Without You (Completed)

By YoonJinSope_Cloud

6.2K 830 80

မင်းမပါတဲ့ငါ့ဘဝက အသက်မဲ့လွန်းတယ် Yoon~ ကျွန်‌တော်က အကို့ရဲ့တောင်ပံတစ်စုံဖြစ်ပေးမှာပါ~ A YoonJin story by Acha... More

Prologue
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Extra

Part - 23 (Final)

207 16 0
By YoonJinSope_Cloud

(Unicode)

ကလေးငယ်ဟာ ဒီရက်ပိုင်းမှာ ပိုပိုပြီး ချောလာသည်။ ကျောင်းမှာပဲ Tutor ပြန်လုပ်နေတဲ့ ကလေးငယ်က အရင်ကလို hoodie ပွပွကြီးတွေအစား Shirt လေးတွေကို ပြောင်းဝတ်လာသည်။ Tutor တစ်ယောက်အတွက် ထိုအဝတ်အစားကသာ သင့်လျော်တယ်ဆိုပေမယ့် ကလေးငယ်ချောတာကို ပိုပြီးပေါ်လွင်စေနေတာက ကျွန်တော့်အတွက် စိတ်မသက်မသာဖြစ်ရပါသည်။

အခုလည်း အမည်းရောင်ဆွယ်တာ လည်ပင်းအပိတ်လေးပေါ်မှာ အမည်းရောင် long coat ထပ်ဝတ်ထားပြီး ဆရာတစ်ယောက်ရဲ့ ပုံစံရရန် ပါဝါနည်းတဲ့ မျက်မှန်လေးကို တပ်ထားသေးသည်။

"Yar~~အူကျူး မင်း PaPa သိပ်ချောလာပြီး ပဲများလာတယ် မထင်ဘူးလား "

Seokjin ကားထဲကနေ အပြင်ကိုကြည့်ကာ အနောက်မှာ ထိုင်နေသော သူ့သားလေးကို လှမ်းပြောလိုက်သည်။

"Daddy ထင်ရို့ပါ  တားPaPa က အရင်ကရယ်က ချောတာကို "

အနောက်က ထိုင်ခုံမှာ ထိုင်ရင်း သူ့PaPa ကိုကြည့်ကာ ပြောလာသော Yoonjin လေးကြောင့် Seokjin နှာခေါင်းရှုံပြီး ရယ်လိုက်သည်။ သုံးနှစ်ကျော်ထဲရောက်နေပြီ ဖြစ်တဲ့သားက စကားသိပ်မပီသေးပေမယ့် စကားသိပ်တတ်သည်။ ဖြူစွတ်စွတ်အသားအရေ ပါးဖောင်းဖောင်းလေးတွေ ပုလဲတန်းလိုသွားလေးတွေက သူ့PaPa ရဲ့ အမွေလေးတွေပင်။

"အူကျူး ~လာ PaPa ကို သွားကြိုရအောင် "

ကျွန်တော်ပြောတော့ သူ့PaPaကို  ကြည့်နေရာကနေ ပြုံးပြကာ ခေါင်းငြိမ့်ပြလာတာကြောင့် လက်သီးချင်းတိုက်လိုက်သည်။

"PaPa ~~"

ကားပေါ်ကဆင်းကာ သားကိုချီပြီး အောက်ချပေးလိုက်တော့ သူ့PaPa ဆီကို အော်ပြီးပြေးသွားတဲ့သားကြောင့် အနောက်ကနေပြုံးကာ လိုက်သွားသည်။ သားကိုမြင်တော့ ကလေးငယ်က ပြေးလာကာ သားကို ပွေ့ချီလိုက်သည်။ ကလေးငယ်ဟာ သားသား ချော်လဲလို့ တစ်ခုခုပွန်းပဲ့သွားမှာကိုတောင် သေမလောက်ကြောက်သည်တဲ့လေ။ သားကို သိပ်ချစ်တာကြောင့် တခါတလေဆို ကျွန်တော်တောင် မနာလိုဖြစ်ရသည်။

"PaPa ကို တနေကုန်လွမ်းနေတာ "

ကလေးငယ်ရဲ့ပါးကို မွှေးကြူပြီး ကလေးငယ်ရဲ့လည်ပင်းကို ဖက်လိုက်သော သားကြောင့် ကျွန်တော်ရယ်လိုက်သည်။ မာမီတို့အိမ်မှာ ဆော့နေတာကြောင့် ကျွန်တော်တောင်မနည်းပြန်ခေါ်လာရတာကို သူ့PaPaလက်ထဲရောက်တော့ တနေကုန် လွမ်းနေတာတဲ့လေ။ တကယ့် လူလည်ကောင်လေး။

"ဒီနေ့ရော စာသင်ရတာ အဆင်ပြေရဲ့လား ငယ် "

ကျွန်တော်မေးတော့ သားကို အာဘွားပေးနေရာကနေ မော့ကြည့်ပြီး ခေါင်းပြလာတဲ့ ကလေးငယ်ဟာ သိပ်ချစ်စရာကောင်းနေပြန်တာကြောင့် နှုတ်ခမ်းပါးကို အနမ်းတစ်ပွင့်ခြွေလိုက်တော့ ကလေးငယ်က သဘောတကျရယ်သည်။

"အူကျူး~daddy ဆီကိုလာ Daddy ချီမယ် ~PaPa က ပင်ပန်းမှာပေါ့ အခုမှ ကျောင်းကနေဆင်းလာတာကို "

ကျွန်တော်ပြောတော့ ကလေးငယ်က ခေါင်းခါပြကာ

"ရပါတယ် သားရဲ့ ကိုယ်လေးက ပေါ့ပေါ့လေးဟာကို "

"Daddy ချီ ~PaPa သနားပါရယ် "

ကလေးငယ်က ပြောနေပေမယ့် ကျွန်တော့်ဆီလက်ကမ်းကာ ပြောလာသော သားကြောင့် ကလေးငယ်က ပြုံးကာ ခေါင်းခါသည်။ သားကိုချီကာ ကလေးငယ်လက်ထဲက အိတ်ကိုပါယူလိုက်တော့ ခါးကိုဖက်ကာ ရင်ခွင်ထဲကို ဝင်လာတဲ့ကလေးငယ်။ ဘေးနားက ကျောင်းသူလေးအချို့က ပြုံးစိစိနဲ့ကြည့်သွားသော်လည်း သူတို့ရဲ့ Tutor ဆရာလေးကတော့ အပြုံးမပျက်ပေ။

~~~~~~~~~

အနောက်ဘက်က သူ့ထိုင်ခုံကနေ ကလေးငယ်ရင်ခွင်ထဲကို နေရာပြောင်းလာသော သားက အရှေ့မှာ ထိုင်ရင်း သူ့PaPa ရဲ့ အပေါ်ဝတ်အင်္ကျီကြယ်သီးလေးတွေကို ဖြုတ်လိုက်တပ်လိုက်လုပ်ကာ ဆော့နေသည်။

"အူကျူးက PaPa ကို ဘယ်လောက်တောင် လွမ်းနေတာလဲ "

ကလေးငယ်ကမေးတော့ သားဟာ ကလေးငယ်ရင်ခွင်ထဲမှာထိုင်ပြီး အပြင်ကိုကြည့်နေရာကနေ သူ့PaPa ကို မော့ကြည့်လာပြီး

"ဟော်~~ဒီလောက်ကြီးလွမ်းနေတာ "

ဟော် ဆိုသောနေရာမှာ အသံကိုဆွဲကာ လက်သေးသေးလေးနှစ်ဖက်ကို အပေါ်ဘက်ကို ကားပြပြီး ဖြေလာသော သားကြောင့် ကျွန်တော် ပြုံးလိုက်သည်။ ကလေးငယ် ကတော့ သဘောတကျနှင့် သားရဲ့ဆံပင်လေးတွေကြားထဲ နှာခေါင်းနှစ်ကာ နမ်းနေသည်။ အဖေသဲသဲလှုပ် သားကဲကဲပိုတို့ နှစ်ယောက်ကိုကြည့်ရင်း ကျွန်တော် အသံထွက်ကာ ရယ်လိုက်တော့ နှစ်ယောက်သား လှည့်ကြည့်လာပြီး မေးဆတ်ပြကြသည်။ သားအဖနှစ်ယောက်လုံး တပုံတည်းလေးတွေ ချစ်စရာကောင်းတာဆိုတာက။

"Jin Hyung ရေခဲမုန့်စားချင်လို့"

ကလေးငယ် ရဲ့ စကားကို ခေါင်းခါပြကာ ငြင်းလိုက်သည်။ သားအဖ နှစ်ယောက်လုံး ရေခဲမုန့်စားနေကြတာ သုံးရက်ရှိနေပြီဖြစ်သည်။

"Daddy ကရယ် ~ဝယ်ကျွေးပါ~"

သားကပါ မျက်လုံးဝိုင်းကြီးတွေနဲ့ကြည့်ကာ ပူဆာလာသည်။ သားရဲ့ ပုတ်ခတ်ပုတ်ခတ်မျက်လုံးလေးတွေကြောင့် လျော့ချင်ချင်ဖြစ်နေတဲ့ စိတ်တွေကို တင်းကာ ခေါင်းခါပြလိုက်တော့ သားအဖ နှစ်ယောက်လုံးက သက်ပြင်းချပြသည်။ ကလေးငယ်က ခိုးကြည့်လာတာကို တွေ့ပြီး ကြိတ်ပြုံးလိုက်မိသည်။ ကလေးငယ်က သားကို မွေးပြီးမှ သူနဲ့အတူ ဆိုးဖော်ဆိုးဖက်ရနေတာပင်။

"Daddy ရို့~~"

"မရဘူး ပြီးရင် ချောင်ဆိုးကြတော့မှာ "

ကျွန်တော်ပြောတာ သားက နှုတ်ခမ်းဆူပြသည်။

"ချောင်းမဆိုးပါဘူး ဝယ်ကျွေးပါလို့ နော် Jin Hyung နော် ~~"

ကျွန်တော်က ခေါင်းခါပြတော့

"Daddy လို့ ဝယ်ကျွေးပါနော် ~နော် ~ငယ့်ကို မချစ်ဘူးလားဟင် "

ကလေးငယ်ရဲ့ Daddy ဟု ခေါ်သံအဆုံးမှာ ကျွန်တော် သဘောတကျရယ်လိုက်သည်။ သိပ်ချစ်စရာကောင်းတဲ့ကလေးငယ်က သူလိုချင်တာရှိရင် သားနဲ့အတူရောကာ Daddy ဟု ခေါ်တတ်သည်။

"နော် ~~နော်လို့ "

"daddyရို့~~"

သားအဖ နှစ်ယောက်လုံး ချွဲပြနေတာကြောင့် ကျွန်တော်ရယ်ကာ ခေါင်းငြိမ့်ပြလိုက်တော့ ဝမ်းသာအားရ လက်ခုပ်တီးကြသည်။

"တစ်ဗူးပဲနော် နှစ်ယောက်ခွဲစားရမှာ "

ရေခဲမုန့်ဆိုင်ဘက်ကို မောင်းရင်း ကျွန်တော်ပြောလိုက်တော့ ခေါင်းငြိမ့်ပြလာတဲ့ သားအဖနှစ်ယောက် ပြောရသာတာပြောတာ ဆိုင်ရောက်ရင် သားလုပ်တဲ့သူက နို့ယူပြီး အဖေလုပ်တဲ့သူက စတော်ဘယ်ရီယူမှာမို့ တစ်ယောက်တစ်ဗူးပဲ ဝယ်ပေးရအုံးမှာ အသေအချာ။ လူလည်သားအဖလေး။

~~~~~~

"သားသား လက်ဆန့် ~"

ရေချိုးပြီး ထွက်လာတော့ သားကို ညဝတ်အင်္ကျီ ဝတ်ပေးနေတဲ့ ကလေးငယ်။ အပြာနုရောင်လေးပေါ်မှာ ဝက်ဝံရုပ်ကလေးတွေပါတဲ့ family pajama ကို ဝတ်ထားတဲ့ သားနှင့်ကလေးငယ်ဟာ မသိရင် အသက်ကွာတဲ့ ညီအကိုလေးလိုပင်။

"Jin Hyung ~ငယ် အင်္ကျီထုတ်ပေးထားတယ် ဒီမှာ "

သူလှမ်းပေးတဲ့ အင်္ကျီကိုကြည့်လိုက်တော့ သူတို့နှင့်ဆင်တူအင်္ကျီလေး ကလေးငယ်က တွေ့တိုင်းဝယ်တာမို့ မိသားစုဆင်တူအင်္ကျီလေးတွေ တော်တော်များနေပြီဖြစ်သည်။

"အူကျူး ~စာအုပ်ကြည့်ပြီးရင် အိပ်ကြရအောင်နော် PaPa ချော့သိပ်မယ် "

သူ့PaPaပြောတော့ ခေါင်းငြိမ့်ပြကာ ခေါင်းရင်းဘက်ကိုတက်သွားပြီး သူ့ရဲ ရုပ်ပြစာအုပ်လေးကိုဖွင့်ကာ လက်ကလေးနဲ့ထောက်ပြီး ကြည့်နေတဲ့သားကို အင်္ကျီဝတ်ရင်းနှင့် ကြည့်ကာ ရယ်လိုက်သည်။ ဒယ်ဒီက ဝယ်လာပေးသော စာအုပ်လေးသည် အရုပ်ကလေးတွေနှင့် စိတ်ဝင်စားစရာကောင်းတာကြောင့် သားက အရမ်းသဘောကျသည်။

"Jin Hyung ~အလုပ်တွေ အဆင်ပြေတယ်မလား "

ကျွန်တော့်အားအင်္ကျီကြယ်သီးတပ်ပေးကာ မေးလာသော ကလေးငယ်ကြောင့် ခေါင်းငြိမ့်ပြကာ

"မာမီက မနက်ဖြန်လာရင် ဘာချက်ကျွေးရမလဲတဲ့ မေးနေတာ ငယ် ဖုန်းဆက်လိုက်အုံး "

"ခဏနေ သား အိပ်ခါနီးကျရင် ဒယ်ဒီနဲ့ VC ခေါ်ကြအုံးမှာပဲလေ ငယ် အဲ့ကျရင် ပြောလိုက်မယ် "

ပြုံးပြီးပြောလာတဲ့ ကလေးငယ်ရဲ့စကားအဆုံးမှာ ကျွန်တော်ခေါင်းငြိမ့်ပြလိုက်သည်။ ကိုယ့်အိမ်မှာ ကိုယ်ပြန်နေကြတယ်ဆိုပေမယ့်  တနင်္လာကနေ သောကြာအထိက ကလေးငယ်ရော ကျွန်တော်ပါ အလုပ်သွားရတာကြောင့် တနေကုန် သားက မာမီနှင့်နေခဲ့ရသည်။ ပြီးတော့ စနေ တနင်္ဂနွေ နှစ်ရက်က ဒယ်ဒီရဲ့အမိန့်ကြောင့် အဲ့အိမ်မှာ သွားအိပ်ရ၍ ဘာမှတောင် သိပ်မထူးခြားသလို။

"လာကုတင်မှာ ထိုင် ငယ် ခေါင်းသုတ်ပေးမယ် "

ကုတင်စွန်းမှာ ထိုင်လိုက်တော့ သဘက်ယူကာ ခေါင်းသုတ်ပေးလာတဲ့ ကလေးငယ်ရဲ့ ကိုယ်လုံးလေးကို ဆွဲဖက်လိုက်သည်။ ဆံပင်သုတ်ပေးနေတဲ့ ကလေးငယ်ရဲ့ ဗိုက်ပေါ်ကို မျက်နှာအပ်ကာ ငြိမ်နေပြီး ဇိမ်ခံနေလိုက်တော့ သူက ခပ်သောသောရယ်လာသည်။

"PaPa ဒါ ဘာကောင်ကြီးရယ် "

"အဲ့တာက မြွေ ~snake "

"အာ~~စနိတ် မြွေ~"

စကားကမပီသေးဘဲ ဘိုလိုပြောချင်နေတဲ့ သားကြောင့် ကျွန်တော်ရယ်လိုက်သည်။

"Dog က ဘာလဲ သားသိလား "

"ထွေး ~ဒေါ့ ထွေး "

"Cat က "

"ကတ်က ကြောင် "

"အပြာရောင်ကို ဘယ်လိုခေါ်လဲ "

"ဘရူးရေ~~ဘရူး အပြာရောင် "

"PaPa သားက တော်လိုက်တာ "

ချီကျူးစကားပြောလိုက်တော့ သဘောကျကာ တခစ်ခစ်နဲ့ ရယ်နေတဲ့ သားသားလေး ...

"Holly ကရော "

"PaPa ကရယ် ~ဟိုလီက ဒေါ့ရေ~"

သက်ပြင်းချကာ ပြောလာသော သားကြောင့် ကျွန်တော်တို့နှစ်ယောက်လုံးရယ်လိုက်သည်။ ကလေးငယ်သည် သားကို မူကြိုမထားသေးပေမယ့် တော်တော်များများကို သင်ပေးသည်။ ဉာဏ်ကောင်းတဲ့ သားကလည်း သူ့PaPa သင်သမျှကို အကုန်လုံးနီးပါး မှတ်မိနေပြီဖြစ်သည်။

"ကဲ စာအုပ်ကိုချပြီး အိပ်ကြစို့ မင်းသားလေး ~~"

ကလေးငယ်က ကျွန်တော့်အားခေါင်းခြောက်အောင် သုတ်ပေးပြီးတဲ့နောက်မှာ သားဆီသွားကာ စာအုပ်ကိုပိတ်ပြီး ချီလိုက်သည်။ ကလေးငယ်ရဲ့ ပခုံးပေါ်မှာမှီရင်း မျက်လုံးကို လက်သေးသေးလေးတွေနဲ့ ပွတ်နေတဲ့သားက အိပ်ချင်နေဟန်တူသည်။

"တားမအိပ်သေးခင် ဘိုးဘိုးကြီးနဲ့ စကားကြောအုံးမှာရေနော် "

"ကောင်းပါပြီ အရှင်မင်းသားလေးခင်ဗျ "

ကလေးငယ်က ခပ်နောက်နောက်ပြောတော့ သားကတခစ်ခစ်နဲ့ရယ်သည်။

"Daddy ကို နှုတ်ဆက်လိုက်အုံး "

ကလေးငယ်ကပြောတော့ ကျွန်တော့်ဘက်ကို လှည့်ကြည့်လာကာ

"Daddy  ဂွတ်နှိုက် ~"

အိပ်ချင်မူးတူးနှင့် ပြောလာသော သားကြောင့် ကုတင်ပေါ်ကနေ ထကာ သူနားသွားပြီး ပါးလေးတွေကို နမ်းလိုက်တော့ ပြုံးပြလာသည်။ သိပ်ချစ်ရတဲ့ သားသား။

"ငယ် သားကို သိပ်လိုက်အုံးမယ် Jin Hyung "

ခေါင်းငြိမ့်ပြကာ ငယ်ထွက်သွားပြီးနောက် အလုပ်ခုံမှာ ထိုင်လိုက်သည်။ ဒယ်ဒီအလုပ်အပြည့်မဟုတ်ပေမယ့် စာရင်းပိုင်းတွေ တာဝန်ယူပေးထားရတာမို့ တာဝန်အနည်းငယ်ကြီးသည်လေ။

စာရင်းလုပ်နေရာကနေ သားရဲ့အခန်းကနေ ခပ်အေးအေး သားချော့သံလေး ပျံ့လွင့်လာတာကြားတော့ ကျွန်တော့်အလုပ်ကိုရပ်ကာ နားထောင်ရင်း ပြုံးလိုက်သည်။ ကလေးငယ်ရဲ့ သီချင်းသံကို သားရဲ့ အိပ်ရာဝင်တေးဆိုပြချိန်သာ နားထောင်ရသည်။ ကျန်တဲ့အချိန်ဆို အကြောက်အကန်ငြင်းရတဲ့ အကြောင်းအရင်းက ရှက်လို့တဲ့လေ။

အချိန်အနည်းငယ်ကြာတော့ တံခါးအသာဖွင့်ကာ ဝင်လာသော ကလေးငယ်ကြောင့်

"သား အိပ်သွားပြီလား "

"အွန်း အိပ်သွားပြီ "

ကျွန်တော့်အမေးကို ပြန်ဖြေရင်းနှင့်ပင် ဆံပင်တွေကြားထဲရောက်လာသော ကလေးငယ်ရဲ့ လက်အသွယ်သွယ်။

"စာရင်းတွေ ကူပေးရမလား "

သူမေးတာကို ခေါင်းခါပြပြီး တပ်ထားသော မျက်မှန်ကိုချွတ်ကာ ခေါင်းကို အနောက်သို့ မော့ချလိုက်တော့  သူကပြုံးကာ နဖူးနှင့် နားထင်ကိုပါ နှိပ်ပေးသည်။

"ပင်ပန်းနေပြီလား "

"အွန်း ပင်ပန်းတယ် တအားပဲ "

ကျွန်တော်ပြောတော့ ကလေးငယ်ရဲ့ မျက်ဝန်းတွေမှာ စိုးရိမ်ရိပ်တွေ ဖြတ်ပြေးသွားတာတွေ့လိုက်ရသေးသည်။

"ငယ် ဘာကူပေးရမလဲဟင် "

စိုးရိမ်တကြီးမေးလာသော ကလေးငယ်ရဲ့ လက်အသွယ်သွယ်ကို ဆွဲယူကာ နမ်းရှိုက်လိုက်သည်။

"ငယ်တစ်ခုလုပ်ပေးရင်ရတယ် ~"

"ဘာလဲ "

နားမလည်သလို ပြုံးပြီး မေးလာသော ကလေးငယ်ကို လက်ကနေဆွဲခေါ်ကာ ပေါင်ပေါ်ဆွဲတင်လိုက်တော့ အူတူတူလေးနှင့်ကြည့်လာသည်။ ရိုးအ,တာလေးက အသက်ကြီးလာတာတောင် ပျောက်မသွား။

"ဒီလိုလုပ်ပေးရင် ရပြီ "

ပြောကာ သူ့ရဲ့ကိုယ်လုံးလေးကို တင်းနေအောင်ဆွဲဖက်လိုက်တော့ ကလေးငယ် ခပ်သောသောရယ်သည်။ ကလေးငယ်ရဲ့ အသက်ရှုသံတွေဟာ ရင်ခွင်ထက်မှာ ခစားလို့။ ဖြူစင်သူရဲ့ ခန္ဓာကိုယ်ငယ်ကို စက္ကန့်မလပ် ထွေးပွေ့ထားချင်မိတာက ကျွန်တော့်ရောဂါတစ်ပါး ဖြစ်လိမ့်မည်။

"ဒီလိုဆို  ပင်ပန်းတာတွေပျောက်သွားရောလား "

ဖက်ထားရာကနေ လွှတ်ပေးလိုက်တော့ ကလေးငယ်က မေးသည်။

"အင်း အားတွေပြည့်သွားသလိုပဲ "

သူကရယ်သည်။

"မနက်ဖြန် Tae ရဲ့ မင်္ဂလာဆောင် သွားရမှာနော် "

အင်္ကျီရဲ့ ပထမဆုံးကြယ်သီးကို ဖြုတ်လိုက်တပ်လိုက်လုပ်နေရင်းနဲ့ မေးလာသော ကလေးငယ်ကြောင့်

"သွားရမှာပေါ့ ကိုယ့်ညီလေးနဲ့ ငယ်ရဲ့ အချစ်ဆုံးလေး မင်္ဂလာဆောင်ပဲကို "

"ငယ့်ကို သတို့သားအရံ လုပ်ပါ့လားတဲ့ ကျောင်းတုန်းက senior အမကြီးနဲ့ တွဲရမှာတဲ့ "

"မလုပ်ရပါဘူး "

ကျွန်တော်က မျက်မှောင်ကြုပ်ကာပြောတော့ သူက ပြုံးစိစိလုပ်ဖြင့်

"အဲ့အမကြီးက ချောတယ်ဗျနော် "

"ငယ် ~~"

ကျွန်တော့်ရဲ့အသံကို မာလိုက်သော်လည်း သူကအရယ်မပျက်။

"သူကချောတယ်ဆိုတော့ ကိုယ်ကရော "

"အွန်း ~~"

ကျွန်တော်ကမေးတာကို ကြယ်သီးကိုကိုင်ကာ အကြာကြီးစဉ်းစားပြနေတာကြောင့်။အသဲယားစွာ ထိုလက်သွယ်သွယ်ကို ယူကာ ခပ်နာနာလေးကိုက်လိုက်တော့

"အ Jin Hyung ~"

စူပုတ်ကာကြည့်လာတဲ့ ကလေးငယ်ရဲ့ ပါးလေးကို ခပ်ဖွဖွ ဆွဲလိမ်ကာ

"ပြောလေ ~"

"Jin Hyung က ~~ရုပ်ဆိုးတယ် လူဆိုးကြီး "

ပြောပြီး လျှာထုတ်ပြကာ မြန်မြန်ထပြေးသော ကလေးငယ်ကြောင့်

"အောဟော့ ~အဲ့လူဆိုးကြီး လက်ထဲကနေ လွတ်အောင်ပြေးစမ်းပါ "

သူ့နောက်လိုက်ကာ အင်္ကျီစကို လှမ်းဆွဲတော့

"အင်္ကျီပြဲမယ်နော် ဒီလိုဟာ ရှာဝယ်ပေးမှာမို့လို့လား "

အတင်းရုန်းရင်း ပြောလာသော ကလေးငယ်ကို ကုတင်ပေါ်ဆွဲချကာ ခြေထောက်လေးနှစ်ချောင်းကို ဖိပြီး အပေါ်ကနေ ခွထိုင်လိုက်သည် ။

"လွတ်အောင်ပြေးလို့ပြောနေသားပဲ "

ကျွန်တော်ပြောကာ သူအားကလိထိုးတော့ ယားလို့ အောက်ကနေ ရယ်ကာ တွန့်လိမ်ပြီး ရုန်းကန်နေတဲ့ ကလေးငယ်။ လူကိုငုံ့ပြီး နားနားကပ်ကာ လေနဲ့မှုတ်တော့ တားလာတဲ့ လက်ကလေးတွေကို လက်တစ်ဖက်နှင့် လှမ်းချုပ်လိုက်သည်။ ထပ်ပြီးလုပ်တော့ ကလေးငယ်က ရယ်ကာ

"တော်ပြီ တော်ပြီ မှားသွားပါတယ် ~"

တောင်းပန်လာသော ကလေးငယ်ကြောင့်

"နောက် စ,အုံးမှာလား "

ကျွန်တော်မေးတာကို မဖြေပဲ ရယ်ပြနေသော ကလေးငယ်ကြောင်း နားကို လေနှင့်ထပ်မှုတ်လိုက်ကာမှ

"မ စ,တော့ဘူး တော်ပြီ တော်ပြီ ယားတယ် "

ချုပ်ထားသော လက်လေးကို လွတ်ကာ ပါးလေးကို နစ်နေအောင် နမ်းလိုက်သည်။

"ပြော ကိုယ်က ရုပ်ဆိုးတယ်လား "

ကျွန်တော်မေးတော့ တခိခိနှင့် ရယ်ကာ

"ရုပ်ဆိုးတယ်ကွာ "

"ရုပ်ဆိုးတယ် ပြောရင် နမ်းတယ်ကွာ "

ပြောပြီး သူနှုတ်ခမ်းပါးလေးကို ထိကပ်လိုက်သည်။

"ရုပ်ဆိုးတယ်လား "

ထပ်မေးတော့ ရယ်နေတာကြောင့်

"ရယ်နေလို့ နမ်းတယ်ကွာ "

ထပ်ပြီး နှုတ်ခမ်းပါးလေးကို နမ်းလိုက်သည်။

"စဉ်းစားနေတယ်လေ "

"စဉ်းစားနေလို့ နမ်းတယ်ကွာ "

နှုတ်ခမ်းပါးလေးကို ထပ်ပြီး နမ်းလိုက်ပြန်သည်။

"အသားယူတယ်ကွာ "

"မေးတာမဖြေလို့ နမ်းတယ်ကွာ "

ပြောကာ နမ်းမလို့လုပ်တော့ လက်လေးနဲ့ ကျွန်တော့်မျက်နှာကို တွန်းလိုက်ပြီး ကျွန်တော့်ကို သေချာကြည့်ကာ

"ချောတာပေါ့ ငယ့်ယောက်ျားက ငယ့်အတွက်တော့ ကမ္ဘာပေါ်မှာ အချောဆုံးပဲ"

ပြုံးကာ ပြောလာသော ကလေးငယ်ကြောင့်

"ဒါကကျ လိမ္မာလို့ ဆုချတာ "

ကျွန်တော်ပြောကာ သူ့နှုတ်ခမ်းပါးတွေကို တရှိုက်မတ်မတ် နမ်းလိုက်သည်။ တဖြည်းဖြည်းနက်ရှိုင်လာတဲ့အနမ်းတွေနှင့်အတူ ကလေးငယ်ရဲ့ လက်ချောင်းသွယ်သွယ်ကြားကို ကျွန်တော့်လက်ချောင်းတွေ တိုးဝင်ကာ သူ၏လက်ဖဝါးလေးကို ဆုပ်ကိုင်လိုက်သည်။

ငြင်းဆန်ခြင်းမရှိသော သူ့ရဲ့ဟန်ကြောင့် ကျွန်တော်ရှေ့ဆက်တိုးမိသည်။ ကလေးငယ်သဘောကျသော ဝက်ဝံရုပ်လေးတွေပါတဲ့ အင်္ကျီလေးကတော့ ပိုင်ရှင်မဲ့စွာ ကြမ်းပြင်ထက်သို့ တိတ်ဆိတ်ငြိမ်သက်စွာ လှဲလျောင်းလို့။

"ချစ်တယ် ငယ်~"

ကျွန်တော်ပြောကာ သူအားနေရာမလပ် အမြတ်တနိုးအနမ်းခြွေကာ အိပ်ရာထက်က ပန်းချီအား နှစ်ကိုယ်တူ အလှပဆုံး ပုံဖော်ခဲ့ကြသည်။

~~~~~~~~

"Daddy ~~နောက်ကျနေပြီ တားက အူးအူးထွယ်ထွယ်ကို ပန်းကြဲပေးရမှာပါဆို "

ကားပေါ်ကနေ အော်ဟစ်နေသော သားကြောင့် ကျွန်တော်ရယ်လိုက်သည်။ အဲ့ဒါကြောင့် စောစောထပါဆိုတာကို ငါးမိနစ် ငါးမိနစ်နှင့် ပြန်အိပ်နေပြီးတော့။

"လာပါပြီ အူကျူးရာ ~ "

ပြောကာ ကားထဲဝင်လာသော Jin Hyung။ necktie ဟာ အနည်းငယ်စောင်းနေတာကြောင့် သူ့ဘက်လှည့်ကာ ပြင်ပေးတော့ နဖူးကို ခပ်ဖွဖွနမ်းသည်။

"Daddy သွားရအောင်ရေ နောက်ကျတော့မယ် "

နောက်ကနေ သားရဲ့စကားကြောင့် ကျွန်တော်ရော Jin Hyung ပါ ရယ်ကာ Tae တို့ရဲ့ မင်္ဂလာပွဲလေးဆီသို့ ကားလေးအား ဦးတည်လိုက်သည်။

လျှောက်လမ်းပေါ်မှာ ပန်းကြဲနေသောသားနှင့် အနောက်က သတို့သားဝတ်စုံအဖြူရောင်လေးနှင့် သိပ်ချစ်စရာကောင်းနေသော Tae လေးအား ကြည့်ရင်း ပြုံးလိုက်သည်။

"Hyung ~~ Tae Tae ကိုကြည့်စမ်းပါ ပြုံးဖြီးနေတာပဲ "

အနားနားကပ်ပြောလာသော Jiminnie ရဲ့ စကားကြောင့် ကျွန်တော်ရယ်လိုက်ပြီး

"Jiminnie လိုတော့ ဂျီမကျဘူးမလား "

"Hyung ကလည်း "

ကျွန်တော်က ပြန်မေးလိုက်တော့ Jiminnie က အသံတိုးတိုးနဲ့ပြောလာပြီး ဘေးနားက Hoseok hyung ကလည်း ရယ်သည်။ မှတ်မိပါသေးသည် Jiminnie မင်္ဂလာဆောင်တုန်းက သူကြိုက်တဲ့လက်ကိုင်ပန်းမဟုတ်ရင် မဆောင်ဘူးဆိုလို့ အနားကပန်းဆိုင်တွေ အကုန်လုံးမှာ လိုက်ရှာပြီး ဝယ်ပေးခဲ့ရတာကို။

"Tae အချစ်စစ်ကို တွေ့သွားလို့တော်သေးတယ် "

Jiminnie ရဲ့စကားကြောင့် ကျွန်တော်ခေါင်းငြိမ့်ပြကာ ဂုဏ်ပြုစကားပြောပေးနေသော Jin Hyung ကိုကြည့်လိုက်ပြီး

"အချစ်ဆိုတာ လိုက်ရှာလို့မတွေ့ဘူးရယ် ဒီတိုင်းလေး ဒီတိုင်းလေးပဲ ကိုယ့်ကိုယ်ကို မသိလိုက်တဲ့ အချိန်လေးမှာတောင် အဲ့လူကို ကိုယ့်ဘဝထက် ပိုပြီးချစ်သွားတာမျိုး ~အချစ်ဆိုတာ ဆန်းကြယ်လွန်းတယ် "

ကျွန်တော့်စကားကို Jiminnie က ခေါင်းငြိမ့်ပြကာ ထောက်ခံသည်။

မင်္ဂလာလက်စွပ်လဲပြီးလို့ အကုန်လုံးပြီးတော့ Tae လက်ထဲက ပန်းစည်ကို ဖမ်းရန်လုပ်နေကြသော သူတွေရဲ့ နောက်မှာ ရပ်ကာ သားနှင့် Jin Hyung ကို စောင့်နေမိသည်။ ထိုစဉ် Tae လက်ထဲက ပန်းစည်းကို တောင်းယူလိုက်သော Jin Hyung ကြောင့် ဘာလုပ်မလို့လဲဟု ကြည့်လိုက်သည် ။

လက်ထဲမှာ ပန်းစည်းကိုင်ကာ တစ်ဖက်က သားရဲ့လက်ကိုဆွဲရင်း ကျွန်တော်ဆီ လျှောက်လာတဲ့ Jin Hyung ကို လူတွေက ဘေးဖယ်ပေးကြသည်။ ကျွန်တော့်ရှေ့ရောက်တော့ ပန်းစည်းကို လက်ထဲထည့်ကာ ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်သော Jin Hyung ကြောင့် ကျွန်တော်အံသြတကြီး ကြည့်လိုက်မိသည်။

"ကိုယ့်ကို ပြန်လက်ထပ်မလား ငယ် "

လက်စွပ်ဗူးလေးဖွင့်ကာ ပြောလာသော Jin Hyung ကြောင့်

"ဘာလုပ်တာလဲ ရှက်စရာကြီး "

ကျွန်တော်ရှက်ရယ်ရယ်ကာ တိုးတိုးလေးပြောတော့ ဘေးနားမှာ ကြည့်နေတဲ့ Tae တို့က ရယ်ကြသည်။

"လက်ထပ်မှာလား ငယ် "

မော့ကြည့်ကာ ပြုံးစိစိနှင့်ပြောနေသော Jin Hyung။

"PaPa ~တားတား Daddy ကို လက်ခံရက်ပါနော် "

လက်ကိုဆွဲကာ ပြောလာသော သားကြောင့် Jin Hyung ကိုကြည့်ကာ ခေါင်းငြိမ့်ပြတော့ လက်ကိုယူကာ လက်စွပ်လေးကို ဝတ်ဆင်ပေးလာသည်။ မတ်တပ်ရပ်ကာ နှုတ်ခမ်းပါးအား အနမ်းတစ်ပွင့်ခြွေတော့ ဘေးနားက လူတွေက လက်ခုပ်တီးကာ ကောင်းချီးပေးကြသည်။ ကျွန်တော် အရှက်သည်းစွာပင် Jin Hyung ရင်ခွင်ထဲဝိုင်းကာ ပုန်းလိုက်မိသည်။

ချစ်တတ်လိုက်တာ ကျွန်တော့်လူကြီးရယ် ...

~~~~~

"Tae ငါ့ကိုကြည့်ရတာ အဆင်ပြေရဲ့လား "

မှန်ထဲမှာကြည့်ရင်းကနေ မေးလာသော Yoongi ကြောင့် Tae ပြုံးကာ ခေါင်းညိမ့်ပြလိုက်သည်။

"Jin Hyung ကလည်း လက်ထပ်ပြီးသားကြီးကို ပြန်လက်ထပ်ရတယ်လို့ "

ရှက်ရယ်ရယ်ကာပြောလာသော yoongi ကြောင့် Tae နှင့် Jimin ရယ်လိုက်သည် ။

Hyung က ဘာပဲပြောပြော ပြန်ပြီးလက်ထပ်ပွဲလုပ်တာကို Tae ကတော့ သဘောကျပါသည်။ အရင်တုန်းကဟာက Hyung အတွက် မင်္ဂလာပွဲမှမဟုတ်ခဲ့တာ ဒီတိုင်း စိတ်ညစ်စရာ အတိတ်ဖြစ်ခဲ့တာမလား။

"သားငယ် "

အခန်းတံခါးကိုဖွင့်ကာ ဝင်လာသော ဒယ်ဒီကြောင့် Jiminnie တို့ပါ မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်သည်။

"ဒယ်ဒီ ဘာကိစ္စရှိလို့လဲ "

ကျွန်တော်မေးတော့ ဒယ်ဒီက ပြုံးကာ ကျွန်တော့်လက်ကို ဆွဲကိုင်လာပြီး

"ဒယ်ဒီ့သားလေးကို လက်တွဲခေါ်ပေးဖို့ လာတာလေ "

"ဒယ်ဒီ "

ကျွန်တော် မျက်ရည်တွေဝဲလာသော ဒယ်ဒီက ဆုပ်ကိုင်ထားတဲ့လက်ကို ခပ်ဖွဖွပုတ်ပေးကာ

"မငိုနဲ့လေ မျက်ရည်တွေနဲ့ မလှပဲနေလိမ့်မယ် "

ဒယ်ဒီရဲ့စကားကြောင်း ရယ်လိုက်ကြသည်။

မင်္ဂလာဆောင်ခန်းမတံခါးကိုဖွင့်လိုက်တော့ ကျွန်တော့်ချစ်ရသူက ထိပ်ဆုံးမှာ ရပ်စောင့်နေလေသည်။

"လာ သား "

ပြောကာ လက်ကမ်းပေးလာသော ဒယ်ဒီရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ လျှောက်လမ်းတစ်ဝက်ရောက်တော့ ထိုင်နေတဲ့ Tae တို့က လက်ပြကာ လှမ်းစကြသည်။ Jin Hyung ဆီရောက်ခါနီးကျ မာမီနှင့်သားက ပြုံးရင်းကြည့်နေကြသည်။

"သားငယ်ကို စိတ်ချမယ် "

Jin Hyung ဆီ လက်လွဲပေးတုန်း စ,လာသော ဒယ်ဒီကြောင့် ရယ်ကြသေးသည်။ father ရှေ့မှာ ရပ်ကာ မျက်နှာချင်းဆိုင်လိုက်သည်။

"သတို့သား Kim Seokjin သည် သတို့သား Min Yoongi ကို သက်ဆုံးတိုင် ပေါင်းဖက်မည်လား"

Jin Hyung က ကျွန်တော့်ကို အမြတ်နိုးဆုံး ကြည့်လာပြီး

"ဟုတ် ပေါင်းဖက်ပါမည်"

"သတို့သား Min yoongi ကရော သတို့သား Kim Seokjinကို သက်ဆုံးတိုင်း ပေါင်းဖက်မည်လား"

ကျွန်တော် Jin Hyung အား ပြုံးကြည့်ရင်းနှင့်ပင်

"ဟုတ် ပေါင်းဖက်ပါမည်"

ကျွန်တော်ဖြေတော့ Jin Hyung က အလှပဆုံး ပြုံးပြလာသည်။

လက်ထပ်လက်စွပ်လဲပြီးနောက် အားလုံးက ကောင်းချီးပေးကြသည်။

"အကြင်နာပေးပါ "

လူအုပ်ထဲကနေ အော်လာသော Jiminnie တို့ကြောင့် ကျွန်တော် လှမ်းကြည့်လိုက်သည်။ Jin Hyung က ရယ်ကာ ကျွန်တော့်မျက်နှာကို သူ့လက်ဖဝါးကြီးတွေနှင့် ခပ်ဖွဖွအုပ်ကိုင်လာပြီး နှုတ်ခမ်းတွေကို ထိကပ်လိုက်သည်။ သားက သူ့မျက်စိကို သူ့လက်ကလေးနှင့် အုပ်လိုက်သည်ကို မြင်လိုက်သေးသည်။

အနမ်းတစ်ပွင့်ကိုပုံဖော်ပြီးနောက် နဖူးချင်းထိကပ်လိုက်တော့ Jiminnie တို့က အော်ဟစ်ကာ စကြသည်။

"ချစ်တယ် "

Jin Hyung ကပြောကာ လူကိုဒူးကနေပွေ့ချီရင်း ရမ်းလိုက်တာကြောင့် သူ့လည်ပင်းကို အားကိုးတကြီး ဖက်တွယ်လိုက်မိသည်။ သားကတော့ ဒယ်ဒီပေါ်ကနေ ကျွန်တော်တို့ကိုကြည့်ရင်း ပျော်ရွင်စွာ လက်ခုပ်တီးနေသေးသည်။

~~~~~

"ငယ် လာ "

မျက်လုံးကို အဝတ်နှင့်စည်းပြီး ခေါ်လာသော Jin Hyung ကြောင့် သူ့လက်ကိုကိုင်ကာ လိုက်ခဲ့မိသည်။ သားငယ်က ဒီနေ့ မာမီတို့ဆီမှာ နေခဲ့မယ်ဆိုလို့ ခေါ်တာကိုလည်း မခေါ်ရဘူးတဲ့။ ဘာတွေလုပ်နေတာလဲ မသိဘူး။

"ရောက်ပြီ "

ပြောကာ မျက်လုံးစည်းထားတဲ့ အဝတ်စကို ဖြည့်ပေးတော့ မြင်ရတဲ့မြင်ကွင်းကြောင်း သူ့ကိုလှမ်းကြည့်လိုက်သည်။

"Jin Hyung "

ပန်းပေါင်းစုံ ဖြန့်ကျဲထားတဲ့ ကျွန်တော်တို့အိမ်လေးဟာ ဖယောင်းတိုင်းမီးမှိန်ပြပြနှင့် သိပ်လှပနေသည်။ Jin Hyung လက်ကိုတွဲကာ လမ်းလေးအတိုင်လျှောက်သွားတော့ တွေ့ရတာက ပန်းပွင်လေးတွေနှင့် အသည်းပုံဖော်ထားသော ကျွန်တော်တို့အိပ်ရာလေးပေါ်မှာ ပျော်ရွှင်စရာ ညခြမ်းလေး ဖြစ်ပါစေဟုသော စာတန်းလေးနှင့်။

"Jin Hyung ဒါတွေက "

"ကိုယ် မာမီကို အကူအညီတောင်းထားတာ "

သူ့လည်ပင်းကိုသူ လက်နှင့်ပွတ်ရင်းပြောလာသော Jin Hyung ကို ရင်ခွင်ထဲတိုးဝင်ကာ ဖက်လိုက်သည်။

"ကျွန်တော်ကို သိပ်ချစ်တာပဲလား "

"ချစ်တာပေါ့ ~ရူးမတတ်ကိုချစ်တာ "

Jin Hyung ရဲ့စကားကြောင့် ကျွန်တော်ရယ်လိုက်သည်။

"ခြေလက်ဆေးလိုက်အုံးမယ် "

ပြောပြီး လှည့်ထွက်လာတော့ ခါးပေါ်ရောက်လာတဲ့ Jin Hyung ရဲ့ လက်တွေ လှည့်ကြည့်လိုက်တော့ နွေးထွေးမှုတစ်ခုက နှုတ်ခမ်းပါးပေါ်ကျရောက်လာသည်။ သူ့ဘက်ကိုလှည့်ကာ သူရဲ့ ကျောပြင်ကို ဖက်တွယ်လိုက်ပြီး အတူတူ အနမ်းတွေကြား စီးမြောမိသည်။ လျှာဖျားကို စုပ်ယူမှုသည် သွေးသားတွေကို ဆူပွက်စေသလို။

"ငယ် ~"

တောင်းဆိုမှုဆန်သော Jin Hyung ရဲ့ ခေါ်သံအဆုံးမှာ သူ၏ ဦးဆောင်မှုနောက်ကို ရင်ခုန်စွာ လိုက်သွားခဲ့မိသည်။

သူသည် အရာအားလုံးတိုင်းတွင် ကျွန်တော့်ကို ဦးစားပေးခဲ့သည်။ သူသည် သူ့ထက်ပိုပြီး ကျွန်တော့်ကို ချစ်မြတ်နိုးပေးခဲ့သည်။ ကျွန်တော်ဆုတောင်းပါသည်။ နောင်ဘဝဆိုတာရှိခဲ့ရင်တောင် ထိုသူ Kim Seokjin ကိုပဲ အသည်းထဲထိနင့်အောင် ထပ်ချစ်ပါရစေဟု၍သာ။

_____THE END ______
-
-
-
-
-
(Zawgyi)

ကေလးငယ္ဟာ ဒီရက္ပိုင္းမွာ ပိုပိုၿပီး ေခ်ာလာသည္။ ေက်ာင္းမွာပဲ Tutor ျပန္လုပ္ေနတဲ့ ကေလးငယ္က အရင္ကလို hoodie ပြပြႀကီးေတြအစား Shirt ေလးေတြကို ေျပာင္းဝတ္လာသည္။ Tutor တစ္ေယာက္အတြက္ ထိုအဝတ္အစားကသာ သင့္ေလ်ာ္တယ္ဆိုေပမယ့္ ကေလးငယ္ေခ်ာတာကို ပိုၿပီးေပၚလြင္ေစေနတာက ကြၽန္ေတာ့္အတြက္ စိတ္မသက္မသာျဖစ္ရပါသည္။

အခုလည္း အမည္းေရာင္ဆြယ္တာ လည္ပင္းအပိတ္ေလးေပၚမွာ အမည္းေရာင္ long coat ထပ္ဝတ္ထားၿပီး ဆရာတစ္ေယာက္ရဲ႕ ပုံစံရရန္ ပါဝါနည္းတဲ့ မ်က္မွန္ေလးကို တပ္ထားေသးသည္။

"Yar~~အူက်ဴး မင္း PaPa သိပ္ေခ်ာလာၿပီး ပဲမ်ားလာတယ္ မထင္ဘူးလား "

Seokjin ကားထဲကေန အျပင္ကိုၾကည့္ကာ အေနာက္မွာ ထိုင္ေနေသာ သူ႔သားေလးကို လွမ္းေျပာလိုက္သည္။

"Daddy ထင္႐ို႕ပါ  တားPaPa က အရင္ကရယ္က ေခ်ာတာကို "

အေနာက္က ထိုင္ခုံမွာ ထိုင္ရင္း သူ႔PaPa ကိုၾကည့္ကာ ေျပာလာေသာ Yoonjin ေလးေၾကာင့္ Seokjin ႏွာေခါင္းရႈံၿပီး ရယ္လိုက္သည္။ သုံးႏွစ္ေက်ာ္ထဲေရာက္ေနၿပီ ျဖစ္တဲ့သားက စကားသိပ္မပီေသးေပမယ့္ စကားသိပ္တတ္သည္။ ျဖဴစြတ္စြတ္အသားအေရ ပါးေဖာင္းေဖာင္းေလးေတြ ပုလဲတန္းလိုသြားေလးေတြက သူ႔PaPa ရဲ႕ အေမြေလးေတြပင္။

"အူက်ဴး ~လာ PaPa ကို သြားႀကိဳရေအာင္ "

ကြၽန္ေတာ္ေျပာေတာ့ သူ႔PaPaကို  ၾကည့္ေနရာကေန ၿပဳံးျပကာ ေခါင္းၿငိမ့္ျပလာတာေၾကာင့္ လက္သီးခ်င္းတိုက္လိုက္သည္။

"PaPa ~~"

ကားေပၚကဆင္းကာ သားကိုခ်ီၿပီး ေအာက္ခ်ေပးလိုက္ေတာ့ သူ႔PaPa ဆီကို ေအာ္ၿပီးေျပးသြားတဲ့သားေၾကာင့္ အေနာက္ကေနၿပဳံးကာ လိုက္သြားသည္။ သားကိုျမင္ေတာ့ ကေလးငယ္က ေျပးလာကာ သားကို ေပြ႕ခ်ီလိုက္သည္။ ကေလးငယ္ဟာ သားသား ေခ်ာ္လဲလို႔ တစ္ခုခုပြန္းပဲ့သြားမွာကိုေတာင္ ေသမေလာက္ေၾကာက္သည္တဲ့ေလ။ သားကို သိပ္ခ်စ္တာေၾကာင့္ တခါတေလဆို ကြၽန္ေတာ္ေတာင္ မနာလိုျဖစ္ရသည္။

"PaPa ကို တေနကုန္လြမ္းေနတာ "

ကေလးငယ္ရဲ႕ပါးကို ေမႊးၾကဴၿပီး ကေလးငယ္ရဲ႕လည္ပင္းကို ဖက္လိုက္ေသာ သားေၾကာင့္ ကြၽန္ေတာ္ရယ္လိုက္သည္။ မာမီတို႔အိမ္မွာ ေဆာ့ေနတာေၾကာင့္ ကြၽန္ေတာ္ေတာင္မနည္းျပန္ေခၚလာရတာကို သူ႔PaPaလက္ထဲေရာက္ေတာ့ တေနကုန္ လြမ္းေနတာတဲ့ေလ။ တကယ့္ လူလည္ေကာင္ေလး။

"ဒီေန႔ေရာ စာသင္ရတာ အဆင္ေျပရဲ႕လား ငယ္ "

ကြၽန္ေတာ္ေမးေတာ့ သားကို အာဘြားေပးေနရာကေန ေမာ့ၾကည့္ၿပီး ေခါင္းျပလာတဲ့ ကေလးငယ္ဟာ သိပ္ခ်စ္စရာေကာင္းေနျပန္တာေၾကာင့္ ႏႈတ္ခမ္းပါးကို အနမ္းတစ္ပြင့္ေႁခြလိုက္ေတာ့ ကေလးငယ္က သေဘာတက်ရယ္သည္။

"အူက်ဴး~daddy ဆီကိုလာ Daddy ခ်ီမယ္ ~PaPa က ပင္ပန္းမွာေပါ့ အခုမွ ေက်ာင္းကေနဆင္းလာတာကို "

ကြၽန္ေတာ္ေျပာေတာ့ ကေလးငယ္က ေခါင္းခါျပကာ

"ရပါတယ္ သားရဲ႕ ကိုယ္ေလးက ေပါ့ေပါ့ေလးဟာကို "

"Daddy ခ်ီ ~PaPa သနားပါရယ္ "

ကေလးငယ္က ေျပာေနေပမယ့္ ကြၽန္ေတာ့္ဆီလက္ကမ္းကာ ေျပာလာေသာ သားေၾကာင့္ ကေလးငယ္က ၿပဳံးကာ ေခါင္းခါသည္။ သားကိုခ်ီကာ ကေလးငယ္လက္ထဲက အိတ္ကိုပါယူလိုက္ေတာ့ ခါးကိုဖက္ကာ ရင္ခြင္ထဲကို ဝင္လာတဲ့ကေလးငယ္။ ေဘးနားက ေက်ာင္းသူေလးအခ်ိဳ႕က ၿပဳံးစိစိနဲ႔ၾကည့္သြားေသာ္လည္း သူတို႔ရဲ႕ Tutor ဆရာေလးကေတာ့ အၿပဳံးမပ်က္ေပ။

~~~~~~~~~

အေနာက္ဘက္က သူ႔ထိုင္ခုံကေန ကေလးငယ္ရင္ခြင္ထဲကို ေနရာေျပာင္းလာေသာ သားက အေရွ႕မွာ ထိုင္ရင္း သူ႔PaPa ရဲ႕ အေပၚဝတ္အက်ႌၾကယ္သီးေလးေတြကို ျဖဳတ္လိုက္တပ္လိုက္လုပ္ကာ ေဆာ့ေနသည္။

"အူက်ဴးက PaPa ကို ဘယ္ေလာက္ေတာင္ လြမ္းေနတာလဲ "

ကေလးငယ္ကေမးေတာ့ သားဟာ ကေလးငယ္ရင္ခြင္ထဲမွာထိုင္ၿပီး အျပင္ကိုၾကည့္ေနရာကေန သူ႔PaPa ကို ေမာ့ၾကည့္လာၿပီး

"ေဟာ္~~ဒီေလာက္ႀကီးလြမ္းေနတာ "

ေဟာ္ ဆိုေသာေနရာမွာ အသံကိုဆြဲကာ လက္ေသးေသးေလးႏွစ္ဖက္ကို အေပၚဘက္ကို ကားျပၿပီး ေျဖလာေသာ သားေၾကာင့္ ကြၽန္ေတာ္ ၿပဳံးလိုက္သည္။ ကေလးငယ္ ကေတာ့ သေဘာတက်ႏွင့္ သားရဲ႕ဆံပင္ေလးေတြၾကားထဲ ႏွာေခါင္းႏွစ္ကာ နမ္းေနသည္။ အေဖသဲသဲလႈပ္ သားကဲကဲပိုတို႔ ႏွစ္ေယာက္ကိုၾကည့္ရင္း ကြၽန္ေတာ္ အသံထြက္ကာ ရယ္လိုက္ေတာ့ ႏွစ္ေယာက္သား လွည့္ၾကည့္လာၿပီး ေမးဆတ္ျပၾကသည္။ သားအဖႏွစ္ေယာက္လုံး တပုံတည္းေလးေတြ ခ်စ္စရာေကာင္းတာဆိုတာက။

"Jin Hyung ေရခဲမုန္႔စားခ်င္လို႔"

ကေလးငယ္ ရဲ႕ စကားကို ေခါင္းခါျပကာ ျငင္းလိုက္သည္။ သားအဖ ႏွစ္ေယာက္လုံး ေရခဲမုန္႔စားေနၾကတာ သုံးရက္ရွိေနၿပီျဖစ္သည္။

"Daddy ကရယ္ ~ဝယ္ေကြၽးပါ~"

သားကပါ မ်က္လုံးဝိုင္းႀကီးေတြနဲ႔ၾကည့္ကာ ပူဆာလာသည္။ သားရဲ႕ ပုတ္ခတ္ပုတ္ခတ္မ်က္လုံးေလးေတြေၾကာင့္ ေလ်ာ့ခ်င္ခ်င္ျဖစ္ေနတဲ့ စိတ္ေတြကို တင္းကာ ေခါင္းခါျပလိုက္ေတာ့ သားအဖ ႏွစ္ေယာက္လုံးက သက္ျပင္းခ်ျပသည္။ ကေလးငယ္က ခိုးၾကည့္လာတာကို ေတြ႕ၿပီး ႀကိတ္ၿပဳံးလိုက္မိသည္။ ကေလးငယ္က သားကို ေမြးၿပီးမွ သူနဲ႔အတူ ဆိုးေဖာ္ဆိုးဖက္ရေနတာပင္။

"Daddy ႐ို႕~~"

"မရဘူး ၿပီးရင္ ေခ်ာင္ဆိုးၾကေတာ့မွာ "

ကြၽန္ေတာ္ေျပာတာ သားက ႏႈတ္ခမ္းဆူျပသည္။

"ေခ်ာင္းမဆိုးပါဘူး ဝယ္ေကြၽးပါလို႔ ေနာ္ Jin Hyung ေနာ္ ~~"

ကြၽန္ေတာ္က ေခါင္းခါျပေတာ့

"Daddy လို႔ ဝယ္ေကြၽးပါေနာ္ ~ေနာ္ ~ငယ့္ကို မခ်စ္ဘူးလားဟင္ "

ကေလးငယ္ရဲ႕ Daddy ဟု ေခၚသံအဆုံးမွာ ကြၽန္ေတာ္ သေဘာတက်ရယ္လိုက္သည္။ သိပ္ခ်စ္စရာေကာင္းတဲ့ကေလးငယ္က သူလိုခ်င္တာရွိရင္ သားနဲ႔အတူေရာကာ Daddy ဟု ေခၚတတ္သည္။

"ေနာ္ ~~ေနာ္လို႔ "

"daddy႐ို႕~~"

သားအဖ ႏွစ္ေယာက္လုံး ခြၽဲျပေနတာေၾကာင့္ ကြၽန္ေတာ္ရယ္ကာ ေခါင္းၿငိမ့္ျပလိုက္ေတာ့ ဝမ္းသာအားရ လက္ခုပ္တီးၾကသည္။

"တစ္ဗူးပဲေနာ္ ႏွစ္ေယာက္ခြဲစားရမွာ "

ေရခဲမုန္႔ဆိုင္ဘက္ကို ေမာင္းရင္း ကြၽန္ေတာ္ေျပာလိုက္ေတာ့ ေခါင္းၿငိမ့္ျပလာတဲ့ သားအဖႏွစ္ေယာက္ ေျပာရသာတာေျပာတာ ဆိုင္ေရာက္ရင္ သားလုပ္တဲ့သူက ႏို႔ယူၿပီး အေဖလုပ္တဲ့သူက စေတာ္ဘယ္ရီယူမွာမို႔ တစ္ေယာက္တစ္ဗူးပဲ ဝယ္ေပးရအုံးမွာ အေသအခ်ာ။ လူလည္သားအဖေလး။

~~~~~~

"သားသား လက္ဆန္႔ ~"

ေရခ်ိဳးၿပီး ထြက္လာေတာ့ သားကို ညဝတ္အက်ႌ ဝတ္ေပးေနတဲ့ ကေလးငယ္။ အျပာႏုေရာင္ေလးေပၚမွာ ဝက္ဝံ႐ုပ္ကေလးေတြပါတဲ့ family pajama ကို ဝတ္ထားတဲ့ သားႏွင့္ကေလးငယ္ဟာ မသိရင္ အသက္ကြာတဲ့ ညီအကိုေလးလိုပင္။

"Jin Hyung ~ငယ္ အက်ႌထုတ္ေပးထားတယ္ ဒီမွာ "

သူလွမ္းေပးတဲ့ အက်ႌကိုၾကည့္လိုက္ေတာ့ သူတို႔ႏွင့္ဆင္တူအက်ႌေလး ကေလးငယ္က ေတြ႕တိုင္းဝယ္တာမို႔ မိသားစုဆင္တူအက်ႌေလးေတြ ေတာ္ေတာ္မ်ားေနၿပီျဖစ္သည္။

"အူက်ဴး ~စာအုပ္ၾကည့္ၿပီးရင္ အိပ္ၾကရေအာင္ေနာ္ PaPa ေခ်ာ့သိပ္မယ္ "

သူ႔PaPaေျပာေတာ့ ေခါင္းၿငိမ့္ျပကာ ေခါင္းရင္းဘက္ကိုတက္သြားၿပီး သူ႔ရဲ ႐ုပ္ျပစာအုပ္ေလးကိုဖြင့္ကာ လက္ကေလးနဲ႔ေထာက္ၿပီး ၾကည့္ေနတဲ့သားကို အက်ႌဝတ္ရင္းႏွင့္ ၾကည့္ကာ ရယ္လိုက္သည္။ ဒယ္ဒီက ဝယ္လာေပးေသာ စာအုပ္ေလးသည္ အ႐ုပ္ကေလးေတြႏွင့္ စိတ္ဝင္စားစရာေကာင္းတာေၾကာင့္ သားက အရမ္းသေဘာက်သည္။

"Jin Hyung ~အလုပ္ေတြ အဆင္ေျပတယ္မလား "

ကြၽန္ေတာ့္အားအက်ႌၾကယ္သီးတပ္ေပးကာ ေမးလာေသာ ကေလးငယ္ေၾကာင့္ ေခါင္းၿငိမ့္ျပကာ

"မာမီက မနက္ျဖန္လာရင္ ဘာခ်က္ေကြၽးရမလဲတဲ့ ေမးေနတာ ငယ္ ဖုန္းဆက္လိုက္အုံး "

"ခဏေန သား အိပ္ခါနီးက်ရင္ ဒယ္ဒီနဲ႔ VC ေခၚၾကအုံးမွာပဲေလ ငယ္ အဲ့က်ရင္ ေျပာလိုက္မယ္ "

ၿပဳံးၿပီးေျပာလာတဲ့ ကေလးငယ္ရဲ႕စကားအဆုံးမွာ ကြၽန္ေတာ္ေခါင္းၿငိမ့္ျပလိုက္သည္။ ကိုယ့္အိမ္မွာ ကိုယ္ျပန္ေနၾကတယ္ဆိုေပမယ့္  တနလၤာကေန ေသာၾကာအထိက ကေလးငယ္ေရာ ကြၽန္ေတာ္ပါ အလုပ္သြားရတာေၾကာင့္ တေနကုန္ သားက မာမီႏွင့္ေနခဲ့ရသည္။ ၿပီးေတာ့ စေန တနဂၤေႏြ ႏွစ္ရက္က ဒယ္ဒီရဲ႕အမိန္႔ေၾကာင့္ အဲ့အိမ္မွာ သြားအိပ္ရ၍ ဘာမွေတာင္ သိပ္မထူးျခားသလို။

"လာကုတင္မွာ ထိုင္ ငယ္ ေခါင္းသုတ္ေပးမယ္ "

ကုတင္စြန္းမွာ ထိုင္လိုက္ေတာ့ သဘက္ယူကာ ေခါင္းသုတ္ေပးလာတဲ့ ကေလးငယ္ရဲ႕ ကိုယ္လုံးေလးကို ဆြဲဖက္လိုက္သည္။ ဆံပင္သုတ္ေပးေနတဲ့ ကေလးငယ္ရဲ႕ ဗိုက္ေပၚကို မ်က္ႏွာအပ္ကာ ၿငိမ္ေနၿပီး ဇိမ္ခံေနလိုက္ေတာ့ သူက ခပ္ေသာေသာရယ္လာသည္။

"PaPa ဒါ ဘာေကာင္ႀကီးရယ္ "

"အဲ့တာက ေႁမြ ~snake "

"အာ~~စနိတ္ ေႁမြ~"

စကားကမပီေသးဘဲ ဘိုလိုေျပာခ်င္ေနတဲ့ သားေၾကာင့္ ကြၽန္ေတာ္ရယ္လိုက္သည္။

"Dog က ဘာလဲ သားသိလား "

"ေထြး ~ေဒါ့ ေထြး "

"Cat က "

"ကတ္က ေၾကာင္ "

"အျပာေရာင္ကို ဘယ္လိုေခၚလဲ "

"ဘ႐ူးေရ~~ဘ႐ူး အျပာေရာင္ "

"PaPa သားက ေတာ္လိုက္တာ "

ခ်ီက်ဴးစကားေျပာလိုက္ေတာ့ သေဘာက်ကာ တခစ္ခစ္နဲ႔ ရယ္ေနတဲ့ သားသားေလး ...

"Holly ကေရာ "

"PaPa ကရယ္ ~ဟိုလီက ေဒါ့ေရ~"

သက္ျပင္းခ်ကာ ေျပာလာေသာ သားေၾကာင့္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးရယ္လိုက္သည္။ ကေလးငယ္သည္ သားကို မူႀကိဳမထားေသးေပမယ့္ ေတာ္ေတာ္မ်ားမ်ားကို သင္ေပးသည္။ ဉာဏ္ေကာင္းတဲ့ သားကလည္း သူ႔PaPa သင္သမွ်ကို အကုန္လုံးနီးပါး မွတ္မိေနၿပီျဖစ္သည္။

"ကဲ စာအုပ္ကိုခ်ၿပီး အိပ္ၾကစို႔ မင္းသားေလး ~~"

ကေလးငယ္က ကြၽန္ေတာ့္အားေခါင္းေျခာက္ေအာင္ သုတ္ေပးၿပီးတဲ့ေနာက္မွာ သားဆီသြားကာ စာအုပ္ကိုပိတ္ၿပီး ခ်ီလိုက္သည္။ ကေလးငယ္ရဲ႕ ပခုံးေပၚမွာမွီရင္း မ်က္လုံးကို လက္ေသးေသးေလးေတြနဲ႔ ပြတ္ေနတဲ့သားက အိပ္ခ်င္ေနဟန္တူသည္။

"တားမအိပ္ေသးခင္ ဘိုးဘိုးႀကီးနဲ႔ စကားေၾကာအုံးမွာေရေနာ္ "

"ေကာင္းပါၿပီ အရွင္မင္းသားေလးခင္ဗ် "

ကေလးငယ္က ခပ္ေနာက္ေနာက္ေျပာေတာ့ သားကတခစ္ခစ္နဲ႔ရယ္သည္။

"Daddy ကို ႏႈတ္ဆက္လိုက္အုံး "

ကေလးငယ္ကေျပာေတာ့ ကြၽန္ေတာ့္ဘက္ကို လွည့္ၾကည့္လာကာ

"Daddy  ဂြတ္ႏႈိက္ ~"

အိပ္ခ်င္မူးတူးႏွင့္ ေျပာလာေသာ သားေၾကာင့္ ကုတင္ေပၚကေန ထကာ သူနားသြားၿပီး ပါးေလးေတြကို နမ္းလိုက္ေတာ့ ၿပဳံးျပလာသည္။ သိပ္ခ်စ္ရတဲ့ သားသား။

"ငယ္ သားကို သိပ္လိုက္အုံးမယ္ Jin Hyung "

ေခါင္းၿငိမ့္ျပကာ ငယ္ထြက္သြားၿပီးေနာက္ အလုပ္ခုံမွာ ထိုင္လိုက္သည္။ ဒယ္ဒီအလုပ္အျပည့္မဟုတ္ေပမယ့္ စာရင္းပိုင္းေတြ တာဝန္ယူေပးထားရတာမို႔ တာဝန္အနည္းငယ္ႀကီးသည္ေလ။

စာရင္းလုပ္ေနရာကေန သားရဲ႕အခန္းကေန ခပ္ေအးေအး သားေခ်ာ့သံေလး ပ်ံ႕လြင့္လာတာၾကားေတာ့ ကြၽန္ေတာ့္အလုပ္ကိုရပ္ကာ နားေထာင္ရင္း ၿပဳံးလိုက္သည္။ ကေလးငယ္ရဲ႕ သီခ်င္းသံကို သားရဲ႕ အိပ္ရာဝင္ေတးဆိုျပခ်ိန္သာ နားေထာင္ရသည္။ က်န္တဲ့အခ်ိန္ဆို အေၾကာက္အကန္ျငင္းရတဲ့ အေၾကာင္းအရင္းက ရွက္လို႔တဲ့ေလ။

အခ်ိန္အနည္းငယ္ၾကာေတာ့ တံခါးအသာဖြင့္ကာ ဝင္လာေသာ ကေလးငယ္ေၾကာင့္

"သား အိပ္သြားၿပီလား "

"အြန္း အိပ္သြားၿပီ "

ကြၽန္ေတာ့္အေမးကို ျပန္ေျဖရင္းႏွင့္ပင္ ဆံပင္ေတြၾကားထဲေရာက္လာေသာ ကေလးငယ္ရဲ႕ လက္အသြယ္သြယ္။

"စာရင္းေတြ ကူေပးရမလား "

သူေမးတာကို ေခါင္းခါျပၿပီး တပ္ထားေသာ မ်က္မွန္ကိုခြၽတ္ကာ ေခါင္းကို အေနာက္သို႔ ေမာ့ခ်လိုက္ေတာ့  သူကၿပဳံးကာ နဖူးႏွင့္ နားထင္ကိုပါ ႏွိပ္ေပးသည္။

"ပင္ပန္းေနၿပီလား "

"အြန္း ပင္ပန္းတယ္ တအားပဲ "

ကြၽန္ေတာ္ေျပာေတာ့ ကေလးငယ္ရဲ႕ မ်က္ဝန္းေတြမွာ စိုးရိမ္ရိပ္ေတြ ျဖတ္ေျပးသြားတာေတြ႕လိုက္ရေသးသည္။

"ငယ္ ဘာကူေပးရမလဲဟင္ "

စိုးရိမ္တႀကီးေမးလာေသာ ကေလးငယ္ရဲ႕ လက္အသြယ္သြယ္ကို ဆြဲယူကာ နမ္းရႈိက္လိုက္သည္။

"ငယ္တစ္ခုလုပ္ေပးရင္ရတယ္ ~"

"ဘာလဲ "

နားမလည္သလို ၿပဳံးၿပီး ေမးလာေသာ ကေလးငယ္ကို လက္ကေနဆြဲေခၚကာ ေပါင္ေပၚဆြဲတင္လိုက္ေတာ့ အူတူတူေလးႏွင့္ၾကည့္လာသည္။ ႐ိုးအ,တာေလးက အသက္ႀကီးလာတာေတာင္ ေပ်ာက္မသြား။

"ဒီလိုလုပ္ေပးရင္ ရၿပီ "

ေျပာကာ သူ႔ရဲ႕ကိုယ္လုံးေလးကို တင္းေနေအာင္ဆြဲဖက္လိုက္ေတာ့ ကေလးငယ္ ခပ္ေသာေသာရယ္သည္။ ကေလးငယ္ရဲ႕ အသက္ရႈသံေတြဟာ ရင္ခြင္ထက္မွာ ခစားလို႔။ ျဖဴစင္သူရဲ႕ ခႏၶာကိုယ္ငယ္ကို စကၠန္႔မလပ္ ေထြးေပြ႕ထားခ်င္မိတာက ကြၽန္ေတာ့္ေရာဂါတစ္ပါး ျဖစ္လိမ့္မည္။

"ဒီလိုဆို  ပင္ပန္းတာေတြေပ်ာက္သြားေရာလား "

ဖက္ထားရာကေန လႊတ္ေပးလိုက္ေတာ့ ကေလးငယ္က ေမးသည္။

"အင္း အားေတြျပည့္သြားသလိုပဲ "

သူကရယ္သည္။

"မနက္ျဖန္ Tae ရဲ႕ မဂၤလာေဆာင္ သြားရမွာေနာ္ "

အက်ႌရဲ႕ ပထမဆုံးၾကယ္သီးကို ျဖဳတ္လိုက္တပ္လိုက္လုပ္ေနရင္းနဲ႔ ေမးလာေသာ ကေလးငယ္ေၾကာင့္

"သြားရမွာေပါ့ ကိုယ့္ညီေလးနဲ႔ ငယ္ရဲ႕ အခ်စ္ဆုံးေလး မဂၤလာေဆာင္ပဲကို "

"ငယ့္ကို သတို႔သားအရံ လုပ္ပါ့လားတဲ့ ေက်ာင္းတုန္းက senior အမႀကီးနဲ႔ တြဲရမွာတဲ့ "

"မလုပ္ရပါဘူး "

ကြၽန္ေတာ္က မ်က္ေမွာင္ၾကဳပ္ကာေျပာေတာ့ သူက ၿပဳံးစိစိလုပ္ျဖင့္

"အဲ့အမႀကီးက ေခ်ာတယ္ဗ်ေနာ္ "

"ငယ္ ~~"

ကြၽန္ေတာ့္ရဲ႕အသံကို မာလိုက္ေသာ္လည္း သူကအရယ္မပ်က္။

"သူကေခ်ာတယ္ဆိုေတာ့ ကိုယ္ကေရာ "

"အြန္း ~~"

ကြၽန္ေတာ္ကေမးတာကို ၾကယ္သီးကိုကိုင္ကာ အၾကာႀကီးစဥ္းစားျပေနတာေၾကာင့္။အသဲယားစြာ ထိုလက္သြယ္သြယ္ကို ယူကာ ခပ္နာနာေလးကိုက္လိုက္ေတာ့

"အ Jin Hyung ~"

စူပုတ္ကာၾကည့္လာတဲ့ ကေလးငယ္ရဲ႕ ပါးေလးကို ခပ္ဖြဖြ ဆြဲလိမ္ကာ

"ေျပာေလ ~"

"Jin Hyung က ~~႐ုပ္ဆိုးတယ္ လူဆိုးႀကီး "

ေျပာၿပီး လွ်ာထုတ္ျပကာ ျမန္ျမန္ထေျပးေသာ ကေလးငယ္ေၾကာင့္

"ေအာေဟာ့ ~အဲ့လူဆိုးႀကီး လက္ထဲကေန လြတ္ေအာင္ေျပးစမ္းပါ "

သူ႔ေနာက္လိုက္ကာ အက်ႌစကို လွမ္းဆြဲေတာ့

"အက်ႌၿပဲမယ္ေနာ္ ဒီလိုဟာ ရွာဝယ္ေပးမွာမို႔လို႔လား "

အတင္း႐ုန္းရင္း ေျပာလာေသာ ကေလးငယ္ကို ကုတင္ေပၚဆြဲခ်ကာ ေျခေထာက္ေလးႏွစ္ေခ်ာင္းကို ဖိၿပီး အေပၚကေန ခြထိုင္လိုက္သည္ ။

"လြတ္ေအာင္ေျပးလို႔ေျပာေနသားပဲ "

ကြၽန္ေတာ္ေျပာကာ သူအားကလိထိုးေတာ့ ယားလို႔ ေအာက္ကေန ရယ္ကာ တြန္႔လိမ္ၿပီး ႐ုန္းကန္ေနတဲ့ ကေလးငယ္။ လူကိုငုံ႔ၿပီး နားနားကပ္ကာ ေလနဲ႔မႈတ္ေတာ့ တားလာတဲ့ လက္ကေလးေတြကို လက္တစ္ဖက္ႏွင့္ လွမ္းခ်ဳပ္လိုက္သည္။ ထပ္ၿပီးလုပ္ေတာ့ ကေလးငယ္က ရယ္ကာ

"ေတာ္ၿပီ ေတာ္ၿပီ မွားသြားပါတယ္ ~"

ေတာင္းပန္လာေသာ ကေလးငယ္ေၾကာင့္

"ေနာက္ စ,အုံးမွာလား "

ကြၽန္ေတာ္ေမးတာကို မေျဖပဲ ရယ္ျပေနေသာ ကေလးငယ္ေၾကာင္း နားကို ေလႏွင့္ထပ္မႈတ္လိုက္ကာမွ

"မ စ,ေတာ့ဘူး ေတာ္ၿပီ ေတာ္ၿပီ ယားတယ္ "

ခ်ဳပ္ထားေသာ လက္ေလးကို လြတ္ကာ ပါးေလးကို နစ္ေနေအာင္ နမ္းလိုက္သည္။

"ေျပာ ကိုယ္က ႐ုပ္ဆိုးတယ္လား "

ကြၽန္ေတာ္ေမးေတာ့ တခိခိႏွင့္ ရယ္ကာ

"႐ုပ္ဆိုးတယ္ကြာ "

"႐ုပ္ဆိုးတယ္ ေျပာရင္ နမ္းတယ္ကြာ "

ေျပာၿပီး သူႏႈတ္ခမ္းပါးေလးကို ထိကပ္လိုက္သည္။

"႐ုပ္ဆိုးတယ္လား "

ထပ္ေမးေတာ့ ရယ္ေနတာေၾကာင့္

"ရယ္ေနလို႔ နမ္းတယ္ကြာ "

ထပ္ၿပီး ႏႈတ္ခမ္းပါးေလးကို နမ္းလိုက္သည္။

"စဥ္းစားေနတယ္ေလ "

"စဥ္းစားေနလို႔ နမ္းတယ္ကြာ "

ႏႈတ္ခမ္းပါးေလးကို ထပ္ၿပီး နမ္းလိုက္ျပန္သည္။

"အသားယူတယ္ကြာ "

"ေမးတာမေျဖလို႔ နမ္းတယ္ကြာ "

ေျပာကာ နမ္းမလို႔လုပ္ေတာ့ လက္ေလးနဲ႔ ကြၽန္ေတာ့္မ်က္ႏွာကို တြန္းလိုက္ၿပီး ကြၽန္ေတာ့္ကို ေသခ်ာၾကည့္ကာ

"ေခ်ာတာေပါ့ ငယ့္ေယာက္်ားက ငယ့္အတြက္ေတာ့ ကမာၻေပၚမွာ အေခ်ာဆုံးပဲ"

ၿပဳံးကာ ေျပာလာေသာ ကေလးငယ္ေၾကာင့္

"ဒါကက် လိမၼာလို႔ ဆုခ်တာ "

ကြၽန္ေတာ္ေျပာကာ သူ႔ႏႈတ္ခမ္းပါးေတြကို တရႈိက္မတ္မတ္ နမ္းလိုက္သည္။ တျဖည္းျဖည္းနက္ရႈိင္လာတဲ့အနမ္းေတြႏွင့္အတူ ကေလးငယ္ရဲ႕ လက္ေခ်ာင္းသြယ္သြယ္ၾကားကို ကြၽန္ေတာ့္လက္ေခ်ာင္းေတြ တိုးဝင္ကာ သူ၏လက္ဖဝါးေလးကို ဆုပ္ကိုင္လိုက္သည္။

ျငင္းဆန္ျခင္းမရွိေသာ သူ႔ရဲ႕ဟန္ေၾကာင့္ ကြၽန္ေတာ္ေရွ႕ဆက္တိုးမိသည္။ ကေလးငယ္သေဘာက်ေသာ ဝက္ဝံ႐ုပ္ေလးေတြပါတဲ့ အက်ႌေလးကေတာ့ ပိုင္ရွင္မဲ့စြာ ၾကမ္းျပင္ထက္သို႔ တိတ္ဆိတ္ၿငိမ္သက္စြာ လွဲေလ်ာင္းလို႔။

"ခ်စ္တယ္ ငယ္~"

ကြၽန္ေတာ္ေျပာကာ သူအားေနရာမလပ္ အျမတ္တႏိုးအနမ္းေႁခြကာ အိပ္ရာထက္က ပန္းခ်ီအား ႏွစ္ကိုယ္တူ အလွပဆုံး ပုံေဖာ္ခဲ့ၾကသည္။

~~~~~~~~

"Daddy ~~ေနာက္က်ေနၿပီ တားက အူးအူးထြယ္ထြယ္ကို ပန္းႀကဲေပးရမွာပါဆို "

ကားေပၚကေန ေအာ္ဟစ္ေနေသာ သားေၾကာင့္ ကြၽန္ေတာ္ရယ္လိုက္သည္။ အဲ့ဒါေၾကာင့္ ေစာေစာထပါဆိုတာကို ငါးမိနစ္ ငါးမိနစ္ႏွင့္ ျပန္အိပ္ေနၿပီးေတာ့။

"လာပါၿပီ အူက်ဴးရာ ~ "

ေျပာကာ ကားထဲဝင္လာေသာ Jin Hyung။ necktie ဟာ အနည္းငယ္ေစာင္းေနတာေၾကာင့္ သူ႔ဘက္လွည့္ကာ ျပင္ေပးေတာ့ နဖူးကို ခပ္ဖြဖြနမ္းသည္။

"Daddy သြားရေအာင္ေရ ေနာက္က်ေတာ့မယ္ "

ေနာက္ကေန သားရဲ႕စကားေၾကာင့္ ကြၽန္ေတာ္ေရာ Jin Hyung ပါ ရယ္ကာ Tae တို႔ရဲ႕ မဂၤလာပြဲေလးဆီသို႔ ကားေလးအား ဦးတည္လိုက္သည္။

ေလွ်ာက္လမ္းေပၚမွာ ပန္းႀကဲေနေသာသားႏွင့္ အေနာက္က သတို႔သားဝတ္စုံအျဖဴေရာင္ေလးႏွင့္ သိပ္ခ်စ္စရာေကာင္းေနေသာ Tae ေလးအား ၾကည့္ရင္း ၿပဳံးလိုက္သည္။

"Hyung ~~ Tae Tae ကိုၾကည့္စမ္းပါ ၿပဳံးၿဖီးေနတာပဲ "

အနားနားကပ္ေျပာလာေသာ Jiminnie ရဲ႕ စကားေၾကာင့္ ကြၽန္ေတာ္ရယ္လိုက္ၿပီး

"Jiminnie လိုေတာ့ ဂ်ီမက်ဘူးမလား "

"Hyung ကလည္း "

ကြၽန္ေတာ္က ျပန္ေမးလိုက္ေတာ့ Jiminnie က အသံတိုးတိုးနဲ႔ေျပာလာၿပီး ေဘးနားက Hoseok hyung ကလည္း ရယ္သည္။ မွတ္မိပါေသးသည္ Jiminnie မဂၤလာေဆာင္တုန္းက သူႀကိဳက္တဲ့လက္ကိုင္ပန္းမဟုတ္ရင္ မေဆာင္ဘူးဆိုလို႔ အနားကပန္းဆိုင္ေတြ အကုန္လုံးမွာ လိုက္ရွာၿပီး ဝယ္ေပးခဲ့ရတာကို။

"Tae အခ်စ္စစ္ကို ေတြ႕သြားလို႔ေတာ္ေသးတယ္ "

Jiminnie ရဲ႕စကားေၾကာင့္ ကြၽန္ေတာ္ေခါင္းၿငိမ့္ျပကာ ဂုဏ္ျပဳစကားေျပာေပးေနေသာ Jin Hyung ကိုၾကည့္လိုက္ၿပီး

"အခ်စ္ဆိုတာ လိုက္ရွာလို႔မေတြ႕ဘူးရယ္ ဒီတိုင္းေလး ဒီတိုင္းေလးပဲ ကိုယ့္ကိုယ္ကို မသိလိုက္တဲ့ အခ်ိန္ေလးမွာေတာင္ အဲ့လူကို ကိုယ့္ဘဝထက္ ပိုၿပီးခ်စ္သြားတာမ်ိဳး ~အခ်စ္ဆိုတာ ဆန္းၾကယ္လြန္းတယ္ "

ကြၽန္ေတာ့္စကားကို Jiminnie က ေခါင္းၿငိမ့္ျပကာ ေထာက္ခံသည္။

မဂၤလာလက္စြပ္လဲၿပီးလို႔ အကုန္လုံးၿပီးေတာ့ Tae လက္ထဲက ပန္းစည္ကို ဖမ္းရန္လုပ္ေနၾကေသာ သူေတြရဲ႕ ေနာက္မွာ ရပ္ကာ သားႏွင့္ Jin Hyung ကို ေစာင့္ေနမိသည္။ ထိုစဥ္ Tae လက္ထဲက ပန္းစည္းကို ေတာင္းယူလိုက္ေသာ Jin Hyung ေၾကာင့္ ဘာလုပ္မလို႔လဲဟု ၾကည့္လိုက္သည္ ။

လက္ထဲမွာ ပန္းစည္းကိုင္ကာ တစ္ဖက္က သားရဲ႕လက္ကိုဆြဲရင္း ကြၽန္ေတာ္ဆီ ေလွ်ာက္လာတဲ့ Jin Hyung ကို လူေတြက ေဘးဖယ္ေပးၾကသည္။ ကြၽန္ေတာ့္ေရွ႕ေရာက္ေတာ့ ပန္းစည္းကို လက္ထဲထည့္ကာ ဒူးတစ္ဖက္ေထာက္ကာ ထိုင္ခ်လိုက္ေသာ Jin Hyung ေၾကာင့္ ကြၽန္ေတာ္အံၾသတႀကီး ၾကည့္လိုက္မိသည္။

"ကိုယ့္ကို ျပန္လက္ထပ္မလား ငယ္ "

လက္စြပ္ဗူးေလးဖြင့္ကာ ေျပာလာေသာ Jin Hyung ေၾကာင့္

"ဘာလုပ္တာလဲ ရွက္စရာႀကီး "

ကြၽန္ေတာ္ရွက္ရယ္ရယ္ကာ တိုးတိုးေလးေျပာေတာ့ ေဘးနားမွာ ၾကည့္ေနတဲ့ Tae တို႔က ရယ္ၾကသည္။

"လက္ထပ္မွာလား ငယ္ "

ေမာ့ၾကည့္ကာ ၿပဳံးစိစိႏွင့္ေျပာေနေသာ Jin Hyung။

"PaPa ~တားတား Daddy ကို လက္ခံရက္ပါေနာ္ "

လက္ကိုဆြဲကာ ေျပာလာေသာ သားေၾကာင့္ Jin Hyung ကိုၾကည့္ကာ ေခါင္းၿငိမ့္ျပေတာ့ လက္ကိုယူကာ လက္စြပ္ေလးကို ဝတ္ဆင္ေပးလာသည္။ မတ္တပ္ရပ္ကာ ႏႈတ္ခမ္းပါးအား အနမ္းတစ္ပြင့္ေႁခြေတာ့ ေဘးနားက လူေတြက လက္ခုပ္တီးကာ ေကာင္းခ်ီးေပးၾကသည္။ ကြၽန္ေတာ္ အရွက္သည္းစြာပင္ Jin Hyung ရင္ခြင္ထဲဝိုင္းကာ ပုန္းလိုက္မိသည္။

ခ်စ္တတ္လိုက္တာ ကြၽန္ေတာ့္လူႀကီးရယ္ ...

~~~~~

"Tae ငါ့ကိုၾကည့္ရတာ အဆင္ေျပရဲ႕လား "

မွန္ထဲမွာၾကည့္ရင္းကေန ေမးလာေသာ Yoongi ေၾကာင့္ Tae ၿပဳံးကာ ေခါင္းညိမ့္ျပလိုက္သည္။

"Jin Hyung ကလည္း လက္ထပ္ၿပီးသားႀကီးကို ျပန္လက္ထပ္ရတယ္လို႔ "

ရွက္ရယ္ရယ္ကာေျပာလာေသာ yoongi ေၾကာင့္ Tae ႏွင့္ Jimin ရယ္လိုက္သည္ ။

Hyung က ဘာပဲေျပာေျပာ ျပန္ၿပီးလက္ထပ္ပြဲလုပ္တာကို Tae ကေတာ့ သေဘာက်ပါသည္။ အရင္တုန္းကဟာက Hyung အတြက္ မဂၤလာပြဲမွမဟုတ္ခဲ့တာ ဒီတိုင္း စိတ္ညစ္စရာ အတိတ္ျဖစ္ခဲ့တာမလား။

"သားငယ္ "

အခန္းတံခါးကိုဖြင့္ကာ ဝင္လာေသာ ဒယ္ဒီေၾကာင့္ Jiminnie တို႔ပါ မတ္တပ္ရပ္ကာ ႏႈတ္ဆက္လိုက္သည္။

"ဒယ္ဒီ ဘာကိစၥရွိလို႔လဲ "

ကြၽန္ေတာ္ေမးေတာ့ ဒယ္ဒီက ၿပဳံးကာ ကြၽန္ေတာ့္လက္ကို ဆြဲကိုင္လာၿပီး

"ဒယ္ဒီ့သားေလးကို လက္တြဲေခၚေပးဖို႔ လာတာေလ "

"ဒယ္ဒီ "

ကြၽန္ေတာ္ မ်က္ရည္ေတြဝဲလာေသာ ဒယ္ဒီက ဆုပ္ကိုင္ထားတဲ့လက္ကို ခပ္ဖြဖြပုတ္ေပးကာ

"မငိုနဲ႔ေလ မ်က္ရည္ေတြနဲ႔ မလွပဲေနလိမ့္မယ္ "

ဒယ္ဒီရဲ႕စကားေၾကာင္း ရယ္လိုက္ၾကသည္။

မဂၤလာေဆာင္ခန္းမတံခါးကိုဖြင့္လိုက္ေတာ့ ကြၽန္ေတာ့္ခ်စ္ရသူက ထိပ္ဆုံးမွာ ရပ္ေစာင့္ေနေလသည္။

"လာ သား "

ေျပာကာ လက္ကမ္းေပးလာေသာ ဒယ္ဒီရဲ႕ လက္ကို ဆုပ္ကိုင္လိုက္သည္။ ေလွ်ာက္လမ္းတစ္ဝက္ေရာက္ေတာ့ ထိုင္ေနတဲ့ Tae တို႔က လက္ျပကာ လွမ္းစၾကသည္။ Jin Hyung ဆီေရာက္ခါနီးက် မာမီႏွင့္သားက ၿပဳံးရင္းၾကည့္ေနၾကသည္။

"သားငယ္ကို စိတ္ခ်မယ္ "

Jin Hyung ဆီ လက္လြဲေပးတုန္း စ,လာေသာ ဒယ္ဒီေၾကာင့္ ရယ္ၾကေသးသည္။ father ေရွ႕မွာ ရပ္ကာ မ်က္ႏွာခ်င္းဆိုင္လိုက္သည္။

"သတို႔သား Kim Seokjin သည္ သတို႔သား Min Yoongi ကို သက္ဆုံးတိုင္ ေပါင္းဖက္မည္လား"

Jin Hyung က ကြၽန္ေတာ့္ကို အျမတ္ႏိုးဆုံး ၾကည့္လာၿပီး

"ဟုတ္ ေပါင္းဖက္ပါမည္"

"သတို႔သား Min yoongi ကေရာ သတို႔သား Kim Seokjinကို သက္ဆုံးတိုင္း ေပါင္းဖက္မည္လား"

ကြၽန္ေတာ္ Jin Hyung အား ၿပဳံးၾကည့္ရင္းႏွင့္ပင္

"ဟုတ္ ေပါင္းဖက္ပါမည္"

ကြၽန္ေတာ္ေျဖေတာ့ Jin Hyung က အလွပဆုံး ၿပဳံးျပလာသည္။

လက္ထပ္လက္စြပ္လဲၿပီးေနာက္ အားလုံးက ေကာင္းခ်ီးေပးၾကသည္။

"အၾကင္နာေပးပါ "

လူအုပ္ထဲကေန ေအာ္လာေသာ Jiminnie တို႔ေၾကာင့္ ကြၽန္ေတာ္ လွမ္းၾကည့္လိုက္သည္။ Jin Hyung က ရယ္ကာ ကြၽန္ေတာ့္မ်က္ႏွာကို သူ႔လက္ဖဝါးႀကီးေတြႏွင့္ ခပ္ဖြဖြအုပ္ကိုင္လာၿပီး ႏႈတ္ခမ္းေတြကို ထိကပ္လိုက္သည္။ သားက သူ႔မ်က္စိကို သူ႔လက္ကေလးႏွင့္ အုပ္လိုက္သည္ကို ျမင္လိုက္ေသးသည္။

အနမ္းတစ္ပြင့္ကိုပုံေဖာ္ၿပီးေနာက္ နဖူးခ်င္းထိကပ္လိုက္ေတာ့ Jiminnie တို႔က ေအာ္ဟစ္ကာ စၾကသည္။

"ခ်စ္တယ္ "

Jin Hyung ကေျပာကာ လူကိုဒူးကေနေပြ႕ခ်ီရင္း ရမ္းလိုက္တာေၾကာင့္ သူ႔လည္ပင္းကို အားကိုးတႀကီး ဖက္တြယ္လိုက္မိသည္။ သားကေတာ့ ဒယ္ဒီေပၚကေန ကြၽန္ေတာ္တို႔ကိုၾကည့္ရင္း ေပ်ာ္႐ြင္စြာ လက္ခုပ္တီးေနေသးသည္။

~~~~~

"ငယ္ လာ "

မ်က္လုံးကို အဝတ္ႏွင့္စည္းၿပီး ေခၚလာေသာ Jin Hyung ေၾကာင့္ သူ႔လက္ကိုကိုင္ကာ လိုက္ခဲ့မိသည္။ သားငယ္က ဒီေန႔ မာမီတို႔ဆီမွာ ေနခဲ့မယ္ဆိုလို႔ ေခၚတာကိုလည္း မေခၚရဘူးတဲ့။ ဘာေတြလုပ္ေနတာလဲ မသိဘူး။

"ေရာက္ၿပီ "

ေျပာကာ မ်က္လုံးစည္းထားတဲ့ အဝတ္စကို ျဖည့္ေပးေတာ့ ျမင္ရတဲ့ျမင္ကြင္းေၾကာင္း သူ႔ကိုလွမ္းၾကည့္လိုက္သည္။

"Jin Hyung "

ပန္းေပါင္းစုံ ျဖန္႔က်ဲထားတဲ့ ကြၽန္ေတာ္တို႔အိမ္ေလးဟာ ဖေယာင္းတိုင္းမီးမွိန္ျပျပႏွင့္ သိပ္လွပေနသည္။ Jin Hyung လက္ကိုတြဲကာ လမ္းေလးအတိုင္ေလွ်ာက္သြားေတာ့ ေတြ႕ရတာက ပန္းပြင္ေလးေတြႏွင့္ အသည္းပုံေဖာ္ထားေသာ ကြၽန္ေတာ္တို႔အိပ္ရာေလးေပၚမွာ ေပ်ာ္႐ႊင္စရာ ညျခမ္းေလး ျဖစ္ပါေစဟုေသာ စာတန္းေလးႏွင့္။

"Jin Hyung ဒါေတြက "

"ကိုယ္ မာမီကို အကူအညီေတာင္းထားတာ "

သူ႔လည္ပင္းကိုသူ လက္ႏွင့္ပြတ္ရင္းေျပာလာေသာ Jin Hyung ကို ရင္ခြင္ထဲတိုးဝင္ကာ ဖက္လိုက္သည္။

"ကြၽန္ေတာ္ကို သိပ္ခ်စ္တာပဲလား "

"ခ်စ္တာေပါ့ ~႐ူးမတတ္ကိုခ်စ္တာ "

Jin Hyung ရဲ႕စကားေၾကာင့္ ကြၽန္ေတာ္ရယ္လိုက္သည္။

"ေျခလက္ေဆးလိုက္အုံးမယ္ "

ေျပာၿပီး လွည့္ထြက္လာေတာ့ ခါးေပၚေရာက္လာတဲ့ Jin Hyung ရဲ႕ လက္ေတြ လွည့္ၾကည့္လိုက္ေတာ့ ေႏြးေထြးမႈတစ္ခုက ႏႈတ္ခမ္းပါးေပၚက်ေရာက္လာသည္။ သူ႔ဘက္ကိုလွည့္ကာ သူရဲ႕ ေက်ာျပင္ကို ဖက္တြယ္လိုက္ၿပီး အတူတူ အနမ္းေတြၾကား စီးေျမာမိသည္။ လွ်ာဖ်ားကို စုပ္ယူမႈသည္ ေသြးသားေတြကို ဆူပြက္ေစသလို။

"ငယ္ ~"

ေတာင္းဆိုမႈဆန္ေသာ Jin Hyung ရဲ႕ ေခၚသံအဆုံးမွာ သူ၏ ဦးေဆာင္မႈေနာက္ကို ရင္ခုန္စြာ လိုက္သြားခဲ့မိသည္။

သူသည္ အရာအားလုံးတိုင္းတြင္ ကြၽန္ေတာ့္ကို ဦးစားေပးခဲ့သည္။ သူသည္ သူ႔ထက္ပိုၿပီး ကြၽန္ေတာ့္ကို ခ်စ္ျမတ္ႏိုးေပးခဲ့သည္။ ကြၽန္ေတာ္ဆုေတာင္းပါသည္။ ေနာင္ဘဝဆိုတာရွိခဲ့ရင္ေတာင္ ထိုသူ Kim Seokjin ကိုပဲ အသည္းထဲထိနင့္ေအာင္ ထပ္ခ်စ္ပါရေစဟု၍သာ။

_____THE END ______

Continue Reading

You'll Also Like

598K 102K 91
මා දන්නා ප්‍රේමනීයම යක්ශපරානය අග්නි!!
5.5K 517 7
မနက်ဖြန်တွေဆိုတာလည်းကိုယ်မယုံဘူး ကိုယ်ယုံကြည်တဲ့မနက်ဖြန်တိုင်းမှာ မင်းကိုယ့်ဘေးနားရှိနေရမယ် ယွန်း။
25.7K 3.7K 29
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️