Uncle And Me (House Slave Sea...

By minoo44

288K 12.1K 1.1K

ဦး ❤ငယ် Zawgyi Unicoad More

Intro
part1
part2
part3
part4
part5
part6
part7
part8
part9
part10
part11
part12
part13
part14
part15
part16
part17
part18 (A)
part18 (B)
part19
part20
part21
part22
part23
part 24
part25
character
part26
part27
part28
part29
part30
part31
part32
part33
part34
အသဲငယ်တို့ရေ
part35
Part 36
part37
part 38
part39
part40
part41
part-43
part44
part 45
part46
bl ds

part42

2K 75 15
By minoo44

Unicoad

အိမ်သို့ပြန်ရောက်လာကြပြီးနောက် ကားပေါ်ကနေ နှိုင်းအရင်ဆင်းလိုက်ကာ တစ်ဖတ်ကိုသွားပြီးကားတံခါးဖွင့်ပေး၍ ဇနကိုပွေ့ချီလိုက်ပြီး အပေါ်ထပ် ဇနနှင့်နှိုင်းတို့နှစ်ယောက်ရဲ့အခန်းကိုခေါ်လာခဲ့လိုက်သည်။

"ဦး ကျွန်တော် ပင်ပန်းလာပြီ အိပ်ချင်တယ်"

အချီခံရင်းနှင့်ဇန ငိုက်လာပြီး နှိုင်းကိုမော့ကြည့်ကာပြောလာခဲ့သည်။

"အင်း ရေချိုးပြီးအိပ်လိုက် ညနေစာအချိန်ကျရင်ကိုယ်မင်းကိုနှိုးလိုက် မယ်"

"ဟုတ်ကဲ့ဦး"

ဇန သန်းဝေ နေပြီး နှိုင်းရဲ့ရင်ခွင်ထဲမှာပဲ မှေးစက်နေလိုက်သည်။

ခနနေတော့အခန်းထဲရောက်လာပြီးကုတင်ပေါ်တင်ပေးလိုက်၍ ဇနရဲ့အဝတ်တွေကိုချွတ်ပေးပြီးရေချိုးခန်းထဲသို့ခေါ်သွားကာ bathtube ထဲသို့ထည့်ပေး၍ တိုက်ချွတ်ကာရေချိုးပေးနေ။

"နေလို့ကောင်းလိုက်တာ ဦး .."

"အင်း"

နှိုင်း ဇိမ်ခံနေတဲ့ဇနကိုကြည့်လိုက်သည်။

"ငယ်လေ ဗိုက်လဲဆာတယ် အိပ်လဲအိပ်ချင်တယ် ဘယ်လိုလုပ်ရမလဲ"

နှိုင်းပြုံးလိုက်ပြီး ဇနရဲ့ပါးပြင်လေးကိုကိုင်ကာကြည့်လိုက်သည်။

"ဗိုက်ပြည့်နိုင်မယ့်အစားအစာတစ်ခုခုကိုယ်လုပ်ပေးမယ်အဲ့တာစားပြီးအိပ်လိုက်တော့ နောက်ပြီးအားမွေးထား အပြစ်ပေးစရာရှိတယ်ကောင်ဆိုးလေး"

ဇန အောက်နှုတ်ခမ်းကိုကိုက်ပြီး နှိုင်းကိုကြည့်လိုက်ကာ နှုတ်ခမ်းလေးကပြန်စူသွားပြီးစိတ်ကောင်ဟန်ဖြစ်နေသည်။

"မျက်နှာလေးက ဒီလိုဖြစ်မနေနဲ့ အပြစ်လုပ်ရင်အပြစ်ခံရမှာပေါ့ဟုတ်တယ်မလား?"

ဇနဘာမှမပြောပဲခေါင်းလေးပဲငြိမ့်လိုက်လေသည်။

နှိုင်း မီးဖိုချောင်ဘက်ဝင်သွားပြီ ဇနအတွက်ကိုယ်တိုင်ချက်ပြုပ်ပေးခဲ့ပြီးနောက်.. နှစ်ယောက်အတူ အစားစားလိုက်ကြပြီး နောက် ဇနလေးလဲ ပင်ပန်းလွန်ပြီးအိပ်ပျော်သွားလေသည်။

အိပ်ပျော်နေတဲ့ ဇနလေးရဲ့ဘေးမှာနှိုင်းထိုင်လိုက်ပြီးမျက်နှာလေူကိုတစ်စိမ့်စိမ့်ကြည့်နေလိုက်၍

*မင်းကိုသာဆုံးရှုံးရရင်ကိုယ်သေလိမ့်မယ် ငယ်*

မျက်နှာလေးကိုသာသေချာကြည့်နေရင်းမှ မိမိရခဲ့တဲ့ဒဏ်ရာတွေကိုတောင်မေ့သွားလေတယ်... မိသားစုဆရာဝန်ကသတိပေးမှသာသတိရပြီးကိုယ်ပေါ်ကဒဏ်ရာတွေကိုဆေးကုသပြီး ဇနနှင့်အတူအိပ်ပျော်သွာူခဲ့သည်။

နှိုင်းဘဝမှာတစ်ချိန်လုံးမုန်တိုင်းတွေကြားမှာရပ်တည်လာခဲ့တာ ဒီလေးက သူ့ရဲ့ အကြီးမားဆုံးပျော်ရွှင်မှု့လေ သူ ထိမ်းသိမ်းစောင့်လျှောက်ပေးမည်ကားသူ့၏တာဝန်တစ်ရပ်လို.. သူအမြတ်နိုးရဆုံးဒီကောင်လေးကိုအစွမ်းကုန် ကာကွယ်ပေးဖို့ ဝန်မလေးတဲ့နှိုင်းပင်ဖြစ်တယ်။

ကလေးငယ်ကိုရင်ခွင်ထဲ ထည့်ပြီး တင်းကျပ်စွာဖက်ထားမယ်..

ကလေးငယ်ထွက်ပြေးလို့မရအောင် ဘယ်လိုနည်းလမ်းပဲသုံးရပါစေ မတွန့်မဆုပ်ပဲ တားဆီးမယ်။

..

နှစ်ယောက်သားပင်ပန်းလွန်း၍အိပ်ပျော်သွားလေရာနောက်တစ်နေ့မနက်ခင်းကိုရောက်ရှိလာခဲ့ပြီဖြစ်သည်။

လေပြေလေးတွေက ခန်းစီးစကနေ တိုက်ခက်နေပြီးမနက်ခင်းနေက ဖက်ပြီးကြည်နူးစရာကောင်းစွာအိပ်နေကြသော ချစ်ရသူနှစ်ဦးကို လှပသောပန်းချီကားလေးတစ်ချပ်ဖြစ်အောင် ထောက်ပံ့ပေးနေသလိုပင်။

ရင်ခွင်ထဲမှာလှုပ်စိလှုပ်စိထလာတဲ့ ဇနသော်တာလေး ဟာ နှိုင်းဝနရဲ့ရင်ခွင်ထဲမှာနှိုင်းဝနကိုမော့ကြည့်ပြီး နှုတ်ခမ်းထောင့်မှအပြုံး လေးတစ်ခုပန်ဆင်လိုက်ပြီး နောင် ခဏနေတော့ချက်ချင်းမျက်နှာလေးမဲ့သွားရှာတယ်။ သေချာပေါက်ဇန အပြစ်ပေးခံရမှာကိုတွေးမိသွားလို့ပင်ဖြစ်သည်။

ကြောက်စိတ်လေးပိုလာခဲ့သည်။ ဦးအပြစ်ပေးရင်ကြောက်ဖို့ကောင်းလေတယ်မဟုတ်လား..အေးစက်စက်နဲ့ နူးညံ့ပေးချင်းအလျှင်းမရှိပဲ လူတစ်ဦးကိုဒူးခွေကျလိုက်နိုင်အောင်ထိ အစွမ်းအစပြင်းပြလွန်းသည်။

တစ်ချိန်တည်းမှာပဲ နှိုင်းဝနလဲနိုးထလာပြီးရင်ခွင်ထဲက ကလေးငယ်ရဲ့ ကိုငုံ့ကြည့်ကာ မျက်နှာလေးကိုပဲ အချိန်အတော်တန်ကြာစိုက်ကြည့်နေမိလိုက်တယ်။

ဇနလည်းမျက်တောင်တွေခဏခဏခပ်မိနေပြီး ရှက်သွေးဖျာနေမိမှာတော့သေချာပေါက်ပဲပေါ့။ ကြောက်စိတ်လေးနည်းနည်းကလဲ ပါဝင်နေပြီး မျက်လုံးတို့ကနွေးထွေးမှုအရိပ်ယောင်ကိုမြင်ရတာမို့လို့ အနည်းငယ်စိတ်အေးရသည်။

"နိုးပြီလား ငယ် "

အချိန်အကြာကြီးစိုက်ကြည့်ပြီးမှု နှိုင်းရဲ့နှုတ်ခမ်းထူထူတို့မှာ ထိုစကားသံကိုကြားလိုက်ရသဖြင့် ချက်ခြင်းဇနအကြည့်လွှဲလိုက်ပြီး ရင်ခွင်ထဲကနေထလာလိုက်သည်။

"အွန်းး..နိုးပြီးဦး"

နှိုင်းအနည်းငယ်ပြုံးလိုက်ပြီး ဇနကို ပွေ့ကာ သန့်စင်ခန်းထဲခေါ်သွားပြီး အတူတူရေချိုးမျက်နှာသစ်ကြပြီးနောက်ဘအောက်ထပ်ဆင်းလာပြီးမနက်စာအတူတူစားကြပေသည်။

ဇနလဲ အပြစ်ပေးမယ်ပြောပြီးအပြစ်ပေးမယ့်ကိစ္စတစ်ခုမှမလုပ်သေးတဲ့ဦးကိုအခြေနေသာကြည့်နေရသည်။

ဇနမှာတစ်ချိန်လုံးရင်တွေတုန်နေရပေမယ့် ဦးကတော့ ဒီကောင်လေးကို အပြစ်ပေးဖို့တောင်မေ့သွားပြီးဂရုစိုက်မှုတွေအပြည့်ပေးနေတော့သည်။

ခရီးသွားမယ့်ကိစ္စကို ရပ်နားထားပြီးအချိန်တစ်ခုကြာအောင်ထိဇနကိုအိမ်ထဲမှာပဲထားဖို့သာဆုံးဖြတ်ထားလိုက်တော့သည်။

အိမ်တွင်းအိမ်ဖော်တွေကို လဲစစ်ဆေးပြီးစိတ်ချယုံကြည်ရတဲ့သူတွေကိုသာအိမ်ပေါ်ခေါ်ထားပြီး ကျန်လူတွေကိုအလုပ်ဖြုတ်ပြစ်လဲ့ပေသည်။

နောက်နေ့...

အိမ်ထဲကအိမ်ပြင်မထွက်ရဆိုတဲ့အမိန့်စကားရပြီးဇနတစ်ယောက် အိမ်ထဲမှာပင်အရမ်းငြီးငွေ့လှပါသည်။ ဦးနဲ့တောင်အပြင်ထွက်ခွင့်မရှိပဲ တားမြစ်ထားခံရတော့ စိတ်ကျဥ်းကျပ်တာကိုခံစားရတာတော့အမှန်ပင်။

ပြန်ပေးဆွဲခံရတဲ့ကိစ္စကို ဦးစိတ်ပူလို့ဒီလိုလုပ်ထားတာသိတဲ့အတွက်ဇနတစ်ယောက်ပြသနာမရှာချင် မဟုတ်ရင်ဦးမုန်းတာကိုသူခံရမှာ ဦး ထိခိုက်တာကိုကြည့်နေရမှာမျိုးတွေသူမလုပ်နိုင်ပေ။

နှိုင်း အချိန်တစ်ခုအကြာထိ ပြင်ဆင်မှုတွေပြုလုပ်ပြီး ထို အဘိုးကြီးကိုစီးပွားရေးလောကကကိုချေချလို့ပင်မရအောင်အပြတ်ရိုက်ချဖို့အစီစဥ်တွေဆွဲထားပြီး ထိုလူနဲ့ပတ်သတ်တဲ့ အဆင်အသွယ်တွေ စီးပွာဖက်တွေကြားပရိပက္ခဖြစ်ပွားအောင်အဓိကလုပ်ဆောင်ပြီး ထိုလူရဲ့ဘဝကိုဖျက်စီးဖို့သာ လုပ်ခဲ့တယ်။

ထိုအရာတွေကိုလုပ်နေစဥ် နှိုင်းရဲ့တစ်ခုတည်းသော စကားစုက..

"ကလေးငယ်ကိုနာကျင်အောင်လုပ်နိုင်တဲ့ဘယ်သူမဆို နှိုင်းဝနနဲ့တွေ့ရင်ငရဲကိုရောက်စေရမယ်!"

အဟမ်းး! ပေါ်ပျောက်သာသာကိုစိတ်မဆိုးပါနဲ့ကလေးတို့ရယ်😆

vote လေးနိုပ်ခဲ့ဗျာ..

#Zawgyi





"ဟုတ်ကဲ့ဦး"




"အင်း"















..







"နိုးပြီလား ငယ် "


"အွန်းး..နိုးပြီးဦး"






နောက်နေ့...







vote လေးနိုပ်ခဲ့ဗျာ..




Continue Reading

You'll Also Like

23.1K 627 27
#extremely loveအ​ကြောင်းဖြစ်လို့ ဖြစ်နိုင်ပါ့မလားမ​တွေးထားတာ​တွေလည်း ဖတ်ရနိုင်ပါတယ် #punishment ပုံစံသ​ဘောမျိုး​တွေ #Forced #public toxic​တွေပါနိုင်...
864K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
153K 6.9K 37
နိုရာတို့ရဲ့ Married lifeလေးလာပြီနော် ကြိုက်ကြမယ်ထင်ပါတယ် သူတို့နှစ်ယောက်မှာကလေးလေးအပိုပါလာမယ်..မုန်တိုင်းတွေကလည်းလာပါလိမ့်မယ်..သူတို့ရဲ့အချစ်ရေးလေးဖ...