ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ...

Door Swae_Nyoe

191K 20.8K 196

ဘာသာပြန်သူ - စွဲညို့အသင်း Meer

Description
Part 1
Part 2
တယ်လီဂရုကြေညာချက်..
Part 3
Part 4
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 16
Part 17
Part 18
part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
🥰🥰နန်းတွင်းအသစ်လေး
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံး ပြီးဆုံးပါကြောင်း...
Part 90
Part 92
Part 93
Part 94
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 95
Part 96
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅

Part 15

2.2K 260 0
Door Swae_Nyoe

Unicode
TYCDTN 

Chapter 15

အနားရောက်သွားမှ အခန်းထဲမှာ အစ်ကိုကြီးပါရှိနေကြောင်းကို ယွီစီးယွီ့က သိသွားခဲ့သည်။ သူ့လက်တစ်ဖက်က ယွီရှန်းရဲ့ခါးကို ဖက်ထားကာ အရင်က တစ်ခါမှမတွေ့ဖူးသည့် နူးညံ့သည့် အသွင်အပြင်ကိုလည်း တွေ့လိုက်ရလေသည်။ ဒီကောင်မက ဒီအိမ်တော်ရဲ့သမီးအရင်းနေရာကို ယူထားသည့် မျိုးမစစ်ဖြစ်သော်လည်း အဖွားနှင့် အစ်ကိုကြီးက သူ့ကိုပိုအလိုလိုက်လာခဲ့သည်။ သူ(မ)မရနိုင်သည့်အရာတွေကို ယွီရှန်းက စုန်းကဝေအတတ်ဖြင့် ယူထားသလို ယွီစီးယွီ့က သူ(မ)ကို အေးစက်စွာကြည့်လိုက်လေသည်။

မနာလိုတာက တစ်ကဏ္ဍဖြစ်သော်လည်း ယွီရှန်းရဲ့ငွေကြေးထောက်ပံ့မှုသာ မရှိခဲ့ရင် အမေနဲ့အဖွားရဲ့ မုန်းတီးခြင်းကို ခံနေရသည့် သူ(မ)ရဲ့နေ့ရက်တွေက အဆင်ပြေနေမည်မဟုတ်ပေ။ လင်ရှီက သူ(မ)ခြံထဲက အစေခံတွေကို အကုန်လုံး အစားထိုးခဲ့ပြီး ထိုအစေခံတွေနဲ့က အဆင်မပြေပေ။ လင်ရှီက ရည်ရွယ်ချက်ရှိရှိဖြင့် ရက်စက်သည့် အစေခံအိုတွေကို ပို့ခဲ့ပြီး ထိုအစေခံအိုတွေက သူ(မ)သွားသည့်နောက် လိုက်ခဲ့ပြီး တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်။

ထိုဖိနှိပ်ချုပ်ခြယ်သည့် ခံစားချက်က သူ(မ)ကို စကားလုံး အပြုအမူတိုင်းကို လိုက်ထိန်းချုပ်နေပြီး ပိုစိတ်ပျက်စရာကောင်းတာက အဖွားက သူ(မ)ကို လူတောထဲမခေါ်ထုတ်တာ ၂လကျော်ကြာပြီဖြစ်သည်။ အခု သူ(မ)အသက်က ၁၂ရှိပြီမလို့ အနာဂတ်မှာ အိမ်ထောင်ဖက်ကောင်းရဖို့ တခြားအိမ်တွေက အမျိုးသမီးကြီးတွေနှင့် တွေ့ဆုံရင်းနှီးဖို့လိုသည်။

အဖွားဖြစ်သူသာ သူ(မ)ကို မအောင်သွယ်ပေးပါက ကိုယ်လုပ်တော်ကမွေးသည့် သမီးတစ်ယောက်အနေဖြင့် အဆင့်အတန်းမျိုးရိုးမြင့်သည့်လူနှင့် လက်ထပ်ရဖို့ ရှားပါးသည်။ လက်ထပ်ဖို့အကောင်းဆုံးအရွယ်ဖြစ်သည့် အသက် ၁၆၊၁၇အရွယ်မှာ သာမာန်လူဖြင့် လက်ထပ်လိုက်ပါက သူ(မ)ဘဝက မှူးမတ်စံအိမ်တော်လို ကြီးကျယ်ခမ်းနားတော့မည် မဟုတ်ပေ။

တွေးလေလေ ပိုမနှစ်မြို့လေ ဖြစ်လာပြီး ရွေးချယ်စရာမရှိသည့်အဆုံး ယွီရှန်းဆီ ထပ်လာကာ ကပ်ဖားရခြင်းဖြစ်သည်။ နီးကပ်လာလေလေ ယွီရှန်းရဲ့ ရယ်သံကြီးကိုကြားလိုက်ရတော့ စိတ်ဆင်းရဲသွားပြီး အစေခံတွေဖက်ကနေ ခုခံပြောပေးခဲ့လိုက်သည်။ သူ(မ)ဘာအမှား လုပ်လိုက်မိမှန်း မသိပေမယ့် ယွီဖင်ယန်ရဲ့အေးစက်စက် အကြည့်ကြောင့် ထိတ်လန့်သွားခဲ့ရသည်။

အောက်ပိုင်းသေနေတော့ ဘာအရေးလဲ။ အဖွားနဲ့ အစ်ကိုကြီးက အစွမ်းကုန် အလိုလိုက်နေတာပဲ။ တကယ့် ယွီရှန်း ပြန်လာတဲ့အချိန်ကျရင် စွန့်ပစ်ခံရမှာပဲ။

ယွီစီးယွီ့က စိတ်ထဲကနေသာ တွေးတောနေပေမယ့် မျက်နှာကတော့ အပြုံးနုနု ဆင်မြန်းကာ ယွီဖင်ယန်ကို နှုတ်ဆက်ပြီးနောက် ပြောလေသည်

“ညီမလေးပျော်မယ်ဆိုရင် အစ်မ ဝင်မတားပါဘူး”

သူ(မ)ဘေးမှာ ယွီဖင်ယန်က ခပ်တည်တည်ကြည့်နေတာမလို့ ထိုထက်လွန်ကဲသည့် စကားတွေကို မပြောရဲဘဲ ပြတင်းပေါက် အပြင်ဖက်တွင်သာ ကို့ရို့ကားယား ရပ်နေရသည်။

ယွီရှန်းက ပြတင်းပေါက်ဘောင်ကိုမှီကာ ပါးကိုလက်တစ်ဖက်ဖြင့် ထောက်ထားပြီး ယွီစီးယွီ့ လာရသည့် အကြောင်းအရင်းကိုလည်း မမေးသလို အခန်းထဲဝင်ဖို့လည်း မဖိတ်ခေါ်ဘဲ နေပူပူအောက်မှာသာ ရပ်ထားခိုင်းလိုက်သည်။ သူ(မ)က သွား၃၇ချောင်းလုံးပေါ်အော် ရယ်မောနေသည်။ ချိန်းဖင်နှင့် ချိန်းရှီက နံရံနားကို ဆုတ်ခွာသွားခဲ့သည်။

ယွီစီးယွီ့က စကားမပြောခင် စိတ်ငြိမ်အောင် အကြိမ်များစွာ အသက်ရှူသွင်းလိုက်ရင်း

“ဒီနေ့က ဆောင်းဦးပွဲတော်နေ့လေ ဧကရာဇ်မင်းကြီးက ပြည်သူတွေကြည့်ရှုဖို့ ရှီဟယ်ဥယျာဥ်မှာ မီးပုံး ၉၉၉လုံး ချိတ်ဆွဲခိုင်းထားတယ်၊ အစ်ကိုကြီး နန်းတော်စားသောက်ပွဲက ပြန်လာတော့ တွေ့လိုက်လား”

ပြည်သူကြည့်ဖို့ဆိုသော်လည်း ပထမအဆင့် အဆင့်အတန်းမြင့်မျိုးရိုးနှင့် ဂုဏ်သရေရှိ မျိုးရိုးမိသားစုတွေသာ တက်ရောက်ခွင့်ရှိသည်။ မှူးမတ်စံအိမ်တော်ကလည်း အရည်အချင်းပြည့်မှီသည့် စံအိမ်တော်ကြီးဖြစ်တာမလို့ ယွီရှန်း သွားမရတော့ အဖွားက သူ(မ)ကိုပါ ခေါ်မသွားမှာကို ယွီစီးယွီ့ကြောက်နေခြင်းဖြစ်သည်။

“မီးပုံးတွေကို ညမှပဲ ကြည့်လို့ရတယ်”

ယွီဖင်ယန်က သူ့လက်ထဲက ယွီရှန်းကို နှိပ်ပေးကာ မေးလေသည်

“ရှန်းအာ သွားချင်လား”

“မသွားဘူး”

ယွီရှန်းက တွေးတောင်မတွေးဘဲ ငြင်းလိုက်လေသည်။ နန်းတော်က မီးပုံးလေးတွေက Neon lightတွေလောက် စိတ်ဝင်စားဖို့ကောင်းပါ့မလား။ ဘေးမှာ လူတွေအများကြီးရှိနေမှာကိုလည်း မကြိုက်ပေ။

“မရဘူး သွားကိုသွားရမယ်၊ ချန်ရှီအချိန် ၄၅မိနစ်(7pm-9pm) မှာ အစ်ကိုကြီး လာခေါ်မယ်”

ယွီဖင်ယန်ကသာ နောက်ဆုံး ဆုံးဖြတ်ပေးလိုက်ပြီး ရှန်းအာကို တစ်ဘဝလုံး လူတောမတိုးဘဲ ဒီအဆောင်ခြံဝန်းထဲမှာပဲ အထီးကျန်စွာ ပုန်းခိုမနေစေချင်ပေ။ သူ(မ)ကို ပိုပျော်ရွှင်စေချင်ပြီး ဝင့်ဝါစွာဖြင့် ဘာကိုမှဂရုစိုက်စရာမလိုဘဲ နေထိုင်စေချင်သည်။

ယွီရှန်း ကန့်ကွက်မည့်အချိန်မှာပဲ ယွီဖင်ယန်က သူ(မ)ကို စကားပြောခွင့်မပေးဘဲ ဖိနပ်စီးကာ ထွက်ခွာသွားလေသည်။

ယွီစီးယွီ့က သူ့နောက်အမြန်လိုက်ကာ 

“အစ်ကိုကြီး ကျွန်မကိုကော ခေါ်သွားမှာလား၊ ကျွန်မ လိုက်လာတော့ ပိုကောင်းတာပေါ့၊ ရှန်းအာက သူ့ခြေထောက်တွေ အဆင်မပြေ ဖြစ်နေတော့ သူ့ကို စောင့်ရှောက်ပေးလို့ ရတယ်လေ”

ယွီဖင်ယန်က ခေါင်းတစ်ချက်ညိတ်ပြပြီး ခြေလှမ်းတွေကိုသွက်လိုက်ကာ ထွက်သွားခဲ့သည်။

ယွီရှန်းကို ကပ်ဖားနေစရာ မလိုတော့တာကြောင့် ယွီစီးယွီ့က ခြံတံခါးနားမှာ ကျေနပ်အားရစွာပြုံးပြီး အစေခံအိုကြီးတစ်သိုက်ကို ဦးဆောင်ကာ ပြန်ထွက်သွားခဲ့သည်။ ညနေအတွက် မြန်မြန်လေး အဝတ်အစားလဲ ပြင်ဆင်ရမယ်။ မီးပုံးပွဲတော်က ရှီဟယ်ဥယျာဥ်တော်မှာ ကျင်းပမှာဖြစ်ပြီး ဘုရင်ကြီးက အိမ်ရှေ့စံကို ဦးဆောင်ခိုင်းထားသည်။ တခြားအိမ်တော်က အမျိုးသမီးကြီးတွေလည်း ထိုပွဲကို တက်ရောက်မည်ဖြစ်သည်။ ထင်ပေါ်ကျော်ကြားသည့် အိမ်တော်က အမျိုးသမီးကြီးတွေရဲ့ အမြင်ကောင်း သို့မဟုတ် မြို့စား၊ မှူးမတ်အိမ်တော်က သမီးတွေနှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့ပါက သူ(မ)အနာဂတ် အတွက် အခွင့်ရေးကောင်းတွေ ရလာနိုင်သည်။

မှူးမတ်ကြီးနှင့် မမကြီး ထွက်သွားတော့ ချိန်းဖင်နှင့်ချိန်းရှီက လိပ်ပြာဖမ်းနေသည့် အိတ်ကိုပစ်ထုတ်ပြီး မျက်လုံးတွေက မကျေနပ်မှုတို့ဖြင့်ပြည့်နေသည်။ ခွင့်မတောင်းဘဲ ထွက်သွားကြလေသည်။


ထောင်ဟုန်က သူတို့နောက်ကျောကို လက်ညိုးထိုးကာ ပြောလေသည်

“မမလေး မှူးမတ်ကြီးလည်း ပြန်သွားကော သူတို့က ရိုင်းစိုင်းနေလိုက်တာ၊ ဘာလို့ မှူးမတ်ကြီးကို မတိုင်ပြောတာလဲ”

“အဲတာကအရေးမကြီးဘူး၊ ငါအပျင်းပြေသွားတဲ့အခါကျရင် သူတို့ကို ရှင်းထုတ်ပစ်မှာပါ”

ယွီရှန်းက လက်ယမ်းပြကာ ဒီနေ့ည လူတွေစည်ကားနေမည့် မီးပုံးပွဲကိုတွေးကာ စိတ်ညစ်သွားလေသည်။

****

ဒီဟန်မင်းဆက်က သူ(မ)သိသည့် ဟန်မင်းဆက်နှင့်မတူပေ။ လှုမှုယဥ်ကျေးမှုအရ အမျိုးသမီးတွေကို တော်တော်သက်ညှာပေးသည်။ လက်မထပ်ရသေးသည့် အမျိုးသမီးငယ်လေးတွေကို အစေခံတွေဝန်ရံကာ လူသူစုဝေးသည့် နေရာကို တက်ခွင့်ပြုသည်။ အမျိုးသမီးနှင့် အမျိုးသားကြားမှာ ကန့်သတ်ချက်တွေရှိသော်လည်း သိပ်မပြင်းထန်ပေ။ လက်ထပ်ပြီးထားအမျိုးသမီးတွေလည်း ထပ်လက်ထပ်လို့ရသည်။ ထို့ကြောင့် အဆင့်အတန်းမြင့် အမျိုးသမီးကြီးတွေက မှန်ကန်သည့်အိမ်ထောင်ဖက်ကို မတွေ့မချင်း ထပ်ပြီး လက်ထပ်ကြသည်။

ချန်ရှီအချိန် (7pm-9pm) မှာ ရှီဟယ် ဥယျာဥ်မှာ အသက်ကြီးကနေ အသက်ငယ် အရွယ်စုံ အမျိုးသား အမျိုးသမီးတွေဖြင့် ပြည့်နက်နေသည်။ အဆင့်အတန်းမြင့်မားတော်ဝင်မျိုးရိုးတွေက အဆောင်ထဲမှာစားသောက်ခွင့်ရသည်။ အရာရှိတွေရဲ့ ဇနီးသည်တွေက ခန်းမထဲမှာ စုဝေးကာ မိဖုရားနှင့် အိမ်ရှေ့စံကို အရိုအသေပေးကြပြီး အိမ်တွင်းရေးဘာညာ ပြောနေကြသည်။ လူငယ်တွေနှင့် ကလေးတွေက မီးပုံးတွေပြင်ဆင်ထားသည့် ဥယျာဥ်အနောက်ဖက်မှာ နေနေကြသည်။

ယွီဖင်ယန်က ယွီရှန်းကို ဥယျာဥ်အနောက်ဖက် ဝင်ပေါက်နားတွန်းသွားပြီး တိုက်တွန်းပြောဆိုလေသည်

“အစ်ကိုကြီးက အိမ်ရှေ့စံနဲ့ဆွေးနွေးစရာရှိတယ်၊ လိမ်လိမ်မာမာနဲ့ ဒီမှာစောင့်နေနော်၊ အစ်ကိုကြီးရဲ့ကိစ္စပြီးသွားတာနဲ့ တန်းလာခေါ်မယ်၊ ကြည့်ဦး ဟိုမှာ အရမ်းလှတဲ့ မီးပုံးတွေ အများကြီးရှိတယ်၊ ကြည့်ချင်ရင် ထောင်ဟုန်နဲ့ လျိုလွီ့ကို အဲနားကို တွန်းပို့ပေးခိုင်းလိုက်”

ယွီရှန်းကို အားပေးတိုက်တွန်းပြီးနောက် ခြေလှမ်းကျဲကြီးဖြင့် ထွက်ခွာသွားလေသည်။

လာပြီးတိုက်တွန်းနေသေးတယ်၊ ငါ ယွီရှန်း မလာချင်တာက ငါ့ကိုယ်ငါ သိမ်ငယ်နေလို့လို့ ထင်နေတာလား၊ ဒါကြောင့် လူတောတိုးအောင် လုပ်ပေးနေတာလား၊ ရူးလိုက်တဲ့အစ်ကိုကြီးရယ် ငါ့ကို အထင်သေးလွန်းနေပြီ၊ ဒီမီးပုံးတွေက neon lightတွေလောက်တောင် စိတ်ဝင်စားဖို့မကောင်းလို့ မလာချင်တာပါဟဲ့။

ယွီရှန်းက စိတ်ထဲက ငြီးတွားပြီး အရှေ့ကို မေးပင့်ကြည့်လိုက်သည်။

လေထုက ရေနံဆီလောင်ကျွမ်းသည့် အနံ့တွေပြည့်နေပြီး အခိုးအငွေ့ဖျော့ဖျော့ထွက်နေသည်။ အမျိုးသမီးငယ်၊ အမျိုးသားငယ်လေးတွေက ယိမ်းထိုးနေသည့် မီးပုံးအောက်မှာ ရယ်မောကာ စကားပြောနေကြသည်။ သူတို့ခြေထောက်နားမှာ ကလေးတွေက ပတ်ပြေးနေပြီးတစ်ခါတစ်လေ အားပါးတရ ရယ်နေကြသည်။ ဒါက တကယ်ကို ပျော်ရွှင်ဖွယ်ကောင်းပြီး စိတ်လှုပ်ရှားဖို့ကောင်းသည့် မြင်ကွင်းဖြစ်သည်။

ယွီရှန်းကလည်း ကိုယ်လေး အရှေ့ကို ကိုင်းကာ ကြည့်လိုက်သည်။

သူ(မ)ဘေးမှာရပ်နေသည့်ယွီစီးယွီ့က ပြုံးကာ မေးလေသည်

“အဲကို ရှန်းအာ သွားချင်လား၊ အစ်မ တွန်းပို့ပေးမယ်”

သူ(မ)က ဝှီးချဲကို အားစိုက်တွန်းလိုက်သည်။ ဘီးက အရှေ့ကို အနည်းငယ်ရွေ့သွားပြီး ဥယျာဥ်က စကျင်ကျောက်ချောဖြင့် ခင်းထားတာကြောင့် အရမ်းမရွေ့ဘဲ ယွီရှန်းကို အရိပ်ထဲကနေ ခေါ်ထုတ်ခဲ့လေသည်။

ဝှီးချဲဘီးသံကိုကြားတော့ လူအများက လှည့်ကြည့်လာခဲ့သည်။ တချို့က စပ်စုစိတ်အပြည့်ဖြင့် စိတ်ဝင်တစားကြည့်နေပြီး တချို့က အထင်အမြင်သေးစွာ ကြည့်နေကြသည်။ မျိုးရိုးမြင့်အိမ်တော်က သမီးတွေက သူ(မ)ခြေထောက်ကို ထူးဆန်းသည့် အမူအရာဖြင့် လက်ညိုးထားကာ ယွီရှန်းက အတင်းပြောဖို့ အဓိက ခေါင်းစဥ်ဖြစ်ခဲ့သည်။ 

ယွီစီးယွီ့က ပြုံးဖြီးကာ အယုံသွင်းလေသည်

“ရှန်းအာ အစ်မနဲ့လိုက်ခဲ့၊ သူတို့က နင်နဲ့မတွေ့တာကြာတော့ လွမ်းနေကြမှာ၊ ဒီနေ့ သူတို့နဲ့ စကားပြောလိုက်ဦး”

တကယ်လို့ သူတို့သာလွမ်းနေမယ်ဆိုရင် ဒီအချိန်ထိစောင့်မနေဘဲ လွန်ခဲ့သည့်၂လကတည်းက မှူးမတ်စံအိမ်တော်ကို လာလည်ပြီးလောက်ပြီဖြစ်သည်။ ယွီရှန်းက အောက်ပိုင်းသေတာကို နေသားကျပြီး ခံနိုင်ရည်ရှိပေမယ့် သူ(မ)ကို မျောက်ကြည့်သလို ကြည့်နေတာကို ခွင့်ပြုပေးခြင်းမဟုတ်ပေ။ ထိုလူတွေက သူ(မ)ကို သနားကြင်နာယောင်ဆောင်ပေမယ့် အတွင်းကတော့ သူ(မ)ရဲ့ ဒုက္ခခံစားနေရမှာကို အဟာရပြုကာ ကြိတ်ပျော်နေကြသည်။

ယွီရှန်းက ထိုကဲ့သို့ ယိုယွင်းနေသော မိတ်ဆွေဆက်ဆံရေးကို အလိုမရှိပေ။

“အစ်မ သွားနှင့်လိုက် ငါဒီမှာပဲစောင့်နေမယ်”

ယွီရှန်းက ခေါင်းလှည့်ကာ သူ့ဘေးက အပွင့်တွေဖွေးနေသည့် အပင်ကို နှစ်သက်ဖွယ်ကြည့်နေလိုက်သည်။

မျိုးရိုးမြင့် အမျိုးသမီးများစွာက ယွီစီးယွီ့ကို လက်ဝေ့ယမ်းပြနေကြသည်။ ကြီးမားသည့်နောက်ခံရှိတာကြောင့် ထိုမိန်းကလေးတွေရဲ့ အဝတ်အစားနှင့် လက်ဝတ်ရတာနာတွေက တောက်ပြောင်နေသည်။ ယွီစီးယွီ့က နှောင့်နှေးအောင်မနေရဲဘဲ ယွီရှန်းကို ထားခဲ့ကာ ဝမ်းမြောက်ဝမ်းသာစွာ ထွက်သွားလေသည်။

“မသန်မစွမ်း ညီမတစ်ယောက်ရှိနေတော့ စကားပြောဖို့အကြောင်းရသွားပြီး ယွီစီးယွီ့ ဒီနေ့တော့ ကောင်းကောင်းကြိုဆိုခံရပြီ”

ယွီရှန်းက ရယ်ပြီး ပန်းတွေအများကြီးပွင့်နေသည့်နေရာကို ညွှန်ပြကာ အစေခံတွေကို ပြောလေသည်

“ဟိုနားတွန်းပေး”

ခဏနေတော့ မှိန်ပြပြလမ်းကြားကနေ ခြေသံကြားလိုက်ရလေသည်။ ယွီရှန်းလှည့်ကြည့်လိုက်တော့ အစေခံအိုကြီးတစ်ယောက်က အနောက်က အလောတကြီးလိုက်နေပြီး ၇နှစ်၊ ၈နှစ်အရွယ် ကလေးမ ဝတုတ်လေးက မုန့်လေးကိုင်ကာ ပြေးနေသည်ကို တွေ့လိုက်ရသည်။

ကလေးမလေးက ဆံပင်၂ဖက်ခွဲကာ ခပ်မြင့်မြင့်စည်းထားပြီး ပါးဖောင်းဖောင်း၊ မျက်နှာဝိုင်းဝိုင်း၊ နှာခေါင်းလုံးလုံးလေးနှင့် ကလေးအဆီလေး အစ်ထွက်နေကာ မရပ်မနားပြေးနေလေသည်။ ပါးစပ်ထောင့်နားက မုန့်အနှစ်လေးပေနေသည်။ ဒီနားမှာ နောက်လူတစ်ယောက်ရှိတာကို ကလေးပေါက်စက သတိမထားမိဘဲ ယွီရှန်းကိုတွေ့တာ့ လန့်သွားလေသည်။ ကလေးမလေးက မျက်လုံးတွေပြူးကျယ်သွားပြီး ယွီရှန်းအောက်ပိုင်းကို အုပ်ထားသည့်စောင်ကို ရွံရှာအထင်သေးခြင်းမရှိဘဲ စပ်စုစွာကြည့်နေလေသည်။

အိုက်ယား ဒီဘောလုံးလေးက ဘယ်ကလာတာလဲ ချစ်ဖို့ကောင်းလိုက်တာ။ ကလေးမလေးရဲ့ ချစ်စရာကောင်းမှုအောက်မှာ နှလုံးသားလေး အရည်ပျော်သွားပေမယ့် ယွီရှန်းက မောက်မာသည့်အသွင်ဖမ်းကာ ခက်ထန်စွာမေးလေသည်။

“ဘာကြည့်တာလဲ မသန်မစွမ်းဖြစ်နေတဲ့လူကို တစ်ခါမှ မမြင်ဖူးဘူးလား”

သူ(မ)က အကျင့်မကောင်းသည့်ဗီလိန်လို ဟန်ဆောင်ကာ ကလေးတွေကို ခြိမ်းခြောက်ရတာကြိုက်သည်။ ကလေးတွေ ကြောက်လန့်ပြီး အော်ငိုကာ နှာခေါင်းထိပ်တွေနီရဲပြီး နှပ်ချေးပူဖောင်းတွေထသည်အထိ ငိုနေတာကို မြင်ရတာက သူ(မ)ကို ရွှင်မြူးစေသည်။

အခုတော့ သူ(မ)ကိုယ်တိုင်ကလည်း ဘောလုံးလေးလို လုံးနေတာကို မေ့နေလေသည်။ လပေါင်းများစွာ အိပ်လိုက်စားလိုက်ဖြင့် ကံကောင်းမှုတွေရရှိနေတာကြောင့် အသားတွေ တစ်နေ့တခြား ပိုတိုးလာလေသည်။ အသားအရေကလည်း ပိုဖြူဖွေးနူးညံ့လာကာ သာမာန်ရုပ်ရည်လေးကလည်း အခုဆို ပန်းချီရေးဆွဲထားသလို အရောင်အသွေးဖြင့် လှပနေသည်။

မျက်မှောင်ကြုပ်ကာ သွားကြိတ်ပြနေပုံက ကြမ်းတမ်းပြီးကြောက်စရာကောင်းမနေဘဲ ရယ်စရာကောင်းနေလေသည်။

အစေခံအိုကြီးက ဆူပူတော့မည့်အချိန်မှာပဲ မုန့်အနှစ်တွေပေနေသည့် သခင်မလေး ထရယ်သံကိုကြားလိုက်ရလေသည်

“အရင်က တစ်ခါမှမတွေ့ဖူးဘူး”

အစေခံအိုကြီးက ပါးစပ်ပိတ်ကာ ယွီရှန်းကို စိုက်ကြည့်နေလိုက်သည်။ သခင်မလေးက မွေးတုန်းက သတ်ဖို့လုပ်ကြံခံရသည်။ ၃လစောမွေးသည့်အပြင် ပြင်းထန်သည့် အဆိပ်ကိုလည်း မိခဲ့တာကြောင့် အသက်၃နှစ်မှ လမ်းလျှောက်တတ်ပြီး အသက်၆နှစ်မှစကားစပြောတတ်ခဲ့သည်။ သခင်မလေးက မိဘ၂ပါးနှင့် အစ်ကိုဖြစ်သူကိုကလွဲရင် ဘယ်သူ့ကိုမှ စကားမပြောခဲ့ပေ။ လူမှုဆက်ဆံရေးကို စိတ်မဝင်စားဘဲ အစားအသောက်တစ်မျိုးကိုသာ စိတ်ဝင်စားသည်။

မြှောက်ပင့်ခယပြီးမှ ဒီနေ့ပွဲတော်ရဲ့ စားပွဲသောက်ပွဲကို တက်ခိုင်းခဲ့ရသည်။ တစ်ယောက်ယောက်ကို သူ(မ) စကားစပြောလိမ့်မည်ဟုမထင်မိခဲ့ပေ။ အစေခံအိုကြီးက စိတ်လှုပ်ရှားစွာဖြင့် စိတ်ထဲမှာ အော်ဟစ်နေလေသည်။

ကလေးဝတုတ်လေး အနားရောက်တော့ ထိုအစ်မဆီက သူကြိုက်သည့် ကြာပန်းကိတ်မုန့်နံ့လေးလို အနံ့ကိုရလိုက်တော့ အနားကပ်လာပြီး ပြုံးနေလေသည်။

ဘောလုံးလေးရဲ့အပြုံးက ရူးကြောင်ကြောင်နှင့် ချစ်ဖို့ကောင်းလွန်းတာကြောင့် ချစ်ဖို့ကောင်းမှုအောက်မှု နှလုံးသားလေး အရည်ပျော်မသွားအောင် ယွီရှန်း ဖုံးဖိထားရလေသည်။ ဝတုတ်လေးရဲ့ ခေါင်းကိုလည်း ပွတ်ပေးချင်နေသည်။

“လာခဲ့”

သူ(မ)က လက်ကလေးဆန့်ထုတ်ကာ ဆွဲဆောင်လိုက်ပြီး

“မမရဲ့ခြေထောက်ကို ကလေးကိုပြမယ် ကလေးက မမကို ခေါင်းပွတ်ခွင့်ပြန်ပေး”

ဘောလုံးလေးက စဥ်းစားပြီးနောက် ခေါင်ညိတ်ပြခဲ့သည်။ အစေခံအိုကြီးက သူတို့ကို စိုက်ကြည့်နေပြီး အသက်ပင် ပြင်းပြင်းမရှူရဲဘဲ ထိုရဲတင်းသည့် ကလေးမကို သူ့သခင်ရဲ့ခေါင်းကို ပေးပွတ်လိုက်ရမလား ဆူပူလိုက်ရမလားဆိုတာ မသိတော့ပေ။

သိပ်မဝေးသည့် ပန်းပင်နားလေးမှာ ရုတ်တရက်ကြီးရယ်သံတွေ ကြားလိုက်ရပြီး ချက်ချင်း ပြန်ပျောက်ကွယ် သွားခဲ့လေသည်။

#####

Zawgyi

TYCDTN 

Chapter 15

အနားေရာက္သြားမွ အခန္းထဲမွာ အစ္ကိုႀကီးပါရွိေနေၾကာင္းကို ယြီစီးယြီ့က သိသြားခဲ့သည္။ သူ႕လက္တစ္ဖက္က ယြီရွန္းရဲ႕ခါးကို ဖက္ထားကာ အရင္က တစ္ခါမွမေတြ႕ဖူးသည့္ ႏူးညံ့သည့္ အသြင္အျပင္ကိုလည္း ေတြ႕လိုက္ရေလသည္။ ဒီေကာင္မက ဒီအိမ္ေတာ္ရဲ႕သမီးအရင္းေနရာကို ယူထားသည့္ မ်ိဳးမစစ္ျဖစ္ေသာ္လည္း အဖြားႏွင့္ အစ္ကိုႀကီးက သူ႕ကိုပိုအလိုလိုက္လာခဲ့သည္။ သူ(မ)မရနိုင္သည့္အရာေတြကို ယြီရွန္းက စုန္းကေဝအတတ္ျဖင့္ ယူထားသလို ယြီစီးယြီ့က သူ(မ)ကို ေအးစက္စြာၾကည့္လိုက္ေလသည္။

မနာလိုတာက တစ္က႑ျဖစ္ေသာ္လည္း ယြီရွန္းရဲ႕ေငြေၾကးေထာက္ပံ့မႈသာ မရွိခဲ့ရင္ အေမနဲ႕အဖြားရဲ႕ မုန္းတီးျခင္းကို ခံေနရသည့္ သူ(မ)ရဲ႕ေန႕ရက္ေတြက အဆင္ေျပေနမည္မဟုတ္ေပ။ လင္ရွီက သူ(မ)ၿခံထဲက အေစခံေတြကို အကုန္လုံး အစားထိုးခဲ့ၿပီး ထိုအေစခံေတြနဲ႕က အဆင္မေျပေပ။ လင္ရွီက ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ရက္စက္သည့္ အေစခံအိုေတြကို ပို႔ခဲ့ၿပီး ထိုအေစခံအိုေတြက သူ(မ)သြားသည့္ေနာက္ လိုက္ခဲ့ၿပီး တစ္ခ်ိန္လုံး ေစာင့္ၾကည့္ေနခဲ့သည္။

ထိုဖိႏွိပ္ခ်ဳပ္ျခယ္သည့္ ခံစားခ်က္က သူ(မ)ကို စကားလုံး အျပဳအမူတိုင္းကို လိုက္ထိန္းခ်ဳပ္ေနၿပီး ပိုစိတ္ပ်က္စရာေကာင္းတာက အဖြားက သူ(မ)ကို လူေတာထဲမေခၚထုတ္တာ ၂လေက်ာ္ၾကာၿပီျဖစ္သည္။ အခု သူ(မ)အသက္က ၁၂ရွိၿပီမလို႔ အနာဂတ္မွာ အိမ္ေထာင္ဖက္ေကာင္းရဖို႔ တျခားအိမ္ေတြက အမ်ိဳးသမီးႀကီးေတြႏွင့္ ေတြ႕ဆုံရင္းႏွီးဖို႔လိုသည္။

အဖြားျဖစ္သူသာ သူ(မ)ကို မေအာင္သြယ္ေပးပါက ကိုယ္လုပ္ေတာ္ကေမြးသည့္ သမီးတစ္ေယာက္အေနျဖင့္ အဆင့္အတန္းမ်ိဳးရိုးျမင့္သည့္လူႏွင့္ လက္ထပ္ရဖို႔ ရွားပါးသည္။ လက္ထပ္ဖို႔အေကာင္းဆုံးအ႐ြယ္ျဖစ္သည့္ အသက္ ၁၆၊၁၇အ႐ြယ္မွာ သာမာန္လူျဖင့္ လက္ထပ္လိုက္ပါက သူ(မ)ဘဝက မႉးမတ္စံအိမ္ေတာ္လို ႀကီးက်ယ္ခမ္းနားေတာ့မည္ မဟုတ္ေပ။

ေတြးေလေလ ပိုမႏွစ္ၿမိဳ႕ေလ ျဖစ္လာၿပီး ေ႐ြးခ်ယ္စရာမရွိသည့္အဆုံး ယြီရွန္းဆီ ထပ္လာကာ ကပ္ဖားရျခင္းျဖစ္သည္။ နီးကပ္လာေလေလ ယြီရွန္းရဲ႕ ရယ္သံႀကီးကိုၾကားလိုက္ရေတာ့ စိတ္ဆင္းရဲသြားၿပီး အေစခံေတြဖက္ကေန ခုခံေျပာေပးခဲ့လိုက္သည္။ သူ(မ)ဘာအမွား လုပ္လိုက္မိမွန္း မသိေပမယ့္ ယြီဖင္ယန္ရဲ႕ေအးစက္စက္ အၾကည့္ေၾကာင့္ ထိတ္လန့္သြားခဲ့ရသည္။

ေအာက္ပိုင္းေသေနေတာ့ ဘာအေရးလဲ။ အဖြားနဲ႕ အစ္ကိုႀကီးက အစြမ္းကုန္ အလိုလိုက္ေနတာပဲ။ တကယ့္ ယြီရွန္း ျပန္လာတဲ့အခ်ိန္က်ရင္ စြန့္ပစ္ခံရမွာပဲ။

ယြီစီးယြီ့က စိတ္ထဲကေနသာ ေတြးေတာေနေပမယ့္ မ်က္ႏွာကေတာ့ အၿပဳံးႏုႏု ဆင္ျမန္းကာ ယြီဖင္ယန္ကို ႏႈတ္ဆက္ၿပီးေနာက္ ေျပာေလသည္

“ညီမေလးေပ်ာ္မယ္ဆိုရင္ အစ္မ ဝင္မတားပါဘူး”

သူ(မ)ေဘးမွာ ယြီဖင္ယန္က ခပ္တည္တည္ၾကည့္ေနတာမလို႔ ထိုထက္လြန္ကဲသည့္ စကားေတြကို မေျပာရဲဘဲ ျပတင္းေပါက္ အျပင္ဖက္တြင္သာ ကို႔ရို႔ကားယား ရပ္ေနရသည္။

ယြီရွန္းက ျပတင္းေပါက္ေဘာင္ကိုမွီကာ ပါးကိုလက္တစ္ဖက္ျဖင့္ ေထာက္ထားၿပီး ယြီစီးယြီ့ လာရသည့္ အေၾကာင္းအရင္းကိုလည္း မေမးသလို အခန္းထဲဝင္ဖို႔လည္း မဖိတ္ေခၚဘဲ ေနပူပူေအာက္မွာသာ ရပ္ထားခိုင္းလိုက္သည္။ သူ(မ)က သြား၃၇ေခ်ာင္းလုံးေပၚေအာ္ ရယ္ေမာေနသည္။ ခ်ိန္းဖင္ႏွင့္ ခ်ိန္းရွီက နံရံနားကို ဆုတ္ခြာသြားခဲ့သည္။

ယြီစီးယြီ့က စကားမေျပာခင္ စိတ္ၿငိမ္ေအာင္ အႀကိမ္မ်ားစြာ အသက္ရႉသြင္းလိုက္ရင္း

“ဒီေန႕က ေဆာင္းဦးပြဲေတာ္ေန႕ေလ ဧကရာဇ္မင္းႀကီးက ျပည္သူေတြၾကည့္ရႈဖို႔ ရွီဟယ္ဥယ်ာဥ္မွာ မီးပုံး ၉၉၉လုံး ခ်ိတ္ဆြဲခိုင္းထားတယ္၊ အစ္ကိုႀကီး နန္းေတာ္စားေသာက္ပြဲက ျပန္လာေတာ့ ေတြ႕လိုက္လား”

ျပည္သူၾကည့္ဖို႔ဆိုေသာ္လည္း ပထမအဆင့္ အဆင့္အတန္းျမင့္မ်ိဳးရိုးႏွင့္ ဂုဏ္သေရရွိ မ်ိဳးရိုးမိသားစုေတြသာ တက္ေရာက္ခြင့္ရွိသည္။ မႉးမတ္စံအိမ္ေတာ္ကလည္း အရည္အခ်င္းျပည့္မွီသည့္ စံအိမ္ေတာ္ႀကီးျဖစ္တာမလို႔ ယြီရွန္း သြားမရေတာ့ အဖြားက သူ(မ)ကိုပါ ေခၚမသြားမွာကို ယြီစီးယြီ့ေၾကာက္ေနျခင္းျဖစ္သည္။

“မီးပုံးေတြကို ညမွပဲ ၾကည့္လို႔ရတယ္”

ယြီဖင္ယန္က သူ႕လက္ထဲက ယြီရွန္းကို ႏွိပ္ေပးကာ ေမးေလသည္

“ရွန္းအာ သြားခ်င္လား”

“မသြားဘူး”

ယြီရွန္းက ေတြးေတာင္မေတြးဘဲ ျငင္းလိုက္ေလသည္။ နန္းေတာ္က မီးပုံးေလးေတြက Neon lightေတြေလာက္ စိတ္ဝင္စားဖို႔ေကာင္းပါ့မလား။ ေဘးမွာ လူေတြအမ်ားႀကီးရွိေနမွာကိုလည္း မႀကိဳက္ေပ။

“မရဘူး သြားကိုသြားရမယ္၊ ခ်န္ရွီအခ်ိန္ ၄၅မိနစ္(7pm-9pm) မွာ အစ္ကိုႀကီး လာေခၚမယ္”

ယြီဖင္ယန္ကသာ ေနာက္ဆုံး ဆုံးျဖတ္ေပးလိုက္ၿပီး ရွန္းအာကို တစ္ဘဝလုံး လူေတာမတိုးဘဲ ဒီအေဆာင္ၿခံဝန္းထဲမွာပဲ အထီးက်န္စြာ ပုန္းခိုမေနေစခ်င္ေပ။ သူ(မ)ကို ပိုေပ်ာ္႐ႊင္ေစခ်င္ၿပီး ဝင့္ဝါစြာျဖင့္ ဘာကိုမွဂ႐ုစိုက္စရာမလိုဘဲ ေနထိုင္ေစခ်င္သည္။

ယြီရွန္း ကန့္ကြက္မည့္အခ်ိန္မွာပဲ ယြီဖင္ယန္က သူ(မ)ကို စကားေျပာခြင့္မေပးဘဲ ဖိနပ္စီးကာ ထြက္ခြာသြားေလသည္။

ယြီစီးယြီ့က သူ႕ေနာက္အျမန္လိုက္ကာ 

“အစ္ကိုႀကီး ကြၽန္မကိုေကာ ေခၚသြားမွာလား၊ ကြၽန္မ လိုက္လာေတာ့ ပိုေကာင္းတာေပါ့၊ ရွန္းအာက သူ႕ေျခေထာက္ေတြ အဆင္မေျပ ျဖစ္ေနေတာ့ သူ႕ကို ေစာင့္ေရွာက္ေပးလို႔ ရတယ္ေလ”

ယြီဖင္ယန္က ေခါင္းတစ္ခ်က္ညိတ္ျပၿပီး ေျခလွမ္းေတြကိုသြက္လိုက္ကာ ထြက္သြားခဲ့သည္။

ယြီရွန္းကို ကပ္ဖားေနစရာ မလိုေတာ့တာေၾကာင့္ ယြီစီးယြီ့က ၿခံတံခါးနားမွာ ေက်နပ္အားရစြာၿပဳံးၿပီး အေစခံအိုႀကီးတစ္သိုက္ကို ဦးေဆာင္ကာ ျပန္ထြက္သြားခဲ့သည္။ ညေနအတြက္ ျမန္ျမန္ေလး အဝတ္အစားလဲ ျပင္ဆင္ရမယ္။ မီးပုံးပြဲေတာ္က ရွီဟယ္ဥယ်ာဥ္ေတာ္မွာ က်င္းပမွာျဖစ္ၿပီး ဘုရင္ႀကီးက အိမ္ေရွ႕စံကို ဦးေဆာင္ခိုင္းထားသည္။ တျခားအိမ္ေတာ္က အမ်ိဳးသမီးႀကီးေတြလည္း ထိုပြဲကို တက္ေရာက္မည္ျဖစ္သည္။ ထင္ေပၚေက်ာ္ၾကားသည့္ အိမ္ေတာ္က အမ်ိဳးသမီးႀကီးေတြရဲ႕ အျမင္ေကာင္း သို႔မဟုတ္ ၿမိဳ႕စား၊ မႉးမတ္အိမ္ေတာ္က သမီးေတြႏွင့္ မိတ္ေဆြဖြဲ႕နိုင္ခဲ့ပါက သူ(မ)အနာဂတ္ အတြက္ အခြင့္ေရးေကာင္းေတြ ရလာနိုင္သည္။

မႉးမတ္ႀကီးႏွင့္ မမႀကီး ထြက္သြားေတာ့ ခ်ိန္းဖင္ႏွင့္ခ်ိန္းရွီက လိပ္ျပာဖမ္းေနသည့္ အိတ္ကိုပစ္ထုတ္ၿပီး မ်က္လုံးေတြက မေက်နပ္မႈတို႔ျဖင့္ျပည့္ေနသည္။ ခြင့္မေတာင္းဘဲ ထြက္သြားၾကေလသည္။


ေထာင္ဟုန္က သူတို႔ေနာက္ေက်ာကို လက္ညိုးထိုးကာ ေျပာေလသည္

“မမေလး မႉးမတ္ႀကီးလည္း ျပန္သြားေကာ သူတို႔က ရိုင္းစိုင္းေနလိုက္တာ၊ ဘာလို႔ မႉးမတ္ႀကီးကို မတိုင္ေျပာတာလဲ”

“အဲတာကအေရးမႀကီးဘူး၊ ငါအပ်င္းေျပသြားတဲ့အခါက်ရင္ သူတို႔ကို ရွင္းထုတ္ပစ္မွာပါ”

ယြီရွန္းက လက္ယမ္းျပကာ ဒီေန႕ည လူေတြစည္ကားေနမည့္ မီးပုံးပြဲကိုေတြးကာ စိတ္ညစ္သြားေလသည္။

****

ဒီဟန္မင္းဆက္က သူ(မ)သိသည့္ ဟန္မင္းဆက္ႏွင့္မတူေပ။ လႈမႈယဥ္ေက်းမႈအရ အမ်ိဳးသမီးေတြကို ေတာ္ေတာ္သက္ညွာေပးသည္။ လက္မထပ္ရေသးသည့္ အမ်ိဳးသမီးငယ္ေလးေတြကို အေစခံေတြဝန္ရံကာ လူသူစုေဝးသည့္ ေနရာကို တက္ခြင့္ျပဳသည္။ အမ်ိဳးသမီးႏွင့္ အမ်ိဳးသားၾကားမွာ ကန့္သတ္ခ်က္ေတြရွိေသာ္လည္း သိပ္မျပင္းထန္ေပ။ လက္ထပ္ၿပီးထားအမ်ိဳးသမီးေတြလည္း ထပ္လက္ထပ္လို႔ရသည္။ ထို႔ေၾကာင့္ အဆင့္အတန္းျမင့္ အမ်ိဳးသမီးႀကီးေတြက မွန္ကန္သည့္အိမ္ေထာင္ဖက္ကို မေတြ႕မခ်င္း ထပ္ၿပီး လက္ထပ္ၾကသည္။

ခ်န္ရွီအခ်ိန္ (7pm-9pm) မွာ ရွီဟယ္ ဥယ်ာဥ္မွာ အသက္ႀကီးကေန အသက္ငယ္ အ႐ြယ္စုံ အမ်ိဳးသား အမ်ိဳးသမီးေတြျဖင့္ ျပည့္နက္ေနသည္။ အဆင့္အတန္းျမင့္မားေတာ္ဝင္မ်ိဳးရိုးေတြက အေဆာင္ထဲမွာစားေသာက္ခြင့္ရသည္။ အရာရွိေတြရဲ႕ ဇနီးသည္ေတြက ခန္းမထဲမွာ စုေဝးကာ မိဖုရားႏွင့္ အိမ္ေရွ႕စံကို အရိုအေသေပးၾကၿပီး အိမ္တြင္းေရးဘာညာ ေျပာေနၾကသည္။ လူငယ္ေတြႏွင့္ ကေလးေတြက မီးပုံးေတြျပင္ဆင္ထားသည့္ ဥယ်ာဥ္အေနာက္ဖက္မွာ ေနေနၾကသည္။

ယြီဖင္ယန္က ယြီရွန္းကို ဥယ်ာဥ္အေနာက္ဖက္ ဝင္ေပါက္နားတြန္းသြားၿပီး တိုက္တြန္းေျပာဆိုေလသည္

“အစ္ကိုႀကီးက အိမ္ေရွ႕စံနဲ႕ေဆြးေႏြးစရာရွိတယ္၊ လိမ္လိမ္မာမာနဲ႕ ဒီမွာေစာင့္ေနေနာ္၊ အစ္ကိုႀကီးရဲ႕ကိစၥၿပီးသြားတာနဲ႕ တန္းလာေခၚမယ္၊ ၾကည့္ဦး ဟိုမွာ အရမ္းလွတဲ့ မီးပုံးေတြ အမ်ားႀကီးရွိတယ္၊ ၾကည့္ခ်င္ရင္ ေထာင္ဟုန္နဲ႕ လ်ိဳလြီ့ကို အဲနားကို တြန္းပို႔ေပးခိုင္းလိုက္”

ယြီရွန္းကို အားေပးတိုက္တြန္းၿပီးေနာက္ ေျခလွမ္းက်ဲႀကီးျဖင့္ ထြက္ခြာသြားေလသည္။

လာၿပီးတိုက္တြန္းေနေသးတယ္၊ ငါ ယြီရွန္း မလာခ်င္တာက ငါ့ကိုယ္ငါ သိမ္ငယ္ေနလို႔လို႔ ထင္ေနတာလား၊ ဒါေၾကာင့္ လူေတာတိုးေအာင္ လုပ္ေပးေနတာလား၊ ႐ူးလိုက္တဲ့အစ္ကိုႀကီးရယ္ ငါ့ကို အထင္ေသးလြန္းေနၿပီ၊ ဒီမီးပုံးေတြက neon lightေတြေလာက္ေတာင္ စိတ္ဝင္စားဖို႔မေကာင္းလို႔ မလာခ်င္တာပါဟဲ့။

ယြီရွန္းက စိတ္ထဲက ၿငီးတြားၿပီး အေရွ႕ကို ေမးပင့္ၾကည့္လိုက္သည္။

ေလထုက ေရနံဆီေလာင္ကြၽမ္းသည့္ အနံ႕ေတြျပည့္ေနၿပီး အခိုးအေငြ႕ေဖ်ာ့ေဖ်ာ့ထြက္ေနသည္။ အမ်ိဳးသမီးငယ္၊ အမ်ိဳးသားငယ္ေလးေတြက ယိမ္းထိုးေနသည့္ မီးပုံးေအာက္မွာ ရယ္ေမာကာ စကားေျပာေနၾကသည္။ သူတို႔ေျခေထာက္နားမွာ ကေလးေတြက ပတ္ေျပးေနၿပီးတစ္ခါတစ္ေလ အားပါးတရ ရယ္ေနၾကသည္။ ဒါက တကယ္ကို ေပ်ာ္႐ႊင္ဖြယ္ေကာင္းၿပီး စိတ္လႈပ္ရွားဖို႔ေကာင္းသည့္ ျမင္ကြင္းျဖစ္သည္။

ယြီရွန္းကလည္း ကိုယ္ေလး အေရွ႕ကို ကိုင္းကာ ၾကည့္လိုက္သည္။

သူ(မ)ေဘးမွာရပ္ေနသည့္ယြီစီးယြီ့က ၿပဳံးကာ ေမးေလသည္

“အဲကို ရွန္းအာ သြားခ်င္လား၊ အစ္မ တြန္းပို႔ေပးမယ္”

သူ(မ)က ဝွီးခ်ဲကို အားစိုက္တြန္းလိုက္သည္။ ဘီးက အေရွ႕ကို အနည္းငယ္ေ႐ြ႕သြားၿပီး ဥယ်ာဥ္က စက်င္ေက်ာက္ေခ်ာျဖင့္ ခင္းထားတာေၾကာင့္ အရမ္းမေ႐ြ႕ဘဲ ယြီရွန္းကို အရိပ္ထဲကေန ေခၚထုတ္ခဲ့ေလသည္။

ဝွီးခ်ဲဘီးသံကိုၾကားေတာ့ လူအမ်ားက လွည့္ၾကည့္လာခဲ့သည္။ တခ်ိဳ႕က စပ္စုစိတ္အျပည့္ျဖင့္ စိတ္ဝင္တစားၾကည့္ေနၿပီး တခ်ိဳ႕က အထင္အျမင္ေသးစြာ ၾကည့္ေနၾကသည္။ မ်ိဳးရိုးျမင့္အိမ္ေတာ္က သမီးေတြက သူ(မ)ေျခေထာက္ကို ထူးဆန္းသည့္ အမူအရာျဖင့္ လက္ညိုးထားကာ ယြီရွန္းက အတင္းေျပာဖို႔ အဓိက ေခါင္းစဥ္ျဖစ္ခဲ့သည္။ 

ယြီစီးယြီ့က ၿပဳံးၿဖီးကာ အယုံသြင္းေလသည္

“ရွန္းအာ အစ္မနဲ႕လိုက္ခဲ့၊ သူတို႔က နင္နဲ႕မေတြ႕တာၾကာေတာ့ လြမ္းေနၾကမွာ၊ ဒီေန႕ သူတို႔နဲ႕ စကားေျပာလိုက္ဦး”

တကယ္လို႔ သူတို႔သာလြမ္းေနမယ္ဆိုရင္ ဒီအခ်ိန္ထိေစာင့္မေနဘဲ လြန္ခဲ့သည့္၂လကတည္းက မႉးမတ္စံအိမ္ေတာ္ကို လာလည္ၿပီးေလာက္ၿပီျဖစ္သည္။ ယြီရွန္းက ေအာက္ပိုင္းေသတာကို ေနသားက်ၿပီး ခံနိုင္ရည္ရွိေပမယ့္ သူ(မ)ကို ေမ်ာက္ၾကည့္သလို ၾကည့္ေနတာကို ခြင့္ျပဳေပးျခင္းမဟုတ္ေပ။ ထိုလူေတြက သူ(မ)ကို သနားၾကင္နာေယာင္ေဆာင္ေပမယ့္ အတြင္းကေတာ့ သူ(မ)ရဲ႕ ဒုကၡခံစားေနရမွာကို အဟာရျပဳကာ ႀကိတ္ေပ်ာ္ေနၾကသည္။

ယြီရွန္းက ထိုကဲ့သို႔ ယိုယြင္းေနေသာ မိတ္ေဆြဆက္ဆံေရးကို အလိုမရွိေပ။

“အစ္မ သြားႏွင့္လိုက္ ငါဒီမွာပဲေစာင့္ေနမယ္”

ယြီရွန္းက ေခါင္းလွည့္ကာ သူ႕ေဘးက အပြင့္ေတြေဖြးေနသည့္ အပင္ကို ႏွစ္သက္ဖြယ္ၾကည့္ေနလိုက္သည္။

မ်ိဳးရိုးျမင့္ အမ်ိဳးသမီးမ်ားစြာက ယြီစီးယြီ့ကို လက္ေဝ့ယမ္းျပေနၾကသည္။ ႀကီးမားသည့္ေနာက္ခံရွိတာေၾကာင့္ ထိုမိန္းကေလးေတြရဲ႕ အဝတ္အစားႏွင့္ လက္ဝတ္ရတာနာေတြက ေတာက္ေျပာင္ေနသည္။ ယြီစီးယြီ့က ေႏွာင့္ေႏွးေအာင္မေနရဲဘဲ ယြီရွန္းကို ထားခဲ့ကာ ဝမ္းေျမာက္ဝမ္းသာစြာ ထြက္သြားေလသည္။

“မသန္မစြမ္း ညီမတစ္ေယာက္ရွိေနေတာ့ စကားေျပာဖို႔အေၾကာင္းရသြားၿပီး ယြီစီးယြီ့ ဒီေန႕ေတာ့ ေကာင္းေကာင္းႀကိဳဆိုခံရၿပီ”

ယြီရွန္းက ရယ္ၿပီး ပန္းေတြအမ်ားႀကီးပြင့္ေနသည့္ေနရာကို ၫႊန္ျပကာ အေစခံေတြကို ေျပာေလသည္

“ဟိုနားတြန္းေပး”

ခဏေနေတာ့ မွိန္ျပျပလမ္းၾကားကေန ေျခသံၾကားလိုက္ရေလသည္။ ယြီရွန္းလွည့္ၾကည့္လိုက္ေတာ့ အေစခံအိုႀကီးတစ္ေယာက္က အေနာက္က အေလာတႀကီးလိုက္ေနၿပီး ၇ႏွစ္၊ ၈ႏွစ္အ႐ြယ္ ကေလးမ ဝတုတ္ေလးက မုန့္ေလးကိုင္ကာ ေျပးေနသည္ကို ေတြ႕လိုက္ရသည္။

ကေလးမေလးက ဆံပင္၂ဖက္ခြဲကာ ခပ္ျမင့္ျမင့္စည္းထားၿပီး ပါးေဖာင္းေဖာင္း၊ မ်က္ႏွာဝိုင္းဝိုင္း၊ ႏွာေခါင္းလုံးလုံးေလးႏွင့္ ကေလးအဆီေလး အစ္ထြက္ေနကာ မရပ္မနားေျပးေနေလသည္။ ပါးစပ္ေထာင့္နားက မုန့္အႏွစ္ေလးေပေနသည္။ ဒီနားမွာ ေနာက္လူတစ္ေယာက္ရွိတာကို ကေလးေပါက္စက သတိမထားမိဘဲ ယြီရွန္းကိုေတြ႕တာ့ လန့္သြားေလသည္။ ကေလးမေလးက မ်က္လုံးေတြျပဴးက်ယ္သြားၿပီး ယြီရွန္းေအာက္ပိုင္းကို အုပ္ထားသည့္ေစာင္ကို ႐ြံရွာအထင္ေသးျခင္းမရွိဘဲ စပ္စုစြာၾကည့္ေနေလသည္။

အိုက္ယား ဒီေဘာလုံးေလးက ဘယ္ကလာတာလဲ ခ်စ္ဖို႔ေကာင္းလိုက္တာ။ ကေလးမေလးရဲ႕ ခ်စ္စရာေကာင္းမႈေအာက္မွာ ႏွလုံးသားေလး အရည္ေပ်ာ္သြားေပမယ့္ ယြီရွန္းက ေမာက္မာသည့္အသြင္ဖမ္းကာ ခက္ထန္စြာေမးေလသည္။

“ဘာၾကည့္တာလဲ မသန္မစြမ္းျဖစ္ေနတဲ့လူကို တစ္ခါမွ မျမင္ဖူးဘူးလား”

သူ(မ)က အက်င့္မေကာင္းသည့္ဗီလိန္လို ဟန္ေဆာင္ကာ ကေလးေတြကို ၿခိမ္းေျခာက္ရတာႀကိဳက္သည္။ ကေလးေတြ ေၾကာက္လန့္ၿပီး ေအာ္ငိုကာ ႏွာေခါင္းထိပ္ေတြနီရဲၿပီး ႏွပ္ေခ်းပူေဖာင္းေတြထသည္အထိ ငိုေနတာကို ျမင္ရတာက သူ(မ)ကို ႐ႊင္ျမဴးေစသည္။

အခုေတာ့ သူ(မ)ကိုယ္တိုင္ကလည္း ေဘာလုံးေလးလို လုံးေနတာကို ေမ့ေနေလသည္။ လေပါင္းမ်ားစြာ အိပ္လိုက္စားလိုက္ျဖင့္ ကံေကာင္းမႈေတြရရွိေနတာေၾကာင့္ အသားေတြ တစ္ေန႕တျခား ပိုတိုးလာေလသည္။ အသားအေရကလည္း ပိုျဖဴေဖြးႏူးညံ့လာကာ သာမာန္႐ုပ္ရည္ေလးကလည္း အခုဆို ပန္းခ်ီေရးဆြဲထားသလို အေရာင္အေသြးျဖင့္ လွပေနသည္။

မ်က္ေမွာင္ၾကဳပ္ကာ သြားႀကိတ္ျပေနပုံက ၾကမ္းတမ္းၿပီးေၾကာက္စရာေကာင္းမေနဘဲ ရယ္စရာေကာင္းေနေလသည္။

အေစခံအိုႀကီးက ဆူပူေတာ့မည့္အခ်ိန္မွာပဲ မုန့္အႏွစ္ေတြေပေနသည့္ သခင္မေလး ထရယ္သံကိုၾကားလိုက္ရေလသည္

“အရင္က တစ္ခါမွမေတြ႕ဖူးဘူး”

အေစခံအိုႀကီးက ပါးစပ္ပိတ္ကာ ယြီရွန္းကို စိုက္ၾကည့္ေနလိုက္သည္။ သခင္မေလးက ေမြးတုန္းက သတ္ဖို႔လုပ္ႀကံခံရသည္။ ၃လေစာေမြးသည့္အျပင္ ျပင္းထန္သည့္ အဆိပ္ကိုလည္း မိခဲ့တာေၾကာင့္ အသက္၃ႏွစ္မွ လမ္းေလွ်ာက္တတ္ၿပီး အသက္၆ႏွစ္မွစကားစေျပာတတ္ခဲ့သည္။ သခင္မေလးက မိဘ၂ပါးႏွင့္ အစ္ကိုျဖစ္သူကိုကလြဲရင္ ဘယ္သူ႕ကိုမွ စကားမေျပာခဲ့ေပ။ လူမႈဆက္ဆံေရးကို စိတ္မဝင္စားဘဲ အစားအေသာက္တစ္မ်ိဳးကိုသာ စိတ္ဝင္စားသည္။

ျမႇောက္ပင့္ခယၿပီးမွ ဒီေန႕ပြဲေတာ္ရဲ႕ စားပြဲေသာက္ပြဲကို တက္ခိုင္းခဲ့ရသည္။ တစ္ေယာက္ေယာက္ကို သူ(မ) စကားစေျပာလိမ့္မည္ဟုမထင္မိခဲ့ေပ။ အေစခံအိုႀကီးက စိတ္လႈပ္ရွားစြာျဖင့္ စိတ္ထဲမွာ ေအာ္ဟစ္ေနေလသည္။

ကေလးဝတုတ္ေလး အနားေရာက္ေတာ့ ထိုအစ္မဆီက သူႀကိဳက္သည့္ ၾကာပန္းကိတ္မုန့္နံ႕ေလးလို အနံ႕ကိုရလိုက္ေတာ့ အနားကပ္လာၿပီး ၿပဳံးေနေလသည္။

ေဘာလုံးေလးရဲ႕အၿပဳံးက ႐ူးေၾကာင္ေၾကာင္ႏွင့္ ခ်စ္ဖို႔ေကာင္းလြန္းတာေၾကာင့္ ခ်စ္ဖို႔ေကာင္းမႈေအာက္မႈ ႏွလုံးသားေလး အရည္ေပ်ာ္မသြားေအာင္ ယြီရွန္း ဖုံးဖိထားရေလသည္။ ဝတုတ္ေလးရဲ႕ ေခါင္းကိုလည္း ပြတ္ေပးခ်င္ေနသည္။

“လာခဲ့”

သူ(မ)က လက္ကေလးဆန့္ထုတ္ကာ ဆြဲေဆာင္လိုက္ၿပီး

“မမရဲ႕ေျခေထာက္ကို ကေလးကိုျပမယ္ ကေလးက မမကို ေခါင္းပြတ္ခြင့္ျပန္ေပး”

ေဘာလုံးေလးက စဥ္းစားၿပီးေနာက္ ေခါင္ညိတ္ျပခဲ့သည္။ အေစခံအိုႀကီးက သူတို႔ကို စိုက္ၾကည့္ေနၿပီး အသက္ပင္ ျပင္းျပင္းမရႉရဲဘဲ ထိုရဲတင္းသည့္ ကေလးမကို သူ႕သခင္ရဲ႕ေခါင္းကို ေပးပြတ္လိုက္ရမလား ဆူပူလိုက္ရမလားဆိုတာ မသိေတာ့ေပ။

သိပ္မေဝးသည့္ ပန္းပင္နားေလးမွာ ႐ုတ္တရက္ႀကီးရယ္သံေတြ ၾကားလိုက္ရၿပီး ခ်က္ခ်င္း ျပန္ေပ်ာက္ကြယ္ သြားခဲ့ေလသည္။

#####

Ga verder met lezen

Dit interesseert je vast

55.7K 5.9K 89
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
42.2K 4.9K 20
က် ိဳးလုေဖးရွန္​း၏ Master series ဘာသာျပန္​
91K 16K 200
Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင္ဖတ္လို႔ရပါတယ္
550K 64.2K 184
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...