Without You (Completed)

Par YoonJinSope_Cloud

5K 797 80

မင်းမပါတဲ့ငါ့ဘဝက အသက်မဲ့လွန်းတယ် Yoon~ ကျွန်‌တော်က အကို့ရဲ့တောင်ပံတစ်စုံဖြစ်ပေးမှာပါ~ A YoonJin story by Acha... Plus

Prologue
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23 (Final)
Extra

Part - 8

209 36 6
Par YoonJinSope_Cloud

(Unicode)

"Namjoon တွေ့တယ်တဲ့လား"

ကောင်တာကနေထွက်လာတဲ့ Namjoon ကို မေးလိုက်တော့သူက စိတ်ပျက်အားလျော့စွာ ခေါင်းခါပြလာသည်...။ ရှာနေတာလည်း စုံလှပြီ...။ ဘယ်တွေရောက်နေပြန်တာလည်းမသိဘူး...။ ဒီနေ့က နှင်းပိုကျမယ်လို့ ကြေညာထားတာကြောင့် ညနေမစောင်းခင် တွေ့ရမှဖြစ်မှာပါဆို...။

ခုနကတည်းက နှင်းတွေပိုကျလာပြီမို့ ကောင်လေးကိုစိတ်ပူစပြုလာပြီဖြစ်သည်...။ လူလေးကသေးသေးလေးနဲ့ ဘယ်တွေရောက်နေလဲမသိဘူး...။

"Hoseok ~တွေ့လား"

အပြင်ကနေပြန်လာတဲ့ Hoseok ကိုမေးလိုက်တော့လည်း သူကခေါင်းခါပြသည်...။ ဘယ်ရောက်နေပြန်တာလည်း Min Yoongi ရယ်...။

"ငါ hotel အနီးနား ထွက်ရှာလိုက်အုံးမယ်"

ပြောပြီး ကားသော့ယူကာအပြင်သွားမလို့လုပ်တော့ Jungkook က လက်ကိုဆွဲပြီး တားလာသည်...။

"Jin Hyung ~နှင်းတွေက~~"

"ကျွတ်~~Jeon Jungkook
အဲ့တော့ Min Yoongi ကို မရှာတော့ဘူးလား"

သူ့လက်ကို ဆွဲဖြုတ်ကာ Hotel အပြင်ထွက်လာခဲ့သည်...။ တစ်ခုခုဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးထင်ပါတယ်...။ အပြင်ဘက်ထွက်လိုက်တော့ မျက်နှာကိုလာရိုက်တဲ့ အအေးဓာတ်က ကြောက်စရာကောင်းသည်...။ အခုဆို ပျောက်နေတာ နှစ်နာရီကျော်နေပြီမို့ ကျွန်တော်တကယ်စိတ်ပူနေပြီ...။ ဘာပဲပြောပြော ကိုယ်ခေါ်လို့ လိုက်လာခဲ့တဲ့ကောင်လေးမလား...။ ကိုယ့်တာဝန်မကင်းသလို ခံစားရသည်...။

Min Yoongi ဘယ်မှာလဲကွာ..။

~~~~~~~

" တွေ့လား~~"

Jiminnie ခေါင်းခါပြတဲ့အဆုံးမှာ Taehyung ခြေထောက်တွေတောင် ခွေသွားသလို ခံစားလိုက်ရသည်...။

"Tae Tae~~"

Jiminnie က လက်ကိုဆုပ်ကာ ခေါ်တာကြောင့် သူ့ကိုကြည့်ကာ

"Jiminnie ~Hyung ~Hyung တစ်ခုခုဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော်~"

"မဟုတ်လောက်ပါဘူး~"

မဟုတ်လောက်ပါဘူးသာ ပြောတာ Jiminnie ရဲ့ အသံတွေဟာ တုန်နေသည်...။

"ငါမှားသွားတာ ~ငါစောင့်ခိုင်းထားခဲ့လို့"

ပြောပြီး ဆံပင်တွေကို ဆွဲဖွလိုက်တဲ့ Tae ကို Jiminnie ကြည့်ပြီး သက်ပြင်းချမိသည်...။ သူ Yoongi Hyung ကို ဘယ်လောက်ချစ်လဲဆိုတာ သိနေတာကြောင့်ပင်...။

"အခန်း ~အခန်းဘက်ကို တစ်ခေါက်ထပ်သွားကြည့်ရအောင်... ပြောမရဘူးလေ... ပြန်ရောက်ချင် ရောက်နေမှာ"

ပြောရင်းနဲ့ထွက်သွားတဲ့ Tae ကြောင့် Jimin ရော ပြေးလိုက်သွားသည်...။

ဟိုတယ်ထဲရောက်တော့ Jungkook ကိုတွေ့တာကြောင့် မေးလိုက်သည်...။

"Jungkook တွေ့လား~"

သူကလည်း ခေါင်းခါပြသည်...။

"အခန်းဘက် အခန်းဘက်ကို တစ်ချက်သွားကြည့်ရအောင်"

Taehyung ပြောပြီး ပြေးတတ်သွားတော့ အနောက်ကနေ Jimin နဲ့ Jungkook ပါ လိုက်ပါလာသည်...။

တစ်နေရာအရောက်တော့

"ဟဲ့ ဟိုကောင်လေးအဆင်ပြေပါ့မလား"

"မသိဘူးလေ... ဒီချိန်ထိတော့ မစောင့်လောက်ပါဘူး"

ကောင်မလေးနှစ်ယောက် တိုးတိုးပြောသံကြားတာကြောင့် Taehyung တို့ ခြေလှမ်းတွေကို ရပ်လိုက်သည်...။

"ကောင်လေးက ဖြူဖြူသေးသေးလေးဟ... နှင်းတွေကလည်းကျနေတာ... ငါတို့သူ့သူငယ်ချင်းတွေဆီ စာဖြစ်ဖြစ်ပို့ပေးရအောင်ဟာ~"

"ဖြစ်ပါမလား.... တော်ကြာ Hanna က ပြောနေအုံးမယ်"

Hanna ဆိုတဲ့နာမည်ကြားတာကြောင့် Tae သူတို့ဆီကို ပြေးသွားသည်...။ Taehyung ကိုမြင်တော့ ကောင်မလေးတွေက လန့်သွားကြသည်...။

"ဘယ် ဘယ်သူလဲ"

"မင်းတို့ပြောနေကြတာ Yoongi ကိုမလား... သူဘယ်မှာလဲ သိတယ်မလား"

အနောက်ကနေထပ်ထွက်လာတဲ့ Jungkook ရဲ့ အသံကြောင့် သူတို့ ကြောက်တော့သွားသည်...။ Jungkook ဆိုတာ အနေအေးသလောက် ဒေါသကြီးတဲ့လူစားမျိုးပင်...။

"ငါမေးနေတယ်လေ ဘယ်မှာလဲလို့!"

တဖြည်းဖြည်း ကျယ်လာတဲ့ Jungkook ရဲ့အသံကြောင့် ကောင်မလေးတွေ တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြရာကနေ ပြောပြလိုက်၏။

"တောင် တောင်ခြေမှာပါ"

"တောင်ခြေမှာ~မင်းတို့တွေရူးနေတာလား... Yoongi Hyung တစ်ခုခုဖြစ်သွားရင် မင်းတို့လည်း ကောင်းကောင်းမနေရဘူး"

Taehyung ပြောပြီး သွားရှာမလို့လုပ်တော့ Jimin က သူ့လက်ကိုလှမ်းဆွဲလာသည်...။

"Tae Tae~~Seokjin Hyung အပြင်မှာသွားရှာနေတယ်တဲ့... သူ့ကိုဖုန်းဆက်ရအောင်"

"Jiminnie ~~Hyung က~~"

"Taehyung ~~Seokjin Hyung သေချာပေါက် ပြန်ခေါ်လာလိမ့်မယ်~ သူနဲ့လက်ထပ်ထားတဲ့လူပဲ~ ပြီးတော့ အခုသွားရင်လည်း အလကားပဲ~ Hotel က ပေးထွက်မှာမဟုတ်တော့ဘူး "

နာမည်အပြည့်ကိုခေါ်လိုက်တာကြောင့် ငြိမ်ကျသွားတဲ့ Tae Tae ရဲ့လက်တွေကို ကိုင်ထားရင်း Jungkook ကို Seokjin Hyung ဆီ ဖုန်းဆက်ဖို့ရာ ပြောခဲ့သည်...။

~~~~~

Seokjin ကားမောင်းရင်း လမ်းဘေးမှာများရှိနေမလားဟု လိုက်ရှာမိသော်လည်း လူတစ်ယောက်မှမတွေ့....။ တကယ်ပဲ ဘယ်တွေရောက်နေပြန်တာလဲကွာ...။

~တီး~တီး~

ဖုန်းသံကြားလို့ ထုတ်ကြည့်လိုက်တော့ Jungkook ဆိုတာနဲ့ ကိုင်လိုက်၏။

"တွေ့ပြီလား... ပြန်လာပြီလား"

~မဟုတ်ဘူး Hyung ~တွေ့တော့မတွေ့သေးဘူး... သူရှိတဲ့နေရာတော့ သိပြီ တောင်ခြေတဲ့~

"တောင်ခြေ~ကျေးဇူးပဲ"

ဖုန်းကို ချပစ်ပြီး တောင်ခြေဘက်ကို ကားအားအမြန်ဆုံးနှုန်းနဲ့မောင်းမိသည်...။ တောင်ခြေမှာတဲ့...။ အဲ့အရူးလေးက တောင်ခြေကို ဘာကိစ္စနဲ့ရောက်သွားတာပါလိမ့်...။ ဒီလောက်အေးနေတာကို...။

တောင်ခြေနားရောက်တော့ ဘေးတွေကို လိုက်ရှာရင်းကနေ bus ကားမှတ်တိုင်မှာထိုင်နေတဲ့ အရိပ်ကလေးကိုတွေ့လို့ အဲ့နားလေးကပ်ကြည့်တော့ ကောင်လေးက ငုတ်တုပ်လေးထိုင်နေတာ...။

"Min Yoongi...!!!"

ကျွန်တော်တံခါးဖွင့်ပြီး ဆင်းလိုက်တော့ မော့ကြည့်လာတဲ့သူ...။ ဒေါသကြောင့်သူ့ကို ပခုံးကနေဆွဲကာထူလိုက်သည်...။

"Min Yoongi ရူးနေတာလား... ဒီအချိန်ကြီး ဒီမှာထိုင်နေရအောင် ရူးနေတာလား... ဒီလောက်အေးနေတာကို ခဲပြီးသေသွားချင်လို့လား"

သူက ခဏလောက်ကျွန်တော့်ကို ကြည့်နေပြီးမှ  မျက်ရည်တွေကျလာ၏။

"Jin Hyung လာခဲ့လို့ ကျေးဇူးပါ...  ကျွန်တော့်ကို မလိုချင်တော့ဘူး မှတ်နေတာ"

ငိုနေတဲ့ သူ့ကိုဆွဲဖက်ကာ

"တော်သေးတာပေါ့ ~တကယ်တော်သေးတာပေါ့ ~ပြန်မတွေ့တော့ရင် ဘယ်လိုလုပ်မလဲ~"

ကျွန်တော့်စကားအဆုံးမှာ ရင်ခွင်ထဲခွေကျလာတဲ့ ကောင်လေးကြောင့် ထိန်းပွေ့လိုက်ရသည်...။

"Min Yoongi ~Yoongi ~"

ပါးကိုကိုင်ကြည့်လိုက်တော့ အေးစက်နေတာကြောင့် ကားထဲကိုချီထည့်ကာ Hotel ပြန်ဖို့လုပ်ရ၏။ Yoongi ခဏလေးပဲ သည်းခံပေးပါ...။

ကားမောင်းဖို့ရာလုပ်ပေမယ့် နှင်းတွေက ကျနေတာကြောင့် ရှေ့ကိုမမြင်ရ...။ Namjoon တို့ဆီဖုန်းဆက်တော့ Namjoon က ကားလမ်းတွေ သွားမရကြောင်း ပြောလာသည်...။ ဒီအခြေအနေနဲ့လည်း ကားမောင်းဖို့ရာက ဘယ်လိုမှ အဆင်မပြေ...။

အနောက်ဘက်က ကောင်လေးကို လှည့်ကြည့်လိုက်တော့ တဆတ်ဆတ်တုန်နေတဲ့ ကိုယ်လေးကြောင့် အနောက်ဘက်ကို ပြောင်းထိုင်ပြီး သူ့ကိုစမ်းကြည့်လိုက်သည်...။ အင်္ကျီတွေကပါ စိုရွဲနေတာ နှင်းထဲမှာ အကြာကြီးရပ်နေခဲ့တာထင်တယ်...။

"Yoongi ရာ~~"

"Jin Hyung ~~Jin Hyung ~ချမ်းတယ်~~"

ချမ်းတယ်လို့ဆိုလာတဲ့သူ့ကြောင့် ကားထဲက အပူပေးစက်ကိုဖွင့်ပေးပြီး ဖက်ပေးထားသော်လည်း ထူးမလာတဲ့ သူ့ကိုယ်အပူချိန်ကြောင့် သူ့ရဲ့စိုနေတဲ့ အင်္ကျီတွေကို ချွတ်မလို့လုပ်တော့ အေးစက်နေတဲ့လက်တွေနဲ့တားလာတဲ့သူ...။

"Yoongi ~~ကိုယ့်ကို ယုံတယ်မလား~"

အင်္ကျီကိုဆွဲထားတဲ့ သူ့လက်တွေက မလွတ်သေးတာကြောင့် အသံကို ညင်သာနိုင်သမျှ ညင်သာလိုက်ရသည်...။

"ကိုယ် ဘာမှမလုပ်ဘူး ~ကိုယ့်ကို ယုံ ဟုတ်ပြီလား"

ခေါင်းကို ဖြည်းညှင်းစွာ ငြိမ့်ပြလာပြီး လက်တွေကို ဖြေလျော့လာတဲ့သူ့အင်္ကျီတွေကို မြန်မြန်ချွတ်ပစ်ပြီး ကားထဲမှာပါနေကျ စောင်အပါးကို ခြုံပေးပြီး ဖက်ထားလိုက်သည်...။

"Jin Hyung ~~ချမ်းတယ်~"

"ချမ်းသေးတာလား"

"ချမ်း~ချမ်းတယ်~~"

သူ့ကိုဖက်ထားပေးရာကနေဖယ်ကာ ကျွန်တော့်အပေါ်ဝတ်ကိုချွတ်ပြီး သူ့ကိုခြုံပေးလိုက်တယ်...။ ပြီးတော့ သူ့ကိုယ်သေးသေးလေးကို ရင်ခွင်ထဲထည့်ပြီး ဖက်ထားလိုက်တော့ နွေးလို့ထင်တယ် ရင်ခွင်ထဲတိုးဝင်လာ၏။

"Jin Hyung ~ကျွန်တော့်ကို~~မထားခဲ့ပါနဲ့"

မျက်ရည်တွေနဲ့အိမ်မက်ယောင်နေတဲ့ ကောင်လေးကြောင့် ပိုပြီးတင်းနေအောင်ဖက်ထားလိုက်သည်...။ ဘာအိမ်မက်လဲမသိပေမယ့် ကျွန်တော့်ကြောင့်ဆိုတာကိုတော့ အသေအချာသိလိုက်တာကြောင့် ကောင်လေးကို ပထမဆုံးအကြိမ် သနားမိသည်...။ ကျွန်တော်က အဲ့လောက်တောင် သူ့ကိုနှိပ်စက်ထားမိသည်လား...။

ကျွန်တော်လက်နဲ့ထိတွေ့နေရတဲ့ သူ့ကျောပြင်ငယ်ဟာ နူးညံ့နေတာကို ခံစားမိသည်...။ ငုံ့ကြည့်မိတော့ အအေးဒဏ်ကြောင့် ပါးလေးတွေနဲ့ နှာခေါင်းထိပ်မှာရဲနေတဲ့ ကောင်လေးက ချစ်စရာကောင်းနေသလို ခါးကိုဖက်လာတဲ့ လက်တွေကြောင့် လူကိုမတ်ထားမိသည်...။ ဒီကောင်လေး မကြောက်မရွံနဲ့...။ အနွေးဓာတ်ကြောင့် ငြိမ်သွားတဲ့ကောင်လေးကို ကြည့်နေရင်းနဲ့ ကျွန်တော့်ခေါင်းထဲ အတွေးများစွာတွေးမိသည်...။

စစတွေ့ကတည်းက ဖြူဖြူသေးသေးကောင်လေးကို သတိမထားမိဘူးလို့ပြောရင် ကျွန်တော်လိမ်ရာကျမည်...။ စကားနည်းသလို ခံစားချက်မဲ့တဲ့မျက်နှာနဲ့ ကောင်လေးကို ကျွန်တော်သေချာပေါက်သတိထားခဲ့မိသည်...။ ဒါပေမယ့် ကျွန်တော့်အိပ်ရာပေါ်မှာ သူ့ကိုတွေ့ခဲ့ရတဲ့တခဏ ၊ သူ့ဦးလေးက လက်မထပ်ရင် video ကိုဖြန့်ပစ်မယ်လို့ပြောတဲ့ တခဏမှာ ကောင်လေးကို သေလောက်အောင်မုန်းလာခဲ့သည်...။

သို့သော် လက်ထပ်တဲ့နေ့ကစပြီး အခုချိန်ထိ ကျွန်တော့်အပြောအဆိုကို ငြိမ်ခံခဲ့တဲ့ ကောင်လေးက သည်းခံတတ်လွန်းတာလား ၊ မနာကျည်းတတ်တာလား မရေရာတော့ပါ...။ ဒီကောင်လေးနဲ့ကျွန်တော် ဒီလိုပုံနဲ့သာ မတွေ့မိခဲ့ရင် သူငယ်ချင်းအဖြစ် ညီလေးအဖြစ် တွေ့ခဲ့မိရင် ကျွန်တော်သူ့ကို ခင်မိမယ်ထင်တယ်...။

"Jin Hyung ~~"

ခါးကိုတင်းကျပ်စွာဖက်လာတဲ့ သူ့လက်တွေ...။ အိပ်မက်ထဲမှာအထိ ကျွန်တော့်နာမည်ကို ယောင်နေတဲ့ ကောင်လေးရဲ့ ခေါင်းအနမ်းတစ်ပွင့်ခြွေလိုက်မိသည့် ကိုယ်အဖြစ်ကို ကိုယ်ပြန်တွေးကြည့်တော့ ချက်ချင်းကို ချွေးတွေပြန်လာသလိုပင်...။ ကောင်လေးကတော့ ဘာမှမသိဘဲ ကျွန်တော့်ရင်ခွင်ထဲမှာ ငြိမ်သက်လို့ပေါ့...။

~~~~~~~~

စောင့်နေခဲ့မိသည် ...။ ဘယ်နှနာရီကျော်လွန်းသွားခဲ့မှန်း မသိပေမယ့် ကျွန်တော် Jin Hyung ကို စောင့်နေခဲ့မိသည်...။ တဖြည်းဖြည်းအေးလာတဲ့ အအေးဒဏ်ကြောင့် ပြန်ရမလားစဉ်းစားပေမယ့် သူ့လာတဲ့အထိစောင့်ဆိုတဲ့ Jin Hyung ရဲ့အမှာစကားကြောင့် ကျွန်တော်ပြန်ဖို့လုပ်တဲ့အစီစဉ်ကို ဖျက်လိုက်ပြီး သူ့ကို စောင့်နေမိသည်...။

တဖြည်းဖြည်း မှောင်လာတဲ့ ပတ်ဝန်းကျင်ကြောင့် ကျွန်တော့်မျှော်လင့်ချက်တွေလည်း ပျောက်ဆုံးလာခဲ့သည်...။ ကျွန်တော်မတွေ့ခဲ့ဖူးတဲ့ မေမေလိုမျိုး ၊ ကျွန်တော့်ကိုသေလောက်အောင်မုန်းတဲ့ ဖေဖေလိုမျိုး Jin Hyung လည်း ကျွန်တော့်ကို စွန့်ပစ်ခဲ့ပြီလားဆိုတဲ့အတွေးက ခေါင်းထဲဝင်လာတာကြောင့် ခေါင်းကိုခါလိုက်သည်...။

"မဟုတ်လောက်ပါဘူး ~Jin Hyung က သေချာပေါက်လာမှာ ~ ဟက်~Min Yoongi ဘာဝမ်းနည်းစရာလိုလို့ ငိုနေတာလဲ"

ပါးပြင်ပေါ်ကျလာတဲ့ မျက်ရည်တွေကို လက်နဲ့ခပ်ကြမ်းကြမ်းသုတ်လိုက်ပြီး အနွေးဓာတ်ရလိုရငှား ထိုင်ပြီး ဒူးနှစ်ဖက်ကို လက်နဲ့ သိုင်းယှက်လိုက်သည်...။

"Jin Hyung ကစောင့်လို့ပြောထားတာ သေချာပါက်လာမှာပါ"

တဖြည်းဖြည်း အေးလာတာနဲ့အလျှောက် မျက်လုံးတွေလည်း ဝေဝါးလာသလို ခြေဖျားလက်ဖျားတွေလည်း ကျဉ်ခဲလာသလိုခံစားရသည်...။ အရာရာကနေလွတ်မြောက်တော့မယ့် ခံစားချက်ဟာ တဖြည်းဖြည်းကြီးထွားလို့လာခဲ့သည်...။ ဘယ်လောက်ပဲ ရုန်းကန်ရုန်းကန် နောက်ဆုံးတော့ ကျွန်တော်က တစ်ယောက်တည်းပင်...။

"Min Yoongi "

မျက်လုံးတွေ ပိတ်ခါနီးမှာ ကြားလိုက်ရတဲ့အသံကြောင့် ကြည့်လိုက်တော့ Jin Hyung ပင်...။ ကျွန်တော့်ပခုံးကနေဆွဲထူပြီး အော်ဟစ်နေတဲ့ Jin Hyung ရဲ့စကားတွေကိုလည်း အာရုံမရသလို အေးတဲ့ထဲမှာအကြာကြီးထိုင်ထားတာကြောင့် ကျဉ်ခဲနေတဲ့ ခြေထောက်တွေကိုလည်း ဂရုမစိုက်အားပါ...။

"Jin Hyung လာခဲ့လို့ ကျေးဇူးပါ... ကျွန်တော့်ကို မလိုချင်တော့ဘူး မှတ်နေတာ"

ကျွန်တော့်ကိုဆွဲဖက်လာတဲ့ Jin Hyung ရဲ့ ရင်ခွင်ဟာ ကျယ်လွန်းသလို နွေးထွေးလှသည်...။ Jin Hyung ပြောတဲ့အသံကြားလိုက်ရတာက တော်သေးတာပေါ့တဲ့...။ ကျွန်တော့်ကို ထွေးပွေးထားတဲ့ Jin Hyung ရဲ့လက်တွေက ပထမတုန်းကလိုမဟုတ်ပဲ နွေးထွေးနေသလိုခံစားရသည်...။

Jin Hyung ကျွန်တော်အရမ်းလည်းချမ်းပြီး အရမ်းလည်းပင်ပန်းနေပြီမို့ ခဏလောက် အိပ်ပါရစေ...။ Jin Hyung ရဲ့ ရင်ခွင်ထဲမှာဆိုရင် နွေးထွေးလွန်းလို့ ကျွန်တော် စိတ်ချလက်ချအိပ်ပျော်မယ်ထင်တယ်...။

ကျေးဇူးပါ Jin Hyung...။ 
ကျွန်တော့်ဆီကို သေချာပေါက် ရောက်လာခဲ့ပေးလို့...။

To Be Continued~~~~~~~

-
-
-
-
-
-
(Zawgyi)

"Namjoon ေတြ႕တယ္တဲ့လား"

ေကာင္တာကေနထြက္လာတဲ့ Namjoon ကို ေမးလိုက္ေတာ့သူက စိတ္ပ်က္အားေလ်ာ့စြာ ေခါင္းခါျပလာသည္...။ ရွာေနတာလည္း စုံလွၿပီ...။ ဘယ္ေတြေရာက္ေနျပန္တာလည္းမသိဘူး...။ ဒီေန႔က ႏွင္းပိုက်မယ္လို႔ ေၾကညာထားတာေၾကာင့္ ညေနမေစာင္းခင္ ေတြ႕ရမွျဖစ္မွာပါဆို...။

ခုနကတည္းက ႏွင္းေတြပိုက်လာၿပီမို႔ ေကာင္ေလးကိုစိတ္ပူစျပဳလာၿပီျဖစ္သည္...။ လူေလးကေသးေသးေလးနဲ႔ ဘယ္ေတြေရာက္ေနလဲမသိဘူး...။

"Hoseok ~ေတြ႕လား"

အျပင္ကေနျပန္လာတဲ့ Hoseok ကိုေမးလိုက္ေတာ့လည္း သူကေခါင္းခါျပသည္...။ ဘယ္ေရာက္ေနျပန္တာလည္း Min Yoongi ရယ္...။

"ငါ hotel အနီးနား ထြက္ရွာလိုက္အုံးမယ္"

ေျပာၿပီး ကားေသာ့ယူကာအျပင္သြားမလို႔လုပ္ေတာ့ Jungkook က လက္ကိုဆြဲၿပီး တားလာသည္...။

"Jin Hyung ~ႏွင္းေတြက~~"

"ကြၽတ္~~Jeon Jungkook
အဲ့ေတာ့ Min Yoongi ကို မရွာေတာ့ဘူးလား"

သူ႔လက္ကို ဆြဲျဖဳတ္ကာ Hotel အျပင္ထြက္လာခဲ့သည္...။ တစ္ခုခုျဖစ္ေနတာေတာ့ မဟုတ္ေလာက္ပါဘူးထင္ပါတယ္...။ အျပင္ဘက္ထြက္လိုက္ေတာ့ မ်က္ႏွာကိုလာ႐ိုက္တဲ့ အေအးဓာတ္က ေၾကာက္စရာေကာင္းသည္...။ အခုဆို ေပ်ာက္ေနတာ ႏွစ္နာရီေက်ာ္ေနၿပီမို႔ ကြၽန္ေတာ္တကယ္စိတ္ပူေနၿပီ...။ ဘာပဲေျပာေျပာ ကိုယ္ေခၚလို႔ လိုက္လာခဲ့တဲ့ေကာင္ေလးမလား...။ ကိုယ့္တာဝန္မကင္းသလို ခံစားရသည္...။

Min Yoongi ဘယ္မွာလဲကြာ..။

~~~~~~~

" ေတြ႕လား~~"

Jiminnie ေခါင္းခါျပတဲ့အဆုံးမွာ Taehyung ေျခေထာက္ေတြေတာင္ ေခြသြားသလို ခံစားလိုက္ရသည္...။

"Tae Tae~~"

Jiminnie က လက္ကိုဆုပ္ကာ ေခၚတာေၾကာင့္ သူ႔ကိုၾကည့္ကာ

"Jiminnie ~Hyung ~Hyung တစ္ခုခုျဖစ္ေနတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္~"

"မဟုတ္ေလာက္ပါဘူး~"

မဟုတ္ေလာက္ပါဘူးသာ ေျပာတာ Jiminnie ရဲ႕ အသံေတြဟာ တုန္ေနသည္...။

"ငါမွားသြားတာ ~ငါေစာင့္ခိုင္းထားခဲ့လို႔"

ေျပာၿပီး ဆံပင္ေတြကို ဆြဲဖြလိုက္တဲ့ Tae ကို Jiminnie ၾကည့္ၿပီး သက္ျပင္းခ်မိသည္...။ သူ Yoongi Hyung ကို ဘယ္ေလာက္ခ်စ္လဲဆိုတာ သိေနတာေၾကာင့္ပင္...။

"အခန္း ~အခန္းဘက္ကို တစ္ေခါက္ထပ္သြားၾကည့္ရေအာင္... ေျပာမရဘူးေလ... ျပန္ေရာက္ခ်င္ ေရာက္ေနမွာ"

ေျပာရင္းနဲ႔ထြက္သြားတဲ့ Tae ေၾကာင့္ Jimin ေရာ ေျပးလိုက္သြားသည္...။

ဟိုတယ္ထဲေရာက္ေတာ့ Jungkook ကိုေတြ႕တာေၾကာင့္ ေမးလိုက္သည္...။

"Jungkook ေတြ႕လား~"

သူကလည္း ေခါင္းခါျပသည္...။

"အခန္းဘက္ အခန္းဘက္ကို တစ္ခ်က္သြားၾကည့္ရေအာင္"

Taehyung ေျပာၿပီး ေျပးတတ္သြားေတာ့ အေနာက္ကေန Jimin နဲ႔ Jungkook ပါ လိုက္ပါလာသည္...။

တစ္ေနရာအေရာက္ေတာ့

"ဟဲ့ ဟိုေကာင္ေလးအဆင္ေျပပါ့မလား"

"မသိဘူးေလ... ဒီခ်ိန္ထိေတာ့ မေစာင့္ေလာက္ပါဘူး"

ေကာင္မေလးႏွစ္ေယာက္ တိုးတိုးေျပာသံၾကားတာေၾကာင့္ Taehyung တို႔ ေျခလွမ္းေတြကို ရပ္လိုက္သည္...။

"ေကာင္ေလးက ျဖဴျဖဴေသးေသးေလးဟ... ႏွင္းေတြကလည္းက်ေနတာ... ငါတို႔သူ႔သူငယ္ခ်င္းေတြဆီ စာျဖစ္ျဖစ္ပို႔ေပးရေအာင္ဟာ~"

"ျဖစ္ပါမလား.... ေတာ္ၾကာ Hanna က ေျပာေနအုံးမယ္"

Hanna ဆိုတဲ့နာမည္ၾကားတာေၾကာင့္ Tae သူတို႔ဆီကို ေျပးသြားသည္...။ Taehyung ကိုျမင္ေတာ့ ေကာင္မေလးေတြက လန္႔သြားၾကသည္...။

"ဘယ္ ဘယ္သူလဲ"

"မင္းတို႔ေျပာေနၾကတာ Yoongi ကိုမလား... သူဘယ္မွာလဲ သိတယ္မလား"

အေနာက္ကေနထပ္ထြက္လာတဲ့ Jungkook ရဲ႕ အသံေၾကာင့္ သူတို႔ ေၾကာက္ေတာ့သြားသည္...။ Jungkook ဆိုတာ အေနေအးသေလာက္ ေဒါသႀကီးတဲ့လူစားမ်ိဳးပင္...။

"ငါေမးေနတယ္ေလ ဘယ္မွာလဲလို႔!"

တျဖည္းျဖည္း က်ယ္လာတဲ့ Jungkook ရဲ႕အသံေၾကာင့္ ေကာင္မေလးေတြ တစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္ေနၾကရာကေန ေျပာျပလိုက္၏။

"ေတာင္ ေတာင္ေျခမွာပါ"

"ေတာင္ေျခမွာ~မင္းတို႔ေတြ႐ူးေနတာလား... Yoongi Hyung တစ္ခုခုျဖစ္သြားရင္ မင္းတို႔လည္း ေကာင္းေကာင္းမေနရဘူး"

Taehyung ေျပာၿပီး သြားရွာမလို႔လုပ္ေတာ့ Jimin က သူ႔လက္ကိုလွမ္းဆြဲလာသည္...။

"Tae Tae~~Seokjin Hyung အျပင္မွာသြားရွာေနတယ္တဲ့... သူ႔ကိုဖုန္းဆက္ရေအာင္"

"Jiminnie ~~Hyung က~~"

"Taehyung ~~Seokjin Hyung ေသခ်ာေပါက္ ျပန္ေခၚလာလိမ့္မယ္~ သူနဲ႔လက္ထပ္ထားတဲ့လူပဲ~ ၿပီးေတာ့ အခုသြားရင္လည္း အလကားပဲ~ Hotel က ေပးထြက္မွာမဟုတ္ေတာ့ဘူး "

နာမည္အျပည့္ကိုေခၚလိုက္တာေၾကာင့္ ၿငိမ္က်သြားတဲ့ Tae Tae ရဲ႕လက္ေတြကို ကိုင္ထားရင္း Jungkook ကို Seokjin Hyung ဆီ ဖုန္းဆက္ဖို႔ရာ ေျပာခဲ့သည္...။

~~~~~

Seokjin ကားေမာင္းရင္း လမ္းေဘးမွာမ်ားရွိေနမလားဟု လိုက္ရွာမိေသာ္လည္း လူတစ္ေယာက္မွမေတြ႕....။ တကယ္ပဲ ဘယ္ေတြေရာက္ေနျပန္တာလဲကြာ...။

~တီး~တီး~

ဖုန္းသံၾကားလို႔ ထုတ္ၾကည့္လိုက္ေတာ့ Jungkook ဆိုတာနဲ႔ ကိုင္လိုက္၏။

"ေတြ႕ၿပီလား... ျပန္လာၿပီလား"

~မဟုတ္ဘူး Hyung ~ေတြ႕ေတာ့မေတြ႕ေသးဘူး... သူရွိတဲ့ေနရာေတာ့ သိၿပီ ေတာင္ေျခတဲ့~

"ေတာင္ေျခ~ေက်းဇူးပဲ"

ဖုန္းကို ခ်ပစ္ၿပီး ေတာင္ေျခဘက္ကို ကားအားအျမန္ဆုံးႏႈန္းနဲ႔ေမာင္းမိသည္...။ ေတာင္ေျခမွာတဲ့...။ အဲ့အ႐ူးေလးက ေတာင္ေျခကို ဘာကိစၥနဲ႔ေရာက္သြားတာပါလိမ့္...။ ဒီေလာက္ေအးေနတာကို...။

ေတာင္ေျခနားေရာက္ေတာ့ ေဘးေတြကို လိုက္ရွာရင္းကေန bus ကားမွတ္တိုင္မွာထိုင္ေနတဲ့ အရိပ္ကေလးကိုေတြ႕လို႔ အဲ့နားေလးကပ္ၾကည့္ေတာ့ ေကာင္ေလးက ငုတ္တုပ္ေလးထိုင္ေနတာ...။

"Min Yoongi...!!!"

ကြၽန္ေတာ္တံခါးဖြင့္ၿပီး ဆင္းလိုက္ေတာ့ ေမာ့ၾကည့္လာတဲ့သူ...။ ေဒါသေၾကာင့္သူ႔ကို ပခုံးကေနဆြဲကာထူလိုက္သည္...။

"Min Yoongi ႐ူးေနတာလား... ဒီအခ်ိန္ႀကီး ဒီမွာထိုင္ေနရေအာင္ ႐ူးေနတာလား... ဒီေလာက္ေအးေနတာကို ခဲၿပီးေသသြားခ်င္လို႔လား"

သူက ခဏေလာက္ကြၽန္ေတာ့္ကို ၾကည့္ေနၿပီးမွ  မ်က္ရည္ေတြက်လာ၏။

"Jin Hyung လာခဲ့လို႔ ေက်းဇူးပါ...  ကြၽန္ေတာ့္ကို မလိုခ်င္ေတာ့ဘူး မွတ္ေနတာ"

ငိုေနတဲ့ သူ႔ကိုဆြဲဖက္ကာ

"ေတာ္ေသးတာေပါ့ ~တကယ္ေတာ္ေသးတာေပါ့ ~ျပန္မေတြ႕ေတာ့ရင္ ဘယ္လိုလုပ္မလဲ~"

ကြၽန္ေတာ့္စကားအဆုံးမွာ ရင္ခြင္ထဲေခြက်လာတဲ့ ေကာင္ေလးေၾကာင့္ ထိန္းေပြ႕လိုက္ရသည္...။

"Min Yoongi ~Yoongi ~"

ပါးကိုကိုင္ၾကည့္လိုက္ေတာ့ ေအးစက္ေနတာေၾကာင့္ ကားထဲကိုခ်ီထည့္ကာ Hotel ျပန္ဖို႔လုပ္ရ၏။ Yoongi ခဏေလးပဲ သည္းခံေပးပါ...။

ကားေမာင္းဖို႔ရာလုပ္ေပမယ့္ ႏွင္းေတြက က်ေနတာေၾကာင့္ ေရွ႕ကိုမျမင္ရ...။ Namjoon တို႔ဆီဖုန္းဆက္ေတာ့ Namjoon က ကားလမ္းေတြ သြားမရေၾကာင္း ေျပာလာသည္...။ ဒီအေျခအေနနဲ႔လည္း ကားေမာင္းဖို႔ရာက ဘယ္လိုမွ အဆင္မေျပ...။

အေနာက္ဘက္က ေကာင္ေလးကို လွည့္ၾကည့္လိုက္ေတာ့ တဆတ္ဆတ္တုန္ေနတဲ့ ကိုယ္ေလးေၾကာင့္ အေနာက္ဘက္ကို ေျပာင္းထိုင္ၿပီး သူ႔ကိုစမ္းၾကည့္လိုက္သည္...။ အက်ႌေတြကပါ စို႐ြဲေနတာ ႏွင္းထဲမွာ အၾကာႀကီးရပ္ေနခဲ့တာထင္တယ္...။

"Yoongi ရာ~~"

"Jin Hyung ~~Jin Hyung ~ခ်မ္းတယ္~~"

ခ်မ္းတယ္လို႔ဆိုလာတဲ့သူ႔ေၾကာင့္ ကားထဲက အပူေပးစက္ကိုဖြင့္ေပးၿပီး ဖက္ေပးထားေသာ္လည္း ထူးမလာတဲ့ သူ႔ကိုယ္အပူခ်ိန္ေၾကာင့္ သူ႔ရဲ႕စိုေနတဲ့ အက်ႌေတြကို ခြၽတ္မလို႔လုပ္ေတာ့ ေအးစက္ေနတဲ့လက္ေတြနဲ႔တားလာတဲ့သူ...။

"Yoongi ~~ကိုယ့္ကို ယုံတယ္မလား~"

အက်ႌကိုဆြဲထားတဲ့ သူ႔လက္ေတြက မလြတ္ေသးတာေၾကာင့္ အသံကို ညင္သာႏိုင္သမွ် ညင္သာလိုက္ရသည္...။

"ကိုယ္ ဘာမွမလုပ္ဘူး ~ကိုယ့္ကို ယုံ ဟုတ္ၿပီလား"

ေခါင္းကို ျဖည္းညႇင္းစြာ ၿငိမ့္ျပလာၿပီး လက္ေတြကို ေျဖေလ်ာ့လာတဲ့သူ႔အက်ႌေတြကို ျမန္ျမန္ခြၽတ္ပစ္ၿပီး ကားထဲမွာပါေနက် ေစာင္အပါးကို ၿခဳံေပးၿပီး ဖက္ထားလိုက္သည္...။

"Jin Hyung ~~ခ်မ္းတယ္~"

"ခ်မ္းေသးတာလား"

"ခ်မ္း~ခ်မ္းတယ္~~"

သူ႔ကိုဖက္ထားေပးရာကေနဖယ္ကာ ကြၽန္ေတာ့္အေပၚဝတ္ကိုခြၽတ္ၿပီး သူ႔ကိုၿခဳံေပးလိုက္တယ္...။ ၿပီးေတာ့ သူ႔ကိုယ္ေသးေသးေလးကို ရင္ခြင္ထဲထည့္ၿပီး ဖက္ထားလိုက္ေတာ့ ေႏြးလို႔ထင္တယ္ ရင္ခြင္ထဲတိုးဝင္လာ၏။

"Jin Hyung ~ကြၽန္ေတာ့္ကို~~မထားခဲ့ပါနဲ႔"

မ်က္ရည္ေတြနဲ႔အိမ္မက္ေယာင္ေနတဲ့ ေကာင္ေလးေၾကာင့္ ပိုၿပီးတင္းေနေအာင္ဖက္ထားလိုက္သည္...။ ဘာအိမ္မက္လဲမသိေပမယ့္ ကြၽန္ေတာ့္ေၾကာင့္ဆိုတာကိုေတာ့ အေသအခ်ာသိလိုက္တာေၾကာင့္ ေကာင္ေလးကို ပထမဆုံးအႀကိမ္ သနားမိသည္...။ ကြၽန္ေတာ္က အဲ့ေလာက္ေတာင္ သူ႔ကိုႏွိပ္စက္ထားမိသည္လား...။

ကြၽန္ေတာ္လက္နဲ႔ထိေတြ႕ေနရတဲ့ သူ႔ေက်ာျပင္ငယ္ဟာ ႏူးညံ့ေနတာကို ခံစားမိသည္...။ ငုံ႔ၾကည့္မိေတာ့ အေအးဒဏ္ေၾကာင့္ ပါးေလးေတြနဲ႔ ႏွာေခါင္းထိပ္မွာရဲေနတဲ့ ေကာင္ေလးက ခ်စ္စရာေကာင္းေနသလို ခါးကိုဖက္လာတဲ့ လက္ေတြေၾကာင့္ လူကိုမတ္ထားမိသည္...။ ဒီေကာင္ေလး မေၾကာက္မ႐ြံနဲ႔...။ အေႏြးဓာတ္ေၾကာင့္ ၿငိမ္သြားတဲ့ေကာင္ေလးကို ၾကည့္ေနရင္းနဲ႔ ကြၽန္ေတာ့္ေခါင္းထဲ အေတြးမ်ားစြာေတြးမိသည္...။

စစေတြ႕ကတည္းက ျဖဴျဖဴေသးေသးေကာင္ေလးကို သတိမထားမိဘူးလို႔ေျပာရင္ ကြၽန္ေတာ္လိမ္ရာက်မည္...။ စကားနည္းသလို ခံစားခ်က္မဲ့တဲ့မ်က္ႏွာနဲ႔ ေကာင္ေလးကို ကြၽန္ေတာ္ေသခ်ာေပါက္သတိထားခဲ့မိသည္...။ ဒါေပမယ့္ ကြၽန္ေတာ့္အိပ္ရာေပၚမွာ သူ႔ကိုေတြ႕ခဲ့ရတဲ့တခဏ ၊ သူ႔ဦးေလးက လက္မထပ္ရင္ video ကိုျဖန္႔ပစ္မယ္လို႔ေျပာတဲ့ တခဏမွာ ေကာင္ေလးကို ေသေလာက္ေအာင္မုန္းလာခဲ့သည္...။

သို႔ေသာ္ လက္ထပ္တဲ့ေန႔ကစၿပီး အခုခ်ိန္ထိ ကြၽန္ေတာ့္အေျပာအဆိုကို ၿငိမ္ခံခဲ့တဲ့ ေကာင္ေလးက သည္းခံတတ္လြန္းတာလား ၊ မနာက်ည္းတတ္တာလား မေရရာေတာ့ပါ...။ ဒီေကာင္ေလးနဲ႔ကြၽန္ေတာ္ ဒီလိုပုံနဲ႔သာ မေတြ႕မိခဲ့ရင္ သူငယ္ခ်င္းအျဖစ္ ညီေလးအျဖစ္ ေတြ႕ခဲ့မိရင္ ကြၽန္ေတာ္သူ႔ကို ခင္မိမယ္ထင္တယ္...။

"Jin Hyung ~~"

ခါးကိုတင္းက်ပ္စြာဖက္လာတဲ့ သူ႔လက္ေတြ...။ အိပ္မက္ထဲမွာအထိ ကြၽန္ေတာ့္နာမည္ကို ေယာင္ေနတဲ့ ေကာင္ေလးရဲ႕ ေခါင္းအနမ္းတစ္ပြင့္ေႁခြလိုက္မိသည့္ ကိုယ္အျဖစ္ကို ကိုယ္ျပန္ေတြးၾကည့္ေတာ့ ခ်က္ခ်င္းကို ေခြၽးေတြျပန္လာသလိုပင္...။ ေကာင္ေလးကေတာ့ ဘာမွမသိဘဲ ကြၽန္ေတာ့္ရင္ခြင္ထဲမွာ ၿငိမ္သက္လို႔ေပါ့...။

~~~~~~~~

ေစာင့္ေနခဲ့မိသည္ ...။ ဘယ္ႏွနာရီေက်ာ္လြန္းသြားခဲ့မွန္း မသိေပမယ့္ ကြၽန္ေတာ္ Jin Hyung ကို ေစာင့္ေနခဲ့မိသည္...။ တျဖည္းျဖည္းေအးလာတဲ့ အေအးဒဏ္ေၾကာင့္ ျပန္ရမလားစဥ္းစားေပမယ့္ သူ႔လာတဲ့အထိေစာင့္ဆိုတဲ့ Jin Hyung ရဲ႕အမွာစကားေၾကာင့္ ကြၽန္ေတာ္ျပန္ဖို႔လုပ္တဲ့အစီစဥ္ကို ဖ်က္လိုက္ၿပီး သူ႔ကို ေစာင့္ေနမိသည္...။

တျဖည္းျဖည္း ေမွာင္လာတဲ့ ပတ္ဝန္းက်င္ေၾကာင့္ ကြၽန္ေတာ့္ေမွ်ာ္လင့္ခ်က္ေတြလည္း ေပ်ာက္ဆုံးလာခဲ့သည္...။ ကြၽန္ေတာ္မေတြ႕ခဲ့ဖူးတဲ့ ေမေမလိုမ်ိဳး ၊ ကြၽန္ေတာ့္ကိုေသေလာက္ေအာင္မုန္းတဲ့ ေဖေဖလိုမ်ိဳး Jin Hyung လည္း ကြၽန္ေတာ့္ကို စြန္႔ပစ္ခဲ့ၿပီလားဆိုတဲ့အေတြးက ေခါင္းထဲဝင္လာတာေၾကာင့္ ေခါင္းကိုခါလိုက္သည္...။

"မဟုတ္ေလာက္ပါဘူး ~Jin Hyung က ေသခ်ာေပါက္လာမွာ ~ ဟက္~Min Yoongi ဘာဝမ္းနည္းစရာလိုလို႔ ငိုေနတာလဲ"

ပါးျပင္ေပၚက်လာတဲ့ မ်က္ရည္ေတြကို လက္နဲ႔ခပ္ၾကမ္းၾကမ္းသုတ္လိုက္ၿပီး အေႏြးဓာတ္ရလိုရငွား ထိုင္ၿပီး ဒူးႏွစ္ဖက္ကို လက္နဲ႔ သိုင္းယွက္လိုက္သည္...။

"Jin Hyung ကေစာင့္လို႔ေျပာထားတာ ေသခ်ာပါက္လာမွာပါ"

တျဖည္းျဖည္း ေအးလာတာနဲ႔အေလွ်ာက္ မ်က္လုံးေတြလည္း ေဝဝါးလာသလို ေျခဖ်ားလက္ဖ်ားေတြလည္း က်ဥ္ခဲလာသလိုခံစားရသည္...။ အရာရာကေနလြတ္ေျမာက္ေတာ့မယ့္ ခံစားခ်က္ဟာ တျဖည္းျဖည္းႀကီးထြားလို႔လာခဲ့သည္...။ ဘယ္ေလာက္ပဲ ႐ုန္းကန္႐ုန္းကန္ ေနာက္ဆုံးေတာ့ ကြၽန္ေတာ္က တစ္ေယာက္တည္းပင္...။

"Min Yoongi "

မ်က္လုံးေတြ ပိတ္ခါနီးမွာ ၾကားလိုက္ရတဲ့အသံေၾကာင့္ ၾကည့္လိုက္ေတာ့ Jin Hyung ပင္...။ ကြၽန္ေတာ့္ပခုံးကေနဆြဲထူၿပီး ေအာ္ဟစ္ေနတဲ့ Jin Hyung ရဲ႕စကားေတြကိုလည္း အာ႐ုံမရသလို ေအးတဲ့ထဲမွာအၾကာႀကီးထိုင္ထားတာေၾကာင့္ က်ဥ္ခဲေနတဲ့ ေျခေထာက္ေတြကိုလည္း ဂ႐ုမစိုက္အားပါ...။

"Jin Hyung လာခဲ့လို႔ ေက်းဇူးပါ... ကြၽန္ေတာ့္ကို မလိုခ်င္ေတာ့ဘူး မွတ္ေနတာ"

ကြၽန္ေတာ့္ကိုဆြဲဖက္လာတဲ့ Jin Hyung ရဲ႕ ရင္ခြင္ဟာ က်ယ္လြန္းသလို ေႏြးေထြးလွသည္...။ Jin Hyung ေျပာတဲ့အသံၾကားလိုက္ရတာက ေတာ္ေသးတာေပါ့တဲ့...။ ကြၽန္ေတာ့္ကို ေထြးေပြးထားတဲ့ Jin Hyung ရဲ႕လက္ေတြက ပထမတုန္းကလိုမဟုတ္ပဲ ေႏြးေထြးေနသလိုခံစားရသည္...။

Jin Hyung ကြၽန္ေတာ္အရမ္းလည္းခ်မ္းၿပီး အရမ္းလည္းပင္ပန္းေနၿပီမို႔ ခဏေလာက္ အိပ္ပါရေစ...။ Jin Hyung ရဲ႕ ရင္ခြင္ထဲမွာဆိုရင္ ေႏြးေထြးလြန္းလို႔ ကြၽန္ေတာ္ စိတ္ခ်လက္ခ်အိပ္ေပ်ာ္မယ္ထင္တယ္...။

ေက်းဇူးပါ Jin Hyung...။ 
ကြၽန္ေတာ့္ဆီကို ေသခ်ာေပါက္ ေရာက္လာခဲ့ေပးလို႔...။

To Be Continued~~~~~~~

Continuer la Lecture

Vous Aimerez Aussi

4.8K 395 33
yoonkook vmin Main ship yoonkook T=jk,jm b=yg,th
77.5K 7.5K 16
{Unicode} ပါးချိုင့်တွေထဲထာဝရခိုပုန်းဖို့ကြိုးစားတယ်။ ဒါပေမယ့်ပါးချိုင့်တွေမှာပိုင်ရှင်နဲ့တဲ့။ အဲ့ဒီပိုင်ရှင်ကကိုယ့်မိထွေးတဲ့လား။ {Zawgyi} ပါးခ်ိဳင့္...
3.8K 312 8
[ONE SHOT COLLECTION]
40.6K 5.3K 29
ကိုယ်မင်းကိုမြတ်နိုးတယ်။ မင်းရဲ့မျက်နှာလေးကိုလက်ထောက်ပြီးငေးနေရရင်တောင်​ကြည်နူးပျော်ရွင်မိတဲ့အထိကိုယ်မင်းကိုမြတ်နိုးတယ်။ ကိုယ္မင္းကိုျမတ္နိုးတယ္။ မင္...