Without You (Completed)

By YoonJinSope_Cloud

6.1K 830 80

မင်းမပါတဲ့ငါ့ဘဝက အသက်မဲ့လွန်းတယ် Yoon~ ကျွန်‌တော်က အကို့ရဲ့တောင်ပံတစ်စုံဖြစ်ပေးမှာပါ~ A YoonJin story by Acha... More

Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23 (Final)
Extra

Prologue

496 57 12
By YoonJinSope_Cloud

(Unicode)

Church ကျောင်းတစ်ခု...။
သိပ်ကိုရိုးရှင်းပြီးလှပလွန်းတဲ့ Church ကျောင်းလေးထဲမှာ ကျင်းပနေတဲ့မင်္ဂလာပွဲလေးကတော့ မလှပခဲ့ပါ...။ ဒေါသကြောင့် တည်နေတာထက်ပိုပြီး ခက်ထန်တဲ့မျက်နှာထားနဲ့ကောင်လေးရယ် ဝမ်းနည်းစိတ်ကြောင့် ညိုးငယ်နေတဲ့မျက်နှာနဲ့ ကောင်လေးရဲ့ မင်္ဂလာပွဲကို တက်ရောက်သူတွေက အုပ်ထိန်းသူတွေနဲ့ လူအချို့သာ...။

"သတို့သား Kim Seokjin သည် သတို့သား Min Yoongi ကို သက်ဆုံးတိုင် ပေါင်းဖက်မည်လား"

Father ရဲ့အသံကလွဲလို့ ကျန်တဲ့အရာအားလုံးဟာ တိတ်ဆိတ်နေသယောင်...။ Yoongi က Seokjin ရဲ့ မျက်နှာကို လှမ်းကြည့်ပြီး ခေါင်းကို ငုံထားလိုက်သည်...။

"ဟုတ်ကဲ့ ပေါင်းဖက်ပါမည်"

ပြန်လည်ဖြေဆိုခဲ့ပေမယ့် တည်တင်းနေသောမျက်နှာသည် ပြောင်းလဲမှု မရှိခဲ့ပေ...။

"သတို့သား Min yoongi ကရော သတိုးသား Kim Seokjin ကို သက်ဆုံးတိုင်ပေါင်းဖက်မည်လား"

Yoongi အရှေ့က Seokjin ရဲ့ မျက်နှာကို တွေဝေစွာ ကြည့်ပြီးမှ...

"ဟုတ်ကဲ့ ပေါင်းဖက်ပါမည်"

ကျွန်တော်ဖြေလိုက်တော့ တစ်ချက်မဲ့ပြုံးပြုံးသွားတဲ့ Jin Hyung ကို ကြည့်ပြီး ငြင်းပစ်ချင်သော်လည်း ထိုင်ခုံမှာ ထိုင်နေတဲ့ Yoonji လေးကိုမြင်တော့ ငြင်းချင်စိတ်တွေအကုန် ပျောက်ကွယ်သွားသည်...။ ကျွန်တော်ချစ်ရတဲ့ ကျွန်တော့်ညီမလေးကို အသက်ရှည်ရှည် နေထိုင်စေချင်သေးသည်...။

"လက်ထပ်ပွဲပြီးမြောက်ပါပြီ"

လက်ထပ်ပွဲပြီးပြီဟုသောစကားကြောင့် ကျွန်တော်သက်ပြင်းချလိုက်သည်...။ နောက်ဆုံးတော့ အဆင်ပြေသွားတာပါပဲ...။

ပြန်ဖို့လုပ်တဲ့ ကျွန်တော်တို့နှစ်ယောက်ကို ကြည့်ရင်း father က

"အကြင်နာမပေးဘူးလား သားငယ်... အကြင်နာပေးတယ်ဆိုတာ ကာကွယ်ပေးမယ် လွှမ်းခြုံပေးမယ်လို့ အဓိပ္ပာယ်ရှိတယ်လေကွယ် "

Father ရဲ့စကားအဆုံးမှာ ကျွန်တော့်ရင်တွေ ဒိန်းကနဲခုန်သွားသည်...။ မနေ့ကတင် ကျွန်တော့်ကို ထိုးထားတဲ့ လူတစ်ယောက်က... မနေ့ကတင် ပိုင်းလုံးကောင်လို့ခေါ်ထားတဲ့ လူတစ်ယောက်က ကျွန်တော့်ကိုနမ်းမှာတဲ့လား...။ ကျွန်တော်ခေါင်းကိုငုံ့ချလိုက်တော့ နဖူးပေါ် ကျရောက်လာတဲ့ အနမ်းကြောင့် အံသြကြီးစွာမော့ကြည့်လိုက်မိ၏။

"ငါ မင်းရဲ့နှုတ်ခမ်းတွေကို တသက်လုံးမနမ်းဘူး... ရွံလို့"

နားနားကိုကပ်ကာ ပြောလိုက်တဲ့ စကားကြောင့် စိတ်ထဲတွင် မွန်းကြပ်လာကာ ဒူးနှစ်ဖက်ဟာ ခွေကျမတတ်...။ အဲ့လောက်တောင်ပဲ ကျွန်တော့်ကို မုန်းနေတာလား...။

မင်္ဂလာပွဲအပြီးမှာ ထွက်သွားကြတဲ့ လူတွေကြား သူနဲ့ကျွန်တော်သာကျန်ခဲ့သည်...။ necktie ကို ဆွဲဖြည်ပြီး ဆံပင်တွေကိုလက်နဲ့ထိုးဖွကာ အပြင်ဘက်ထွက်မလို့ လုပ်နေတဲ့ Jin Hyung...။

"Jin Hyung ~~"

အင်္ကျီစကိုကိုင်ပြီး တိုးတိုးလေးခေါ်လိုက်တော့ လှည့်ကြည့်လာတဲ့ သူ့ရဲ့မျက်ဝန်းတွေက ဒေါသတွေနဲ့ ရစ်သိုင်းလျက်...။

"ကျွန်တော် တောင်းပန်ပါတယ်"

ကျွန်တော့်ကိုကြည့်ပြီး သူရယ်သည်...။ ဟင့်အင်း....လှောင်သည်လို့သုံးရင် ပိုမှန်လိမ့်မည်...။

သူ ကျွန်တော့်ကို လှောင်ကာ

"ငါက မင်းတောင်းပန်တာကို လက်ခံရမှာလား... တကယ်စိတ်ရင်းနဲ့ အားနာရင်း ဒီလက်ထပ်ပွဲက အကြုံးမဝင်ပါဘူးဆိုပြီး အခုချက်ချင်း အဖေ့ကိုသွားပြောလိုက် "

"Jin Hyung ~"

"မလုပ်နိုင်ဘူးမလား... အဲဒါဆို တောင်းပန်တယ်ဆိုတဲ့စကားကို ထပ်မပြောနဲ့... နားခါးတယ်... အော်ဂလီဆန်တယ်... ဘယ်တော့မှ လက်မခံနိုင်ဘူး ရှင်းလား"

ခေါင်းကိုငုံ့ထားရင်း တိုးတိတ်စွာ တောင်းပန်သံကို လှောင်ရယ်သံနဲ့အတူ ပယ်ချလိုက်တဲ့ စကားက ဘယ်တော့မှ လက်မခံဘူးတဲ့...။

"ပိုင်လုံးကောင် "

Jin Hyung က ကျွန်တော့်ကို စူးစူးနင့်နင့်ကိုကြည့်ပြီးပြောလာတာကြောင့် ခေါင်းကိုငုံ့လိုက်မိခြင်း...။ မင်္ဂလာပွဲလေးဟာ တိတ်တဆိတ်ပဲ ပြီးဆုံးခဲ့သည်...။ ကျောင်းနောက်မှာ ငိုကြွေးနေတဲ့ ကောင်လေးရဲ့ မျက်ရည်တွေကို လျစ်လျူရှုရင်း‌ပေါ့~~

~~~~~~

ကားပေါ်ကဆင်းတော့ Jin Hyung က သူ့ပစ္စည်းတွေထည့်ထားတဲ့ ပုံးတွေကိုယူပြီး ဆင်းသွားတာကြောင့် ကျွန်တော်လည်း ကိုယ့်အဝတ်ထုတ်ကို ကိုယ်ယူပြီး သူ့နောက်ကနေ လိုက်သွားခဲ့တယ်...။ ခြံလေးသက်သက်နဲ့ နှစ်ထပ်တိုက်အိမ်ကျယ်ကျယ်ဟာ Jin Hyung မိဘတွေရဲ့ လက်ဖွဲ့ပစ္စည်းဖြစ်သည်...။

နဂိုထဲမှ ကျွန်တော့်ကို အမြင်မကြည်ခဲ့တဲ့ Jin Hyung ကြောင့် အခုလိုအိမ်ခွဲနေရတာ တော်သေးသည်လို့တွေးမိသည်...။ မဟုတ်ရင် မိဘတွေနဲ့နေရတာမို့ Jin Hyung ပိုပြီး နေရက်လိမ့်မည်...။ အိမ်ထဲဝင်သွားလိုက်တော့ အပြုံးချိုချိုနဲ့ အဒေါ်ကြီးဟာ ကြိုဆိုလျက် Jin Hyung ကတော့ ကျွန်တော့်ကို လှည့်တောင်မကြည့်ပါပဲ အပေါ်ကို တက်သွားသည်...။

"ကြည့်အုံး Jin လေးက ရွေးတတ်တာကွယ်
သားငယ်လေးက အချောလေးပဲ"

လက်ကိုလာဆွဲကာ နွေးနွေးထွေးထွေးစကားပြောနေတဲ့ အဒေါ်ကြီးကြောင့် ပြုံးပြလိုက်၏။

"သားငယ်လေးနာမည်က"

"Yoongi ပါ... Min Yoongi "

"လှလိုက်တဲ့ နာမည်လေးကွယ်
သားနဲ့လိုက်လိုက်တာ"

ဖော်ရွေစွာ နှုတ်ဆက်နေတဲ့ အဒေါ်ကြီးကြောင့် စိတ်ထဲမှာ စိုးရိမ်နေတာတွေ လျော့သွားသလိုခံစားရသည်...။

"ကျေးဇူးပါ အန်တီ"

"သွား~အပေါ်ကိုသွားနားတော့ "

အဒေါ်ကြီးရဲ့ စကားအဆုံးမှာ အပေါ်ထပ်ကို တက်ခဲ့တော့ အခန်းတစ်ခုရဲ့ တံခါးကို မှီရပ်နေတဲ့ Jin Hyung က ကျွန်တော့်ကို ကြည့်လာ၏။

"ဒါက ငါ့အခန်း... ဟိုဘက်က မင်းအခန်း... မင်းကို အမေပြောထားမှာပါ ငါတို့အခန်းအတူမသုံးရဘူးလို့... ပြီးတော့ ငါနဲ့မင်းနဲ့ လက်ထပ်တာကို ကျောင်းကလူတွေ မသိစေနဲ့... ငါနဲ့လည်း သိချင်ယောင်မဆောင်နဲ့... မင်းသူငယ်ချင်းနှစ်ယောက်ကိုလည်းပြောထား... ငါပြောစရာကတော့ဒါပဲ... မင်းပြောစရာရှိရင် စာရွက်နဲ့ရေးပြီး အခန်းဝမှာကပ်ခဲ့"

ပြောချင်တာပြောပြီး အခန်းထဲဝင်သွားတဲ့ သူ့ကို ခေါင်းသာငြိမ့်ပြလိုက်ရသည်...။ ဘာမှတောင် ပြန်ပြောခွင့်မရပဲ ကျွန်တော့်အခန်းဟုဆိုသောနေရာသို့သာ ဝင်လာခဲ့သည်...။ စာကြည့်စားပွဲတစ်လုံး၊ ဗီရိုတစ်လုံးနဲ့ အိပ်ရာတစ်ခုပါသောအခန်းသည် အိမ်သာရေချိုးခန်းပါ တွဲရက်ပါသည်...။ မီးလုံးခပ်ကြီးကြီးကို အလယ်မှ ချိတ်ဆွဲပေးထားသော အခန်းသည် မှန်တာပြောရရင် ကျွန်တော့်အတွက် ကြီးကျယ်လွန်းတာကြောင့် လက်ထဲက ကျောပိုးအိတ်ကိုသာ တင်းနေအောင် ဆုပ်ထားလိုက်မိ၏။

Min Yoongi~~ အားလုံးအဆင်ပြေသွားမှာပါ~

ကိုယ့်ကိုကိုယ် အားပေးရင်း အဝတ်တွေကို ဗီရိုထဲထည့်ကာ အိပ်ရာပေါ်ကိုလှဲလိုက်သည်...။ ဒီချိန်ဆို ဒေါ်လေးနဲ့ Yoonji လေး ဘာလုပ်နေမလဲ...။ ဦးလေးလည်း အရက်သောက်နေအုံးမလားမသိဘူး...။ မသိတော့ဘူး... မနက်ဖြန်တွေမှာ ရှေ့ဆက်ဖို့ရာတွေးရင်း တဖြည်းဖြည်းမှိတ်ကျလာသော မျက်လုံးများက အိပ်စက်ခြင်းရှိရာသို့...။ အိပ်မပျော်ခင် ကိုယ့်ကိုယ်ကို အားတင်းထားလိုက်သည်...။

~အရာအားလုံး အဆင်ပြေသွားမှာပါ~

To Be Continued~~~~~~~~










(Zawgyi)

Church ေက်ာင္းတစ္ခု...။
သိပ္ကို႐ိုးရွင္းၿပီးလွပလြန္းတဲ့ Church ေက်ာင္းေလးထဲမွာ က်င္းပေနတဲ့မဂၤလာပြဲေလးကေတာ့ မလွပခဲ့ပါ...။ ေဒါသေၾကာင့္ တည္ေနတာထက္ပိုၿပီး ခက္ထန္တဲ့မ်က္ႏွာထားနဲ႔ေကာင္ေလးရယ္ ဝမ္းနည္းစိတ္ေၾကာင့္ ညိဳးငယ္ေနတဲ့မ်က္ႏွာနဲ႔ ေကာင္ေလးရဲ႕ မဂၤလာပြဲကို တက္ေရာက္သူေတြက အုပ္ထိန္းသူေတြနဲ႔ လူအခ်ိဳ႕သာ...။

"သတို႔သား Kim Seokjin သည္ သတို႔သား Min Yoongi ကို သက္ဆုံးတိုင္ ေပါင္းဖက္မည္လား"

Father ရဲ႕အသံကလြဲလို႔ က်န္တဲ့အရာအားလုံးဟာ တိတ္ဆိတ္ေနသေယာင္...။ Yoongi က Seokjin ရဲ႕ မ်က္ႏွာကို လွမ္းၾကည့္ၿပီး ေခါင္းကို ငုံထားလိုက္သည္...။

"ဟုတ္ကဲ့ ေပါင္းဖက္ပါမည္"

ျပန္လည္ေျဖဆိုခဲ့ေပမယ့္ တည္တင္းေနေသာမ်က္ႏွာသည္ ေျပာင္းလဲမႈ မရွိခဲ့ေပ...။

"သတို႔သား Min yoongi ကေရာ သတိုးသား Kim Seokjin ကို သက္ဆုံးတိုင္ေပါင္းဖက္မည္လား"

Yoongi အေရွ႕က Seokjin ရဲ႕ မ်က္ႏွာကို ေတြေဝစြာ ၾကည့္ၿပီးမွ...

"ဟုတ္ကဲ့ ေပါင္းဖက္ပါမည္"

ကြၽန္ေတာ္ေျဖလိုက္ေတာ့ တစ္ခ်က္မဲ့ၿပဳံးၿပဳံးသြားတဲ့ Jin Hyung ကို ၾကည့္ၿပီး ျငင္းပစ္ခ်င္ေသာ္လည္း ထိုင္ခုံမွာ ထိုင္ေနတဲ့ Yoonji ေလးကိုျမင္ေတာ့ ျငင္းခ်င္စိတ္ေတြအကုန္ ေပ်ာက္ကြယ္သြားသည္...။ ကြၽန္ေတာ္ခ်စ္ရတဲ့ ကြၽန္ေတာ့္ညီမေလးကို အသက္ရွည္ရွည္ ေနထိုင္ေစခ်င္ေသးသည္...။

"လက္ထပ္ပြဲၿပီးေျမာက္ပါၿပီ"

လက္ထပ္ပြဲၿပီးၿပီဟုေသာစကားေၾကာင့္ ကြၽန္ေတာ္သက္ျပင္းခ်လိုက္သည္...။ ေနာက္ဆုံးေတာ့ အဆင္ေျပသြားတာပါပဲ...။

ျပန္ဖို႔လုပ္တဲ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို ၾကည့္ရင္း father က

"အၾကင္နာမေပးဘူးလား သားငယ္... အၾကင္နာေပးတယ္ဆိုတာ ကာကြယ္ေပးမယ္ လႊမ္းၿခဳံေပးမယ္လို႔ အဓိပၸာယ္ရွိတယ္ေလကြယ္ "

Father ရဲ႕စကားအဆုံးမွာ ကြၽန္ေတာ့္ရင္ေတြ ဒိန္းကနဲခုန္သြားသည္...။ မေန႔ကတင္ ကြၽန္ေတာ့္ကို ထိုးထားတဲ့ လူတစ္ေယာက္က... မေန႔ကတင္ ပိုင္းလုံးေကာင္လို႔ေခၚထားတဲ့ လူတစ္ေယာက္က ကြၽန္ေတာ့္ကိုနမ္းမွာတဲ့လား...။ ကြၽန္ေတာ္ေခါင္းကိုငုံ႔ခ်လိုက္ေတာ့ နဖူးေပၚ က်ေရာက္လာတဲ့ အနမ္းေၾကာင့္ အံၾသႀကီးစြာေမာ့ၾကည့္လိုက္မိ၏။

"ငါ မင္းရဲ႕ႏႈတ္ခမ္းေတြကို တသက္လုံးမနမ္းဘူး... ႐ြံလို႔"

နားနားကိုကပ္ကာ ေျပာလိုက္တဲ့ စကားေၾကာင့္ စိတ္ထဲတြင္ မြန္းၾကပ္လာကာ ဒူးႏွစ္ဖက္ဟာ ေခြက်မတတ္...။ အဲ့ေလာက္ေတာင္ပဲ ကြၽန္ေတာ့္ကို မုန္းေနတာလား...။

မဂၤလာပြဲအၿပီးမွာ ထြက္သြားၾကတဲ့ လူေတြၾကား သူနဲ႔ကြၽန္ေတာ္သာက်န္ခဲ့သည္...။ necktie ကို ဆြဲျဖည္ၿပီး ဆံပင္ေတြကိုလက္နဲ႔ထိုးဖြကာ အျပင္ဘက္ထြက္မလို႔ လုပ္ေနတဲ့ Jin Hyung...။

"Jin Hyung ~~"

အက်ႌစကိုကိုင္ၿပီး တိုးတိုးေလးေခၚလိုက္ေတာ့ လွည့္ၾကည့္လာတဲ့ သူ႔ရဲ႕မ်က္ဝန္းေတြက ေဒါသေတြနဲ႔ ရစ္သိုင္းလ်က္...။

"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္"

ကြၽန္ေတာ့္ကိုၾကည့္ၿပီး သူရယ္သည္...။ ဟင့္အင္း....ေလွာင္သည္လို႔သုံးရင္ ပိုမွန္လိမ့္မည္...။

သူ ကြၽန္ေတာ့္ကို ေလွာင္ကာ

"ငါက မင္းေတာင္းပန္တာကို လက္ခံရမွာလား... တကယ္စိတ္ရင္းနဲ႔ အားနာရင္း ဒီလက္ထပ္ပြဲက အႀကဳံးမဝင္ပါဘူးဆိုၿပီး အခုခ်က္ခ်င္း အေဖ့ကိုသြားေျပာလိုက္ "

"Jin Hyung ~"

"မလုပ္ႏိုင္ဘူးမလား... အဲဒါဆို ေတာင္းပန္တယ္ဆိုတဲ့စကားကို ထပ္မေျပာနဲ႔... နားခါးတယ္... ေအာ္ဂလီဆန္တယ္... ဘယ္ေတာ့မွ လက္မခံႏိုင္ဘူး ရွင္းလား"

ေခါင္းကိုငုံ႔ထားရင္း တိုးတိတ္စြာ ေတာင္းပန္သံကို ေလွာင္ရယ္သံနဲ႔အတူ ပယ္ခ်လိုက္တဲ့ စကားက ဘယ္ေတာ့မွ လက္မခံဘူးတဲ့...။

"ပိုင္လုံးေကာင္ "

Jin Hyung က ကြၽန္ေတာ့္ကို စူးစူးနင့္နင့္ကိုၾကည့္ၿပီးေျပာလာတာေၾကာင့္ ေခါင္းကိုငုံ႔လိုက္မိျခင္း...။ မဂၤလာပြဲေလးဟာ တိတ္တဆိတ္ပဲ ၿပီးဆုံးခဲ့သည္...။ ေက်ာင္းေနာက္မွာ ငိုေႂကြးေနတဲ့ ေကာင္ေလးရဲ႕ မ်က္ရည္ေတြကို လ်စ္လ်ဴရႈရင္း‌ေပါ့~~

~~~~~~

ကားေပၚကဆင္းေတာ့ Jin Hyung က သူ႔ပစၥည္းေတြထည့္ထားတဲ့ ပုံးေတြကိုယူၿပီး ဆင္းသြားတာေၾကာင့္ ကြၽန္ေတာ္လည္း ကိုယ့္အဝတ္ထုတ္ကို ကိုယ္ယူၿပီး သူ႔ေနာက္ကေန လိုက္သြားခဲ့တယ္...။ ၿခံေလးသက္သက္နဲ႔ ႏွစ္ထပ္တိုက္အိမ္က်ယ္က်ယ္ဟာ Jin Hyung မိဘေတြရဲ႕ လက္ဖြဲ႕ပစၥည္းျဖစ္သည္...။

နဂိုထဲမွ ကြၽန္ေတာ့္ကို အျမင္မၾကည္ခဲ့တဲ့ Jin Hyung ေၾကာင့္ အခုလိုအိမ္ခြဲေနရတာ ေတာ္ေသးသည္လို႔ေတြးမိသည္...။ မဟုတ္ရင္ မိဘေတြနဲ႔ေနရတာမို႔ Jin Hyung ပိုၿပီး ေနရက္လိမ့္မည္...။ အိမ္ထဲဝင္သြားလိုက္ေတာ့ အၿပဳံးခ်ိဳခ်ိဳနဲ႔ အေဒၚႀကီးဟာ ႀကိဳဆိုလ်က္ Jin Hyung ကေတာ့ ကြၽန္ေတာ့္ကို လွည့္ေတာင္မၾကည့္ပါပဲ အေပၚကို တက္သြားသည္...။

"ၾကည့္အုံး Jin ေလးက ေ႐ြးတတ္တာကြယ္
သားငယ္ေလးက အေခ်ာေလးပဲ"

လက္ကိုလာဆြဲကာ ေႏြးေႏြးေထြးေထြးစကားေျပာေနတဲ့ အေဒၚႀကီးေၾကာင့္ ၿပဳံးျပလိုက္၏။

"သားငယ္ေလးနာမည္က"

"Yoongi ပါ... Min Yoongi "

"လွလိုက္တဲ့ နာမည္ေလးကြယ္
သားနဲ႔လိုက္လိုက္တာ"

ေဖာ္ေ႐ြစြာ ႏႈတ္ဆက္ေနတဲ့ အေဒၚႀကီးေၾကာင့္ စိတ္ထဲမွာ စိုးရိမ္ေနတာေတြ ေလ်ာ့သြားသလိုခံစားရသည္...။

"ေက်းဇူးပါ အန္တီ"

"သြား~အေပၚကိုသြားနားေတာ့ "

အေဒၚႀကီးရဲ႕ စကားအဆုံးမွာ အေပၚထပ္ကို တက္ခဲ့ေတာ့ အခန္းတစ္ခုရဲ႕ တံခါးကို မွီရပ္ေနတဲ့ Jin Hyung က ကြၽန္ေတာ့္ကို ၾကည့္လာ၏။

"ဒါက ငါ့အခန္း... ဟိုဘက္က မင္းအခန္း... မင္းကို အေမေျပာထားမွာပါ ငါတို႔အခန္းအတူမသုံးရဘူးလို႔... ၿပီးေတာ့ ငါနဲ႔မင္းနဲ႔ လက္ထပ္တာကို ေက်ာင္းကလူေတြ မသိေစနဲ႔... ငါနဲ႔လည္း သိခ်င္ေယာင္မေဆာင္နဲ႔... မင္းသူငယ္ခ်င္းႏွစ္ေယာက္ကိုလည္းေျပာထား... ငါေျပာစရာကေတာ့ဒါပဲ... မင္းေျပာစရာရွိရင္ စာ႐ြက္နဲ႔ေရးၿပီး အခန္းဝမွာကပ္ခဲ့"

ေျပာခ်င္တာေျပာၿပီး အခန္းထဲဝင္သြားတဲ့ သူ႔ကို ေခါင္းသာၿငိမ့္ျပလိုက္ရသည္...။ ဘာမွေတာင္ ျပန္ေျပာခြင့္မရပဲ ကြၽန္ေတာ့္အခန္းဟုဆိုေသာေနရာသို႔သာ ဝင္လာခဲ့သည္...။ စာၾကည့္စားပြဲတစ္လုံး၊ ဗီ႐ိုတစ္လုံးနဲ႔ အိပ္ရာတစ္ခုပါေသာအခန္းသည္ အိမ္သာေရခ်ိဳးခန္းပါ တြဲရက္ပါသည္...။ မီးလုံးခပ္ႀကီးႀကီးကို အလယ္မွ ခ်ိတ္ဆြဲေပးထားေသာ အခန္းသည္ မွန္တာေျပာရရင္ ကြၽန္ေတာ့္အတြက္ ႀကီးက်ယ္လြန္းတာေၾကာင့္ လက္ထဲက ေက်ာပိုးအိတ္ကိုသာ တင္းေနေအာင္ ဆုပ္ထားလိုက္မိ၏။

Min Yoongi~~ အားလုံးအဆင္ေျပသြားမွာပါ~

ကိုယ့္ကိုကိုယ္ အားေပးရင္း အဝတ္ေတြကို ဗီ႐ိုထဲထည့္ကာ အိပ္ရာေပၚကိုလွဲလိုက္သည္...။ ဒီခ်ိန္ဆို ေဒၚေလးနဲ႔ Yoonji ေလး ဘာလုပ္ေနမလဲ...။ ဦးေလးလည္း အရက္ေသာက္ေနအုံးမလားမသိဘူး...။ မသိေတာ့ဘူး... မနက္ျဖန္ေတြမွာ ေရွ႕ဆက္ဖို႔ရာေတြးရင္း တျဖည္းျဖည္းမွိတ္က်လာေသာ မ်က္လုံးမ်ားက အိပ္စက္ျခင္းရွိရာသို႔...။ အိပ္မေပ်ာ္ခင္ ကိုယ့္ကိုယ္ကို အားတင္းထားလိုက္သည္...။

~အရာအားလုံး အဆင္ေျပသြားမွာပါ~

To Be Continued~~~~~~~~

Continue Reading

You'll Also Like

78K 10.9K 46
Sithara Raghuvaran, a 21 year old girl who is broken, scared and struggling hard to get used to the new world which looks straight opposite to the wo...
589K 101K 91
මා දන්නා ප්‍රේමනීයම යක්ශපරානය අග්නි!!
423K 88.6K 106
මේ ලෝකෙ කැතයි කියලා පාටක් නෑ... හැම පාටම ලස්සනයි.... ඔයා සුදු පාටට ආසයි... මම කලුපාටට ආසයි... සරලයි ... ඔයා ආස දේ මම ආස දේ නොවෙන්න පුලුවන් ... ඒත් මම...
5.4K 517 7
မနက်ဖြန်တွေဆိုတာလည်းကိုယ်မယုံဘူး ကိုယ်ယုံကြည်တဲ့မနက်ဖြန်တိုင်းမှာ မင်းကိုယ့်ဘေးနားရှိနေရမယ် ယွန်း။