Without You (Completed)

By YoonJinSope_Cloud

6.2K 830 80

မင်းမပါတဲ့ငါ့ဘဝက အသက်မဲ့လွန်းတယ် Yoon~ ကျွန်‌တော်က အကို့ရဲ့တောင်ပံတစ်စုံဖြစ်ပေးမှာပါ~ A YoonJin story by Acha... More

Prologue
Part - 1
Part - 2
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23 (Final)
Extra

Part - 3

228 40 8
By YoonJinSope_Cloud

(Unicode)

"အဒေါ်ကြီး~~Min Yoongi အိမ်မှာလား"

အဒေါ်ကြီးရဲ့ ဟုတ်ပါတယ်ဆိုတဲ့ ဖြေသံနောက်မှာ ဖုန်းကို ဘေးကခုံပေါ်ကို ပစ်တင်လိုက်ပြီး ကားကိုမောင်းထွက်ခဲ့သည်...။

"Min Yoongi ~~ဘယ်မှာလဲ Min Yoongi "

ကျွန်တော် အော်ခေါ်လိုက်တော့ ဟင်းချက်နေတဲ့ အဒေါ်ကြီးက ထွက်လာသည်...။

"အကိုလေး အပေါ်မှာပါ သခင်လေး"

ဒုန်း~~ဒုန်း~~ဒုန်း

အဒေါ်ကြီးအား ဘာမှပြန်မပြောပဲ အပေါ်သို့ အမြန်တက်လာခဲ့ပြီး အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်...။ တွေ့ပါပြီ ကုတင်ပေါ်မှာ အကျအနခွေနေတဲ့ ဖြူစုတ်စုတ်အကောင်က ပြဿနာရှာသွားပြီး ဒီမှာလာအိပ်နေတဲ့ဆိုတော့ တော်တော်ဇိမ်ကျနေပုံရတယ်...။

"Min Yoongi ထစမ်း"

ကျွန်တော်သူဆီသွားပြီး လက်ကနေဆွဲထူလိုက်တော့ မျက်လုံးဖွင့်ကြည့်လာတယ်...။

"Jin Hyung ~ ah နာတယ် လက်က"

လက်ကနေ ဆွဲထူလိုက်တာကို နာတယ်တဲ့...။ အဟက်~~အပိုတွေ...။

"မင်းက ဘာကိစ္စနဲ့ မင်းနဲ့ငါ့အကြောင်းကို Hanna ကို သွားပြောရတာလဲ"

"ဘာကိစ္စလဲ"

"မင်းအခုမှ လာပြီး မသိချင်ယောင်ဆောင်မနေနဲ့... Hanna ပြောလို့ ငါသိလာရပြီ"

"မဟုတ်ဘူး... Jin Hyung ပြောနေတာတွေကို ကျွန်တော်တစ်ခုမှမသိဘူး"

"မင်းနဲ့ငါ လက်ထပ်ထားတာကို မင်းမပြောပဲ ဘယ်ကောင်သိမှာလဲ"

"ကျွန်တော်တကယ်မသိဘူး Jin Hyung "

ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့ပခုံးကိုကိုင်လှုပ်ကာ

"အဲ့ဒါဆို သူက လိမ်တာလား... မင်းပဲပြောသွားတာတဲ့... ငါနဲ့မင်းနဲ့ကိစ္စ ကျောင်းမှာပျံ့သွားရင် သတ်ပစ်မှာလို့ပြောထားတယ်မလား... ဒါနောက်ဆုံးဖြစ်ပါစေ... နောက်တစ်ခါထပ်ပြောလို့ကတော့ သတ်ပစ်မှာ!! ကြားလား!!"

ကျွန်တော်အော်လိုက်တော့ ဆတ်ခနဲတုန်သွားတဲ့ ခန္ဓာကိုယ်လေး...။ အလကား အပိုတွေ...။

"Jin Hyung က ကျွန်တော်ကို မယုံဘူးလား"

ကျစ် ~~ကျွန်တော်ကို မော့ကြည့်ပြီး မေးလာတဲ့ မျက်ဝန်းမှေးမှေးလေးတွေမှာ မျက်ရည်စတွေ...။ ယောက်ျားတန်မဲ့ မျက်ရည်လွယ်တာကို အမုန်းဆုံးပဲ...။

"မယုံဘူး"

"Jin Hyung ~~"

"မင်းပိုင်းလုံးလုပ်တာ ခံခဲ့ရတဲ့ငါက မင်းကို ယုံရမှာတဲ့လား... ဟာသတွေ မပြောစမ်းနဲ့!!"

"Jin Hyung က အဲ့လိုဆိုတော့လည်း အဲ့လိုပေါ့"

"Min yoongi!!!"

ကြမ်းပြင်ကိုကြည့်ရင်း ပြောလာတဲ့ အသံသေးသေးလေး...။ မဟုတ်ရင် သူကပဲ မှန်နေသလိုလို...။ ဆက်နေရင် ဒေါသတွေထွက်ပြီး သတ်မိတော့မှာမို့ အခန်းထဲကနေ ထွက်လာခဲ့သည်...။ သိပ်ကို စောက်ချိုးမပြေတဲ့အကောင်...။

~~~~~~~

Jin Hyung ပြန်ထွက်သွားတော့ ကုတင်ဘေးလေးမှာ ထိုင်နေမိတယ်...။ သူပြောတဲ့ကိစ္စက ဘာမှန်းမသိတာ တကယ်ပါ...။ ဒီနေ့ ကျွန်တော်မှ ကျောင်းမသွားတာ...။ နေလို့မကောင်းလို့ ပထမချိန်ပြီးကတည်းက ပြန်လာပြီးခွေနေတာ...။ Jin Hyung ပြောတဲ့ ကိစ္စကိုမသိသလို Hanna ကို စကားမပြောနဲ့ သေချာတောင် မကြည့်ဖူးဘူး...။

မနေ့က အလုပ်မှာ ရေနွေးလောင်ထားတဲ့လက်ကို လာဆွဲတော့ နာကျင်မှုက အသည်းခိုက်မတတ်ပဲ...။ တစ်ရက်လောက်လေး ကျွန်တော့်ကို လွှတ်ပေးထားလို့ မရဘူးလား...။

"အကိုလေး~~ သခင်လေးနဲ့ ရန်ဖြစ်ပြန်ပြီလား အကိုလေးရယ်"

အဒေါ်ကြီးကတက်လာပြီး ကျွန်တော့်အခန်းလေးထဲဝင်လာသည်...။

"လက်က ဘာဖြစ်တာလဲ arjima ကို ပြစမ်းပါအုံး"

ကျွန်တော့်လက်ကို သာသာလေးဆွဲယူပြီး ကြည့်နေတဲ့အဒေါ်ကြီးကို ကြည့်ရင်းဝမ်းနည်းလာသည်...။ ကျွန်တော့်ဒေါ်လေးရယ်၊ Yoonji လေးရယ်နဲ့ သူငယ်ချင်းနှစ်ယောက်ပြီးရင် အဒေါ်ကြီးက ကျွန်တော်ကို ချစ်တယ်လေ...။ Jin Hyung နဲ့ လက်ထပ်ဖို့ဆိုတာမျိုး ရှိခဲ့မှာမဟုတ်ရင် ကျွန်တော်လည်းအခုချိန်မှာ မအေးချမ်းတောင် ဒီလောက်ထိနာကျင်ရမှာ မဟုတ်လောက်ဘူး...။ ကျွန်တော်လည်း boy to boy ကို စိတ်မဝင်စားသလို တွေးတောင် မထားခဲ့တဲ့အရာ...။ အခုတော့...။

"အဒေါ်ကြီး  ~~Jin Hyung ~~Jin Hyung ကလေ ~~ကျွန်တော့်ကို ပိုင်းလုံးတဲ့ ~~"

ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားပေမယ့်လို့ အဒေါ်ကြီးရဲ့ ပွေ့ဖက်မှုအဆုံးတွင် မျက်ရည်များ ကျဆင်းလာခဲ့သည်...။ ပိုင်းလုံးတဲ့...။ အဲ့စကားနဲ့ မစိမ်းတော့ပေမယ့်လို့ Jin Hyung ဆီက ထိုစကားကြားရတိုင်း ရင်ထဲကနာသည်...။

"ကလေးရယ်~~ အဒေါ်ကပဲ သခင်လေးအစား တောင်းပန်ပါတယ်ကွယ်~ အဆင်ပြေသွားမှာပါ"

"ဟင့်အင်း~အဆင်ပြေမှာမဟုတ်ဘူး... ဘယ်တုန်းကမှလည်း အဆင်မပြေခဲ့ဘူး~ တသက်လုံးလည်း အဆင်ပြေလာမှာ မဟုတ်ဘူး~ Jin Hyung က ကျွန်တော့်ကို မုန်းနေတာ"

ကျွန်မရင်ခွင်ထဲမှာ ငိုနေတဲ့အကိုလေးသည် သခင်လေးထက် ၆လလောက်ငယ်တာမို့ အလွန်ဆုံးမှ အသက်၂၀လောက်သာရှိဦးမယ့် ကလေးလေး...။ သခင်လေးသည် ကျန်တဲ့လူအပေါ် ကြင်နာလွန်းတတ်သော်လည်း ဒီကလေးလေးပေါ်ကျ သိပ်အနိုင်ယူလွန်းသည်...။ ထိုသို့ကလေးလေးရဲ့ ကံတရားက အရွယ်နဲ့မလိုက်အောင် ရက်စက်လွန်းလို့ ဘယ်လိုတောင် လုပ်ပေးရပါ့မလဲ...။

~~~~~~~

Club သံဆူဆူတွေကြားမှာ နေရတာဟာ တော်တော်လေးတော့ နေရတာအဆင်မပြေ...။ အိမ်ပြန်မလို့လုပ်ပေမယ့် ဘေးနားက Namjoon တို့ကဆွဲထားတာကြောင့် ထပ်ထိုင်နေမိသည်...။

"Oppa ~~"

ခေါ်သံကြောင့်ကြည့်လိုက်တော့ Hanna ဖြစ်နေ၏။ အဖြူရောင်ဂါဝန်တိုကိုဝတ်ပြီး ဆံပင်တွေကို တဖက်တည်းချထားတာက တော်တော်ဆွဲဆောင်မှုရှိသည်...။ ဘေးနားလာထိုင်ချိန် နှုတ်ခမ်းကို အနမ်းကြမ်းကြမ်းခြွေတော့ သူမကရယ်သည်...။

"Seokjin Hyung ပြန်မှာဆို ~"

ဘေးနားက မေးလာတဲ့ Hoseok ကြောင့် ပခုံးကိုတွန့်ကာ ခေါင်းခါပြလိုက်သည်...။

"Hyung ညနက်နေပြီ... အိမ်မှာ Yoongi  တစ်ယောက်တည်း"

ထပ်ပြောလာတဲ့ Hoseok ကြောင့် ကျွတ်တစ်ချက်သပ်ကာ....

"Jung Hoseok ~ဒီလောက်စိတ်ပူနေရင် မင်းသွားနေပေးလိုက်.... ငါကတော့ ဒီနေ့မပြန်တော့ဘူး"

ပြောပြီး Hanna လက်ကိုဆွဲကာ ထွက်သွားတဲ့ Seokjin Hyung ကိုကြည့်ပြီး ခေါင်းကိုခါလိုက်သည်...။

"Hyung ကလဲ ဘာလို့သွားပြောနေတာလဲ... ဟိုကောင်သူ့ဘာသူဘယ်လိုနေနေပေါ့... သနားစရာလည်းမကောင်းဘဲနဲ့"

နှာခေါင်းရှုံပြီးပြောလာတဲ့ Jungkook ကြောင့်

"မဟုတ်ဘူး... ငါတော့ ငါတို့မသိတာ တစ်ခုခုရှိနေတယ်ထင်တယ်"

"ဘာကိုပြောချင်တာလဲ"

Namjoon က အရက်ခွက်ကိုချကာ မေးလာသည်...။

"ငါကြည့်သလောက်တော့ Yoongi က အဲ့လိုကောင်လေးမဟုတ်ဘူး ~ပြီးတော့ ကလေးပြောတဲ့အတိုင်းဆို ငါတို့  Yoongi ပေါ်မှာ အထင်လွဲနေတာတွေ များလောက်တယ်"

အသံအဆုံးမှာ တိတ်ဆတ်သွားတဲ့ စကားဝိုင်း...။ အားလုံးရဲ့အတွေးတွေဟာ မတူညီကြပေမယ့် အရင်းခံဟာ တစ်ခုတည်းဖြစ်မည်ထင်သည်...။

~~~~

ဟိုအကောင် Hoseok က မတရားကို စိတ်ပူပြနေလို့ သူ့ကိုရွဲ့ချင်လို့သာ ထွက်လာရတာ တကယ်တမ်းကျ ဘယ်သွားရမလဲမသိ...။အိမ်လည်းမပြန်ချင်သေး...။ မနက်ကပြဿနာဖြစ်ထားတာကြောင့် သူ့ကိုမြင်ရင်ဒေါသထွက်မိမှာ အသေအချာပင်...။

"Oppa ~ဒီနေ့တကယ် အိမ်မပြန်ဘူးလား"

အသံကြားမှ သတိရတာက ကျွန်တော် Hanna ကို ခေါ်လာခဲ့တာပဲ...။ သူ့ကိုပြုံးပြီးတော့သာ ခေါင်းငြိမ့်ပြလိုက်သည်...။
Hanna ဆိုတဲ့ ဂျပန်-ကိုရီးယားကပြား ကောင်မလေးက ချစ်စရာကောင်းသည်...။ ကျောင်းရဲ့ queen လို့လည်းပြောလို့ရသည်...။ တွဲမိတာ တစ်လလောက်ရှိပြီးဆိုတော့ သူနဲ့တွဲတာကြာပြီလို့ပြောလို့ရတယ်...။

"Hanna ပြန်ချင်ပြန်လေ~"

ကျွန်တော်ပြောတော့ ကားကိုမှီနေတဲ့သူမက ခေါင်းခါပြသည်...။

"ဟို~မနက်ကကိစ္စ ~"

ကျွန်တော်ပြောတော့ လှည့်ကြည့်လာတဲ့သူမ...။

"မနက်ကကိစ္စက တကယ်ပဲ Yoongi လာပြောတာလား"

မေးကြည့်တော့

"ဟုတ်တယ် ~Oppa ~"

ခပ်ပြတ်ပြတ်ပြောလာတဲ့သူမကြောင့် ထပ်မမေးပဲနေလိုက်သည်...။ ကျွန်တော်က ဘာကိုသိချင်နေမိပြန်တာလဲ...။

"Hanna ~~ဒီနေ့ည oppa နဲ့ ရှိပေးမလား"

ကျွန်တော့်စကားကို အံသြဟန်ပြပြီးမှ ခေါင်းညိမ့်တာကြောင့် ခါးကိုဖက်ကာ နှုတ်ခမ်းတွေကို ခပ်ကြမ်းကြမ်းနမ်းလိုက်သည်...။

"Oppa ~~ဒီမှာကြီးလား"

သူမပြောတော့ သူမကိုကားထဲဝင်ခိုင်းလိုက်သည်...။ ပြီးမှ အိမ်က ဖုန်းကိုဆက်လိုက်သည်...။

"Min Yoongi လား~ ငါဒီနေ့ Hanna နဲ့ အပြင်မှာအိပ်မယ့်အကြောင်း လှမ်းပြောတာ... အာ~ဒါနဲ့ ငါမရှိဘူးဆိုပြီး မင်းကောင်တွေကိုလည်း ခေါ်မနေနဲ့ "

ပြောပြီး ဖုန်းကို အိတ်ထဲထည့်ပြီး ကားပေါ်တက်လိုက်တော့ Hanna က ကြည့်လာသည်...။

"Oppa ~~ဘယ်ကိုဆက်နေတာလဲ"

"ဒီတိုင်း~"

"Min Yoongi  ဆီမလား... ဘာလို့ဆက်နေတာလဲ"

ဘယ်ကိုဆက်နေတာလဲ...။ သူမ,မေးမှ စဉ်းစားမိတာက ငါဘာလို့များ သူ့ဆီဆက်လိုက်တာလဲ...။ သူ့ကို နာကျင်စေချင်လို့ပဲနေမှာပါ...။

"အဲ့လောက်ထိ သိဖို့မလိုဘူးထင်တယ်"

ကျွန်တော်ပြောလိုက်တော့ ငြိမ်ကျသွားတဲ့ သူမကိုကြည့်လိုက်သည်...။ သူမနဲ့ ကျွန်တော်က ထိုကဲ့သို ဝင်စွက်ဖက်ရမယ့် အခြေအနေမဟုတ်တာကိုတော့ ကျွန်တော်သိသေးသည်...။

"Sorry ~တော်ပြီ~ဒီနေ့တော့ စိတ်မပါတော့ဘူး နောက်နေ့မှပေါ့"

"Oppa!"

အော်လာတဲ့သူမကို ကြည့်ရင်း

"အိမ်ပြန်လိုက်တော့ oppa လိုက်မပို့တော့ဘူး"

ကားပေါ်ကနေသူမဆင်းသွားတော့မှ ဆံပင်တွေကို လက်နဲ့ဖွလိုက်ပြီး ကားစတီယာပေါ် ခေါင်းကိုငုံချလိုက်သည်...။ ဘာလို့များ ဖုန်းဆက်လိုက်တာလဲ Kim Seokjin ရယ်~။ ကိုယ့်ကိုကိုယ်ပြန်မေးပေမယ့် သူ့ကိုနာကျင်စေချင်လို့ဆိုတဲ့ အဖြေသာ ထွက်လာ၏။

ဒါပေမယ့် Hanna ကို ငြင်းလိုက်တာတော့ ကျွန်တော်မှန်သည်ထင်သည်...။ ဘယ်လိုပဲပြောပြော အခုချိန်မှာ ကျွန်တော်က အိမ်ထောင်ရှိ ယောက်ျားပင်~။

To Be Continued~~~~~







(Zawgyi)

"အေဒၚႀကီး~~Min Yoongi အိမ္မွာလား"

အေဒၚႀကီးရဲ႕ ဟုတ္ပါတယ္ဆိုတဲ့ ေျဖသံေနာက္မွာ ဖုန္းကို ေဘးကခုံေပၚကို ပစ္တင္လိုက္ၿပီး ကားကိုေမာင္းထြက္ခဲ့သည္...။

"Min Yoongi ~~ဘယ္မွာလဲ Min Yoongi "

ကြၽန္ေတာ္ ေအာ္ေခၚလိုက္ေတာ့ ဟင္းခ်က္ေနတဲ့ အေဒၚႀကီးက ထြက္လာသည္...။

"အကိုေလး အေပၚမွာပါ သခင္ေလး"

ဒုန္း~~ဒုန္း~~ဒုန္း

အေဒၚႀကီးအား ဘာမွျပန္မေျပာပဲ အေပၚသို႔ အျမန္တက္လာခဲ့ၿပီး အခန္းတံခါးကို ဆြဲဖြင့္လိုက္သည္...။ ေတြ႕ပါၿပီ ကုတင္ေပၚမွာ အက်အနေခြေနတဲ့ ျဖဴစုတ္စုတ္အေကာင္က ျပႆနာရွာသြားၿပီး ဒီမွာလာအိပ္ေနတဲ့ဆိုေတာ့ ေတာ္ေတာ္ဇိမ္က်ေနပုံရတယ္...။

"Min Yoongi ထစမ္း"

ကြၽန္ေတာ္သူဆီသြားၿပီး လက္ကေနဆြဲထူလိုက္ေတာ့ မ်က္လုံးဖြင့္ၾကည့္လာတယ္...။

"Jin Hyung ~ ah နာတယ္ လက္က"

လက္ကေန ဆြဲထူလိုက္တာကို နာတယ္တဲ့...။ အဟက္~~အပိုေတြ...။

"မင္းက ဘာကိစၥနဲ႔ မင္းနဲ႔ငါ့အေၾကာင္းကို Hanna ကို သြားေျပာရတာလဲ"

"ဘာကိစၥလဲ"

"မင္းအခုမွ လာၿပီး မသိခ်င္ေယာင္ေဆာင္မေနနဲ႔... Hanna ေျပာလို႔ ငါသိလာရၿပီ"

"မဟုတ္ဘူး... Jin Hyung ေျပာေနတာေတြကို ကြၽန္ေတာ္တစ္ခုမွမသိဘူး"

"မင္းနဲ႔ငါ လက္ထပ္ထားတာကို မင္းမေျပာပဲ ဘယ္ေကာင္သိမွာလဲ"

"ကြၽန္ေတာ္တကယ္မသိဘူး Jin Hyung "

႐ိုးသားခ်င္ေယာင္ေဆာင္ေနတဲ့ သူ႔ပခုံးကိုကိုင္လႈပ္ကာ

"အဲ့ဒါဆို သူက လိမ္တာလား... မင္းပဲေျပာသြားတာတဲ့... ငါနဲ႔မင္းနဲ႔ကိစၥ ေက်ာင္းမွာပ်ံ႕သြားရင္ သတ္ပစ္မွာလို႔ေျပာထားတယ္မလား... ဒါေနာက္ဆုံးျဖစ္ပါေစ... ေနာက္တစ္ခါထပ္ေျပာလို႔ကေတာ့ သတ္ပစ္မွာ!! ၾကားလား!!"

ကြၽန္ေတာ္ေအာ္လိုက္ေတာ့ ဆတ္ခနဲတုန္သြားတဲ့ ခႏၶာကိုယ္ေလး...။ အလကား အပိုေတြ...။

"Jin Hyung က ကြၽန္ေတာ္ကို မယုံဘူးလား"

က်စ္ ~~ကြၽန္ေတာ္ကို ေမာ့ၾကည့္ၿပီး ေမးလာတဲ့ မ်က္ဝန္းေမွးေမွးေလးေတြမွာ မ်က္ရည္စေတြ...။ ေယာက္်ားတန္မဲ့ မ်က္ရည္လြယ္တာကို အမုန္းဆုံးပဲ...။

"မယုံဘူး"

"Jin Hyung ~~"

"မင္းပိုင္းလုံးလုပ္တာ ခံခဲ့ရတဲ့ငါက မင္းကို ယုံရမွာတဲ့လား... ဟာသေတြ မေျပာစမ္းနဲ႔!!"

"Jin Hyung က အဲ့လိုဆိုေတာ့လည္း အဲ့လိုေပါ့"

"Min yoongi!!!"

ၾကမ္းျပင္ကိုၾကည့္ရင္း ေျပာလာတဲ့ အသံေသးေသးေလး...။ မဟုတ္ရင္ သူကပဲ မွန္ေနသလိုလို...။ ဆက္ေနရင္ ေဒါသေတြထြက္ၿပီး သတ္မိေတာ့မွာမို႔ အခန္းထဲကေန ထြက္လာခဲ့သည္...။ သိပ္ကို ေစာက္ခ်ိဳးမေျပတဲ့အေကာင္...။

~~~~~~~

Jin Hyung ျပန္ထြက္သြားေတာ့ ကုတင္ေဘးေလးမွာ ထိုင္ေနမိတယ္...။ သူေျပာတဲ့ကိစၥက ဘာမွန္းမသိတာ တကယ္ပါ...။ ဒီေန႔ ကြၽန္ေတာ္မွ ေက်ာင္းမသြားတာ...။ ေနလို႔မေကာင္းလို႔ ပထမခ်ိန္ၿပီးကတည္းက ျပန္လာၿပီးေခြေနတာ...။ Jin Hyung ေျပာတဲ့ ကိစၥကိုမသိသလို Hanna ကို စကားမေျပာနဲ႔ ေသခ်ာေတာင္ မၾကည့္ဖူးဘူး...။

မေန႔က အလုပ္မွာ ေရေႏြးေလာင္ထားတဲ့လက္ကို လာဆြဲေတာ့ နာက်င္မႈက အသည္းခိုက္မတတ္ပဲ...။ တစ္ရက္ေလာက္ေလး ကြၽန္ေတာ့္ကို လႊတ္ေပးထားလို႔ မရဘူးလား...။

"အကိုေလး~~ သခင္ေလးနဲ႔ ရန္ျဖစ္ျပန္ၿပီလား အကိုေလးရယ္"

အေဒၚႀကီးကတက္လာၿပီး ကြၽန္ေတာ့္အခန္းေလးထဲဝင္လာသည္...။

"လက္က ဘာျဖစ္တာလဲ arjima ကို ျပစမ္းပါအုံး"

ကြၽန္ေတာ့္လက္ကို သာသာေလးဆြဲယူၿပီး ၾကည့္ေနတဲ့အေဒၚႀကီးကို ၾကည့္ရင္းဝမ္းနည္းလာသည္...။ ကြၽန္ေတာ့္ေဒၚေလးရယ္၊ Yoonji ေလးရယ္နဲ႔ သူငယ္ခ်င္းႏွစ္ေယာက္ၿပီးရင္ အေဒၚႀကီးက ကြၽန္ေတာ္ကို ခ်စ္တယ္ေလ...။ Jin Hyung နဲ႔ လက္ထပ္ဖို႔ဆိုတာမ်ိဳး ရွိခဲ့မွာမဟုတ္ရင္ ကြၽန္ေတာ္လည္းအခုခ်ိန္မွာ မေအးခ်မ္းေတာင္ ဒီေလာက္ထိနာက်င္ရမွာ မဟုတ္ေလာက္ဘူး...။ ကြၽန္ေတာ္လည္း boy to boy ကို စိတ္မဝင္စားသလို ေတြးေတာင္ မထားခဲ့တဲ့အရာ...။ အခုေတာ့...။

"အေဒၚႀကီး  ~~Jin Hyung ~~Jin Hyung ကေလ ~~ကြၽန္ေတာ့္ကို ပိုင္းလုံးတဲ့ ~~"

ကြၽန္ေတာ္ မ်က္ရည္မက်ေအာင္ ထိန္းထားေပမယ့္လို႔ အေဒၚႀကီးရဲ႕ ေပြ႕ဖက္မႈအဆုံးတြင္ မ်က္ရည္မ်ား က်ဆင္းလာခဲ့သည္...။ ပိုင္းလုံးတဲ့...။ အဲ့စကားနဲ႔ မစိမ္းေတာ့ေပမယ့္လို႔ Jin Hyung ဆီက ထိုစကားၾကားရတိုင္း ရင္ထဲကနာသည္...။

"ကေလးရယ္~~ အေဒၚကပဲ သခင္ေလးအစား ေတာင္းပန္ပါတယ္ကြယ္~ အဆင္ေျပသြားမွာပါ"

"ဟင့္အင္း~အဆင္ေျပမွာမဟုတ္ဘူး... ဘယ္တုန္းကမွလည္း အဆင္မေျပခဲ့ဘူး~ တသက္လုံးလည္း အဆင္ေျပလာမွာ မဟုတ္ဘူး~ Jin Hyung က ကြၽန္ေတာ့္ကို မုန္းေနတာ"

ကြၽန္မရင္ခြင္ထဲမွာ ငိုေနတဲ့အကိုေလးသည္ သခင္ေလးထက္ ၆လေလာက္ငယ္တာမို႔ အလြန္ဆုံးမွ အသက္၂၀ေလာက္သာရွိဦးမယ့္ ကေလးေလး...။ သခင္ေလးသည္ က်န္တဲ့လူအေပၚ ၾကင္နာလြန္းတတ္ေသာ္လည္း ဒီကေလးေလးေပၚက် သိပ္အႏိုင္ယူလြန္းသည္...။ ထိုသို႔ကေလးေလးရဲ႕ ကံတရားက အ႐ြယ္နဲ႔မလိုက္ေအာင္ ရက္စက္လြန္းလို႔ ဘယ္လိုေတာင္ လုပ္ေပးရပါ့မလဲ...။

~~~~~~~

Club သံဆူဆူေတြၾကားမွာ ေနရတာဟာ ေတာ္ေတာ္ေလးေတာ့ ေနရတာအဆင္မေျပ...။ အိမ္ျပန္မလို႔လုပ္ေပမယ့္ ေဘးနားက Namjoon တို႔ကဆြဲထားတာေၾကာင့္ ထပ္ထိုင္ေနမိသည္...။

"Oppa ~~"

ေခၚသံေၾကာင့္ၾကည့္လိုက္ေတာ့ Hanna ျဖစ္ေန၏။ အျဖဴေရာင္ဂါဝန္တိုကိုဝတ္ၿပီး ဆံပင္ေတြကို တဖက္တည္းခ်ထားတာက ေတာ္ေတာ္ဆြဲေဆာင္မႈရွိသည္...။ ေဘးနားလာထိုင္ခ်ိန္ ႏႈတ္ခမ္းကို အနမ္းၾကမ္းၾကမ္းေႁခြေတာ့ သူမကရယ္သည္...။

"Seokjin Hyung ျပန္မွာဆို ~"

ေဘးနားက ေမးလာတဲ့ Hoseok ေၾကာင့္ ပခုံးကိုတြန္႔ကာ ေခါင္းခါျပလိုက္သည္...။

"Hyung ညနက္ေနၿပီ... အိမ္မွာ Yoongi  တစ္ေယာက္တည္း"

ထပ္ေျပာလာတဲ့ Hoseok ေၾကာင့္ ကြၽတ္တစ္ခ်က္သပ္ကာ....

"Jung Hoseok ~ဒီေလာက္စိတ္ပူေနရင္ မင္းသြားေနေပးလိုက္.... ငါကေတာ့ ဒီေန႔မျပန္ေတာ့ဘူး"

ေျပာၿပီး Hanna လက္ကိုဆြဲကာ ထြက္သြားတဲ့ Seokjin Hyung ကိုၾကည့္ၿပီး ေခါင္းကိုခါလိုက္သည္...။

"Hyung ကလဲ ဘာလို႔သြားေျပာေနတာလဲ... ဟိုေကာင္သူ႔ဘာသူဘယ္လိုေနေနေပါ့... သနားစရာလည္းမေကာင္းဘဲနဲ႔"

ႏွာေခါင္းရႈံၿပီးေျပာလာတဲ့ Jungkook ေၾကာင့္

"မဟုတ္ဘူး... ငါေတာ့ ငါတို႔မသိတာ တစ္ခုခုရွိေနတယ္ထင္တယ္"

"ဘာကိုေျပာခ်င္တာလဲ"

Namjoon က အရက္ခြက္ကိုခ်ကာ ေမးလာသည္...။

"ငါၾကည့္သေလာက္ေတာ့ Yoongi က အဲ့လိုေကာင္ေလးမဟုတ္ဘူး ~ၿပီးေတာ့ ကေလးေျပာတဲ့အတိုင္းဆို ငါတို႔  Yoongi ေပၚမွာ အထင္လြဲေနတာေတြ မ်ားေလာက္တယ္"

အသံအဆုံးမွာ တိတ္ဆတ္သြားတဲ့ စကားဝိုင္း...။ အားလုံးရဲ႕အေတြးေတြဟာ မတူညီၾကေပမယ့္ အရင္းခံဟာ တစ္ခုတည္းျဖစ္မည္ထင္သည္...။

~~~~

ဟိုအေကာင္ Hoseok က မတရားကို စိတ္ပူျပေနလို႔ သူ႔ကို႐ြဲ႕ခ်င္လို႔သာ ထြက္လာရတာ တကယ္တမ္းက် ဘယ္သြားရမလဲမသိ...။အိမ္လည္းမျပန္ခ်င္ေသး...။ မနက္ကျပႆနာျဖစ္ထားတာေၾကာင့္ သူ႔ကိုျမင္ရင္ေဒါသထြက္မိမွာ အေသအခ်ာပင္...။

"Oppa ~ဒီေန႔တကယ္ အိမ္မျပန္ဘူးလား"

အသံၾကားမွ သတိရတာက ကြၽန္ေတာ္ Hanna ကို ေခၚလာခဲ့တာပဲ...။ သူ႔ကိုၿပဳံးၿပီးေတာ့သာ ေခါင္းၿငိမ့္ျပလိုက္သည္...။
Hanna ဆိုတဲ့ ဂ်ပန္-ကိုရီးယားကျပား ေကာင္မေလးက ခ်စ္စရာေကာင္းသည္...။ ေက်ာင္းရဲ႕ queen လို႔လည္းေျပာလို႔ရသည္...။ တြဲမိတာ တစ္လေလာက္ရွိၿပီးဆိုေတာ့ သူနဲ႔တြဲတာၾကာၿပီလို႔ေျပာလို႔ရတယ္...။

"Hanna ျပန္ခ်င္ျပန္ေလ~"

ကြၽန္ေတာ္ေျပာေတာ့ ကားကိုမွီေနတဲ့သူမက ေခါင္းခါျပသည္...။

"ဟို~မနက္ကကိစၥ ~"

ကြၽန္ေတာ္ေျပာေတာ့ လွည့္ၾကည့္လာတဲ့သူမ...။

"မနက္ကကိစၥက တကယ္ပဲ Yoongi လာေျပာတာလား"

ေမးၾကည့္ေတာ့

"ဟုတ္တယ္ ~Oppa ~"

ခပ္ျပတ္ျပတ္ေျပာလာတဲ့သူမေၾကာင့္ ထပ္မေမးပဲေနလိုက္သည္...။ ကြၽန္ေတာ္က ဘာကိုသိခ်င္ေနမိျပန္တာလဲ...။

"Hanna ~~ဒီေန႔ည oppa နဲ႔ ရွိေပးမလား"

ကြၽန္ေတာ့္စကားကို အံၾသဟန္ျပၿပီးမွ ေခါင္းညိမ့္တာေၾကာင့္ ခါးကိုဖက္ကာ ႏႈတ္ခမ္းေတြကို ခပ္ၾကမ္းၾကမ္းနမ္းလိုက္သည္...။

"Oppa ~~ဒီမွာႀကီးလား"

သူမေျပာေတာ့ သူမကိုကားထဲဝင္ခိုင္းလိုက္သည္...။ ၿပီးမွ အိမ္က ဖုန္းကိုဆက္လိုက္သည္...။

"Min Yoongi လား~ ငါဒီေန႔ Hanna နဲ႔ အျပင္မွာအိပ္မယ့္အေၾကာင္း လွမ္းေျပာတာ... အာ~ဒါနဲ႔ ငါမရွိဘူးဆိုၿပီး မင္းေကာင္ေတြကိုလည္း ေခၚမေနနဲ႔ "

ေျပာၿပီး ဖုန္းကို အိတ္ထဲထည့္ၿပီး ကားေပၚတက္လိုက္ေတာ့ Hanna က ၾကည့္လာသည္...။

"Oppa ~~ဘယ္ကိုဆက္ေနတာလဲ"

"ဒီတိုင္း~"

"Min Yoongi  ဆီမလား... ဘာလို႔ဆက္ေနတာလဲ"

ဘယ္ကိုဆက္ေနတာလဲ...။ သူမ,ေမးမွ စဥ္းစားမိတာက ငါဘာလို႔မ်ား သူ႔ဆီဆက္လိုက္တာလဲ...။ သူ႔ကို နာက်င္ေစခ်င္လို႔ပဲေနမွာပါ...။

"အဲ့ေလာက္ထိ သိဖို႔မလိုဘူးထင္တယ္"

ကြၽန္ေတာ္ေျပာလိုက္ေတာ့ ၿငိမ္က်သြားတဲ့ သူမကိုၾကည့္လိုက္သည္...။ သူမနဲ႔ ကြၽန္ေတာ္က ထိုကဲ့သို ဝင္စြက္ဖက္ရမယ့္ အေျခအေနမဟုတ္တာကိုေတာ့ ကြၽန္ေတာ္သိေသးသည္...။

"Sorry ~ေတာ္ၿပီ~ဒီေန႔ေတာ့ စိတ္မပါေတာ့ဘူး ေနာက္ေန႔မွေပါ့"

"Oppa!"

ေအာ္လာတဲ့သူမကို ၾကည့္ရင္း

"အိမ္ျပန္လိုက္ေတာ့ oppa လိုက္မပို႔ေတာ့ဘူး"

ကားေပၚကေနသူမဆင္းသြားေတာ့မွ ဆံပင္ေတြကို လက္နဲ႔ဖြလိုက္ၿပီး ကားစတီယာေပၚ ေခါင္းကိုငုံခ်လိုက္သည္...။ ဘာလို႔မ်ား ဖုန္းဆက္လိုက္တာလဲ Kim Seokjin ရယ္~။ ကိုယ့္ကိုကိုယ္ျပန္ေမးေပမယ့္ သူ႔ကိုနာက်င္ေစခ်င္လို႔ဆိုတဲ့ အေျဖသာ ထြက္လာ၏။

ဒါေပမယ့္ Hanna ကို ျငင္းလိုက္တာေတာ့ ကြၽန္ေတာ္မွန္သည္ထင္သည္...။ ဘယ္လိုပဲေျပာေျပာ အခုခ်ိန္မွာ ကြၽန္ေတာ္က အိမ္ေထာင္ရွိ ေယာက္်ားပင္~။

To Be Continued~~~~~

Continue Reading

You'll Also Like

58.6K 5K 27
ကူကူးဟာကင်အိမ်တော်ရဲ့ဝိုင်းအုံချစ်လေး။ ကူကူးဟာကင်ဆော့ဂျင်ရဲ့အရာအားလုံးလေး။ ကူကူးဟာကင္အိမ္ေတာ္ရဲ႕ဝိုင္းအုံခ်စ္ေလး။ ကူကူးဟာကင္ေဆာ့ဂ်င္ရဲ႕အရာအားလုံးေလး။
79.9K 11.1K 47
Sithara Raghuvaran, a 21 year old girl who is broken, scared and struggling hard to get used to the new world which looks straight opposite to the wo...
598K 102K 91
මා දන්නා ප්‍රේමනීයම යක්ශපරානය අග්නි!!