Without You (Completed)

De YoonJinSope_Cloud

5K 797 80

မင်းမပါတဲ့ငါ့ဘဝက အသက်မဲ့လွန်းတယ် Yoon~ ကျွန်‌တော်က အကို့ရဲ့တောင်ပံတစ်စုံဖြစ်ပေးမှာပါ~ A YoonJin story by Acha... Mais

Prologue
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23 (Final)
Extra

Part - 6

228 32 6
De YoonJinSope_Cloud

(Unicode)

ဘေးနားက တဒုတ်ဒုတ်နဲ့ အသံကြောင့် လှမ်းကြည့်လိုက်တော့ Min Yoongi ဆိုတဲ့ကောင်လေးက အပီအပြင်ကိုငိုက်နေရင်း မှန်နဲ့ခေါင်းနဲ့ မိတ်ဆက်နေလေရဲ့...။ ကြည့်နေရင်းနဲ့ကို ခေါင်းက တဖြည်းဖြည်းရှေ့ကိုစောင်းသွားပြန်သည်...။

~ဒုတ်~

ကားမှန်နဲ့တိုက်ပြီး ရှုံမဲ့ကာ ဒီဘက်လှည့်လာတဲ့သူ့ကြောင့် မြန်မြန်အိပ်ချင်ယောင်ဆောင်လိုက်သည်...။ ခဏနေလို့ မျက်စိဖွင့်ကြည့်တော့ ထပ်ပြီး ငိုက်နေပြန်ရော...။ ခေါင်းကို ရှေ့ငိုက်ငိုက်သွားတဲ့ သူ့ကိုကြည့်ရင်း ရယ်မိသည်...။ ဘယ်လောက်တောင် အိပ်ရေးပျက်နေလို့ ဒီလောက်တိုက်နေတာကိုမနိုးရတာပါလိမ့်...။

ကြည့်နေရင်းပင် ရှေ့ကိုငိုက်ထွက်သွားတဲ့သူ့ကြောင့် လှမ်းထိန်းကာ လူကို အနောက်နည်းနည်းတိုးပြီး ပခုံးပေါ်ကို ခေါင်းတင်ပေးလိုက်သည်...။ မှန်နဲ့ခေါင်းနဲ့တိုက်ရင် ထွက်လာတဲ့အသံက စိတ်ရှုပ်စရာကောင်းသည်မလား...။ ညရောက်လို့ အကုန်လုံးလည်းအိပ်နေပြီဆိုတော့ ဘယ်သူမှတော့ မတွေ့လောက်ပါဘူး...။ ပခုံးပေါ်ရောက်တော့ အိပ်ရတာပိုပြီးသက်တောင့်သက်သာရှိလို့လားမသိဘူး အင်းအဲလုပ်ကာ ခေါင်းကိုတိုးပြီး နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေပြန်သည်...။ နေပါအုံး..ဒီနေရာမှာ သူများဆိုလည်း သူဒီလိုပဲ အိပ်နေမှာလား..။

~တောက်~

တောက်ခေါက်လိုက်တာ ဘေးနားကသူကမနိုးဘဲ ဟိုဘက်က Jungkook က အိပ်မှုန်စုံဖွားနဲ့ နှိုးလာပြီး ကျွန်တော့်ကိုပြူးကြောင်ကြောင်နဲ့ ကြည့်ကာ ဘာလဲဆိုတဲ့သဘောနဲ့ မေးဆတ်ပြလို့ ခေါင်းခါပြလိုက်သည်...။

Jungkook သာနှိုးလာတာ ဘေးကကောင်ကတော့ အသေကောင်လို အိပ်နေဆဲပင်...။ ကျွန်တော်လည်း သက်ပြင်းတစ်ချက်ချပြီး မျက်စိကိုပြန်မှိတ်ပြီး အိပ်စက်ရာဆီသို့...။

~~~~~~~~

Yoongi အိပ်မက်ထဲမှာ marshmallows တွေပေါ် အိပ်နေရသည်ဟု မက်နေသည်...။ နူညံ့သည်...။ ပြီးတော့မွှေးသည်...။ Yoongi သဘောတကျပြုံးလိုက်၏။

"Min Yoongi ထဟ"

နားထဲမှာကြားရတဲ့ အသံတွေကြောင့် မျက်လုံးကိုမဖွင့်ချင် ဖွင့်ချင်နဲ့ ဖွင့်လိုက်တော့ မျက်စိထဲဝင်လာတာက အဖြူရောင် spot shirt...။ ငါဘယ်သူရင်ခွင်ထဲရောက်နေတာလဲလို့ အလန့်တကြားမော့ကြည့်တော့ လူကိုစိတ်ပျက်လက်ပျက်နဲ့ ကြည့်နေတဲ့ Jin Hyung ကြောင့် အိပ်ချင်စိတ်တွေတောင် အကုန်ပျောက်ကုန်သည်...။

သူက မျက်မှောင်ကြုပ်ပြီး ကြည့်နေရာကနေ.....

"ထတော့ ရောက်တော့မယ်... အရှေ့ကလူတွေ မတွေ့ခင် ငါ့ပခုံးပေါ်ကနေဖယ်စမ်း"

ခပ်ကြိတ်ကြိတ်တဲ့ သူ့စကားကြောင့် သူ့ပခုံးပေါ်ကနေ ဖယ်ကာ အညောင်းဆန့်လိုက်သည်...။

"အ~နာတာ ဘာဖြစ်လို့ပါလိမ့်"

နဖူးကနာနေလို့ နဖူးလက်နဲ့စမ်းကာ ပြောနေတဲ့ ကျွန်တော့်ကို Jin Hyung က ကြည့်ပြီး ပြုံးလိုက်သလားလို့...။ စိတ်ထင်လို့နေမှာပါ...။

မှန်ကနေ အပြင်ဘက်ကိုကြည့်လိုက်တော့ အဖြူရောင်နှင်းတွေနဲ့ဖုံးနေတဲ့လမ်းကြောင့် အံသြမိသည်...။ ကျွန်တော်တို့ Seoul မှာနှင်းမကျသေးတဲ့အချိန်မှာ ဒီမှာက နှင်းတွေကိုဖွေးနေပြီလေ...။ အဲ့ဒါကြောင့်လည်း နှင်းလျှောစီးဖို့ စိတ်အားထက်သန်နေကြတာဖြစ်မည်...။ မလာခင်က  Jiminnie ပြောလို့ ယူလာတဲ့ အနွေးထည်အထူကိုဝတ်ကာ လည်ပင်းအထိ ဇစ်ဆွဲလိုက်သည်...။ ဘေးနားက Jin Hyung ကိုကြည့်တော့ သူက သိုးမွှေးအနွေးထည်အထူကို ထပ်ဝတ်ပြီးပြီ...။

"ရောက်ပြီ~"

Jin Hyung ရဲ့ တီးတိုးရေရွတ်သံရဲ့နောက်မှာ ကားကရပ်သွားပြီး အကုန်လုံးနှိုးလာကြပြီး ဆင်းဖို့ရာပြင်ကုန်ကြသည်...။ Jin Hyung ကတော့ ဘေးနားကသူ့အိတ်ကိုယူကာ ကားပေါ်ကနေ အရင်ဆင်းသွားသည်...။

"Yoongi Hyung ~ဆင်းရအောင်"

Jiminnie  က အနောက်လှည့်ကာ ပြောလာတာကြောင့် ခေါင်းညိမ့်ပြပြီး အိတ်ကိုလွယ်လိုက်သည်...။

"Tae သွားရအောင်"

ကျွန်တော်စကားကိုပြန်မဖြေပဲ သူ့အိတ်သူယူကာ အရှေ့ကနေဘော့ဆတ်ဘော့ဆတ်နဲ့ ထွက်သွားတဲ့ Tae ကြောင့် ရယ်လိုက်မိသည်...။

"Tae Tae ဘာဖြစ်နေတာလဲ Hyung ~"

"ငါ့ကို စိတ်ကောက်နေတာ"

Jiminnie ရဲ့အမေးကို ကျွန်တော်ရယ်ပြီးဖြေရင်း အရှေ့ကထွက်သွားတဲ့ Tae ကိုကြည့်လိုက်သည်...။ ကားပေါ်က ဆင်းဆင်းချင်း ခံစားမိလိုက်တဲ့ အအေးဓာတ်ကြောင့် လက်နှစ်ဖက်ကိုအိတ်ထဲအလိုလိုထည့်မိသည်...။ ပါးစပ်ဟလိုက်ရင်တော့ အငွေ့တွေထွက်လာတဲ့အထိ အအေးဓာတ်ဟာ ပြင်းထန်စွာ...။

"Hyung ~~မြန်မြန်"

လက်ကိုတွဲပြီး ဟိုတယ်ထဲကိုခေါ်နေတဲ့ Jiminnie နဲ့အတူ မြန်မြန်လျှောက်လိုက်တယ်...။ ဒီလောက်ထိအေးနေတဲ့ အအေးဒဏ်ကို ကျွန်တော်မကြိုက်ပါ...။

"ဒီလောက်အေးနေတာကို လည်ပင်းကိုလုံအောင်ဝတ်လေ"

ရင်းနှီးတဲ့အသံကြောင့်ကြည့်လိုက်တော့ Jin Hyung က သူ့ကောင်မလေးရဲ့ အင်္ကျီဇစ်ကိုဆွဲကာပြောပြီး ခေါင်းကိုလည်းဖွလိုက်သေး၏။ အမှန်တိုင်းပြောရရင် အဲဒီလိုမြင်ရတော့ စိတ်ထဲမှာနေလို့မကောင်းပါ...။

"Hyung ~~"

ကျွန်တော်ကို စောင့်ခေါ်နေတဲ့ Jiminnie ကြောင့် မြန်မြန်သွက်သွက်လျှောက်လိုက်သည်...။ ဟိုတယ်ထဲရောက်တော့ တော်တော်လေး အချမ်းသက်သာသလိုခံစားရသည်...။ အလယ်မှာ မီးဆိုင်းအကြီးကြီးဆွဲချိတ်ထားပြီး သားရေတွေခြုံထားတဲ့ ခုံတွေဟာ တကယ်ကို ရှေးဟောင်းဆန်ပြီး အထက်တန်းကျသည်...။

"ဒါ Namjoon Hyung တို့ရဲ့ အပန်ဖြေစခန်းလေ... အခုနှင်းလျှောစီးစခန်းဆိုပေမယ့် နွေရာသီဆိုလည်း အမဲလိုက်တွေ ဘာတွေထွက်လို့ရတယ်"

Jiminnie ပြောတာကိုနားထောင်ရင်း ကြည့်မိတော့ နံရံမှာချိတ်ထားတဲ့ တိရိစ္ဆာန်ခေါင်းတွေနဲ့ သေနတ်တွေက တောတွင်းကအိမ်နဲ့တူသည်...။ Tae ကိုရှာလိုက်တော့ ကောင်တာနဲ့ခပ်ဝေးဝေးက မီးဖိုနားမှာထိုင်နေတာကြောင့် သူ့နားသွားလိုက်သည်...။ လူကိုမြင်တော့ နှုတ်ခမ်းကိုစူကာ ဟိုဘက်ကိုလှည့်သွားသည်...။

"Hyung နော် ဘာမှန်းလဲမသိဘူး ... ကျွန်တော့်နေရာကို"

"ငါလည်းပြောလို့မရလို့ပါကွာ... အခန်းတူတူနေကြမယ်လေနော်"

သူ့လက်မောင်းကိုဆွဲပြီးပြောလိုက်တော့ အနည်းငယ်ပြုံးသလိုရှိလာတဲ့သူ...။ ကျွန်တော်က အေးစက်စက်နေတဲ့သူမို့ အဲ့လိုနေရင် သူတို့သဘောကျကြသည်...။

"အတည်နော်~~"

ခေါင်းညိမ့်ပြလိုက်တော့ Taeရဲ့ မျက်နှာလေးက ပြုံးလာသည်...။

"ကျွန်တော်ကြတော့ရော~"

Jiminnie ရဲ့အမေးကို Tae က

"Hobi Hyung ကျတော့ရော~~"

Taeရဲ့ အမေးကြောင့် ကျွန်တော်တို့ရယ်မိသည်...။

"အခန်းတွေ စီစဉ်ပြီးပြီ"

ကောင်တာကနေ ထလာတဲ့ Namjoon Hyung ရဲ့ အပြောကြောင့် ခါးကိုမတ်လိုက်ပြီး နားထောင်မိသည်...။ ကြိုက်တဲ့လူနဲ့မဟုတ်ဘူးလား...။

"နှစ်ယောက်တစ်ခန်းယူလိုက်တယ်... ကားထဲတုန်းကထိုင်တဲ့အတိုင်းသာ ယူလိုက်ကြတော့"

ပြောပြီးထွက်သွားတဲ့ Namjoon Hyung ကိုကြည့်ပြီး Tae ကိုကြည့်လိုက်တော့ သူက မျက်နှာမဲ့ပြသည်...။

"Hyung သွားပြောလိုက်ဦးမယ်"

Tae ကိုပြောပြီး Namjoon Hyung နောက်ကို လိုက်သွားခဲ့သည်...။

"Namjoon Hyung ~"

ကျွန်တော်ရဲ့ခေါ်သံကြောင့် လှည့်ကြည့်လာတဲ့ Namjoon Hyung...။

"ကျွန်တော် အခန်းလဲလို့မရဘူးလား "

ကျွန်တော့်စကားကို မေးဆတ်ပြတဲ့ သူ့ကြောင့်

"Tae နဲ့ ကျွန်တော်နဲ့ တစ်ခန်းယူလို့မရဘူးလား"

Namjoon Hyung က မျက်မှောင်ကြုပ်ကာ

"Yoongi က Jin နဲ့ နေရမှာအဆင်မပြေလို့လား"

ကျွန်တော်ပြန်မပြောခင် သူကပဲ ဆက်ပြီး

"Hyung က မဟုတ်ရင်တောင် Yoongi တို့နှစ်ယောက်ကို တစ်ခန်းသက်သက်စီစဉ်ပေးမလို့... လက်ထပ်ထားတဲ့ လူတွေမလား"

Namjoon Hyung ကိုပြောလို့အဆင်ပြေမယ့်ပုံမပေါက်တာကြောင့် ခေါင်ညိမ့်ပြီးပဲ ပြန်လာခဲ့သည်...။ Jin Hyung နဲ့ပဲ ပြောကြည့်ရမှာပေါ့...။ Jungkook ကတော့ ပြောလို့ရလောက်မှာပါ...။ သူတို့က ညီအကိုတွေလို နေကြတာပဲကို...။

"Hyung ဘယ်လိုလဲ~"

Taeရဲ့ စကားကို ခေါင်းခါပြလိုက်သည်...။

"Jin Hyung နဲ့ပဲ ပြောကြည့်ရမှာပေါ့"

ကျွန်တော်ပြောတော့ Jiminnie က မေးလာသည်...။

"ရပါ့မလား"

"သိဘူးလေ~"

ကျွန်တော်ပြောလိုက်တော့ သူတို့က သက်ပြင်းချကြသည်...။ ပြောလို့ရလောက်မှာပါ...။ ကားပေါ်မှာတုန်းကတော့ အဆင်ပြေနေသေးတာပဲ...။

~~~~~~~

ကျောင်းသူကျောင်းသားတွေ အကုန်ထွက်သွားတဲ့အထိ ကျွန်တော်တို့ သုံးယောက်ထိုင်နေမိသည်...။ Jiminnie က Hoseok Hyung ကိုစောင့်နေတာဖြစ်ပြီး ကျွန်တော်နဲ့ Tae ကတော့ အခန်းကိစ္စပြောဖို့ရာ Jin Hyung ကို စောင့်နေတာ ဖြစ်၏။

"Hyung ~ဟိုမှာ~"

Jiminnie ပြောလို့ကြည့်လိုက်တော့ ခုနက Namjoon Hyung ဝင်သွားတဲ့အခန်းကနေ ထွက်လာတဲ့ Jin Hyung ကြောင့်....

"Jin Hyung ~"

ကျွန်တော် ခေါ်တော့ လှည့်ကြည့်ပြီး မေးဆတ်ပြသည်...။

"ဘာလဲ"

ဘေးနားက ကောင်မလေးရဲ့ ပခုံးကိုဖက်ကာမေးလာတဲ့ Jin Hyung...။

"Tae နဲ့ အခန်းလဲပေးလို့ရလား"

လူကို စွေပြီးကြည့်လာတဲ့ သူ့ကြောင့် တံတွေးတစ်ချက်မြိုချလိုက်မိ၏။

"Tae နဲ့ ကျွန်တော်နဲ့ တစ်ခန်းယူပြီး နေလို့မရဘူးလား"

"ဘာလို့လဲ~"

"ဗျာ~"

ပြန်ပြီးမေးခွန်းထုတ်လာတဲ့ သူ့ကြောင့် လူတောင်ကြောင်သွားသည်...။

"ဘာလဲ~ငါက ရပြီးသားဆိုတော့ ဒီတစ်ခေါက်ကျ Kim Taehyung လား"

"Jin Hyung ~"

ဘေးနားကနေ ခနဲ့တဲ့အသံနဲ့ရယ်လိုက်တဲ့ Hanna...။ ရှက်လွန်းလို့ မျက်ရည်တောင်လည်သည်...။ ဘေးနားက ကြည့်နေတဲ့ Tae နဲ့ Jiminnie က ကျွန်တော်နားရောက်လာပြီး  Jiminnie က ကျွန်တော့်လက်မောင်းကို ဖွဖွလေးကိုင်ပေးထားတာကို ကြည့်ပြီး Jin Hyung ရယ်သည်...။

"Min Yoongi တို့က စွမ်းသားပဲ... Park Jimin ရော Kim Taehyung ကိုပါ ဘယ်လိုတွေ သိမ်းသွင်းထားလည်းဆိုတာ စိတ်တော့ဝင်စားသား ~ဟက်"

"Kim Seokjin လွန်မလာနဲ့"

ထွက်သွားဖို့ပြင်နေတဲ့ Jin Hyung ကို အော်ပြီးပြောလာတဲ့ Tae ကြောင့် Tae လက်ကိုဆွဲကာ ခေါင်းခါပြလိုက်သည်...။ ဒါကိုကြည့်ပြီး တောက်ခေါက်ကာထွက်သွားတဲ့ Jin Hyung...။ ဖြစ်နိုင်ရင် ထွက်ပြေးလိုက်ချင်သည်...။ သူ့ကောင်မလေးသည် ဘယ်လိုပဲ ကျွန်တော်တို့အကြောင်းသိတယ်ပြောပြော ဒီလိုမျိုးတော့ မပြောသင့်ဘူးမလား...။ ပြီးတော့ Tae တို့ရှေ့မှာပါ ကျွန်တော်ဘယ်လိုမျက်နှာနဲ့ Tae တို့ကို ရင်ဆိုင်ရမလဲ နည်းနည်းတော့တွေးကြည့်ပေးသင့်သည်...။

"Hyung ~အဆင်ပြေရဲ့လား"

မေးလာတဲ့ Tae ရဲ့ မျက်လုံးတွေထဲမှာ စိတ်ပူမှုတွေက အတိုင်းသား...။

"ငါအဆင်ပြေပါတယ်~ အခန်းလဲဖို့ရာကတော့ မဖြစ်နိုင်တော့ဘူးထင်တယ် Tae ~"

သူက ခေါင်းခါပြပြီး ပြောလာသည်...။

"ရပါတယ်~ မနက်ကတည်းက တွေ့ရမှာပဲကို "

"Hyung အခုအခန်းထဲဝင်တော့မလား... Jin Hyung က ဟိုတစ်ယောက်ကို လိုက်ပို့ပေးဦးမယ်ထင်တယ်... မိန်းကလေးတွေက ဟိုဘက်ဆောင်မှာ နေရမှာလို့ပြောတယ်... သူမရှိလောက်ဘူး"

Jiminnie ရဲ့ ပြောစကားကြောင့် ခေါင်းညိမ့်ပြပြီး အခန်းဘက်သို့သာ လျှောက်လာခဲ့သည်...။ ဘေးနားက Tae ကတော့ စကားတစ်ခွန်းမှမပြော...။ အခန်းဘက်လျှောက်လာတဲ့ လမ်းတလျှောက် Jin Hyung ကို အခန်းထဲမှာ မရှိစေဖို့ ဘယ်နှခါ ဆုတောင်းမိလဲ မသိဘူး...။

~~~~

အခန်းထဲဝင်ဝင်ချင်း လက်ကိုဆွဲကာ နံရံမှာဆောင့်ကပ်လိုက်တဲ့ Jin Hyung ကြောင့် သူ့ကို အလန့်တကြားမော့ကြည့်မိသည်...။ ဆုတောင်းတွေကလည်း ပြည့်လိုက်တာကို...။

"Min Yoongi ~ သိပ်စိတ်ဆင်းရဲနေတယ်ပေါ့ ဟုတ်လား~ ဘာလဲ မင်းအကောင်နဲ့ အတူတူမနေရလို့လား"

Jin Hyung ရဲ့ စကားတွေဟာ မတရားကို စော်ကားလွန်းတာကြာင့်....

"Jin Hyung ဘာလို့ Tae နဲ့ ကျွန်တော့်ကို စွပ်စွဲနေရတာလည်း "

"ဘာလဲ အဲ့ကောင်ကိုထိတော့ မခံနိုင်ဘူးလား"

"Jin Hyung!"

ကျွန်တော်အော်တော့ လက်မောင်းတွေကို ပိုပြီးတင်းကြပ်စွာ ချုပ်ကိုင်လာတာကြောင့် လက်တွေတောင် ထုံလာ၏။ ကျွန်တော်ရုန်းတော့ လက်တစ်ဖက်နဲ့ ကျွန်တော့်ပါးတွေကို ဖျစ်ညစ်ကာ သူနဲ့မျက်နှာချင်းဆိုင်စေလာသည်...။

"ငါ့ကိုမအော်နဲ့ ~ဘာမှ Kim Namjoon ကိုသွားပြီး အခန်းလဲဖို့ ပြောစရာမလိုဘူး... တကယ်လို့လဲမယ်ဆိုရင်တောင် ငါကဆုံးဖြတ်ရမှာ... မင်းက ငါယူထားတဲ့ကောင်... ငါကြိုက်တာလုပ်လို့ရတယ် ရှင်းလား Min Yoongi ~"

သူ့ကိုကြည့်နေရင်းနဲ့ ဝေဝါးလာပြီး မျက်ရည်တွေကျလာသည်...။ ဘယ်တုန်းက... ဘယ်တုန်းက ကျွန်တော့်ဘဝဟာ ဒီလောက်ထိ အောက်တန်းကျသွားတာလဲ...။

သူလွတ်လိုက်တော့ ရပ်နိုင်စွမ်းတောင်မရှိတာကြောင့် ကြမ်းပြင်ပေါ်ကို ခွေကျသွားသည်...။ ကျွန်တော်ပင်ပန်းလှပြီ...။ ဖြစ်နိုင်ရင် တစ်ယောက်တည်းဖြစ်ဖြစ်တောင် ပြန်ချင်ပြီ~။ Jin Hyung နဲ့ နှစ်ယောက်တည်း သုံးညကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာကို မတွေးချင်လောက်အောင် ကျွန်တော်ကြောက်သည်...။

To Be Continued~~~~~~









(Zawgyi)

ေဘးနားက တဒုတ္ဒုတ္နဲ႔ အသံေၾကာင့္ လွမ္းၾကည့္လိုက္ေတာ့ Min Yoongi ဆိုတဲ့ေကာင္ေလးက အပီအျပင္ကိုငိုက္ေနရင္း မွန္နဲ႔ေခါင္းနဲ႔ မိတ္ဆက္ေနေလရဲ႕...။ ၾကည့္ေနရင္းနဲ႔ကို ေခါင္းက တျဖည္းျဖည္းေရွ႕ကိုေစာင္းသြားျပန္သည္...။

~ဒုတ္~

ကားမွန္နဲ႔တိုက္ၿပီး ရႈံမဲ့ကာ ဒီဘက္လွည့္လာတဲ့သူ႔ေၾကာင့္ ျမန္ျမန္အိပ္ခ်င္ေယာင္ေဆာင္လိုက္သည္...။ ခဏေနလို႔ မ်က္စိဖြင့္ၾကည့္ေတာ့ ထပ္ၿပီး ငိုက္ေနျပန္ေရာ...။ ေခါင္းကို ေရွ႕ငိုက္ငိုက္သြားတဲ့ သူ႔ကိုၾကည့္ရင္း ရယ္မိသည္...။ ဘယ္ေလာက္ေတာင္ အိပ္ေရးပ်က္ေနလို႔ ဒီေလာက္တိုက္ေနတာကိုမႏိုးရတာပါလိမ့္...။

ၾကည့္ေနရင္းပင္ ေရွ႕ကိုငိုက္ထြက္သြားတဲ့သူ႔ေၾကာင့္ လွမ္းထိန္းကာ လူကို အေနာက္နည္းနည္းတိုးၿပီး ပခုံးေပၚကို ေခါင္းတင္ေပးလိုက္သည္...။ မွန္နဲ႔ေခါင္းနဲ႔တိုက္ရင္ ထြက္လာတဲ့အသံက စိတ္ရႈပ္စရာေကာင္းသည္မလား...။ ညေရာက္လို႔ အကုန္လုံးလည္းအိပ္ေနၿပီဆိုေတာ့ ဘယ္သူမွေတာ့ မေတြ႕ေလာက္ပါဘူး...။ ပခုံးေပၚေရာက္ေတာ့ အိပ္ရတာပိုၿပီးသက္ေတာင့္သက္သာရွိလို႔လားမသိဘူး အင္းအဲလုပ္ကာ ေခါင္းကိုတိုးၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကို အိပ္ေပ်ာ္ေနျပန္သည္...။ ေနပါအုံး..ဒီေနရာမွာ သူမ်ားဆိုလည္း သူဒီလိုပဲ အိပ္ေနမွာလား..။

~ေတာက္~

ေတာက္ေခါက္လိုက္တာ ေဘးနားကသူကမႏိုးဘဲ ဟိုဘက္က Jungkook က အိပ္မႈန္စုံဖြားနဲ႔ ႏႈိးလာၿပီး ကြၽန္ေတာ့္ကိုျပဴးေၾကာင္ေၾကာင္နဲ႔ ၾကည့္ကာ ဘာလဲဆိုတဲ့သေဘာနဲ႔ ေမးဆတ္ျပလို႔ ေခါင္းခါျပလိုက္သည္...။

Jungkook သာႏႈိးလာတာ ေဘးကေကာင္ကေတာ့ အေသေကာင္လို အိပ္ေနဆဲပင္...။ ကြၽန္ေတာ္လည္း သက္ျပင္းတစ္ခ်က္ခ်ၿပီး မ်က္စိကိုျပန္မွိတ္ၿပီး အိပ္စက္ရာဆီသို႔...။

~~~~~~~~

Yoongi အိပ္မက္ထဲမွာ marshmallows ေတြေပၚ အိပ္ေနရသည္ဟု မက္ေနသည္...။ ႏူညံ့သည္...။ ၿပီးေတာ့ေမႊးသည္...။ Yoongi သေဘာတက်ၿပဳံးလိုက္၏။

"Min Yoongi ထဟ"

နားထဲမွာၾကားရတဲ့ အသံေတြေၾကာင့္ မ်က္လုံးကိုမဖြင့္ခ်င္ ဖြင့္ခ်င္နဲ႔ ဖြင့္လိုက္ေတာ့ မ်က္စိထဲဝင္လာတာက အျဖဴေရာင္ spot shirt...။ ငါဘယ္သူရင္ခြင္ထဲေရာက္ေနတာလဲလို႔ အလန္႔တၾကားေမာ့ၾကည့္ေတာ့ လူကိုစိတ္ပ်က္လက္ပ်က္နဲ႔ ၾကည့္ေနတဲ့ Jin Hyung ေၾကာင့္ အိပ္ခ်င္စိတ္ေတြေတာင္ အကုန္ေပ်ာက္ကုန္သည္...။

သူက မ်က္ေမွာင္ၾကဳပ္ၿပီး ၾကည့္ေနရာကေန.....

"ထေတာ့ ေရာက္ေတာ့မယ္... အေရွ႕ကလူေတြ မေတြ႕ခင္ ငါ့ပခုံးေပၚကေနဖယ္စမ္း"

ခပ္ႀကိတ္ႀကိတ္တဲ့ သူ႔စကားေၾကာင့္ သူ႔ပခုံးေပၚကေန ဖယ္ကာ အေညာင္းဆန္႔လိုက္သည္...။

"အ~နာတာ ဘာျဖစ္လို႔ပါလိမ့္"

နဖူးကနာေနလို႔ နဖူးလက္နဲ႔စမ္းကာ ေျပာေနတဲ့ ကြၽန္ေတာ့္ကို Jin Hyung က ၾကည့္ၿပီး ၿပဳံးလိုက္သလားလို႔...။ စိတ္ထင္လို႔ေနမွာပါ...။

မွန္ကေန အျပင္ဘက္ကိုၾကည့္လိုက္ေတာ့ အျဖဴေရာင္ႏွင္းေတြနဲ႔ဖုံးေနတဲ့လမ္းေၾကာင့္ အံၾသမိသည္...။ ကြၽန္ေတာ္တို႔ Seoul မွာႏွင္းမက်ေသးတဲ့အခ်ိန္မွာ ဒီမွာက ႏွင္းေတြကိုေဖြးေနၿပီေလ...။ အဲ့ဒါေၾကာင့္လည္း ႏွင္းေလွ်ာစီးဖို႔ စိတ္အားထက္သန္ေနၾကတာျဖစ္မည္...။ မလာခင္က  Jiminnie ေျပာလို႔ ယူလာတဲ့ အေႏြးထည္အထူကိုဝတ္ကာ လည္ပင္းအထိ ဇစ္ဆြဲလိုက္သည္...။ ေဘးနားက Jin Hyung ကိုၾကည့္ေတာ့ သူက သိုးေမႊးအေႏြးထည္အထူကို ထပ္ဝတ္ၿပီးၿပီ...။

"ေရာက္ၿပီ~"

Jin Hyung ရဲ႕ တီးတိုးေရ႐ြတ္သံရဲ႕ေနာက္မွာ ကားကရပ္သြားၿပီး အကုန္လုံးႏႈိးလာၾကၿပီး ဆင္းဖို႔ရာျပင္ကုန္ၾကသည္...။ Jin Hyung ကေတာ့ ေဘးနားကသူ႔အိတ္ကိုယူကာ ကားေပၚကေန အရင္ဆင္းသြားသည္...။

"Yoongi Hyung ~ဆင္းရေအာင္"

Jiminnie  က အေနာက္လွည့္ကာ ေျပာလာတာေၾကာင့္ ေခါင္းညိမ့္ျပၿပီး အိတ္ကိုလြယ္လိုက္သည္...။

"Tae သြားရေအာင္"

ကြၽန္ေတာ္စကားကိုျပန္မေျဖပဲ သူ႔အိတ္သူယူကာ အေရွ႕ကေနေဘာ့ဆတ္ေဘာ့ဆတ္နဲ႔ ထြက္သြားတဲ့ Tae ေၾကာင့္ ရယ္လိုက္မိသည္...။

"Tae Tae ဘာျဖစ္ေနတာလဲ Hyung ~"

"ငါ့ကို စိတ္ေကာက္ေနတာ"

Jiminnie ရဲ႕အေမးကို ကြၽန္ေတာ္ရယ္ၿပီးေျဖရင္း အေရွ႕ကထြက္သြားတဲ့ Tae ကိုၾကည့္လိုက္သည္...။ ကားေပၚက ဆင္းဆင္းခ်င္း ခံစားမိလိုက္တဲ့ အေအးဓာတ္ေၾကာင့္ လက္ႏွစ္ဖက္ကိုအိတ္ထဲအလိုလိုထည့္မိသည္...။ ပါးစပ္ဟလိုက္ရင္ေတာ့ အေငြ႕ေတြထြက္လာတဲ့အထိ အေအးဓာတ္ဟာ ျပင္းထန္စြာ...။

"Hyung ~~ျမန္ျမန္"

လက္ကိုတြဲၿပီး ဟိုတယ္ထဲကိုေခၚေနတဲ့ Jiminnie နဲ႔အတူ ျမန္ျမန္ေလွ်ာက္လိုက္တယ္...။ ဒီေလာက္ထိေအးေနတဲ့ အေအးဒဏ္ကို ကြၽန္ေတာ္မႀကိဳက္ပါ...။

"ဒီေလာက္ေအးေနတာကို လည္ပင္းကိုလုံေအာင္ဝတ္ေလ"

ရင္းႏွီးတဲ့အသံေၾကာင့္ၾကည့္လိုက္ေတာ့ Jin Hyung က သူ႔ေကာင္မေလးရဲ႕ အက်ႌဇစ္ကိုဆြဲကာေျပာၿပီး ေခါင္းကိုလည္းဖြလိုက္ေသး၏။ အမွန္တိုင္းေျပာရရင္ အဲဒီလိုျမင္ရေတာ့ စိတ္ထဲမွာေနလို႔မေကာင္းပါ...။

"Hyung ~~"

ကြၽန္ေတာ္ကို ေစာင့္ေခၚေနတဲ့ Jiminnie ေၾကာင့္ ျမန္ျမန္သြက္သြက္ေလွ်ာက္လိုက္သည္...။ ဟိုတယ္ထဲေရာက္ေတာ့ ေတာ္ေတာ္ေလး အခ်မ္းသက္သာသလိုခံစားရသည္...။ အလယ္မွာ မီးဆိုင္းအႀကီးႀကီးဆြဲခ်ိတ္ထားၿပီး သားေရေတြၿခဳံထားတဲ့ ခုံေတြဟာ တကယ္ကို ေရွးေဟာင္းဆန္ၿပီး အထက္တန္းက်သည္...။

"ဒါ Namjoon Hyung တို႔ရဲ႕ အပန္ေျဖစခန္းေလ... အခုႏွင္းေလွ်ာစီးစခန္းဆိုေပမယ့္ ေႏြရာသီဆိုလည္း အမဲလိုက္ေတြ ဘာေတြထြက္လို႔ရတယ္"

Jiminnie ေျပာတာကိုနားေထာင္ရင္း ၾကည့္မိေတာ့ နံရံမွာခ်ိတ္ထားတဲ့ တိရိစာၦန္ေခါင္းေတြနဲ႔ ေသနတ္ေတြက ေတာတြင္းကအိမ္နဲ႔တူသည္...။ Tae ကိုရွာလိုက္ေတာ့ ေကာင္တာနဲ႔ခပ္ေဝးေဝးက မီးဖိုနားမွာထိုင္ေနတာေၾကာင့္ သူ႔နားသြားလိုက္သည္...။ လူကိုျမင္ေတာ့ ႏႈတ္ခမ္းကိုစူကာ ဟိုဘက္ကိုလွည့္သြားသည္...။

"Hyung ေနာ္ ဘာမွန္းလဲမသိဘူး ... ကြၽန္ေတာ့္ေနရာကို"

"ငါလည္းေျပာလို႔မရလို႔ပါကြာ... အခန္းတူတူေနၾကမယ္ေလေနာ္"

သူ႔လက္ေမာင္းကိုဆြဲၿပီးေျပာလိုက္ေတာ့ အနည္းငယ္ၿပဳံးသလိုရွိလာတဲ့သူ...။ ကြၽန္ေတာ္က ေအးစက္စက္ေနတဲ့သူမို႔ အဲ့လိုေနရင္ သူတို႔သေဘာက်ၾကသည္...။

"အတည္ေနာ္~~"

ေခါင္းညိမ့္ျပလိုက္ေတာ့ Taeရဲ႕ မ်က္ႏွာေလးက ၿပဳံးလာသည္...။

"ကြၽန္ေတာ္ၾကေတာ့ေရာ~"

Jiminnie ရဲ႕အေမးကို Tae က

"Hobi Hyung က်ေတာ့ေရာ~~"

Taeရဲ႕ အေမးေၾကာင့္ ကြၽန္ေတာ္တို႔ရယ္မိသည္...။

"အခန္းေတြ စီစဥ္ၿပီးၿပီ"

ေကာင္တာကေန ထလာတဲ့ Namjoon Hyung ရဲ႕ အေျပာေၾကာင့္ ခါးကိုမတ္လိုက္ၿပီး နားေထာင္မိသည္...။ ႀကိဳက္တဲ့လူနဲ႔မဟုတ္ဘူးလား...။

"ႏွစ္ေယာက္တစ္ခန္းယူလိုက္တယ္... ကားထဲတုန္းကထိုင္တဲ့အတိုင္းသာ ယူလိုက္ၾကေတာ့"

ေျပာၿပီးထြက္သြားတဲ့ Namjoon Hyung ကိုၾကည့္ၿပီး Tae ကိုၾကည့္လိုက္ေတာ့ သူက မ်က္ႏွာမဲ့ျပသည္...။

"Hyung သြားေျပာလိုက္ဦးမယ္"

Tae ကိုေျပာၿပီး Namjoon Hyung ေနာက္ကို လိုက္သြားခဲ့သည္...။

"Namjoon Hyung ~"

ကြၽန္ေတာ္ရဲ႕ေခၚသံေၾကာင့္ လွည့္ၾကည့္လာတဲ့ Namjoon Hyung...။

"ကြၽန္ေတာ္ အခန္းလဲလို႔မရဘူးလား "

ကြၽန္ေတာ့္စကားကို ေမးဆတ္ျပတဲ့ သူ႔ေၾကာင့္

"Tae နဲ႔ ကြၽန္ေတာ္နဲ႔ တစ္ခန္းယူလို႔မရဘူးလား"

Namjoon Hyung က မ်က္ေမွာင္ၾကဳပ္ကာ

"Yoongi က Jin နဲ႔ ေနရမွာအဆင္မေျပလို႔လား"

ကြၽန္ေတာ္ျပန္မေျပာခင္ သူကပဲ ဆက္ၿပီး

"Hyung က မဟုတ္ရင္ေတာင္ Yoongi တို႔ႏွစ္ေယာက္ကို တစ္ခန္းသက္သက္စီစဥ္ေပးမလို႔... လက္ထပ္ထားတဲ့ လူေတြမလား"

Namjoon Hyung ကိုေျပာလို႔အဆင္ေျပမယ့္ပုံမေပါက္တာေၾကာင့္ ေခါင္ညိမ့္ၿပီးပဲ ျပန္လာခဲ့သည္...။ Jin Hyung နဲ႔ပဲ ေျပာၾကည့္ရမွာေပါ့...။ Jungkook ကေတာ့ ေျပာလို႔ရေလာက္မွာပါ...။ သူတို႔က ညီအကိုေတြလို ေနၾကတာပဲကို...။

"Hyung ဘယ္လိုလဲ~"

Taeရဲ႕ စကားကို ေခါင္းခါျပလိုက္သည္...။

"Jin Hyung နဲ႔ပဲ ေျပာၾကည့္ရမွာေပါ့"

ကြၽန္ေတာ္ေျပာေတာ့ Jiminnie က ေမးလာသည္...။

"ရပါ့မလား"

"သိဘူးေလ~"

ကြၽန္ေတာ္ေျပာလိုက္ေတာ့ သူတို႔က သက္ျပင္းခ်ၾကသည္...။ ေျပာလို႔ရေလာက္မွာပါ...။ ကားေပၚမွာတုန္းကေတာ့ အဆင္ေျပေနေသးတာပဲ...။

~~~~~~~

ေက်ာင္းသူေက်ာင္းသားေတြ အကုန္ထြက္သြားတဲ့အထိ ကြၽန္ေတာ္တို႔ သုံးေယာက္ထိုင္ေနမိသည္...။ Jiminnie က Hoseok Hyung ကိုေစာင့္ေနတာျဖစ္ၿပီး ကြၽန္ေတာ္နဲ႔ Tae ကေတာ့ အခန္းကိစၥေျပာဖို႔ရာ Jin Hyung ကို ေစာင့္ေနတာ ျဖစ္၏။

"Hyung ~ဟိုမွာ~"

Jiminnie ေျပာလို႔ၾကည့္လိုက္ေတာ့ ခုနက Namjoon Hyung ဝင္သြားတဲ့အခန္းကေန ထြက္လာတဲ့ Jin Hyung ေၾကာင့္....

"Jin Hyung ~"

ကြၽန္ေတာ္ ေခၚေတာ့ လွည့္ၾကည့္ၿပီး ေမးဆတ္ျပသည္...။

"ဘာလဲ"

ေဘးနားက ေကာင္မေလးရဲ႕ ပခုံးကိုဖက္ကာေမးလာတဲ့ Jin Hyung...။

"Tae နဲ႔ အခန္းလဲေပးလို႔ရလား"

လူကို ေစြၿပီးၾကည့္လာတဲ့ သူ႔ေၾကာင့္ တံေတြးတစ္ခ်က္ၿမိဳခ်လိုက္မိ၏။

"Tae နဲ႔ ကြၽန္ေတာ္နဲ႔ တစ္ခန္းယူၿပီး ေနလို႔မရဘူးလား"

"ဘာလို႔လဲ~"

"ဗ်ာ~"

ျပန္ၿပီးေမးခြန္းထုတ္လာတဲ့ သူ႔ေၾကာင့္ လူေတာင္ေၾကာင္သြားသည္...။

"ဘာလဲ~ငါက ရၿပီးသားဆိုေတာ့ ဒီတစ္ေခါက္က် Kim Taehyung လား"

"Jin Hyung ~"

ေဘးနားကေန ခနဲ႔တဲ့အသံနဲ႔ရယ္လိုက္တဲ့ Hanna...။ ရွက္လြန္းလို႔ မ်က္ရည္ေတာင္လည္သည္...။ ေဘးနားက ၾကည့္ေနတဲ့ Tae နဲ႔ Jiminnie က ကြၽန္ေတာ္နားေရာက္လာၿပီး  Jiminnie က ကြၽန္ေတာ့္လက္ေမာင္းကို ဖြဖြေလးကိုင္ေပးထားတာကို ၾကည့္ၿပီး Jin Hyung ရယ္သည္...။

"Min Yoongi တို႔က စြမ္းသားပဲ... Park Jimin ေရာ Kim Taehyung ကိုပါ ဘယ္လိုေတြ သိမ္းသြင္းထားလည္းဆိုတာ စိတ္ေတာ့ဝင္စားသား ~ဟက္"

"Kim Seokjin လြန္မလာနဲ႔"

ထြက္သြားဖို႔ျပင္ေနတဲ့ Jin Hyung ကို ေအာ္ၿပီးေျပာလာတဲ့ Tae ေၾကာင့္ Tae လက္ကိုဆြဲကာ ေခါင္းခါျပလိုက္သည္...။ ဒါကိုၾကည့္ၿပီး ေတာက္ေခါက္ကာထြက္သြားတဲ့ Jin Hyung...။ ျဖစ္ႏိုင္ရင္ ထြက္ေျပးလိုက္ခ်င္သည္...။ သူ႔ေကာင္မေလးသည္ ဘယ္လိုပဲ ကြၽန္ေတာ္တို႔အေၾကာင္းသိတယ္ေျပာေျပာ ဒီလိုမ်ိဳးေတာ့ မေျပာသင့္ဘူးမလား...။ ၿပီးေတာ့ Tae တို႔ေရွ႕မွာပါ ကြၽန္ေတာ္ဘယ္လိုမ်က္ႏွာနဲ႔ Tae တို႔ကို ရင္ဆိုင္ရမလဲ နည္းနည္းေတာ့ေတြးၾကည့္ေပးသင့္သည္...။

"Hyung ~အဆင္ေျပရဲ႕လား"

ေမးလာတဲ့ Tae ရဲ႕ မ်က္လုံးေတြထဲမွာ စိတ္ပူမႈေတြက အတိုင္းသား...။

"ငါအဆင္ေျပပါတယ္~ အခန္းလဲဖို႔ရာကေတာ့ မျဖစ္ႏိုင္ေတာ့ဘူးထင္တယ္ Tae ~"

သူက ေခါင္းခါျပၿပီး ေျပာလာသည္...။

"ရပါတယ္~ မနက္ကတည္းက ေတြ႕ရမွာပဲကို "

"Hyung အခုအခန္းထဲဝင္ေတာ့မလား... Jin Hyung က ဟိုတစ္ေယာက္ကို လိုက္ပို႔ေပးဦးမယ္ထင္တယ္... မိန္းကေလးေတြက ဟိုဘက္ေဆာင္မွာ ေနရမွာလို႔ေျပာတယ္... သူမရွိေလာက္ဘူး"

Jiminnie ရဲ႕ ေျပာစကားေၾကာင့္ ေခါင္းညိမ့္ျပၿပီး အခန္းဘက္သို႔သာ ေလွ်ာက္လာခဲ့သည္...။ ေဘးနားက Tae ကေတာ့ စကားတစ္ခြန္းမွမေျပာ...။ အခန္းဘက္ေလွ်ာက္လာတဲ့ လမ္းတေလွ်ာက္ Jin Hyung ကို အခန္းထဲမွာ မရွိေစဖို႔ ဘယ္ႏွခါ ဆုေတာင္းမိလဲ မသိဘူး...။

~~~~

အခန္းထဲဝင္ဝင္ခ်င္း လက္ကိုဆြဲကာ နံရံမွာေဆာင့္ကပ္လိုက္တဲ့ Jin Hyung ေၾကာင့္ သူ႔ကို အလန္႔တၾကားေမာ့ၾကည့္မိသည္...။ ဆုေတာင္းေတြကလည္း ျပည့္လိုက္တာကို...။

"Min Yoongi ~ သိပ္စိတ္ဆင္းရဲေနတယ္ေပါ့ ဟုတ္လား~ ဘာလဲ မင္းအေကာင္နဲ႔ အတူတူမေနရလို႔လား"

Jin Hyung ရဲ႕ စကားေတြဟာ မတရားကို ေစာ္ကားလြန္းတာၾကာင့္....

"Jin Hyung ဘာလို႔ Tae နဲ႔ ကြၽန္ေတာ့္ကို စြပ္စြဲေနရတာလည္း "

"ဘာလဲ အဲ့ေကာင္ကိုထိေတာ့ မခံႏိုင္ဘူးလား"

"Jin Hyung!"

ကြၽန္ေတာ္ေအာ္ေတာ့ လက္ေမာင္းေတြကို ပိုၿပီးတင္းၾကပ္စြာ ခ်ဳပ္ကိုင္လာတာေၾကာင့္ လက္ေတြေတာင္ ထုံလာ၏။ ကြၽန္ေတာ္႐ုန္းေတာ့ လက္တစ္ဖက္နဲ႔ ကြၽန္ေတာ့္ပါးေတြကို ဖ်စ္ညစ္ကာ သူနဲ႔မ်က္ႏွာခ်င္းဆိုင္ေစလာသည္...။

"ငါ့ကိုမေအာ္နဲ႔ ~ဘာမွ Kim Namjoon ကိုသြားၿပီး အခန္းလဲဖို႔ ေျပာစရာမလိုဘူး... တကယ္လို႔လဲမယ္ဆိုရင္ေတာင္ ငါကဆုံးျဖတ္ရမွာ... မင္းက ငါယူထားတဲ့ေကာင္... ငါႀကိဳက္တာလုပ္လို႔ရတယ္ ရွင္းလား Min Yoongi ~"

သူ႔ကိုၾကည့္ေနရင္းနဲ႔ ေဝဝါးလာၿပီး မ်က္ရည္ေတြက်လာသည္...။ ဘယ္တုန္းက... ဘယ္တုန္းက ကြၽန္ေတာ့္ဘဝဟာ ဒီေလာက္ထိ ေအာက္တန္းက်သြားတာလဲ...။

သူလြတ္လိုက္ေတာ့ ရပ္ႏိုင္စြမ္းေတာင္မရွိတာေၾကာင့္ ၾကမ္းျပင္ေပၚကို ေခြက်သြားသည္...။ ကြၽန္ေတာ္ပင္ပန္းလွၿပီ...။ ျဖစ္ႏိုင္ရင္ တစ္ေယာက္တည္းျဖစ္ျဖစ္ေတာင္ ျပန္ခ်င္ၿပီ~။ Jin Hyung နဲ႔ ႏွစ္ေယာက္တည္း သုံးညကို ဘယ္လိုျဖတ္သန္းရမလဲဆိုတာကို မေတြးခ်င္ေလာက္ေအာင္ ကြၽန္ေတာ္ေၾကာက္သည္...။

To Be Continued~~~~~~

Continue lendo

Você também vai gostar

155K 9.2K 19
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
22.2M 686K 29
"Ethan." Aiden pauses. "I want you." He softly bites my ear. "I want to kiss you more than you will ever know." Trying to avoid the daily beatings of...
4.7K 395 33
yoonkook vmin Main ship yoonkook T=jk,jm b=yg,th
179K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."