Love is Evil ( Completed )

Por NangKhaingNiTun

87.4K 5.2K 359

ဘယ်သူမှ မမြင်ရတဲ့ နှလုံးသား ကတော့ ဘယ်လောက်ပဲ ချစ်တတ် ပါတယ်ပြောပြော လူတွေဆိုတာ မြင်ရတဲ့ အပြင်ပန်း ပုံသဏ္ဌာန် က... Más

Ep - 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Ep - 25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 30
Ep - 31
Ep - 32
Ep - 33
Ep - 34
Ep - 35
Ep - 36
Ep - 37
Ep - 38
Ep - 39
Ep - 40
Ep - 41
Ep - 42
Ep - 43
Ep - 44
Ep - 45
Ep - 46 ( Final )

Ep - 12

1.6K 127 6
Por NangKhaingNiTun

Wang အိမ်တွင် ...

' ဒေါက် ... ဒေါက် ...'

' ဝင်ခဲ့ ...။'

ရိပေါ် ဝင်ခဲ့ လို့ ပြောတာနဲ့ ခွက် တစ်ခွက် နဲ့ ပန်းကန် တစ်ခု ကိုင်ရင်း ဝင်လာတာက ရှောင်းရှောင်း ...။

' ရိပေါ် ... ဒီမှာ ငါ မင်း အတွက် ကော်ဖီ နဲ့ မုန့် ယူလာပေးတယ်။ အလုပ် လုပ်ရင်း စားရအောင်လို့ ...။'

ရိပေါ် Laptop ကြည့်နေရင်းကနေ သူ့ အနား လာပြီး လိုချင်တာ ရှိလို့ မျက်နှာ လာလုပ်တဲ့ အသံနဲ့ ရှောင်းရှောင်း ကို မျက်လုံး တစ်ချက် လှန်ကြည့်ရင်း ...

' ဘာ လုပ်ချင်နေပြန်ပြီလဲ ...။ ဒီနေ့တော့ ရှောင်းကျန့် ကို ညာပြီး အိမ် ထပ်မခေါ်လောက်ပါဘူး။'

' အဟီး ... ရိပေါ် ကလည်း ...။'

ရှောင်းရှောင်း သွားဖြီး ပြရင်း၊ ကော်ဖီ ခွက် နဲ့ မုန့် ပန်းကန် ကို အလုပ်စားပွဲပေါ်မှာ ချပြီး လူ ကတော့ ရိပေါ် အနား စွေ့ခနဲ ရောက်သွားရင်း ရိပေါ် ရဲ့ ပုခုံး ကနေ လက်မောင်းထိ မနာအောင် ထု ပေးနေတယ်။

' ပြော ... ဘာအလိုရှိတာလဲ ...'

ရှောင်းရှောင်း ပြောရမလား မပြောရဘူးလား စဉ်းစားလိုက်သည်။ မပြောရင်လည်း သူ နဲ့ ရိပေါ် ဘယ်တော့မှ ပွင့်လင်းမှာ မဟုတ်တော့ပါ။

' ဟိုလေ ...'

' အင်း ...'

' ငါ့ကို ဝူယွင် က ရည်းစား စကား ပြောထားတယ်။'

' အင်း ...'

' တကယ်တမ်း သူ ငါ့ကို ချစ်တယ် ပြောလာတော့လည်း ငါက အဲ့လောက်ကြီး ရင်မခုန်တော့ဘူး။'

' အဲ့တော့ ... အခုက ငါ့ကို ဘာပြောချင်နေတာလဲ ...။'

' သူ ငါ့ကို အဖြေတောင်းနေတယ်။ အဲ့ဒါ ငါ ဘယ်လို လုပ်ရမလဲ ...။'

ရိပေါ် ရှောင်းရှောင်း ဘက်ကို သေချာလှည့်ကြည့်ရင်း ...

' မင်း စိတ်ထဲ ရှိတဲ့ အတိုင်း ပြန်ပြောလိုက်ပေါ့။ မချစ်ရင် မချစ်ဘူး အပြတ်ပြောလိုက်၊ မဟုတ်ရင် တစ်ဖက်လူကို မျှော်လင့်ချက် ပေးသလို ဖြစ်နေမှာ။ ပြီးရင် မင်းလည်း စိတ်ထဲ တနုံ့နုံ့ ဖြစ်နေမှာ။'

' အင်းနော် ...။ ဒါဆို ငါ သူ့ကို အပြတ်ပဲ ပြောလိုက်တော့မယ်။ အဲ့ဒါကြောင့် သူ ငါ့ကို ချိန်းတာကို ငါ သွားလိုက်မယ်နော် ...။'

' တစ်ယောက်တည်း လား ...။'

' အင်း ... တစ်ယောက်တည်း ပေါ့။ ဒီနေ့ ရှောင်း ကိုသာ ထပ် အနှောင့်ယှက် ပေးရင် ယုန်သွားနဲ့ ကိုက်ခံ ရတော့မယ်။'

ရိပေါ် ရှောင်းရှောင်း ရဲ့ စကားကြောင့် ပြုံးရုံ ပြုံးနေလိုက်သည်။

' ဪ ... ဒါနဲ့ ရိပေါ် ငါ့ဘာသာ ကား မောင်းသွားလိုက်မယ်နော်။'

' ဖြစ်မှာလား ...။ မောင်း နေကျလည်း မဟုတ်ပဲနဲ့။'

' ဖြစ်ပါတယ်။'

' အင်း ... သဘော။ အကြောင်း တစ်ခုခု ရှိရင် ချက်ချင်း ဖုန်းဆက်ခဲ့လိုက်။'

' အင်းပါ ...။'

ရှောင်းရှောင်း ရိပေါ် အနား ရပ်နေရင်းနဲ့ ရိပေါ် ရဲ့ Laptop ဆီ အကြည့်ရောက်သွားသည်။

' ရိပေါ် ကား ထပ်ဝယ် မလို့လား...။'

ရိပေါ် ရှောင်းရှောင်း ပြောမှ Laptop ကို အပေါ် အောက် ဆွဲလိုက်ပြီး ...

' ကား Company ထောင် မလားလို့လေ။ မင်းမှ ငါ့ကို စမ်းသပ်မှု ပေးမလုပ်တော့တာ။'

ရှောင်းရှောင်း ကား Company ထောင်မယ်ဆိုမှ ကား လိုချင်နေတဲ့ ရှောင်း ကို သတိရသွားသည်။

' အဲ့ဒါဆို မြန်မြန် ထောင် လိုက်တော့။ ရှောင်း လည်း ကား လိုချင်နေတာတဲ့။'

ရိပေါ် ငွေ အများကြီး ရင်းပြီး Company ထောင်ရမှာကို လမ်းဘေး မုန့်ဆိုင် ဖွင့်သလို အမြန်လုပ်ခိုင်းနေတဲ့ ရှောင်းရှောင်းကြောင့် မနိုင်ဘူး ဆိုတဲ့ ပုံစံ နဲ့ ခေါင်းခါရမ်းလိုက်ရင်း ...

' Company ထောင်တာ အဲ့လောက် လွယ်မလား။ ပြီးတော့ ကား ကို ကိုယ်တိုင် စစ်ဆေးပြီး သွင်းရမှာ။ ရော့ ... ပိုက်ဆံ ဆိုပြီး ကြိုက်တဲ့ ကား လက်ညိုး ထိုးလာလို့ မရဘူး။'

' ဒါဆို ငါ က မင်းကို ရှောင်း ကို ကား ပေးပြီး ပိုးခိုင်း မလို့ဟာက မဖြစ်နိုင်တော့ဘူးပေါ့။'

ရိပေါ် ဒီတစ်ခါတော့ မျက်လုံး ပါ ပြူးသွားတယ်။

' ဘယ်လို !!! ငါ့ကို ရှောင်းကျန့် ကို ကား ပေးခိုင်းပြီး ပိုးပန်းခိုင်းမယ် ဟုတ်လား။'

ရှောင်းရှောင်း ပြန်မဖြေသေးပဲ ရိပေါ် အလုပ်စားပွဲရှေ့က ခုံမှာ လာထိုင်ရင်း ...

' အင်းလေ ...။ ရှောင်း က ကား လိုချင်နေတာ။ ပြီးတော့ ငါက ရှောင်း ကို မင်းနဲ့ ယူစေချင်နေတာလေ။ အဲ့တော့ မင်း လည်း ကား Company ထောင်မှာဆိုတော့ အဆင်သင့်ပဲ ဆိုပြီး တွေးလိုက်တာပေါ့။'

ရိပေါ် သူ့ကို သူများကို အရမ်းပေးချင်နေတဲ့ ရှောင်းရှောင်း ကို ကြည့်ရင်း စ ဖို့ တွေးလိုက်သည်။

' မင်း ဝူယွင် ကို မချစ်ဘူးဆို...။ အဲ့ဒါ ငါနဲ့ လက်ထပ် လိုက်တာ မကောင်းဘူးလား။'

' ဝူယွင် ကို အစက သဘောကျသလို ထင်နေခဲ့တာတောင် အခုမှ တကယ် မချစ်မှန်း သိသွားတာပါဆို ...။ မင်း ကို ငယ်ငယ်ကတည်းက ချစ်သူ လို ခံစားမှုနဲ့ တစ်ခါမှ သဘောမကျဖူးတာ ... ချစ် လာမယ် ဆိုတာ ပိုတောင် မဖြစ်နိုင်တော့ဘူးပေါ့။'

' အေးပါ ... အေးပါ။ ငါလည်း မင်း ငါ့ကို ခါးခါးသီးသီး ငြင်းတာ ကြာတော့ ငါ့ကိုယ်ငါလည်း မင်းကို သံယောဇဉ် ရှိတာလား ချစ်တာလား ဆိုတာ တကယ် မကွဲတော့ဘူး။'

' ဒါပေမယ့် မင်း ငါ့ကို ချစ်တယ်၊ လက်ထပ်ချင်တယ်သာ ပြောတာ ငါနဲ့ နီးနီးကပ်ကပ် နေတိုင်းလည်း သာမန်ထက် ပိုပြီး ရင်မခုန်ဘူးမလား။'

' အင်း ... အဲ့ဒါတော့ ဟုတ်တယ်။'

' ပြီးတော့ ငါ့မျက်လုံးကို ကြည့်မိရင်ကော စိတ်လှုပ်ရှား လာတာမျိုး ဖြစ်လား။'

ရိပေါ် သူ့ကို ပြောရင်း ကြည့်လာတဲ့ ရှောင်းရှောင်း ကို မျက်လုံး ချင်း ဆုံအောင် ကြည့်လိုက်ပြီး ...

' မဖြစ်ဘူး ...။'

ရှောင်းရှောင်း ရိပေါ်ရဲ့ စကားဆုံးတာနဲ့ ထ ပြီး ကိုယ်ကို ကိုင်းရင်း ရိပေါ် ရဲ့ ခေါင်းကို ခေါက် ပစ်လိုက်သည်။

' ဒေါက် ...'

' အ ... ဝမ်ရှောင်းရှောင်း ... မင်း ဘာလို့ ငါ့ ခေါင်း ကို ခေါက်တာလဲ ...။'

' ခေါက် မှာပဲ။ တစ်လျှောက်လုံး ငါ့ကို စိတ်အနှောင့်ယှက် ပေးတဲ့ မင်း ကို အပြစ်ပေးတာ။'

ရိပေါ် မနာပေမယ့် ပုံသွင်းထားတဲ့ သူ့ ဆံပင်ကေ ပျက်မှာစိုးလို့ ဖွဖွလေး ပွတ်သပ်ရင်း ...

' ငါ ဘာလုပ်လို့လဲ ...။ ငါလည်း ဘယ်သိမလဲ ...၊ ငယ်ငယ်ကတည်းက မင်းကိုပဲ ကြည့်လာတော့ မင်း ငါ့ကို လက်ထပ်ရင် ငါတို့ နှစ်ယောက်လုံး အဆင်ပြေမယ် ထင်တာပေါ့။ ပြီးတော့ မင်း ကို ရင်မခုန်တာက ချစ်သူလို မချစ်လို့ မဟုတ်ပဲ နေ့တိုင်း မြင်နေကြရတော့ ရိုးသွားတယ်ပဲ ထင်နေတာ။'

' တကယ် ချစ်မိတဲ့ အချစ်စစ်မှာ ရိုးသွားတယ် ဆိုတာ မရှိဘူး။ ငါ မင်းကို ခဏ ခဏ ပြောပါတယ်။ မင်း ငါ့ကို တကယ် မချစ်ဘူးဆိုတာ။'

' အေးပါ ... ထားပါတော့။'

' ဒါဆို အခု ငါ့အပေါ် တကယ် စိတ်ရှင်းသွားပြီမလား။'

' အင်း ...။ ကလီးယား ကို ဖြစ်သွားပြီ။'

' ဒါဆို မင်း ကား မသွင်းသေးရင်လည်း တစ်ခြား ကား  show room မှာ ကား ဝယ်ပြီး ရှောင်း ကို သွားပိုးလိုက်တော့။'

' မင်း နဲ့ ရှင်းပြီးရင် ပြီးသာပဲ မလား။ ငါ့ကို သူနဲ့ လိုက် လိုက် မပေးစားနဲ့တော့။ ငါ သူ့ကို သဘောမကျဘူး။'

ရှောင်းရှောင်း သဘောမကျဘူးဆိုပြီး ရှောင်း အကြောင်း ပြောရင်ကို နားရွက်တွေ နီလာတဲ့ ရိပေါ်ကို ပြုံးကြည့်လိုက်ပြီး ...

' ပြီးသာပဲ ...။ ဟုတ်ပါတယ်... ရှောင်း ဒီလောက် ချောပြီး ချစ်စရာကောင်းတာ မင်း လို အေးစက်စက် နဲ့က မလိုက်ပါဘူး။

သူ့ကို မနေ့က တွေ့တဲ့ ဂျပန် ကောင်လေး နဲ့ပဲ ပေးစားတော့မယ်။'

ရိပေါ် ရှောင်းရှောင်း ရဲ့ စကားကြောင့် Laptop ပေါ်မှာ ရွှေ့နေတဲ့ လက် ရပ်သွားခဲ့သည်။

ရှောင်းရှောင်း သူ့စကားကြောင့် မျက်လုံးတွေတောင် ဂနာမငြိမ် ဖြစ်နေပြီ ဖြစ်တဲ့ ရိပေါ် ကို ခိုးကြည့်ပြီး မီး ဆက်မွှေးလိုက်သည်။

' မနေ့က ဂျပန် လူမျိုးတစ်ယောက် မုန့် လာဝယ်ရင်း ရှောင်း ကို ခိုးခိုး ကြည့်နေတာ တွေ့ခဲ့တယ်။ ငါ ဂျပန် စကား မပြောတတ်လို့၊ မဟုတ်ရင် မနေ့ကတည်းက ဖုန်းနံပတ်တောင်းပြီး အောင်သွယ်ပေးလိုက်ပြီ။'

' ဝမ်ရှောင်းရှောင်း ... မင်း ဘာလို့ သူများ ကိစ္စဆို အရမ်း အားတက်သရော လုပ်ပေးချင်နေတာလဲ။ သူက ဂျပန် လူမျိုး ကြိုက်ချင်မှ ကြိုက်မှာပေါ့ ...။'

ရှောင်းရှောင်း ရိပေါ် ပြောတာကို မသိ နားမလည်တဲ့ မျက်နှာပေးနဲ့ ပြန်မေးလိုက်သည်။

' သူ ဆိုတာ ရှောင်း ကို ပြောတာလား ...။'

' အေးလေ ... အခု သူ့အကြောင်း ပြောနေတာပဲ မဟုတ်ဘူးလား။'

' ဪ ... အဲ့ဒါဆို စိတ်မပူနဲ့။ ရှောင်း ရဲ့ အခု အချစ်စက်ကွင်း က ကား ပဲ ငြိဖို့ လိုတယ်။ သူ့ကို ကား ဝယ်ပေးလိုက်ရင် သူ ချက်ချင်း ပြန်ကြိုက်မှာ။'

ရှောင်းရှောင်း သူ့ကို ဘာမှပြန်မပြောနိုင်ပဲ ပါးစပ် အဟောင်းသားနဲ့ ကြောင်သွားတဲ့ ရိပေါ် ကို ရယ်ပြလိုက်ပြီး ...

' ဒါဆို ငါ အပြင် သွားတော့မယ်နော်။ အပြန်ကျမှ ရှောင်း တို့ ဆိုင် ကို ဝင်ကြည့်လိုက်မယ်။ ဟို ဂျပန် ကို တွေ့လို တွေ့ငြား ...။'

ရိပေါ် အခန်းထဲ ရှောင်းရှောင်း ထွက်သွားတာနဲ့ ရိဖုန်း ကို ဖုန်းခေါ်လိုက်သည်။

' ဟလို ... အေး ... ရိဖုန်း ...။ ငါတို့ ဂျပန် ခဏ သွားရမယ်။ ပြီးတော့ မသွားခင် ဂျပန် က အကောင်းဆုံး ကား Company ရှာပြီး ချိတ်ထားလိုက်။'

ရိဖုန်း သူလည်း အခု ဘယ်မှ မသွားရသေးပဲ အိမ်မှာ ရှိနေတာကို တစ်အိမ်ထဲ နေပြီး ဖုန်းဆက်လာတဲ့ ဆရာ ရိပေါ် ရဲ့ လုပ်ရပ်ကို လိုက်မမီဖြစ်သွားရသည်။

~~~~~~~~~~~

ပေကျင်းမြို့ထဲက အကောင်းဆုံး တရုတ် အစား အစာ ရတယ်ဆိုတဲ့ နာမည်ကြီး စားသောက်ဆိုင် တစ်ဆိုင်ရဲ့ စားပွဲဝိုင်း တစ်ခုတွင် ...

' ဟလို ...'

' ........'

' ရပြီလား ...။'

' ...'

' ဒါဆို ဘယ်လိုမျိုးကို ဆိုလိုချင်တာလဲ။ ရပြီလား မရသေးဘူးလား။'

' ....'

' ဟုတ်ပြီလေ။ ဒါဆို ခင်ဗျား ပြောတဲ့ လူ ပေကျင်း ရောက်လာရင် ကျုပ် ကို ဆက်သွယ်ခိုင်းလိုက်။'

' ....'

' ကောင်းပြီ ...။'

~~~~~~~~

' ဘာတဲ့လဲ ...။'

' ရှင် ပေကျင်း ရောက်ရင် သူ့ကို ဆက်သွယ်လိုက်ပါတဲ့။'

' ရတယ်။ ရတယ်။ ငါ့သားလည်း ပေကျင်းမှာ ရှိနေတယ်။ ပေကျင်း သွားရတာ ဘာမှ ခက်တဲ့ ကိစ္စ မဟုတ်ဘူး။'

' ပေကျင်း သွားရတာ ဘာမှ မခက်ဘူး။ ခက်နေတာက ရှင် ပြောထားသလို ရှင့်တူ က သဘောမတူရင်ရော ...။ ရှင် လည်း ကြားတာပဲ ကျမက ကျမ သူဌေးရဲ့ သား နဲ့ ပြောဆိုပြီးနေပြီ။ ပြီးတော့ ရှင်လည်း ကြားဖူးမှာပါ ဂျပန် လူမျိုးတွေက ပြောပြီး စကား မတည်ရင် မကြိုက်ဘူးဆိုတာ။'

ချင်းယင် သူ့ ရှေ့က အမျိုးသမီးရဲ့ လက်ကို တစ်ချက် ပုတ် လိုက်ပြီး ...

' သိပါတယ်။ စိတ်ချပါ။ ကျမရဲ့ တူ သူ့ ဆန္ဒ မပါပဲ ငြင်းခဲ့ရင် ကျမမှာ နည်းလမ်း ရှိပါတယ်။ ကျမ သူ့ကို အမြန်ရှာပြီး ရှင့် ရဲ့ သူဌေးနဲ့ ဆက်သွယ်လိုက်မယ်။'

' ဟုတ်ပြီ။ ဒါဆို အခု ပိုက်ဆံကျတော့ ကျမ မှာ မရှိဘူး။ ရှင် သာ တကယ် လူ ရှာပေးနိုင်ရင် ကျမ သူဌေးကတော့ ရှင် တောင်းတဲ့ ပိုက်ဆံ မငြင်းပဲ ပေးမှာ။'

' အေးပါ ...။ ကျေးဇူးတင်ပါတယ်။'

ချင်းယင် တစ်ယောက် သူတို့နေတဲ့ ရပ်ကွက်နဲ့ သိပ်မဝေးတဲ့ ရပ်ကွက်ထဲကနေ လမ်းလျှောက်လာရင်း သူ့သား ကို ဖုန်းဆက်လိုက်သည်။

' ဒူ ... ဒူ ... ဒူ ...'

ချင်းယင် သူက နား နား မကပ်ပဲ လက်ထဲကိုင်ရင်း စပီကာ ဖွင့်ထားတာကြောင့် ဟိုဘက်က ဖုန်းဝင်သွားတဲ့ အသံကို ကြားနေရပါသည်။

' ဒီကလေး ဖုန်း မကိုင်ပြန်ဘူး။'

' မကိုင်လည်း ထားလိုက်တော့ ...။ ဖုန်းဝင်ထားတာ မြင်ရင် ပြန်ခေါ်လာလိမ့်မယ်။ မဟုတ်လည်း အိမ်ရောက်မှပဲ ထပ်ဆက်လိုက်မယ်။'

ချင်းယင် ဖုန်း ကို ပိုက်ဆံအိတ်ထဲ ပြန်ထည့်ရင်း သိပ်မများတဲ့ ပိုက်ဆံတွေကို ကြည့်ပြီး ဒီတစ်ခါ ပေကျင်း သွားရင် အဲ့ဒီ ဂျပန် လူမျိုးဆီကနေ ပိုက်ဆံ အများကြီး တောင်းပစ်မယ်လို့ ဆုံးဖြတ်လိုက်သည်။ အဲ့ကျမှ အိမ်ပြန်ရောက်တဲ့ အခါ ရလာတဲ့ ပိုက်ဆံတွေကို ခင်းပြီး အိပ်ပစ်လိုက်အုံးမယ်။

~~~~~~~~~

စားသောက်ဆိုင် တစ်ဆိုင်၏ အပေါ်ထပ် အကန့် ကန့်ထားတဲ့ စားပွဲဝိုင်း တစ်ခုတွင် အသက် ၅၀ လောက် ရှိတဲ့ အမျိုးသား တစ်ယောက် နဲ့ အသက် ၃၀ အရွယ် ကောင်လေး တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်ပြီး စားသောက် နေကြသည်။

' ရော့ ... ဒါ စားကြည့်။ ဒီဆိုင်ရဲ့ ဒီနေ့အတွက် စပါယ်ရှယ် မီနူး တဲ့။'

စီးခေါဝ် သူ့ကို ထည့်ပေးလာတဲ့ လူကြီးကို ပြုံးရင်း ခေါင်းညိတ်ပြလိုက်ပြီး သူ့ဘက်မှာ ရှိတဲ့ ဟင်း တစ်မျိုးကို ခပ်ထည့်ပေးလိုက်သည်။

' ကိုကြီး ကိုလည်း ထည့်ပေးမယ်။'

' မင်းပဲ စားပါ။ ကိုယ်က ကြက်သား မစားဘူး။'

' ဟင် !!! မစားဘူးလား။ ဆောရီး ... ဆောရီး ...'

' ရတယ်။ ကိုယ်က မစားချင်လို့ မစားတာ။ လုံးဝ မထိတာမျိုး မဟုတ်ဘူး။'

' ဟုတ် ...။'

' ကဲ ... စား တော့ ...။ ပြီးရင် မင်း ရဲ့ ကွန်ဒို ကို သွားမလား၊ ကိုယ် နဲ့ လိုက်မလား။'

စီးခေါဝ် လူကြီးရဲ့ အမေးကြောင့် သွားစိပြီး ပြုံးပြလိုက်ရင်း ....

' ကျနော် ဘယ်သူ့ကိုမှ ကျနော့် အိမ်ကို မခေါ်ဖူးဘူး။'

' အိုခေ လေ။ ဒါဆို ကိုယ်နဲ့ပဲ လိုက်ခဲ့ပေါ့။'

စီးခေါဝ် ဆက်မပြောတော့ပဲ ထမင်း ဆက်စားနေတုန်း အပေါ်ထပ် ကို တက်လာတဲ့ လူ နှစ်ယောက် ဆီ အကြည့်ရောက်သွားသည်။

' ဝူယွင် ၊ ရှောင်းရှောင်း ...'

စီးခေါဝ် အသံတိုးတိုး ပြောရင်း အဲ့နှစ်ယောက် သူ့ကိုတောင် မပြောပဲ ခုလို နှစ်ယောက်တည်း လာရတဲ့ ကိစ္စ ဘာဖြစ်နိုင်မလဲ ဆိုတာပါ အသဲအသန် စဉ်းစားလိုက်သည်။

' ကိုကြီး ... ကျနော် အနောက် ခဏသွားလိုက်အုံးမယ်။'

' ဟင် !!! တော်ပြီလား ...။'

' ဟုတ် ...။ ကျနော် ဒီနေ့ ဝိတ်ချနေတာ ခုမှ သတိရလို့ ...။'

' ဪ ... ဟုတ်ပါပြီ။ ဒါဆို ကိုယ် ဘေလ် ရှင်းထားလိုက်တော့မယ်လေ။'

' အင်း ...။'

စီးခေါဝ် ဖြစ်သလို အင်း ပြီး အမြန် ထွက်လာလိုက်သည်။

~~~~~~~~

စားသောက်ဆိုင် ရဲ့ အောက်ထပ်တွင် ...

ခီရှီ တစ်ယောက် သူ စားပြီးလို့ ပြန်မလို့ လုပ်တော့မှ ဟိုနေ့က ပေါင်မုန့် ဆိုင်ထဲ တွေ့တဲ့ ကောင်လေး ကို တွေ့လိုက်ရတာကြောင့် ပြန်ထိုင်လိုက်သည်။ အဲ့ကောင်လေးကတော့ သူ့ကို မမြင်ပါ။ ပြီးတော့ တစ်ယောက်တည်း လာတာ မဟုတ်ပဲ ဘော်ဒီ ခပ်မိုက်မိုက် ကောင်လေး တစ်ယောက်နဲ့ လာတာ ဖြစ်သည်။

ခီရှီ ပြန်မလို့ လုပ်တာကို အဲ့ကောင်လေးကို မြင်တာနဲ့ အဓိပ္ပါယ် မရှိ ပြန်ထိုင်လိုက်မိတဲ့ သူ့ ကိုယ်သူ ကြောင့် ရယ် လိုက်မိသည်။

' ငါက ပြန်ထိုင်လိုက်လို့လည်း အဲ့ကောင်လေး ဘာလာလုပ်တယ်၊ သူနဲ့ အတူလာတဲ့ ကောင်လေးနဲ့ ဘယ်လို ပတ်သက်တယ်ဆိုတာ သိရမှာ မှ မဟုတ်ပဲ။ ဒီတစ်ခေါက် တရုတ် ကို လာတာ ကိုယ့်ကိုယ်ကို ရူး အောင် လုပ်ဖို့ ရောက်လာရတာများလား ...။'

ခီရှီ သူ့ဘာသာ ပြောရင်း ခေါင်းရမ်းလိုက်ပြီး ပြန်ဖို့ ထ ရပ် လိုက်သည်။ သူ့ အဖေ ခိုင်းထားတဲ့ အမျိုးသမီး ဆီက ဖုန်း ဆက်လာတဲ့ အကြောင်းကို သူ့ အဖေ ကို ပြန်ပြောရအုံးမယ်။

~~~~~~~~~~

ဝူယွင် ဝန်ထမ်း ကောင်မလေး လာချပေးတဲ့ မီနူး စာအုပ်ကို ရှောင်းရှောင်း ဘက်ကို တွန်းပို့ပေးလိုက်ပြီး ...

' ရှောင်းရှောင်း ... ဘာမှာမလဲ။'

' ဝူယွင် ကြိုက်တာ မှာလေ။ ကျနော်က ဘာဖြစ်ဖြစ် စားတယ်။'

' ဒါဆို ကိုယ် မှာလိုက်မယ်နော် ...။'

' အင်း ...။'

စီးခေါဝ် ဝူယွင် နဲ့ ရှောင်းရှောင်း ရဲ့ ကျောချင်းကပ် ခုံမှာ ဝင်ထိုင်ရင်း ခိုးနားထောင်နေတာ ဖြစ်တာကြောင့် ဝူယွင် ရဲ့ နူးနူး ညံ့ညံ့ အသံကို ကြားပြီး ဒေါသတွေ အလိပ်လိပ် ထွက်လာသည်။

ဝူယွင် သူ့ကို သစ္စာဖောက်တော့မှာလား။ ပြောတော့ သူနဲ့ အတူ ရှောင်းရှောင်း ရဲ့ ပိုက်ဆံကို ချူမယ်ဆို။ အခုကျ လေသံ က ဘာလို့ ချစ်မြတ်နိုးတဲ့ လေသံ ဖြစ်နေရတာလဲ။

ဝန်ထမ်းကောင်မလေး ထွက်သွားတာကြောင့် စီးခေါဝ် စားပွဲပေါ်က ပန်းဖလက် စာရွက် ကို ယူပြီး သူ့မျက်နှာကို ကာ ထားလိုက်သည်။

ထိုစဉ် ဝူယွင် ရဲ့ အသံ ကို ထပ်ကြားလိုက်ရသည်။

' ရှောင်းရှောင်း ...'

ရှောင်းရှောင်း ဝူယွင် ဘာပြောမယ် ဆိုတာ သိတာကြောင့် ဝူယွင် မပြောခင် သူပဲ အရင် ပြောလိုက်တယ်။

' ဝူယွင် တောင်းထားတဲ့ အဖြေ ကို ကျနော် ဖြေပေးမယ်။'

* ဘာ !!!! ဝူယွင် က ရှောင်းရှောင်း ကို အဖြေ တောင်းတယ်။*

စိးခေါဝ် သူ ဝူယွင် ကို အဆုံးရှုံး မခံနိုင်လောက်အောင် တွယ်ကပ်ချင်နေတာမျိုး မဟုတ်ပေမယ့် ဝမ်ရှောင်းရှောင်း နဲ့ ကြိုက်သွားမှာကိုတော့ မလိုလားပါ။ အဲ့ဒါကြောင့် အဖြူ အမဲ သဲကွဲအောင် အကုန်ရှင်းဖို့ လုပ်တော့ သူနဲ့ အတူ လာတဲ့ လူကလည်း ထ ရပ်လာပြီး သူ့ကို ရှာဖို့ ဒီဘက်ကို ထွက်လာတော့မှာ အရင်တွေ့လိုက်တာကြောင့် သူ ခိုးနားထောင်နေတဲ့ အနားကနေ ခွါလာလိုက်တယ်။

စိတ်ထဲတွင်တော့ ဝမ်ရှောင်းရှောင်း ဘယ်တော့မှ မပျော်စေရဘူး ဆိုပြီး ဒီနေ့ ကိစ္စကို မှတ်ထားလိုက်သည်။

~~~~~~~~~

' ကျနော် ဝူယွင် ကို မချစ်ဘူး။'

' ဘယ်လို !!!.'

ဝူယွင် သူ ထင်ထားတာနဲ့ ရှောင်းရှောင်း ပြောလာတာက ဆန့်ကျင်ဘက် ဖြစ်တာကြောင့် သူက သူ့ကိုယ်သူ အထင်ကြီးထားတာလားဆိုပြီး ပြန်တွေးမိသွားသည်။ ဒါမှမဟုတ် ဝမ်ရှောင်းရှောင်း ကပဲ ရူးနေတာလား။

' ဟုတ်တယ်။ ကျနော် သေချာ စဉ်းစားပြီးမှ ဒီအဖြေ ပေးလိုက်တာပါ။'

' ဒါဆို အရင်က မင်း ဘာလို့ ကိုယ် အထင်မှားနိုင်တဲ့ အပြုအမူ အပြောအဆို လုပ်ပြခဲ့တာလဲ။ မင်း တမင်တကာ ကိုယ့်ကို ကစားနေတာလား။'

' မဟုတ် ... မဟုတ်ပါဘူး။ အရင်က ကျနော်လည်း ဝူယွင် ကို သဘောကျနေတယ်ဆိုပြီး ကိုယ့်ကိုယ်ကို ထင်ခဲ့တာပဲ။ ဒါပေမယ့် တကယ့် တကယ် ဝူယွင် ကျနော့်ကို ချစ်တယ် ပြောပြီး အဖြေတောင်းလာတော့ ကျနော် သာမန်ထက် ရင်မခုန်တာဟာ ဝူယွင် ကို တကယ် သဘောကျပြီး ချစ်နေတဲ့ထိ မဖြစ်ဘူးဆိုတာ နားလည်လိုက်တာ။ ဆောရီး ...'

' ကိုယ် အခု အလိုရှိတာ ဆောရီး ဆိုတဲ့ စကား မဟုတ်ဘူးဆိုတာ မင်း သိသင့်ပါတယ်။'

' သိပါတယ်။ ဒါပေမယ့် ကျနော်ကလည်း အဲ့ စကား က လွှဲပြီး တစ်ခြား ပြောစရာ မရှိဘူး။'

' တောက်စ် !!!!!!.'

ရှောင်းရှောင်း တောက် ခေါက်သံကြောင့် မကြောက်ပေမယ့် ရုတ်တရက် ကြားလိုက်ရတာ ဖြစ်တာကြောင့် ခန္ဓာကိုယ် ဆတ်ခနဲ ဖြစ်သွားရသည်။

' စိတ်မကောင်းပါဘူး။ ပြီးတော့ ဝူယွင် ခုလောက်ထိ ဖြစ်ဖို့ မလိုဘူးလို့လည်း ထင်တယ်။ အရင်ကလည်း ကျနော်ကပဲ ဝူယွင်ကို စ ပြီးသဘောကျတာပဲလေ။ အမှန်တိုင်း ပြောရရင် ဝူယွင်က ကျနော့်ကို စိတ်မဝင်စားခဲ့ဘူးမလား။ အဲ့ဒါကြောင့် ကျနော့်ကို ဂရုမစိုက်ခဲ့တာပေါ့။ ကျနော် သဘောကျပေးနေတာကို သဘောကျလို့သာ အလိုက်ထိုက် နေပေးခဲ့တာပဲ ရှိတာ၊ ကျနော်က စပြီး မဆက်သွယ်ရင် ဝူယွင်လည်း ပျောက်နေခဲ့တယ်။ အဲ့ဒါကို ကျနော့် ဦးနှောက်က သိလာပြီး နှလုံးသားကိုပါ အသိပေးလိုက်တာ ဖြစ်မယ်။ အဲ့ဒါကြောင့် အဖြေက ဝူယွင် ကို တကယ် မချစ်ဘူး ဆိုတာပဲ ထွက်လာခဲ့တယ်။'

' မင်း စကား တတ်တိုင်း လျှောက်ပြောမနေနဲ့။ မင်း တမင်တကာ ငါ့ကို လှည့်စားခဲ့တာမလား။ ငါ မင်းကို တကယ် ချစ်တယ်ဆိုတော့မှ မင်း ငါ့ကို တမင်တကာ အရှက်ခွဲတာ မလား။'

ရှောင်းရှောင်း သူ့ အရှေ့မှာ ဒေါသတွေ ထွက်ပြီး ကမူးရှူးထိုး ဖြစ်နေတဲ့ ဝူယွင် ကို ကြည့်လိုက်ရင်း လေသံ အေးအေး နဲ့ မေးလိုက်သည်။

' ဝူယွင်က ကျနော့် ကို တကယ် ချစ်တာလား ...။'

ဝူယွင် ဝမ်ရှောင်းရှောင်း သူ့ကို မချစ်ဘူး ဆိုတဲ့ အသိပဲ ရှိနေပြီး အဲ့လို ဖြစ်တာကို လက်မခံနိုင်တာကြောင့် အခု သူ့ကို ကြည့်ပြီး ပြောလာတာတောင် နားထဲ ဘာမှ သေချာ ရေရာ မကြားလိုက်ပါ။

ရှောင်းရှောင်း သူ မေးတာကိုတောင် ဖြေဖို့ အချိန်ယူနေတဲ့ ဝူယွင် ကို ထပ်ကြည့်လိုက်ပြီး ...

' ထားပါတော့ ...။ ကျနော် တို့ သူငယ်ချင်းလိုပဲ နေရအောင်။ ကျနော် ဒီထက်ပိုပြီး သူများကို နာကျင်အောင် မပြောတတ်ချင်ဘူး။ အဲ့ဒါကြောင့် ကျနော် နဲ့ ဝူယွင်ကြား ကောင်းသော ဆက်ဆံရေးပဲ ဆက်ပြီး ထိန်းသိမ်းထားကြတာပေါ့။ ကျနော် အရင် ပြန်နှင့်မယ်နော်။ ဘေလ် ကို ကျနော်ပဲ ရှင်းသွားလိုက်မယ်။'

ဝူယွင် ရှောင်းရှောင်း ထွက်သွားတာနဲ့ မှာထားတဲ့ အစားအသောက်တွေ လာချပေးသွားတဲ့ စားပွဲ ပေါ်က အငွေ့ တထောင်းထောင်း ထ နေတဲ့ ပန်းကန်တွေ ကြည့်ပြီး အကုန် မှောက်ချပစ်ချင်စိတ်ပဲ ဖြစ်နေတယ်။

~~~~~~~~~

' ဆရာ ... ကား company တစ်ခုတော့ ရှာထားတယ်။ သူတို့ တင်ထားတဲ့ ကား တွေ ဆရာ ကြည့် ကြည့် မလား။'

' အင်း ... ပေး ...။'

ရိပေါ် သူ့ကို ကမ်းပေးလာတဲ့ Tablet ကို လှမ်းယူပြီး ကြည့်လိုက်တော့ ကား အမျိုးအစားတွေ တော်တော် များများ ရွေးစရာ ရှိနေတာကြောင့် သဘောကျသွားသည်။

' အင်း ... မဆိုးဘူးပဲ။ ဒါဆို သူတို့ရဲ့ သူဌေးနဲ့ ချိတ်လိုက်တော့။ လူချင်းတွေ့ချင်တယ်ဆို ငါတို့ အချိန်မရွေး လာလို့ ရတယ်လို့။'

' ဟုတ်ကဲ့ ...။'

' အင်း ...။ ဒါနဲ့ အေဂျင်စီ ကရော တစ်ခြား ဘာပြောလာတာ ရှိသေးလဲ။'

' ဘာမှတော့ ထပ်မပြောလာပါဘူး။'

' မပြောလာတာ ပြဿနာ တစ်ခုခု ရှိနေလို့များလား။ ကြာတယ် ... ကား သွားပြင်ခိုင်းလိုက် ငါ သွားကြည့်လိုက်မယ်။'

ရိဖုန်း ဆရာ ဘာလို့ အကြောင်း မရှိ အကြောင်းရှာပြီး အေဂျင်စီ သွားချင်တာလည်း သိနေတာကြောင့် ဆရာ ပြောတာကို ဘာမှ အထွန့်တက် မေးမနေတော့ပဲ ကား သမား ဆီ ထွက်သွားလိုက်သည်။

သူလည်း သူတို့ အေဂျင်စီ ရဲ့ မျက်နှာချင်းဆိုင်က ပေါင်မုန့် ဆိုင်ကို သွားချင်နေတာပဲလေ။

~~~~~~~~~~

" Sun Flower"

' ရိလုံ ... ကား က ဘယ်အချိန် သွားဝယ်မှာလဲ ...။'

ရိလုံ ရှောင်း ရဲ့ စကားကြောင့် အကျယ်ကြီး သာ အော်လိုက်ချင်ပါတော့သည်။

' ရှောင်း ... မင်း ဟာ က မလွန် လွန်းဘူးလား။ မနေ့ညလည်း မင်း ငါ့ကို တစ်ညလုံး ဘယ်ကား က ကောင်းတာ၊ ဘယ်လို ကား ဝယ်မယ် ဆိုတာ ထိုင်ပြောနေခဲ့တာ။

မနက်ရောက်တော့လည်း နောက်ကနေ တဂျီဂျီ နဲ့ လိုက်ပြောနေပြန်တယ်။ ညနေကျ သွားမယ်လို့ ပြောပြီးပြီလေ။ သွားမယ့် အချိန်ရောက်ရင် သွားမှာပေါ့။ ပေါင်မုန့် လုပ်တာ ကြည့် ဆိုတာကျတော့ မကြည့်ဘူး။'

ရှောင်းကျန့် နှုတ်ခမ်း စူ ထားလိုက်ရင်းနဲ့ ...

' မကြည့်ဘူး။ ဘာလုပ်လုပ် စိတ်မပါဘူး။ ငါ့ကို ကား သာ အမြန်သွားဝယ်ပေး ...။'

' အေးဟေ့ ... အေး ...။ သွားဝယ်ပေးမယ်။ ကျင်းပေါင် ပြန်လာရင် သွားကြမယ်။'

' တကယ်နော် ...။ ဒါဆို ငါ ကျင်းပေါင် ကို ဖုန်း သွားခေါ်လိုက်မယ်။ မြန်မြန် ပြန်လာဖို့ ...။'

ရိလုံ အိမ်ပေါ် ပြန်တက်ပြေးဖို့ ပြင်နေတဲ့ ရှောင်း ကို အမြန် ဖမ်းဆွဲထားလိုက်ပြီး ...

' မဆက်နဲ့ ... သူက သူ့ သူငယ်ချင်း အိမ်မှာ စာ သွားလုပ်မှာလို့ ပြောပြီးပြီလေ။ ကလေးက စာမေးပွဲ နီးနေပြီ။ သွား မနှောင့်ယှက်နဲ့။ သူ ပြန်လာတဲ့ အချိန် သွားမယ်။ ဒါပဲ ...။ ထပ်ပြောရင် ငါ မဝယ်ပေး နေလိုက်တော့မှာ။ အမြင်ကပ်နေပြီ မင်း ကို ...။'

' ဟွန့် ... စိတ်ပုပ် ကောင်ကြီး ...။'

ရှောင်းကျန့် လိုချင်တာ မရတာကြောင့် ရိလုံ ကို မျက်စောင်းထိုးရင်း ဆိုင်လည်း စောင့် ကူဖို့ မနေတော့ပဲ ခြေသံ ပေးပြီး အိမ်ပေါ် တက်လာလိုက်သည်။

' ရှောင်း ...

ဟေ့ ... ရှောင်း ...'

ရိပေါ် သူ ဆိုင်ထဲ ရောက်မှ ရှောင်း ဆိုတဲ့ နာမည် အော် ခေါ်ရင်း အိမ်အပေါ်ထပ် တက်တဲ့ လှေခါး နားမှာ ရပ်ပြီး မော့ကြည့်နေတဲ့ လူ ကြောင့် သူ တွေ့ချင်တဲ့ သူက ဆိုင်ထဲမှာ မရှိတော့ဘူးဆိုတာ သိလိုက်သည်။

ရိဖုန်း သူ့ကိုကျ ကျင်းပေါင်ရဲ့ အကိုက မြင်ဖူးနေတာကြောင့် ဆရာ ရိပေါ် ရဲ့ အနောက် နားမှာ မယောင်မလည် ရပ်ရင်း ဆိုင်ထဲ မှာ ကျင်းပေါင် ကို ရှာကြည့်တော့ မတွေ့ပါ။ အိမ်ပေါ်မှာများလား ...။

ရိပေါ် တွေ့ချင်တဲ့ လူ မရှိမှတော့ မုန့်လည်း ဝယ်မနေတော့ပဲ ပြန်ထွက်ဖို့ ပြင်လိုက်သည်။ သူ စကတည်းက မုန့် ဝယ်ချင်လို့ လာတာ မဟုတ်ဘူးလေ။

ဆိုင်ထဲကနေ ပြန်ထွက်ဖို့ တံခါး ဆွဲဖွင့်တော့ လူ တစ်ယောက်လည်း ဆိုင်ထဲကို ဝင်လာတာနဲ့ တိုးသည်။

' အို့ ... ဆောရီး ...။'

ရိပေါ် သူ့ကို ဆောရီး ပြောလာတာ ဂျပန် ဘာသာ စကား ဖြစ်တော့မှ လူ ကို ကြည့်လိုက်သည်။

အဲ့ဒီအချိန် တစ်ဖက်က လူကလည်း သူ့ကို ကြည့်လာတာကြောင့် သူတို့ နှစ်ယောက် တံခါး နားမှာ အကြည့်ချင်း ဆုံနေကြပါသည်။

ပြီးမှ ဂျပန် လူမျိုး ဖြစ်တဲ့ တစ်ယောက် ဆီက တရုတ်စကား ထပ်ကြားလိုက်ရပြန်တယ်။

' မင်း အရင် ထွက်ပါ။'

ရိပေါ် သူ့ကို ဦးစားပေးလိုက်တဲ့ လူကြောင့် ဆိုင်ထဲက ထွက်လာလိုက်ပေမယ့် အနောက်ကို ပြန်လှည့်ကြည့်လိုက်သည်။ ပြီးတော့ ဆိုင်ထဲမှာ ဟိုဟို ဒီဒီ လျှောက်သွားနေတဲ့ လူကို ကြည့်ပြီး မနက်က ရှောင်းရှောင်း ပြောတဲ့ စကားတွေ တစ်လုံးချင်း ပြန်ကြားလာတယ်။

' ရှောင်း ကို ဂျပန် လူမျိုးနဲ့ပဲ အောင်သွယ် ပေးတော့မယ်။'

' ရှောင်း ရဲ့ အချစ်စက်ကွင်း က ကား နဲ့ ငြိဖို့ ပဲ လိုတယ်။ ကား ဝယ်ပေးရင် ပြန်ကြိုက်မှာပဲ။'

ရိပေါ် နားထဲ ထပ်ခါ ထပ်ခါ ကြားနေရတဲ့ ရှောင်းရှောင်း ရဲ့ အသံကြောင့် ဆိုင်ထဲကို နောက်တစ်ခါ ပြန်ဝင်လိုက်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.07.13 ( Thur )

Zawgyi

Wang အိမ္တြင္ ...

' ေဒါက္ ... ေဒါက္ ...'

' ဝင္ခဲ့ ...။'

ရိေပၚ ဝင္ခဲ့ လို႔ ေျပာတာနဲ႔ ခြက္ တစ္ခြက္ နဲ႔ ပန္းကန္ တစ္ခု ကိုင္ရင္း ဝင္လာတာက ေရွာင္းေရွာင္း ...။

' ရိေပၚ ... ဒီမွာ ငါ မင္း အတြက္ ေကာ္ဖီ နဲ႔ မုန္႔ ယူလာေပးတယ္။ အလုပ္ လုပ္ရင္း စားရေအာင္လို႔ ...။'

ရိေပၚ Laptop ၾကည့္ေနရင္းကေန သူ႔ အနား လာၿပီး လိုခ်င္တာ ရွိလို႔ မ်က္ႏွာ လာလုပ္တဲ့ အသံနဲ႔ ေရွာင္းေရွာင္း ကို မ်က္လုံး တစ္ခ်က္ လွန္ၾကည့္ရင္း ...

' ဘာ လုပ္ခ်င္ေနျပန္ၿပီလဲ ...။ ဒီေန႔ေတာ့ ေရွာင္းက်န္႔ ကို ညာၿပီး အိမ္ ထပ္မေခၚေလာက္ပါဘူး။'

' အဟီး ... ရိေပၚ ကလည္း ...။'

ေရွာင္းေရွာင္း သြားၿဖီး ျပရင္း၊ ေကာ္ဖီ ခြက္ နဲ႔ မုန္႔ ပန္းကန္ ကို အလုပ္စားပြဲေပၚမွာ ခ်ၿပီး လူ ကေတာ့ ရိေပၚ အနား ေစြ႕ခနဲ ေရာက္သြားရင္း ရိေပၚ ရဲ႕ ပုခုံး ကေန လက္ေမာင္းထိ မနာေအာင္ ထု ေပးေနတယ္။

' ေျပာ ... ဘာအလိုရွိတာလဲ ...'

ေရွာင္းေရွာင္း ေျပာရမလား မေျပာရဘူးလား စဥ္းစားလိုက္သည္။ မေျပာရင္လည္း သူ နဲ႔ ရိေပၚ ဘယ္ေတာ့မွ ပြင့္လင္းမွာ မဟုတ္ေတာ့ပါ။

' ဟိုေလ ...'

' အင္း ...'

' ငါ့ကို ဝူယြင္ က ရည္းစား စကား ေျပာထားတယ္။'

' အင္း ...'

' တကယ္တမ္း သူ ငါ့ကို ခ်စ္တယ္ ေျပာလာေတာ့လည္း ငါက အဲ့ေလာက္ႀကီး ရင္မခုန္ေတာ့ဘူး။'

' အဲ့ေတာ့ ... အခုက ငါ့ကို ဘာေျပာခ်င္ေနတာလဲ ...။'

' သူ ငါ့ကို အေျဖေတာင္းေနတယ္။ အဲ့ဒါ ငါ ဘယ္လို လုပ္ရမလဲ ...။'

ရိေပၚ ေရွာင္းေရွာင္း ဘက္ကို ေသခ်ာလွည့္ၾကည့္ရင္း ...

' မင္း စိတ္ထဲ ရွိတဲ့ အတိုင္း ျပန္ေျပာလိုက္ေပါ့။ မခ်စ္ရင္ မခ်စ္ဘူး အျပတ္ေျပာလိုက္၊ မဟုတ္ရင္ တစ္ဖက္လူကို ေမွ်ာ္လင့္ခ်က္ ေပးသလို ျဖစ္ေနမွာ။ ၿပီးရင္ မင္းလည္း စိတ္ထဲ တႏုံ႔ႏုံ႔ ျဖစ္ေနမွာ။'

' အင္းေနာ္ ...။ ဒါဆို ငါ သူ႔ကို အျပတ္ပဲ ေျပာလိုက္ေတာ့မယ္။ အဲ့ဒါေၾကာင့္ သူ ငါ့ကို ခ်ိန္းတာကို ငါ သြားလိုက္မယ္ေနာ္ ...။'

' တစ္ေယာက္တည္း လား ...။'

' အင္း ... တစ္ေယာက္တည္း ေပါ့။ ဒီေန႔ ေရွာင္း ကိုသာ ထပ္ အေႏွာင့္ယွက္ ေပးရင္ ယုန္သြားနဲ႔ ကိုက္ခံ ရေတာ့မယ္။'

ရိေပၚ ေရွာင္းေရွာင္း ရဲ႕ စကားေၾကာင့္ ၿပဳံး႐ုံ ၿပဳံးေနလိုက္သည္။

' ဪ ... ဒါနဲ႔ ရိေပၚ ငါ့ဘာသာ ကား ေမာင္းသြားလိုက္မယ္ေနာ္။'

' ျဖစ္မွာလား ...။ ေမာင္း ေနက်လည္း မဟုတ္ပဲနဲ႔။'

' ျဖစ္ပါတယ္။'

' အင္း ... သေဘာ။ အေၾကာင္း တစ္ခုခု ရွိရင္ ခ်က္ခ်င္း ဖုန္းဆက္ခဲ့လိုက္။'

' အင္းပါ ...။'

ေရွာင္းေရွာင္း ရိေပၚ အနား ရပ္ေနရင္းနဲ႔ ရိေပၚ ရဲ႕ Laptop ဆီ အၾကည့္ေရာက္သြားသည္။

' ရိေပၚ ကား ထပ္ဝယ္ မလို႔လား...။'

ရိေပၚ ေရွာင္းေရွာင္း ေျပာမွ Laptop ကို အေပၚ ေအာက္ ဆြဲလိုက္ၿပီး ...

' ကား Company ေထာင္ မလားလို႔ေလ။ မင္းမွ ငါ့ကို စမ္းသပ္မႈ ေပးမလုပ္ေတာ့တာ။'

ေရွာင္းေရွာင္း ကား Company ေထာင္မယ္ဆိုမွ ကား လိုခ်င္ေနတဲ့ ေရွာင္း ကို သတိရသြားသည္။

' အဲ့ဒါဆို ျမန္ျမန္ ေထာင္ လိုက္ေတာ့။ ေရွာင္း လည္း ကား လိုခ်င္ေနတာတဲ့။'

ရိေပၚ ေငြ အမ်ားႀကီး ရင္းၿပီး Company ေထာင္ရမွာကို လမ္းေဘး မုန္႔ဆိုင္ ဖြင့္သလို အျမန္လုပ္ခိုင္းေနတဲ့ ေရွာင္းေရွာင္းေၾကာင့္ မႏိုင္ဘူး ဆိုတဲ့ ပုံစံ နဲ႔ ေခါင္းခါရမ္းလိုက္ရင္း ...

' Company ေထာင္တာ အဲ့ေလာက္ လြယ္မလား။ ၿပီးေတာ့ ကား ကို ကိုယ္တိုင္ စစ္ေဆးၿပီး သြင္းရမွာ။ ေရာ့ ... ပိုက္ဆံ ဆိုၿပီး ႀကိဳက္တဲ့ ကား လက္ညိဳး ထိုးလာလို႔ မရဘူး။'

' ဒါဆို ငါ က မင္းကို ေရွာင္း ကို ကား ေပးၿပီး ပိုးခိုင္း မလို႔ဟာက မျဖစ္ႏိုင္ေတာ့ဘူးေပါ့။'

ရိေပၚ ဒီတစ္ခါေတာ့ မ်က္လုံး ပါ ျပဴးသြားတယ္။

' ဘယ္လို !!! ငါ့ကို ေရွာင္းက်န္႔ ကို ကား ေပးခိုင္းၿပီး ပိုးပန္းခိုင္းမယ္ ဟုတ္လား။'

ေရွာင္းေရွာင္း ျပန္မေျဖေသးပဲ ရိေပၚ အလုပ္စားပြဲေရွ႕က ခုံမွာ လာထိုင္ရင္း ...

' အင္းေလ ...။ ေရွာင္း က ကား လိုခ်င္ေနတာ။ ၿပီးေတာ့ ငါက ေရွာင္း ကို မင္းနဲ႔ ယူေစခ်င္ေနတာေလ။ အဲ့ေတာ့ မင္း လည္း ကား Company ေထာင္မွာဆိုေတာ့ အဆင္သင့္ပဲ ဆိုၿပီး ေတြးလိုက္တာေပါ့။'

ရိေပၚ သူ႔ကို သူမ်ားကို အရမ္းေပးခ်င္ေနတဲ့ ေရွာင္းေရွာင္း ကို ၾကည့္ရင္း စ ဖို႔ ေတြးလိုက္သည္။

' မင္း ဝူယြင္ ကို မခ်စ္ဘူးဆို...။ အဲ့ဒါ ငါနဲ႔ လက္ထပ္ လိုက္တာ မေကာင္းဘူးလား။'

' ဝူယြင္ ကို အစက သေဘာက်သလို ထင္ေနခဲ့တာေတာင္ အခုမွ တကယ္ မခ်စ္မွန္း သိသြားတာပါဆို ...။ မင္း ကို ငယ္ငယ္ကတည္းက ခ်စ္သူ လို ခံစားမႈနဲ႔ တစ္ခါမွ သေဘာမက်ဖူးတာ ... ခ်စ္ လာမယ္ ဆိုတာ ပိုေတာင္ မျဖစ္ႏိုင္ေတာ့ဘူးေပါ့။'

' ေအးပါ ... ေအးပါ။ ငါလည္း မင္း ငါ့ကို ခါးခါးသီးသီး ျငင္းတာ ၾကာေတာ့ ငါ့ကိုယ္ငါလည္း မင္းကို သံေယာဇဥ္ ရွိတာလား ခ်စ္တာလား ဆိုတာ တကယ္ မကြဲေတာ့ဘူး။'

' ဒါေပမယ့္ မင္း ငါ့ကို ခ်စ္တယ္၊ လက္ထပ္ခ်င္တယ္သာ ေျပာတာ ငါနဲ႔ နီးနီးကပ္ကပ္ ေနတိုင္းလည္း သာမန္ထက္ ပိုၿပီး ရင္မခုန္ဘူးမလား။'

' အင္း ... အဲ့ဒါေတာ့ ဟုတ္တယ္။'

' ၿပီးေတာ့ ငါ့မ်က္လုံးကို ၾကည့္မိရင္ေကာ စိတ္လႈပ္ရွား လာတာမ်ိဳး ျဖစ္လား။'

ရိေပၚ သူ႔ကို ေျပာရင္း ၾကည့္လာတဲ့ ေရွာင္းေရွာင္း ကို မ်က္လုံး ခ်င္း ဆုံေအာင္ ၾကည့္လိုက္ၿပီး ...

' မျဖစ္ဘူး ...။'

ေရွာင္းေရွာင္း ရိေပၚရဲ႕ စကားဆုံးတာနဲ႔ ထ ၿပီး ကိုယ္ကို ကိုင္းရင္း ရိေပၚ ရဲ႕ ေခါင္းကို ေခါက္ ပစ္လိုက္သည္။

' ေဒါက္ ...'

' အ ... ဝမ္ေရွာင္းေရွာင္း ... မင္း ဘာလို႔ ငါ့ ေခါင္း ကို ေခါက္တာလဲ ...။'

' ေခါက္ မွာပဲ။ တစ္ေလွ်ာက္လုံး ငါ့ကို စိတ္အေႏွာင့္ယွက္ ေပးတဲ့ မင္း ကို အျပစ္ေပးတာ။'

ရိေပၚ မနာေပမယ့္ ပုံသြင္းထားတဲ့ သူ႔ ဆံပင္ေက ပ်က္မွာစိုးလို႔ ဖြဖြေလး ပြတ္သပ္ရင္း ...

' ငါ ဘာလုပ္လို႔လဲ ...။ ငါလည္း ဘယ္သိမလဲ ...၊ ငယ္ငယ္ကတည္းက မင္းကိုပဲ ၾကည့္လာေတာ့ မင္း ငါ့ကို လက္ထပ္ရင္ ငါတို႔ ႏွစ္ေယာက္လုံး အဆင္ေျပမယ္ ထင္တာေပါ့။ ၿပီးေတာ့ မင္း ကို ရင္မခုန္တာက ခ်စ္သူလို မခ်စ္လို႔ မဟုတ္ပဲ ေန႔တိုင္း ျမင္ေနၾကရေတာ့ ႐ိုးသြားတယ္ပဲ ထင္ေနတာ။'

' တကယ္ ခ်စ္မိတဲ့ အခ်စ္စစ္မွာ ႐ိုးသြားတယ္ ဆိုတာ မရွိဘူး။ ငါ မင္းကို ခဏ ခဏ ေျပာပါတယ္။ မင္း ငါ့ကို တကယ္ မခ်စ္ဘူးဆိုတာ။'

' ေအးပါ ... ထားပါေတာ့။'

' ဒါဆို အခု ငါ့အေပၚ တကယ္ စိတ္ရွင္းသြားၿပီမလား။'

' အင္း ...။ ကလီးယား ကို ျဖစ္သြားၿပီ။'

' ဒါဆို မင္း ကား မသြင္းေသးရင္လည္း တစ္ျခား ကား  show room မွာ ကား ဝယ္ၿပီး ေရွာင္း ကို သြားပိုးလိုက္ေတာ့။'

' မင္း နဲ႔ ရွင္းၿပီးရင္ ၿပီးသာပဲ မလား။ ငါ့ကို သူနဲ႔ လိုက္ လိုက္ မေပးစားနဲ႔ေတာ့။ ငါ သူ႔ကို သေဘာမက်ဘူး။'

ေရွာင္းေရွာင္း သေဘာမက်ဘူးဆိုၿပီး ေရွာင္း အေၾကာင္း ေျပာရင္ကို နား႐ြက္ေတြ နီလာတဲ့ ရိေပၚကို ၿပဳံးၾကည့္လိုက္ၿပီး ...

' ၿပီးသာပဲ ...။ ဟုတ္ပါတယ္... ေရွာင္း ဒီေလာက္ ေခ်ာၿပီး ခ်စ္စရာေကာင္းတာ မင္း လို ေအးစက္စက္ နဲ႔က မလိုက္ပါဘူး။

သူ႔ကို မေန႔က ေတြ႕တဲ့ ဂ်ပန္ ေကာင္ေလး နဲ႔ပဲ ေပးစားေတာ့မယ္။'

ရိေပၚ ေရွာင္းေရွာင္း ရဲ႕ စကားေၾကာင့္ Laptop ေပၚမွာ ေ႐ႊ႕ေနတဲ့ လက္ ရပ္သြားခဲ့သည္။

ေရွာင္းေရွာင္း သူ႔စကားေၾကာင့္ မ်က္လုံးေတြေတာင္ ဂနာမၿငိမ္ ျဖစ္ေနၿပီ ျဖစ္တဲ့ ရိေပၚ ကို ခိုးၾကည့္ၿပီး မီး ဆက္ေမႊးလိုက္သည္။

' မေန႔က ဂ်ပန္ လူမ်ိဳးတစ္ေယာက္ မုန္႔ လာဝယ္ရင္း ေရွာင္း ကို ခိုးခိုး ၾကည့္ေနတာ ေတြ႕ခဲ့တယ္။ ငါ ဂ်ပန္ စကား မေျပာတတ္လို႔၊ မဟုတ္ရင္ မေန႔ကတည္းက ဖုန္းနံပတ္ေတာင္းၿပီး ေအာင္သြယ္ေပးလိုက္ၿပီ။'

' ဝမ္ေရွာင္းေရွာင္း ... မင္း ဘာလို႔ သူမ်ား ကိစၥဆို အရမ္း အားတက္သေရာ လုပ္ေပးခ်င္ေနတာလဲ။ သူက ဂ်ပန္ လူမ်ိဳး ႀကိဳက္ခ်င္မွ ႀကိဳက္မွာေပါ့ ...။'

ေရွာင္းေရွာင္း ရိေပၚ ေျပာတာကို မသိ နားမလည္တဲ့ မ်က္ႏွာေပးနဲ႔ ျပန္ေမးလိုက္သည္။

' သူ ဆိုတာ ေရွာင္း ကို ေျပာတာလား ...။'

' ေအးေလ ... အခု သူ႔အေၾကာင္း ေျပာေနတာပဲ မဟုတ္ဘူးလား။'

' ဪ ... အဲ့ဒါဆို စိတ္မပူနဲ႔။ ေရွာင္း ရဲ႕ အခု အခ်စ္စက္ကြင္း က ကား ပဲ ၿငိဖို႔ လိုတယ္။ သူ႔ကို ကား ဝယ္ေပးလိုက္ရင္ သူ ခ်က္ခ်င္း ျပန္ႀကိဳက္မွာ။'

ေရွာင္းေရွာင္း သူ႔ကို ဘာမွျပန္မေျပာႏိုင္ပဲ ပါးစပ္ အေဟာင္းသားနဲ႔ ေၾကာင္သြားတဲ့ ရိေပၚ ကို ရယ္ျပလိုက္ၿပီး ...

' ဒါဆို ငါ အျပင္ သြားေတာ့မယ္ေနာ္။ အျပန္က်မွ ေရွာင္း တို႔ ဆိုင္ ကို ဝင္ၾကည့္လိုက္မယ္။ ဟို ဂ်ပန္ ကို ေတြ႕လို ေတြ႕ျငား ...။'

ရိေပၚ အခန္းထဲ ေရွာင္းေရွာင္း ထြက္သြားတာနဲ႔ ရိဖုန္း ကို ဖုန္းေခၚလိုက္သည္။

' ဟလို ... ေအး ... ရိဖုန္း ...။ ငါတို႔ ဂ်ပန္ ခဏ သြားရမယ္။ ၿပီးေတာ့ မသြားခင္ ဂ်ပန္ က အေကာင္းဆုံး ကား Company ရွာၿပီး ခ်ိတ္ထားလိုက္။'

ရိဖုန္း သူလည္း အခု ဘယ္မွ မသြားရေသးပဲ အိမ္မွာ ရွိေနတာကို တစ္အိမ္ထဲ ေနၿပီး ဖုန္းဆက္လာတဲ့ ဆရာ ရိေပၚ ရဲ႕ လုပ္ရပ္ကို လိုက္မမီျဖစ္သြားရသည္။

~~~~~~~~~~~

ေပက်င္းၿမိဳ႕ထဲက အေကာင္းဆုံး တ႐ုတ္ အစား အစာ ရတယ္ဆိုတဲ့ နာမည္ႀကီး စားေသာက္ဆိုင္ တစ္ဆိုင္ရဲ႕ စားပြဲဝိုင္း တစ္ခုတြင္ ...

' ဟလို ...'

' ........'

' ရၿပီလား ...။'

' ...'

' ဒါဆို ဘယ္လိုမ်ိဳးကို ဆိုလိုခ်င္တာလဲ။ ရၿပီလား မရေသးဘူးလား။'

' ....'

' ဟုတ္ၿပီေလ။ ဒါဆို ခင္ဗ်ား ေျပာတဲ့ လူ ေပက်င္း ေရာက္လာရင္ က်ဳပ္ ကို ဆက္သြယ္ခိုင္းလိုက္။'

' ....'

' ေကာင္းၿပီ ...။'

~~~~~~~~

' ဘာတဲ့လဲ ...။'

' ရွင္ ေပက်င္း ေရာက္ရင္ သူ႔ကို ဆက္သြယ္လိုက္ပါတဲ့။'

' ရတယ္။ ရတယ္။ ငါ့သားလည္း ေပက်င္းမွာ ရွိေနတယ္။ ေပက်င္း သြားရတာ ဘာမွ ခက္တဲ့ ကိစၥ မဟုတ္ဘူး။'

' ေပက်င္း သြားရတာ ဘာမွ မခက္ဘူး။ ခက္ေနတာက ရွင္ ေျပာထားသလို ရွင့္တူ က သေဘာမတူရင္ေရာ ...။ ရွင္ လည္း ၾကားတာပဲ က်မက က်မ သူေဌးရဲ႕ သား နဲ႔ ေျပာဆိုၿပီးေနၿပီ။ ၿပီးေတာ့ ရွင္လည္း ၾကားဖူးမွာပါ ဂ်ပန္ လူမ်ိဳးေတြက ေျပာၿပီး စကား မတည္ရင္ မႀကိဳက္ဘူးဆိုတာ။'

ခ်င္းယင္ သူ႔ ေရွ႕က အမ်ိဳးသမီးရဲ႕ လက္ကို တစ္ခ်က္ ပုတ္ လိုက္ၿပီး ...

' သိပါတယ္။ စိတ္ခ်ပါ။ က်မရဲ႕ တူ သူ႔ ဆႏၵ မပါပဲ ျငင္းခဲ့ရင္ က်မမွာ နည္းလမ္း ရွိပါတယ္။ က်မ သူ႔ကို အျမန္ရွာၿပီး ရွင့္ ရဲ႕ သူေဌးနဲ႔ ဆက္သြယ္လိုက္မယ္။'

' ဟုတ္ၿပီ။ ဒါဆို အခု ပိုက္ဆံက်ေတာ့ က်မ မွာ မရွိဘူး။ ရွင္ သာ တကယ္ လူ ရွာေပးႏိုင္ရင္ က်မ သူေဌးကေတာ့ ရွင္ ေတာင္းတဲ့ ပိုက္ဆံ မျငင္းပဲ ေပးမွာ။'

' ေအးပါ ...။ ေက်းဇူးတင္ပါတယ္။'

ခ်င္းယင္ တစ္ေယာက္ သူတို႔ေနတဲ့ ရပ္ကြက္နဲ႔ သိပ္မေဝးတဲ့ ရပ္ကြက္ထဲကေန လမ္းေလွ်ာက္လာရင္း သူ႔သား ကို ဖုန္းဆက္လိုက္သည္။

' ဒူ ... ဒူ ... ဒူ ...'

ခ်င္းယင္ သူက နား နား မကပ္ပဲ လက္ထဲကိုင္ရင္း စပီကာ ဖြင့္ထားတာေၾကာင့္ ဟိုဘက္က ဖုန္းဝင္သြားတဲ့ အသံကို ၾကားေနရပါသည္။

' ဒီကေလး ဖုန္း မကိုင္ျပန္ဘူး။'

' မကိုင္လည္း ထားလိုက္ေတာ့ ...။ ဖုန္းဝင္ထားတာ ျမင္ရင္ ျပန္ေခၚလာလိမ့္မယ္။ မဟုတ္လည္း အိမ္ေရာက္မွပဲ ထပ္ဆက္လိုက္မယ္။'

ခ်င္းယင္ ဖုန္း ကို ပိုက္ဆံအိတ္ထဲ ျပန္ထည့္ရင္း သိပ္မမ်ားတဲ့ ပိုက္ဆံေတြကို ၾကည့္ၿပီး ဒီတစ္ခါ ေပက်င္း သြားရင္ အဲ့ဒီ ဂ်ပန္ လူမ်ိဳးဆီကေန ပိုက္ဆံ အမ်ားႀကီး ေတာင္းပစ္မယ္လို႔ ဆုံးျဖတ္လိုက္သည္။ အဲ့က်မွ အိမ္ျပန္ေရာက္တဲ့ အခါ ရလာတဲ့ ပိုက္ဆံေတြကို ခင္းၿပီး အိပ္ပစ္လိုက္အုံးမယ္။

~~~~~~~~~

စားေသာက္ဆိုင္ တစ္ဆိုင္၏ အေပၚထပ္ အကန္႔ ကန္႔ထားတဲ့ စားပြဲဝိုင္း တစ္ခုတြင္ အသက္ ၅၀ ေလာက္ ရွိတဲ့ အမ်ိဳးသား တစ္ေယာက္ နဲ႔ အသက္ ၃၀ အ႐ြယ္ ေကာင္ေလး တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ ထိုင္ၿပီး စားေသာက္ ေနၾကသည္။

' ေရာ့ ... ဒါ စားၾကည့္။ ဒီဆိုင္ရဲ႕ ဒီေန႔အတြက္ စပါယ္ရွယ္ မီႏူး တဲ့။'

စီးေခါဝ္ သူ႔ကို ထည့္ေပးလာတဲ့ လူႀကီးကို ၿပဳံးရင္း ေခါင္းညိတ္ျပလိုက္ၿပီး သူ႔ဘက္မွာ ရွိတဲ့ ဟင္း တစ္မ်ိဳးကို ခပ္ထည့္ေပးလိုက္သည္။

' ကိုႀကီး ကိုလည္း ထည့္ေပးမယ္။'

' မင္းပဲ စားပါ။ ကိုယ္က ၾကက္သား မစားဘူး။'

' ဟင္ !!! မစားဘူးလား။ ေဆာရီး ... ေဆာရီး ...'

' ရတယ္။ ကိုယ္က မစားခ်င္လို႔ မစားတာ။ လုံးဝ မထိတာမ်ိဳး မဟုတ္ဘူး။'

' ဟုတ္ ...။'

' ကဲ ... စား ေတာ့ ...။ ၿပီးရင္ မင္း ရဲ႕ ကြန္ဒို ကို သြားမလား၊ ကိုယ္ နဲ႔ လိုက္မလား။'

စီးေခါဝ္ လူႀကီးရဲ႕ အေမးေၾကာင့္ သြားစိၿပီး ၿပဳံးျပလိုက္ရင္း ....

' က်ေနာ္ ဘယ္သူ႔ကိုမွ က်ေနာ့္ အိမ္ကို မေခၚဖူးဘူး။'

' အိုေခ ေလ။ ဒါဆို ကိုယ္နဲ႔ပဲ လိုက္ခဲ့ေပါ့။'

စီးေခါဝ္ ဆက္မေျပာေတာ့ပဲ ထမင္း ဆက္စားေနတုန္း အေပၚထပ္ ကို တက္လာတဲ့ လူ ႏွစ္ေယာက္ ဆီ အၾကည့္ေရာက္သြားသည္။

' ဝူယြင္ ၊ ေရွာင္းေရွာင္း ...'

စီးေခါဝ္ အသံတိုးတိုး ေျပာရင္း အဲ့ႏွစ္ေယာက္ သူ႔ကိုေတာင္ မေျပာပဲ ခုလို ႏွစ္ေယာက္တည္း လာရတဲ့ ကိစၥ ဘာျဖစ္ႏိုင္မလဲ ဆိုတာပါ အသဲအသန္ စဥ္းစားလိုက္သည္။

' ကိုႀကီး ... က်ေနာ္ အေနာက္ ခဏသြားလိုက္အုံးမယ္။'

' ဟင္ !!! ေတာ္ၿပီလား ...။'

' ဟုတ္ ...။ က်ေနာ္ ဒီေန႔ ဝိတ္ခ်ေနတာ ခုမွ သတိရလို႔ ...။'

' ဪ ... ဟုတ္ပါၿပီ။ ဒါဆို ကိုယ္ ေဘလ္ ရွင္းထားလိုက္ေတာ့မယ္ေလ။'

' အင္း ...။'

စီးေခါဝ္ ျဖစ္သလို အင္း ၿပီး အျမန္ ထြက္လာလိုက္သည္။

~~~~~~~~

စားေသာက္ဆိုင္ ရဲ႕ ေအာက္ထပ္တြင္ ...

ခီရွီ တစ္ေယာက္ သူ စားၿပီးလို႔ ျပန္မလို႔ လုပ္ေတာ့မွ ဟိုေန႔က ေပါင္မုန္႔ ဆိုင္ထဲ ေတြ႕တဲ့ ေကာင္ေလး ကို ေတြ႕လိုက္ရတာေၾကာင့္ ျပန္ထိုင္လိုက္သည္။ အဲ့ေကာင္ေလးကေတာ့ သူ႔ကို မျမင္ပါ။ ၿပီးေတာ့ တစ္ေယာက္တည္း လာတာ မဟုတ္ပဲ ေဘာ္ဒီ ခပ္မိုက္မိုက္ ေကာင္ေလး တစ္ေယာက္နဲ႔ လာတာ ျဖစ္သည္။

ခီရွီ ျပန္မလို႔ လုပ္တာကို အဲ့ေကာင္ေလးကို ျမင္တာနဲ႔ အဓိပၸါယ္ မရွိ ျပန္ထိုင္လိုက္မိတဲ့ သူ႔ ကိုယ္သူ ေၾကာင့္ ရယ္ လိုက္မိသည္။

' ငါက ျပန္ထိုင္လိုက္လို႔လည္း အဲ့ေကာင္ေလး ဘာလာလုပ္တယ္၊ သူနဲ႔ အတူလာတဲ့ ေကာင္ေလးနဲ႔ ဘယ္လို ပတ္သက္တယ္ဆိုတာ သိရမွာ မွ မဟုတ္ပဲ။ ဒီတစ္ေခါက္ တ႐ုတ္ ကို လာတာ ကိုယ့္ကိုယ္ကို ႐ူး ေအာင္ လုပ္ဖို႔ ေရာက္လာရတာမ်ားလား ...။'

ခီရွီ သူ႔ဘာသာ ေျပာရင္း ေခါင္းရမ္းလိုက္ၿပီး ျပန္ဖို႔ ထ ရပ္ လိုက္သည္။ သူ႔ အေဖ ခိုင္းထားတဲ့ အမ်ိဳးသမီး ဆီက ဖုန္း ဆက္လာတဲ့ အေၾကာင္းကို သူ႔ အေဖ ကို ျပန္ေျပာရအုံးမယ္။

~~~~~~~~~~

ဝူယြင္ ဝန္ထမ္း ေကာင္မေလး လာခ်ေပးတဲ့ မီႏူး စာအုပ္ကို ေရွာင္းေရွာင္း ဘက္ကို တြန္းပို႔ေပးလိုက္ၿပီး ...

' ေရွာင္းေရွာင္း ... ဘာမွာမလဲ။'

' ဝူယြင္ ႀကိဳက္တာ မွာေလ။ က်ေနာ္က ဘာျဖစ္ျဖစ္ စားတယ္။'

' ဒါဆို ကိုယ္ မွာလိုက္မယ္ေနာ္ ...။'

' အင္း ...။'

စီးေခါဝ္ ဝူယြင္ နဲ႔ ေရွာင္းေရွာင္း ရဲ႕ ေက်ာခ်င္းကပ္ ခုံမွာ ဝင္ထိုင္ရင္း ခိုးနားေထာင္ေနတာ ျဖစ္တာေၾကာင့္ ဝူယြင္ ရဲ႕ ႏူးႏူး ညံ့ညံ့ အသံကို ၾကားၿပီး ေဒါသေတြ အလိပ္လိပ္ ထြက္လာသည္။

ဝူယြင္ သူ႔ကို သစၥာေဖာက္ေတာ့မွာလား။ ေျပာေတာ့ သူနဲ႔ အတူ ေရွာင္းေရွာင္း ရဲ႕ ပိုက္ဆံကို ခ်ဴမယ္ဆို။ အခုက် ေလသံ က ဘာလို႔ ခ်စ္ျမတ္ႏိုးတဲ့ ေလသံ ျဖစ္ေနရတာလဲ။

ဝန္ထမ္းေကာင္မေလး ထြက္သြားတာေၾကာင့္ စီးေခါဝ္ စားပြဲေပၚက ပန္းဖလက္ စာ႐ြက္ ကို ယူၿပီး သူ႔မ်က္ႏွာကို ကာ ထားလိုက္သည္။

ထိုစဥ္ ဝူယြင္ ရဲ႕ အသံ ကို ထပ္ၾကားလိုက္ရသည္။

' ေရွာင္းေရွာင္း ...'

ေရွာင္းေရွာင္း ဝူယြင္ ဘာေျပာမယ္ ဆိုတာ သိတာေၾကာင့္ ဝူယြင္ မေျပာခင္ သူပဲ အရင္ ေျပာလိုက္တယ္။

' ဝူယြင္ ေတာင္းထားတဲ့ အေျဖ ကို က်ေနာ္ ေျဖေပးမယ္။'

* ဘာ !!!! ဝူယြင္ က ေရွာင္းေရွာင္း ကို အေျဖ ေတာင္းတယ္။*

စိးေခါဝ္ သူ ဝူယြင္ ကို အဆုံးရႈံး မခံႏိုင္ေလာက္ေအာင္ တြယ္ကပ္ခ်င္ေနတာမ်ိဳး မဟုတ္ေပမယ့္ ဝမ္ေရွာင္းေရွာင္း နဲ႔ ႀကိဳက္သြားမွာကိုေတာ့ မလိုလားပါ။ အဲ့ဒါေၾကာင့္ အျဖဴ အမဲ သဲကြဲေအာင္ အကုန္ရွင္းဖို႔ လုပ္ေတာ့ သူနဲ႔ အတူ လာတဲ့ လူကလည္း ထ ရပ္လာၿပီး သူ႔ကို ရွာဖို႔ ဒီဘက္ကို ထြက္လာေတာ့မွာ အရင္ေတြ႕လိုက္တာေၾကာင့္ သူ ခိုးနားေထာင္ေနတဲ့ အနားကေန ခြါလာလိုက္တယ္။

စိတ္ထဲတြင္ေတာ့ ဝမ္ေရွာင္းေရွာင္း ဘယ္ေတာ့မွ မေပ်ာ္ေစရဘူး ဆိုၿပီး ဒီေန႔ ကိစၥကို မွတ္ထားလိုက္သည္။

~~~~~~~~~

' က်ေနာ္ ဝူယြင္ ကို မခ်စ္ဘူး။'

' ဘယ္လို !!!.'

ဝူယြင္ သူ ထင္ထားတာနဲ႔ ေရွာင္းေရွာင္း ေျပာလာတာက ဆန္႔က်င္ဘက္ ျဖစ္တာေၾကာင့္ သူက သူ႔ကိုယ္သူ အထင္ႀကီးထားတာလားဆိုၿပီး ျပန္ေတြးမိသြားသည္။ ဒါမွမဟုတ္ ဝမ္ေရွာင္းေရွာင္း ကပဲ ႐ူးေနတာလား။

' ဟုတ္တယ္။ က်ေနာ္ ေသခ်ာ စဥ္းစားၿပီးမွ ဒီအေျဖ ေပးလိုက္တာပါ။'

' ဒါဆို အရင္က မင္း ဘာလို႔ ကိုယ္ အထင္မွားႏိုင္တဲ့ အျပဳအမူ အေျပာအဆို လုပ္ျပခဲ့တာလဲ။ မင္း တမင္တကာ ကိုယ့္ကို ကစားေနတာလား။'

' မဟုတ္ ... မဟုတ္ပါဘူး။ အရင္က က်ေနာ္လည္း ဝူယြင္ ကို သေဘာက်ေနတယ္ဆိုၿပီး ကိုယ့္ကိုယ္ကို ထင္ခဲ့တာပဲ။ ဒါေပမယ့္ တကယ့္ တကယ္ ဝူယြင္ က်ေနာ့္ကို ခ်စ္တယ္ ေျပာၿပီး အေျဖေတာင္းလာေတာ့ က်ေနာ္ သာမန္ထက္ ရင္မခုန္တာဟာ ဝူယြင္ ကို တကယ္ သေဘာက်ၿပီး ခ်စ္ေနတဲ့ထိ မျဖစ္ဘူးဆိုတာ နားလည္လိုက္တာ။ ေဆာရီး ...'

' ကိုယ္ အခု အလိုရွိတာ ေဆာရီး ဆိုတဲ့ စကား မဟုတ္ဘူးဆိုတာ မင္း သိသင့္ပါတယ္။'

' သိပါတယ္။ ဒါေပမယ့္ က်ေနာ္ကလည္း အဲ့ စကား က လႊဲၿပီး တစ္ျခား ေျပာစရာ မရွိဘူး။'

' ေတာက္စ္ !!!!!!.'

ေရွာင္းေရွာင္း ေတာက္ ေခါက္သံေၾကာင့္ မေၾကာက္ေပမယ့္ ႐ုတ္တရက္ ၾကားလိုက္ရတာ ျဖစ္တာေၾကာင့္ ခႏၶာကိုယ္ ဆတ္ခနဲ ျဖစ္သြားရသည္။

' စိတ္မေကာင္းပါဘူး။ ၿပီးေတာ့ ဝူယြင္ ခုေလာက္ထိ ျဖစ္ဖို႔ မလိုဘူးလို႔လည္း ထင္တယ္။ အရင္ကလည္း က်ေနာ္ကပဲ ဝူယြင္ကို စ ၿပီးသေဘာက်တာပဲေလ။ အမွန္တိုင္း ေျပာရရင္ ဝူယြင္က က်ေနာ့္ကို စိတ္မဝင္စားခဲ့ဘူးမလား။ အဲ့ဒါေၾကာင့္ က်ေနာ့္ကို ဂ႐ုမစိုက္ခဲ့တာေပါ့။ က်ေနာ္ သေဘာက်ေပးေနတာကို သေဘာက်လို႔သာ အလိုက္ထိုက္ ေနေပးခဲ့တာပဲ ရွိတာ၊ က်ေနာ္က စၿပီး မဆက္သြယ္ရင္ ဝူယြင္လည္း ေပ်ာက္ေနခဲ့တယ္။ အဲ့ဒါကို က်ေနာ့္ ဦးေႏွာက္က သိလာၿပီး ႏွလုံးသားကိုပါ အသိေပးလိုက္တာ ျဖစ္မယ္။ အဲ့ဒါေၾကာင့္ အေျဖက ဝူယြင္ ကို တကယ္ မခ်စ္ဘူး ဆိုတာပဲ ထြက္လာခဲ့တယ္။'

' မင္း စကား တတ္တိုင္း ေလွ်ာက္ေျပာမေနနဲ႔။ မင္း တမင္တကာ ငါ့ကို လွည့္စားခဲ့တာမလား။ ငါ မင္းကို တကယ္ ခ်စ္တယ္ဆိုေတာ့မွ မင္း ငါ့ကို တမင္တကာ အရွက္ခြဲတာ မလား။'

ေရွာင္းေရွာင္း သူ႔ အေရွ႕မွာ ေဒါသေတြ ထြက္ၿပီး ကမူးရွဴးထိုး ျဖစ္ေနတဲ့ ဝူယြင္ ကို ၾကည့္လိုက္ရင္း ေလသံ ေအးေအး နဲ႔ ေမးလိုက္သည္။

' ဝူယြင္က က်ေနာ့္ ကို တကယ္ ခ်စ္တာလား ...။'

ဝူယြင္ ဝမ္ေရွာင္းေရွာင္း သူ႔ကို မခ်စ္ဘူး ဆိုတဲ့ အသိပဲ ရွိေနၿပီး အဲ့လို ျဖစ္တာကို လက္မခံႏိုင္တာေၾကာင့္ အခု သူ႔ကို ၾကည့္ၿပီး ေျပာလာတာေတာင္ နားထဲ ဘာမွ ေသခ်ာ ေရရာ မၾကားလိုက္ပါ။

ေရွာင္းေရွာင္း သူ ေမးတာကိုေတာင္ ေျဖဖို႔ အခ်ိန္ယူေနတဲ့ ဝူယြင္ ကို ထပ္ၾကည့္လိုက္ၿပီး ...

' ထားပါေတာ့ ...။ က်ေနာ္ တို႔ သူငယ္ခ်င္းလိုပဲ ေနရေအာင္။ က်ေနာ္ ဒီထက္ပိုၿပီး သူမ်ားကို နာက်င္ေအာင္ မေျပာတတ္ခ်င္ဘူး။ အဲ့ဒါေၾကာင့္ က်ေနာ္ နဲ႔ ဝူယြင္ၾကား ေကာင္းေသာ ဆက္ဆံေရးပဲ ဆက္ၿပီး ထိန္းသိမ္းထားၾကတာေပါ့။ က်ေနာ္ အရင္ ျပန္ႏွင့္မယ္ေနာ္။ ေဘလ္ ကို က်ေနာ္ပဲ ရွင္းသြားလိုက္မယ္။'

ဝူယြင္ ေရွာင္းေရွာင္း ထြက္သြားတာနဲ႔ မွာထားတဲ့ အစားအေသာက္ေတြ လာခ်ေပးသြားတဲ့ စားပြဲ ေပၚက အေငြ႕ တေထာင္းေထာင္း ထ ေနတဲ့ ပန္းကန္ေတြ ၾကည့္ၿပီး အကုန္ ေမွာက္ခ်ပစ္ခ်င္စိတ္ပဲ ျဖစ္ေနတယ္။

~~~~~~~~~

' ဆရာ ... ကား company တစ္ခုေတာ့ ရွာထားတယ္။ သူတို႔ တင္ထားတဲ့ ကား ေတြ ဆရာ ၾကည့္ ၾကည့္ မလား။'

' အင္း ... ေပး ...။'

ရိေပၚ သူ႔ကို ကမ္းေပးလာတဲ့ Tablet ကို လွမ္းယူၿပီး ၾကည့္လိုက္ေတာ့ ကား အမ်ိဳးအစားေတြ ေတာ္ေတာ္ မ်ားမ်ား ေ႐ြးစရာ ရွိေနတာေၾကာင့္ သေဘာက်သြားသည္။

' အင္း ... မဆိုးဘူးပဲ။ ဒါဆို သူတို႔ရဲ႕ သူေဌးနဲ႔ ခ်ိတ္လိုက္ေတာ့။ လူခ်င္းေတြ႕ခ်င္တယ္ဆို ငါတို႔ အခ်ိန္မေ႐ြး လာလို႔ ရတယ္လို႔။'

' ဟုတ္ကဲ့ ...။'

' အင္း ...။ ဒါနဲ႔ ေအဂ်င္စီ ကေရာ တစ္ျခား ဘာေျပာလာတာ ရွိေသးလဲ။'

' ဘာမွေတာ့ ထပ္မေျပာလာပါဘူး။'

' မေျပာလာတာ ျပႆနာ တစ္ခုခု ရွိေနလို႔မ်ားလား။ ၾကာတယ္ ... ကား သြားျပင္ခိုင္းလိုက္ ငါ သြားၾကည့္လိုက္မယ္။'

ရိဖုန္း ဆရာ ဘာလို႔ အေၾကာင္း မရွိ အေၾကာင္းရွာၿပီး ေအဂ်င္စီ သြားခ်င္တာလည္း သိေနတာေၾကာင့္ ဆရာ ေျပာတာကို ဘာမွ အထြန္႔တက္ ေမးမေနေတာ့ပဲ ကား သမား ဆီ ထြက္သြားလိုက္သည္။

သူလည္း သူတို႔ ေအဂ်င္စီ ရဲ႕ မ်က္ႏွာခ်င္းဆိုင္က ေပါင္မုန္႔ ဆိုင္ကို သြားခ်င္ေနတာပဲေလ။

~~~~~~~~~~

" Sun Flower"

' ရိလုံ ... ကား က ဘယ္အခ်ိန္ သြားဝယ္မွာလဲ ...။'

ရိလုံ ေရွာင္း ရဲ႕ စကားေၾကာင့္ အက်ယ္ႀကီး သာ ေအာ္လိုက္ခ်င္ပါေတာ့သည္။

' ေရွာင္း ... မင္း ဟာ က မလြန္ လြန္းဘူးလား။ မေန႔ညလည္း မင္း ငါ့ကို တစ္ညလုံး ဘယ္ကား က ေကာင္းတာ၊ ဘယ္လို ကား ဝယ္မယ္ ဆိုတာ ထိုင္ေျပာေနခဲ့တာ။

မနက္ေရာက္ေတာ့လည္း ေနာက္ကေန တဂ်ီဂ်ီ နဲ႔ လိုက္ေျပာေနျပန္တယ္။ ညေနက် သြားမယ္လို႔ ေျပာၿပီးၿပီေလ။ သြားမယ့္ အခ်ိန္ေရာက္ရင္ သြားမွာေပါ့။ ေပါင္မုန္႔ လုပ္တာ ၾကည့္ ဆိုတာက်ေတာ့ မၾကည့္ဘူး။'

ေရွာင္းက်န္႔ ႏႈတ္ခမ္း စူ ထားလိုက္ရင္းနဲ႔ ...

' မၾကည့္ဘူး။ ဘာလုပ္လုပ္ စိတ္မပါဘူး။ ငါ့ကို ကား သာ အျမန္သြားဝယ္ေပး ...။'

' ေအးေဟ့ ... ေအး ...။ သြားဝယ္ေပးမယ္။ က်င္းေပါင္ ျပန္လာရင္ သြားၾကမယ္။'

' တကယ္ေနာ္ ...။ ဒါဆို ငါ က်င္းေပါင္ ကို ဖုန္း သြားေခၚလိုက္မယ္။ ျမန္ျမန္ ျပန္လာဖို႔ ...။'

ရိလုံ အိမ္ေပၚ ျပန္တက္ေျပးဖို႔ ျပင္ေနတဲ့ ေရွာင္း ကို အျမန္ ဖမ္းဆြဲထားလိုက္ၿပီး ...

' မဆက္နဲ႔ ... သူက သူ႔ သူငယ္ခ်င္း အိမ္မွာ စာ သြားလုပ္မွာလို႔ ေျပာၿပီးၿပီေလ။ ကေလးက စာေမးပြဲ နီးေနၿပီ။ သြား မေႏွာင့္ယွက္နဲ႔။ သူ ျပန္လာတဲ့ အခ်ိန္ သြားမယ္။ ဒါပဲ ...။ ထပ္ေျပာရင္ ငါ မဝယ္ေပး ေနလိုက္ေတာ့မွာ။ အျမင္ကပ္ေနၿပီ မင္း ကို ...။'

' ဟြန္႔ ... စိတ္ပုပ္ ေကာင္ႀကီး ...။'

ေရွာင္းက်န္႔ လိုခ်င္တာ မရတာေၾကာင့္ ရိလုံ ကို မ်က္ေစာင္းထိုးရင္း ဆိုင္လည္း ေစာင့္ ကူဖို႔ မေနေတာ့ပဲ ေျခသံ ေပးၿပီး အိမ္ေပၚ တက္လာလိုက္သည္။

' ေရွာင္း ...

ေဟ့ ... ေရွာင္း ...'

ရိေပၚ သူ ဆိုင္ထဲ ေရာက္မွ ေရွာင္း ဆိုတဲ့ နာမည္ ေအာ္ ေခၚရင္း အိမ္အေပၚထပ္ တက္တဲ့ ေလွခါး နားမွာ ရပ္ၿပီး ေမာ့ၾကည့္ေနတဲ့ လူ ေၾကာင့္ သူ ေတြ႕ခ်င္တဲ့ သူက ဆိုင္ထဲမွာ မရွိေတာ့ဘူးဆိုတာ သိလိုက္သည္။

ရိဖုန္း သူ႔ကိုက် က်င္းေပါင္ရဲ႕ အကိုက ျမင္ဖူးေနတာေၾကာင့္ ဆရာ ရိေပၚ ရဲ႕ အေနာက္ နားမွာ မေယာင္မလည္ ရပ္ရင္း ဆိုင္ထဲ မွာ က်င္းေပါင္ ကို ရွာၾကည့္ေတာ့ မေတြ႕ပါ။ အိမ္ေပၚမွာမ်ားလား ...။

ရိေပၚ ေတြ႕ခ်င္တဲ့ လူ မရွိမွေတာ့ မုန္႔လည္း ဝယ္မေနေတာ့ပဲ ျပန္ထြက္ဖို႔ ျပင္လိုက္သည္။ သူ စကတည္းက မုန္႔ ဝယ္ခ်င္လို႔ လာတာ မဟုတ္ဘူးေလ။

ဆိုင္ထဲကေန ျပန္ထြက္ဖို႔ တံခါး ဆြဲဖြင့္ေတာ့ လူ တစ္ေယာက္လည္း ဆိုင္ထဲကို ဝင္လာတာနဲ႔ တိုးသည္။

' အို႔ ... ေဆာရီး ...။'

ရိေပၚ သူ႔ကို ေဆာရီး ေျပာလာတာ ဂ်ပန္ ဘာသာ စကား ျဖစ္ေတာ့မွ လူ ကို ၾကည့္လိုက္သည္။

အဲ့ဒီအခ်ိန္ တစ္ဖက္က လူကလည္း သူ႔ကို ၾကည့္လာတာေၾကာင့္ သူတို႔ ႏွစ္ေယာက္ တံခါး နားမွာ အၾကည့္ခ်င္း ဆုံေနၾကပါသည္။

ၿပီးမွ ဂ်ပန္ လူမ်ိဳး ျဖစ္တဲ့ တစ္ေယာက္ ဆီက တ႐ုတ္စကား ထပ္ၾကားလိုက္ရျပန္တယ္။

' မင္း အရင္ ထြက္ပါ။'

ရိေပၚ သူ႔ကို ဦးစားေပးလိုက္တဲ့ လူေၾကာင့္ ဆိုင္ထဲက ထြက္လာလိုက္ေပမယ့္ အေနာက္ကို ျပန္လွည့္ၾကည့္လိုက္သည္။ ၿပီးေတာ့ ဆိုင္ထဲမွာ ဟိုဟို ဒီဒီ ေလွ်ာက္သြားေနတဲ့ လူကို ၾကည့္ၿပီး မနက္က ေရွာင္းေရွာင္း ေျပာတဲ့ စကားေတြ တစ္လုံးခ်င္း ျပန္ၾကားလာတယ္။

' ေရွာင္း ကို ဂ်ပန္ လူမ်ိဳးနဲ႔ပဲ ေအာင္သြယ္ ေပးေတာ့မယ္။'

' ေရွာင္း ရဲ႕ အခ်စ္စက္ကြင္း က ကား နဲ႔ ၿငိဖို႔ ပဲ လိုတယ္။ ကား ဝယ္ေပးရင္ ျပန္ႀကိဳက္မွာပဲ။'

ရိေပၚ နားထဲ ထပ္ခါ ထပ္ခါ ၾကားေနရတဲ့ ေရွာင္းေရွာင္း ရဲ႕ အသံေၾကာင့္ ဆိုင္ထဲကို ေနာက္တစ္ခါ ျပန္ဝင္လိုက္သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.07.13 ( Thur )

Seguir leyendo

También te gustarán

156K 12.2K 48
ယောကျာ်းတယောက်က ကျွန်တော့်အချစ်ကို ရဖို့ လှည့်ကွက်မျိုးစုံ သုံးခဲ့တယ်ဆို ခင်ဗျား ယုံမလား ေယာက်ာ္းတေယာက္က ကြၽန္ေတာ့္အခ်စ္ကို ရဖို႔ လွည့္ကြက္မ်ိဳးစုံ သ...
143K 1.7K 15
𝐣𝐮𝐬𝐭 𝐢𝐦𝐚𝐠𝐢𝐧𝐞 𝐚𝐛𝐨𝐮𝐭 𝐲𝐨𝐮𝐫 𝐟𝐚𝐯 𝐩𝐞𝐨𝐩𝐥𝐞. 𝐆𝐨 𝐟𝐮𝐜𝐤 𝐰𝐢𝐭𝐡 𝐦𝐲 𝐨𝐭𝐡𝐞𝐫 𝐩𝐫𝐨𝐣𝐞𝐜𝐭𝐬! 𝐟𝐫𝐞𝐞 𝐤𝐚𝐲 𝐟𝐥𝐨𝐜𝐤
112K 155 2
ယုယငံုေထြးအပ္ေသာ ခ်စ္ျခင္း, စိတ္ကူးယဥ္နန္းေတာ္, ၏ ဆိုစကား ႏွင့္ ေဆာင္းဦးေလေျပ၏ ႏူးညံ့ျခင္း, တို႔ မႊမ္းထံုေသာ ဆင္စြယ္နန္းေတာ္ထက္က, ျမတ္ႏိုးသိမ္ေမြ...
308K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc