ပုပ္ပားမြေမှ စံကားဝါ / ပုပၸား...
By ShwunLaeKyaw
203K 9.4K 350
ပုပ္ပားမြေမှ စကားဝါ ပင်လုံးညှာ ရွှေရောင်ဝင်းလေတော့ ကြူသင်းစွာ မွှေးရနံ့ရယ်(ကွယ်) နှလုံးသားအထိ...စွဲ။ တစ်စုံတ... More
မေတ္တာရပ်ခံခြင်း / ​မေတ္တာရပ်​ခံခြင်း
အပိုငျး- ၁
အပိုင်း - ၁
အပိုငျး- ၂
အပိုင်း - ၂
အပိုငျး- ၃
အပိုင်း - ၃
အပိုငျး- ၎
အပိုင်း - ၎
အပိုငျး - ၅
အပိုင်း - ၅
အပိုငျး - ၆
အပိုင်း - ၆
အပိုငျး - ၇
အပိုင်း - ၇
အပိုငျး - ၈
အပိုင်း - ၈
အပိုငျး - ၉
အပိုင်း - ၉
အပိုငျး - ၁၀
အပိုင်း - ၁၀
အပိုငျး - ၁၁
အပိုင်း - ၁၁
အပိုငျး - ၁၂
အပိုင်း - ၁၂
အပိုငျး - ၁၃
အပိုင်း - ၁၃
အပိုငျး - ၁၄
အပိုင်း - ၁၄
အပိုငျး - ၁၅
အပိုင်း - ၁၅
အပိုငျး - ၁၆
အပိုင်း - ၁၆
အပိုငျး - ၁၇
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုငျး - ၁၉
အပိုင်း - ၁၉
အပိုငျး - ၂၀
အပိုင်း - ၂၀
အပိုငျး - ၂၁
အပိုင်း - ၂၁
အပိုငျး - ၂၂
အပိုင်း - ၂၂
အပိုငျး - ၂၃
အပိုင်း - ၂၃
အပိုငျး - ၂၄
အပိုင်း - ၂၄
အပိုငျး - ၂၅
အပိုင်း -၂၅
အပိုငျး - ၂၆
အပိုင်း - ၂၆
အပိုငျး ၂၇
အပိုင်း - ၂၇
အပိုငျး - ၂၈
အပိုင်း - ၂၈
အပိုငျး - ၂၉
အပိုင်း - ၂၉
အပိုငျး - ၃၀
အပိုင်း - ၃၀
အပိုငျး - ၃၁
အပိုင်း - ၃၁
အပိုငျး - ၃၂
အပိုင်း - ၃၂
အပိုငျး - ၃၃
အပိုင်း - ၃၃
အပိုငျး - ၃၄
အပိုင်း - ၃၄
မီးပုံးလုပျနညျး / မီးပုံးလုပ်နည်း
အပိုငျး - ၃၅
အပိုင်း - ၃၅
အပိုငျး - ၃၆
အပိုင်း - ၃၆
အပိုငျး - ၃၇
အပိုင်း - ၃၇
အပိုငျး - ၃၈
အပိုင်း - ၃၈
အပိုငျး - ၃၉
အပိုင်း - ၃၉
အပိုငျး - ၄၀
အပိုင်း ၄၀
အပိုငျး - ၄၁
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင္း - ၄၃
အပိုင်း - ၄၄
အပိုင္း - ၄၄
အပိုင်း - ၄၅
အပိုင္း - ၄၅
အပိုင်း - ၄၆
အပိုင္း - ၄၆
အပိုင်း ၄၇(ဇာတ်သိမ်းပိုင်း)
အပိုင်း - ၁၈
2.3K 152 9
By ShwunLaeKyaw
" ဟင် သူတကယ်ကြီးရောက်လာတယ်ပေါ့ ထင်မထားဘူးနော် သန့်ဇင်ဦးက အတော်ဇွဲကောင်းသားပဲ အဲတော့ နင်ဘယ်လိုပြောလိုက်လဲကိုကို "
ရုတ်တရက်ကြားလိုက်ရသည့် နီနီ့အသံလေးကြောင့် အေးချမ်းမေသူ့ခြေလှမ်းများ တုံ့ခနဲရပ်သွားရသည်။
speakerမဖွင့်ထားသည့်အပြင် နေရာအကွာအဝေးအရ တစ်ဘက်မှအသံကိုပါ သူ(မ) ရှင်းလင်းစွာမကြားရ။
သို့သော် နေဝင်ဆည်းဆာနှင့်အပြိုင် ရဲတက်သွားသည့်မျက်နှာလေးနှင့် နီနီ့စကားသံလေးအရ မိန်းမပျိုလေးအား လာရောက်ရှာဖွေသည့်အမျိုးသားတစ်ယောက်ရှိနေကြောင်း သိလိုက်ရ၏။
အောက်နှုတ်ခမ်းလေးကိုဖိကိုက်လျှက် ရှက်သွေးဖြန်းကာ နားထောင်နေသည့်မျက်နှာလေးက သူ(မ)အတွက် နာကျင်စေသည့်လက်နက်လေးပင်။
နီနီဖုန်းပြောနေသည်က ဆေးရုံအပြင်ဘက်ရှိ ထိုင်ခုံတစ်ခုတွင်ဖြစ်သည်။
လူနာဖြစ်သည့် ဦးသောင်းတင်က ဆက်ဆံရေးပြေပြစ်ကာဖော်ရွေသူဖြစ်ရာ လူနာသတင်းလာမေးသူကများက ပြတ်လပ်သွားသည်မှာ ခပ်ရှားရှားပင်။
ယခုလည်း ညနေ နေဝင်ချိန်မှပင် လူနာသတင်းမေးသူအချို့ရောက်လာပြန်၍ လူများလျှင်စိတ်ရှုပ်တတ်သည့်နီနီက အခန်းအပြင်ထွက်ရင်းမှ အစ်ကိုဖြစ်သူဆီ ဖုန်းဆက်နေခြင်း။
ထုံးစံအတိုင်းပင် နီနီအပြင်ထွက်သည့်အခါ စိတ်မချသည့် သူ(မ)က အနားမှမလိုက်ဘဲမနေနိုင်ပါ‌လေ။
ယခုလည်း သန့်စင်ခန်းဝင်ကာ အခန်းထဲပြန်လာချိန်၌ နီနီက အခန်းထဲမရှိတော့၍ ဆေးရုံရှေ့ဆီထွက်လိုက်လာစဉ် ဖုန်းပြောနေသံကြားလိုက်မိ၍ အသာငြိမ်နေလိုက်ခြင်းပင်။
မေသူရောက်နေသည်က ဆေးရုံထောင့်စွန်းအကွယ်တွင်ဖြစ်၍ သူ(မ)ကသာ နီနီ့ကိုမြင်‌နေရကာ ဖုန်းပြောနေသည့်နီနီက မြင်ပုံမရ။
" ဒါပဲနော်ကိုကို နင် စကားတွေတော့ မကျွံစေနဲ့ဟာ ငါက သူ့ကိုလေ့လာတုန်းပဲရှိသေးတာ အောင်သွယ်တာတွေဘာတွေတော့ လုပ်ဖို့မစဉ်းစားနဲ့ သိလား "
ခပ်စွာစွာလေးပြောနေသံက စိတ်ထဲမပါဘဲ ရန်လုပ်နေသည့်အလား မကျေမနပ်သံမပါ,ပါချေ။
တစ်ဖက်မှ မည်သို့ပြောလိုက်သည်မသိ။
ရှက်သွေးကြွယ်နေသူလေးက သူ့ဆံပင်သူဖွကာ တိုးဖျဖျရယ်နေပြန်သေး၏။
" ဟားဟား ငါ့အစ်ကိုကို ယုံပါတယ်နော် သူက လူကောင်းလေးမှန်း ငါလဲသိပါတယ် အဲဒါကြောင့်လဲ အလိုက်အထိုက်ဆက်ဆံပေးနေတာပေါ့ ငါကလဲ တွေ့ရာလူကို မကြိုက်တတ်ပါဘူးနော် သိဖို့ "
နှုတ်ခမ်းလေးစူကာ ဆောင့်အောင့်အောင့်လေးပြောနေပုံကပင် မျက်စိထဲ၌ ချစ်စရာကောင်းနေသည်ဟုဆိုလျှင် သူ(မ)လုံးဝမလွန်ပါချေ။
သူ(မ)မြတ်နိုးရသည့်ပန်းလေးက သိပ်လှ၏။
သို့ကြောင့် ဝဲသည့်ပျား၊ ပိတုန်းတို့ကလည်း ပေါလှလေသည်။
ဥယျာဉ်မှူးမဟုတ်သည့် သူ(မ)မှာ လှချင်တိုင်းလှသည့် ပန်းကလေးကိုငေးရင်း သက်ပြင်းချရသည်မှာလည်း အကြိမ်ကြိမ်။
ကိုယ်တိုင်မခူးနိုင်သည့်အခါ ထိုပန်းလေးကို အခြားသူများ မခူးယူစေလိုသည်က သူ(မ)၏ တစ်ခုတည်းသော အတ္တသာ။
ကံတရားက ရက်စက်နိုင်အား၏။
ဘဝ၌ တစ်ခုတည်းသောဆန္ဒလေးကိုပင် မဖြည့်ဆည်းပေးနိုင်သည့်အပြင် နက်လှစွာသောအနာအား ထပ်ခါထပ်ခါဆွပေးတတ်ပြန်သေးသည်။
ငေးကြည့်ရုံသာ တတ်နိုင်သည့်အချစ်တစ်ခုအား မျက်စိရှေ့၌ပင် လက်လွှတ်ဆုံးရှုံးရန်ကို ကြည့်နေရန်သာတတ်နိုင်သည်အထိ ကျီစားမှုကား အဆုံးစွန်သောရက်စက်ခြင်းပါပေ။
" အင်းပါ အင်းပါ အပျော်ခရီးထည့်ပေးတာမဟုတ်မှန်း သိပါတယ် တကတည်းမှပဲ ငါက ကိုယ့်ကိုယ်ကိုယ်ရော အမေ့ကို‌ရော ဂရုစိုက်ပါတယ်နော် နင်သာ နင့်ကိုယ်နင်ဂရုစိုက် "
သူ့ပန်းပွင့်လေးက ပန်းတော့ပန်းပွင့်ပင်...
သို့သော် ခပ်စွာစွာပန်းကလေး။
အေးချမ်းမေသူ ကိုယ့်အတွေးနှင့်ကိုယ် သဘောတကျပြုံးလိုက်မိ၏။
" အင်းပါ ကူကြည့်ပါတယ်ဟ ညဘက်ဆို လူကြီးတွေကိုအိပ်ခိုင်းပြီး ငါနဲ့‌မမမေသူပဲ အိပ်ပျက်ခံပြီး လူနာကြည့်ရတာပါနော် ပြောစရာမရှိတော့ရင် ဒါပဲလေ "
သူ(မ)ကြည့်နေစဉ်မှာပင် နီနီက ခေါင်းတညိတ်ညိတ်ဖြင့် ဖုန်းချလိုက်၍ ခြေလှမ်းများကိုဆက်လှမ်းသွားလိုက်သည်။
" ဪ မမ "
" အင်း နီနီအပြင်ထွက်သွားတယ်ဆိုလို့လေ မမပါ ဒီဘက်ကိုလိုက်လာတာ "
" လူနာမေးတဲ့သူတွေနဲ့မို့ စိတ်ရှုပ်လို့ပါမမရာ အပြင်ထွက်ရင်း ကိုကို့ကိုဖုန်းဆက်နေတာ "
" ဪ ကိုထက်နဲ့စကားပြောနေတာကိုး မမကမသိပါဘူး နီနီ့မျက်နှာလေးကပြုံးနေတော့ ရည်းစားဆီကဖုန်းများလားလို့ "
အေးချမ်းမေသူ့စကားကြောင့် နီနီကရယ်လိုက်ရင်း ပြန်ဖြေလာသည်။
" အာ မဟုတ်ပါဘူးမမရဲ့ အထင်တွေစွတ်ကြီးနေပြန်ပါပြီ "
" ဒါဆို သန့်ဇင်ဦးဆိုတာကရော "
သွားပြီ။
လွှတ်ခနဲထွက်သွားမိပြီးမှ မှားပြီမှန်း မေသူသိလိုက်သော်လည်း ပြင်၍မရတော့။
သူ(မ)အမေးကြောင့် နီနီကလည်း ရယ်နေရင်းမှ မျက်ခုံးပင့်သွားရင်း...
" ဟင် မမကြားလိုက်တာလား "
မထူးတော့ဟု နှလုံးပိုက်ပြီးသာ မေသူ ခေါင်းညိတ်ပြလိုက်ရ၏။
" အဲဒါ ရည်းစားမဟုတ်ပါဘူးမမရယ် ဒီအတိုင်းအသိပါ သူကတော့ နီနီ့ကိုသဘောကျနေပုံပဲ ဖွင့်မပြောပေမဲ့ နည်းနည်းတော့ရိပ်မိတာလောက်ပါ "
" ဪ "
မေသူအလိုက်သင့် ပြန်ဖြေပေးရင်း သက်ပြင်းခိုးချမိသည်။
နီနီက စကားဆက်လာပြန်၏။
" အခုကလဲ စောစောကတင်အိမ်ရောက်လာတယ်တဲ့ နီနီတို့ဆိုင်မဖွင့်လို့လာမေးတယ်ပြောတာပဲ "
" နီနီကရော "
" ဟင် "
" နီနီကရော သူ့ကိုသဘောကျသလားလို့ "
မေးသာမေးရသည်။
အဖြေကို နားမထောင်ရဲ။
သူ(မ)အမေးကို နီနီက မျက်လုံးလေးလှန်ကြည့်ရင်း ‌တွေးတွေးဆဆဟန်ဖြင့်...
" အမ်း ဘယ်လိုပြောရမလဲ ချစ်သလားဆိုရင်တော့ နီနီ သူ့ကိုမချစ်ဘူး ဒါပေမဲ့ သန့်ဇင်ဦးက နီနီ့အပေါ်တော့ စိတ်ရှည်ပြီးချစ်ရှာတဲ့ လူတော်လေးပါပဲ "
" အဲဒီတော့ "
" ဟင် "
" အဲတော့ နီနီက သူ့ကိုဘယ်လိုတွေးထားသလဲဟင် အင်း မမမေးချင်တာက သူ့ကိုရွေးချယ်ဖို့စဉ်းစားထားသလား "
" အဲဒါတော့ နီနီလဲ သေချာကြီးမဆုံးဖြတ်ရသေးဘူး မမရယ် ဒီအတိုင်းစောင့်ကြည့်နေတဲ့ အနေအထားပါပဲ သူကလဲ ချစ်ရေးမဆိုသေးတော့ နီနီ့အတွက် လေ့လာဖို့အချိန်တွေ အများကြီးရှိပါသေးတယ်လေ ပြောရရင်တော့ သူက နီနီ့အချစ်အတွက် ပြိုင်ပွဲဝင်ခွင့်တောင် တောင်းမထားသေးဘူးပေါ့ "
နီနီက သူ့စကားသူ သဘောကျဟန်ဖြင့်ရယ်၏။
" နီနီ့စကားကြီးကလဲ "
" ကဲ နီနီ့စကားကြီးကလဲ လုပ်မနေနဲ့ မမရေ စောစောကပဲ ဦးလေးအခန်းထဲက လူနာလာမေးတဲ့သူတွေ ပြန်ထွက်လာပြီ နီနီတို့လဲ အခန်းထဲပြန်ရအောင် "
နီနီက ပြောပြောဆိုဆို သူတို့ရှိရာ ဆေးရုံအပေါက်ဝဆီထွက်လာနေသည့် လူသုံးလေးယောက်ကို မေးဆတ်ပြလာ၏။
ညနေ မှောင်ရီပျိုးစပြုပြီဖြစ်သဖြင့် လူနာသတင်းမေးသူများလည်း ပြန်ကြတော့မည်ထင့်။
" ဝင်မနေပါနဲ့တော့ နီနီရယ် အခန်းပြင်ရောက်လက်စနဲ့ ညစာအတွက်သွားဝယ်ရအောင် "
" အင်းလေ နီနီလဲဗိုက်ဆာနေပါပြီ ဒါပေမဲ့ ပိုက်ဆံအိတ်က အခန်းထဲကျန်ခဲ့တာမမရဲ့ "
" စိတ်မပူပါနဲ့ ဟောဒီကကျွန်မမှာ ပိုက်ဆံပါလာပါတယ်တဲ့ရှင် သွားဝယ်ကြရုံပါပဲ "
အေးချမ်းမေသူ့စကားကြောင့် နီနီက သွားတန်းဖြူဖြူလေးများပေါ်သည်ထိ အားရပါရရယ်ပြီးမှ...
" ကဲ ဒါဖြင့် ဘာစောင့်နေသေးလဲ သွားကြတာပေါ့ "
နီနီ့စကားသံအဆုံး မေသူက လက်တစ်ဖက်ကိုရှေ့ဘက်ဆီဆန့်လိုက်ကာ သွားပါဟူသောပုံစံလေးလုပ်ပြလိုက်သည်။
စိတ်ထဲမှလည်း ချဉ်ကြော်ကို မဖြစ်မနေဝယ်ရန်တွေးထားလိုက်မိ၏။
နီနီက မျှစ်များများ၊ ငရုတ်သီးစိမ်းတောင့်များများနှင့် ချဉ်ပေါင်ကျော်ကို အတော်လေးခံတွင်းတွေ့နေပုံပေါ်သည်မဟုတ်ပါလား။
နှလုံးသားရဲ့ အချစ်ပြိုင်ပွဲအတွက်
သေလုမတတ် ကြိုးစားချင်ပါရဲ့။
ကံကြမ္မာရေးဆွဲတဲ့အထဲတော့
ကိုယ့်အတွက် ဝင်ခွင့်ကဒ်မပါခဲ့။
အချစ်ကံစမ်းမဲ လူရွေးပွဲမှာ
ကံမွဲသူ ဒီလူအပြေးလာပေမဲ့
နှိုက်စရာမဲရယ် နတ္တိသာမို့
ဗလာမဲတောင် မှန်းခွင့်မသာ။
~•~ ~•~ ~•~ ~•~ ~•~
" ဆရာ ဆရာ့ "
ညစာစားပြီး ပန်းကန်ဆေးနေချိန် ကြားလိုက်ရသည့် အသံများကြောင့် ထက်နောင်မျက်ခုံးပင့်သွားရ၏။
မနိုင်စိန်မျောက်လောင်းများ လာပြီထင့်။
ပန်းကန်များကိုအမြန်ဆေးလိုက်ကာ ပန်းကန်စင်တွင်ရေစစ်ထားလိုက်ရင်း အိမ်ထဲပြန်ဝင်လာသည့်အခါ ထင်သည့်အတိုင်းပင် စပ်စုစိန်တစ်သိုက်က ပြင်သစ်သားလေးအား ဝိုင်းပတ်နေကြလျှက်။
တစ်ယောက်တစ်ပေါက်မေးလိုက် ပြင်သစ်သားလေးက အူလည်လည်ဖြေလိုက်ဖြင့် အတော်လေး အလုပ်ဖြစ်နေပုံပင်။
" ဒီက ကိုကိုက ဆရာလေးရဲ့ညအိပ်ဖော်လား "
" ဟင် "
" ဪ ကိုကိုက ဆရာ့ဆီ လာအိပ်တာလားလို့ "
" ..... "
ကြားလိုက်ရသည့်စကားများကြောင့် ထက်နောင် ချောင်းပင်ဆိုးမိမတတ်။
" မဟုတ်သေးဘူး ဒီကကိုကိုက ဆရာလေးကို လာစောင့်အိပ်ပေးတာလားလို့ "
" အာ အင်း "
" ဒါဆို မနေ့ညက ဟိုဘက်မှာအိပ်နေတာ ကိုကိုပေါ့နော် "
လူးကပ်စ်က ခပ်ဖွဖွရယ်ရင်းမှ ခေါင်းညိတ်ပြနေ၏။
" ဒါနဲ့ ကိုကို့ကို တစ်ခါမှလဲ မမြင်ဖူးဘူးရော် ကိုကိုက ဘယ်မှာနေတာလဲ "
" အင်း ကိုကို က ပုဂံ က "
" ဟမ် တကယ်ကြီးလား ဒါနဲ့ကိုကိုက စကားပြောတာ တစ်မျိုးလေးပဲနော် "
" အင်း "
" ကိုကို့မျက်ဆန်လေးတွေက ဝါဝါလေးတွေနော် ကျွန်တော်တို့နဲ့လဲ မတူဘူး ကိုကိုက ဗမာရောဟုတ်လားဟင် တိုင်းရင်းသားလား "
သားထူးနှင့် ချစ်ပုတို့က ထုံးစံအတိုင်း လူးကပ်စ်ကို မေးမြန်းစူးစမ်း၍မပြီးနိုင်တော့။
ကလေးများကို မျက်လုံးဝိုင်းဝိုင်းလေးများနှင့် အံ့အားတသင့်ပြန်ကြည့်ကာဖြေနေပုံလေးက အကြည့်မလွဲနိုင်လောက်အောင် ဆွဲဆောင်နိုင်လွန်း၍ ထက်နောင်အသာရပ်ကြည့်နေလိုက်၏။
လူးကပ်စ်က ကလေးများကိုအသာပြုံးကြည့်ကာ ခေါင်းတဆတ်ဆတ်ညိတ်ပြီး နားထောင်နေရင်း
" ကိုကို က ပြင်သစ် လေ "
" မဖြစ်နိုင်တာ "
" ဟမ် "
" ကိုကိုလိမ်တာ ပြင်သစ်ဆို ဘာလို့ဗမာလိုပြောလဲ မယုံပါဘူး ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့မေမေဆို ဗမာပေမဲ့ မျက်ဆန်ပြာပြာလေးပဲဟာ "
သားထူးအကြည့်က မယုံသင်္ကာဟန်အပြည့်နှင့် စွပ်စွဲချက်ကလည်း အခိုင်အမာပင်။
" တကယ် ပါဆို ကိုကို က ပြင်သစ် ဗမာ ကပြား ကိုကို့ မိခင် က ဗမာ မို့ ကိုကို့ ကို သင်ပေး လို့ ပြောတတ် တာပေါ့ "
" တကယ်ကြီးလား "
" အင်း "
" ဒါဆို ပြင်သစ်လိုပြောပြ "
" Bonjour, je suis Lucas Damond. ravi de vous rencontrer "
( ဘွန်ဂျို၊ ဂျဲဆွိလူးကပ်ဒါမွန် ရာဗီဒဲဗူရာကွန်ထေး )
လူးကပ်စ်က ပြင်သစ်ဘာသာဖြင့် နှုတ်ဆက်လိုက်သည့်အခါ ကလေးများက မျက်လုံးအဝိုင်းသားဖြစ်သွားကြ၏။
" အဲ အဲဒါဘာလဲ အစ်ကို "
" မင်္ဂလာပါ ငါက လူးကပ်စ်ဒါမွန်ပါ တွေ့ရတာဝမ်းသာပါတယ် "
" ဝါး မိုက်တယ်ဟ တကယ်ကြီး တကယ်ကြီးပြောတတ်တာပဲ ကိုကိုက ပြင်သစ်စကားလဲ ပြောတတ်တယ်ပေါ့ "
" အင်း "
" ဒါဆို ဒါဆို ကိုကိုက ဘာလို့ဒီကိုရောက်နေတာလဲ စောစောကပြောတော့ ပုဂံကဆို "
အာဂစပ်စုစိန်ကလေးများပါပင်။
လူးကပ်စ်က ခေါင်းတစ်ချက်ညိတ်ပြရင်း
" ကိုကို့ အမေ က ပုဂံ ကလေ အဲ ဒါကြောင့် ပုဂံ မှာ ပြန်နေ တာပေါ့ "
" ဒါဆို ကိုကိုက ပြင်သစ်ကိုပြန်အုံးမှာပေါ့နော် "
" ဟင့်အင်း ကိုကို့ ဖခင် က ဆုံးသွား ပြီလေ အဲ ဒါကြောင့် ဒီမှာ ပဲ အပြီး ပြန်လာ နေတာ "
" အာ အဲ့လိုလား ဒါဆို ကိုကိုက နောက်ညတွေလဲ ဒီကိုလာမှာလားဗျ "
" ဒါပေါ့ "
" ဟီး ပျော်စရာကြီး ဟိုလေ ဒါနဲ့ ကိုကိုက ဆရာနဲ့အမျိုးလား "
မေးလာသည့်ချစ်ပုမျက်လုံးထဲ၌ မျှော်လင့်ချက်အရောင်များအပြည့်။
သို့သော် လူးကပ်စ်က ခေါင်းခါပြလိုက်သည့်အခါ ချစ်ပုမျက်လုံးများက အရောင်မှိန်ကျသွားပြန်၏။
" ဘာ လို့လဲ "
လူးကပ်စ်အမေးကို ချစ်ပုက မျက်လုံးအသာလှန်ကြည့်ရင်း...
" ဆရာက ကျွန်တော်တို့ကိုဆူရင် ကျွန်တော်တို့ဘက်ကနေပေးရအောင်ပေါ့ ဟိုတစ်ခါ ဆရာ့ထွေးလေးဆိုတဲ့ အဒေါ်ကြီးကိုတော့ ဆရာက ကြောက်ပုံပဲသိလား အဲဒီရက်တွေကဆို ကျွန်တော်တို့ကို မဆူဘူး "
" ဟုတ် လား "
" ဟုတ်ပါတယ်ဆို ကိုကိုကလဲ ဒါနဲ့ ကိုကိုကရော ဆရာ့ကိုနိုင်လား ဟင်း ငါ ဘယ်လိုမေးလိုက်တာပါလိမ့် ကြည့်တာနဲ့အသိသာကြီး ဒီကိုကိုသေးသေးလေးက ဆရာ့ကို ဘယ်နိုင်မှာလဲ "
ချစ်ပုက သူ့ဘာသာမေးကာ သူကိုယ်တိုင်ပြန်ဖြေလိုက်ပြန်သည်။
ထက်နောင် တပည့်စုတ်ကို ပြေးရိုက်ချင်နေမိ၏။
ဒီကောင်လေးကတော့...
ဆန့်ကျင်ဘက်အနေဖြင့် လူးကပ်စ်ကမူ ချစ်ပုကိုကြည့်ရင်း သဘောကျနေဟန်ဖြင့် ပခုံးလေးများလှုပ်သည်ထိရယ်နေရင်းမှ...
" ဟေး မင်းက မင်း ဆရာ နဲ့ အစ်ကို့ ကို ရန်ဖြစ် ခိုင်းနေတာ လားကွ "
" အမ်း အဲလိုတော့လဲ မဟုတ်ပါဘူး "
" ဟေ့ ကလေးတွေ ဘာတွေစကားများနေလဲ "
" အမ်း အဲ ဟို ဟိုဒင်း ဘာမှမပြောပါဘူးဆရာ "
ထက်နောင်ပြောပြောဆိုဆို ဝင်ချသွားသည့်အခါ စောစောကနှင့်ခြားနားစွာ တိတ်ဆိတ်သွားသည့် ကလေးများပါပင်။
" ဟိုလေဆရာ ဒီကိုကိုက ပြင်သစ်ဆို "
အားလုံးငြိမ်နေသည့်ကြားမှ သားထူးတစ်ယောက်က သူအတည်ပြုချင်သည်ကို ထပ်မေးလာပြန်၏။
" အင်း ဟုတ်တယ် ဒီကိုကို့အဖေက ပြင်သစ်သားလေ ဒီကိုကိုက မွေးကတည်းက ပြင်သစ်မှာနေတာ "
" ဝိုး တကယ်ကြီးဟ "
" အေးလေ အဲဒါကြောင့် စောစောကတည်းက ပြင်သစ်လိုပြောနေတာလေ အရူးရဲ့ "
" ဘယ်သိမလဲကွ လျှောက်ပြောတာလဲ ဖြစ်နိုင်တာပဲကို မင်းက ပြင်သစ်စကားတတ်လို့လား "
" နေပါအုံး မင်းကရော တတ်လို့လား "
" ငါလဲ မတတ်ဘူးလေ "
" ကဲ ကဲ စကားများမနေကြနဲ့ အင်္ဂလိပ်ကဗျာ The Bridgeကိုကျက်ပြီး အလွှတ်ရေးရမယ် ဟုတ်လား "
သားထူးနှင့် ချစ်ပုတို့စကားနိုင်လုသည်မှာ ထက်နောင်ဝင်ပြောမှပင် ရပ်သွားသည်အထိပင်။
" အင်္ဂလိပ် ကဗျာ လား အစ်ကို ကျွန်တော် လဲ ကူစစ်ပေးမယ် လေ "
" လူးကပ်စ် လုပ်တတ်လို့လား "
" ကဗျာ ပဲ textနဲ့ တိုက် စစ်ရင် ရတာ ပဲလေ "
" အင်းပါ လူးကပ်စ်သဘောပဲ "
ထိုနေ့က လူးကပ်စ်အပြုံးလေးနှင့်အတူ ချစ်ပုက သားထူးနားနားကပ်ကာ ခပ်တိုးတိုးပြောလိုက်၏။
" မင်းမှားတယ်သားထူး ဆရာက ပြင်သစ်ကိုကိုကို ကြောက်လောက်တယ် "
ချစ်ပုစကားအဆုံး သားထူးက ရှေ့မှနှစ်ယောက်ကိုကြည့်ရင်း ခေါင်းတစ်ချက်ညိတ်ကာ ပြန်ပြောလိုက်သည်က...
" အင်း ဖြစ်နိုင်တယ် "
~•~ ~•~ ~•~ ~•~ ~•~
နောက်တစ်နေ့နေ့လယ်ခင်း...
မြန်မာ့ပုဂံဟိုတယ်ကြီး၏ အပေါ်ဆုံးထပ်ရှိ ထမင်းစားခန်း၌ စားပွဲတစ်ခုလုံး ဟင်းလျာများပြည့်ကြပ်နေ၏။
စားပွဲပေါ်မှ ဝက်နံရိုးဟင်းရည်၊ ပုစွန်တန်ပူရာကြော်၊ ကြက်ကုန်းဘောင်၊ ပင်လယ်စာဟင်းပွဲစသည့် ဟင်းလျာများက အငွေ့တထောင်းထောင်း ရနံ့မွှေးမွှေးတို့ဖြင့် စားချင့်စဖွယ်ဆွဲ‌ဆောင်နေလျှက်။
ထို့ပြင် အချိုပွဲအဖြစ်လည်း ထောပတ်သီးဖျော်ရည်နှင့် sandwichအချို့ကပါ ဘေးနား၌အရံသင့်။
ဟင်းပွဲများကိုကြည့်ရင်း ဒေါ်ထွေးရီမော် တစ်ချက်ပြုံးလိုက်မိ၏။
အားလုံးက သူ(မ)သား၏ အကြိုက်များပင်။
မြန်မာပြည်စရောက်စဉ်က အစားကြေးများသည့်သားက မည်သည့်ဟင်းကိုမှ ဟုတ်တိပတ်တိမစားသဖြင့် သူ(မ)ခေါင်းကိုက်ခဲ့ရသေး၏။
ယခုဟင်းလျာများကိုစားမိမှ အနည်းငယ်ခံတွင်းလိုက်ကာ အကြိုက်တွေ့သွားသည်ကို သူ(မ)မှတ်မိနေသေး၏။
ယခုဆို မနက်စာကိုစားလာကာ ညစာမစားမီထွက်သွားတတ်သည့် သားဖြစ်သူကြောင့် သားအမိနှစ်ဦးအတူ လက်ဆုံစားရချိန်မှာ နေ့လယ်စာစားချိန်တစ်ခုတည်းသာ။
ထို့ကြောင့်လည်း ရှားပါးသောအခွင့်အရေးဖြစ်သည့် အတူစားရသောနေ့လယ်စာကို သားဖြစ်သူနှစ်သက်သည့်ဟင်းများကိုသာ စားဖိုမှူးအား တာဝန်ပေးကာ ချက်ပြုတ်စေရခြင်းပါပေ။
အတော်ဆုံးစားဖိုမှူးများထဲမှတစ်ဦး၏ လက်ရာဟုမပြောရ။
ဟင်းပွဲ၏ အပြင်အဆင်နှင့် အနံ့ကပင် တမူထူးခြားကာ အရသာရှိမည့်ပုံပေါ်နေသည်သာ။
ဒေါ်ထွေးရီမော်က ထမင်းဝိုင်းနဲ့ ဝင်ထိုင်လိုက်ရင်း အနားမှတစ်ယောက်ကို စကားဆိုလိုက်သည်။
" မွန်ဖျိကို သွားခေါ်ချေပါကွယ် ထမင်းစားရအောင်လို့ "
" ဟုတ်ကဲ့ "
ဝန်ထမ်းကောင်လေးက လူးကပ်စ်အခန်းဘက်ဆီ သွားရန်ခြေလှမ်းစဉ်မှာပင် လူးကပ်စ်က အခန်းပြင်ဘက်သို့ ထွက်လာ၏။
သို့သော် လူးကပ်စ်ဝတ်စားထားပုံအရ ထမင်းစားထလာပုံနှင့်မတူဘဲ တစ်နေရာရာဆီသွားမည့် အသွင်အပြင်နှင့်ပင်။
" မွန်ဖျိ ထမင်းလာစားလေ "
ထိုအခါမှ လူးကပ်စ်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်...
" အာ မဲ့ရ်ကို မပြော မိဘူးပဲ ကျွန်တော် ဒီနေ့ အပြင် မှာ စားမလို့ "
" ဘယ်လို "
" ဟုတ်တယ် မဲ့ရ်ရဲ့ ဒီနေ့ အစ်ကို့ စာသင် ချိန်က မနက် ပိုင်း တင်တဲ့ အဲဒါ ပုဂံ မှာပဲ အတူ နေ့လယ်စာ စားပြီး လိုက်သွား တော့ မလို့ "
ဒေါ်ထွေးရီမော်က မျက်ခုံးတစ်ချက်ပင့်တက်လိုက်ရင်း...
" အစ်ကို အာ မွန်ဖျိ သွားအိပ်နေတဲ့အိမ်က တစ်ယောက်ကိုပြောတာလား "
" ဟုတ်တယ် လေ မဲ့ရ် "
" ဪ ဒါဖြင့်လဲ သူ့ဘာသာ ပုဂံက တစ်ဆိုင်ဆိုင်မှာ စားပါစေလားကွယ် မဲ့ရ်နဲ့မွန်ဖျိက အတူတူစားမယ်လေ မဲ့ရ်က ဒီနေ့ မွန်ဖျိကြိုက်တဲ့ဟင်းတွေချက်ခိုင်းထားတာ မွန်ဖျိရဲ့ စားသွားလိုက်နော် "
ဒေါ်ထွေးရီမော်က သားဖြစ်သူကို အားကြိုးမာန်တက် မဲဆွယ်နေပြန်၏။
လူးကပ်စ်က ဟင်းများကိုတစ်ချက်ကြည့်လိုက်သည်မို့ ဒေါ်ထွေးရီမော်ကပင်
" သားကြိုက်တဲ့ ဝက်နံရိုးဟင်းရည်နဲ့ ပင်လယ်စာလေ ကြက်ကုန်းဘောင်နဲ့ ပုစွန်တန်ပူရာပါပါသေးတယ် ဟော အချိုတည်းဖို့ကလဲ ထောပတ်သီးဖျော်ရည်လေးနဲ့... "
" နေ ပါစေ မဲ့ရ်ရယ် ကျွန်တော် အစ်ကို နဲ့ပဲ စား လိုက်တော့ မယ် မဲ့ရ်ဘာသာ ပဲ စားလိုက် တော့နော် "
" အဲ အဲလိုတော့ မဟုတ်ဘူးလေကွယ် နည်းနည်းဖြစ်ဖြစ်စားကြည့်... "
" အာ ဒါနဲ့ နောက်နေ့ နေ့လယ် အတွက် ဆို မဲ့ရ်စားဖိုမှူးကို မှို ကန်စွန်း၊ ကြက်တက် ရွက်သုတ် အမ်း ပြီးတော့ ပဲကြီး နှပ်နဲ့ ကြောင်လျာ သီးသုတ် ပြင်ထား ခိုင်းပေးပါ ဗျ တာ့တာ "
ပြောပြောဆိုဆို အပြေးတစ်ပိုင်းထွက်သွားသည့် သားဖြစ်သူကြောင့် ဒေါ်ထွေးရီမော်မှာ အံ့အားသင့်လွန်း၍ စကားပင်မပြောနိုင်ပါတော့ချေ။
သူ(မ)သားက ယခင်က အလွန်ကြိုက်လှပါသည်ဆိုသော ယခုဟင်းများကို ငြင်းပယ်သွားပါသတဲ့။
ထို့ပြင် သူပြောသွားသည့်ဟင်းများကို ဘယ်လိုသိပါလိမ့်။
တစ်ချို့ဟင်းများကို သူ(မ)ပင် ကြားဖူးရုံမျှသာ ကြားဖူးသည်မဟုတ်ပါလား။
အို ဒါတွေက အရေးမကြီး...
သေချာသည်က စားဖိုမှူးကို ထိုဟင်းလျာများ ချက်ခိုင်းရပေတော့မည်။
ဒေါ်ထွေးရီမော်တစ်ယောက် ခေါင်းကိုသာခါယမ်းလိုက်ရင်း စိတ်ထဲရှိသည့်အတိုင်း ညည်းညူးလိုက်၏။
" အမလေး မွန်ဖျိရယ် အဖြစ်ကလဲ တော်ရုံသည်းပါဟဲ့ ယောက်ျားချင်းမို့သာ မဟုတ်ရင် မင်းကြိုက်နေတာက အဲဒီအစ်ကိုဆိုတဲ့သူကိုလို့တောင် ထင်မိတော့မယ် ကလေးတွေများ တယ်လဲခက်တာပဲ "
ဒေါ်ထွေးရီမော်၏ စကားသံကိုသာ ခပ်သွက်သွက်ထွက်သွားသည့်လူးကပ်စ်ကြားပါက ခြေလှမ်းပင်ဆက်လှမ်းနိုင်တော့မည်မထင်။
ရိုးသားစွာ ဝန်ခံပါတယ်
ကျွန်တော်အကြိုက်ဆုံး မြန်မာစာလုံးက
' အစ်ကို ' ဖြစ်ပြီး
ကျွန်တော်အကြိုက်ဆုံးဟင်းလျာကတော့
အစ်ကိုချက်သမျှဖြစ်ကြောင်းကိုပေါ့
လူကိုချစ်မိပြီမို့
ထိုသူနှင့်ထိတွေ့သမျှ
မြတ်နိုးမိပါသည်ဆိုပါက
အပိုဟု မမြင်စေချင်။
5.7.23
Wednesday
ရွှန်းလဲ့ကျော်
Continue Reading
You'll Also Like
38.8K 1.6K 55
ကျွန်တော့်ဘဝမှာ အဖြစ်ချင်ဆုံးအရာကိုပြောပါဆိုရင် မောင့်ညာလက်ဖမိုးပေါ်မှာ ရှိတဲ့ မှည့်နက်လေးလို မောင့်အနားမှာ အမြဲတမ်းနေချင်မိပါတယ်။ ကျွန်တော့်ဘဝမှာ အဖြ...
21.1K 1K 57
ကျွန်​​တော်​တို့အားလုံးရဲ့ဘဝမှာ ကိုယ့်အပေါ်ကိုချစ်ခင်နားလည်ပေးမယ့်တစ်စုံတစ်ယောက်​လောက်တော့ လိုအပ်​ကြပါတယ်​....။ (June 19,2020) ကျွန်တော်တို့အားလုံးရဲ...
431K 30.5K 61
အချစ်ဟာ ပျားရည်မြစ် အချစ်ဟာ စမ်းရေအေး အချစ်ဟာ ဆောင်းနှင်းရည်နဲ့သီးတဲ့ချိုမြိန်သစ်သီး အချစ်ဟာ နွေဦးရဲ့လေပြေ အချစ်ဟာ မိုးဆန်းပန်း အရမ်းချစ်တယ်♥♥
1.1M 61.5K 50