Start writing your story
(
Unicode)
အန်တီက ဖုန်းဆက်ပြီးခေါ်တာကြောင့် ဆေးရုံဘက်ကို အပြေးလာခဲ့သည်...။ ဆေးရုံရောက်တော့ အပြင်ဘက်မှာ ရပ်စောင့်နေတဲ့ အန်တီကိုတွေ့တော့ အနားကို အမြန်သွားကာ...
"မာမီ ဘာလို့အပြင်ဘက်မှာ စောင့်နေတာလဲ "
ကျွန်တော်ပြောတော့ လက်ကိုအသာဆွဲကိုင်လာတဲ့ အန်တီ ကျွန်တော့်ကိုပြုံးပြသည်။
"ကျေးဇူးပါ သားငယ်လေး ~သားဆုံးဖြတ်ချက်ကို မာမီအရမ်းဝမ်းသာတာပဲ"
လက်ကိုဆုပ်ကိုင်ပြီးပြောနေတဲ့ အန်တီကြောင့် ကျွန်တော်တစ်ချက်ပြုးကာ ခေါင်းခါပြလိုက်သည်။ ပြီးမှ ခေါင်းကိုငုံ့ကာ...
"ကျွန်တော်လည်း Jin Hyung ရဲ့သွေးသားလေးကို လိုချင်ပါတယ်"
ကျွန်တော့်စကားအဆုံးမှာ အန်တီက နှစ်လိုဖွယ်ရာပြုံးသည်။ ဒီလိုမျိုးပြောရတာကို ရှက်မိတဲ့စိတ်ကြောင့် အောက်နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ကာ လည်ပင်းကို လက်နဲ့ပွတ်တိုက်မိ၏။
"ဝင်ကြရအောင်"
အန်တီရဲ့ ခေါ်ဆောင်မှုနောက်မှာ ဆေးရုံထဲသို့ ဝင်လာခဲ့သည်။ အန်တီနဲ့ ဒေါက်တာတို့ စကားပြောနေကြတာမို့ အပြင်ဘက်မှာ ထိုင်စောင့်ရင်း ကိုယ့်ဗိုက်ကလေးပေါ်ကို လက်လေးတင်ကာ ပြုံးမိသည်။
ခုတော့ ဘာမှမရှိသေးပေမယ့် နောက်ကို ဒီထဲမှာ ပိစိလေးတစ်ယောက် ခိုဝင်လာနိုင်တော့မည်ဖြစ်သည်။ Jin Hyung လိုချင်တဲ့လက်ဆောင်တို ကျွန်တော်ဖန်တီးပေးနိုင်တော့မှာမို့ ပိုပျော်ရွှင်မိသည် ။ မနေ့က ကျွန်တော်ရှာကြည့်တော့ ယောင်္ကျားလေးကိုယ်ဝန်ဆောင်က မွေးတဲ့ကလေးတွေက ဉာဏ်ကောင်းကြသည်တဲ့လေ။
"လူနာ Min Yoongi~"
နာမည်ခေါ်သံကြားလို့ ခေါင်းထောင်ပြီးကြည့်တော့ လူလိုက်ရှာနေတဲ့ ဆရာမလေးက လက်ထဲကစာအုပ်ကိုပိုက်ကာ နှစ်လိုဖွယ်ပြုံးပြပြီး....
"ကျွန်မနောက်လိုက်ခဲ့ပေးပါ"
ဆရာမလေးခေါ်ဆိုမှုကြောင့် သူမရဲ့နောက်လိုက်သွားတော့ ဆေးစစ်မှုတွေအကုန်လုပ်ပေးသည်။ သွေးကအစ ပိုက်လိုက်ထုတ်တာကြောင့် နည်းနည်းတော့နာသည်။ ခဏနေတော့ ကုတင်ပေါ်လှဲခိုင်းကာ ဆေးတစ်မျိုးကို သွင်းပေးသည်။ သူတို့ပြောတာတော့ ဟော်မုန်းဆေးတဲ့။
နာသည်။ အကြောရဲ့အနက်ပိုင်းအထိ ထိုးထားတဲ့အပ်ကြောင့် မျက်ရည်ပါဝဲသည့်အထိ နာသည်။ ဆရာမလေးကတော့ အနာသက်လာလာအောင် ကြိုးစားပြီး အိပ်လိုက်တဲ့။ အိပ်ဖို့လုပ်ပေမဲ့လည်း မရပါ။ သဘာဝကို အံတုပြီး ဖန်တီးရတာမို့ ဒီလောက်တော့အနာခံရမည်ပင်။
"ပြီးတော့မှာပါ... အရမ်းကြီးနာနေလား သားငယ်လေး"
အန်တီက ခေါင်းပွတ်ပေးပြီး မေးနေတာကြောင့် ခေါင်းခါပြလိုက်သည်။ နာနေတယ်လို့ပြောရင် ဆက်မလုပ်ပေးဘဲနေလိမ့်မည်။ ဆေးသွင်းပြီးတော့လည်း သောက်စရာဆေးတွေ အများကြီးထည့်ပေးလိုက်သေးသည်။ ပြီးတော့ ဆောင်ရန်ရှောင်ရန်တွေကိုလည်း ရေးပေးလိုက်သည်။
"မာမီ သွားတော့မယ်... မနက်ဖြန် အိမ်လာခဲ့ကြအုံး"
အိမ်ကိုလိုက်ပို့ပြီး မှာနေတဲ့အန်တီကို ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်သည်။ အန်တီ့ကား ထွက်သွားပြီးနောက် အိမ်ထဲသို့ပြန်ဝင်လာခဲ့သည်။
ဟူး ~ဒီနေ့ တကယ်ပင်ပန်းတာပဲ။
"ခဏလေး စောင့်... ငါမင်းကို ချစ်စရာကောင်းတဲ့ သခင်လေးဆီ ပို့ပေးမယ် "
Seokjin ကားမောင်းရင်းနဲ့ ဘေးကခုံမှာထိုင်နေတဲ့ အမွှေးအညိုရောင်လေးတွေနဲ့ ခွေးလေးကိုပြောလိုက်သည်။ ပုံမှန်ဆို အိမ်မွေးတိရိစ္ဆာန်တွေကို သိပ်မချစ်တတ်ပေမယ့် ဟိုတစ်နေ့တုန်းက ကောင်ငယ်လေးက သူခွေးလေးမွေးချင်တဲ့အကြောင်း ပြောပြဖူးတာမို့ သူ့အတွက်ဝင်လာခဲ့ခြင်းသာ။ ကောင်ငယ်လေးကတော့ တအံ့တသြတွေဖြစ်ပြီး ပျော်နေအုံးမယ်ဆိုတာ အသေအချာပင်။
အိမ်ရှေ့မှာကားရပ်ရင်း ဘေးနားက ခွေးလေးကို ကောက်ပွေ့လိုက်တော့ ကျွန်တော့်ကို ပြူးကြောင်ကြောင်နဲ့ ပြန်ကြည့်လာသည်။ သခင်နှင့်ခွေး အကျင့်က အတူတူပင်။ ခွေးလေးကိုချီကာ အပေါ်ထပ်ကိုတက်သွားပြီး တံခါးကိုဖွင့်လိုက်တော့ ကျွန်တော့်ရဲ့ ချစ်စရာကောင်းတဲ့သခင်လေးက နားကြပ်တပ်တာ တကုပ်ကုပ်နဲ့ ဘာတွေလုပ်နေလဲမသိ။
"ကလေး~"
အနားနားသွားကာ ပါးအိအိလေးနားကပ်ပြီး ခေါ်လိုက်တော့ အလန့်တကြားစာအုပ်ကိုပိတ်တာ လှည့်ကြည့်သာတဲ့သူ။
"ဟာ ~ Jin Hyung အသံမပေးပဲ ဘာလုပ်တာလဲ"
စာအုပ်ကို ကောက်သိမ်းပြီး စူပုတ်ပုတ်လေးနဲ့ပြောနေတဲ့ ထိုကောင်လေးကို စချင်တာနဲ့ သူ့စာအုပ်ကိုယူကာ လက်ကိုမြှောက်လိုက်တော့....
"ဟာ Jin Hyung ပြန်ပေး... ဘာလုပ်တာလဲ"
မမှီတဲ့အရပ်လေးနဲ့ ခုန်ဆွခုန်ဆွလုပ်တာ စာအုပ်ပြန်လုနေတာလေးက ငှက်မွှေးအတံလေးနဲ့ဆော့နေတဲ့ ကြောင်ပေါက်လေးလို အူယားဖွယ်အတိ။ လက်တစ်ဖက်နဲ့ ခါးလေးကို သိမ်းဖက်လိုက်တော့ ရင်ခွင်ထဲပစ်ဝင်လာတဲ့ ကိုယ်လေး။
"ဘာတွေမို့ ကိုယ့်ကိုမပြချင်တာလဲ"
ကျွန်တော်မေးတော့ ဘာမှမပြောဘဲ ခေါင်းခါပြသည်။ ကောင်ငယ်လေးဟာ သူရှက်သွားရင် ဘာအသံမှမထွက်တော့။ ကျွန်တော်တစ်ချက်ရယ်ပြီး သူ့ခေါင်းလုံးလုံးလေးကို နှာခေါင်းနစ်ဝင်များသည့်အထိ နမ်းလိုက်ကာ သူ့ကိုလွတ်ပေးလိုက်သည်။
"သွား~ ကိုယ် ကလေးအတွက် လက်ဆောင်တစ်ခုပါလာတယ် အပြင်ထွက်ကြည့် "
ကျွန်တော်ပြောတော့ သူအပြင်ဘက်ကို လုံးနေအောင်ပြေးသွားသည်။ လက်ထဲကစာအုပ်ကို စားပွဲပေါ်တင်ရင်းနဲ့မှ ဘာမို့လို့ဒီလောက် အသည်းအသန်မပြချင်ရတာလဲဟု သိချင်စိတ်ကြောင့် လှန်ကြည့်မလို့လုပ်လိုက်သည်။
"Jin hyung ~~ဒီကောင်လေးက ကျွန်တော့်ကိုပေးတာလား"
စာအုပ်ကိုလှန်ကြည့်မလို့လုပ်ပြီးကာမှ ခွေးလေးကိုပိုက်ကာ အခန်းထဲပြေးဝင်လာတဲ့ ကောင်လေးကြောင့် စာအုပ်ကိုချထားပြီး သူ့နားသွားကာ....
"ချစ်စရာကောင်းလား"
ကျွန်တော်မေးတာကို ပြန်မဖြေအားပဲ ခေါင်းသာညိတ်ပြကာ လက်ထဲကခွေးလေးကို နားရွက်လေးတွေကိုင်ပြီး ဆော့နေတဲ့သူ။ ပုလဲတန်းလေးနဲ့တူသော သွားသေးသေးလေးတွေပေါ်သည့်အထိ ရယ်နေတဲ့သူက တော်တော်လေး သဘောကျနေပုံရသည်။
"Zuko ကို ဒီခေါ်လာလို့မရလို့ ဒီကောင်လေးဝယ်တာပေးတာ... သဘောကျရဲ့လား"
ကျွန်တော့်ကို ခေါင်းလေးမော့ကြည့်ကာ ချစ်စရာကောင်းအောင် ခေါင်းညိတ်ပြနေသေးသည်။
"နာမည်ပေးပြီးပြီလား"
ကျွန်တော်မေးလိုက်တော့ ခဏလေး ငြိမ်သွားရာကနေ...
"Holly ~Min Holly ~"
"Min Holly "
"အင်း~ Min Yoongi ရဲ့ခွေးလေး Min Holly ~"
တက်ကြွစွာပြောပြနေတဲ့သူ့ကြောင့် ကျွန်တော်သဘောတကျ ရယ်မိသည်။ ခွေးလေးကို သူ့မျိုးရိုးပါ ထည့်မှတ်ပေးထားတာ ဘယ်လောက်ချစ်စရာကောင်းလိုက်လဲ။
"တကယ်ပဲ~~ ခွေးလေးကိုထားပြီး အပြင်သွားဖို့ ပြင်ထားအုံး... ဒယ်ဒီတို့ဆီသွားရမှာ"
ကျွန်တော့်စကားအဆုံးမှာ ခေါင်းသာညိတ်ပြပြီး သူ့ရဲ့ခွေးလေးကို နှုတ်ဆက်နေပြန်သည်။ ဆွဲရမ်းပြီး ဖက်ပစ်ချင်ပေမယ် သူကခွေးလေးကို ဖက်ထားတာကြောင့် ပါးလေးကိုဆွဲပြီး ထွက်လာခဲ့သည်။ သိပ်ချစ်စရာကောင်းလာတယ် ကောင်လေးငယ်။
ဒယ်ဒီတို့ဆီရောက်တော့ ဒယ်ဒီက ဆီးဖက်ကာ ကြိုဆိုသည်။ ဘေးနားက မာမီကတော့ ကျွန်တော်လာတာကို ပျော်နေပုံရသည်။
"သားငယ်လေးရော နေကောင်းလား"
"ဟုတ် နေလို့ကောင်းပါတယ်"
ဒယ်ဒီရဲ့အမေးကို ချက်ချင်းပြန်ဖြေနေတဲ့ ကောင်ငယ်လေး။ သူကြောက်နေမှာစိုးတာကြောင့် လက်ချောင်းသွယ်သွယ်လေးကို ဆုပ်ကိုင်ထားပေးမိသည်။
"ဘာမှမကြောက်နဲ့ ကိုယ်ရှိတာပဲကို"
အေးစက်နေတဲ့လက်ချောင်းလေးတွေကြောင့် အနားနားတိုးကပ်ကာ အားပေးစကားပြောလိုက်တော့ သူ့လက်ချောင်းလေးတွေနဲ့ ပြန်လည်ဆုပ်ကိုင်လာသည်။
"သားငယ်လေး မာမီနဲ့လိုက်ခဲ့ပေးမလား"
ထိုင်ပြီးစကားပြောနေရာကနေ မာမီရဲ့ခေါ်ဆိုမှုကြောင့် ပါသွားတဲ့ကောင်လေးကို လိုက်ကြည့်မိတော့ ဒယ်ဒီက ရယ်ကာ...
"အဲ့လောက်တောင် ချစ်တာလား သားကြီး"
ဒယ်ဒီ့ရဲ့စကားကြောင့် အရှက်ပြေရယ်လိုက်မိသည်။
"အဆင်ပြေကြတယ်မလား"
"ပြေပါတယ် ဒယ်ဒီ"
"အစက ယောက်ျားလေးချင်းမို့ သဘောမတူချင်ပေမယ့် ကောင်လေးက ရိုးသားတဲ့ပုံလေးမို့ သဘောတူခဲ့တာ... ပြီးတော့ သားကိုလည်း သည်းခံပေးမယ့်ကောင်လေးပဲ "
ဒယ်ဒီတောင်သိတဲ့ သူ့ပုံစံလေးကို အစကတည်းက ကျွန်တော်မမြင်ရှိခဲ့တာကြောင့် ကိုယ့်ကိုကိုယ် ဒေါသဖြစ်မိသည်။ အစကတည်းကသာသိရင် ကောင်ငယ်လေးကို ဒဏ်ရာတွေ ပေးမိမှာ မဟုတ်။
"ဒယ်ဒီကတော့ သားတို့အဆင်ပြေနေတာကိုပဲ လိုချင်တယ်... ကျန်တာဘာမှမလိုဘူး... အရေးကြီးတာ ဒယ်ဒီ့သားကြီး ပျော်နေဖို့ပဲ"
ပခုံးပေါ်ကျရောက်လာတဲ့ ဒယ်ဒီ့ရဲ့လက်တွေက နွေးထွေးလွန်းသည်။ ကျွန်တော်လည်း နှစ်နှစ်ချိုက်ချိုက် ပြုံးပြမိသည်။
မာမီရဲ့ ထမင်းစားဖို့ရာ ခေါ်ဆိုမှုကြောင့် ထမင်းစားခန်းဘက်ကိုထွက်ခဲ့တော့ မာမီနဲ့အတူ ထမင်းပွဲပြင်ပေးနေသော ကောင်ငယ်လေး။ ဒီလိုကြည့်တော့လည်း အိမ်ရှင်မလေးနဲ့ တူပြန်သည်။ ကိုယ့်အတွေးနဲ့ကိုယ် ရယ်လိုက်တဲ့ကျွန်တော့်ကို လှမ်းကြည့်လာတဲ့ ကောင်လေးကြောင့် ခေါင်းခါပြကာ ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
"မာမီ ဘာလို့အများကြီး လုပ်ထားတာလဲ ပင်ပန်းအောင် "
ပြောသာပြောရတာ ဘယ်လောက်ပြောပြော ကျွန်တော်လာရင် ဟင်းအစုံချက်ကျွေးတတ်တဲ့မာမီပင်။ မလုပ်ပါနဲ့လို့ ပြောထားတာကို။
"သားကြိုက်တတ်တာလေးတွေချည်း ချက်ထားတာ... မိယောဂုဟင်းရည်လေးရော ပါတယ်"
"ကျွန်တော် ကောင်းကောင်းစားပါ့မယ် "
ကျွန်တော်ရယ်ပြပြီး ပြောလိုက်သည်။ ဟင်းခွက်တွေကိုကြည့်ရင်းကနေ မာမီရဲ့အကောင်းဆုံးလက်ရာဖြစ်တဲ့ အမဲသားသုတ်ကိုတွေ့တော့ ဝမ်းသာအားရကောက်ယူကာ ကောင်ငယ်လေးရဲ့ ထမင်းခွက်ထဲထည့်ပေးမိသည်။
"စားကြည့် ကိုယ့်အကြိုက်ဆုံးဟင်းထဲက တစ်ခုပဲ"
ကျွန်တော့်စကားကြောင့် ဘေးနားက ဒယ်ဒီတို့က ရယ်ကာစကြသည်။ ဒီနေ့ထမင်းဝိုင်းဟာ အရင်လိုခြောက်ကပ်မနေပဲ ရယ်သံများနှင့် ပြည့်နှက်သွားသည်။
အန်တီတို့နှင့် စကားပြောပြီးနောက် ဒီမှာပဲအိပ်သွားပါဆိုတာကြောင့် အပေါ်ထပ်ကို တက်လာခဲ့ကြသည်။ အရှေ့ကနေ သွားနေတဲ့ Jin Hyung ကိုကြည့်ရင်း အန်တီပြောတဲ့စကားတွေကို စဉ်းစားနေမိသည်။ Jin Hyung က မွေးနေ့မလုပ်ဘူးတဲ့။ ဒါကြောင့် ဒီတနေကုန် အိမ်မှာပဲနေနေတာဖြစ်မည်။
"လာ ဝင် "
Jin Hyung ရဲ့ အသံကြောင့် ပြန့်ကျဲနေတဲ့ အတွေးတွေကိုစုကာ အခန်းထဲသို့ ဝင်လိုက်သည်။ အခန်းကြီးက အကျယ်ကြီးပင်။ မီးရောင်ဖျော့ဖျော့ကို သုံးထားတာကြောင့် Jin Hyung ရဲ့ အခန်းက တမူထူးခြားနေသည်။ အခန်းထဲမှာပင် စာအုပ်စင်နဲ့ အခွေတွေဟာ သူ့နေရာနှင့်သူ စနစ်တကျထားရှိထားသည်။ ပန်းချီဆရာဖြစ်သည့်အလျောက် ပန်းချီကားချပ်တွေနဲ့ ပန်းချီပစ္စည်းတွေဟာ ခမ်းခမ်းနားနား နေရာယူလျက်။
အခန်းရဲ့ ထောင့်နေရာမှာ နေရာယူထားတဲ့ ပီယာနိုကြောင့်...
"Jin Hyung ပီယာနိုလည်း တီးတတ်တယ်လား"
ကျွန်တော့်အမေးကို ခေါင်းညိတ်ပြကာ ပီယာနိုခုံပေါ်ကို သွားထိုင်တဲ့ Jin Hyung။
"ကိုယ် ငယ်ငယ်လေးကတည်းက သင်ထားတာ... ကိုယ့်မေမေက ပီယာနိုပညာရှင်လေ... မေမေဆုံးပြီးကတည်းက မတီးဖြစ်တော့တာ"
Jin Hyung ရဲ့စကားကြောင့် မေးမိတာကို နောင်တရသွားသည်။ ကျွန်တော့်စိတ်ကို Jin Hyung က သိသည့်ဟန်ပေါ်သည်။ သူ့ဘေးနားက နေရာကို လာထိုင်ရန်ခေါ်သည်။ သူ့နားကိုသွားထိုင်တော့ ပီယာနိုအဖုံးကိုဖွင့်ကာ တစ်ခုချင်းစီတီးကြည့်ကာ...
"ကိုယ်နဲ့အတူတူ လိုက်တီးကြည့်မလား"
"ဘယ်လိုမျိုးလဲ ကျွန်တော်မှ ပီယာနိုမတီးတတ်တာ"
ကျွန်တော်ပြောတော့ Jin Hyung ကရယ်ကာ သူ့ရဲ့လက်နှစ်ဘက်လုံးကနေ လက်တစ်ချောင်းစီကိုထောင်ပြလာတာကြောင့် သူ့လိုလိုက်လုပ်မိသည်။
"ပီယာနိုပေါ်တင်လိုက်... ဒီဘက်ကနေ ကိုယ်တီးတဲ့ အဖြူရောင်ခလုတ်လေးတွေအတိုင်း အဲ့ဘက်ကနေ အမဲရောင်ခလုတ်လေးတွေကို လိုက်တီးပေး"
Jin Hyung ပြောတာကို ခေါင်းညိတ်ပြတော့ သူက အဖြူရောင်ခလုတ်လေးတွေကို လက်နှစ်ချောင်းနှင့် တီးပြသည်။ သူတီးပြတဲ့အတိုင်း လိုက်တီးကြည့်တော့ ထွက်လာတဲ့အသံဟာ မကောင်းမွန်ပေမယ် ညီညာသည်။ ကလေးလေးတွေ တီးနေတာနဲ့တူသည်။
Jin Hyung က သဘောတကျရယ်ကာ...
"ကိုယ့်မေမေစသင်ပေးတုန်းက ဒီလိုသင်ပေးခဲ့တာ... ဒီပီယာနိုလေးမှာ မေမေနဲ့ကိုယ်ရဲ့ အမှတ်တရတွေ အများကြီးရှိတယ်... ဒါပေမယ့် ကိုယ့်နောင်တတွေကလည်း ဒီပီယာနိုလေးမှာပဲ ရှိနေတာကြောင့် ဆက်မတီးတော့တာ"
Jin Hyung ပြောကာ ပီယာနိုလေးကို လက်နဲ့ခပ်ဖွဖွပွတ်သပ်လိုက်သည်။
"မေမေက သူ့လိုပဲ ပီယာနိုပညာရှင်ဖြစ်စေချင်ခဲ့တာ.. ကိုယ်က ပန်းချီဆွဲချင်တယ်... အဲ့ဒါနဲ့ သားအမိနှစ်ယောက် ကတောက်ကဆတွေဖြစ်ကြတာပေါ့... ကိုယ်နောင်တအရဆုံးက ကိုယ်မွေးနေ့မှာ မေမေကြိုက်တဲ့ပီယာနိုကို တီးမပြလိုက်ရတာပဲ"
ပြတင်းပေါက်ကနေ အဝေးကိုလှမ်းကြည့်နေတဲ့ Jin Hyung ရဲ့အသံတွေဟာ နာကျင်နေသလို။
"ကိုယ်သာမဆိုးခဲ့ရင် မေမေလည်း နာကျင်ရမှာမဟုတ်ခဲ့ဘူး... နေမကောင်းတာကိုတောင်မသိဘဲ ကိုယ်က..."
တိုးလျသွားတဲ့အသံကြောင့် ထကာ ဖက်ထားပေးတော့ ခါးကိုပြန်ဖက်လာတဲ့ Jin Hyung ရဲ့ လက်အသွယ်သွယ်။
"ကိုယ့်မွေးနေ့တုန်းက မေမေက ပီယာနိုတီးပြခိုင်းတာကိုငြင်းပြီး သူငယ်ချင်းတွေနဲ့ လျှောက်သွားနေခဲ့တာ... အဲ့တုန်းကသာ နောက်ဆုံးဖြတ်သန်းရမယ့် မွေးနေ့ဆိုတာသိခဲ့ရင် ကိုယ်လေ မေမေ့ကို ~"
ဆက်ထွက်မလာတော့တဲ့အသံကြောင့် ငုံ့ကာခေါင်းကို ခပ်ဖွဖွနမ်းလိုက်ပြီး...
"Jin Hyung မေမေက နားလည်မှာပါ ဒီလောက်ချစ်တာကို... မိဘတိုင်းက သားသမီးတွေကို ပျော်ရွှင်စေချင်ကြတာချည်းပဲ... Jin Hyung ဒီလိုမျိုးဝမ်းနည်းနေရင် မေမေက ဘယ်လိုလုပ်ပျော်တော့မလဲ... သူတို့က ကောင်းကင်ကနေ စောင့်ကြည့်နေကြတာ"
"ကိုယ်နောင်တရတယ် ~~"
"ပြီးသွားတာတွေလဲ ပြီးသွားပြီလေ... ကိုယ့်ကိုကိုယ် စိတ်ညစ်မခံပါနဲ့လား... ကျွန်တော်တော့ မေမေ့ကို ကျေးဇူးတင်တယ်သိလား... Jin Hyung လို သားမျိုးမွေးခဲ့ပေးလို့ သိပ်ကျေးဇူးတင်တာပဲ"
ကျွန်တော့်ကို မော့ကြည့်လာတဲ့ Jin Hyung ကိုပြုံးပြပြီး ပြန်ကြည့်ကာ...
"Jin Hyung မွေးဖွားလာတာက ကျွန်တော့်အတွက် မျှော်လင့်ချက်တွေ ပျော်ရွှင်မှုတွေ ယုံကြည်ချက်တွေ ချစ်ခြင်းမေတ္တာတွေအကုန်လုံး မွေးဖွားလာခဲ့တာပဲ... ဘာမှမဟုတ်တဲ့ ကျွန်တော့်ကို လက်ခံပေးခဲ့တယ်... နိမ့်ကျလွန်းတဲ့ကျွန်တော့်ကို တန်ဖိုးထားပေးခဲ့တယ်... ပြီးတော့ သိပ်တန်ဖိုးကြီးလှတဲ့ နှလုံးသားနဲ့ ကျွန်တော့်ကို ချစ်မြတ်နိုးခဲ့ပေးတာ... Jin Hyung သာမရှိခဲ့ရင် အခုချိန် ကျွန်တော်ဆိုတာ ဘာဖြစ်နေမလဲသိမှာမဟုတ်ဘူး"
ခေါင်းငုံ့ကာ Jin Hyung ရဲ့ နဖူးကို ခပ်ဖွဖွနမ်းပြီး....
"Happy birthday Jin Hyung ~~ ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ"
"နဖူးပဲလား"
ပြောလာတဲ့ Jin Hyung ကြောင့် ကြည့်လိုက်တော့ သူက နှုတ်ခမ်းကို လက်နဲ့ထိုးပြကာ မေးဆတ်ပြသည်။
"ဟာ Jin Hyung ကလည်း "
"မွေးနေ့ရှင်က တောင်းဆိုနေတာကို... ရပါတယ် ကလေးက မလုပ်ချင်တော့လည်း "
ကျွန်တော်ရှက်လွန်းလို့ ပါးတွေတောင်ပူနေပြီ။ ဒါပေမယ့် သက်ပြင်းချပြီးပြောနေတဲ့ Jin Hyung ကြောင့် နှုတ်ခမ်းဖူးဖူးကို ခဏတာထိကပ်လိုက်တော့ Jin Hyung ပြုံးလိုက်တာကို ခံစားမိလိုက်သည်။
ခေါင်းကိုပြန်မတ်မလို့လုပ်တော့ လည်ပင်းကနေ သိုင်းဖက်ကာ နှုတ်ခမ်းပါးတွေကို နမ်းရှိုက်နေတဲ့သူ။ စနမ်းတဲ့သူက ကျွန်တော်ပေမယ့် ဦးဆောင်သူပြောင်းသွားတဲ့ အနမ်းတွေဟာ တဖြည်းဖြည်းနက်ရှိုင်းလာခဲ့သည်။
နမ်းရတာကို အားမရဟန်နဲ့ Jin Hyung က မတ်တပ်ရပ်ကာ လည်ပင်းကိုထိန်းကိုင်ပြီး ခေါင်းကိုစောင်းစေလိုက်သည်။ သူ့အလိုကျ ခေါင်းကိုစောင်းပေးလိုက်တော့ တိုးဝင်လာတဲ့ လျှာပါးပါးဟာ နှလုံးသားကိုတောင် လောင်ကျွမ်းစေနိုင်သည်။ နှုတ်ခမ်းပါးတွေဟာ ထုံကျင်လို့လာခဲ့ပေမယ့် ထိုသူဟာ လွှတ်ပေးမယ့်ပုံမပေါ်တာကြောင့် သူနဲ့အတူသာ စီးမျောလိုက်ပါခဲ့သည်။
"အာ့~~"
အဆုံးသတ်ကိုက်ချက်တစ်ခုကြောင့် သွေးစို့သွားပေမယ့် မနာကျင်ဘဲ ချိုမြိန်နေသည်။ တာဝေးအပြေးသမားတစ်ယောက်လို မောဟိုက်နေပေမယ့် လန်းဆန်းသလိုရှိတဲ့ခံစားချက်။ ခြေဖျားလက်များတွေ အေးစက်နေပေမယ့် အခုပင် လောင်ကျွမ်းသွားနိုင်တဲ့ခံစားချက်။ ရှုပ်ထွေးနေသယောင်နဲ့ အရိုးရှင်းဆုံးသောခံစားချက်။ ထိုခံစားချက်တွေကို Jin Hyung ကသာ ပေးစွမ်းနိုင်သည်။
"နမ်းတယ်ဆိုတာ ဒါကိုခေါ်တယ်ကလေးရဲ့... ကလေးကလားနဲ့ နှုတ်ခမ်းချင်းပဲလာထိနေတာက ဘာလဲ "
လူကိုဆံပင်တွေဖွကာ စနေတဲ့ Jin Hyung ကြောင့် အတင်းရုန်းထွက်ကာ....
"Jin Hyung နှာဘူး~~"
"မနမ်းတတ်ဘူးမလား"
ရေချိုးခန်းဘက်ထွက်လာတဲ့ ကျွန်တော့်ကိုလှမ်းစနေပြန်တဲ့ Jin Hyung။ယ ကြောင့် နှုတ်ခမ်းကိုလက်နဲ့ကိုင်ကာ ပြုံးမိသည်။ အခုထိ နွေးထွေးနေတုန်းပင်။ အခုထိ တဒိတ်ဒိတ်နဲ့ခုန်နေတဲ့ ရင်ဘက်ကို လက်ကလေးနဲ့ အသာဖိထားမိသည်။ နှလုံးသားကြီးတော့ ခုန်ထွက်လာတော့မှာပဲ။
~~~
ရှက်ရမ်းရမ်းကာ ပြေးထွက်သွားတဲ့ကောင်လေးကို လှမ်းစပြီးနောက် ကောင်းကင်ကကြယ်တွေကို လှမ်းကြည့်မိသည်။
ကောင်းကင်ဘုံမှာပျော်နေတယ်မလား မေမေ။ ကောင်လေးကို သားအနား မေမေပို့ပေးခဲ့တာမလား။ ကျေးဇူးပါပဲ။ ပြီးတော့ ချစ်တယ်မေမေ။
ရေချိုးခန်းထဲကနေ ထွက်လာတဲ့ကောင်ငယ်လေးကို လှမ်းကြည့်တော့ မသိချင်ယောင်ဆောင်ပြီး စာအုပ်စင်တွေဘက် ထွက်သွားသည်။ ကျေးဇူးပါ ကောင်ငယ်လေး မတော်တဆဖြစ်ဖြစ် ကိုယ့်ဘဝထဲကို ဝင်လာပေးခဲ့လို့။
To Be Continued.................
-
-
-
-
-
-
-
-
(Zawgyi)
အန္တီက ဖုန္းဆက္ၿပီးေခၚတာေၾကာင့္ ေဆး႐ုံဘက္ကို အေျပးလာခဲ့သည္...။ ေဆး႐ုံေရာက္ေတာ့ အျပင္ဘက္မွာ ရပ္ေစာင့္ေနတဲ့ အန္တီကိုေတြ႕ေတာ့ အနားကို အျမန္သြားကာ...
"မာမီ ဘာလို႔အျပင္ဘက္မွာ ေစာင့္ေနတာလဲ "
ကြၽန္ေတာ္ေျပာေတာ့ လက္ကိုအသာဆြဲကိုင္လာတဲ့ အန္တီ ကြၽန္ေတာ့္ကိုၿပဳံးျပသည္။
"ေက်းဇူးပါ သားငယ္ေလး ~သားဆုံးျဖတ္ခ်က္ကို မာမီအရမ္းဝမ္းသာတာပဲ"
လက္ကိုဆုပ္ကိုင္ၿပီးေျပာေနတဲ့ အန္တီေၾကာင့္ ကြၽန္ေတာ္တစ္ခ်က္ျပဳးကာ ေခါင္းခါျပလိုက္သည္။ ၿပီးမွ ေခါင္းကိုငုံ႔ကာ...
"ကြၽန္ေတာ္လည္း Jin Hyung ရဲ႕ေသြးသားေလးကို လိုခ်င္ပါတယ္"
ကြၽန္ေတာ့္စကားအဆုံးမွာ အန္တီက ႏွစ္လိုဖြယ္ရာၿပဳံးသည္။ ဒီလိုမ်ိဳးေျပာရတာကို ရွက္မိတဲ့စိတ္ေၾကာင့္ ေအာက္ႏႈတ္ခမ္းကို ခပ္ဖြဖြကိုက္ကာ လည္ပင္းကို လက္နဲ႔ပြတ္တိုက္မိ၏။
"ဝင္ၾကရေအာင္"
အန္တီရဲ႕ ေခၚေဆာင္မႈေနာက္မွာ ေဆး႐ုံထဲသို႔ ဝင္လာခဲ့သည္။ အန္တီနဲ႔ ေဒါက္တာတို႔ စကားေျပာေနၾကတာမို႔ အျပင္ဘက္မွာ ထိုင္ေစာင့္ရင္း ကိုယ့္ဗိုက္ကေလးေပၚကို လက္ေလးတင္ကာ ၿပဳံးမိသည္။
ခုေတာ့ ဘာမွမရွိေသးေပမယ့္ ေနာက္ကို ဒီထဲမွာ ပိစိေလးတစ္ေယာက္ ခိုဝင္လာႏိုင္ေတာ့မည္ျဖစ္သည္။ Jin Hyung လိုခ်င္တဲ့လက္ေဆာင္တို ကြၽန္ေတာ္ဖန္တီးေပးႏိုင္ေတာ့မွာမို႔ ပိုေပ်ာ္႐ႊင္မိသည္ ။ မေန႔က ကြၽန္ေတာ္ရွာၾကည့္ေတာ့ ေယာက်ၤားေလးကိုယ္ဝန္ေဆာင္က ေမြးတဲ့ကေလးေတြက ဉာဏ္ေကာင္းၾကသည္တဲ့ေလ။
"လူနာ Min Yoongi~"
နာမည္ေခၚသံၾကားလို႔ ေခါင္းေထာင္ၿပီးၾကည့္ေတာ့ လူလိုက္ရွာေနတဲ့ ဆရာမေလးက လက္ထဲကစာအုပ္ကိုပိုက္ကာ ႏွစ္လိုဖြယ္ၿပဳံးျပၿပီး....
"ကြၽန္မေနာက္လိုက္ခဲ့ေပးပါ"
ဆရာမေလးေခၚဆိုမႈေၾကာင့္ သူမရဲ႕ေနာက္လိုက္သြားေတာ့ ေဆးစစ္မႈေတြအကုန္လုပ္ေပးသည္။ ေသြးကအစ ပိုက္လိုက္ထုတ္တာေၾကာင့္ နည္းနည္းေတာ့နာသည္။ ခဏေနေတာ့ ကုတင္ေပၚလွဲခိုင္းကာ ေဆးတစ္မ်ိဳးကို သြင္းေပးသည္။ သူတို႔ေျပာတာေတာ့ ေဟာ္မုန္းေဆးတဲ့။
နာသည္။ အေၾကာရဲ႕အနက္ပိုင္းအထိ ထိုးထားတဲ့အပ္ေၾကာင့္ မ်က္ရည္ပါဝဲသည့္အထိ နာသည္။ ဆရာမေလးကေတာ့ အနာသက္လာလာေအာင္ ႀကိဳးစားၿပီး အိပ္လိုက္တဲ့။ အိပ္ဖို႔လုပ္ေပမဲ့လည္း မရပါ။ သဘာဝကို အံတုၿပီး ဖန္တီးရတာမို႔ ဒီေလာက္ေတာ့အနာခံရမည္ပင္။
"ၿပီးေတာ့မွာပါ... အရမ္းႀကီးနာေနလား သားငယ္ေလး"
အန္တီက ေခါင္းပြတ္ေပးၿပီး ေမးေနတာေၾကာင့္ ေခါင္းခါျပလိုက္သည္။ နာေနတယ္လို႔ေျပာရင္ ဆက္မလုပ္ေပးဘဲေနလိမ့္မည္။ ေဆးသြင္းၿပီးေတာ့လည္း ေသာက္စရာေဆးေတြ အမ်ားႀကီးထည့္ေပးလိုက္ေသးသည္။ ၿပီးေတာ့ ေဆာင္ရန္ေရွာင္ရန္ေတြကိုလည္း ေရးေပးလိုက္သည္။
"မာမီ သြားေတာ့မယ္... မနက္ျဖန္ အိမ္လာခဲ့ၾကအုံး"
အိမ္ကိုလိုက္ပို႔ၿပီး မွာေနတဲ့အန္တီကို ေခါင္းငုံ႔ကာ ႏႈတ္ဆက္လိုက္သည္။ အန္တီ့ကား ထြက္သြားၿပီးေနာက္ အိမ္ထဲသို႔ျပန္ဝင္လာခဲ့သည္။
ဟူး ~ဒီေန႔ တကယ္ပင္ပန္းတာပဲ။
"ခဏေလး ေစာင့္... ငါမင္းကို ခ်စ္စရာေကာင္းတဲ့ သခင္ေလးဆီ ပို႔ေပးမယ္ "
Seokjin ကားေမာင္းရင္းနဲ႔ ေဘးကခုံမွာထိုင္ေနတဲ့ အေမႊးအညိဳေရာင္ေလးေတြနဲ႔ ေခြးေလးကိုေျပာလိုက္သည္။ ပုံမွန္ဆို အိမ္ေမြးတိရိစာၦန္ေတြကို သိပ္မခ်စ္တတ္ေပမယ့္ ဟိုတစ္ေန႔တုန္းက ေကာင္ငယ္ေလးက သူေခြးေလးေမြးခ်င္တဲ့အေၾကာင္း ေျပာျပဖူးတာမို႔ သူ႔အတြက္ဝင္လာခဲ့ျခင္းသာ။ ေကာင္ငယ္ေလးကေတာ့ တအံ့တၾသေတြျဖစ္ၿပီး ေပ်ာ္ေနအုံးမယ္ဆိုတာ အေသအခ်ာပင္။
အိမ္ေရွ႕မွာကားရပ္ရင္း ေဘးနားက ေခြးေလးကို ေကာက္ေပြ႕လိုက္ေတာ့ ကြၽန္ေတာ့္ကို ျပဴးေၾကာင္ေၾကာင္နဲ႔ ျပန္ၾကည့္လာသည္။ သခင္ႏွင့္ေခြး အက်င့္က အတူတူပင္။ ေခြးေလးကိုခ်ီကာ အေပၚထပ္ကိုတက္သြားၿပီး တံခါးကိုဖြင့္လိုက္ေတာ့ ကြၽန္ေတာ့္ရဲ႕ ခ်စ္စရာေကာင္းတဲ့သခင္ေလးက နားၾကပ္တပ္တာ တကုပ္ကုပ္နဲ႔ ဘာေတြလုပ္ေနလဲမသိ။
"ကေလး~"
အနားနားသြားကာ ပါးအိအိေလးနားကပ္ၿပီး ေခၚလိုက္ေတာ့ အလန႔္တၾကားစာအုပ္ကိုပိတ္တာ လွည့္ၾကည့္သာတဲ့သူ။
"ဟာ ~ Jin Hyung အသံမေပးပဲ ဘာလုပ္တာလဲ"
စာအုပ္ကို ေကာက္သိမ္းၿပီး စူပုတ္ပုတ္ေလးနဲ႔ေျပာေနတဲ့ ထိုေကာင္ေလးကို စခ်င္တာနဲ႔ သူ႔စာအုပ္ကိုယူကာ လက္ကိုေျမႇာက္လိုက္ေတာ့....
"ဟာ Jin Hyung ျပန္ေပး... ဘာလုပ္တာလဲ"
မမွီတဲ့အရပ္ေလးနဲ႔ ခုန္ဆြခုန္ဆြလုပ္တာ စာအုပ္ျပန္လုေနတာေလးက ငွက္ေမႊးအတံေလးနဲ႔ေဆာ့ေနတဲ့ ေၾကာင္ေပါက္ေလးလို အူယားဖြယ္အတိ။ လက္တစ္ဖက္နဲ႔ ခါးေလးကို သိမ္းဖက္လိုက္ေတာ့ ရင္ခြင္ထဲပစ္ဝင္လာတဲ့ ကိုယ္ေလး။
"ဘာေတြမို႔ ကိုယ့္ကိုမျပခ်င္တာလဲ"
ကြၽန္ေတာ္ေမးေတာ့ ဘာမွမေျပာဘဲ ေခါင္းခါျပသည္။ ေကာင္ငယ္ေလးဟာ သူရွက္သြားရင္ ဘာအသံမွမထြက္ေတာ့။ ကြၽန္ေတာ္တစ္ခ်က္ရယ္ၿပီး သူ႔ေခါင္းလုံးလုံးေလးကို ႏွာေခါင္းနစ္ဝင္မ်ားသည့္အထိ နမ္းလိုက္ကာ သူ႔ကိုလြတ္ေပးလိုက္သည္။
"သြား~ ကိုယ္ ကေလးအတြက္ လက္ေဆာင္တစ္ခုပါလာတယ္ အျပင္ထြက္ၾကည့္ "
ကြၽန္ေတာ္ေျပာေတာ့ သူအျပင္ဘက္ကို လုံးေနေအာင္ေျပးသြားသည္။ လက္ထဲကစာအုပ္ကို စားပြဲေပၚတင္ရင္းနဲ႔မွ ဘာမို႔လို႔ဒီေလာက္ အသည္းအသန္မျပခ်င္ရတာလဲဟု သိခ်င္စိတ္ေၾကာင့္ လွန္ၾကည့္မလို႔လုပ္လိုက္သည္။
"Jin hyung ~~ဒီေကာင္ေလးက ကြၽန္ေတာ့္ကိုေပးတာလား"
စာအုပ္ကိုလွန္ၾကည့္မလို႔လုပ္ၿပီးကာမွ ေခြးေလးကိုပိုက္ကာ အခန္းထဲေျပးဝင္လာတဲ့ ေကာင္ေလးေၾကာင့္ စာအုပ္ကိုခ်ထားၿပီး သူ႔နားသြားကာ....
"ခ်စ္စရာေကာင္းလား"
ကြၽန္ေတာ္ေမးတာကို ျပန္မေျဖအားပဲ ေခါင္းသာညိတ္ျပကာ လက္ထဲကေခြးေလးကို နား႐ြက္ေလးေတြကိုင္ၿပီး ေဆာ့ေနတဲ့သူ။ ပုလဲတန္းေလးနဲ႔တူေသာ သြားေသးေသးေလးေတြေပၚသည့္အထိ ရယ္ေနတဲ့သူက ေတာ္ေတာ္ေလး သေဘာက်ေနပုံရသည္။
"Zuko ကို ဒီေခၚလာလို႔မရလို႔ ဒီေကာင္ေလးဝယ္တာေပးတာ... သေဘာက်ရဲ႕လား"
ကြၽန္ေတာ့္ကို ေခါင္းေလးေမာ့ၾကည့္ကာ ခ်စ္စရာေကာင္းေအာင္ ေခါင္းညိတ္ျပေနေသးသည္။
"နာမည္ေပးၿပီးၿပီလား"
ကြၽန္ေတာ္ေမးလိုက္ေတာ့ ခဏေလး ၿငိမ္သြားရာကေန...
"Holly ~Min Holly ~"
"Min Holly "
"အင္း~ Min Yoongi ရဲ႕ေခြးေလး Min Holly ~"
တက္ႂကြစြာေျပာျပေနတဲ့သူ႔ေၾကာင့္ ကြၽန္ေတာ္သေဘာတက် ရယ္မိသည္။ ေခြးေလးကို သူ႔မ်ိဳး႐ိုးပါ ထည့္မွတ္ေပးထားတာ ဘယ္ေလာက္ခ်စ္စရာေကာင္းလိုက္လဲ။
"တကယ္ပဲ~~ ေခြးေလးကိုထားၿပီး အျပင္သြားဖို႔ ျပင္ထားအုံး... ဒယ္ဒီတို႔ဆီသြားရမွာ"
ကြၽန္ေတာ့္စကားအဆုံးမွာ ေခါင္းသာညိတ္ျပၿပီး သူ႔ရဲ႕ေခြးေလးကို ႏႈတ္ဆက္ေနျပန္သည္။ ဆြဲရမ္းၿပီး ဖက္ပစ္ခ်င္ေပမယ္ သူကေခြးေလးကို ဖက္ထားတာေၾကာင့္ ပါးေလးကိုဆြဲၿပီး ထြက္လာခဲ့သည္။ သိပ္ခ်စ္စရာေကာင္းလာတယ္ ေကာင္ေလးငယ္။
ဒယ္ဒီတို႔ဆီေရာက္ေတာ့ ဒယ္ဒီက ဆီးဖက္ကာ ႀကိဳဆိုသည္။ ေဘးနားက မာမီကေတာ့ ကြၽန္ေတာ္လာတာကို ေပ်ာ္ေနပုံရသည္။
"သားငယ္ေလးေရာ ေနေကာင္းလား"
"ဟုတ္ ေနလို႔ေကာင္းပါတယ္"
ဒယ္ဒီရဲ႕အေမးကို ခ်က္ခ်င္းျပန္ေျဖေနတဲ့ ေကာင္ငယ္ေလး။ သူေၾကာက္ေနမွာစိုးတာေၾကာင့္ လက္ေခ်ာင္းသြယ္သြယ္ေလးကို ဆုပ္ကိုင္ထားေပးမိသည္။
"ဘာမွမေၾကာက္နဲ႔ ကိုယ္ရွိတာပဲကို"
ေအးစက္ေနတဲ့လက္ေခ်ာင္းေလးေတြေၾကာင့္ အနားနားတိုးကပ္ကာ အားေပးစကားေျပာလိုက္ေတာ့ သူ႔လက္ေခ်ာင္းေလးေတြနဲ႔ ျပန္လည္ဆုပ္ကိုင္လာသည္။
"သားငယ္ေလး မာမီနဲ႔လိုက္ခဲ့ေပးမလား"
ထိုင္ၿပီးစကားေျပာေနရာကေန မာမီရဲ႕ေခၚဆိုမႈေၾကာင့္ ပါသြားတဲ့ေကာင္ေလးကို လိုက္ၾကည့္မိေတာ့ ဒယ္ဒီက ရယ္ကာ...
"အဲ့ေလာက္ေတာင္ ခ်စ္တာလား သားႀကီး"
ဒယ္ဒီ့ရဲ႕စကားေၾကာင့္ အရွက္ေျပရယ္လိုက္မိသည္။
"အဆင္ေျပၾကတယ္မလား"
"ေျပပါတယ္ ဒယ္ဒီ"
"အစက ေယာက္်ားေလးခ်င္းမို႔ သေဘာမတူခ်င္ေပမယ့္ ေကာင္ေလးက ႐ိုးသားတဲ့ပုံေလးမို႔ သေဘာတူခဲ့တာ... ၿပီးေတာ့ သားကိုလည္း သည္းခံေပးမယ့္ေကာင္ေလးပဲ "
ဒယ္ဒီေတာင္သိတဲ့ သူ႔ပုံစံေလးကို အစကတည္းက ကြၽန္ေတာ္မျမင္ရွိခဲ့တာေၾကာင့္ ကိုယ့္ကိုကိုယ္ ေဒါသျဖစ္မိသည္။ အစကတည္းကသာသိရင္ ေကာင္ငယ္ေလးကို ဒဏ္ရာေတြ ေပးမိမွာ မဟုတ္။
"ဒယ္ဒီကေတာ့ သားတို႔အဆင္ေျပေနတာကိုပဲ လိုခ်င္တယ္... က်န္တာဘာမွမလိုဘူး... အေရးႀကီးတာ ဒယ္ဒီ့သားႀကီး ေပ်ာ္ေနဖို႔ပဲ"
ပခုံးေပၚက်ေရာက္လာတဲ့ ဒယ္ဒီ့ရဲ႕လက္ေတြက ေႏြးေထြးလြန္းသည္။ ကြၽန္ေတာ္လည္း ႏွစ္ႏွစ္ခ်ိဳက္ခ်ိဳက္ ၿပဳံးျပမိသည္။
မာမီရဲ႕ ထမင္းစားဖို႔ရာ ေခၚဆိုမႈေၾကာင့္ ထမင္းစားခန္းဘက္ကိုထြက္ခဲ့ေတာ့ မာမီနဲ႔အတူ ထမင္းပြဲျပင္ေပးေနေသာ ေကာင္ငယ္ေလး။ ဒီလိုၾကည့္ေတာ့လည္း အိမ္ရွင္မေလးနဲ႔ တူျပန္သည္။ ကိုယ့္အေတြးနဲ႔ကိုယ္ ရယ္လိုက္တဲ့ကြၽန္ေတာ့္ကို လွမ္းၾကည့္လာတဲ့ ေကာင္ေလးေၾကာင့္ ေခါင္းခါျပကာ ထိုင္ခုံမွာ ဝင္ထိုင္လိုက္သည္။
"မာမီ ဘာလို႔အမ်ားႀကီး လုပ္ထားတာလဲ ပင္ပန္းေအာင္ "
ေျပာသာေျပာရတာ ဘယ္ေလာက္ေျပာေျပာ ကြၽန္ေတာ္လာရင္ ဟင္းအစုံခ်က္ေကြၽးတတ္တဲ့မာမီပင္။ မလုပ္ပါနဲ႔လို႔ ေျပာထားတာကို။
"သားႀကိဳက္တတ္တာေလးေတြခ်ည္း ခ်က္ထားတာ... မိေယာဂုဟင္းရည္ေလးေရာ ပါတယ္"
"ကြၽန္ေတာ္ ေကာင္းေကာင္းစားပါ့မယ္ "
ကြၽန္ေတာ္ရယ္ျပၿပီး ေျပာလိုက္သည္။ ဟင္းခြက္ေတြကိုၾကည့္ရင္းကေန မာမီရဲ႕အေကာင္းဆုံးလက္ရာျဖစ္တဲ့ အမဲသားသုတ္ကိုေတြ႕ေတာ့ ဝမ္းသာအားရေကာက္ယူကာ ေကာင္ငယ္ေလးရဲ႕ ထမင္းခြက္ထဲထည့္ေပးမိသည္။
"စားၾကည့္ ကိုယ့္အႀကိဳက္ဆုံးဟင္းထဲက တစ္ခုပဲ"
ကြၽန္ေတာ့္စကားေၾကာင့္ ေဘးနားက ဒယ္ဒီတို႔က ရယ္ကာစၾကသည္။ ဒီေန႔ထမင္းဝိုင္းဟာ အရင္လိုေျခာက္ကပ္မေနပဲ ရယ္သံမ်ားႏွင့္ ျပည့္ႏွက္သြားသည္။
အန္တီတို႔ႏွင့္ စကားေျပာၿပီးေနာက္ ဒီမွာပဲအိပ္သြားပါဆိုတာေၾကာင့္ အေပၚထပ္ကို တက္လာခဲ့ၾကသည္။ အေရွ႕ကေန သြားေနတဲ့ Jin Hyung ကိုၾကည့္ရင္း အန္တီေျပာတဲ့စကားေတြကို စဥ္းစားေနမိသည္။ Jin Hyung က ေမြးေန႔မလုပ္ဘူးတဲ့။ ဒါေၾကာင့္ ဒီတေနကုန္ အိမ္မွာပဲေနေနတာျဖစ္မည္။
"လာ ဝင္ "
Jin Hyung ရဲ႕ အသံေၾကာင့္ ျပန႔္က်ဲေနတဲ့ အေတြးေတြကိုစုကာ အခန္းထဲသို႔ ဝင္လိုက္သည္။ အခန္းႀကီးက အက်ယ္ႀကီးပင္။ မီးေရာင္ေဖ်ာ့ေဖ်ာ့ကို သုံးထားတာေၾကာင့္ Jin Hyung ရဲ႕ အခန္းက တမူထူးျခားေနသည္။ အခန္းထဲမွာပင္ စာအုပ္စင္နဲ႔ အေခြေတြဟာ သူ႔ေနရာႏွင့္သူ စနစ္တက်ထားရွိထားသည္။ ပန္းခ်ီဆရာျဖစ္သည့္အေလ်ာက္ ပန္းခ်ီကားခ်ပ္ေတြနဲ႔ ပန္းခ်ီပစၥည္းေတြဟာ ခမ္းခမ္းနားနား ေနရာယူလ်က္။
အခန္းရဲ႕ ေထာင့္ေနရာမွာ ေနရာယူထားတဲ့ ပီယာႏိုေၾကာင့္...
"Jin Hyung ပီယာႏိုလည္း တီးတတ္တယ္လား"
ကြၽန္ေတာ့္အေမးကို ေခါင္းညိတ္ျပကာ ပီယာႏိုခုံေပၚကို သြားထိုင္တဲ့ Jin Hyung။
"ကိုယ္ ငယ္ငယ္ေလးကတည္းက သင္ထားတာ... ကိုယ့္ေမေမက ပီယာႏိုပညာရွင္ေလ... ေမေမဆုံးၿပီးကတည္းက မတီးျဖစ္ေတာ့တာ"
Jin Hyung ရဲ႕စကားေၾကာင့္ ေမးမိတာကို ေနာင္တရသြားသည္။ ကြၽန္ေတာ့္စိတ္ကို Jin Hyung က သိသည့္ဟန္ေပၚသည္။ သူ႔ေဘးနားက ေနရာကို လာထိုင္ရန္ေခၚသည္။ သူ႔နားကိုသြားထိုင္ေတာ့ ပီယာႏိုအဖုံးကိုဖြင့္ကာ တစ္ခုခ်င္းစီတီးၾကည့္ကာ...
"ကိုယ္နဲ႔အတူတူ လိုက္တီးၾကည့္မလား"
"ဘယ္လိုမ်ိဳးလဲ ကြၽန္ေတာ္မွ ပီယာႏိုမတီးတတ္တာ"
ကြၽန္ေတာ္ေျပာေတာ့ Jin Hyung ကရယ္ကာ သူ႔ရဲ႕လက္ႏွစ္ဘက္လုံးကေန လက္တစ္ေခ်ာင္းစီကိုေထာင္ျပလာတာေၾကာင့္ သူ႔လိုလိုက္လုပ္မိသည္။
"ပီယာႏိုေပၚတင္လိုက္... ဒီဘက္ကေန ကိုယ္တီးတဲ့ အျဖဴေရာင္ခလုတ္ေလးေတြအတိုင္း အဲ့ဘက္ကေန အမဲေရာင္ခလုတ္ေလးေတြကို လိုက္တီးေပး"
Jin Hyung ေျပာတာကို ေခါင္းညိတ္ျပေတာ့ သူက အျဖဴေရာင္ခလုတ္ေလးေတြကို လက္ႏွစ္ေခ်ာင္းႏွင့္ တီးျပသည္။ သူတီးျပတဲ့အတိုင္း လိုက္တီးၾကည့္ေတာ့ ထြက္လာတဲ့အသံဟာ မေကာင္းမြန္ေပမယ္ ညီညာသည္။ ကေလးေလးေတြ တီးေနတာနဲ႔တူသည္။
Jin Hyung က သေဘာတက်ရယ္ကာ...
"ကိုယ့္ေမေမစသင္ေပးတုန္းက ဒီလိုသင္ေပးခဲ့တာ... ဒီပီယာႏိုေလးမွာ ေမေမနဲ႔ကိုယ္ရဲ႕ အမွတ္တရေတြ အမ်ားႀကီးရွိတယ္... ဒါေပမယ့္ ကိုယ့္ေနာင္တေတြကလည္း ဒီပီယာႏိုေလးမွာပဲ ရွိေနတာေၾကာင့္ ဆက္မတီးေတာ့တာ"
Jin Hyung ေျပာကာ ပီယာႏိုေလးကို လက္နဲ႔ခပ္ဖြဖြပြတ္သပ္လိုက္သည္။
"ေမေမက သူ႔လိုပဲ ပီယာႏိုပညာရွင္ျဖစ္ေစခ်င္ခဲ့တာ.. ကိုယ္က ပန္းခ်ီဆြဲခ်င္တယ္... အဲ့ဒါနဲ႔ သားအမိႏွစ္ေယာက္ ကေတာက္ကဆေတြျဖစ္ၾကတာေပါ့... ကိုယ္ေနာင္တအရဆုံးက ကိုယ္ေမြးေန႔မွာ ေမေမႀကိဳက္တဲ့ပီယာႏိုကို တီးမျပလိုက္ရတာပဲ"
ျပတင္းေပါက္ကေန အေဝးကိုလွမ္းၾကည့္ေနတဲ့ Jin Hyung ရဲ႕အသံေတြဟာ နာက်င္ေနသလို။
"ကိုယ္သာမဆိုးခဲ့ရင္ ေမေမလည္း နာက်င္ရမွာမဟုတ္ခဲ့ဘူး... ေနမေကာင္းတာကိုေတာင္မသိဘဲ ကိုယ္က..."
တိုးလ်သြားတဲ့အသံေၾကာင့္ ထကာ ဖက္ထားေပးေတာ့ ခါးကိုျပန္ဖက္လာတဲ့ Jin Hyung ရဲ႕ လက္အသြယ္သြယ္။
"ကိုယ့္ေမြးေန႔တုန္းက ေမေမက ပီယာႏိုတီးျပခိုင္းတာကိုျငင္းၿပီး သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္သြားေနခဲ့တာ... အဲ့တုန္းကသာ ေနာက္ဆုံးျဖတ္သန္းရမယ့္ ေမြးေန႔ဆိုတာသိခဲ့ရင္ ကိုယ္ေလ ေမေမ့ကို ~"
ဆက္ထြက္မလာေတာ့တဲ့အသံေၾကာင့္ ငုံ႔ကာေခါင္းကို ခပ္ဖြဖြနမ္းလိုက္ၿပီး...
"Jin Hyung ေမေမက နားလည္မွာပါ ဒီေလာက္ခ်စ္တာကို... မိဘတိုင္းက သားသမီးေတြကို ေပ်ာ္႐ႊင္ေစခ်င္ၾကတာခ်ည္းပဲ... Jin Hyung ဒီလိုမ်ိဳးဝမ္းနည္းေနရင္ ေမေမက ဘယ္လိုလုပ္ေပ်ာ္ေတာ့မလဲ... သူတို႔က ေကာင္းကင္ကေန ေစာင့္ၾကည့္ေနၾကတာ"
"ကိုယ္ေနာင္တရတယ္ ~~"
"ၿပီးသြားတာေတြလဲ ၿပီးသြားၿပီေလ... ကိုယ့္ကိုကိုယ္ စိတ္ညစ္မခံပါနဲ႔လား... ကြၽန္ေတာ္ေတာ့ ေမေမ့ကို ေက်းဇူးတင္တယ္သိလား... Jin Hyung လို သားမ်ိဳးေမြးခဲ့ေပးလို႔ သိပ္ေက်းဇူးတင္တာပဲ"
ကြၽန္ေတာ့္ကို ေမာ့ၾကည့္လာတဲ့ Jin Hyung ကိုၿပဳံးျပၿပီး ျပန္ၾကည့္ကာ...
"Jin Hyung ေမြးဖြားလာတာက ကြၽန္ေတာ့္အတြက္ ေမွ်ာ္လင့္ခ်က္ေတြ ေပ်ာ္႐ႊင္မႈေတြ ယုံၾကည္ခ်က္ေတြ ခ်စ္ျခင္းေမတၱာေတြအကုန္လုံး ေမြးဖြားလာခဲ့တာပဲ... ဘာမွမဟုတ္တဲ့ ကြၽန္ေတာ့္ကို လက္ခံေပးခဲ့တယ္... နိမ့္က်လြန္းတဲ့ကြၽန္ေတာ့္ကို တန္ဖိုးထားေပးခဲ့တယ္... ၿပီးေတာ့ သိပ္တန္ဖိုးႀကီးလွတဲ့ ႏွလုံးသားနဲ႔ ကြၽန္ေတာ့္ကို ခ်စ္ျမတ္ႏိုးခဲ့ေပးတာ... Jin Hyung သာမရွိခဲ့ရင္ အခုခ်ိန္ ကြၽန္ေတာ္ဆိုတာ ဘာျဖစ္ေနမလဲသိမွာမဟုတ္ဘူး"
ေခါင္းငုံ႔ကာ Jin Hyung ရဲ႕ နဖူးကို ခပ္ဖြဖြနမ္းၿပီး....
"Happy birthday Jin Hyung ~~ ေပ်ာ္႐ႊင္စရာ ေမြးေန႔ေလးျဖစ္ပါေစ"
"နဖူးပဲလား"
ေျပာလာတဲ့ Jin Hyung ေၾကာင့္ ၾကည့္လိုက္ေတာ့ သူက ႏႈတ္ခမ္းကို လက္နဲ႔ထိုးျပကာ ေမးဆတ္ျပသည္။
"ဟာ Jin Hyung ကလည္း "
"ေမြးေန႔ရွင္က ေတာင္းဆိုေနတာကို... ရပါတယ္ ကေလးက မလုပ္ခ်င္ေတာ့လည္း "
ကြၽန္ေတာ္ရွက္လြန္းလို႔ ပါးေတြေတာင္ပူေနၿပီ။ ဒါေပမယ့္ သက္ျပင္းခ်ၿပီးေျပာေနတဲ့ Jin Hyung ေၾကာင့္ ႏႈတ္ခမ္းဖူးဖူးကို ခဏတာထိကပ္လိုက္ေတာ့ Jin Hyung ၿပဳံးလိုက္တာကို ခံစားမိလိုက္သည္။
ေခါင္းကိုျပန္မတ္မလို႔လုပ္ေတာ့ လည္ပင္းကေန သိုင္းဖက္ကာ ႏႈတ္ခမ္းပါးေတြကို နမ္းရႈိက္ေနတဲ့သူ။ စနမ္းတဲ့သူက ကြၽန္ေတာ္ေပမယ့္ ဦးေဆာင္သူေျပာင္းသြားတဲ့ အနမ္းေတြဟာ တျဖည္းျဖည္းနက္ရႈိင္းလာခဲ့သည္။
နမ္းရတာကို အားမရဟန္နဲ႔ Jin Hyung က မတ္တပ္ရပ္ကာ လည္ပင္းကိုထိန္းကိုင္ၿပီး ေခါင္းကိုေစာင္းေစလိုက္သည္။ သူ႔အလိုက် ေခါင္းကိုေစာင္းေပးလိုက္ေတာ့ တိုးဝင္လာတဲ့ လွ်ာပါးပါးဟာ ႏွလုံးသားကိုေတာင္ ေလာင္ကြၽမ္းေစႏိုင္သည္။ ႏႈတ္ခမ္းပါးေတြဟာ ထုံက်င္လို႔လာခဲ့ေပမယ့္ ထိုသူဟာ လႊတ္ေပးမယ့္ပုံမေပၚတာေၾကာင့္ သူနဲ႔အတူသာ စီးေမ်ာလိုက္ပါခဲ့သည္။
"အာ့~~"
အဆုံးသတ္ကိုက္ခ်က္တစ္ခုေၾကာင့္ ေသြးစို႔သြားေပမယ့္ မနာက်င္ဘဲ ခ်ိဳၿမိန္ေနသည္။ တာေဝးအေျပးသမားတစ္ေယာက္လို ေမာဟိုက္ေနေပမယ့္ လန္းဆန္းသလိုရွိတဲ့ခံစားခ်က္။ ေျခဖ်ားလက္မ်ားေတြ ေအးစက္ေနေပမယ့္ အခုပင္ ေလာင္ကြၽမ္းသြားႏိုင္တဲ့ခံစားခ်က္။ ရႈပ္ေထြးေနသေယာင္နဲ႔ အ႐ိုးရွင္းဆုံးေသာခံစားခ်က္။ ထိုခံစားခ်က္ေတြကို Jin Hyung ကသာ ေပးစြမ္းႏိုင္သည္။
"နမ္းတယ္ဆိုတာ ဒါကိုေခၚတယ္ကေလးရဲ႕... ကေလးကလားနဲ႔ ႏႈတ္ခမ္းခ်င္းပဲလာထိေနတာက ဘာလဲ "
လူကိုဆံပင္ေတြဖြကာ စေနတဲ့ Jin Hyung ေၾကာင့္ အတင္း႐ုန္းထြက္ကာ....
"Jin Hyung ႏွာဘူး~~"
"မနမ္းတတ္ဘူးမလား"
ေရခ်ိဳးခန္းဘက္ထြက္လာတဲ့ ကြၽန္ေတာ့္ကိုလွမ္းစေနျပန္တဲ့ Jin Hyung။ယ ေၾကာင့္ ႏႈတ္ခမ္းကိုလက္နဲ႔ကိုင္ကာ ၿပဳံးမိသည္။ အခုထိ ေႏြးေထြးေနတုန္းပင္။ အခုထိ တဒိတ္ဒိတ္နဲ႔ခုန္ေနတဲ့ ရင္ဘက္ကို လက္ကေလးနဲ႔ အသာဖိထားမိသည္။ ႏွလုံးသားႀကီးေတာ့ ခုန္ထြက္လာေတာ့မွာပဲ။
~~~
ရွက္ရမ္းရမ္းကာ ေျပးထြက္သြားတဲ့ေကာင္ေလးကို လွမ္းစၿပီးေနာက္ ေကာင္းကင္ကၾကယ္ေတြကို လွမ္းၾကည့္မိသည္။
ေကာင္းကင္ဘုံမွာေပ်ာ္ေနတယ္မလား ေမေမ။ ေကာင္ေလးကို သားအနား ေမေမပို႔ေပးခဲ့တာမလား။ ေက်းဇူးပါပဲ။ ၿပီးေတာ့ ခ်စ္တယ္ေမေမ။
ေရခ်ိဳးခန္းထဲကေန ထြက္လာတဲ့ေကာင္ငယ္ေလးကို လွမ္းၾကည့္ေတာ့ မသိခ်င္ေယာင္ေဆာင္ၿပီး စာအုပ္စင္ေတြဘက္ ထြက္သြားသည္။ ေက်းဇူးပါ ေကာင္ငယ္ေလး မေတာ္တဆျဖစ္ျဖစ္ ကိုယ့္ဘဝထဲကို ဝင္လာေပးခဲ့လို႔။
To Be Continued.................