(Unicode)
ဆရာမလာသေးတဲ့အချိန်မို့ အခန်းထဲက ဆူညံသံတွေကို အံတုပြီး အိပ်ဖို့ရာကြိုးစားကြည့်သည်...။ မနေ့က တော်တော်လေးညနက်မှ အိပ်ပျော်ထားတာမို့ လူကအိပ်ချင်နေတဲ့အပြင် ညကျရင်လည်း အလုပ်သွားရဦးမည်လေ...။
"Yoongi Hyung ~~"
ခုံပေါ်ခေါင်းအုံးပြီး အိပ်ဖို့ရာပြင်နေတဲ့ ကျွန်တော့်ကို လှမ်းခေါ်သော Jiminnie ကြောင့် မေးဆတ်ပြလိုက်တော့ သူက ရယ်ပြကာ လက်ထဲက စာအုပ်ကိုထောင်ပြလာသည်...။
"ဒါလေးရှင်းပြစမ်းပါ Hyung... မနက်ဖြန် tutorial ဖြေရမှာတဲ့"
ဘေးနားက Tae ကပါ သနားခံနဲ့မျက်လုံးလေးနဲ့မို့.....
"လာပေး~~"
အခုတော့ အိပ်ဖို့လုပ်နေတဲ့ အစီအစဉ်ကိုဖျက်ပြီး သူတို့ကိုစာရှင်းပေးရပြန်သည်...။ စာရှင်းနေစဉ် မြည်လာသော ဖုန်းသံကြောင့် ကြည့်လိုက်တော့ ဒေါ်လေးဖြစ်နေ၏။
"ဟယ်လို~ဒေါ်လေး ဘာကိစ္စရှိလို့လဲ"
((သားရယ် ဒေါ်လေးဆီလာခဲ့ပေးလို့ရရင် လာခဲ့ပေးပါဦး... Yoonji လေး သားညီမလေး ဆေးရုံတင်ထားရတယ်... ဒေါ်လေးလည်း ဘာလုပ်ရမှန်းမသိလို့))
ဒေါ်လေးရဲ့အသံကြောင့် ကျွန်တော်ပူထူသွားသည်...။ ဆေးရုံဆင်းထားတာတောင် မကြာသေးတဲ့ကလေးက ဘာဖြစ်ပြန်တာလဲမသိဘူး...။
"ဟုတ်~~ဒေါ်လေး ကျွန်တော်အခုလာခဲ့မယ်သိလား စိတ်မပူနဲ့ ကျွန်တော်လာနေပြီ"
ဖုန်းချပြီး ပစ္စည်းတွေကောက်သိမ်းနေတဲ့ ကျွန်တော့်ကို Tae တို့က လက်ဆွဲပြီး မေးလာသည်...။
"Hyung ဘာဖြစ်လို့လဲ "
ခေါင်းခါပြပြီး အပြင်ထွက်မလို့လုပ်တော့ သူတို့က အတင်းမေးလာပြန်တယ်...။
"ဘာဖြစ်လို့လဲ"
"Yoonji~~Yoonji လေးက ဆေးရုံမှာတဲ့ Tae"
"အဲ့ဒါဆို ခဏလေးစောင့်... ကျွန်တော်တို့ပါ လိုက်ခဲ့မယ်"
ဆေးရုံကို Jiminnie တို့ပါလိုက်လာပေးခဲ့သည်...။
~~~~~~~
"အစ်မကြီး Han ~ဘာကိစ္စလဲ"
"ဆေးရုံဝရောက်နေပြီ~"
"ဝင်လာခဲ့မယ် ဝင်လာခဲ့မယ် "
"ဟင်~~~ပန်းပုရုပ် "
မားသားကြီးနဲ့ ဖုန်းပြောပြီးလို့ ဆေးရုံထဲဝင်မယ်လုပ်တော့ ပြေးလွှားနေတဲ့ အဖြူလုံးလေး သုံးလုံးကို တွေ့လိုက်ရတာကြောင့် ရေရွတ်လိုက်မိသည်...။
ဆေးရုံထဲပြေးဝင်သွားတဲ့ Jin Hyung ရဲ့အပုလေးနဲ့ နောက်က Hoseok Hyung ရဲ့ကလေး... ပြီးတော့ ပန်းပုရုပ်...။ ဆေးရုံထဲပြေးဝင်သွားတာ အသည်းအသန်မို့ ဘာကိစ္စဖြစ်လာကြလဲမသိပါဘူး...။
"Jeon Jungkook ~~!!!"
အဝင်ဝကနေ ထွက်လာတဲ့ မားကြောင့် ရယ်ပြကာလက်ပြလိုက်သည်...။
"သွားရအောင်လေ~madam Han~"
"ဒီကောင်လေး ဘာကြည့်နေတာလဲ"
မားရဲ့အမေးကို ခေါင်းခါပြကာ မားရဲ့အခန်းဖြစ်တဲ့ ဆေးရုံအုပ်အခန်းကို ဦးတည်လိုက်သည်...။
~~~~
ဆေးရုံကုတင်ပေါ်တွင် အိပ်နေသော Yoonji လေးရဲ့လက်ကိုကိုင်ကာ ကြည့်နေမိသည်...။ ကျွန်တော်မတွေ့ရတဲ့ အတောအတွင်းမှာ တော်တော်ပိန်သွားသည့်ကလေးလေးဟာ မကြာသေးကမှ ဆေးရုံကဆင်းထားရတဲ့ ကလေးလေးပင်...။ ကလေးပန်းနာရှိတာကြောင့် တရိပ်တကြည့်ကြည့်ထားရတဲ့ Yoonji လေး...။
ကျွန်တော်လာတော့ ဒေါ်လေးက ပိုက်ဆံကိစ္စသွားဦးမယ်ဆိုလို့ စောင့်ပေးနေရင်း ကျွန်တော်လည်း ဘယ်ကပိုက်ဆံရမလဲ စဉ်းစားမိသည်...။
"Hyung ~"
Jiminnie ရဲ့အသံကြောင့် ထိုင်နေရာမှ မော့ကြည့်လိုက်သည်...။
"အော်~Jiminnie တို့ပြန်ကြလေ... Hyung က ဒေါ်လေးလာမှ ပြန်တော့မယ်"
"အဲ့ဒါကအရေးမကြီးပါဘူး... ဆေးရုံစရိတ် ဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ"
သူတို့ တကယ်စိတ်ပူ၍မေးတာကိုသိနေတာကြောင့် ပြုံးပြလိုက်၏ ။
"ဒေါ်လေးရှာနေတယ် စိတ်မပူပါနဲ့"
"ဟိုဟာမဖြစ်ရင် ကျွန်တော်တို့ဆီက~"
Tae ရဲ့စကားကို ခေါင်းခါပြလိုက်ပြီး....
"Tae တို့ကို ငွေရေးကြေးရေး အကူညီမတောင်းချင်ဘူး... Hyung ပြောတာကို သိတယ်မလား"
ကျွန်တော်ရဲ့စကားကို နားလည်တဲ့ Tae က ခေါင်းညိမ့်ပြကာ...
"လုံးဝအဆင်မပြေရင်တော့ ကျွန်တော်တို့နှစ်ယောက်လုံးကို ပြောနော် ~ပြီးမှပြန်ဆပ်လည်းအဆင်ပြေတာပဲ"
"ကျေးဇူးပဲ Tae ~Jiminnie ~"
ကျွန်တော့်စကားရဲ့အဆုံးမှာ သူတို့နှစ်ယောက်က ကျွန်တော့်လက်ကို ခပ်ဖွဖွဆုပ်ကိုင်လာသည်...။
"မလိုဘူး Hyung~~ ကျွန်တော်တို့က သူငယ်ချင်းတွေမဟုတ်လား"
Jiminnie ရဲ့ စကားကို ကျွန်တော်ပြုံးကာ ခေါင်းညိမ့်ပြလိုက်သည်...။
~~~~~<~~
"အစ်မ အဲ့အခန်းကမေးရင် တချို့ဆေးတွေကိုမထည့်ပဲ ပြောပေးပါ ~ကျွန်တော်တို့ရှင်းသွားတယ်ဆိုတာ မသိပါစေနဲ့"
ဆေးကောင်တာက အစ်မလက်ထဲက ကဒ်ကိုပြန်ယူရင်းသေချာမှာရသည်...။ တော်ကြာ Hyung သိသွားရင် တကယ်စိတ်ဆိုးခံရမှာ...။
"အစ်မ တကယ်လို့ ပိုက်ဆံလိုရင် ဒီဖုန်းနံပါတ်ကို ဆက်သွယ်ပေးပါ"
Tae က ဖုန်းနံပါတ်ပေးပြီးလို့ ပြန်ထွက်မလို့လုပ်တော့ တွေ့လိုက်ရတဲ့လူကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်သည်...။
"Tae~~ဟိုဟာက Hyung ရဲ့ ဦးလေးမလား"
Taeကို မေးတော့ သူက စိုးရိမ်တဲ့ မျက်ဝန်းအစုံနဲ့ ခေါင်းညိမ့်ပြလာကြောင့်....
"Hyung ဆီပြန်သွားရအောင်"
"ဓာတ်လှေကားက ~"
"ရိုးရိုးလှေကားက သွားမယ်ကွာ"
အပေါ်ကိုပြန်ပြေးတက်သွားတဲ့ သူတို့နှစ်ယောက်ကို ကြည့်နေတဲ့ Jungkook ကိုတော့ သူတို့မမြင်ခဲ့...။
~~~~~~~
"Min Yoongi ~~~ဟုတ်နေတာပဲ Min Yoongi"
Yoonji လေးအိပ်နေတာကြောင့် ဝင်လာတဲ့ဦးလေးကို အပြင်ဆွဲခေါ်လာခဲ့သည်...။
"လွှတ်စမ်း... ငါ့သမီးကို ငါလာတွေ့တာ ဘာဖြစ်လဲ"
"ဦးလေး Yoonji လေးက နေမကောင်းသေးဘူး... ဦးလေးကမူးနေတာ... မတွေ့ပါနဲ့ဦးလား"
ကျွန်တော်စကားကြောင့် ဦးလေးက တောက်ခေါက်ကာ....
"Min Yoongi ~မင်းက သူဌေးသားနဲ့ရတယ်ဆိုပြီး ငါ့ကို အာခံတာလား~ မင်းအခုလိုနေရတာ ငါ့ကျေးဇူးတွေကြောင့်ဆိုတာ မမေ့နဲ့ ငါကလည်း မင်းရောက်နေတယ်ဆိုလို့လာတာ... ပေးစမ်း မင်းဆီမှာပါတဲ့ ပိုက်ဆံ"
သူရဲ့စကားတွေကြောင့် ပြန်တွေးမိတာက အဲ့နေ့ညက အကြောင်းတွေ...။ လက်သီးကိုတင်းနေအောင်ဆုပ်ကာ သူ့ကိုကြည့်လိုက်မိသည်...။
"မပါဘူး... ရှိလည်းမရှိဘူး ~အခု Yoonjiလေးရဲ့ ဆေးရုံစရိတ်ကိုတောင် ပေးစရာမရှိဘူး"
"ဘာလဲ မင်းကောင်က မကျဘူးလား"
"ဦးလေး!"
ကျွန်တော်အော်လိုက်တော့ ရွယ်လာတဲ့လက်ကြောင့် မျက်စိကို စုံမှိတ်ထားလိုက်သည်...။
"ဟေ့ လူကြီး"
ကြားရသံအသံနဲအတူ တစ်ယောက်ယောက်က ဆွဲကာလိုက်သလို ခံစားရလိုက်ရသည် ။
"Jiminnie ~Tae ~မပြန်သေးဘူးလား"
ကျွန်တော့်စကားကို Jiminnie က ခေါင်းခါပြကာ.....
"ဒီလူကိုတွေ့လို့ ပြန်လှည့်လာတာ"
"မင်းတို့ကဘာကောင်တွေလဲ ဖယ်ကြစမ်း"
ဦးလေးက ပြောတာကို Jimin က ပြန်ပြောလိုက်သည်...။
"ဖယ်ရမှာ ခင်ဗျား~ ဆေးရုံစောင့်ဝန်ထမ်းတွေကို ဆွဲထုတ်ခိုင်းလို့ရတယ် သိလား "
Tae ပြောပြီးနောက်မှာ လက်သီးနဲ့ထိုးလိုက်တဲ့ ဦးလေး...။
"Tae!"
ကျွန်တော်တို့ နှစ်ယောက်ရဲ့ အော်သံဟာ တပြိုင်တည်း ထွက်ပေါ်လာခဲ့သည်...။
ဒါပေမယ့်~ဒါပေမယ့် လက်သီးကိုရှောင်ပြီး ဦးလေးကို ပြန်ကန်လိုက်တဲ့ Tae...။ မေ့သွားတာပဲ Tae က ကာရာတေး တက်နေတယ်ဆိုတာကို...။
"မင်း Min Yoongi ငါနဲ့တွေ့ကြသေးတာပေါ့ "
ပြောပြီးပြန်သွားတဲ့ ဦးလေးရဲ့နောက်မှာ တင်းထားသမျှ စိတ်တွေကို လျှော့ချလိုက်ပြီး ဘေးကထိုင်ခုံပေါ်ထိုင်ချလိုက်၏။
"Hyung အဆင်ပြေရဲ့လား"
စိုးရိမ်တကြီးမေးလာတဲ့ သူတို့နှစ်ယောက်ကို ခေါင်းညိမ့်ပြပြီး...
"ဘာလို့ ပြန်လာတာလဲ... ခိုက်မိရင်း ဘယ်လိုလုပ်မလဲ"
ကျွန်တော်ပြောတော့ Tae က ကြည့်လာသည်...။
"Hyung တစ်ယောက်တည်းဆိုရင်ရော~"
"ငါက ထူနေပြီ"
ကျွန်တော့်စကားအဆုံးမှာ တိတ်ဆိတ်သွားသော နေရာလေး...။
"Yoongi ~သား"
ဒေါ်လေးခေါ်တာကြောင့် မတ်တပ်ထရပ်လိုက်သည်...။
"ဒေါ်လေး အဆင်ပြေလား"
"ပြေပါတယ်သားရယ်~"
ပြေပါတယ်ပြောပေမယ့် ဒေါ်လေးအသံမကောင်းတာကို သတိထားမိလိုက်သည်...။ အဘွားတို့ဆီနဲ့ Tae အကိုဆီက လစာကြိုထုတ်ရင်တော့ အဆင်ပြေလောက်မှာပါ...။
" ဦးလေးလာသေးလား"
ကျွန်တော်ခေါင်းခါပြလိုက်တော့ Jiminnie တို့က သက်ပြင်းချကြသည်...။
"တော်သေးတာပေါ့... ဒင်းလာရင် ငါ့သားလေးကို နှိပ်စက်နေဦးမှာ"
ကျွန်တော့်မျက်နှာကို ခပ်ဖွဖွကိုင်ကာ ပြောနေတဲ့ ဒေါ်လေး...။ တူတော်တဲ့ကျွန်တော့်ကို သားအရင်းလိုချစ်တဲ့ ဒေါ်လေးအတွက် လိမ်ပေးရတာ တန်တယ်မလား...။
"သွား သွား ဒေါ်လေးလည်းရောက်ပြီပဲ ပြန်တော့ ~တော်ကြာ လူလေးJin စောင့်နေလိမ့်မယ်"
"သွားပြီနော် ဒေါ်လေး... ပိုက်ဆံကမပူနဲ့... ကျွန်တော်မနက်ဖြန် လာပေးပေးမယ်... Yoonji လေး နိုးလာရင်လည်း ဖုန်းဆက်ပေးဦး~ သွားပြီ"
"သွားလိုက်ပါဦးမယ်"
"အေးအေးချမ်းချမ်းနေရစ်ပါ"
ကျွန်တော်ပြောတော့ ခေါင်းညိမ့်ပြတဲ့ ဒေါ်လေးကို Taeတို့ကပါ နှုတ်ဆက်ကာ ပြန်ခဲ့ကြ၏။
~~~~~
သူတို့ထွက်သွားတော့မှ ဆေးရုံရဲ့ထောင့်တစ်ခုရဲ့ အကွယ်ကနေ Jungkook ထွက်လာကာ Taehyung ကိုကြည့်ပြီး ပြုံးလိုက်သည်...။
ပန်းပုရုပ်ကို အိစိအိစိနဲ့မို့ အဖြစ်မရှိဘူးထင်ထားတာ ဘယ်ဆိုးလို့တုန်း...။ သင်ထားသလောက်တော့ သုံးတတ်သား...။ ပြီးတော့ သူ့တို့နဲ့ ရန်ဖြစ်သွားတဲ့လူက Jin Hyung တို့ မင်္ဂလာဆောင်တုန်းက တွေ့ဖူးတဲ့ Min Yoongi ရဲ့ ဦးလေးဆိုသူဖြစ်မည် ထင်သည်...။
Jungkook ဆေးရုံကကောင်တာကို ဖုန်းဆက်လိုက်သည် ။
"ငါ့ကို အခန်း ၃၀၅က လူနာအကြောင်း ပို့ပေးလိုက်~~ ပြီးတော့ အဲ့အခန်းက ပိုက်ဆံကိုတစ်ခါတည်းဖြတ်လိုက် တောင်းမနေနဲ့တော့~~ ဆေးရုံအုပ်ကို ငါပြောလိုက်မယ်~~ ပြီးတော့ Kim Taehyung ရဲ့ ဖုန်းနံပါတ်ပါ တခါတည်းပို့ပေးလိုက်"
ဖုန်းချပြီး အိမ်ပြန်ဖို့လုပ်တော့ ဖုန်းထဲဝင်လာတဲ့ message ကြောင့် ကြည့်လိုက်တော့ Namjoon Hyung ဆီက ညကျရင် club မှာဆုံမယ်ဆိုတော့ Jungkook ဘက်က okay လို့ ပြန်ပို့လိုက်သည်...။
~~~~~
"မနက်က ဘယ်တွေသွားနေတာလဲ~"
ကားသော့ချချချင်း မေးလာတဲ့ Namjoon Hyung ကြောင့်....
"Madam Han ဆီသွားနေတာပါ Hyung ရာ ~အော် ဒါနဲ့ Jin Hyung ~"
ကျွန်တော်ခေါ်တော့ လှည့်ကြည့်လာတဲ့ Jin Hyung...။
"Jin Hyung ရဲ့ အပုလေးကို ဆေးရုံမှာတွေ့လိုက်သေးတယ်"
"ဘယ်သူ~"
နားမလည်သလိုမေးလာတဲ့ Jin Hyung ကြောင့်....
"Min Yoongi ကိုပြောတာ... သူ့ကို ဆေးရုံမှာ တွေ့လိုက်တယ်လို့"
ကျွန်တော့်စကားကို Hoseok Hyung ကပါ ဝင်ပြောလာ၏။
"ကလေးက သူ့ကိုကားစီစဉ်ပေးဖို့ ဖုန်းဆက်ရင်းပြောတယ်... ဘာတဲ့ Yoongi ညီမလေး ဆေးရုံတက်ရလို့ပဲ"
Hobi Hyung ရဲ့ စကားအဆုံးမှာ တွန့်ချိုးသွားတဲ့ မျက်ခုံးတွေနဲ့ Jin Hyung ကြောင့် တွေ့ခဲ့တဲ့ဟာကို ပြန်ပြောပြလိုက်၏။
"ပြီးတော့ အခန်းရှေ့မှာ သူနဲ့ သူ့ဦးလေးရန်ဖြစ်နေတာတွေ့တယ်~~ တော်သေးတယ် ~Taehyung တို့ မြန်မြန်ရောက်လာလို့... မဟုတ်ရင် အဲ့ကောင်လေး အရိုက်ခံရမှာ~သိလား"
ကျွန်တော့်စကားအဆုံးမှာ Jin Hyung က ကျွတ်တစ်ချက်စုပ်ပြီး ပြောလာသည်...။
"သူကိုက ညံ့တာကို"
Jin Hyung ရဲ့စကားကို ကျွန်တော်ပထမဆုံး အလိုမကျဖြစ်မိခြင်းပင်...။ တိတ်ဆိတ်သွားတဲ့ အခြေအနေကြောင့် Hoseok Hyung က ကျွန်တော်တို့ကိုကြည့်ရင်း ပြောလာ၏။
"လာ လာသောက်ကြရအောင် "
အရက်ခွက်တိုက်ရင်းနဲ့ တွေးမိတာက Hoseok Hyung ပြောသလိုပဲ တစ်ခုခုတော့မသိတာရှိလိမ့်မည်...။
~~~~~~~~
အိမ်တံခါးဝမှာရပ်နေရင်း စဉ်းစားမိတာက အိမ်ကြီးက ကိုယ်နဲ့စိမ်းနေသလို...။ အိမ်ကိုမပြန်ဖြစ်တာ နှစ်ရက်ရှိပြီမို့ ဟိုအကောင်လည်း ဘယ်လိုတွေနေနေမယ်မသိ...။ ဒီနေ့သူ့ညီမလေး ဆေးရုံတက်ရတယ်လို့ပြောပေမယ့် ရုပ်ကိုပုံဖော်လို့မရပေ...။ သူလည်း အဆင်မှပြေရဲ့လားလို့ စဉ်းစားရင်း အိမ်တံခါးကိုဖွင့်ကာ အိမ်ထဲဝင်လာခဲ့သည်...။
အိမ်တံခါးပိတ်ပြီး အပေါ်တက်မလို့လုပ်တော့ မျက်လုံးထောင့်ထဲဝင်လာတဲ့ ဧည့်ခန်းထဲက သေးသေးအထုပ်လေးကြောင့် သွားကြည့်တော့ အထုပ်မဟုတ်ပဲ ဟိုအကောင်က ဒူးကိုလက်နဲ့ပိုက်ကာ ငုတ်တုတ်လေးအိပ်နေတာပင်...။
ဒူးပေါ်ခေါင်းတင်ပြီး အိပ်နေတာကြောင့် ဘဲနှုတ်သီးလို နှုတ်ခမ်းထော်လေးနဲ့...။ နေပါဦး ကျွန်တော်ပြန်မလာတဲ့ နှစ်ရက်လုံး ဒီနေ့နဲ့ပါဆို သုံးရက်လုံး ဒီလိုစောင့်နေတာလား...။
မဖြစ်နိုင်တာ....။ ကျွန်တော်ခေါင်းခါလိုက်ပြီး သူ့ပခုံးကို လှုပ်လိုက်တော့ အိပ်ချင်မူးတူးနဲ့ခေါင်းထောင်လာတဲ့သူက လူကိုမြင်မှ ထကာ....
"Jin ~Jin Hyung ~ပြန်လာပြီလား"
"Min Yoongi လေဖြတ်ချင်လို့ ဒီလောက်အေးနေတာကို ဒီမှာအိပ်နေတာလား... မင်းလေဖြတ်သွားလည်း ငါမပြုစုနိုင်ဘူး... သွား အပေါ်တက်"
ကျွန်တော်ပြောတော့ ခေါင်းငုံကာ အိမ်ရှေ့ဘက်ထွက်သွားပြန်တဲ့သူ့ကြောင့် ထပ်ပြောရပြန်သည်...။
"ဘယ်သွားဦးမလို့လဲ~ တံခါးကပိတ်ပြီးပြီ~ လာ အပေါ်ကို~ အိပ်နေတာများ သူခိုးဝင်ပြီးမ,သွားတောင် သိမှာမဟုတ်ဘူး"
အနောက်ကနေ ပွစိပြီးတက်လာတဲ့သူကြောင့် ခြေလှမ်းတွေကို ရပ်လိုက်မိသည်...။
"Min Yoongi ~"
ကျွန်တော်ရုတ်တရက်လှည့်ပြီးခေါ်လိုက်တော့ သူကကြည့်လာသည်...။
"မင်း~~ငါ့ကို အဟမ်း~ဒီနေ့လိုပဲ ~ဟိုနှစ်ရက်ကလည်း စောင့်နေတာလား"
ကျွန်တော့်အမေးကို သူကြောင်ပြီးကြည့်နေရာမှာ ပြုံးလာကာ ပြောသည်...။
"Jin Hyung နောက်ကျတဲ့ရက်တိုင်း ကျွန်တော်စောင့်ပေးတယ်~"
ဖြေပြီးဝင်သွားတဲ့ နောက်ကျောငယ်ကိုကြည့်ရင်း လည်ပင်းကို ပွတ်ကာရယ်လိုက်မိသည်...။ ဒါပထမဆုံးသူနဲ့ပတ်သက်ပြီး ရယ်မိခြင်းပင်...။
အိမ်မှာကိုယ့်ကိုစောင့်နေတဲ့လူရှိတာ ပျော်ရွင်စရာလို့ ထင်နေမိတဲ့ ကျွန်တော်က မူးနေပြီထင်တယ်...။
To Be Continued~~~~~~
(Zawgyi)
ဆရာမလာေသးတဲ့အခ်ိန္မို႔ အခန္းထဲက ဆူညံသံေတြကို အံတုၿပီး အိပ္ဖို႔ရာႀကိဳးစားၾကည့္သည္...။ မေန႔က ေတာ္ေတာ္ေလးညနက္မွ အိပ္ေပ်ာ္ထားတာမို႔ လူကအိပ္ခ်င္ေနတဲ့အျပင္ ညက်ရင္လည္း အလုပ္သြားရဦးမည္ေလ...။
"Yoongi Hyung ~~"
ခုံေပၚေခါင္းအုံးၿပီး အိပ္ဖို႔ရာျပင္ေနတဲ့ ကြၽန္ေတာ့္ကို လွမ္းေခၚေသာ Jiminnie ေၾကာင့္ ေမးဆတ္ျပလိုက္ေတာ့ သူက ရယ္ျပကာ လက္ထဲက စာအုပ္ကိုေထာင္ျပလာသည္...။
"ဒါေလးရွင္းျပစမ္းပါ Hyung... မနက္ျဖန္ tutorial ေျဖရမွာတဲ့"
ေဘးနားက Tae ကပါ သနားခံနဲ႔မ်က္လုံးေလးနဲ႔မို႔.....
"လာေပး~~"
အခုေတာ့ အိပ္ဖို႔လုပ္ေနတဲ့ အစီအစဥ္ကိုဖ်က္ၿပီး သူတို႔ကိုစာရွင္းေပးရျပန္သည္...။ စာရွင္းေနစဥ္ ျမည္လာေသာ ဖုန္းသံေၾကာင့္ ၾကည့္လိုက္ေတာ့ ေဒၚေလးျဖစ္ေန၏။
"ဟယ္လို~ေဒၚေလး ဘာကိစၥရွိလို႔လဲ"
((သားရယ္ ေဒၚေလးဆီလာခဲ့ေပးလို႔ရရင္ လာခဲ့ေပးပါဦး... Yoonji ေလး သားညီမေလး ေဆး႐ုံတင္ထားရတယ္... ေဒၚေလးလည္း ဘာလုပ္ရမွန္းမသိလို႔))
ေဒၚေလးရဲ႕အသံေၾကာင့္ ကြၽန္ေတာ္ပူထူသြားသည္...။ ေဆး႐ုံဆင္းထားတာေတာင္ မၾကာေသးတဲ့ကေလးက ဘာျဖစ္ျပန္တာလဲမသိဘူး...။
"ဟုတ္~~ေဒၚေလး ကြၽန္ေတာ္အခုလာခဲ့မယ္သိလား စိတ္မပူနဲ႔ ကြၽန္ေတာ္လာေနၿပီ"
ဖုန္းခ်ၿပီး ပစၥည္းေတြေကာက္သိမ္းေနတဲ့ ကြၽန္ေတာ့္ကို Tae တို႔က လက္ဆြဲၿပီး ေမးလာသည္...။
"Hyung ဘာျဖစ္လို႔လဲ "
ေခါင္းခါျပၿပီး အျပင္ထြက္မလို႔လုပ္ေတာ့ သူတို႔က အတင္းေမးလာျပန္တယ္...။
"ဘာျဖစ္လို႔လဲ"
"Yoonji~~Yoonji ေလးက ေဆး႐ုံမွာတဲ့ Tae"
"အဲ့ဒါဆို ခဏေလးေစာင့္... ကြၽန္ေတာ္တို႔ပါ လိုက္ခဲ့မယ္"
ေဆး႐ုံကို Jiminnie တို႔ပါလိုက္လာေပးခဲ့သည္...။
~~~~~~~
"အစ္မႀကီး Han ~ဘာကိစၥလဲ"
"ေဆး႐ုံဝေရာက္ေနၿပီ~"
"ဝင္လာခဲ့မယ္ ဝင္လာခဲ့မယ္ "
"ဟင္~~~ပန္းပု႐ုပ္ "
မားသားႀကီးနဲ႔ ဖုန္းေျပာၿပီးလို႔ ေဆး႐ုံထဲဝင္မယ္လုပ္ေတာ့ ေျပးလႊားေနတဲ့ အျဖဴလုံးေလး သုံးလုံးကို ေတြ႕လိုက္ရတာေၾကာင့္ ေရ႐ြတ္လိုက္မိသည္...။
ေဆး႐ုံထဲေျပးဝင္သြားတဲ့ Jin Hyung ရဲ႕အပုေလးနဲ႔ ေနာက္က Hoseok Hyung ရဲ႕ကေလး... ၿပီးေတာ့ ပန္းပု႐ုပ္...။ ေဆး႐ုံထဲေျပးဝင္သြားတာ အသည္းအသန္မို႔ ဘာကိစၥျဖစ္လာၾကလဲမသိပါဘူး...။
"Jeon Jungkook ~~!!!"
အဝင္ဝကေန ထြက္လာတဲ့ မားေၾကာင့္ ရယ္ျပကာလက္ျပလိုက္သည္...။
"သြားရေအာင္ေလ~madam Han~"
"ဒီေကာင္ေလး ဘာၾကည့္ေနတာလဲ"
မားရဲ႕အေမးကို ေခါင္းခါျပကာ မားရဲ႕အခန္းျဖစ္တဲ့ ေဆး႐ုံအုပ္အခန္းကို ဦးတည္လိုက္သည္...။
~~~~
ေဆး႐ုံကုတင္ေပၚတြင္ အိပ္ေနေသာ Yoonji ေလးရဲ႕လက္ကိုကိုင္ကာ ၾကည့္ေနမိသည္...။ ကြၽန္ေတာ္မေတြ႕ရတဲ့ အေတာအတြင္းမွာ ေတာ္ေတာ္ပိန္သြားသည့္ကေလးေလးဟာ မၾကာေသးကမွ ေဆး႐ုံကဆင္းထားရတဲ့ ကေလးေလးပင္...။ ကေလးပန္းနာရွိတာေၾကာင့္ တရိပ္တၾကည့္ၾကည့္ထားရတဲ့ Yoonji ေလး...။
ကြၽန္ေတာ္လာေတာ့ ေဒၚေလးက ပိုက္ဆံကိစၥသြားဦးမယ္ဆိုလို႔ ေစာင့္ေပးေနရင္း ကြၽန္ေတာ္လည္း ဘယ္ကပိုက္ဆံရမလဲ စဥ္းစားမိသည္...။
"Hyung ~"
Jiminnie ရဲ႕အသံေၾကာင့္ ထိုင္ေနရာမွ ေမာ့ၾကည့္လိုက္သည္...။
"ေအာ္~Jiminnie တို႔ျပန္ၾကေလ... Hyung က ေဒၚေလးလာမွ ျပန္ေတာ့မယ္"
"အဲ့ဒါကအေရးမႀကီးပါဘူး... ေဆး႐ုံစရိတ္ ဘယ္လိုလုပ္ဖို႔စဥ္းစားထားလဲ"
သူတို႔ တကယ္စိတ္ပူ၍ေမးတာကိုသိေနတာေၾကာင့္ ၿပဳံးျပလိုက္၏ ။
"ေဒၚေလးရွာေနတယ္ စိတ္မပူပါနဲ႔"
"ဟိုဟာမျဖစ္ရင္ ကြၽန္ေတာ္တို႔ဆီက~"
Tae ရဲ႕စကားကို ေခါင္းခါျပလိုက္ၿပီး....
"Tae တို႔ကို ေငြေရးေၾကးေရး အကူညီမေတာင္းခ်င္ဘူး... Hyung ေျပာတာကို သိတယ္မလား"
ကြၽန္ေတာ္ရဲ႕စကားကို နားလည္တဲ့ Tae က ေခါင္းညိမ့္ျပကာ...
"လုံးဝအဆင္မေျပရင္ေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးကို ေျပာေနာ္ ~ၿပီးမွျပန္ဆပ္လည္းအဆင္ေျပတာပဲ"
"ေက်းဇူးပဲ Tae ~Jiminnie ~"
ကြၽန္ေတာ့္စကားရဲ႕အဆုံးမွာ သူတို႔ႏွစ္ေယာက္က ကြၽန္ေတာ့္လက္ကို ခပ္ဖြဖြဆုပ္ကိုင္လာသည္...။
"မလိုဘူး Hyung~~ ကြၽန္ေတာ္တို႔က သူငယ္ခ်င္းေတြမဟုတ္လား"
Jiminnie ရဲ႕ စကားကို ကြၽန္ေတာ္ၿပဳံးကာ ေခါင္းညိမ့္ျပလိုက္သည္...။
~~~~~<~~
"အစ္မ အဲ့အခန္းကေမးရင္ တခ်ိဳ႕ေဆးေတြကိုမထည့္ပဲ ေျပာေပးပါ ~ကြၽန္ေတာ္တို႔ရွင္းသြားတယ္ဆိုတာ မသိပါေစနဲ႔"
ေဆးေကာင္တာက အစ္မလက္ထဲက ကဒ္ကိုျပန္ယူရင္းေသခ်ာမွာရသည္...။ ေတာ္ၾကာ Hyung သိသြားရင္ တကယ္စိတ္ဆိုးခံရမွာ...။
"အစ္မ တကယ္လို႔ ပိုက္ဆံလိုရင္ ဒီဖုန္းနံပါတ္ကို ဆက္သြယ္ေပးပါ"
Tae က ဖုန္းနံပါတ္ေပးၿပီးလို႔ ျပန္ထြက္မလို႔လုပ္ေတာ့ ေတြ႕လိုက္ရတဲ့လူေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္လိုက္သည္...။
"Tae~~ဟိုဟာက Hyung ရဲ႕ ဦးေလးမလား"
Taeကို ေမးေတာ့ သူက စိုးရိမ္တဲ့ မ်က္ဝန္းအစုံနဲ႔ ေခါင္းညိမ့္ျပလာေၾကာင့္....
"Hyung ဆီျပန္သြားရေအာင္"
"ဓာတ္ေလွကားက ~"
"႐ိုး႐ိုးေလွကားက သြားမယ္ကြာ"
အေပၚကိုျပန္ေျပးတက္သြားတဲ့ သူတို႔ႏွစ္ေယာက္ကို ၾကည့္ေနတဲ့ Jungkook ကိုေတာ့ သူတို႔မျမင္ခဲ့...။
~~~~~~~
"Min Yoongi ~~~ဟုတ္ေနတာပဲ Min Yoongi"
Yoonji ေလးအိပ္ေနတာေၾကာင့္ ဝင္လာတဲ့ဦးေလးကို အျပင္ဆြဲေခၚလာခဲ့သည္...။
"လႊတ္စမ္း... ငါ့သမီးကို ငါလာေတြ႕တာ ဘာျဖစ္လဲ"
"ဦးေလး Yoonji ေလးက ေနမေကာင္းေသးဘူး... ဦးေလးကမူးေနတာ... မေတြ႕ပါနဲ႔ဦးလား"
ကြၽန္ေတာ္စကားေၾကာင့္ ဦးေလးက ေတာက္ေခါက္ကာ....
"Min Yoongi ~မင္းက သူေဌးသားနဲ႔ရတယ္ဆိုၿပီး ငါ့ကို အာခံတာလား~ မင္းအခုလိုေနရတာ ငါ့ေက်းဇူးေတြေၾကာင့္ဆိုတာ မေမ့နဲ႔ ငါကလည္း မင္းေရာက္ေနတယ္ဆိုလို႔လာတာ... ေပးစမ္း မင္းဆီမွာပါတဲ့ ပိုက္ဆံ"
သူရဲ႕စကားေတြေၾကာင့္ ျပန္ေတြးမိတာက အဲ့ေန႔ညက အေၾကာင္းေတြ...။ လက္သီးကိုတင္းေနေအာင္ဆုပ္ကာ သူ႔ကိုၾကည့္လိုက္မိသည္...။
"မပါဘူး... ရွိလည္းမရွိဘူး ~အခု Yoonjiေလးရဲ႕ ေဆး႐ုံစရိတ္ကိုေတာင္ ေပးစရာမရွိဘူး"
"ဘာလဲ မင္းေကာင္က မက်ဘူးလား"
"ဦးေလး!"
ကြၽန္ေတာ္ေအာ္လိုက္ေတာ့ ႐ြယ္လာတဲ့လက္ေၾကာင့္ မ်က္စိကို စုံမွိတ္ထားလိုက္သည္...။
"ေဟ့ လူႀကီး"
ၾကားရသံအသံနဲအတူ တစ္ေယာက္ေယာက္က ဆြဲကာလိုက္သလို ခံစားရလိုက္ရသည္ ။
"Jiminnie ~Tae ~မျပန္ေသးဘူးလား"
ကြၽန္ေတာ့္စကားကို Jiminnie က ေခါင္းခါျပကာ.....
"ဒီလူကိုေတြ႕လို႔ ျပန္လွည့္လာတာ"
"မင္းတို႔ကဘာေကာင္ေတြလဲ ဖယ္ၾကစမ္း"
ဦးေလးက ေျပာတာကို Jimin က ျပန္ေျပာလိုက္သည္...။
"ဖယ္ရမွာ ခင္ဗ်ား~ ေဆး႐ုံေစာင့္ဝန္ထမ္းေတြကို ဆြဲထုတ္ခိုင္းလို႔ရတယ္ သိလား "
Tae ေျပာၿပီးေနာက္မွာ လက္သီးနဲ႔ထိုးလိုက္တဲ့ ဦးေလး...။
"Tae!"
ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ရဲ႕ ေအာ္သံဟာ တၿပိဳင္တည္း ထြက္ေပၚလာခဲ့သည္...။
ဒါေပမယ့္~ဒါေပမယ့္ လက္သီးကိုေရွာင္ၿပီး ဦးေလးကို ျပန္ကန္လိုက္တဲ့ Tae...။ ေမ့သြားတာပဲ Tae က ကာရာေတး တက္ေနတယ္ဆိုတာကို...။
"မင္း Min Yoongi ငါနဲ႔ေတြ႕ၾကေသးတာေပါ့ "
ေျပာၿပီးျပန္သြားတဲ့ ဦးေလးရဲ႕ေနာက္မွာ တင္းထားသမွ် စိတ္ေတြကို ေလွ်ာ့ခ်လိုက္ၿပီး ေဘးကထိုင္ခုံေပၚထိုင္ခ်လိုက္၏။
"Hyung အဆင္ေျပရဲ႕လား"
စိုးရိမ္တႀကီးေမးလာတဲ့ သူတို႔ႏွစ္ေယာက္ကို ေခါင္းညိမ့္ျပၿပီး...
"ဘာလို႔ ျပန္လာတာလဲ... ခိုက္မိရင္း ဘယ္လိုလုပ္မလဲ"
ကြၽန္ေတာ္ေျပာေတာ့ Tae က ၾကည့္လာသည္...။
"Hyung တစ္ေယာက္တည္းဆိုရင္ေရာ~"
"ငါက ထူေနၿပီ"
ကြၽန္ေတာ့္စကားအဆုံးမွာ တိတ္ဆိတ္သြားေသာ ေနရာေလး...။
"Yoongi ~သား"
ေဒၚေလးေခၚတာေၾကာင့္ မတ္တပ္ထရပ္လိုက္သည္...။
"ေဒၚေလး အဆင္ေျပလား"
"ေျပပါတယ္သားရယ္~"
ေျပပါတယ္ေျပာေပမယ့္ ေဒၚေလးအသံမေကာင္းတာကို သတိထားမိလိုက္သည္...။ အဘြားတို႔ဆီနဲ႔ Tae အကိုဆီက လစာႀကိဳထုတ္ရင္ေတာ့ အဆင္ေျပေလာက္မွာပါ...။
" ဦးေလးလာေသးလား"
ကြၽန္ေတာ္ေခါင္းခါျပလိုက္ေတာ့ Jiminnie တို႔က သက္ျပင္းခ်ၾကသည္...။
"ေတာ္ေသးတာေပါ့... ဒင္းလာရင္ ငါ့သားေလးကို ႏွိပ္စက္ေနဦးမွာ"
ကြၽန္ေတာ့္မ်က္ႏွာကို ခပ္ဖြဖြကိုင္ကာ ေျပာေနတဲ့ ေဒၚေလး...။ တူေတာ္တဲ့ကြၽန္ေတာ့္ကို သားအရင္းလိုခ်စ္တဲ့ ေဒၚေလးအတြက္ လိမ္ေပးရတာ တန္တယ္မလား...။
"သြား သြား ေဒၚေလးလည္းေရာက္ၿပီပဲ ျပန္ေတာ့ ~ေတာ္ၾကာ လူေလးJin ေစာင့္ေနလိမ့္မယ္"
"သြားၿပီေနာ္ ေဒၚေလး... ပိုက္ဆံကမပူနဲ႔... ကြၽန္ေတာ္မနက္ျဖန္ လာေပးေပးမယ္... Yoonji ေလး ႏိုးလာရင္လည္း ဖုန္းဆက္ေပးဦး~ သြားၿပီ"
"သြားလိုက္ပါဦးမယ္"
"ေအးေအးခ်မ္းခ်မ္းေနရစ္ပါ"
ကြၽန္ေတာ္ေျပာေတာ့ ေခါင္းညိမ့္ျပတဲ့ ေဒၚေလးကို Taeတို႔ကပါ ႏႈတ္ဆက္ကာ ျပန္ခဲ့ၾက၏။
~~~~~
သူတို႔ထြက္သြားေတာ့မွ ေဆး႐ုံရဲ႕ေထာင့္တစ္ခုရဲ႕ အကြယ္ကေန Jungkook ထြက္လာကာ Taehyung ကိုၾကည့္ၿပီး ၿပဳံးလိုက္သည္...။
ပန္းပု႐ုပ္ကို အိစိအိစိနဲ႔မို႔ အျဖစ္မရွိဘူးထင္ထားတာ ဘယ္ဆိုးလို႔တုန္း...။ သင္ထားသေလာက္ေတာ့ သုံးတတ္သား...။ ၿပီးေတာ့ သူ႔တို႔နဲ႔ ရန္ျဖစ္သြားတဲ့လူက Jin Hyung တို႔ မဂၤလာေဆာင္တုန္းက ေတြ႕ဖူးတဲ့ Min Yoongi ရဲ႕ ဦးေလးဆိုသူျဖစ္မည္ ထင္သည္...။
Jungkook ေဆး႐ုံကေကာင္တာကို ဖုန္းဆက္လိုက္သည္ ။
"ငါ့ကို အခန္း ၃၀၅က လူနာအေၾကာင္း ပို႔ေပးလိုက္~~ ၿပီးေတာ့ အဲ့အခန္းက ပိုက္ဆံကိုတစ္ခါတည္းျဖတ္လိုက္ ေတာင္းမေနနဲ႔ေတာ့~~ ေဆး႐ုံအုပ္ကို ငါေျပာလိုက္မယ္~~ ၿပီးေတာ့ Kim Taehyung ရဲ႕ ဖုန္းနံပါတ္ပါ တခါတည္းပို႔ေပးလိုက္"
ဖုန္းခ်ၿပီး အိမ္ျပန္ဖို႔လုပ္ေတာ့ ဖုန္းထဲဝင္လာတဲ့ message ေၾကာင့္ ၾကည့္လိုက္ေတာ့ Namjoon Hyung ဆီက ညက်ရင္ club မွာဆုံမယ္ဆိုေတာ့ Jungkook ဘက္က okay လို႔ ျပန္ပို႔လိုက္သည္...။
~~~~~
"မနက္က ဘယ္ေတြသြားေနတာလဲ~"
ကားေသာ့ခ်ခ်ခ်င္း ေမးလာတဲ့ Namjoon Hyung ေၾကာင့္....
"Madam Han ဆီသြားေနတာပါ Hyung ရာ ~ေအာ္ ဒါနဲ႔ Jin Hyung ~"
ကြၽန္ေတာ္ေခၚေတာ့ လွည့္ၾကည့္လာတဲ့ Jin Hyung...။
"Jin Hyung ရဲ႕ အပုေလးကို ေဆး႐ုံမွာေတြ႕လိုက္ေသးတယ္"
"ဘယ္သူ~"
နားမလည္သလိုေမးလာတဲ့ Jin Hyung ေၾကာင့္....
"Min Yoongi ကိုေျပာတာ... သူ႔ကို ေဆး႐ုံမွာ ေတြ႕လိုက္တယ္လို႔"
ကြၽန္ေတာ့္စကားကို Hoseok Hyung ကပါ ဝင္ေျပာလာ၏။
"ကေလးက သူ႔ကိုကားစီစဥ္ေပးဖို႔ ဖုန္းဆက္ရင္းေျပာတယ္... ဘာတဲ့ Yoongi ညီမေလး ေဆး႐ုံတက္ရလို႔ပဲ"
Hobi Hyung ရဲ႕ စကားအဆုံးမွာ တြန္႔ခ်ိဳးသြားတဲ့ မ်က္ခုံးေတြနဲ႔ Jin Hyung ေၾကာင့္ ေတြ႕ခဲ့တဲ့ဟာကို ျပန္ေျပာျပလိုက္၏။
"ၿပီးေတာ့ အခန္းေရွ႕မွာ သူနဲ႔ သူ႔ဦးေလးရန္ျဖစ္ေနတာေတြ႕တယ္~~ ေတာ္ေသးတယ္ ~Taehyung တို႔ ျမန္ျမန္ေရာက္လာလို႔... မဟုတ္ရင္ အဲ့ေကာင္ေလး အ႐ိုက္ခံရမွာ~သိလား"
ကြၽန္ေတာ့္စကားအဆုံးမွာ Jin Hyung က ကြၽတ္တစ္ခ်က္စုပ္ၿပီး ေျပာလာသည္...။
"သူကိုက ညံ့တာကို"
Jin Hyung ရဲ႕စကားကို ကြၽန္ေတာ္ပထမဆုံး အလိုမက်ျဖစ္မိျခင္းပင္...။ တိတ္ဆိတ္သြားတဲ့ အေျခအေနေၾကာင့္ Hoseok Hyung က ကြၽန္ေတာ္တို႔ကိုၾကည့္ရင္း ေျပာလာ၏။
"လာ လာေသာက္ၾကရေအာင္ "
အရက္ခြက္တိုက္ရင္းနဲ႔ ေတြးမိတာက Hoseok Hyung ေျပာသလိုပဲ တစ္ခုခုေတာ့မသိတာရွိလိမ့္မည္...။
~~~~~~~~
အိမ္တံခါးဝမွာရပ္ေနရင္း စဥ္းစားမိတာက အိမ္ႀကီးက ကိုယ္နဲ႔စိမ္းေနသလို...။ အိမ္ကိုမျပန္ျဖစ္တာ ႏွစ္ရက္ရွိၿပီမို႔ ဟိုအေကာင္လည္း ဘယ္လိုေတြေနေနမယ္မသိ...။ ဒီေန႔သူ႔ညီမေလး ေဆး႐ုံတက္ရတယ္လို႔ေျပာေပမယ့္ ႐ုပ္ကိုပုံေဖာ္လို႔မရေပ...။ သူလည္း အဆင္မွေျပရဲ႕လားလို႔ စဥ္းစားရင္း အိမ္တံခါးကိုဖြင့္ကာ အိမ္ထဲဝင္လာခဲ့သည္...။
အိမ္တံခါးပိတ္ၿပီး အေပၚတက္မလို႔လုပ္ေတာ့ မ်က္လုံးေထာင့္ထဲဝင္လာတဲ့ ဧည့္ခန္းထဲက ေသးေသးအထုပ္ေလးေၾကာင့္ သြားၾကည့္ေတာ့ အထုပ္မဟုတ္ပဲ ဟိုအေကာင္က ဒူးကိုလက္နဲ႔ပိုက္ကာ ငုတ္တုတ္ေလးအိပ္ေနတာပင္...။
ဒူးေပၚေခါင္းတင္ၿပီး အိပ္ေနတာေၾကာင့္ ဘဲႏႈတ္သီးလို ႏႈတ္ခမ္းေထာ္ေလးနဲ႔...။ ေနပါဦး ကြၽန္ေတာ္ျပန္မလာတဲ့ ႏွစ္ရက္လုံး ဒီေန႔နဲ႔ပါဆို သုံးရက္လုံး ဒီလိုေစာင့္ေနတာလား...။
မျဖစ္ႏိုင္တာ....။ ကြၽန္ေတာ္ေခါင္းခါလိုက္ၿပီး သူ႔ပခုံးကို လႈပ္လိုက္ေတာ့ အိပ္ခ်င္မူးတူးနဲ႔ေခါင္းေထာင္လာတဲ့သူက လူကိုျမင္မွ ထကာ....
"Jin ~Jin Hyung ~ျပန္လာၿပီလား"
"Min Yoongi ေလျဖတ္ခ်င္လို႔ ဒီေလာက္ေအးေနတာကို ဒီမွာအိပ္ေနတာလား... မင္းေလျဖတ္သြားလည္း ငါမျပဳစုႏိုင္ဘူး... သြား အေပၚတက္"
ကြၽန္ေတာ္ေျပာေတာ့ ေခါင္းငုံကာ အိမ္ေရွ႕ဘက္ထြက္သြားျပန္တဲ့သူ႔ေၾကာင့္ ထပ္ေျပာရျပန္သည္...။
"ဘယ္သြားဦးမလို႔လဲ~ တံခါးကပိတ္ၿပီးၿပီ~ လာ အေပၚကို~ အိပ္ေနတာမ်ား သူခိုးဝင္ၿပီးမ,သြားေတာင္ သိမွာမဟုတ္ဘူး"
အေနာက္ကေန ပြစိၿပီးတက္လာတဲ့သူေၾကာင့္ ေျခလွမ္းေတြကို ရပ္လိုက္မိသည္...။
"Min Yoongi ~"
ကြၽန္ေတာ္႐ုတ္တရက္လွည့္ၿပီးေခၚလိုက္ေတာ့ သူကၾကည့္လာသည္...။
"မင္း~~ငါ့ကို အဟမ္း~ဒီေန႔လိုပဲ ~ဟိုႏွစ္ရက္ကလည္း ေစာင့္ေနတာလား"
ကြၽန္ေတာ့္အေမးကို သူေၾကာင္ၿပီးၾကည့္ေနရာမွာ ၿပဳံးလာကာ ေျပာသည္...။
"Jin Hyung ေနာက္က်တဲ့ရက္တိုင္း ကြၽန္ေတာ္ေစာင့္ေပးတယ္~"
ေျဖၿပီးဝင္သြားတဲ့ ေနာက္ေက်ာငယ္ကိုၾကည့္ရင္း လည္ပင္းကို ပြတ္ကာရယ္လိုက္မိသည္...။ ဒါပထမဆုံးသူနဲ႔ပတ္သက္ၿပီး ရယ္မိျခင္းပင္...။
အိမ္မွာကိုယ့္ကိုေစာင့္ေနတဲ့လူရွိတာ ေပ်ာ္႐ြင္စရာလို႔ ထင္ေနမိတဲ့ ကြၽန္ေတာ္က မူးေနၿပီထင္တယ္...။
To Be Continued~~~~~~