Without You (Completed)
By YoonJinSope_Cloud
5K 795 80
မင်းမပါတဲ့ငါ့ဘဝက အသက်မဲ့လွန်းတယ် Yoon~ ကျွန်‌တော်က အကို့ရဲ့တောင်ပံတစ်စုံဖြစ်ပေးမှာပါ~ A YoonJin story by Acha... More
Prologue
Part - 1
Part - 2
Part - 3
Part - 4
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23 (Final)
Extra
Part - 5
211 35 4
By YoonJinSope_Cloud
(Unicode)
Yoonji လေး ဆေးရုံတက်နေတာ လေးရက်လောက်ကြာတော့ ဆင်းသည်...။ ဆေးရုံစရိတ်သွားရှင်းတော့ အခမဲ့ကုသပေးသည်တဲ့...။ စိတ်ထဲမှာ အလိုမကျတာမို့ ဘေးနားမှာထိုင်နေတဲ့ Tae ကို လှမ်းပြောလိုက်သည်...။
"Tae~~"
Tae ကို လှမ်းခေါ်တော့ သူကမေးဆတ်ပြ၏။
"ဆေးရုံစရိတ်~မင်းတို့ရှင်းသွားတာလား"
သူ့ကခေါင်းခါပြပြီး မေးလာသည်...။
"မဟုတ်ပါဘူး~ဘာလို့လဲ"
"အခမဲ့တဲ့"
"အခမဲ့~~"
သူကလည်း အံသြသလိုပြောတာကြောင့် ခေါင်းညိမ့်ပြပြီး ထောက်ခံလိုက်သည်...။
Tae လည်း Yoongi ပြောတဲ့ ဆေးရုံစရိတ်အခမဲ့ဆိုတာကို စဉ်းစားမိသည်...။ သူတို့သွင်းခဲ့တာက နှစ်ရက်စာသာမို့ သေချာပေါက်လိုမည်ကို ဖုန်းလည်းထပ်မဆက်ပါပဲ ဆေးရုံစရိတ်က အခမဲ့တဲ့လား...။ ဒီလောက်ကြီးတဲ့ဆေးရုံကြီးက အခမဲ့တော့မဖြစ်နိုင်...။
"Jiminnie က အတန်းထဲလာခဲ့တော့တဲ့"
စဉ်းစားနေရင်းကနေ အိတ်ထဲမှဖုန်းက မြည်လာတာကြောင့် ဖုန်းကိုယူနေစဉ် Yoongi Hyung ကလည်း သူ့ဖုန်းကို ထုတ်ကြည့်ကာ ပြောလာတာကြောင့်  ခေါင်းညိမ့်ပြတော့ သူကထွက်သွားသည်...။
"ဟယ်လို~ဘယ်သူလဲ"
"ဘယ်သူ~~Jungkook "
ကြားဖူးသလိုရှိတာကြောင့် စဉ်းစားမိတော့မှာ ခေါင်းထဲပေါ်လာတာကို ရေရွတ်လိုက်မိသည်...။
"အော်~~ဟိုနှာဘူး!!"
~~~~~~~~
Tae က ဖုန်းပြောရင်းကျန်ခဲ့တာကြောင့် အတန်းထဲအရင်ဝင်လိုက်တော့  Jiminnie က သူ့အနားအတင်းခေါ်ကာ လက်ကိုဆွဲပြီး ထိုင်ခိုင်းစေသည်...။
"Tae Tae ရော~~"
"နောက်မှာပါတယ်... ဘာလို့လဲ"
"ကျောင်းက လေ့လာရေးခရီးသွားမယ်တဲ့... လိုက်ခဲ့ပါ့လား"
ကျောင်းကခရီး...ကျွန်တော်ခေါင်းခါပြလိုက်၏။
"တော်ပြီ ~မလိုက်တော့ဘူး Jiminnie ရဲ့... Hyung မှ မအားတာ"
"လိုက်ခဲ့ပါ နော်~နော်လို့"
လက်ကိုဆွဲကာ ကလေးလေးလို ဂျီကျနေတဲ့ Jiminnie ကြောင့် ရယ်လိုက်မိသည်...။ Tae ကလည်း ရောက်လာပြီး ကျွန်တော့်လက်ကို တွဲထားရင်း ဘေးနားကနေ ပွစိပွစိနဲ့ရေရွတ်နေတဲ့ Jiminnie ကြောင့်မေးလိုက်၏။
"Jiminnie ~ဘာလုပ်နေတာလဲ"
Tae မေးလို့ အကြောင်းစုံပြောပြပြန်တော့လည်း ထိုကောင်လေးကပါ လိုက်ခဲ့ဖို့ အပူကပ်နေပြန်သည်...။ လိုက်ချင်တောင် ခရီးစရိတ်ထည့်ရမည်ဖြစ်တာကြောင့် ပိုက်ဆံအပိုမကုန်ချင်ပါ...။ မဟုတ်တောင် Yoonji လေးအတွက် ငွေလိုနေချိန်မလား...။ ဟိုနှစ်ယောက်ကတော့ လိုက်ခဲ့ဖို့ရာ အတင်းပူဆာနေကြသည်...။
"ခဏလေး~~"
ဖုန်းထဲကို စာဝင်လာတာကြောင့် ကြည့်လိုက်တော့ Jin Hyung က ကျောင်းခေါင်မိုးထပ်တက်ခဲ့တဲ့...။
"Tae~~Jiminnie ~Hyung အပြင်ခဏသွားအုံးမယ်"
"လိုက်ခဲ့ရမှာနော်"
သူတို့အော်သံကို မကြားချင်ယောင်ဆောင်ကာ အပေါ်ထပ်တက်လာခဲ့သည်...။
~~~~~
ကျောင်းခေါင်မိုးထပ်ရောက်တော့ နံရံကိုမှီပြီးရပ်နေတဲ့ Jin Hyung က ကျွန်တော့်ကိုမြင်တော့ မတ်မတ်ရပ်လိုက်သည်...။
"Min Yoongi ~~လေ့လာရေးခရီး လိုက်မှာလား"
ကျွန်တော်ခေါင်းခါပြလိုက်သည်...။
"လိုက်ခဲ့"
"ကျွန်တော် လိုက်လို့မရ..."
"ဘာတွေက အရေးကြီးနေလို့လဲ "
Jin Hyung ရဲ့ အမေးကြောင့် ဘာဖြေရမှန်းမသိလို့ ခေါင်းကိုငုံ့လိုက်တော့ သူက ကျွတ်တစ်ချက်သပ်လာသည်...။
"ကျွတ်~အဲ့ပါးစပ်က ဘာမှပြန်မဖြေနဲ့ သိလား ~မသိရင် အ,နေတဲ့လူလိုပဲ"
အ,နေတဲ့လူလိုပဲတဲ့...။ ပြောရင်လက်ခံမှာကျနေတာပဲ...။
"လိုက်ခဲ့လိုက်~~scholarship နဲ့ ဝင်တဲ့ကောင်တွေက free တဲ့... အိမ်က မင်းပါမှသွားတဲ့... ငါကကျောင်းကောင်စီဆိုတော့ မပါမဖြစ်သွားရမှာ... အတွန့်မတက်နဲ့ လိုက်ခဲ့"
"ဟုတ်~~Jin Hyung "
မလိုက်ချင်ဘူးလို့ပြောရင်လည်း ရန်ဖြစ်နေမှာကြောင့် ဟုတ်လို့သာ ပြောလိုက်ရသည်...။ လိုက်ရတော့လည်း Jiminnie တို့နဲ့ လည်လို့ရတာပေါ့...။
"အတန်းခေါင်းဆောင်ဆီ စာရင်းပေးလိုက်... ငါသွားပြီ"
ပြောချင်ရာပြောပြီး ထွက်သွားတဲ့ Jin Hyung ရဲ့ ကျောပြင်ကိုကြည့်ပြီး သက်ပြင်းချကာ Jiminnie ဆီဖုန်းဆက်လိုက်သည်...။
"Jiminnie ~~အတန်းခေါင်းဆောင်ကို စာရင်းပေးလိုက်... Hyung လဲလိုက်ခဲ့မယ်"
ဟိုဖက်ကနေ ပျော်ရွှင်အော်ဟစ်နေတဲ့ နှစ်ယောက်ကြောင့် ရယ်လိုက်မိသည်...။
"ဘယ်နေ့တဲ့လဲ"
"ဘယ်လို သဘက်ခါ~~"
သဘက်ခါတဲ့ အနီးကပ်ကြီး...။ မတတ်နိုင်ဘူး Jin Hyung က လိုက်ခဲ့ဆိုမှတော့ လိုက်ရတော့မှာပေါ့...။ အချိန်ပိုင်းအလုပ်ကို ခွင့်တိုင်ဖို့ပဲရှိတော့တယ်...။
~~~~~~
သုံးရက်စာပဲမို့ အိတ်သေးသေးသာယူပြီး ကျောင်းထွက်လာတော့ ကျောင်းရှေ့မှာ စောင့်နေတဲ့ Tae နဲ့ Jiminnie ကြောင့် လက်လှမ်းပြလိုက်၏။
"Hyung ~"
"Yoongi Hyung ~"
ပြေးလာတဲ့ သူတို့နှစ်ယောက်ကိုရယ်ပြလိုက်သည်...။
"ဘာတဲ့~ငါတို့ခေါ်တုန်းကကျ တော်ပြီ မလိုက်တော့ဘူး မအားဘူးနဲ့... သူ့လူကြီးခေါ်တော့ကျ Jiminnie ~Hyung ရောလိုက်ခဲ့မယ်တဲ့"
ပခုံးကိုတိုက်ကာ လာစနေတဲ့ Jiminnie ကြောင့် ခေါင်းခါပြကာ...
"အဲ့လိုမဟုတ်ပါဘူး~ဒီတိုင်း~"
"ဒီတိုင်း ဘာလဲ"
မျက်ခုံးကိုပင့်ပြီးမေးလာတဲ့ Tae ကြောင့် လည်ပင်းကိုလက်နဲ့ပွတ်ပြီး ထပ်ပြီးခေါင်းခါပြတော့ သူတို့ကရယ်သည်...။
"ဟာ~~Hobi Hyung "
Jiminnie က Hoseok Hyung ကိုတွေ့တော့ ပြေးသွားသည်...။
Jin Hyung လည်း မနက်အစောကြီးကတည်းက ထွက်သွားတာကြောင့် ဘာရယ်မဟုတ် လိုက်ရှာကြည့်တော့ ကားတွေနားမှာ ရပ်နေတဲ့ Jin Hyung က spot shirt အဖြူရောင်နဲ့ style pant အနက်ရောင်ကို တွဲဝတ်ထားပြီး အပေါ်ကနေ coat တစ်ထည်ကို ထပ်ဝတ်ထားသည်...။ ပြီးတော့ ခပ်ကြီးကြီး sunglass ကို တပ်ထား၏။
"Hyung ~သွားရအောင်"
ဘေးနားက Tae စကားကြောင့် ခေါင်းညိမ့်ပြလိုက်သည်...။
"သွားမယ်လေ~~"
ကားနားရောက်တော့ Namjoon Hyung ကပြုံးပြပြီး
"Yoongi တို့က Hyung တို့နဲ့ ကားအတူတူပဲ... ဒီဘက်ကကားပေါ်တက်လိုက်"
"Kim Taehyung...!!!!"
အော်သံကြားလိုက်လို့ လှည့်ကြည့်တော့ Taeရဲ့ နာမည်ကိုအော်ခေါ်ပြီးပြေးလာတဲ့လူ...။ ကျွန်တော့်စိတ်ထင် Jungkook ဆိုတဲ့တစ်ယောက်ဖြစ်မည်ထင်သည်...။
"Hyung ~သွားနှင့် အဲ့နှာဘူးကောင်နဲ့ စာရင်းရှင်းစရာရှိသေးတယ်"
ဘေးနားက Tae က ကျွတ်တချက်သပ်ကာ ပြောလိုက်တာကြောင့် အံသြစွာလှည့်ကြည့်ဖြစ်သည်...။
"ဘာတုန်း~~"
အော်ပြီး ကားပေါ်ကဆင်းသွားတဲ့ Tae လေး...။ Tae က သူများကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတာ ဒါပထမဆုံးပင်...။ Tae ထွက်သွားတာကြောင့် Namjoon Hyung ပြတဲ့ကားပေါ်တက်ပြီး နောက်ဆုံးတန်းကခုံမှာ နေရာယူလိုက်ကာ နားကြပ်တပ်ပြီး ငြိမ်နေမိသည်...။
"အဟမ်း~"
ချောင်းဟန့်သံကြားလို့ကြည့်လိုက်တော့ Jin Hyung...။
"Jin Hyung ~~"
လူကိုငုံ့ကြည့်နေတာကြောင့်ခေါ်လိုက်တော့ သူက ဘေးနားမှာလာထိုင်သည်...။
"Jin Hyung ~အဲ့နေရာက "
"ဒီနေရာက ဘာဖြစ်လို့လဲ... ထိုင်လို့မရဘူးလား"
မှင်သေသေနဲ့ ပြန်မေးလာတဲ့  Jin Hyung ကြောင့် ခေါင်းခါပြပြီး
"ရ ရပါတယ်"
"ပြီးရော~~အာ~ပြီးတော့ သေအောင်အိပ်မနေနဲ့ဦး"
အလကားနေလူကိုအပြစ်ပြောပြီး လက်ပိုက် မျက်စိမှိတ်ပြီး အိပ်ဖို့ရာပြင်နေတဲ့ Jin Hyung ကြောင့်...
"သူကျ အိပ်မလို့လုပ်နေပြီး"
"ဘာဖြစ်တယ်~"
တိုးတိုးလေးပေမယ့် သူကကြားတာကြောင့်....
"ဘာ ဘာမှမဟုတ်ပါဘူး"
ပြောပြီး မှန်ဘက်ကိုမျက်နှာမူလိုက်သည်...။ Tae လေးတော့ ဘယ်နားမှာ ထိုင်မလဲမသိဘူး...။
~~~~~
ကားပေါ်တက်ကြည့်ပြီး ဘယ်သူမှသိပ်မရှိသေးတာကြောင့် ဆင်းမလို့လုပ်တော့
"ဟျောင့် ဟိုကောင်လေးနားသွားထိုင်ရအောင် တစ်ယောက်တည်းထင်တယ်"
"အေးကွ ဖြူဖြူသေးသေးချစ်စရာလေး... ဆွဲစားလိုက်ရရင်တော့ကွာ"
"တစ်ယောက်တည်းကွ... ဝင်လုံးရင်အဆင်ပြေလောက်တယ်"
ဘေးကစကားသံတွေကြောင်း ကားပေါ်တစ်ချက်စစ်ကြည့်တော့ Min Yoongi  ကိုယ်တော်ချောက တစ်ယောက်တည်းရှိနေတာကို စိတ်ချလက်ချအိပ်တောင်နေလိုက်သေးတယ်...။ ကျွန်တော်သက်ပြင်းချပြီး ကားတံခါးနားသွားကာ ရပ်နေတဲ့ Namjoon ကို မေးလိုက်၏။
"Joon ~လူစစ်ဖို့ပဲကျန်တော့တာမလား"
"အေး ဘာဖြစ်လို့လဲ"
"ငါတက်နှင့်မယ် ဖြစ်လား"
ဟိုကခေါင်းညိမ့်ပြပြီး ဘာဖြစ်လို့လဲဆိုတဲ့ အကြည့်နဲ့ကြည့်နေတာကို လျစ်လျူရှုပြီး ဟိုအကောင်နားသွားတော့ နားကြပ်ကတပ်ထားသေးတယ်...။ တော်တော်ကြာတဲ့အထိ နိုးမလားတာကြောင့် ချောင်းဟန့်လိုက်တော့ အိပ်မှုန်စုံဖွားရုပ်နဲ့ ကြည့်လာတဲ့သူ...။ ဘေးနားမှာ ခပ်တည်တည်နဲ့ဝင်ထိုင်လိုက်တော့ အံသြနေတဲ့ မျက်နှာနဲ့ ကြည့်လာသည်...။
"Jin ~Jin Hyung အဲ့နေရာက"
"ဒီနေရာက ဘာဖြစ်လို့လဲ ထိုင်လို့မရဘူးလား"
သိသားပဲ... ဒီနေရာက Kim Taehyung အတွက်ဆိုတာကို...။ ခပ်တည်တည်နဲ့မေးလိုက်တော့ ရပါတယ်တဲ့...။ ရပါတယ်သာပြောတာ မျက်နှာက မအီမသာနဲ့...။ Kim Taehyung က ဘာမို့ အတူတူမထိုင်ရတာကို ဖြစ်ပျက်နေတာလဲ...။ သူကိုအရမ်းကြီးအိပ်ပျော်မနေဖို့ပြောပြီး မှိန်းဖို့လုပ်လိုက်တော့ ထိုအကောင်ဆီက အသံထွက်လာသည်...။
သူကျအိပ်မလို့လုပ်နေပြီးတဲ့...။ တိုးတိုးလေးပြောတာပေမယ့် နားမှာကပ်နေတဲ့ ကျွန်တော်ကကြားလိုက်တာကြောင့် မျက်မှောင်ကျုံ့ပြီးမေးလိုက်တော့ ဘာမှမဟုတ်ဘူးဆိုပြီး ဟိုဘက်လှည့်သွားသည်...။ ဟိုဘက်ကျတော့လည်း မှန်ကိုလက်နဲ့ထောက်ကာ ပွစိပွစိပြောနေတဲ့သူ့ကြောင့် ပြုံးလိုက်ပြီး မျက်စိတွေကိုမှိတ်လိုက်သည်...။ ကောင်စုတ်လေး... သူ့ကို ကာပေးတာကို လာအပြစ်တင်နေသေးတယ်...။
~~~~~
"ရော့~"
Taehyung သူ့အိတ်ထဲက ပိုက်ဆံကိုထုတ်ပြီး Jungkook လက်ထဲထည့်ပေးလိုက်တော့ ဟိုကကြောင်ကြည့်ပြီး.....
"ဘာလဲဒါက"
"Yoonji လေး ဆေးရုံစရိတ်"
ခပ်ပြတ်ပြတ်ပြောနေတဲ့ Taehyung ကြောင့် Jungkook  မျက်နှာကိုမဲ့လိုက်သည်...။
"ငါက ဘာလုပ်ရမှာလဲ"
"ပြန်ပေးတာ"
"ဘာလို့"
"ငါ့ Hyung ကို မင်းလိုနှာဘူးဆီမှာ ကျေးဇူးမရှိစေချင်လို့"
Taehyung ရဲ့ စကားကြောင့် Jungkook လက်ကာပြကာ...
"Taehyung ~မင်းနော် လွန်မလာနဲ့ ဘာနှာဘူးလဲ"
"ဟုတ်တယ်လေ... ယောက်ျားလေးတစ်ယောက် အဝတ်လဲနေတာကို သရေကျမတတ်ငမ်းနေတာက နှာဘူးမဟုတ်လို့လား"
Taehyung ရဲ့စကားအပြီးမှ Jungkook သွေးတက်လွန်းလို့  သူ့ဂုတ်ကိုသူ့ပြန်နှိပ်လိုက်ရသည်...။ နေရင်းနေရင်းနဲ့ အထူးအဆန်းဆိုတာကြုံလာရတာပဲ...။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် Jeon Jungkook က သူများသရေကျမတတ် ငမ်းရတယ်ရှိသေးတယ်...။ ကြည့်မိတာမှန်ပေမယ့် ခဏလေးတင်ပါ...။ အဲ့ဒါကို စွပ်စွပ်စွဲစွဲ...။
"Kim Taehyung ~~မင်းကိုများ ငါက ငမ်းရတယ် ရှိသေးတယ်... တပြေးတည်းကို အဖုတွေအဖောင်းတွေရှိရင် တော်သေးတယ်"
ပြောရင်းနဲ့ ကြည့်နေပြန်တဲ့ အရှေ့က Jungkook ကြောင့် Taehyung သူ့ကိုယ်သူ လက်နဲ့ကာလိုက်သည်...။
"ဘယ် ဘယ် ဘယ်တွေကြည့်နေပြန်တာလဲ"
Taehyung ရဲ့ အမေးကို Jungkook ခပ်ပြုံးပြုံးပဲဖြေလိုက်သည်...။
"မျက်နှာက ပန်းပုရုပ်လေးလို့ပဲ လှလွန်းလို့"
Taehyung တံတွေးတစ်ချက်မြိုချကာ တွေးလိုက်တာက တကယ့်နှာဘူးကောင်ပဲလို့...။
"တော် တော်ပြီ သွားပြီ"
လက်ထဲပိုက်ဆံထည့်ပြီး ကားဆီပြေးလာခဲ့သည်...။ အနောက်ကကောင်ကတော့ အော်ရယ်ရင်း ကျန်နေခဲ့သည်...။ Jiminnie က Hobi Hyung ဆီမှာဆိုတော့ ကားပေါ်မှာ Yoongi Hyung တစ်ယောက်တည်းမလား...။
ကားပေါ်ရောက်တော့ Yoongi  Hyung ကိုလိုက်ရှာတော့ နောက်ဆုံးတန်းမှာ...။ အဲ့အတန်းရဲ့ အရှေ့တန်းက Jiminnie ကတော့ ဘာတွေသဘောကျနေလည်းမသိ မျက်စိတွေမှိတ်တဲ့အထိ ပြုံးလို့...။ Yoongi Hyung နားသွားမှ အယ်~ Seokjin hyung က သူ့ဘေးမှာ ခပ်တည်တည်ပဲအိပ်နေတာကြောင့်....
"Yoongi Hyung ~"
ကျွန်တော်ခေါ်လိုက်တော့ Hyung က အားနာတဲ့မျက်ဝန်းတွေနဲ့ကြည့်ပြီး ရယ်ပြသည်...။
"ဟီး~~Hyung လည်းဖယ်ခိုင်းမလို့ပဲ... ဒါပေမယ့်"
ပြောပြီး အိပ်ချင်ယောင်ဆောင်နေတဲ့ Seokjin Hyung ကိုတစ်ချက်ကြည့်လိုက်တော့ ဖယ်ပေးမယ့်ပုံလည်း မပေါ်တာကြောင့် နားလည်စွာခေါင်းညိမ့်ပြီး သူတို့ရဲ့ ဟိုဘက်ကခုံမှာထိုင်လိုက်သည်...။ နေဦး Jiminnie က Hobi Hyung နဲ့ အတူတူနေမှာဆိုတော့ Yoongi Hyung က ကျွန်တော်နဲ့တစ်ခန်းသေချာပေါက်နေရမှာပဲ...။ အဲ့ကျမှ စိတ်ကောက်ပစ်ဦးမယ်...။
"ဟိုဘက်တိုး"
ကိုယ့်အတွေးနဲ့ကိုယ်နေနေတာ ဘေးနားက ထွက်လာတဲ့အသံကြောင့် လန့်ပြီးကြည့်လိုက်တော့ Jungkook ဆိုတဲ့ နှာဘူးကောင်က ပြုံးပြုံးကြီးရပ်လို့...။
"နှာ~~အယ် Jungkook  တခြားနေရာသွားထိုင်ပါလား"
သွားကြိတ်ပြီး ပြုံးပြကာပြောလိုက်ပေးမယ့် သကောင့်သားက ဘေးနားကို အကျအနဝင်ထိုင်လေ၏။
"နေရာမရှိတော့လို့ "
သူပြောလို့ကြည့်လိုက်တော့လည်း ဟုတ်တယ် နေရာမကျန်တာကြောင့် စိတ်ရှုပ်စွာ ခေါင်းကိုကုပ်လိုက်ပြီး Yoongi Hyung ကို ဂျိုကြည့်ကြည့်လိုက်သည်...။ မရတော့ဘူး Hyung ကို ဟိုရောက်ရင် သေချာပေါက်ကို စိတ်ကောက်ပစ်မှာ...။
ဘေးနားက သကောင့်သားကိုကြည့်လိုက်တော့ သူ့က အကျအနနေရာယူပြီး အိပ်တောင်နေလေပြီ...။
To Be Continued~~~~~~
(Zawgyi)
"Tae~~"
"မဟုတ်ပါဘူး~ဘာလို့လဲ"
"အခမဲ့တဲ့"
"အခမဲ့~~"
"ဟယ်လို~ဘယ်သူလဲ"
"ဘယ်သူ~~Jungkook "
"အော်~~ဟိုနှာဘူး!!"
~~~~~~~~
"Tae Tae ရော~~"
"ခဏလေး~~"
"လိုက်ခဲ့ရမှာနော်"
~~~~~
"လိုက်ခဲ့"
"ဟုတ်~~Jin Hyung "
"ဘယ်နေ့တဲ့လဲ"
"ဘယ်လို သဘက်ခါ~~"
~~~~~~
"Hyung ~"
"Yoongi Hyung ~"
"ဒီတိုင်း ဘာလဲ"
"ဟာ~~Hobi Hyung "
"Hyung ~သွားရအောင်"
"သွားမယ်လေ~~"
"Kim Taehyung...!!!!"
"ဘာတုန်း~~"
"အဟမ်း~"
"Jin Hyung ~~"
"Jin Hyung ~အဲ့နေရာက "
"ရ ရပါတယ်"
"ဘာဖြစ်တယ်~"
"ဘာ ဘာမှမဟုတ်ပါဘူး"
~~~~~
"အေး ဘာဖြစ်လို့လဲ"
"Jin ~Jin Hyung အဲ့နေရာက"
~~~~~
"ရော့~"
"ဘာလဲဒါက"
"ငါက ဘာလုပ်ရမှာလဲ"
"ပြန်ပေးတာ"
"ဘာလို့"
"တော် တော်ပြီ သွားပြီ"
"Yoongi Hyung ~"
"ဟိုဘက်တိုး"
"နေရာမရှိတော့လို့ "
To Be Continued~~~~~~
Continue Reading
You'll Also Like
40.6K 5.3K 29
229K 13.2K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
236K 23.1K 70
ដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសច...
297K 50.8K 63
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)