အပိုင်း(၂၇၈)စစ်မြေပြင်မှသရဲတစ္ဆေများ
ရမ်ဖေးမှာ မသိစိတ်က သူ့အား ဇဝေဇဝါအမူအရာဖြင့် လှည့်ကြည့်လိုက်သည်။ သို့သော် သူလည်း သဘောပေါက်လိုက်ပြီးနောက် သူ၏မျက်နှာမှာ ပြောင်းလဲသွားသည်။ သူက အနည်းငယ် ချောင်းဟမ့်ကာ ပြောလိုက်သည်။ "ဝံပုလွေခေါင်းက လွယ်ကူတဲ့ပစ်မှတ်တစ်ခုလို့ မင်းထင်နေလား ဟားဟား"
"အာ..." နည်းပြဟုန်မှာ စခရင်အား တစ်ချက်ကြည့်လိုက်ရင်း အတွေးနက်သွားသော်လည်း ထိုလူများ မည်သည့်နေရာကနေလာသည်ကို မသိနိုင်ချေ။
သူအံ့ဩထိတ်လန့်သွားသည်ကို မြင်သည့်အခါ ရမ်ဖေးမှာ အလွန်နေသာထိုင်သာရှိသွား၏။ သူသည် နည်းပြလျိုအား လမ်းကြည့်လိုက်ပြီး စိတ်ထဲတွင် အမှတ်တကယ်ချီးကျူးမိသွားသည်။ "ရှောင်လျိုက တကယ်ကို ထူးချွန်ထက်မြက်တဲ့သူပဲ"၏
သူတို့သာမက ဦးစီးကေဒါလျိုနှင့် ဦးစီးကေဒါချန်းတို့လည်း အေးခဲသွားကြသည်။ သူတို့သည် အလွန်အသိပညာကြွယ်ဝသည့်အတွက် သိုင်းလောကအကြောင်း သိရှိနားလည်ထားပြီး သိုင်းပညာရှင်များစွာနှင့် ထိတွေ့ဆက်ဆံလာခဲ့ရသည်။ လူထူးဆန်းများအတွက် လုံခြုံရေးအာဏာပိုင်အရ အမျိုးသားလုံခြုံရေးအေဂျင်စီသည် စစ်တပ်အတွက် မသင့်တော်သော သိုင်းပညာရှင်များအတွက် ကိုယ်ပိုင်စီမံခန့်ခွဲမှုနည်းလမ်းရှိသည်။ ထို့ပြင် သိုင်းပညာရှင်အနည်းငယ်ကသာ စာရင်းသွင်းခဲ့၏။ သိုင်းပညာရှင်များမှာ နည်းပြများကဲ့သို့ပင် လူနည်းစုသာရှိသည်။
သိုင်းပညာရှင်တစ်ယောက် သို့မဟုတ် နှစ်ယောက်ခန့်သာ သူတို့ရှေ့သို့ ရောက်ရှိလာပါက သူတို့ စိတ်ကို သက်ရောက်မည်မဟုတ်ချေ။ သို့သော် သိုင်းပညာရှင်အုပ်စုလိုက်ကို တွေ့လိုက်ရသည့်အတွက် သူတို့ ရှော့ရသွားကြသည်။
သိုင်းပညာရှင်အားလုံးမှာ သူတို့၏အထောက်အထားကို ဖယ်ဖျောက်ထားသည့်လုနီးပါးဖြစ်ပြီး စင်ပေါ်တွင် ထိုင်နေသည့် တိုင်ရီတျန်ပင် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ သူ၏မျက်နှာမှာ အလွန်ပြောင်းလဲသွားပြီး ယနေ့ အကဲဖြတ်မှုရလဒ်မှာ မမျှော်လင့်ထားသည်များဖြစ်နိုင်သည်ကို သဘောပေါက်သွား၏။
သိုင်းပညာရှင်မဟုတ်သည့်လူများမှာတော့ သူတို့၏အံ့မခန်းအရှိန်ကြောင့် အံ့အားသင့်နေကြသည်။
သစ်တောထဲတွင်။
လင်းယုန်နဂါးအဖွဲ့ဝင်များမှာ အမှန်တကယ် ကောင်းကောင်းလေ့ကျင့်သင်ကြားထားပြီး လက်တွေ့ဆောင်ရွက်ရာတွင် ခိုင်မာသည့်စွမ်းရည်ရှိသည်။
ကပ္ပတိန်မှာ အမူအရာပုံစံများစွာ ပြုလုပ်ပြပြီးနောက် အဖွဲ့များမှာ လျင်မြန်စွာ ဖြန့်ကျက်သွား၏။
စုစုပေါင်း အဖွဲ့ခြောက်ဖွဲ့ဖြင့် တြိဂံပုံစံဖွဲ့စည်းထားသည်။ ပထမအတန်းရှိ အဖွဲ့သုံးဖွဲ့မှာ လမ်းဖောက်ရန်တာဝန်ယူထားပြီး ဒုတိယတန်းရှိ အဖွဲ့များမှာ ချေမှုန်းရေးနှင့် ထောက်ပံ့ရေးကို တာဝန်ယူသည်။ နောက်ဆုံးအတန်းရှိ အဖွဲ့မှာတော့ စနိုက်ပင်းလုပ်ရန် တာဝန်ယူသည်။ နောက်ဆုံးအတန်းရှိအဖွဲ့ဝင်များသည် မြူခိုးများကြောင့် ပထမအတန်းကို ရှင်းရှင်းလင်းလင်းမမြင်နိုင်သော်လည်း ၎င်းတို့သည် သူတို့အားထောက်ပံ့ကာ နောက်တန်းမှရန်သူအား သတ်နိုင်သည့်အတွက် ဒုတိယတန်း၏လှုပ်ရှားများကို မြင်နိုင်သည်။
အဖွဲ့မှာ ထီးပုံစံဖြင့် ဆက်၍ ချီတက်ကြသည်။
မိနစ်နှစ်ဆယ်ခန့်ကြာသည့်အခါ သူတို့လမ်းတစ်ဝက်နီးပါး ရောက်ရှိသွားကြပြီး အရှိန်လည်း နှေးကျသွားသည်။ သူတို့ အလွန်သတိထား၍ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုကြသည်။
မကြာမီတွင် ရန်သူပေါ်လာမည်ကို သူတို့သိကြ၏။
ဤအခိုက်တွင် မြူခိုးများဝိုင်းနေသည့် တောအုပ်မှာ ပို၍ တိတ်ဆိတ်သွားသည်။ ထူထဲသော သစ်ရွက်များမှာ နေရောင်ခြည်ကို ပိတ်ဆို့ထားသောကြောင့် တောတွင်းရှိလူတိုင်းမှာ ရှင်းရှင်းလင်းလင်း မမြင်ရဘဲ အေးစိမ့်နေစေသည်။
ပထမအတ်း၏ညာဘက်ရှိ အဖွဲ့မှ လူခုနှစ်ယောက်မှာ ရှေ့သို့လျှောက်သွားကြ၏။
သူတို့၏ဘေးတွင် အထူအပါးမျိုးစုံရှိသည့် သစ်ပင်များစွာ ရှိနေသည်။ ထိုအခိုက်တွင် မည်သူ့ကိုမှ မမြင်နိုင်သလို ရန်သူ၏အသံကိုလည်း မကြားရချေ။ သူတို့သည် တိတ်ဆိတ်နေသည့်တောထဲ၌ စိတ်လှုပ်ရှားစိုးရိမ်စပြုလာ၏။
အတန်း၏အဆုံးမှ စစ်သားမှာ သစ်ရွက်ခြောက်ပေါ် တက်နင်းလိုက်မိသည်။ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ၏နောက်ကျောရှိ သစ်ရွက်များမှ ပုံရိပ်တစ်ခုပေါ်လာသည်။
၎င်းမှာ အားဟူပင်။
ရန်သူအား ကြည့်ရင်း အားဟူက လှောင်ပြုံးလိုက်ပြီး ထိုလူ၏ပါးစပ်ကို ဖုံးအုပ်လိုက်သည်။ သူသည် စစ်သားအား ဘယ်လက်သီးဖြင့် အလွန်လျင်မြန်စွာ ထိုးလိုက်ရာ ခပ်အုပ်အုပ်အသံကို ကြားလိုက်ရ၏။
စစ်သား၏ကြွက်သားများမှာ ချက်ချင်း တောင့်တင်းသွားသည်။ သူသည် ခုံခံရန်ပြင်လိုက်စဉ် ပခုံးထက်မှ မီးနီကို မြင်လိုက်ရ၏။ ထို့ကြောင့် ခုံခံရန်အတွေးကို စွန့်လွှတ်ကာ ငြိမ်နေရန် ကြိုးစားလိုက်သည်။
စစ်မြေပြင်တွင် သူ့နောက်ကလူက ဓားကိုင်ထားပြီး သူ့အား တိတ်တဆိတ်သတ်လိုက်ပြီဖြစ်၍ တိတ်တိတ်နေရမည်ဖြစ်သည်။
သို့သော် သူသည် အနည်းငယ် သံသယရှိနေ၏။ *ဒီလူက ဘယ်ကနေရောက်လာတာလဲ*
သို့သော် နောက်အခိုက်အတန့်တွင်တော့ သူ အဖြေကို ရှာတွေ့လိုက်သည်။ သူ၏ရှေ့မှ အဖွဲ့ဝင်ခြောက်ယောက်အား သစ်ရွက်များမှနေ၍ ရန်သူများအဆက်မပြတ်ပေါ်လာပြီး တိတ်တဆိတ်သတ်သွားသည်ကို မြင်လိုက်ရ၏။ စက္ကန့်နှစ်ဆယ်ပင်မကြာလိုက်ချေ သူ့အဖွဲ့မှာ စစ်သားမျးလုံး သေကုန်လေသည်။
"သူတို့က ဘယ်လိုတောင် ပုန်းကွယ်နေနိုင်တာလဲ"
ပထမဆုံးကျဆုံးသွားသည့် စစ်သားမှာ လုံးဝ အံ့ဩသွား၏။
သူတို့အဖွဲ့မှာ ကျရှုံးသွားသော်လည်း အခြားအဖွဲ့များက မည်သည့်ထူးခြားမှုကိုမျှ သတိမပြုမိသဖြင့် ရှေ့သို့ ဆက်လျှောက်နေကြဆဲဖြစ်သည်။
သို့သော တစ်မိနစ်ခန့်အကြာတွင် အတန်း၏နောက်ဆုံးရှိ စနိုက်ပါအဖွဲ့ခေါင်းဆောင်မှာ တစ်စုံတစ်ရာထူးဆန်းနေသည်ကို သတိပြုမိသွားသည်။
"ပထမအဖွဲ့၊ ဒုတိယအဖွဲ့၊ တတိယအဖွဲ့ ကြားလား ကြားရင် အကြောင်းပြန်ပါ" သူသည် ဝေါ်ကီတော်ကီကို ကိုင်ကာ ပြောလိုက်သည်။
သို့သော် အချိန်အတန်ကြာသည်အထိ မည်သူမျှ ပြန်မဖြေချေ။
"သေစမ်း"
အဖွဲ့ခေါင်းဆောင်၏နှလုံးမှာ ခုန်ပေါက်သွားပြီး အမြန်ပြောလိုက်၏။ "စတုတ္ထအဖွဲ့၊ ပဉ္စမအဖွဲ့ အမြန်ကာကွယ်ကြ"
ပြောပြီးသည်နှင့် သူသည် သူ၏အဖွဲ့ရှိစစ်သားများအား အမိန့်ပေးလိုက်သည်။ "သတိထားပြီး ဆုတ်ကွာကြ။ စတုတ္ထအဖွဲ့နဲ့ ပဉ္စမအဖွဲ့ကို ကာကွယ်ပေး"
အမိန့်ပေးပြီးနောက် စတုတ္ထအဖွဲ့နှင့် ပဉ္စမအဖွဲ့မှာ ဂရုတစိုက်ဖြင့် ပြန်ဆုတ်သွားကြ၏။
ရုတ်တရက်...
လူတစ်စုက သစ်ပင်ပေါ်မှခုန်ဆင်းလာပြီး အဖွဲ့တစ်ခုစီ၏ဘေးတွင် လူဆယ့်တစ်ယောက်ပေါ်လာသည်။ သူတို့မှာ နှစ်ခြမ်းကွဲသွားသော်လည်း သူတို့၏အရည်အချင်းမှာကား...
ကပ္ပတိန်၏အကြည့်အောက်တွင် ရန်သူများက ချက်ချင်းလှုပ်ရှားကြသည်။ စစ်သားများမှာ သူတို့၏သေနတ်များကို မမြှောက်ရသေးခင်မှာပင် သူတို့ထံသို့ လက်သီးချက်များ ခြေကန်ချက်များက မိုးရေစက်များသဖွယ်ကျဆင်းလာလေသည်။
ဘုန်း ဘန်း ဘုန်း...
ထုရိုက်သံ အော်ဟစ်သံများနှင့်အတူ စတုတ္ထအဖွဲ့နှင့် ပဉ္စမအဖွဲ့မှ တပ်သားများအားလုံး ကျဆုံးသွားသည်။
ထိုအချိန်တွင် စနိုက်ပါသမားများမှာ နောက်ပြန်ဆုတ်ရန်လက်လျှော့လိုက်ပြီး ရန်သူများကို ပစ်ခတ်မှုအနည်းငယ်ပြုလုပ်၏။ ထိုလူစုမှာ သူတို့ရောက်ရှိလာသည်နှင့် အမြန်ပြန်၍ ထွတ်ခွာသွားကြသည်။ သူတို့သည် တောထဲသို့ပြေးဝင်သွားကြကာ ခဏအကြာတွင် ပျောက်ကွယ်သွားကြ၏။
"မြန်မြန်"
"သတိထား"
"စက်ဝိုင်းဖွဲ့စည်းပုံနဲ့ ကာကွယ်ကြ"
ကပ္ပတိန်မှာ ကိုယ့်နှလုံးခုန်သံကိုပင် ပြန်ကြားနေရပြီး ပြင်းထန်စွာ အော်လိုက်သည်။ ထိုနောက်တွင် သူ၏လူဆယ်ယောက်သည် သက်တမ်းရာကျော်ရှိသည့် သစ်ပင်ကြီးတစ်ပင်ကို ကျောခိုင်းကာ စက်ဝိုင်းသဏ္ဍာန် ဝိုင်းပတ်လိုက်ကြ၏။
သေနတ်ကိုင်ထားသည့်ကပ္ပတိန်၏လက်မှာ တုန်ယီနေသည်။
အဖွဲ့ခြောက်ဖွဲ့တွင် ၅ ဖွဲ့ကျရှုံးသွားသည့် သတင်းက သူ့အား လုံးဝ ရှော့ရသွားစေသည်။
ဝံပုလွေခေါင်းမှကောင်တွေက သရဲတစ္ဆေတွေလိုပဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါဘာလုပ်ရမလဲ။
အေးစက်သော ချွေးစက်များက ကပ္ပတိန်၏နဖူးမှ ဖြည်းဖြည်းချင်းစီးကျလာသည် ဤအချိန်တွင် သူ့၌ ရွေးချယ်စရာမရှိတော့ဘဲ ပုံစံအမျိုးမျိုးဖြင့် ကာကွယ်ထားခဲ့ရသည်။
ထိုအတောအတွင်း၌။
ကျောက်ဖုန်းနှင့်သူ့လူများမှာ အေးအေးဆေးဆေး ရှေ့သို့ လျှောက်သွားနေကြသည်။
"ကပ္ပတိန်ဖုန်း၊ ငါတို့ အေးအေးဆေးဆေးလမ်းလျှောက်ရင်း စကားပြောနေလို့ ဖြစ်ပါ့မလား" ရှောင်ဝူက မနေနိုင်ဘဲ မေးလိုက်သည်။
ရှေ့သို့ချီတက်နေရသည်က အလွန်ပေါ့ပေါ့ပါးပါးရှိလွန်းလှ၏။ ရန်သူနှင့်တွေ့ပါက မည်သို့လုပ်မည်နည်း။
"ငါတို့ အလောင်းကောင်ဖို့ပဲ တာဝန်ရှိတယ်လို့ ငါမင်းကို မပြောဘူးလား" ကျောက်ဖုန်းက ပြုံးကာ ပြောသည်။
"ဒါပေမယ့် အလောင်းတွေက ဘယ်မှာလဲ။ ရှုံးသွားတဲ့သူတွေက ငါတို့ကို လုပ်ခွင့်ပေးပါ့မလား" ရှောင်ဝူမှာ နှုတ်ခမ်းကို တွန့်လိုက်မိသည်။
"ဒါကြောင့်မလို့ ငါတို့ ဒီကိုရောက်နေတာလေ" ကျောက်ဖုန်းက ရုတ်တရက် ရှေ့သို့လှမ်းကြည့်ကာ ရယ်မော၍ ပြောလိုက်သည်။ "ကြည့်လိုက်။ အလောင်းတွေ လာနေပြီ"
စကားဆုံးသည့်အခါ ကျောက်ဖုန်းက ရှေ့သို့ဆက်လျှောက်သွားသည်။
သူတို့ထံသို့ ရောက်လာသူများမှာ ပထမတန်း၏ညာဘက်ရှိ လင်းယုန်နဂါး တတိယအဖွဲ့ဖြစ်သည်။ ကျောက်ဖုန်းနှင့် သူ့လူများကို မြင်သည့်အခါ သူတို့ ဘာမှမပြောဘဲ ခေါင်းကိုငုံ့ကာ ရှေ့သို့ ပြေးကြသည်။ သူတို့ အနည်းငယ် ရှက်ရွံ့နေကြ၏။
အစက သူတို့ ရန်သူများအား လည်ပင်းဖြတ်မည်ဟု ကြံစည်ထားကြသည်။
"နေဦး ငါမင်းတို့ကို သွားခွင့်ပေးလို့လား" ကျောက်ဖုန်းက ရှေ့သို့တိုးလာကာ ပြောသည်။
"အမ်. မင်းရူးနေလား။ ငါတို့ရှုံးသွားမှတော့ ဘာလို့ဒီမှာ နေရမှာလဲ" တတိယအဖွဲ့မှလူတစ်ယောက်က ရုတ်တရက် ခေါင်းကိုမော့ကာ ဒေါသတကြီးပြောသည်။
"အကြောင်းပြချက်ကို မင်း ချက်ချင်းသိလိမ့်မယ်" ကျောက်ဖုန်းက ရှောင်ဝူနှင့် သူ့အနားရှိလူများကို တစ်ချက်ကြည့်လိုက်သည်။ ထိုနောက် လက်ကိုယမ်းပြလိုက်သည်။
ဖြောင်း...
ကျောက်ဖုန်းက ဦးဆောင်ကာ တက်သွားသည်။ ရည်ရွယ်ချက်ကို သတိပြုမိသွားသည့် တတိယအဖွဲ့မှ စစ်သားများမှာ ခုံခံကြသော်လည်း မည်သူမျှ ကျောက်ဖုန်း၏လက်သီးချက် ခြေကန်ချက်များကို မတားဆီးနိုင်ကြချေ။
လူတိုင်း နာကျင်စွာ အော်ဟစ်ကာ နေကြသည်။
တစ်မိနစ်အကြာတွင် တတိယဖွဲ့မှ လူတိုင်း အညိုအမဲစွဲလာပြီး ရှောင်ဝူနှင့် သူ၏လူများမှာ နေသာထိုင်သာရှိသွား၏။
"ယီးပဲ။ အဲဒါ မလုံလောက်သေးဘူး။ ညီအစ်ကိုတို့ သူတို့ဆော်ပစ်" ရှောင်ဝူက သေနတ်တစ်လက်ကို ကောက်ယူကာ တတိယအဖွဲ့မှ လူများကို ပစ်လေသည်။
ဒတ် ဒတ် ဒတ် ဒတ်...
စက္ကန့်သုံးဆယ်ကြာပြီးနောက် ကျည်ဆန်များမှာ စစ်သားများ၏မျက်နှာနှင့် ခန္ဓာကိုယ်ကို လုံးဝ ဖုံးလွှမ်းသွားခဲ့သည်။
"နောက်တစ်ဖွဲ့နီးလာပြီ။ သွားကြရအောင်" ကျောက်ဖုန်းက ရှေ့မှ သူတို့ထံလျှောက်လာနေသော အခြားတစ်ဖွဲ့ကို တွေ့လိုက်သဖြင့် သူ့လူများအား အမြန်ခေါ်သွားသည်။
တတိယအဖွဲ့မှလူများအားလုံးမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး နောက်ဆု့းတွင် သူတို့နောက်မှ အသင်းဖော်များကို စိုက်ကြည့်လိုက်သည်။ သူတို့ တစ်ခုခုပြောချင်သော်လည်း နောက်ဆုံးတွင် သူတို့၏မျက်နှာများကို ဖုံးအုပ်ကာ တောထဲမှ ပြေးထွက်သွားကြ၏။
နောက်ဘက်မှအဖွဲ့သည် ဒုတိယအကျော့တွင် ရိုက်နှက်ခံရပြန်သည်။
ထိုအခိုက်တွင် ခန်းမထဲရှိ စင်မြင့်ပေါ်မှ အထက်လူကြီးများမှာ အနည်းငယ် အံ့အားသင့်သွားကြ၏။
ပထမတွင် ဝံပုလွေခေါင်းအဖွဲ့ဝင်များ၏ အရည်အချင်းကြောင့် အံ့အားသင့်သွားကြသော်လည်း ယခုအဖြစ်အပျက်ကို မြင်သည့်အခါ ထူးဆန်းသလို ခံစားလိုက်ရသည်။
"ဟားဟားဟား...အရမ်းမိုက်တယ်" နည်းပြလျိုမှာ မျက်လုံးများ ကျဉ်းမြောင်းလျက် ထိုင်ခုံတွင် ခန္ဓာကိုယ်ကို ခါယမ်းကာ ရယ်မောသည်။
နည်းပြလျိုနှင့် မနီးမဝေးတွင်ရှိသော တိုင်ရီတျန်မှာ ဒေါသထွက်လွန်း၍ မျက်လုံးများ နီရဲနေသည်။ သူ၏နောက်တွင် အထက်လူကြီးများသာမရှိလျှင် စားပွဲကို လှန်ပစ်လိုက်မိပေမည်။
"ဟင်း...ဒါက တကယ့်ကို တဖက်သတ်တိုက်ပွဲပဲ။ ငါသူတို့ကို သိက္ခာထိန်းဖို့ပြောခဲ့ပါတယ်။ သူတို့ ဘာလို့ ငါ့စကားနားမထောင်ကြတာလဲ" နည်းပြလျိုက ရွဲ့စောင်းသည့်လေသံဖြင့် ပြောသည်။
"မင်း" တိုင်ရီတျန်မှာ စားပွဲအား ပုတ်လိုက်ပြီး ဒေါသကြောင့် တုန်ယီနေသည်။
"အာ နည်းပြရီတျန် မင်းဘာဖြစ်နေတာလဲ။ အကြောဆွဲနေတာလဲ။ မင်းကို ဆေးရုံပို့ပေးရမလား" နည်းပြလျိုက စိုးရိမ်တကြီးဟန်ဖြင့် မေးသည်။
"မင်း..." တိုင်ရီတျန်မှာ သွားများကို တင်းတင်းကြိတ်လိုက်သည်။ သူက နည်းပြလျိုအား လက်ညှိုးထိုးကာ ဒေါသတကြီးပြောသည်။ "မင်း အကူအညီရှာတာတာ မလွယ်ပါဘူး။ စောင့်နေလိုက် ဒီနေ့ကိစ္စအတွက် မင်း ဆယ်ဆပြန်ပေးဆပ်ရမယ်"
"အိုး ငါမင်းကို ယုံပါတယ်။ ဘာပဲဖြစ်ဖြစ် မင်းက ကောင်ကင်ကိုတောင် စော်ကားရဲတာပဲ" နည်းပြလျိုက ပူပန်သောကဖြင့် ပြောသည်။
"ငါ..." တိုင်ရီတျန်၏မျက်နှာမှာ ချက်ချင်းနီရဲလာပြီး သွေးအန်လုမတတ်ပင်ဖြစ်သွားသည်။
"ငြိမ်ငြိမ်ထိုင်ပြီး သေချာကြည့်ကြပါ" တာဝန်ခံနည်းပြက သူတို့အား သတိပေးသည်။
ထိုအချိန်တွင် တိုင်ရီတျန်က ခေါင်းကိုလှည့်ကာ စခရင်အား ဆက်၍ ကြည့်တော့သည်။
လူများ၏အကြည့်အောက်တွင်ပင် လင်းယုန်နဂါး၏နောက်ဆုံးအဖွဲ့မှ စစ်သားများမှာ သတိဖြင့် ကာကွယ်နေကြသည်။
ရုတ်တရက် စခရင်မှာ အပေါ်သို့လှည့်လိုက်ရာ အားလုံး တဖြည်းဖြည်း မျက်လုံးပြူးကျယ်သွားကြသည်။
ဒါက တကယ်ဖြစ်နိုင်ပါ့မလား။
...
တောထဲတွင် လင်းယုန်နဂါး၏ကပ္ပတိန်က ပတ်ဝန်းကျင်အားကြည့်ရင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
သို့သော တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်... ငါးမိနစ်ကြာသည်အထိ ဘာမှမဖြစ်ချေ။
ပြိုင်ဘက်မှာ လင်းယုန်နဂါးအဖွဲ့ငါးဖွဲ့ကို အနိုင်ယူဿွားခဲ့သည်။ သူ၏လူများထက် ရန်သူက အရေအတွက်သာလွန်သည်ဖြစ်ရာ ဝိုင်း၍ တိုက်ခိုက်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့ ရန်သူအများအပြားအား သတ်ရန် လိုအပ်ပေသည်။
သို့သော် မိနစ်အနည်းငယ်အတွင်း မည်သူမျှ ပေါ်လာခဲ့ခြင်းမရှိသဖြင့် သူတို့ တဖြည်းဖြည်း စိတ်လှုပ်ရှားစိုးရိမ်လာကြ၏။
ထိုအခိုက်တွင် သူတို့နောက်မှ မိန်းမတစ်ယောက်၏အသံကို ကြားလိုက်ရသည်။ "နင် ငါတို့ကို ရှာနေတာလား"
မိန်းမသံလား...
အားလုံး တုန်လှုပ်သွားပြီး အလျင်စလို လှည့်ကြည့်လိုက်ကြသည်။ အမျိုးသမီးခြောက်ခြောက်အား တွေ့လိုက်ရသည်နှင့် သူတို့ ချက်ချင်း သေနတ်များကို မြှောက်ကာ ချိန်လိုက်ကြသည်။ သူတို့ သေနတ်ခလုတ်ကို ဆွဲကာနီးတွင်...
ခေါင်းဆောင်အမျိုးသမီးက သူတို့၏ပုခုံးကိုညွှန်ပြကာ အေးစက်စက်ပြောလိုက်သည်။ "အလောင်းတွေက ပြန်တိုက်ခိုက်နိုင်တုန်းပဲလား"
ဘာ..
ကပ္ပတိန်နှင့်သူ၏အဖွဲ့သားများမှာ သူတို့၏ပုခုံးကို ကြည့်လိုက်ကြသည်။
ဝှစ်
လူတိုင်း၏မျက်နှာမှာ အလွန်ပြောင်းလဲသွားကြပြီး ကြက်သေသေသွားကြသည်။
အဘယ်ကြောင့်ဆိုသော သူတို့၏ပုခုံးပေါ်ရှိ မီးလုံးများမှာ အနီရောင်ဖြစ်နေပြီဖြစ်သည်။
သူတို့ ဘယ်တုန်းက ငါတို့ကို သတ်လိုက်တာလဲ။
အစစ်အမှန်တိုက်ပွဲတွင် ဤနည်းပြ ရန်သူကို တိတ်တဆိတ်သတ်နိုင်ပါက ၎င်းတို့ကို ဖော်ပြရန် စကားလုံးအနည်းငယ်သာ ရှိတော့သည်။
စစ်မြေပြင်မှ သရဲတစ္ဆေများပင်။
-အပိုင်း(၂၇၈) ပြီး