Without You (Completed)
By YoonJinSope_Cloud
5K 795 80
မင်းမပါတဲ့ငါ့ဘဝက အသက်မဲ့လွန်းတယ် Yoon~ ကျွန်‌တော်က အကို့ရဲ့တောင်ပံတစ်စုံဖြစ်ပေးမှာပါ~ A YoonJin story by Acha... More
Prologue
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23 (Final)
Extra
Part - 9
202 35 3
By YoonJinSope_Cloud
(Unicode)
"Seokjin Hyung ~"
ကားရပ်လိုက်တော့ hotel ထဲကနေ ထွက်လာတဲ့ Namjoon...။
"ဆရာဝန်ရောက်နေပြီလား~"
အနောက်က ကောင်လေးကို ပွေ့ချီရင်း Namjoon ကိုမေးလိုက်သည်။
"ရောက်ပြီ Hyung ~ကျွန်တော်ခေါ်ခဲ့မယ် အခန်းထဲသွားနှင့်လိုက်"
ကောင်လေးကို ပွေ့ချီရင်း hotel ထဲဝင်သွားတော့ ဟိုတစ်စု ဒီတစ်စုဖြစ်နေကြတဲ့ ကျောင်းသားတွေက ကြည့်လာတာကြောင့် ကောင်လေးမျက်နှာကို ကွယ်အောင်လို့ ကိုယ်နဲ့ပိုကပ်ပြီး ချီလိုက်ပြီး အပေါ်ထပ်သို့ ခပ်သွက်သွက်လျှောက်လာခဲ့သည်။ အခန်းဝရောက်တော့ စောင့်နေကြတဲ့ Jimin တို့ကို ကျော်ပြီး အခန်းထဲက အိပ်ရာပေါ်မှာ ကောင်လေးကိုချပြီး စောင်ခြုံပေးလိုက်၏။
"Hyung ~ဆရာဝန်လာပြီ"
ဆရာဝန်ခေါ်လာတဲ့ Namjoon ရဲ့စကားကြောင့် ဖယ်ပေးလိုက်တော့ဆရာဝန်က စမ်းကြည့်ကာ
"အအေးမိတာ တော်တော်ပြင်းတာပဲ... သေချာဂရုစိုက်ပါ... ကိုယ်ပူတာနဲ့ ရေပတ်တိုက်ပေးပါ... အစာမာတာတွေမကျွေးနဲ့အုံး... သောက်ဆေးတွေပေးထားခဲ့တယ်... အခုတော့ ဆေးချိတ်ပေးထားမယ်"
ဆေးချိတ်ပေးပြီး ဆရာဝန်က မှာစရာရှိတာ မှာပြီးထွက်သွားသည်။
"Yoongi Hyung ~~"
Taehyung က ကောင်လေးနဖူးပေါ်လက်တင်မလို့ လုပ်နေတာကြောင့် ကျွန်တော်ရပ်လိုက်ပြီး
"ကိုယ်တွေပူနေတာ ရေပတ်တိုက်ပေးရအုံးမယ် Kim Taehyung~ ငါတို့အခန်းထဲက ထွက်ပေးပါ"
ထိုအခါ Taehyung က ကျွန်တော့်ကိုကြည့်ပြီး ခနဲ့တဲ့တဲ့ရယ်လာသည်။
"ဘယ်သူကြောင့်လဲ~"
ကျွန်တော်နားမလည်သလိုကြည့်လိုက်တော့ သူကပြန်ကြည့်လာသည်။
"Hyung က ဘာလို့ဒီအချိန်ကြီးထိ အပြင်မှာရှိနေတာလဲ ခင်ဗျားသိလား... ခင်ဗျားကိုစောင့်နေတာ! ခင်ဗျားက တွေ့ရအောင်ပြောတယ်ဆိုပြီး ခင်ဗျားကောင်မ Yu Hanna က ပြောခိုင်းလိုက်လို့ Hyung အခုလိုဖြစ်နေတာ~သိလား!"
ကျွန်တော် Taehyung ရဲ့ အင်္ကျီလည်ပင်းစကို ဆွဲကိုင်လိုက်မိသည်။
"Kim Taehyung မင်း မဟုတ်တာမပြောနဲ့~ မင်းအကောင် အခုလိုဖြစ်တာကို သူများအပေါ်လွှဲမချနဲ့"
"Kim Seokjin ~~ကျွန်တော်ပြောတာတွေက ဟုတ်မဟုတ် Jungkook ကိုမေးပြီး အတည်ပြုလို့ရတယ်"
အနောက်က Jungkook ကိုကြည့်လိုက်တော့ မျက်နှာလွဲနေသည်။ ထို့ကြောင့် အိတ်ကပ်ထဲက  ဖုန်းကိုထုတ်ကာ Hanna ဆီကို ဖုန်းဆက်ပြီး ခေါ်လိုက်၏။
"Hanna ~~Oppa နဲ့စကားခဏပြောရအောင် အပြင်ထွက်ခဲ့ဦး"
"မဟုတ်လို့ကတော့ Kim Taehyung မင်းစကားကို မင်းတာဝန်ယူရမယ်"
ကျွန်တော်ပြောတော့ မထီသလို ရယ်လိုက်တဲ့ Taehyung ကို တောက်တစ်ချက်ခေါက်ပြီးထွက်လာခဲ့သည်။ အပြင်ရောက်တော့ ကျွန်တော့်ကိုစောင့်နေတဲ့ Hanna ဆီကို ခပ်မြန်မြန်လျှောက်ပြီး သူ့မလက်ကိုလှမ်းဆွဲလိုက်တော့ ပြန်ကြည့်လာ၏။
"Oppa~~"
"ကိုယ်မေးစရာရှိတယ် Hanna ~Yoongi အခုလိုဖြစ်တာ မင်းပယောဂကင်းရဲ့လား"
ကျွန်တော်မေးတော့ မျက်နှာတစ်ချက်ပျက်သွားတဲ့သူမကြောင့် ပခုံးကိုကိုင်ပြီး သေချာပြန်မေးလိုက်သည်။
"တကယ်ပဲမင်းလား ~"
သူမက ဘာမှပြန်မဖြေ။
"ဘာလို့လဲ"
"မုန်းလို့~Min Yoongi ကို မုန်းလို့... သူရှိလာမှ Oppa က Hanna ကို ဂရုမစိုက်တော့တာ... သူ့ကြောင့်မို့ Oppa လက်ထပ်ရတာ... သူ့ကိုမုန်းလို့"
"ဒါနဲ့ပဲ ဒီလိုလုပ်ရရောလား... အပြင်မှာဒီလောက်အေးနေတာကို ငါသာရှာမတွေရင် အဲ့ကလေး သေသွားနိုင်တယ် Yu Hanna "
ကျယ်လာတဲ့အသံကြောင့် ဖြတ်သွားဖြတ်လာများက ကြည့်သွားသည်ကို အရေးမလုပ်အား။
"Oppaလည်းသူ့ကိုမုန်းနေတာပဲမလား... သေသွားတာတောင်ကောင်းသေးတယ်မလား"
"Yu Hanna !"
သူမကို အော်လိုက်ပြီး စိတ်ရှုပ်လို့ ကိုယ့်ဆံပင်ကို လက်နဲ့ဆွဲဖွလိုက်သည်။
"ငါမုန်းနေရင်တောင် သူကငါနဲ့လက်ထပ်ထားတာ... သူရဲ့အရာအားလုံးကို ငါပဲဆုံးဖြတ်မယ်... မင်းဝင်လာစရာမလိုဘူး... ပြီးတော့ မင်းနဲ့ငါရဲ့ပတ်သက်မှုကို ပြန်စဉ်းစားရလိမ့်မယ်~"
ပြောပြီးလှည့်ထွက်လာတော့ ကျွန်တော့်လက်ကိုဆွဲလာတဲ့သူမ။
"Oppa ~Hanna တောင်းပန်ပါတယ် ~အဲ့လိုတော့မလုပ်ပါနဲ့"
မျက်ရည်တွေနဲ့ပြောနေတဲ့သူမရဲ့လက်တွေကို ဖြုတ်ချကာ အခန်းထဲသို့ပြန်ခဲ့သည်။ Min Yoongi ဒီလိုဖြစ်ရတာက ကိုယ့်ပယောဂမကင်းတာကြောင့် သူ့ကို အားနာမိသည်။
~~~~~~~
Seokjin ထွက်သွားပြီနောက် Taehyung အိပ်ပျော်နေတဲ့ Yoongi နားကိုထိုင်လိုက်သည်။ Jungkook ကတော့ Seokjin နောက်ကို လိုက်သွားတာကြောင့် အခန်းထဲမှာ Jimin တို့သုံးယောက်သာ။
"Jiminnie ~ငါမှားသွားတယ်ထင်တယ်~"
နားမလည်သလို ကြည့်လာတဲ့ Jimin ကြောင့် TaeHyung နာနာကျင်ကျင်ပြုံးလိုက်ကာ
"ငါ့အစကတည်းက ဖွင့်ပြောခဲ့ရမှာ~ အဲ့ဒါဆိုရင် အခုချိန်မှာ ဒီလောက်ထိ ခံစားနေရမှာမဟုတ်ဘူး"
"Tae Tae ~~"
ပခုံးပေါ်ကျလာတဲ့ လက်တွေကြားထဲ တိုးဝင်ရင်ငြိမ်နေမိသည်။ ကျွန်တော်သာ အစကတည်းကဖွင့်ပြောခဲ့ရင် အခုချိန် ဒီလောက်ထိခံပြင်းနေရမှာမဟုတ်ပါ။ ကျွန်တော် သူရဲဘောကြောင်ခဲ့လို့၊  သတ္တိနည်းခဲ့လို့၊ Hyung စိတ်ဆိုးမှာကိုကြောက်နေခဲ့လို့ အခုလို Hyung ကို သူများလက်ထဲထည့်ခဲ့ရတာ။ အခုလို Hyung ပင်ပန်းနေတာ။ တကယ်တမ်းဆို ကျွန်တော်ကအရင်ဆုံးတွေ့ပြီး  Hyung ကို ကျွန်တော်ကချစ်ခဲ့တာ ဖွင့်ပြောချင်ပေမယ့် ဖွင့်ပြောလိုက်ရင် စိတ်ဆိုးသွားမယ့် Hyung ကိုကြောက်လို့၊ ဝေးကွာသွားမယ့် ဆက်ဆံရေးကိုကြောက်လို့ ဒီအတိုင်းလေးပဲ အနားမှာနေခဲ့ပေမယ့်..။
"Jiminnie ~ငါမှားသွားလား"
မေးလာတဲ့ Taehyung ကြောင့် Jimin က Taehyung နဲ့ မျက်နှာချင်းဆိုင်ကာ ထိုင်လိုက်သည်။
"မမှားဘူး ~~အခုချိန်မှာပြောလိုက်ရင်ရော မင်းအဆင်ပြေသွားမယ်ထင်လား Tae ~ ဒီထက်တောင်ပိုဆိုးသွားဦးမယ်~ လက်ထပ်ပြီးသား Hyung က မင်းကိုလက်ခံမယ်ထင်လား~ မင်းနစ်နာမှာစိုးလို့ သူလက်ခံမှာမဟုတ်ဘူး Tae... Hyung မှာ ငါတို့နှစ်ယောက်ပဲရှိတာ ~"
Jiminnie ရဲ့စကားကြောင့် ကျွန်တော် Hyung  ကို တစ်ချက်ကြည့်လိုက်သည်။
"ဒီတိုင်းပဲ~ဒီတိုင်းလေးပဲ ဆက်သွားကြတာပေါ့... သိပ်ချစ်တဲ့ ညီလေးအဖြစ်"
ကျွန်တော့်ဆုံးဖြတ်ချက် မှန်မယ်ထင်ပါတယ်။ Hyung နားမှာ ဒီတိုင်းလေးပဲ ဆက်ပြီးနေသွားပါရစေ။
"Jiminnie ~ငါ အောက်ခဏဆင်းလိုက်ဦးမယ်"
Taehyung အပြင်ထွက်လာတော့ အခန်းနံရံကိုမှီပြီးရပ်နေတဲ့ Jungkook ကိုတွေ့လိုက်ရသည်။
"Jungkook ~အထဲဝင်လေ"
ကြည့်လာတဲ့ Jungkook ရဲ့ မျက်လုံးတွေက ဝမ်းနည်းရိပ်တွေသန်းနေတာကြောင်း ကျွန်တော်နည်းနည်းတော့ အံသြသွားသည်။
"မင်းက Yoongi ကို ချစ်နေတာလား "
မေးလာတဲ့မေးခွန်းကြောင့် သူ့ကို အလန့်တကြားကြည့်လိုက်တော့ သူကလည်း ကျွန်တော့်အဖြေကိုစောင့်နေပုံရသည်။ သူ့လက်ကိုဆွဲပြီး ကျွန်တော်တို့အခန်းထဲကို ဝင်လာခဲ့တယ်။ သူ့ကတော့ အနောက်ကနေ တိတ်ဆိတ်စွာပါလာ၏။
"မင်းဘယ်ကနေကြားလာတာလဲ"
ကျွန်တော်မေးတော့  သူကကြည့်လာသည်။
"မင်းတို့ပြောနေတာကို မထင်မှတ်ပဲ ကြားလိုက်မိတာ"
ကျွန်တော်သူ့လက်ကိုဆွဲကိုင်ပြီး
"Jungkook ငါတောင်းပန်ပါတယ်... ငါတို့ပြောနေတာတွေကို မကြားခဲ့သလိုနေပေးပါ... Seokjin Hyung ဆီပြန်မပြောပါနဲ့နော် "
လက်ကိုဆွဲပြီး အပူတပြင်းကိုသနားခံနေတဲ့ ပန်းပုရုပ်ကိုကြည့်ပြီး ရင်ထဲမှာ မွန်းကျပ်လာသည်။
"ဘာလို့လဲ~"
ကျွန်တော်မေးလိုက်ပေမယ့် သူတောင်းပန်ရခြင်းရဲ့ အကြောင်းတရားကို ရိပ်မိပါတယ်။
"Hyung သာသိသွားရင် သူ့ပတ်ဝန်းကျင်ကနေ ငါ့ကိုတွန်းထုတ်လိမ့်မယ် ~Hyung မှာ ငါတို့ပဲရှိတာပါ ~ငါသာမရှိတော့ရင် သူ ~~သူတစ်ယောက်တည်းဖြစ်နေတော့မှာ~"
မျက်ရည်တွေဝိုင်းပြီးပြောနေတဲ့ ပန်းပုရုပ်ကိုကြည့်ပြီး သူဘယ်လိုခံစားနေရမလဲဆိုတာကို ကိုယ်ချင်းစာမိသည်။ ကျွန်တော်က သူ့မျက်ရည်ပဲတွေ့ရသေးတာ သူက ကိုယ့်ချစ်ရသူက သူများရဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်နေတာ သူများအနိုင်ယူတာခံနေရတာကို ကြည့်နေရတာ သူအများကြီးနာကျင်မှာကို ခံစားမိသည်။
"မပူပါနဲ့ ငါဘယ်သူမှမပြောပါဘူး ~ငါကိုယ်ချင်းစာပါတယ်~"
ကျွန်တော်ပြောလိုက်တော့ အိပ်ရာပေါ်ထိုင်ချပြီး မျက်လုံးကိုလက်နဲ့ပိတ်ထားတဲ့ ပန်းပုရုပ်က ကြမ်းပြင်ပေါ်ကျသွားတဲ့ ကျွန်တော့်မျက်ရည်စက်ကို သူမမြင်ခဲ့ပါ။
~~~~~
Seokjin ဟိုတယ်အခန်းထဲပြန်တော့ ထိုင်ပြီးစောင့်နေတဲ့ Jimin ကြောင့် သူ့ကို ပြန်နားခိုင်းလိုက်သည် ။
"Jimin ပြန်တော့လေ... ကိုယ်ဆက်စောင့်လိုက်မယ်"
ကျွန်တော်ပြောတော့ သူကခေါင်းညိမ့်ပြလာသည်။
"အဲဒါဆို ကျွန်တော်ပြန်လိုက်အုံးမယ်"
Jimin ပြန်သွားတဲ့နောက်မှာ Yoongi ဘေးနားကိုထိုင်ကာ ခုနကအကြောင်းကိုပြန်တွေးမိသည်။ Yu Hanna ~ကျွန်တော်နဲ့တွဲ့နေတဲ့ ကောင်မလေးကို တစ်ခါမှ အဲ့လိုလုပ်လိမ့်မယ့်လူစားဟု မတွေးခဲ့ဘူးပါ။ အဲ့လောက်ထိဖြစ်ရအောင်လဲ သူနဲ့ကျွန်တော်က တွဲတာ နှစ်လကျော်ကျော်လောက်ရှိသေးတာ။ တကယ်ပဲ လူတွေရဲ့စိတ်က ခန့်မှန်းလို့မရပါလား။
"မင်းလည်းအတူတူပဲ Min Yoongi ~"
သူ့နဖူးပေါ်က ရေဝတ်ကိုဖယ်ရင်း ပြောလိုက်သည်။ သူ့စိတ်ကိုလည်း နားမလည်ပါ။ အတင်းအကျပ်လက်ထပ်ပြီးတော့မှ တစ်ခါတစ်ခါကျ နားလည်ရခက်တဲ့လုပ်ရပ်တွေကို ထထ,လုပ်တတ်တဲ့သူ့ကိုလည်း နားမလည်နိုင်။
"နေပြန်ကောင်းတော့ ~"
သူ့နဖူးပေါ်ကို ရေဝတ်တင်ပြီးနောက် ကျနေတဲ့ဆံပင်တွေကို သပ်ပြီးတင်ပေးလိုက်သည်။ ပါးဖောင်းဖောင်းလေးတွေ မျက်တောင်ရှည်ရှည်လေးတွေက သူ့ကိုငယ်ရွယ်စေသည်။ အရောင်မဆိုးထားတဲ့ ဆံပင်အမည်းရောင်အုပ်အုပ်ကလေးက သူ့ကိုပိုပြီးကလေးလေးနဲ့တူစေသည်။ အခုထိသွေးရောင်လွှမ်းမလာသေးတာကြောင့် ဖြူစုတ်စုတ်ကောင်လေးရဲ့မျက်နှာက ပိုပြီးဖျော့တော့နေသလို။
အဲ့လိုဖြစ်ရတာဟာ ကိုယ့်ပယောဂမကင်းတာကြောင့် သူ့ကိုအားနာမိသည်။ အခုချိန်ကစပြီး သူ့ကိုနည်းနည်းစီ ဂရုစိုက်ပေးရမည်။ ကျွန်တော်နဲ့မဆိုင်ပေမယ့် ကျွန်တော့်ကြောင့်ဆိုတာကြီးက ခေါင်းထဲဝင်နေတာ ပျောက်တဲ့အထိ ကောင်လေးကို ဂရုစိုက်ပေးရမယ်ထင်သည်။
ပြန်ပြီးနေကောင်းလာတော့ Min Yoongi...။
ငါမင်းကို အားနာတဲ့စိတ်မဝင်ချင်ဘူး..။
~~~~~
မျက်လုံးတွေမဖွင့်ချင်ပေမယ့် အားယူပြီးဖွင့်ကြည့်လိုက်တော့ အဖြူရောင်မျက်နှာကျက်တစ်ခု။ နဖူးပေါ်က ခပ်လေးလေးအရာကြောင့် ဖယ်မလို့လုပ်တော့ လက်ကလှုပ်လို့မရလို့ ကြည့်မိတော့ အံ့တောင်သြမိသည် ။ Jin Hyung က လက်ပေါ်ကိုခေါင်းအုံးပြီးအိပ်ပျော်နေတာ။
"Jin Hyung ~~ကုတင်ပေါ်တက်အိပ်လေ"
လည်ပင်းကနေ အသံထွက်ဖို့တောင် တော်တော်ခက်ခဲတယ်ဆိုတာကို အခုမှနားလည်မိသည်။ တကယ်ကို ခံရခက်တဲ့ နာကျင်မှုပင်။ တစ်ကိုယ်လုံးလည်း လှုပ်နိုင်ဖို့တောင် အားမရှိပေမယ့် အိပ်ရာပေါ် ခေါင်းတင်ပြီးအိပ်နေတဲ့ Jin Hyung ရဲ့ လည်ပင်းတွေနာကုန်မှာစိုးလို့  လက်ကိုလှုပ်လိုက်ကာနှိုးပြီးပြောလိုက်သည်။
"Yoongi သက်သာလား"
နဖူးပေါ်ရောက်လာတဲ့ လက်နွေးနွေးကြောင့် ကျွန်တော့်မှာ အကြောင်သား။ သူကတော့ ကျန်တဲ့လက်တစ်ဖက်ကို သူ့နဖူးပေါ်တင်ကာ စမ်းကြည့်ပြီး အပူချိန်တိုင်းနေသည်။
"အဖျားတော့ကျသွားပြီထင်တယ်~~နှိုးကာစကို ဆန်ပြုတ်သောက်ပြီး ဆေးသောက်ရဦးမယ် ခဏစောင့်နေ"
ပြောပြီးအခန်းပြင်ထွက်သွားတဲ့ သူ့ကိုကြည့်ရင်းနဲ့ အံသြနေမိသည်။ တခြားလူတစ်ယောက် ပြောင်းသွားသလိုပင်။ ကျွန်တော်သဘောတကျပြုံးလိုက်သည်။ အမြဲတမ်းဒီလိုဆိုကောင်းမှာ။ ဖျားနေတာကတောင် ပိုကောင်းသလိုပင်။
ခဏနေတော့ ဆန်ပြုတ်ပန်းကန်နဲ့ ပြန်ဝင်လာပြီး ကျွန်တော့်နားရောက်လာသည်။
"Yoongi ~ရော့"
လူကိုထူပြီး အနောက်ဘက်ကို ခေါင်းအုံးခံပေးသည်။ ပြီးတော့ ကျွန်တော့်ရှေ့ကိုထိုးပေးလာတဲ့ ဆန်ပြုတ်ကိုကြည့်ပြီး မျက်နှာတစ်ချက်မဲ့မိသည်။ ကျွန်တော်ဆိုတဲ့ကောင်က သေမလိုဖြစ်နေရင်တောင် ဆန်ပြုတ်တော့မသောက်ဘူးလို့ ကြုံးဝါးထားတဲ့လူပင်။ ဆန်ပြုတ်ကိုမကြိုက်ပါ။ တကယ်ကိုဆိုးဝါးလွန်းသည်ဟုခံစားရသည်။
"စားလေ~~"
မျက်မှောင်ကျုံ့ပြီးပြောလာတဲ့ Jin Hyung ကို မော့ကြည့်လိုက်ပြီး
"Jin Hyung ~~ဒီဟာမဟုတ်ပဲ တခြားဟာစားလို့မရဘူးလား"
နည်းနည်းလေးအထွန့်တက်ကြည့်တော့ စိတ်ရှုပ်သလိုကြည့်လာတဲ့ Jin Hyung ကြောင့် ခေါင်းကိုငုံ့လိုက်ပြီး
"ရ~ ရပါတယ် ဒါပဲစားလိုက်မယ်"
စားမယ်ဆိုပြီး ဟိုမွှေဒီမွှေလုပ်နေတဲ့ ကျွန်တော့်ကိုကြည့်နေတဲ့ Jin Hyung  က သူ့ခုတင်ပေါ်မှထိုင်နေရာကနေ ကျွန်တော့်နားရောက်လာသည်။ လက်ထဲက ဇွန်းနဲ့ ဆန်ပြုတ်ပန်းကန်ကို ယူသွားတာကြောင့် ကြည့်လိုက်တော့ သူက ဆန်ပြုတ်ကို ဇွန်းဖြင့်ခပ်ယူလိုက်သည်။
"ဟ~"
"ဗျာ"
"ပါးစပ်ဟ~"
ဇွန်းကိုကိုင်ပြီး ပါးစပ်ဟခိုင်းနေတဲ့ Jin Hyung ကြောင့် ယောင်ပြီးဟပေးလိုက်တော့ ပါးစပ်ထဲရောက်လာတဲ့ နွေးတေးတေးဆန်ပြုတ်တွေ။ အန်ချင်ပေမယ့် Jin Hyung က ခွံ့ကျွေးတာကြောင့် အတင်းမြိုချလိုက်ရသည်။
"အေးကုန်ပြီ... ငါကပူပူလေးယူလာတာကို... ဟ မြန်မြန်စား ဆေးသောက်ရဦးမှာ"
သူကတော့ ဘာမှမဖြစ်သလို တစ်ဇွန်းပြီးတစ်ဇွန်းခွံ့နေသည်။ ကျွန်တော်ကသာ ရှက်လို့ အငွေ့ပျံချင်နေတာ။ ဒီလိုနဲ့ တသက်လုံးမုန်းခဲ့တဲ့ ဆန်ပြုတ်တစ်ပန်းကန်က ဗိုက်ထဲရောက်ခဲ့သည်။
"ရော့ ဆေးသောက်~"
သူလက်ထဲထည့်ပေးလာတဲ့ဆေးကို သောက်ပြီးခဏနေ လှဲပြီးအိပ်မလို့လုပ်တော့ စောင်ကိုခြုံပေးလာတဲ့ Jin Hyung က နဖူးကနေ ကိုယ်ပူစမ်းပေးပြန်သည်။
"အိပ်... အိပ်ပြီး မြန်မြန်နေကောင်းအောင်လုပ်"
ဂရုစိုက်ပေးနေတဲ့ Jin Hyung ကိုကြည့်ပြီး စိတ်ထဲမှာ စိုးရိမ်လာသည်။ အခုလိုအရာတွေသာ မနက်ကျပျောက်ကွယ်ခဲ့ရင်ဆိုတဲ့အတွေးက ကြီးစိုးလာတာကြောင်း သူ့လက်ကိုလှမ်းဆွဲလိုက်တော့ လှည့်ကြည့်လာတဲ့ Jin Hyung။
"Jin Hyung ဒါ အိမ်မက်မဟုတ်ပါဘူးနော် ~"
ကျွန်တော့်စကားအဆုံးမှာ သူက ပြုံးသည်။ ကျွန်တော်တစ်ခါမှမရဘူးတဲ့ နွေးထွေးတဲ့အပြုံးမျိုး။
"အိမ်မက်မဟုတ်လို့ အိပ်တော့ Yoongi ~"
Yoongi ~Yoongi တဲ့။ ဒါပထမဆုံး Jin Hyung အဲ့လိုခေါ်တာပင်။ ကျွန်တော်ခေါင်းငြိမ့်ပြလိုက်သည်။ Jungkook ပြောသလို ကျွန်တော့်အပေါ် အမြင်ကြည်လာပြီထင်သည်။
To Be Continued~~~~~~
-
-
-
-
-
(Zawgyi)
"Seokjin Hyung ~"
"ဆရာဝန်ရောက်နေပြီလား~"
"Hyung ~ဆရာဝန်လာပြီ"
"Yoongi Hyung ~~"
"ဘယ်သူကြောင့်လဲ~"
"Oppa~~"
"တကယ်ပဲမင်းလား ~"
သူမက ဘာမှပြန်မဖြေ။
"ဘာလို့လဲ"
"Yu Hanna !"
~~~~~~~
"Tae Tae ~~"
"Jungkook ~အထဲဝင်လေ"
"ဘာလို့လဲ~"
~~~~~
"နေပြန်ကောင်းတော့ ~"
~~~~~
"Yoongi သက်သာလား"
"Yoongi ~ရော့"
"စားလေ~~"
"ဟ~"
"ဗျာ"
"ပါးစပ်ဟ~"
"ရော့ ဆေးသောက်~"
To Be Continued~~~~~~
Continue Reading
You'll Also Like
81.7K 4.4K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
10.3K 931 6
ကတိပေးတယ်...ကိုကို့ဆီကို သား သေချာပေါက် ပြန်လာခဲ့မှာ ...
7.3M 207K 42
When Rory Vincent's protective older brother moves away to college her senior year, she decides that she is going to live life. She wants to date. S...
77.5K 7.5K 16
{Unicode} ပါးချိုင့်တွေထဲထာဝရခိုပုန်းဖို့ကြိုးစားတယ်။ ဒါပေမယ့်ပါးချိုင့်တွေမှာပိုင်ရှင်နဲ့တဲ့။ အဲ့ဒီပိုင်ရှင်ကကိုယ့်မိထွေးတဲ့လား။ {Zawgyi} ပါးခ်ိဳင့္...