတ်ဆတ် ပုစွန် သုံးကောင်စီ ၊
ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်ဖြူတွေ နဲ့ အသီးတချို့ ။

" ဒါ အနားက ရွာတွေက ဝယ်လာတဲ့ ပုစွန်
လတ်လတ်ဆတ်ဆတ်ပဲ "

ဆရာက ပေါင်မုန့်ကို ပါးစပ်ထဲထည့်လို့
အားရပါးရ ဝါးစားရင်း ပြောတယ် ။
တနေကုန် ပင်ပန်းထားတဲ့အရှိန်ကြောင့်
ဗိုက်ဆာနေတဲ့ နိုအာက ပေါင်မုန့်ကို ကိုက်လိုက် ၊ ပုစွန်ကိုဖဲ့စားလိုက် လုပ်နေပေမယ့်
ဘေးက သောမက္ က ပန်းကန်ကို ထိတောင်
မထိ ။

" သောမက္ ဘာဖြစ်လို့လဲ စားလေ "

နိုအာ ပထမတစ်ခါ မေးတော့ သောမက္ က
ဘယ်လိုမှ မတုန့်ပြန်ဘဲ ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်ကိုသာ ခပ်ထွေထွေ ကြည့်နေပြီး
နိုအာ က သောမက္ လက္မောင်းကို လှုပ်ပြီး
နှစ်ခါပြန် မေးကာမှ...

" ဆရာ့ကို ချော့ကလက်အနှစ် ရနိုင်မလားလို့
မေးပေးစမ်းပါ "

တခြားအုပ်စုတွေနဲ့ ရောရောနှောနှော မနေတတ်တဲ့ သောမက္ က ဆရာနဲ့တောင် စကား
တိုက်ရိုက် ပြောချင်တဲ့ပုံမပေါ် ။ နိုအာက
ပေါင်မုန့်ပေါ်က ထောပတ်ဝါဝါတွေကို
ကြည့်ပြီး တခုခုကို သဘောပေါက်သွားသလို
ဟက်ဟက်ပက်ပက် ထ ရယ်တယ် ။

" ဘာရယ်တာလဲ "

" ချောကလက်အနှစ် ရှိမှတော့ ဆရာက
ငါတို့က ပေါင်မုန့်မှာ ချောကလက်အနှစ်
သုတ်ပြီး ကျွေးမှာပေါ့ ဂျေးမများစမ်းပါနဲ့
သောမက္ရယ် အရသာရှိပါတယ် "

သောမက္ က ဒူးနှစ်လုံးကို ပိုက်လို့ ဟိုငေး ၊
ဒီငေးလုပ်နေတယ် ။ ဘာမှမစားတဲ့သူ့ကို
ဆရာက သတိထားမိသွားရင် ချော့ကလက်
အနှစ်မရရင်တောင် အနည်းဆုံး မြေပဲယိုလောက်တော့ ရနိုင်မယ်လို့ ထင်နေပုံ ။

" ပေါင်မုန့်မစားချင်လည်း ပုစွန်တော့
စားလိုက်ပါ မွှေးနေတာပဲ အသီးတွေကလည်း
ချိုတယ်လေ "

နိုအာက နောက်တကြိမ်ပြောလိုက်တော့
သောမက္ က ပုစွန်တစ်ကောင်လုံးကို
ပါးစပ်ထဲ ပစ်ထည့်လိုက်တယ် ။

" သောမက္အီဗန်..စားလို့မပြီးသေးဘူးလား "

ဘေးက နိုအာရဲ့ ပန်းကန်ထဲမှာ အသီးစိပ်
သုံး ၊ လေး စိပ်သာ ကျန်တော့ပြီး ကော်နေးတို့
အုပ်စုဆို စားပြီးသောက်ပြီးလို့ ကြယ်တွေ
ကြည့်နေကြပြီ ။

" ဟုတ်တယ် ဆရာ ဒါနဲ့ ချောကလက်အနှစ် မရှိဘူးလား "

" မရှိပါဘူး ဘာများဖြစ်လို့လဲ "

" ထောပတ်နဲ့ စားရတာ အဆင်မပြေလို့ "

သောမက္ က မကျေနပ်သလို ခပ်ပြတ်ပြတ်
လေသံနဲ့ ပြောလိုက်တော့ ဆရာက တခုခုကို စဥ်းစားသလို ခဏလောက် တိတ်ဆိတ်သွားတယ် ။

" ဒီလိုလုပ်..မင်း ပေါင်မုန့်တွေ ငါ့ကိုပေး "

​ဆရာက သောမက္ ဆီကို လက်လှမ်းတော့
သောမက္ လည်း ​ယောင်နနနဲ့ ပေါင်မုန့်တွေအကုန် ပေးလိုက်တယ် ။ ဆရာက သူ့ ရွက်ဖျင်တဲဘေးမှာ ချထားတဲ့ အိတ်အကြီးကြီး တစ်လုံးကို ဖွင့်ပြီး စက္ကူအိတ်ထဲက
ပေါင်မုန့်ညို သုံးချပ်ကို ထုတ်ပြီး သောမက္
ဆီ ​ပေးလိုက်တယ် ။ ပေါင်မုန့်ထောပတ်သုတ် တွေကို စက္ကူအိတ်ထဲ ပြန်ထည့်ရင်း ဆရာက..

" ထောပတ်နဲ့စားရတာ အဆင်မပြေဘူးဆိုလို့
မင်းကို ပေါင်မုန့်အလွတ်နဲ့ လဲပေးပြီးပြီနော် "

ဆရာက အိတ်ထဲဇစ်ပိတ်ရင်း သောမက္ ကို
မကြည့်ဘဲ လှမ်းပြောတယ် ။ နောက်ပြီး
ပေါင်မုန့်လဲပေးပြီးတာတောင် စားချင်သလိုလို မစားချင်လို အိုက်တင်ခံနေတဲ့ သောမက္
ကို သတိထားမိသွားတော့

" ပေါင်မုန့်ဖြူကတော့ ကုန်သွားပြီ အဲ့
ပေါင်မုန့်ညိုက ငါ့ညလယ်စာ ငါက
ပေါင်မုန့်ဖြူ စားလို့ မရဘူး "

ဆရာ့ စကားကို နားစွန်နားဖျား ကြားသွားတဲ့
ကော်နေးက ဆရာ့ဆီ ပြေးလာပြီး
အသံြဗဲကြီးနဲ့..

" ဆရာ ကျွန်​ေတာ် ကူစားပေးမယ် "

သောမက္ စိတ်ထဲ ချဥ်ခနဲ ဖြစ်သွားြပီး
' ဒီကောင့်မှာ အစာအိမ် ဘယ်နှခုတောင်
ပါတာလဲ ' လို့ ခပ်ရွဲရွဲ့ တွေးမိသေးတယ် ။
ဆရာက စက္ကူအိတ်ကို ကော်နေးဆီ ကမ်းပေးပြီး

" ေရာ့ အကုန်လုံးယူလိုက် တခြား ဗိုက်ဆာတဲ့ သူငယ်ချင်းတွေကိုလည်း ခွဲပေးလိုက်.....
ပက်ထရစ် ပန်းကန်ကို မြစ်ထဲမှာ သွားမဆေးနဲ့ ေရပုံးထဲက ရေနဲ့ဆေးရတယ် မဟုတ်ရင်
မင်း ပန်းကန်ထဲက အညစ်အကြေးတွေက
မြစ်ထဲ ရောက်ကုန်လိမ့်မယ် မင်းပန်းကန်မှာ ဒါတောင် ဘာအဆီမှ မပါလို့ "

ဆရာက ပက်ထရစ် ဘက်ကို လှည့် အော်ပြီး တဖက်ကို ထွက်သွားတော့ ကော်နေးက
သောမက္ ဘက်ကို လှည့်ပြီး

" မင်း ဒီပေါင်မုန့်ကို တကိုက္မှ မကိုက်ရသေးတာ သေချာတယ်နော် "

စက္ကူအိတ်ကို ဖွင့်ပြီး တစ်ဖြဲ နှစ်ဖြဲ စားနေတာ ပေါင်မုန့်တစ်ချပ်တောင် ကုန်တော့မှာကို ကြီးကြီးကျယ်ကျယ် တွေ လာမေးနေတဲ့ ကော်နေးကြောင့် သောမက္ စိတ်မရှည်တော့ဘဲ

" မင်းဟာမင်းကြည့်လေ "

" သေချာအောင် မေးကြည့်တာပါ ဟဲဟဲဟဲ "

စပ်ဖြီးဖြီး မျက်နှာကိုတော့ လုံးဝ ကြည့်ကို
မကြည့်နေတာကြောင့် မမြင်ရပေမယ့်
မြင်းဟီသံလား ၊ ဆိတ်ရယ်သံလား မသဲကွဲတဲ့ တဟဲဟဲ အသံကျယ်ကြီး
လုပ်လိုက်တဲ့ ကော်နေးကြောင့် သောမက္
စိတ် နောက်ကျိသွားရတယ် ။

" ထောပတ်တွေကို လျှာနဲ့ယပ်ကြည့်တာ အရသာမကြိုက်လို့ တကိုက္မှ မကိုက်
လိုက်ရဘူး "

" ဟမ် အဟွတ်အဟွတ် "

ကော်နေးက သူ့ရင်ဘတ်သူ ထုလို့ ချောင်း
တဟွတ်ဟွတ်ဆိုးရင်း ကျန်ခဲ့ပြီး သောမက္ က တော့ နေရာက ခပ်တည်တည် ထ ထွက်လာတယ် ။

__________________________

မီးတဖြည်းဖြည်း သေ သွားတော့ အကုန်လုံး
ကိုယ့်ရွက်ဖျင်တဲကိုယ် ပြန်ကုန်ကြတယ် ။
ကျောင်းသားတော်တော်များများက အထဲ
ဝင် မအိပ်သေးဘဲ တချို့က လူစုပြီး ဂိမ်းကစားကြပြီး တချို့ကတော့ ကြယ်တွေကိုသာ ငေးရင်း လေညှင်းခံနေကြတယ် ။

နိုအာက ရွက်ဖျင်တဲထဲဝင်ပြီး အိပ်ရာခင်းကို ဖြန့်ခင်းပြီး ခေါင်းအုံးနဲ့ အိတ်တွေ နေရာချနေပေမယ့် သောမက္ က ဖုန်းကိုသာ သည်းကြီးမည်းကြီး နှိပ်နေတယ် ။

" မင်း ထောပတ်တွေကို တကယ်ကြီး
လျှာနဲ့ယပ်ထားတာလား "

" မဟုတ်ပါဘူး "

" ဒါဆို ဘာလို့ အဲ့လိုပြောလိုက်တာလဲ
ကော်နေးက မင်းကို ညစ်ပတ်တဲ့ကောင်ဆိုြပီး
သူများတွေကို လိုက်ပြောမှာပေါ့ "

" အဲ့ကောင်ကို အမြင်ကတ်လို့ "

သောမက္ က အပြင်ဘက် မှာ သူများတွေနဲ့
ဂိမ်းစုကစားရင်း တဟီးဟီးတဟားဟား
လုပ်နေတဲ့ ကော်နေးကို တည့်တည့်ကြည့် ပြောလိုက်တယ် ။

" မင်းကလည်း ခရီးသွားဖော် သူငယ်ချင်း
အချင်းချင်းတွေပဲ အဲ့လိုကြီးမတွေးပါနဲ့ "

နိုအာက သောမက္ ကို ချော့ချော့မော့မော့
လေသံနဲ့ ပြောပြီး အိတ်တွေကို ထောင့်မှာ
ကပ်ထားလိုက်တယ် ။

" ငါတို့ ခေါင်းအုံ့တွေကို နေရာချပြီးပြီ
မင်း နည်းနည်းပါးပါးတော့ ကူညီသင့်တယ်
ကိုယ့် တွဲဖက်က ကိုယ့်အိတ်ကိုဖွင့်ပြီး
ခေါင်းအုံးတွေအထိပါ ပြင်ပေးရတာ ဘယ်ကောင်းမလဲ "

" ဒါဆို ြပန် ဖွ လိုက်လေ "

သောမက္ က နိုအာ့ကို ဘုကလန့်လေသံနဲ့
ပြောပြီး တဲအပြင်ထွက်သွားပြီး နိုအာ ကတော့ သောမက္ ကို မနိုင်ပါဘူးဆိုတဲ့
သဘောနဲ့ ပြုံးပြီး ခေါင်းယမ်းလို့ ။

______________________

" အားလုံး မအိပ်ကြသေးရင် တဆိတ်လောက် နားထောင်ပေးပါ အခု မင်းတို့
သန့်စင်ခန်းသွားချင်တယ်ဆိုရင် ဆရာ
လမ်းပြပေးပါ့မယ် ဒီနေရာနဲ့ ဘယ်လောက္မှ
မဝေးပါဘူး

ဆရာရဲ့ဆော်ဩသံကြောင့် နိုအာက ချက်ချင်း ထ ရပ်လိုက်ပေမယ့် သောမက္ က
သည်းကြီးမည်းကြီး ဂိမ်းဆော့တုန်း ။

" ဆရာ မင်းတို့ကို မြေပုံတစ်ယောက်တစ်ခု စီ​ပေးထားမယ် နောက်ရက်ကျရင် ကိုယ့်ဟာကိုယ် သွားရမယ် ဆရာလမ်းမပြပေး
တော့ဘူး "

" သောမက္ ဆရာပြောတာကြားလား
နောက်ရက် ကိုယ့်ဟာကိုယ် သွားရမှာတဲ့ "

နိုအာက ဂိမ်းဆော့နေတဲ့ သောမက္ ရဲ့
ပုခုံးကို ဆွဲလှုပ်ပြီး သတိပေးနေပေမယ့်
သောမက္အီဗန်တို့က အင်း မလုပ် ၊ အဲ
မလုပ် ။

" သောမက္ လို့..."

" အင်း ကြားတယ် "

နိုအာက အသံမြှင့်အော်တော့ သောမက္ က
အာရုံမရသလို ရသလို အသံလေးလေးနဲ့
ပြန်တုန့်ပြန်တယ် ။

" သန့်စင်ခန်း...."

" မင်းဟာမင်းသွား "

သောမက္ ကို ထပ်ခေါ်ဖို့ လုပ်ပေမယ့် ဆရာ့ အသံ က ထွက်လာတယ် ။

" သွားမယ့်လူရှိသေးလား "

" ကျွန်တော် "

နိုအာက ဆရာနဲ့တခြားအုပ်စုတွေဆီ
ပြေးသွားရင်း ဂိမ်းဆက်ဆော့နေတဲ့
သောမက္ ကို တချက်ပြန်လည်ကြည့်ရင်း
သက်ပြင်းတချက်ချလို့...

" သူ့အကျင့်တွေကို ဘယ်လိုပြင်ပေးရပါ့ "

________________________

လရောင်မရှိတဲ့ ကောင်းကင်မှာ ကြယ်ရောင်
ဖြိုးဖြိုးဖြောက်ဖြောက် ။ ပတ်ဝန်းကျင်တခွင်
ပိုးကောင်အော်သံနဲ့ တခါတခါ ဖြတ်ဖြတ်
သွားတဲ့ ညငှက်အော်သံတချို့ ကလွဲရင်
တိတ်လို့ဆိတ်လို့ ။

လူနှစ်ယောက် ေကာင်းကောင်းအိပ်လို့ရတဲ့
ရွက်ဖျင်တဲထဲမှာ နိုအာက နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေပေမယ့် သောမက္ ကတော့
မျက်လုံး နှစ်လုံး နာနာပွတ်ရင်းအိပ်ချင်မူးတူး ဖြစ်နေတဲ့ကြားက ဝေဒနါတစ်ခုကြောင့် နိုးလာတယ် ။

" ဒီအချိန်ကြီးမှ ဘာလို့ ဆီးသွား
ချင်လာတာလဲ နိုအာ..နိုအာ ရစ်ချက်နိုအာ..
ကျစ်.."

နိုအာက ပါးစပ်ကနေ ခပ်တိုးတိုးခေါ်ပေမယ့်
နိုအာ က အိမ်မက္ ကမ္ဘာထဲက မထွက် ။
အတင်းအော်ဟစ်လှုပ်မနှိုးချင်တဲ့ သောမက္ က လက်နှိပ်ဓာတ်မီးတစ်ဖက် ယူပြီး ၊
ဆရာပေးတဲ့ မြေပုံကို ယူလို့ ရွက်ဖျင်တဲ
အပြင်ကို ထွက်လာတယ် ။

ပိုးကောင်အော်သံတွေကို တိတ်ဆိတ်မှုက
တစတစ ဝါးမြိုလာသလို ၊ ကြယ်ရောင်ကို
အမှောင်ထုက တဖြည်းဖြည်း တိုက်စားလို့ ။

_______________________

နိုအာ တစ်​ယောက် စိတ်လွတ်ကိုယ်လွတ်
အိမ်က အိပ်ရာပေါ် ပြန်ရောက်သွားသလို
ဘယ် လှိမ့်လိုက် ၊ ညာလှိမ့်လိုက်
လုပ်နေတုန်း ခေါင်းထဲ အလင်းတန်းတစ်ခုက
ဖြတ်ခနဲ ဝင်လာတယ် ။ ရွက်ဖျင်တဲက ဒီလို
လူးလှိမ့်နေရလောက်အောင် မကျယ်ဘူးဆိုတဲ့ အချက် ။

သူ မျက်လုံးဆတ်ခနဲ ဖွင့်ပြီး ဘေးက
သောမက္ နေရာကို ကြည့်လိုက်တော့
အိပ်ချင်စိတ်အားလုံး ကြက်ပျောက် ငှက်ပျောက် ပျောက်သွားရတယ် ။

" သောမက္အီဗန်...သောမက္ "

နိုအာ့အသံက တိတ်ဆိတ်မှုကို ရုတ်ချည်း
ဖောက်ထွက်သွားလေရဲ့ ။

Diana Lin
To Be Continue

အကြာကြီးပျောက္သွားမိတဲ့အတွက်
အနူးအညွတ် တောင်းပန်ပါတယ် 👉👈

** Zawgyi **

မဟူရာအေရာင္ကို လုံးလုံးေျပာင္းသြားတဲ့
ေကာင္းကင္ေနာက္ခံမွာ တည္ေနတဲ့ ေငြေရာင္ၾကယ္ေလးေတြ မွိတ္ခ်ည္ကြယ္ခ်ည္
ျဖစ္ေနတယ္ ။ လတ္လတ္ဆတ္ဆတ္ မီးဖုတ္ထားတဲ့ ပုစြန္နံ႕က ေလမတိုက္တဲ့ပတ္ဝန္းက်င္မွာ ခပ္သင္းသင္းေဝ့ေနတယ္ ။

ဝါးနဲ႕လုပ္ထားတဲ့ ပန္းကန္ျပားေတြမွာ လတ္လတ္ဆတ္ဆတ္ ပုစြန္ သုံးေကာင္စီ ၊
ေထာပတ္သုတ္ထားတဲ့ ေပါင္မုန့္ျဖဴေတြ နဲ႕ အသီးတခ်ိဳ႕ ။

" ဒါ အနားက ႐ြာေတြက ဝယ္လာတဲ့ ပုစြန္
လတ္လတ္ဆတ္ဆတ္ပဲ "

ဆရာက ေပါင္မုန့္ကို ပါးစပ္ထဲထည့္လို႔
အားရပါးရ ဝါးစားရင္း ေျပာတယ္ ။
တေနကုန္ ပင္ပန္းထားတဲ့အရွိန္ေၾကာင့္
ဗိုက္ဆာေနတဲ့ နိုအာက ေပါင္မုန့္ကို ကိုက္လိုက္ ၊ ပုစြန္ကိုဖဲ့စားလိုက္ လုပ္ေနေပမယ့္
ေဘးက ေသာမက္ က ပန္းကန္ကို ထိေတာင္
မထိ ။

" ေသာမက္ ဘာျဖစ္လို႔လဲ စားေလ "

နိုအာ ပထမတစ္ခါ ေမးေတာ့ ေသာမက္ က
ဘယ္လိုမွ မတုန့္ျပန္ဘဲ ေထာပတ္သုတ္ထားတဲ့ ေပါင္မုန့္ကိုသာ ခပ္ေထြေထြ ၾကည့္ေနၿပီး
နိုအာ က ေသာမက္ လေကၼာင္းကို လႈပ္ၿပီး
ႏွစ္ခါျပန္ ေမးကာမွ...

" ဆရာ့ကို ေခ်ာ့ကလက္အႏွစ္ ရနိုင္မလားလို႔
ေမးေပးစမ္းပါ "

တျခားအုပ္စုေတြနဲ႕ ေရာေရာႏွောႏွော မေနတတ္တဲ့ ေသာမက္ က ဆရာနဲ႕ေတာင္ စကား
တိုက္ရိုက္ ေျပာခ်င္တဲ့ပုံမေပၚ ။ နိုအာက
ေပါင္မုန့္ေပၚက ေထာပတ္ဝါဝါေတြကို
ၾကည့္ၿပီး တခုခုကို သေဘာေပါက္သြားသလို
ဟက္ဟက္ပက္ပက္ ထ ရယ္တယ္ ။

" ဘာရယ္တာလဲ "

" ေခ်ာကလက္အႏွစ္ ရွိမွေတာ့ ဆရာက
ငါတို႔က ေပါင္မုန့္မွာ ေခ်ာကလက္အႏွစ္
သုတ္ၿပီး ေကြၽးမွာေပါ့ ေဂ်းမမ်ားစမ္းပါနဲ႕
ေသာမက္ရယ္ အရသာရွိပါတယ္ "

ေသာမက္ က ဒူးႏွစ္လုံးကို ပိုက္လို႔ ဟိုေငး ၊
ဒီေငးလုပ္ေနတယ္ ။ ဘာမွမစားတဲ့သူ႕ကို
ဆရာက သတိထားမိသြားရင္ ေခ်ာ့ကလက္
အႏွစ္မရရင္ေတာင္ အနည္းဆုံး ေျမပဲယိုေလာက္ေတာ့ ရနိုင္မယ္လို႔ ထင္ေနပုံ ။

" ေပါင္မုန့္မစားခ်င္လည္း ပုစြန္ေတာ့
စားလိုက္ပါ ေမႊးေနတာပဲ အသီးေတြကလည္း
ခ်ိဳတယ္ေလ "

နိုအာက ေနာက္တႀကိမ္ေျပာလိုက္ေတာ့
ေသာမက္ က ပုစြန္တစ္ေကာင္လုံးကို
ပါးစပ္ထဲ ပစ္ထည့္လိုက္တယ္ ။

" ေသာမက္အီဗန္..စားလို႔မၿပီးေသးဘူးလား "

ေဘးက နိုအာရဲ႕ ပန္းကန္ထဲမွာ အသီးစိပ္
သုံး ၊ ေလး စိပ္သာ က်န္ေတာ့ၿပီး ေကာ္ေနးတို႔
အုပ္စုဆို စားၿပီးေသာက္ၿပီးလို႔ ၾကယ္ေတြ
ၾကည့္ေနၾကၿပီ ။

" ဟုတ္တယ္ ဆရာ ဒါနဲ႕ ေခ်ာကလက္အႏွစ္ မရွိဘူးလား "

" မရွိပါဘူး ဘာမ်ားျဖစ္လို႔လဲ "

" ေထာပတ္နဲ႕ စားရတာ အဆင္မေျပလို႔ "

ေသာမက္ က မေက်နပ္သလို ခပ္ျပတ္ျပတ္
ေလသံနဲ႕ ေျပာလိုက္ေတာ့ ဆရာက တခုခုကို စဥ္းစားသလို ခဏေလာက္ တိတ္ဆိတ္သြားတယ္ ။

" ဒီလိုလုပ္..မင္း ေပါင္မုန့္ေတြ ငါ့ကိုေပး "

​ဆရာက ေသာမက္ ဆီကို လက္လွမ္းေတာ့
ေသာမက္ လည္း ​ေယာင္နနနဲ႕ ေပါင္မုန့္ေတြအကုန္ ေပးလိုက္တယ္ ။ ဆရာက သူ႕ ႐ြက္ဖ်င္တဲေဘးမွာ ခ်ထားတဲ့ အိတ္အႀကီးႀကီး တစ္လုံးကို ဖြင့္ၿပီး စကၠဴအိတ္ထဲက
ေပါင္မုန့္ညို သုံးခ်ပ္ကို ထုတ္ၿပီး ေသာမက္
ဆီ ​ေပးလိုက္တယ္ ။ ေပါင္မုန့္ေထာပတ္သုတ္ ေတြကို စကၠဴအိတ္ထဲ ျပန္ထည့္ရင္း ဆရာက..

" ေထာပတ္နဲ႕စားရတာ အဆင္မေျပဘူးဆိုလို႔
မင္းကို ေပါင္မုန့္အလြတ္နဲ႕ လဲေပးၿပီးၿပီေနာ္ "

ဆရာက အိတ္ထဲဇစ္ပိတ္ရင္း ေသာမက္ ကို
မၾကည့္ဘဲ လွမ္းေျပာတယ္ ။ ေနာက္ၿပီး
ေပါင္မုန့္လဲေပးၿပီးတာေတာင္ စားခ်င္သလိုလို မစားခ်င္လို အိုက္တင္ခံေနတဲ့ ေသာမက္
ကို သတိထားမိသြားေတာ့

" ေပါင္မုန့္ျဖဴကေတာ့ ကုန္သြားၿပီ အဲ့
ေပါင္မုန့္ညိုက ငါ့ညလယ္စာ ငါက
ေပါင္မုန့္ျဖဴ စားလို႔ မရဘူး "

ဆရာ့ စကားကို နားစြန္နားဖ်ား ၾကားသြားတဲ့
ေကာ္ေနးက ဆရာ့ဆီ ေျပးလာၿပီး
အသံၿဗဲႀကီးနဲ႕..

" ဆရာ ကြၽန္​ေတာ္ ကူစားေပးမယ္ "

ေသာမက္ စိတ္ထဲ ခ်ဥ္ခနဲ ျဖစ္သြားၿပီး
' ဒီေကာင့္မွာ အစာအိမ္ ဘယ္ႏွခုေတာင္
ပါတာလဲ ' လို႔ ခပ္႐ြဲ႐ြဲ႕ ေတြးမိေသးတယ္ ။
ဆရာက စကၠဴအိတ္ကို ေကာ္ေနးဆီ ကမ္းေပးၿပီး

" ေရာ့ အကုန္လုံးယူလိုက္ တျခား ဗိုက္ဆာတဲ့ သူငယ္ခ်င္းေတြကိုလည္း ခြဲေပးလိုက္.....
ပက္ထရစ္ ပန္းကန္ကို ျမစ္ထဲမွာ သြားမေဆးနဲ႕ ေရပုံးထဲက ေရနဲ႕ေဆးရတယ္ မဟုတ္ရင္
မင္း ပန္းကန္ထဲက အညစ္အေၾကးေတြက
ျမစ္ထဲ ေရာက္ကုန္လိမ့္မယ္ မင္းပန္းကန္မွာ ဒါေတာင္ ဘာအဆီမွ မပါလို႔ "

ဆရာက ပက္ထရစ္ ဘက္ကို လွည့္ ေအာ္ၿပီး တဖက္ကို ထြက္သြားေတာ့ ေကာ္ေနးက
ေသာမက္ ဘက္ကို လွည့္ၿပီး

" မင္း ဒီေပါင္မုန့္ကို တကိုကၼွ မကိုက္ရေသးတာ ေသခ်ာတယ္ေနာ္ "

စကၠဴအိတ္ကို ဖြင့္ၿပီး တစ္ၿဖဲ ႏွစ္ၿဖဲ စားေနတာ ေပါင္မုန့္တစ္ခ်ပ္ေတာင္ ကုန္ေတာ့မွာကို ႀကီးႀကီးက်ယ္က်ယ္ ေတြ လာေမးေနတဲ့ ေကာ္ေနးေၾကာင့္ ေသာမက္ စိတ္မရွည္ေတာ့ဘဲ

" မင္းဟာမင္းၾကည့္ေလ "

" ေသခ်ာေအာင္ ေမးၾကည့္တာပါ ဟဲဟဲဟဲ "

စပ္ၿဖီးၿဖီး မ်က္ႏွာကိုေတာ့ လုံးဝ ၾကည့္ကို
မၾကည့္ေနတာေၾကာင့္ မျမင္ရေပမယ့္
ျမင္းဟီသံလား ၊ ဆိတ္ရယ္သံလား မသဲကြဲတဲ့ တဟဲဟဲ အသံက်ယ္ႀကီး
လုပ္လိုက္တဲ့ ေကာ္ေနးေၾကာင့္ ေသာမက္
စိတ္ ေနာက္က်ိသြားရတယ္ ။

" ေထာပတ္ေတြကို လွ်ာနဲ႕ယပ္ၾကည့္တာ အရသာမႀကိဳက္လို႔ တကိုကၼွ မကိုက္
လိုက္ရဘူး "

" ဟမ္ အဟြတ္အဟြတ္ "

ေကာ္ေနးက သူ႕ရင္ဘတ္သူ ထုလို႔ ေခ်ာင္း
တဟြတ္ဟြတ္ဆိုးရင္း က်န္ခဲ့ၿပီး ေသာမက္ က ေတာ့ ေနရာက ခပ္တည္တည္ ထ ထြက္လာတယ္ ။

__________________________

မီးတျဖည္းျဖည္း ေသ သြားေတာ့ အကုန္လုံး
ကိုယ့္႐ြက္ဖ်င္တဲကိုယ္ ျပန္ကုန္ၾကတယ္ ။
ေက်ာင္းသားေတာ္ေတာ္မ်ားမ်ားက အထဲ
ဝင္ မအိပ္ေသးဘဲ တခ်ိဳ႕က လူစုၿပီး ဂိမ္းကစားၾကၿပီး တခ်ိဳ႕ကေတာ့ ၾကယ္ေတြကိုသာ ေငးရင္း ေလညွင္းခံေနၾကတယ္ ။

နိုအာက ႐ြက္ဖ်င္တဲထဲဝင္ၿပီး အိပ္ရာခင္းကို ျဖန့္ခင္းၿပီး ေခါင္းအုံးနဲ႕ အိတ္ေတြ ေနရာခ်ေနေပမယ့္ ေသာမက္ က ဖုန္းကိုသာ သည္းႀကီးမည္းႀကီး ႏွိပ္ေနတယ္ ။

" မင္း ေထာပတ္ေတြကို တကယ္ႀကီး
လွ်ာနဲ႕ယပ္ထားတာလား "

" မဟုတ္ပါဘူး "

" ဒါဆို ဘာလို႔ အဲ့လိုေျပာလိုက္တာလဲ
ေကာ္ေနးက မင္းကို ညစ္ပတ္တဲ့ေကာင္ဆိုၿပီး
သူမ်ားေတြကို လိုက္ေျပာမွာေပါ့ "

" အဲ့ေကာင္ကို အျမင္ကတ္လို႔ "

ေသာမက္ က အျပင္ဘက္ မွာ သူမ်ားေတြနဲ႕
ဂိမ္းစုကစားရင္း တဟီးဟီးတဟားဟား
လုပ္ေနတဲ့ ေကာ္ေနးကို တည့္တည့္ၾကည့္ ေျပာလိုက္တယ္ ။

" မင္းကလည္း ခရီးသြားေဖာ္ သူငယ္ခ်င္း
အခ်င္းခ်င္းေတြပဲ အဲ့လိုႀကီးမေတြးပါနဲ႕ "

နိုအာက ေသာမက္ ကို ေခ်ာ့ေခ်ာ့ေမာ့ေမာ့
ေလသံနဲ႕ ေျပာၿပီး အိတ္ေတြကို ေထာင့္မွာ
ကပ္ထားလိုက္တယ္ ။

" ငါတို႔ ေခါင္းအုံ႕ေတြကို ေနရာခ်ၿပီးၿပီ
မင္း နည္းနည္းပါးပါးေတာ့ ကူညီသင့္တယ္
ကိုယ့္ တြဲဖက္က ကိုယ့္အိတ္ကိုဖြင့္ၿပီး
ေခါင္းအုံးေတြအထိပါ ျပင္ေပးရတာ ဘယ္ေကာင္းမလဲ "

" ဒါဆို ျပန္ ဖြ လိုက္ေလ "

ေသာမက္ က နိုအာ့ကို ဘုကလန့္ေလသံနဲ႕
ေျပာၿပီး တဲအျပင္ထြက္သြားၿပီး နိုအာ ကေတာ့ ေသာမက္ ကို မနိုင္ပါဘူးဆိုတဲ့
သေဘာနဲ႕ ၿပဳံးၿပီး ေခါင္းယမ္းလို႔ ။

______________________

" အားလုံး မအိပ္ၾကေသးရင္ တဆိတ္ေလာက္ နားေထာင္ေပးပါ အခု မင္းတို႔
သန့္စင္ခန္းသြားခ်င္တယ္ဆိုရင္ ဆရာ
လမ္းျပေပးပါ့မယ္ ဒီေနရာနဲ႕ ဘယ္ေလာကၼွ
မေဝးပါဘူး

ဆရာရဲ႕ေဆာ္ဩသံေၾကာင့္ နိုအာက ခ်က္ခ်င္း ထ ရပ္လိုက္ေပမယ့္ ေသာမက္ က
သည္းႀကီးမည္းႀကီး ဂိမ္းေဆာ့တုန္း ။

" ဆရာ မင္းတို႔ကို ေျမပုံတစ္ေယာက္တစ္ခု စီ​ေပးထားမယ္ ေနာက္ရက္က်ရင္ ကိုယ့္ဟာကိုယ္ သြားရမယ္ ဆရာလမ္းမျပေပး
ေတာ့ဘူး "

" ေသာမက္ ဆရာေျပာတာၾကားလား
ေနာက္ရက္ ကိုယ့္ဟာကိုယ္ သြားရမွာတဲ့ "

နိုအာက ဂိမ္းေဆာ့ေနတဲ့ ေသာမက္ ရဲ႕
ပုခုံးကို ဆြဲလႈပ္ၿပီး သတိေပးေနေပမယ့္
ေသာမက္အီဗန္တို႔က အင္း မလုပ္ ၊ အဲ
မလုပ္ ။

" ေသာမက္ လို႔..."

" အင္း ၾကားတယ္ "

နိုအာက အသံျမႇင့္ေအာ္ေတာ့ ေသာမက္ က
အာ႐ုံမရသလို ရသလို အသံေလးေလးနဲ႕
ျပန္တုန့္ျပန္တယ္ ။

" သန့္စင္ခန္း...."

" မင္းဟာမင္းသြား "

ေသာမက္ ကို ထပ္ေခၚဖို႔ လုပ္ေပမယ့္ ဆရာ့ အသံ က ထြက္လာတယ္ ။

" သြားမယ့္လူရွိေသးလား "

" ကြၽန္ေတာ္ "

နိုအာက ဆရာနဲ႕တျခားအုပ္စုေတြဆီ
ေျပးသြားရင္း ဂိမ္းဆက္ေဆာ့ေနတဲ့
ေသာမက္ ကို တခ်က္ျပန္လည္ၾကည့္ရင္း
သက္ျပင္းတခ်က္ခ်လိဳ႕...

" သူ႕အက်င့္ေတြကို ဘယ္လိုျပင္ေပးရပါ့ "

________________________

လေရာင္မရွိတဲ့ ေကာင္းကင္မွာ ၾကယ္ေရာင္
ၿဖိဳးၿဖိဳးေျဖာက္ေျဖာက္ ။ ပတ္ဝန္းက်င္တခြင္
ပိုးေကာင္ေအာ္သံနဲ႕ တခါတခါ ျဖတ္ျဖတ္
သြားတဲ့ ညငွက္ေအာ္သံတခ်ိဳ႕ ကလြဲရင္
တိတ္လို႔ဆိတ္လို႔ ။

လူႏွစ္ေယာက္ ေကာင္းေကာင္းအိပ္လို႔ရတဲ့
႐ြက္ဖ်င္တဲထဲမွာ နိုအာက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္
အိပ္ေပ်ာ္ေနေပမယ့္ ေသာမက္ ကေတာ့
မ်က္လုံး ႏွစ္လုံး နာနာပြတ္ရင္းအိပ္ခ်င္မူးတူး ျဖစ္ေနတဲ့ၾကားက ေဝဒနါတစ္ခုေၾကာင့္ နိုးလာတယ္ ။

" ဒီအခ်ိန္ႀကီးမွ ဘာလို႔ ဆီးသြား
ခ်င္လာတာလဲ နိုအာ..နိုအာ ရစ္ခ်က္နိုအာ..
က်စ္.."

နိုအာက ပါးစပ္ကေန ခပ္တိုးတိုးေခၚေပမယ့္
နိုအာ က အိမ္မက္ ကမၻာထဲက မထြက္ ။
အတင္းေအာ္ဟစ္လႈပ္မႏွိုးခ်င္တဲ့ ေသာမက္ က လက္ႏွိပ္ဓာတ္မီးတစ္ဖက္ ယူၿပီး ၊
ဆရာေပးတဲ့ ေျမပုံကို ယူလို႔ ႐ြက္ဖ်င္တဲ
အျပင္ကို ထြက္လာတယ္ ။

ပိုးေကာင္ေအာ္သံေတြကို တိတ္ဆိတ္မႈက
တစတစ ဝါးၿမိဳလာသလို ၊ ၾကယ္ေရာင္ကို
အေမွာင္ထုက တျဖည္းျဖည္း တိုက္စားလို႔ ။

_______________________

နိုအာ တစ္​ေယာက္ စိတ္လြတ္ကိုယ္လြတ္
အိမ္က အိပ္ရာေပၚ ျပန္ေရာက္သြားသလို
ဘယ္ လွိမ့္လိုက္ ၊ ညာလွိမ့္လိုက္
လုပ္ေနတုန္း ေခါင္းထဲ အလင္းတန္းတစ္ခုက
ျဖတ္ခနဲ ဝင္လာတယ္ ။ ႐ြက္ဖ်င္တဲက ဒီလို
လူးလွိမ့္ေနရေလာက္ေအာင္ မက်ယ္ဘူးဆိုတဲ့ အခ်က္ ။

သူ မ်က္လုံးဆတ္ခနဲ ဖြင့္ၿပီး ေဘးက
ေသာမက္ ေနရာကို ၾကည့္လိုက္ေတာ့
အိပ္ခ်င္စိတ္အားလုံး ၾကက္ေပ်ာက္ ငွက္ေပ်ာက္ ေပ်ာက္သြားရတယ္ ။

" ေသာမက္အီဗန္...ေသာမက္ "

နိုအာ့အသံက တိတ္ဆိတ္မႈကို ႐ုတ္ခ်ည္း
ေဖာက္ထြက္သြားေလရဲ႕ ။

Diana Lin
To Be Continue

အၾကာႀကီးေပ်ာက္သြားမိတဲ့အတြက္
အႏူးအၫြတ္ ေတာင္းပန္ပါတယ္ 👉👈

Seguir leyendo

También te gustarán

10.4K 348 35
He Is The Only One I Love The Most { Own Creation } သူသာလျှင် အချစ်ဆုံးပေမို့ (သူသာလွ်င္ အခ်စ္ဆုံးေပမို႔) Start Date ..... 22.2.2022 End ..... 27.5.2...
2.9M 322K 101
လမ်းသွယ်လေးတစ်ခု . . ကျောင်းသားလေးနှစ်ယောက် . . ခြားနားခြင်းများစွာမှ ဖြစ်တည်လာသော ချစ်ခြင်း ❣ လမ္းသြယ္ေလးတစ္ခု . . ေက်ာင္းသားေလးႏွစ္ေယာက္ . . ျခား...
826K 126K 200
This is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
1.3K 88 2
//High School Return of a Gangster//🍃✨️ Original name - 조폭인 내가 고등학생이 되었습니다 Original Author - 호롤저자 Status : 120 chapters (completed) Translated from...