Without You (Completed)

Oleh YoonJinSope_Cloud

5K 795 80

မင်းမပါတဲ့ငါ့ဘဝက အသက်မဲ့လွန်းတယ် Yoon~ ကျွန်‌တော်က အကို့ရဲ့တောင်ပံတစ်စုံဖြစ်ပေးမှာပါ~ A YoonJin story by Acha... Lebih Banyak

Prologue
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23 (Final)
Extra

Part - 15

192 27 2
Oleh YoonJinSope_Cloud

(Unicode)

"အန်တီ ကော်ဖီ သောက်ပါအုံး"

ကော်ဖီခွက်ကို အန်တီရှေ့ချပေးလိုက်တော့ အန်တီကပြုံးပြပြီး

"ထိုင်လို့ရရင် ထိုင်ပါဦး သားငယ်လေးရယ် "

အန်တီစကားကြောင့် ထိုင်ခုံပေါ်ကို ဝင်ထိုင်လိုက်ပြီးနောက်မှာ စိုးရိမ်မှုကြောင့် အင်္ကျီစကို လက်နှင့် ဆုပ်ကိုင်ထားမိသည်။ အမှန်ဆို Jin Hyung ရဲ့မိဘတွေနဲ့ တစ်ခါမှ တစ်ယောက်တည်းမတွေ့ဖူးသေးပါ ။

"ဒါနဲ့ အန်တီလို့ပဲခေါ်နေတော့မှာလား သားငယ်လေး~ မာမီ့ကို စိတ်မကောင်းအောင်"

ကော်ဖီခွက်ကိုချကာ ပြောလာတဲ့ အန်တီကြောင့်

"မ မဟုတ်ပါဘူး အန်~အာ မာ မာမီ "

ပျာပျာသလဲ ပြန်ဖြေတဲ့ကျွန်တော်ကို ကြည့်ပြီးမှ ဟက်ဟက်ပက်ပက်ရယ်နေတဲ့ အန်တီကြောင့် ကျွန်တော်ကြောင်သွားသည်။

"မာမီက စတာပါ သားငယ်ရယ် ~"

ပြီးတော့ သူမ သက်ပြင်းကိုခပ်ငွေ့ငွေ့ချသည်။

"မာမီကလေ ရင်းရင်းနှီးနှီးနေလို့ရမယ့် သားလေးတစ်ယောက် အရမ်းလိုချင်ခဲ့တာ~ Jin လေးက သားသိတဲ့အတိုင်းပဲ သိပ်သွေးအေးလွန်းတာ~ နောက်ထပ်ကလေးထပ်ယူဖို့ကျပြန်တော့လည်း သားကြီးနဲ့ပိုဝေးသွားမှာစိုးလို့ မယူဖြစ်ပြန်ဘူးလေ"

အန်တီရဲ့စကားတွေကို ကျွန်တော်စိတ်ဝင်တစား နားထောင်နေမိသည်။

"သားနဲ့လက်ထပ်မယ်ဆိုတော့ မာမီမှာ သိပ်ဝမ်းသာသွားတာ~ ဒါပေမယ့် သားကလည်း အေးတိအေးစက်နဲ့"

ရယ်ပြီးပြောလာတဲ့ အန်တီကြောင့် လည်ပင်းကို လက်ဖြင့်ပွတ်ကာ ခေါင်းကိုငုံ့လိုက်မိသည်။

"အိမ်ကိုလာပါ သားရယ်~ တစ်ယောက်တည်းလည်း လာလို့ရပါတယ်~ ဖေကြီးရော မာမီရောက သားကို လာစေချင်တာ ~ဖေကြီးနဲ့ သူ့သားကြီးနဲ့က အမြဲတမ်းတစ်တွဲလေ ~မာမီမှာ အမြဲတစ်ယောက်တည်း အခုတော့ သားငယ်လေးနဲ့ ပေါင်းလို့ရပြီ"

"ဟုတ် ~လာခဲ့ပါ့မယ်"

အန်တီရဲ့စကားကြောင့် ရင်ထဲမှာ နွေးထွေးသွားသလို ခံစားလိုက်ရသည်။ ကိုယ့်ကို ဒီလောက်ချစ်ကြမှန်း မသိခဲ့တာ အမှန်ပါ။ အန်တီက ကော်ဖီခွက်ကို ကိုင်ကာ အပြင်ကိုကြည့်နေသည်။သူမကိုကြည့်ရတာ တစ်ခုခုပြောစရာ ရှိတဲ့ပုံပင် ။

"သားငယ်လေး~"

"ဟုတ်~"

"မာမီ တကယ်တော့ သားကို အကူအညီတောင်းစရာရှိလို့လာခဲ့သည် "

အန်တီ့မျက်နှာမှာ စိုးရိမ်မှုတချို့ရှိနေတာကြောင့်

"ဟုတ်~မာမီ ပြောပါ ရတယ်"

"သားငယ်လေးက မာမီတို့အတွက် မျိုးဆက်လေးကို မွေးပေးနိုင်မလား"

ကျွန်တော်ထိတ်လန့်စွာ လက်ထဲက ဗန်းကို ဆုပ်ကိုင်လိုက်မိသည် ။

"ဟို~မာမီတို့ဘက်က လွန်သလို ဖြစ်သွားတာ သိပါတယ် ~ဒါပေမယ့် မာမီတို့လည်း ရှေ့ရေးအတွက် စဉ်းစားကြည့်တာပါ~ သားကြီးရဲ့ဒယ်ဒီကလည်း သူမသေခင် မြေးလေးကိုချီကြည့်ချင်တယ်လို့ ပြောနေတာမို့ မာမီက~"

တိတ်ဆိတ်သွားလို့ မော့ကြည့်လိုက်တော့ အန်တီက အားနာတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေသည်။

"ဟို~ကျွန်တော်က ကလေးမွေးလို့ ဖြစ်နိုင်ပါ့မလား "

စိုးရိမ်စွာ မေးမိတော့ အန်တီက စားပွဲတင်ထားတဲ့ လက်တစ်ဖက်ကို ဆွဲယူလာ၏။

"သားငယ်လေးသာ သဘောတူရင် ဆေးကုသမှုခံယူပြီး ကိုယ်ဝန်ဆောင်လို့ရတယ်တဲ့ ~"

"ကျွန်တော်နဲ့ Jin Hyung က အခုထိ "

"နားလည်ပါတယ် ~ဒါပေမယ့် ဆေးကုသမှုကလည်း အချိန်နည်းနည်းကြာမယ်ဆိုတော့ သားတို့ကျောင်းပြီးခါနီးကျရင် အဆင်ပြေမှာပါ"

"Jin Hyung သိလား"

အန်တီက ခေါင်းခါပြကာ

"သားကြီးကို မပြောရသေးဘူး ~အကုန်လုံးပြီးသွားမှ ပြောကြရအောင်~ စိတ်မပူပါနဲ့ မာမီတို့က အကုန်လုပ်ပေးမှာပါ~ မာမီတို့ရှိတာပဲ"

ကျွန်တော် ခဏလောက် တိတ်ဆိတ်နေပြီးမှ

"ကျွန်တော် မာမီကို ပြန်ပြီးပြောပါမယ်~ ခဏလောက် စဉ်းစားချင်သေးတယ်"

"ရပါတယ် သားငယ်လေးရဲ့သဘောပါ~ သားမလုပ်ချင်လည်းရပါတယ် "

ကျွန်တော်ခေါင်းငြိမ့်ပြလိုက်သည်။

~~~~

အလုပ်ပြီးတော့ ဒေါ်လေးဖုန်းဆက်ခေါ်တာနဲ့ Yoonji  လေးဆီ လာခဲ့သည်။ ဘာကိစ္စရှိလို့လဲ မသိဘူး။ ဓာတ်လှေကားထဲမှာ ရပ်စောင့်နေရင်း မနက်က အကြောင်းကို တွေးမိပြန်သည်။ တကယ်ဆို Jin Hyung နှင့် ကျွန်တော်က အခုမှ ဆက်ဆံရေးပြေလည်ကာစရှိသေးတာကို ထိုကိစ္စကြီးကိုပြောဖို့ကျ အဆင်ပြေပါ့မလား။

"အာ~~ရာသီဥတုပူတယ်ထင်တယ် ပါးတွေပူလာပြန်ပြီ"

ကိုယ့်ပါးကိုကိုယ်ကိုင်ကာ ရေရွတ်လိုက်မိသည်။ အဲ့အကြောင်းစဉ်းစားမိရင် လူကပြုံးမိပြီး ပူထူလာသည်။ ဘယ်လိုကြီးမှန်းမသိဘူး ~။

Yoonji လေးရဲ့ အခန်းနားရောက်တော့ ရယ်သံတွေကြားရတာကြောင့် တံခါးကိုအသာဖွင့်ကြည့်လိုက်တော့ အံသြသွားရသည်။

"Jin Hyung ~"

ကျွန်တော်ခေါ်လိုက်တော့ Jin Hyung က ပြုံးပြပြီး လှည့်ကြည့်လာသည်။

"Jin Hyung ဘယ်လိုလုပ်ပြီး ဒီကို~"

"လူလေးရောက်နေတာကြာပြီ~ သားညီမလေးနဲ့ ဆော့ပေးနေတာ ~"

ဒေါ်လေးက ဝင်ပြောရင် ခွဲထားတဲ့ သစ်သီးပန်ကန်ကို လှမ်းပေးတာကြောင်း ယူကာ Jin Hyung ကို ပေးလိုက်သည်။

"Oppa ~သမီးကို ခုနက ပုံပြင်ပြန်ပြောပြ"

Jin Hyung ရဲ့ အင်္ကျီစကိုဆွဲကာ ပူဆာနေတဲ့ Yoonji လေးကြောင့် Jin Hyung ကို အားနာစွာ လှမ်းကြည့်လိုက်သည်။ Jin Hyung ကတော့ Yoonji လေးကို ချီကာ ကုတင်ဘက်သို့ထွက်သွားသည်။

"သားရဲ့ခင်ပွန်းက ဘယ်ဆိုးလို့လဲ ဖော်ဖော်ရွေရွေရှိသားပဲ"

ဒေါ်လေးက ပြုံးပြီး ပြောနေသည်။

"လူကြီးကိုလည်း လူကြီးမှန်းသိတယ် ~သားကိုလည်း ချစ်ရှာတယ်"

"ဗျာ~"

ကျွန်တော် အလန့်တကြား ထအော်တော့ ဒေါ်လေးက ကြည့်ပြီးရယ်သည်။ ဒေါ်လေး ဘာကိုကြည့်ပြီးပြောတာလဲမသိပေမယ့် ဒေါ်လေးထင်တာ မှားနေတာနေမှာပါ။

"လူလေးက ရောက်ကတည်းက သားအကြောင်းကို မေးနေတာ~ သားအကြောင်းပြောပြတော့ သူစိတ်မကောင်းဖြစ်နေတာ~ သူ့ကြည့်ရတာ သားကိုချစ်ရှာပါတယ်  "

ဒေါ်လေးစကားကို နားထောင်ရင်း Jin Hyung ဘက်ကြည့်လိုက်တော့ Yoonji လေးကို ပုံပြင်ပြောရင်း ချော့သိပ်ပေးနေလေသည်။

~~~~~

"ဒေါ်လေး သွားလိုက်ပါဦးမယ်"

Yoonji လေး အိပ်သွားတော့ နှစ်ယောက်သား ဒေါ်လေးကို နှုတ်ဆက်ကာ ဆေးရုံအပြင်ဘက်ထွက်လာခဲ့သည်။

"ဘယ်သွားစရာရှိလဲ"

Jin Hyung ရဲ့ အမေးကို ခေါင်းခါပြလိုက်သည်။ ဒီနေ့ညက club မှာ အလုပ်ဝင်စရာမလိုပါ။ အလုပ်လို့သာပြောတာ Tae က အပ်ပေးထားတာကြောင့်ထင်တယ် အလုပ်သိပ်မလုပ်ရပါ။ ဒီအတိုင်း အနောက်ဘက်မှာနေပြီး အချိုပွဲတွေ ပြင်ပေးရုံပင်။

"ဘယ်မှမရှိရင် သွားရအောင်"

"Jin Hyung ရဲ့ ကားရော~? လမ်းလျှောက်မလို့လား"

"Yoongi ဒီလာမယ်ဆိုပြီး Jungkook နဲ့လိုက်လာတာ ပြန်ရင် အတူပြန်မလို့"

Jin Hyung ရဲ့စကားအဆုံးမှာ ကျွန်တော် ပြုံးလိုက်မိသည်။ သူဒီတိုင်းပြောလိုက်တဲ့ အတူပြန်မလို့ဆိုတဲ့စကားလေးကတောင် ကျွန်တော်ကို ပျော်အောင်လုပ်ပေးနိုင်စွမ်းရှိသည်။

"လာလေ ဘာလုပ်နေတာလဲ"

ကျွန်တော်ရပ်ကျန်နေခဲ့လို့ မျက်မှောင်ကျုံ့ပြီး ခေါ်နေတဲ့ Jin Hyung နားကို ပြေးသွားလိုက်သည်။ ဒီနောက်ပိုင်း Jin Hyung က အရင်ကလို ကြောက်စရာသိပ်မကောင်းတော့ပါ။

"Yoongi ငါးပေါင်မုန့်စားမလား~ဒီမှာစောင့်နေ"

ငါးပေါင်မုန့်သည်ကိုမြင်ပြီး မေးနေတဲ့ Jin Hyung ကြောင့် ခေါင်းငြိမ့်ပြလိုက်တော့ ထိုင်ခုံမှာထိုင်စောင့်ခိုင်းပြီး သူကတော့ ငါးပေါင်မုန့်သွားဝယ်သည်။

"ရော့~"

လက်ထဲရောက်လာတဲ့ ငါးပေါင်မုန့်ပူပူနွေးနွေးကြောင့် ပြုံးလိုက်သည်။ ဆောင်းရာသီရဲ့ အအေးဓာတ်နဲ့ ပူပူနွေးနွေးအစားအသောက်တွေဟာ လိုက်ဖက်ဆုံးသော အရာတွေပင်။

"Club မှာ အချိန်ပိုင်းဝင်လုပ်နေတုန်းလား"

Jin Hyung ရဲ့ အမေးကြောင့် လှည့်ကြည့်လိုက်တော့ သူက ငါးပေါင်မုန့်ကို အေးဆေးစားကာ မေးနေသည်။

"ဟုတ်~"

"ထွက်လိုက်~"

"ဗျာ~"

ကျွန်တော်က နားမလည်သလို မေးတော့

"Club မှာ အချိန်ပိုင်းလုပ်နေတာကနေ ထွက်လိုက်တော့လို့ပြောတာ~ ကျန်တာတွေတော့မပြောလိုပေမယ့် အဲ့အလုပ်ကိုတော့ ကိုယ်မကြိုက်ဘူး~ ဘယ်လောက်ပဲ TaeHyung အပ်ပေးထားတယ်ပြောပြော အဲ့ကိုလာတဲ့လူတွေအများစုက ပေါရိဿဒတွေချည်းပဲ~ ကလေးက မအူမလည်နဲ့~ ပြီးတော့ ညဆိုလည်း ညနက်မှပြန်ရတာ~ ဒီလိုခေတ်ကြီးထဲမှာ တစ်ယောက်တည်းပြန်လာလာနေရတာ ကိုယ်စိတ်မချဘူး "

Jin Hyung ရဲ့ စကားကြောင့်

"ကျွန်တော့်အလုပ်က စားဖိုခန်းထဲမှာနေရုံပါပဲ~ စိတ်မပူပါနဲ့~ ပြီးတော့ စောစောလည်းပြန်ခဲ့ပါ့မယ်"

"Min Yoongi ~"

မျက်မှောင်ကျုံ့ပြီး ကြည့်လာတဲ့ Jin Hyung ကြောင့် တံတွေးတစ်ချက်မြိုချလိုက်သည်။ ငါကလဲငါပဲ သူ့ကိုသွားသွားပြီး အထွန့်တက်မိပြန်ပြီ။

"ကိုယ်က ထွက်ဆိုထွက်လိုက်ပေါ့ ဘာလို့ပြန်ပြောနေတာလဲ"

အလိုမကျသလိုပြောလာတဲ့ Jin Hyung ကြောင့် ကျွန်တော်ခေါင်းကိုငုံ့ကာ

"ဟုတ်~ကျွန်တော်ထွက်လိုက်ပါ့မယ်"

"အခုချက်ချင်း"

"ဟုတ်~"

"လိမ္မာတယ်~ကလေးလေး"

သူလိုချင်တဲ့အဖြေရသွားတော့ ချက်ချင်းရယ်ပြီး ဆံပင်တွေကို လက်နဲ့ထိုးဖွလာပြီး ကလေးတွေကိုချီးကျူးသလို လုပ်ပေးနေတဲ့ Jin Hyung ရယ်ပါ။ စိတ်လိုလက်ရရယ်နေတဲ့ Jin Hyung ကို ငေးကြည့်နေမိသည်။ Jin Hyung က ချောလွန်းတယ်။ ယောက်ျားလည်းပီသတယ်။ သဘောလည်းကောင်းတယ်။ ဒီလိုရယ်နေပြန်တော့လည်း ကလေးလေးတွေလို ဖြူစင်နေပြန်ရော။  Jin Hyung နဲ့ရမယ့်ကလေးက ချစ်စရာလေးဖြစ်မည် ထင်သည်။

"Yoongi ဘာတွေတွေးနေတာလဲ"

မတ်တပ်ရပ်ပြီး မေးနေတဲ့ Jin Hyung ကြောင့် ခေါင်းခါပြလိုက်သည်။

"တော်တော်အတွေးများတဲ့ ကလေးပဲ ~လာ သွားစို့"

ကမ်းပေးလာတဲ့လက်တွေကို သဘောတကျဆွဲယူကာ Jin Hyung နောက်ကိုလိုက်ခဲ့မိသည်။

"Jin Hyung ~Jin Hyung က ကလေးတွေကိုချစ်လား"

ကျွန်တော်သိချင်မိတဲ့ အဖြေကိုမေးကြည့်တော့ Jin Hyung ခေါင်းငြိမ့်ပြကာ

"ချစ်တယ်~ကလေးတွေက ဖြူစင်တယ်လေ~ ပြီးတော့ ချစ်စရာလည်းကောင်းတယ်~ သူတို့စိတ်ထဲမှာရှိတဲ့အတိုင်း ပြုမူကြတာ~ ဟန်ဆောင်တာ ဖုံးကွယ်တာ ဘာမှမရှိဘူး ~ဘာလို့လဲ"

"ဒီတိုင်းမေးကြည့်တာ~Jin Hyung ရဲ့ ကလေးဆိုရင် ဒီထက်ပိုချစ်မှာပေါ့"

"ချစ်မှာပေါ့ သွေးသားအရင်းပဲ ဒါပေမယ့်~"

Jin Hyung စကားကိုနားထောင်နေတုန်း လက်မှာခံစားလာရတဲ့ နွေးထွေးမှုကြောင့် ကြည့်လိုက်တော့ Jin Hyung က ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားတာပင်

"ကလေးနဲ့နေရရင်လည်း ကိုယ့်အတွက်ပြည့်စုံတာပဲမို့ မဟုတ်တာတွေတွေးပြီး စိတ်ဓာတ်ကျမနေနဲ့~ သားသမီးမရှိလည်း အသက်ကြီးတဲ့အထိ ဒီလိုပဲ တစ်ယောက်ကိုတစ်ယောက်မှီခိုရင်းနဲ့ နေသွားလို့ရတာပဲ "

Jin Hyung က တစ်ချက်ရယ်ကာ

"ဘုရားက လက်ဆောင်ပေးရင်တော့ မပြောတတ်ဘူးလေ~ ဘယ်သူပြောနိုင်မှာလဲ ကလေးမှာလည်း ကိုယ်ဝန်ရှိလာမယ်လို့"

"ဟာ~~Jin Hyung !"

ကျွန်တော်ရှက်ရှက်နဲ့ အော်တော့ Jin Hyung က အော်ပြီးရယ်သည်။ ကျွန်တော်တကယ်ပဲ ကလေးယူနိုင်ရင် Jin Hyung ပျော်မလားမသိဘူး။

"Yoongi~"

Jin Hyung ရဲ့ ခေါ်သံကြောင့် မော့ကြည့်လိုက်တော့ Jin Hyung က လက်ကိုတွဲထားရင်း မျက်နှာချင်းဆိုင်ဖြစ်အောင် ရပ်ကာ

"တစ်ခါမှလည်း ချစ်တယ်မပြောဖူးပဲနဲ့ ကိုယ်ဒီလိုတွေလုပ်နေတာကို ကလေးအနေနဲ့ ကိုယ်က ကစားနေတာလို့ ထင်ချင်ထင်နိုင်တယ် ~ဒါပေမယ့် ဒါတွေအကုန်လုံးက ကိုယ့်စိတ်ထဲကလာတဲ့အတိုင်း ကလေးကို ဆက်ဆံနေတာဆိုတာ ယုံပေးပါ ~"

"Jin Hyung ~"

"ချစ်တယ်ဆိုတဲ့စကားကို သူများတွေကိုလွယ်လွယ်ပြောခဲ့သလောက် ကလေးနဲ့ကျတော့ ကိုယ့်စကားကို အယုံအကြည်မရှိမှာစိုးလို့ ပြောမထွက်ရဲခဲ့ဘူး ~ ကိုယ်ချစ်တဲ့ ကလေးကို မနာကျင်စေချင်လို့ ကိုယ့်စိတ်ကိုကိုယ် ပြန်သုံးသပ်ကြည့်တာ အခါခါပဲ ~ဒါပေမယ့် အချိန်တိုင်း အဖြေက တစ်မျိုးပဲထွက်လာတယ် "

နားထောင်ရင်း မျက်ရည်တွေဝဲလာတဲ့ ကျွန်တော့်ရဲ့ မေးစေ့ကို Jin Hyung က ခပ်ဖွဖွ ပင့်ယူကာ မျက်လုံးချင်းဆိုင်စေသည်။

"ကိုယ်မင်းကို ချစ်တယ် ကလေး"

Jin Hyung ရဲ့စကားအဆုံးမှာ ကျဆင်းလာတဲ့မျက်ရည်များကြောင့် Jin Hyung က သူ့လက်နှစ်ဖက်နှင့် ခပ်ဖွဖွသုတ်ပေးကာ

"ဘာလို့ ငိုနေတာလဲ ~ကိုယ့်စကားကို မယုံလို့လား"

ကျွန်တော်ခေါင်းခါပြကာ

"မဟုတ်ဘူး~ ဒီ ဒီလောက်ကြီး ပျော်ပြီးသွားရင် ဝမ်းနည်းရတတ်တယ် ~"

Jin ကလေးဆန်ဆန်အတွေးနဲ့ ဝမ်းနည်းနေတဲ့ Yoongi ကို အသဲယားစွာ နဖူးကိုနမ်းလိုက်တော့ မော့ကြည့်လာတဲ့သူ။ ငိုထားလို့ မျက်ရည်တွေ လက်နေတဲ့ မျက်လုံးလေးအပြင် နှာခေါင်းထိပ်ကလေးတွေပါ ရဲနေသည်။ မျက်နှာတစ်ခုလုံး စတော်ဘယ်ရီသီးလေးလို ဖြစ်နေတဲ့ ကောင်လေးကို ကြည့်နေရာကနေ

"Yoongi ~ကလေး ကိုယ်နမ်းချင်လို့"

စကားပြန်မပေးပဲ နီရဲရဲနှုတ်ခမ်းပါးလေးကို ထိကပ်လိုက်တော့ ပြူးကျယ်လာတဲ့ မျက်လုံးလေး။ ကောင်လေးရဲ့ နှုတ်ခမ်းပါးတွေဟာ ချိုသည် နူးညံ့လွန်းသည်။ marshmallows လေးတွေ အတိုင်းပဲ။ အောက်နှုတ်ခမ်းလေးကို စုပ်ယူလိုက်တော့ အင်္ကျီစကိုဆွဲလာတဲ့ ကောင်လေးရဲ့လက်ကလေးတွေ။

အိစက်တဲ့ နှုတ်ခမ်းပါးတွေရဲ့ ထိတွေ့မှုဟာ သူရဲ့မျက်လုံးလေးတွေ မှိတ်သွားတဲ့အထိ စွမ်းဆောင်နိုင်ခဲ့သည်။ ကျွန်တော့်ဦးဆောင်မှုနောက်ကနေလိုက်ရင်း နှုတ်ခမ်းပါးရဲ့ ချိုမြိန်မှုကို သုံးဆောင်နေတဲ့ သူဟာ ကျွန်တော့်ချစ်ခြင်းတွေကိုလည်း ယူဆောင်သွားသည်။

"Jin ~Hyung ~~"

ရင်ဘက်ကိုထုလာတဲ့လက်တွေကြောင့် နှမြောသတဖြစ်စွာ လွတ်ပေးလိုက်တော့ ရင်ခွင်အတင်းတိုးဝင်လာတဲ့ ကောင်ငယ်လေး။ မျက်နှာကိုမြင်ချင်မိတဲ့စိတ်ကြောင့် ရင်ခွင်ထဲကနေ ဆွဲထုတ်တော့ ခါးကိုတင်းနေအောင်ဖက်ထားတဲ့ ကောင်ငယ်လေး။

"ကလေး ရုပ်ကလေးကြည့်ရအောင်ပါကွာ "

"တော်ပြီ"

ရင်ခွင်ထဲကနေ ထွက်လာတဲ့ ဗလုံးဗထွေးအသံလေး

"ဘာလို့လဲ ကြည့်ရအောင်ပါ"

"ရှက် ရှက်လို့"

ခပ်တိုးတိုးဖြေလာတဲ့စကားအဆုံးမှာ ကျွန်တော်ခပ်ဟဟ ရယ်ကာ ကောင်လေးကိုပြန်ဖက်လိုက်သည်။ အခုမှ တကယ်စတော်ဘယ်ရီသီးလေး ဖြစ်သွားမှာ။ တော်သေးတယ် လူရှင်းတဲ့လမ်းမို့ လူတွေသာရှိရင် ဒီကောင်ငယ်လေး အရှက်သည်းလို့ပြီးမှာ မဟုတ်ပေ။

သူ့ကိုစနေရာကနေ ကောင်လေးခေါင်းပေါ်ကျဆင်းလာသော အဖြူရောင်လေးတွေကို ကြည့်လိုက်တော့ နှင်းတွေကျနေတာပင်။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ ဖြူစင်လွန်းတဲ့ နှင်းပွင့်လေးတွေက မြေပြင်ပေါ်သို့ကျဆင်းနေတာပင်။ ကျွန်တော်သူ့ကို ပိုတိုးပြီး ဖက်လိုက်သည်။

ဒါ ဒီနှစ်အတွက် ပထမဆုံးကျတဲ့ first snow ပင် ~။

To Be Continued~~~
-
-
-
-
-
-
-
(Zawgyi)

"အန္တီ ေကာ္ဖီ ေသာက္ပါအုံး"

ေကာ္ဖီခြက္ကို အန္တီေရွ႕ခ်ေပးလိုက္ေတာ့ အန္တီကၿပဳံးျပၿပီး

"ထိုင္လို႔ရရင္ ထိုင္ပါဦး သားငယ္ေလးရယ္ "

အန္တီစကားေၾကာင့္ ထိုင္ခုံေပၚကို ဝင္ထိုင္လိုက္ၿပီးေနာက္မွာ စိုးရိမ္မႈေၾကာင့္ အက်ႌစကို လက္ႏွင့္ ဆုပ္ကိုင္ထားမိသည္။ အမွန္ဆို Jin Hyung ရဲ႕မိဘေတြနဲ႔ တစ္ခါမွ တစ္ေယာက္တည္းမေတြ႕ဖူးေသးပါ ။

"ဒါနဲ႔ အန္တီလို႔ပဲေခၚေနေတာ့မွာလား သားငယ္ေလး~ မာမီ့ကို စိတ္မေကာင္းေအာင္"

ေကာ္ဖီခြက္ကိုခ်ကာ ေျပာလာတဲ့ အန္တီေၾကာင့္

"မ မဟုတ္ပါဘူး အန္~အာ မာ မာမီ "

ပ်ာပ်ာသလဲ ျပန္ေျဖတဲ့ကြၽန္ေတာ္ကို ၾကည့္ၿပီးမွ ဟက္ဟက္ပက္ပက္ရယ္ေနတဲ့ အန္တီေၾကာင့္ ကြၽန္ေတာ္ေၾကာင္သြားသည္။

"မာမီက စတာပါ သားငယ္ရယ္ ~"

ၿပီးေတာ့ သူမ သက္ျပင္းကိုခပ္ေငြ႕ေငြ႕ခ်သည္။

"မာမီကေလ ရင္းရင္းႏွီးႏွီးေနလို႔ရမယ့္ သားေလးတစ္ေယာက္ အရမ္းလိုခ်င္ခဲ့တာ~ Jin ေလးက သားသိတဲ့အတိုင္းပဲ သိပ္ေသြးေအးလြန္းတာ~ ေနာက္ထပ္ကေလးထပ္ယူဖို႔က်ျပန္ေတာ့လည္း သားႀကီးနဲ႔ပိုေဝးသြားမွာစိုးလို႔ မယူျဖစ္ျပန္ဘူးေလ"

အန္တီရဲ႕စကားေတြကို ကြၽန္ေတာ္စိတ္ဝင္တစား နားေထာင္ေနမိသည္။

"သားနဲ႔လက္ထပ္မယ္ဆိုေတာ့ မာမီမွာ သိပ္ဝမ္းသာသြားတာ~ ဒါေပမယ့္ သားကလည္း ေအးတိေအးစက္နဲ႔"

ရယ္ၿပီးေျပာလာတဲ့ အန္တီေၾကာင့္ လည္ပင္းကို လက္ျဖင့္ပြတ္ကာ ေခါင္းကိုငုံ႔လိုက္မိသည္။

"အိမ္ကိုလာပါ သားရယ္~ တစ္ေယာက္တည္းလည္း လာလို႔ရပါတယ္~ ေဖႀကီးေရာ မာမီေရာက သားကို လာေစခ်င္တာ ~ေဖႀကီးနဲ႔ သူ႔သားႀကီးနဲ႔က အၿမဲတမ္းတစ္တြဲေလ ~မာမီမွာ အၿမဲတစ္ေယာက္တည္း အခုေတာ့ သားငယ္ေလးနဲ႔ ေပါင္းလို႔ရၿပီ"

"ဟုတ္ ~လာခဲ့ပါ့မယ္"

အန္တီရဲ႕စကားေၾကာင့္ ရင္ထဲမွာ ေႏြးေထြးသြားသလို ခံစားလိုက္ရသည္။ ကိုယ့္ကို ဒီေလာက္ခ်စ္ၾကမွန္း မသိခဲ့တာ အမွန္ပါ။ အန္တီက ေကာ္ဖီခြက္ကို ကိုင္ကာ အျပင္ကိုၾကည့္ေနသည္။သူမကိုၾကည့္ရတာ တစ္ခုခုေျပာစရာ ရွိတဲ့ပုံပင္ ။

"သားငယ္ေလး~"

"ဟုတ္~"

"မာမီ တကယ္ေတာ့ သားကို အကူအညီေတာင္းစရာရွိလို႔လာခဲ့သည္ "

အန္တီ့မ်က္ႏွာမွာ စိုးရိမ္မႈတခ်ိဳ႕ရွိေနတာေၾကာင့္

"ဟုတ္~မာမီ ေျပာပါ ရတယ္"

"သားငယ္ေလးက မာမီတို႔အတြက္ မ်ိဳးဆက္ေလးကို ေမြးေပးႏိုင္မလား"

ကြၽန္ေတာ္ထိတ္လန္႔စြာ လက္ထဲက ဗန္းကို ဆုပ္ကိုင္လိုက္မိသည္ ။

"ဟို~မာမီတို႔ဘက္က လြန္သလို ျဖစ္သြားတာ သိပါတယ္ ~ဒါေပမယ့္ မာမီတို႔လည္း ေရွ႕ေရးအတြက္ စဥ္းစားၾကည့္တာပါ~ သားႀကီးရဲ႕ဒယ္ဒီကလည္း သူမေသခင္ ေျမးေလးကိုခ်ီၾကည့္ခ်င္တယ္လို႔ ေျပာေနတာမို႔ မာမီက~"

တိတ္ဆိတ္သြားလို႔ ေမာ့ၾကည့္လိုက္ေတာ့ အန္တီက အားနာတဲ့ မ်က္ဝန္းေတြနဲ႔ ၾကည့္ေနသည္။

"ဟို~ကြၽန္ေတာ္က ကေလးေမြးလို႔ ျဖစ္ႏိုင္ပါ့မလား "

စိုးရိမ္စြာ ေမးမိေတာ့ အန္တီက စားပြဲတင္ထားတဲ့ လက္တစ္ဖက္ကို ဆြဲယူလာ၏။

"သားငယ္ေလးသာ သေဘာတူရင္ ေဆးကုသမႈခံယူၿပီး ကိုယ္ဝန္ေဆာင္လို႔ရတယ္တဲ့ ~"

"ကြၽန္ေတာ္နဲ႔ Jin Hyung က အခုထိ "

"နားလည္ပါတယ္ ~ဒါေပမယ့္ ေဆးကုသမႈကလည္း အခ်ိန္နည္းနည္းၾကာမယ္ဆိုေတာ့ သားတို႔ေက်ာင္းၿပီးခါနီးက်ရင္ အဆင္ေျပမွာပါ"

"Jin Hyung သိလား"

အန္တီက ေခါင္းခါျပကာ

"သားႀကီးကို မေျပာရေသးဘူး ~အကုန္လုံးၿပီးသြားမွ ေျပာၾကရေအာင္~ စိတ္မပူပါနဲ႔ မာမီတို႔က အကုန္လုပ္ေပးမွာပါ~ မာမီတို႔ရွိတာပဲ"

ကြၽန္ေတာ္ ခဏေလာက္ တိတ္ဆိတ္ေနၿပီးမွ

"ကြၽန္ေတာ္ မာမီကို ျပန္ၿပီးေျပာပါမယ္~ ခဏေလာက္ စဥ္းစားခ်င္ေသးတယ္"

"ရပါတယ္ သားငယ္ေလးရဲ႕သေဘာပါ~ သားမလုပ္ခ်င္လည္းရပါတယ္ "

ကြၽန္ေတာ္ေခါင္းၿငိမ့္ျပလိုက္သည္။

~~~~

အလုပ္ၿပီးေတာ့ ေဒၚေလးဖုန္းဆက္ေခၚတာနဲ႔ Yoonji  ေလးဆီ လာခဲ့သည္။ ဘာကိစၥရွိလို႔လဲ မသိဘူး။ ဓာတ္ေလွကားထဲမွာ ရပ္ေစာင့္ေနရင္း မနက္က အေၾကာင္းကို ေတြးမိျပန္သည္။ တကယ္ဆို Jin Hyung ႏွင့္ ကြၽန္ေတာ္က အခုမွ ဆက္ဆံေရးေျပလည္ကာစရွိေသးတာကို ထိုကိစၥႀကီးကိုေျပာဖို႔က် အဆင္ေျပပါ့မလား။

"အာ~~ရာသီဥတုပူတယ္ထင္တယ္ ပါးေတြပူလာျပန္ၿပီ"

ကိုယ့္ပါးကိုကိုယ္ကိုင္ကာ ေရ႐ြတ္လိုက္မိသည္။ အဲ့အေၾကာင္းစဥ္းစားမိရင္ လူကၿပဳံးမိၿပီး ပူထူလာသည္။ ဘယ္လိုႀကီးမွန္းမသိဘူး ~။

Yoonji ေလးရဲ႕ အခန္းနားေရာက္ေတာ့ ရယ္သံေတြၾကားရတာေၾကာင့္ တံခါးကိုအသာဖြင့္ၾကည့္လိုက္ေတာ့ အံၾသသြားရသည္။

"Jin Hyung ~"

ကြၽန္ေတာ္ေခၚလိုက္ေတာ့ Jin Hyung က ၿပဳံးျပၿပီး လွည့္ၾကည့္လာသည္။

"Jin Hyung ဘယ္လိုလုပ္ၿပီး ဒီကို~"

"လူေလးေရာက္ေနတာၾကာၿပီ~ သားညီမေလးနဲ႔ ေဆာ့ေပးေနတာ ~"

ေဒၚေလးက ဝင္ေျပာရင္ ခြဲထားတဲ့ သစ္သီးပန္ကန္ကို လွမ္းေပးတာေၾကာင္း ယူကာ Jin Hyung ကို ေပးလိုက္သည္။

"Oppa ~သမီးကို ခုနက ပုံျပင္ျပန္ေျပာျပ"

Jin Hyung ရဲ႕ အက်ႌစကိုဆြဲကာ ပူဆာေနတဲ့ Yoonji ေလးေၾကာင့္ Jin Hyung ကို အားနာစြာ လွမ္းၾကည့္လိုက္သည္။ Jin Hyung ကေတာ့ Yoonji ေလးကို ခ်ီကာ ကုတင္ဘက္သို႔ထြက္သြားသည္။

"သားရဲ႕ခင္ပြန္းက ဘယ္ဆိုးလို႔လဲ ေဖာ္ေဖာ္ေ႐ြေ႐ြရွိသားပဲ"

ေဒၚေလးက ၿပဳံးၿပီး ေျပာေနသည္။

"လူႀကီးကိုလည္း လူႀကီးမွန္းသိတယ္ ~သားကိုလည္း ခ်စ္ရွာတယ္"

"ဗ်ာ~"

ကြၽန္ေတာ္ အလန္႔တၾကား ထေအာ္ေတာ့ ေဒၚေလးက ၾကည့္ၿပီးရယ္သည္။ ေဒၚေလး ဘာကိုၾကည့္ၿပီးေျပာတာလဲမသိေပမယ့္ ေဒၚေလးထင္တာ မွားေနတာေနမွာပါ။

"လူေလးက ေရာက္ကတည္းက သားအေၾကာင္းကို ေမးေနတာ~ သားအေၾကာင္းေျပာျပေတာ့ သူစိတ္မေကာင္းျဖစ္ေနတာ~ သူ႔ၾကည့္ရတာ သားကိုခ်စ္ရွာပါတယ္  "

ေဒၚေလးစကားကို နားေထာင္ရင္း Jin Hyung ဘက္ၾကည့္လိုက္ေတာ့ Yoonji ေလးကို ပုံျပင္ေျပာရင္း ေခ်ာ့သိပ္ေပးေနေလသည္။

~~~~~

"ေဒၚေလး သြားလိုက္ပါဦးမယ္"

Yoonji ေလး အိပ္သြားေတာ့ ႏွစ္ေယာက္သား ေဒၚေလးကို ႏႈတ္ဆက္ကာ ေဆး႐ုံအျပင္ဘက္ထြက္လာခဲ့သည္။

"ဘယ္သြားစရာရွိလဲ"

Jin Hyung ရဲ႕ အေမးကို ေခါင္းခါျပလိုက္သည္။ ဒီေန႔ညက club မွာ အလုပ္ဝင္စရာမလိုပါ။ အလုပ္လို႔သာေျပာတာ Tae က အပ္ေပးထားတာေၾကာင့္ထင္တယ္ အလုပ္သိပ္မလုပ္ရပါ။ ဒီအတိုင္း အေနာက္ဘက္မွာေနၿပီး အခ်ိဳပြဲေတြ ျပင္ေပး႐ုံပင္။

"ဘယ္မွမရွိရင္ သြားရေအာင္"

"Jin Hyung ရဲ႕ ကားေရာ~? လမ္းေလွ်ာက္မလို႔လား"

"Yoongi ဒီလာမယ္ဆိုၿပီး Jungkook နဲ႔လိုက္လာတာ ျပန္ရင္ အတူျပန္မလို႔"

Jin Hyung ရဲ႕စကားအဆုံးမွာ ကြၽန္ေတာ္ ၿပဳံးလိုက္မိသည္။ သူဒီတိုင္းေျပာလိုက္တဲ့ အတူျပန္မလို႔ဆိုတဲ့စကားေလးကေတာင္ ကြၽန္ေတာ္ကို ေပ်ာ္ေအာင္လုပ္ေပးႏိုင္စြမ္းရွိသည္။

"လာေလ ဘာလုပ္ေနတာလဲ"

ကြၽန္ေတာ္ရပ္က်န္ေနခဲ့လို႔ မ်က္ေမွာင္က်ဳံ႕ၿပီး ေခၚေနတဲ့ Jin Hyung နားကို ေျပးသြားလိုက္သည္။ ဒီေနာက္ပိုင္း Jin Hyung က အရင္ကလို ေၾကာက္စရာသိပ္မေကာင္းေတာ့ပါ။

"Yoongi ငါးေပါင္မုန္႔စားမလား~ဒီမွာေစာင့္ေန"

ငါးေပါင္မုန္႔သည္ကိုျမင္ၿပီး ေမးေနတဲ့ Jin Hyung ေၾကာင့္ ေခါင္းၿငိမ့္ျပလိုက္ေတာ့ ထိုင္ခုံမွာထိုင္ေစာင့္ခိုင္းၿပီး သူကေတာ့ ငါးေပါင္မုန္႔သြားဝယ္သည္။

"ေရာ့~"

လက္ထဲေရာက္လာတဲ့ ငါးေပါင္မုန္႔ပူပူေႏြးေႏြးေၾကာင့္ ၿပဳံးလိုက္သည္။ ေဆာင္းရာသီရဲ႕ အေအးဓာတ္နဲ႔ ပူပူေႏြးေႏြးအစားအေသာက္ေတြဟာ လိုက္ဖက္ဆုံးေသာ အရာေတြပင္။

"Club မွာ အခ်ိန္ပိုင္းဝင္လုပ္ေနတုန္းလား"

Jin Hyung ရဲ႕ အေမးေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ သူက ငါးေပါင္မုန္႔ကို ေအးေဆးစားကာ ေမးေနသည္။

"ဟုတ္~"

"ထြက္လိုက္~"

"ဗ်ာ~"

ကြၽန္ေတာ္က နားမလည္သလို ေမးေတာ့

"Club မွာ အခ်ိန္ပိုင္းလုပ္ေနတာကေန ထြက္လိုက္ေတာ့လို႔ေျပာတာ~ က်န္တာေတြေတာ့မေျပာလိုေပမယ့္ အဲ့အလုပ္ကိုေတာ့ ကိုယ္မႀကိဳက္ဘူး~ ဘယ္ေလာက္ပဲ TaeHyung အပ္ေပးထားတယ္ေျပာေျပာ အဲ့ကိုလာတဲ့လူေတြအမ်ားစုက ေပါရိႆဒေတြခ်ည္းပဲ~ ကေလးက မအူမလည္နဲ႔~ ၿပီးေတာ့ ညဆိုလည္း ညနက္မွျပန္ရတာ~ ဒီလိုေခတ္ႀကီးထဲမွာ တစ္ေယာက္တည္းျပန္လာလာေနရတာ ကိုယ္စိတ္မခ်ဘူး "

Jin Hyung ရဲ႕ စကားေၾကာင့္

"ကြၽန္ေတာ့္အလုပ္က စားဖိုခန္းထဲမွာေန႐ုံပါပဲ~ စိတ္မပူပါနဲ႔~ ၿပီးေတာ့ ေစာေစာလည္းျပန္ခဲ့ပါ့မယ္"

"Min Yoongi ~"

မ်က္ေမွာင္က်ဳံ႕ၿပီး ၾကည့္လာတဲ့ Jin Hyung ေၾကာင့္ တံေတြးတစ္ခ်က္ၿမိဳခ်လိုက္သည္။ ငါကလဲငါပဲ သူ႔ကိုသြားသြားၿပီး အထြန႔္တက္မိျပန္ၿပီ။

"ကိုယ္က ထြက္ဆိုထြက္လိုက္ေပါ့ ဘာလို႔ျပန္ေျပာေနတာလဲ"

အလိုမက်သလိုေျပာလာတဲ့ Jin Hyung ေၾကာင့္ ကြၽန္ေတာ္ေခါင္းကိုငုံ႔ကာ

"ဟုတ္~ကြၽန္ေတာ္ထြက္လိုက္ပါ့မယ္"

"အခုခ်က္ခ်င္း"

"ဟုတ္~"

"လိမၼာတယ္~ကေလးေလး"

သူလိုခ်င္တဲ့အေျဖရသြားေတာ့ ခ်က္ခ်င္းရယ္ၿပီး ဆံပင္ေတြကို လက္နဲ႔ထိုးဖြလာၿပီး ကေလးေတြကိုခ်ီးက်ဴးသလို လုပ္ေပးေနတဲ့ Jin Hyung ရယ္ပါ။ စိတ္လိုလက္ရရယ္ေနတဲ့ Jin Hyung ကို ေငးၾကည့္ေနမိသည္။ Jin Hyung က ေခ်ာလြန္းတယ္။ ေယာက္်ားလည္းပီသတယ္။ သေဘာလည္းေကာင္းတယ္။ ဒီလိုရယ္ေနျပန္ေတာ့လည္း ကေလးေလးေတြလို ျဖဴစင္ေနျပန္ေရာ။  Jin Hyung နဲ႔ရမယ့္ကေလးက ခ်စ္စရာေလးျဖစ္မည္ ထင္သည္။

"Yoongi ဘာေတြေတြးေနတာလဲ"

မတ္တပ္ရပ္ၿပီး ေမးေနတဲ့ Jin Hyung ေၾကာင့္ ေခါင္းခါျပလိုက္သည္။

"ေတာ္ေတာ္အေတြးမ်ားတဲ့ ကေလးပဲ ~လာ သြားစို႔"

ကမ္းေပးလာတဲ့လက္ေတြကို သေဘာတက်ဆြဲယူကာ Jin Hyung ေနာက္ကိုလိုက္ခဲ့မိသည္။

"Jin Hyung ~Jin Hyung က ကေလးေတြကိုခ်စ္လား"

ကြၽန္ေတာ္သိခ်င္မိတဲ့ အေျဖကိုေမးၾကည့္ေတာ့ Jin Hyung ေခါင္းၿငိမ့္ျပကာ

"ခ်စ္တယ္~ကေလးေတြက ျဖဴစင္တယ္ေလ~ ၿပီးေတာ့ ခ်စ္စရာလည္းေကာင္းတယ္~ သူတို႔စိတ္ထဲမွာရွိတဲ့အတိုင္း ျပဳမူၾကတာ~ ဟန္ေဆာင္တာ ဖုံးကြယ္တာ ဘာမွမရွိဘူး ~ဘာလို႔လဲ"

"ဒီတိုင္းေမးၾကည့္တာ~Jin Hyung ရဲ႕ ကေလးဆိုရင္ ဒီထက္ပိုခ်စ္မွာေပါ့"

"ခ်စ္မွာေပါ့ ေသြးသားအရင္းပဲ ဒါေပမယ့္~"

Jin Hyung စကားကိုနားေထာင္ေနတုန္း လက္မွာခံစားလာရတဲ့ ေႏြးေထြးမႈေၾကာင့္ ၾကည့္လိုက္ေတာ့ Jin Hyung က ကြၽန္ေတာ့္လက္ကို ဆုပ္ကိုင္ထားတာပင္

"ကေလးနဲ႔ေနရရင္လည္း ကိုယ့္အတြက္ျပည့္စုံတာပဲမို႔ မဟုတ္တာေတြေတြးၿပီး စိတ္ဓာတ္က်မေနနဲ႔~ သားသမီးမရွိလည္း အသက္ႀကီးတဲ့အထိ ဒီလိုပဲ တစ္ေယာက္ကိုတစ္ေယာက္မွီခိုရင္းနဲ႔ ေနသြားလို႔ရတာပဲ "

Jin Hyung က တစ္ခ်က္ရယ္ကာ

"ဘုရားက လက္ေဆာင္ေပးရင္ေတာ့ မေျပာတတ္ဘူးေလ~ ဘယ္သူေျပာႏိုင္မွာလဲ ကေလးမွာလည္း ကိုယ္ဝန္ရွိလာမယ္လို႔"

"ဟာ~~Jin Hyung !"

ကြၽန္ေတာ္ရွက္ရွက္နဲ႔ ေအာ္ေတာ့ Jin Hyung က ေအာ္ၿပီးရယ္သည္။ ကြၽန္ေတာ္တကယ္ပဲ ကေလးယူႏိုင္ရင္ Jin Hyung ေပ်ာ္မလားမသိဘူး။

"Yoongi~"

Jin Hyung ရဲ႕ ေခၚသံေၾကာင့္ ေမာ့ၾကည့္လိုက္ေတာ့ Jin Hyung က လက္ကိုတြဲထားရင္း မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္ ရပ္ကာ

"တစ္ခါမွလည္း ခ်စ္တယ္မေျပာဖူးပဲနဲ႔ ကိုယ္ဒီလိုေတြလုပ္ေနတာကို ကေလးအေနနဲ႔ ကိုယ္က ကစားေနတာလို႔ ထင္ခ်င္ထင္ႏိုင္တယ္ ~ဒါေပမယ့္ ဒါေတြအကုန္လုံးက ကိုယ့္စိတ္ထဲကလာတဲ့အတိုင္း ကေလးကို ဆက္ဆံေနတာဆိုတာ ယုံေပးပါ ~"

"Jin Hyung ~"

"ခ်စ္တယ္ဆိုတဲ့စကားကို သူမ်ားေတြကိုလြယ္လြယ္ေျပာခဲ့သေလာက္ ကေလးနဲ႔က်ေတာ့ ကိုယ့္စကားကို အယုံအၾကည္မရွိမွာစိုးလို႔ ေျပာမထြက္ရဲခဲ့ဘူး ~ ကိုယ္ခ်စ္တဲ့ ကေလးကို မနာက်င္ေစခ်င္လို႔ ကိုယ့္စိတ္ကိုကိုယ္ ျပန္သုံးသပ္ၾကည့္တာ အခါခါပဲ ~ဒါေပမယ့္ အခ်ိန္တိုင္း အေျဖက တစ္မ်ိဳးပဲထြက္လာတယ္ "

နားေထာင္ရင္း မ်က္ရည္ေတြဝဲလာတဲ့ ကြၽန္ေတာ့္ရဲ႕ ေမးေစ့ကို Jin Hyung က ခပ္ဖြဖြ ပင့္ယူကာ မ်က္လုံးခ်င္းဆိုင္ေစသည္။

"ကိုယ္မင္းကို ခ်စ္တယ္ ကေလး"

Jin Hyung ရဲ႕စကားအဆုံးမွာ က်ဆင္းလာတဲ့မ်က္ရည္မ်ားေၾကာင့္ Jin Hyung က သူ႔လက္ႏွစ္ဖက္ႏွင့္ ခပ္ဖြဖြသုတ္ေပးကာ

"ဘာလို႔ ငိုေနတာလဲ ~ကိုယ့္စကားကို မယုံလို႔လား"

ကြၽန္ေတာ္ေခါင္းခါျပကာ

"မဟုတ္ဘူး~ ဒီ ဒီေလာက္ႀကီး ေပ်ာ္ၿပီးသြားရင္ ဝမ္းနည္းရတတ္တယ္ ~"

Jin ကေလးဆန္ဆန္အေတြးနဲ႔ ဝမ္းနည္းေနတဲ့ Yoongi ကို အသဲယားစြာ နဖူးကိုနမ္းလိုက္ေတာ့ ေမာ့ၾကည့္လာတဲ့သူ။ ငိုထားလို႔ မ်က္ရည္ေတြ လက္ေနတဲ့ မ်က္လုံးေလးအျပင္ ႏွာေခါင္းထိပ္ကေလးေတြပါ ရဲေနသည္။ မ်က္ႏွာတစ္ခုလုံး စေတာ္ဘယ္ရီသီးေလးလို ျဖစ္ေနတဲ့ ေကာင္ေလးကို ၾကည့္ေနရာကေန

"Yoongi ~ကေလး ကိုယ္နမ္းခ်င္လို႔"

စကားျပန္မေပးပဲ နီရဲရဲႏႈတ္ခမ္းပါးေလးကို ထိကပ္လိုက္ေတာ့ ျပဴးက်ယ္လာတဲ့ မ်က္လုံးေလး။ ေကာင္ေလးရဲ႕ ႏႈတ္ခမ္းပါးေတြဟာ ခ်ိဳသည္ ႏူးညံ့လြန္းသည္။ marshmallows ေလးေတြ အတိုင္းပဲ။ ေအာက္ႏႈတ္ခမ္းေလးကို စုပ္ယူလိုက္ေတာ့ အက်ႌစကိုဆြဲလာတဲ့ ေကာင္ေလးရဲ႕လက္ကေလးေတြ။

အိစက္တဲ့ ႏႈတ္ခမ္းပါးေတြရဲ႕ ထိေတြ႕မႈဟာ သူရဲ႕မ်က္လုံးေလးေတြ မွိတ္သြားတဲ့အထိ စြမ္းေဆာင္ႏိုင္ခဲ့သည္။ ကြၽန္ေတာ့္ဦးေဆာင္မႈေနာက္ကေနလိုက္ရင္း ႏႈတ္ခမ္းပါးရဲ႕ ခ်ိဳၿမိန္မႈကို သုံးေဆာင္ေနတဲ့ သူဟာ ကြၽန္ေတာ့္ခ်စ္ျခင္းေတြကိုလည္း ယူေဆာင္သြားသည္။

"Jin ~Hyung ~~"

ရင္ဘက္ကိုထုလာတဲ့လက္ေတြေၾကာင့္ ႏွေျမာသတျဖစ္စြာ လြတ္ေပးလိုက္ေတာ့ ရင္ခြင္အတင္းတိုးဝင္လာတဲ့ ေကာင္ငယ္ေလး။ မ်က္ႏွာကိုျမင္ခ်င္မိတဲ့စိတ္ေၾကာင့္ ရင္ခြင္ထဲကေန ဆြဲထုတ္ေတာ့ ခါးကိုတင္းေနေအာင္ဖက္ထားတဲ့ ေကာင္ငယ္ေလး။

"ကေလး ႐ုပ္ကေလးၾကည့္ရေအာင္ပါကြာ "

"ေတာ္ၿပီ"

ရင္ခြင္ထဲကေန ထြက္လာတဲ့ ဗလုံးဗေထြးအသံေလး

"ဘာလို႔လဲ ၾကည့္ရေအာင္ပါ"

"ရွက္ ရွက္လို႔"

ခပ္တိုးတိုးေျဖလာတဲ့စကားအဆုံးမွာ ကြၽန္ေတာ္ခပ္ဟဟ ရယ္ကာ ေကာင္ေလးကိုျပန္ဖက္လိုက္သည္။ အခုမွ တကယ္စေတာ္ဘယ္ရီသီးေလး ျဖစ္သြားမွာ။ ေတာ္ေသးတယ္ လူရွင္းတဲ့လမ္းမို႔ လူေတြသာရွိရင္ ဒီေကာင္ငယ္ေလး အရွက္သည္းလို႔ၿပီးမွာ မဟုတ္ေပ။

သူ႔ကိုစေနရာကေန ေကာင္ေလးေခါင္းေပၚက်ဆင္းလာေသာ အျဖဴေရာင္ေလးေတြကို ၾကည့္လိုက္ေတာ့ ႏွင္းေတြက်ေနတာပင္။ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ေတာ့ ျဖဴစင္လြန္းတဲ့ ႏွင္းပြင့္ေလးေတြက ေျမျပင္ေပၚသို႔က်ဆင္းေနတာပင္။ ကြၽန္ေတာ္သူ႔ကို ပိုတိုးၿပီး ဖက္လိုက္သည္။

ဒါ ဒီႏွစ္အတြက္ ပထမဆုံးက်တဲ့ first snow ပင္ ~။

To Be Continued~~~

Lanjutkan Membaca

Kamu Akan Menyukai Ini

23K 2.8K 24
𝙏𝙊𝙋- 𝙅𝙪𝙣𝙜𝙃𝙤𝙨𝙚𝙤𝙠 𝘽𝙊𝙏𝙏𝙊𝙈-𝙈𝙞𝙣𝙔𝙤𝙤𝙣𝙜𝙞 မမျှော်လင့်ထားသောပေးဆပ်ခြင်းတစ်ခုမှ🦋 𝘞𝘙𝘐𝘛𝘛𝘌𝘕 𝘉𝘠 #𝘚𝘐𝘜𝘜🥀 𝘝𝘐𝘚𝘈𝘓-𝘔𝘐𝘕...
236K 23.1K 70
ដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសច...
77.5K 7.5K 16
{Unicode} ပါးချိုင့်တွေထဲထာဝရခိုပုန်းဖို့ကြိုးစားတယ်။ ဒါပေမယ့်ပါးချိုင့်တွေမှာပိုင်ရှင်နဲ့တဲ့။ အဲ့ဒီပိုင်ရှင်ကကိုယ့်မိထွေးတဲ့လား။ {Zawgyi} ပါးခ်ိဳင့္...
230K 13.2K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ