ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ...

By Swae_Nyoe

191K 20.8K 197

ဘာသာပြန်သူ - စွဲညို့အသင်း More

Description
Part 1
Part 2
တယ်လီဂရုကြေညာချက်..
Part 3
Part 4
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 13
Part 14
Part 15
Part 16
Part 17
Part 18
part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
🥰🥰နန်းတွင်းအသစ်လေး
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံး ပြီးဆုံးပါကြောင်း...
Part 90
Part 92
Part 93
Part 94
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 95
Part 96
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅

Part 12

2.2K 241 0
By Swae_Nyoe

Unicode

TYCDTN

Chapter 12

ယွီဖင်ယန်က အိမ်ပြန်ဖို့ အချိန်မရှိသေးဘဲ နန်းတော်ကိုသွားကာ တင်ပြရသေးတာကြောင့် သူ့ရဲ့အခြွေအရံဖြင့်သာ အိမ်ကို သတင်းပို့ခိုင်းခဲ့ရသည်။

မဒမ်အိုကြီးက အခြွေအရံကိုပြန်မလွှတ်ခင် အကြောင်းစုံကို နာရီဝက်နီးပါးလောက် မေးမြန်းပြီးမှ ပြန်လွှတ်ခဲ့သည်။ သူ(မ)က ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ ဒူးထောက်ရှိခိုးလိုက်သည်။ ဘုရင်ပေးသည့်တာဝန်ကို အန္တရာယ်ကြားမှာ မထိခိုက်ဘဲ ဆောင်ရွက်နိုင်ခဲ့သည်။ လော့ယန်မှာ ကပ်ဘေးဒုက္ခရောက်နေကြောင်း ကြားသိခဲ့ရတုန်းက ၂ညလောက်အိပ်မရခဲ့ပေ။

မာမောမောလည်း အလွန်ပျော်ရွှင်ကာ ဒူးထောက်ပြီး

“မဒမ်ကြီး သခင်မလေးက ကံကောင်းခြင်းနဲ့ ပြည့်စုံတဲ့လူတစ်ယောက်ပဲ၊ မှူးမတ်ကြီးက သခင်မလေးအတွက် အစွမ်းရှိဆေးဆရာကို သွားရှာပင့်ခဲ့ပေမယ့် သခင်မလေးအစား အိမ်ရှေ့စံကို ကုသပေးစေခဲ့တယ်၊ ကံကြမ္မာက တကယ်ကိုကောင်းမွန်တာပဲ၊ သခင်မကြီး ဘယ်ကရှာလာမှန်းမသိတဲ့ ဘုန်းကြီးအတုက ကံကောင်းတဲ့ကြယ်ကိုများ ဂြိုလ်ဆိုးဆိုပြီး လျှောက်ဟောခဲ့သေးတယ်”

မဒမ်အိုကြီးက တိတ်ဆိတ်စွာ မျက်လုံးပိတ်ထားလေသည်။

မာမောမောက ဗုဒ္ဓကျမ်းစာတွေရွတ်ဖတ် ပူဇော်ပြီး ထိပ်လန့်တကြား ထအော်လေသည်။

“အမလေး”

“ဗုဒ္ဓဘုရားရှင်က အရှေ့မှာရှိနေတာကို နင်ဘာတွေပြာယာခတ်နေတာလဲ”

မဒမ်အိုကြီးက မျက်လုံးဖွင့်ကာ သူ(မ)ကို စူးရှစွာကြည့်လေသည်။

မာမောမောက အလျင်အမြန် ပါးစပ်ကိုလက်ဖြင့်အုပ်ပြီး အသားအရောင်က ဖြူဖျော့လာကာ မျက်အိမ်တွေက မတည်မငြိမ်ဖြစ်နေလေသည်။

မဒမ်အိုကြီးက တစ်ခုခု မှားယွင်းနေတာကို သတိထားမိပြီး နူးညံ့စွာမေးလေသည်

“ဘာတွေးမိလို့လဲ”

“ဘာမှ.... ဘာမှမဟုတ်ပါဘူး”

မာမောမောက တောင့်တင်းစွာ ပြုံးလေသည်။

“စိတ်ထဲရှိတဲ့အတိုင်း ပြောစမ်း”

မဒမ်အိုကြီးက ခက်ထန်စွာ ဆူပူခဲ့သည်။

မာမောမောက သက်ညှာမှုအပြည့်ပါသည့် ဗုဒ္ဓရုပ်ပွားတော်ကိုကြည့်ပြီး သူ(မ)လက်ထဲက စိပ်ပုတီးကို လှည့်ကာ

“မဒမ်ကြီး သခင်မကြီးက ဘုန်းကြီးကို သခင်မလေးရဲ့ မွေးဖွားဇာတာ ဖတ်ခိုင်းတုန်းကလေ အဲဒီ မွေးဖွားဇာတာက... သခင်မလေးရဲ့ မွေးဖွားဇာတာ မဟုတ်ဘူးလေ”

မာမောမောက ဆက်မပြောရဲတော့ပေ။ ကလေးမလေး၂ယောက်က တစ်ရက်တည်းမွေးတာ ဖြစ်သော်လည်း တစ်ချိန်တည်း အတူတူမွေးတာတော့ မဖြစ်နိုင်ပေ။ အချိန်တော့ အနည်းငယ် ကွာဟနိုင်သည်။ ဒီလို ကံကြမ္မာကြိုဖတ်တာက အနည်းငယ် လွဲချော်သွားရင်တောင် အမှားကြီး မှားသွားနိုင်သည်။

ဒီမွေးဖွားဇာတာက ယွီရှန်းဟာ မဟုတ်ရင် တရားဝင်မြေးမလေးရဲ့မွေးဖွားဇာတာပေါ့။ ဘုန်းကြီးက မှားပြီးဟောတာ မဟုတ်ဘဲ တကယ့်ဂြိုလ်ဆိုးက တရားဝင်မြေးမလေး ဖြစ်နေတာလား။ ယွီရှန်းက အခုအသက်၁၀နှစ်ရှိပြီ ဖြစ်ပြီး စံအိမ်တော်ကြီးက တစ်ခါမှ ကြီးကြီးမားမား ကပ်ဘေးမဆိုက်ဖူးပေ။ ပြီးတော့ ဒီရက်တွေထဲမှာ ကြုံခဲ့ရတဲ့ အသက်ဘေး၂ခုကလည်း ယွီရှန်းကြောင့် ရှောင်ရှားနိုင်ခဲ့တယ်။

လင်ရှီက မဒမ်အိုကြီးရဲ့ သားသေဆုံးရတာက ယွီရှန်းကြောင့်လို့ အခိုင်အမာ ပြောဆိုခဲ့ပြီး  အဲဒီအချိန် ဓားပြတွေရဲ့ဓားချက်နှင့် သားဖြစ်သူ သေဆုံးခဲ့တုန်းက ကလေးချင်း မမှားယူရသေးဘဲ တရားဝင်မြေးမလေး မွေးဖွားသည့် အချိန်မှာ ဖြစ်ခဲ့ခြင်းဖြစ်သည်။ ဒါသာ အမှန်ဆိုပါက... 

မဒမ်အိုကြီးက ထိတ်လန့်သွားကာ စိပ်ပုတီးကိုင်ထားသည့် လက်တွေဟာလည်း အလွန်အမင်း တုန်ယင်နေလေသည်။ သူ(မ)က ဗုဒ္ဓဘုရားရှင်ကို ယုံကြည်တာမလို့ ကံကြမ္မာကိုလည်း ယုံကြည်သည်။ သူ(မ)က ယွီရှန်းကို တစ်ခါမှ မမုန်းခဲ့ပေမယ့် လင်ရှီကတော့ မတူပေ။ သူ(မ)က အတွေ့အကြုံပိုများပြီး စိတ်ထား ထားတတ်လို့ ဖြစ်သည်။ မကြာခင်က စံအိမ်ကြီးက အရာအားလုံး အဆင်ပြေချောမွေ့ကာ မြေးဖြစ်သူကလည်း စံအိမ်ရဲ့ဂုဏ်သိက္ခာကို ကြီးမြတ်အောင် မြှင့်တင်နိုင်ခဲ့ပြီး သူ(မ)က တဖြည်းဖြည်း ယုတ်လျော့လာခဲ့သည်။ အခု တရားဝင်မြေးမက ဂြိုလ်ဆိုးလို့ သိလိုက်တော့ မေ့ဖျောက်ထားသည့်ခါးသီးသည့် ခံစားချက်က ပြန်ထကြွလာခဲ့သည်။

ထိုအချင်းအရာကို မြင်သည့် မာမောမောက ထောင့်ကို အမြန်ကပ်ကာ အသက်ပင် ပြင်းပြင်း မရှူရဲတော့ပေ။

မဒမ်အိုကြီးက စိတ်တည်ငြိမ်စေမယ့် ဘုရားစာတွေကို မျက်လုံးမှိတ်ကာ ထပ်ခါထပ်ခါ ရွတ်ဖတ်ပူဇော်ရင်း အသိစိတ်ကို ပြန်ထိန်းထားလေသည်။

ဘာပဲဖြစ်ဖြစ် မြေးမက မှူးမတ်စံအိမ်ရဲ့ သွေးသားဖြစ်ပြီး သေလားရှင်လားမသိ ဆင်းရဲမွဲတေနေသည့် မြေးမအကြောင်း သတင်းမပျံ့ပွားစေချင်ပေ။ ဘုန်းတော်ကြီးက ကျင့်ကြံစဥ် မရှိတာကြောင့် မှားပြီး ဟောတာလည်းဖြစ်နိုင်သည်။ ကောင်းကောင်းဆိုးဆိုး ကျန်တဲ့ဆုံးဖြတ်ချက်တွေကို သူသာချမည်။ မဒမ်အိုကြီးက ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ ခါးမတ်မတ်ဖြင့် ဒူးထောက်ထားပြီး သူ(မ)ရဲ့ မျက်လုံးတွေက မည်းနက်နေသည်။

ယွီရှန်းက နေ့နေ့ညည ယွီဖင်ယန်ပြန်လာတာကို စောင့်နေပြီး ထိုနေ့ရက်တွေက မကြာခင် ပြီးဆုံးတော့မည်ဖြစ်သည်။ ထိုလူငယ်ရဲ့ ပုံရိပ်ကို တွေးကြည့်ရုံဖြင့် သူ့ကို လုံးဝ စိတ်ငြိမ်စေသည်။

ယွီရှန်းက ပြတင်းပေါက်နားက သလွန်ထက်မှာ ကိုယ်တစ်ဝက်လဲနေပြီး လျိုလွီ့ကို ယွီဖင်ယန် အိမ်ပြန်လာမယ့်အကြောင်း သွားစုံစမ်းခိုင်းပြီး စိတ်လှုပ်ရှားစွာ ပြတင်းပေါက်အပြင်ကို ကြည့်နေသည်။

ခြံဝန်းလေးထဲမှာ ပန်းပင်နှင့် အပင်လေးတွေပြည့်နေသည်။ ခရမ်းရောင်ပန်းအခက်လေးက ခြံတံတိုင်းမှာ တွယ်တက်နေသည်။ စံပယ်ပန်းနံ့တွေလည်း လေနှင့်အတူ တစ်ခြံလုံးဝေ့နေကာ တလည်းသီးပင်များစွာ ဟာလည်း ကောင်းကောင်း ကြီးထွားနေကာ လျှောက်လမ်းတစ်လျှောက် ငွားငွားစွင့်နေသည့် နေကြာပန်းတွေကလည်း စီစီရီရီနှင့် နေရောင်ခံယူနေသည်။ ဖိတ်ဖိတ်တောက်နေသော ပန်းရောင်စုံတွေရဲ့အနံ့က လေနှင့်အတူပါလာကာ လူကို ညှို့ယူဖမ်းစားနိုင်သည်။

ဒီကောင်းကင်ဘုံကို ယွီရှန်း ဖန်တီးထားတာဖြစ်ပြီး ၂လအတွင်း မြေကွက်လပ်ကို အပင်တွေဖြင့် ဖြည့်ခဲ့လေသည်။ သူ(မ)ရဲ့ လှုပ်ရှားမှုက အကန့်အသတ် ရှိသွားတော့ ပန်းစိုက်ခြင်း၊ စာဖတ်ခြင်း၊ လက်ရေးလှလေ့ကျင့်ခြင်း၊ တူရိယာ တီးခတ်ခြင်းများကိုသာ လုပ်နိုင်သည်။ အရင်ဘဝက သူ(မ)က ပန်းပင်တွေစိုက်ပျိုးရာမှာ အလွန်ကျွမ်းကျင်ခဲ့သော်လည်း ဒီဘဝတော့ စိုက်ပျိုးထားသည့် အပင်တွေ ကောင်းကောင်း ရှင်သန်နိုင်မလားဆိုတာ မသိနိုင်ပေ။

သူ(မ)က အပင်တွေကို ပိုဂရုစိုက်ခဲ့သည်။ မဒမ်အိုကြီးက သူ(မ)ဆီ မကြာခဏ လာလည်လေ့ရှိကာ ပန်းဥယျာဥ်ထဲခြေချပြီးပါက ပြန်ဖို့ တွန့်ဆုတ်နေပြီး တိုင်းတစ်ပါးကလာသည့် အရောင်အသွေးစုံ ပန်းအစေ့တွေနှင့် ရှားပါးသည့် ဆေးမြစ်တွေကို ယွီရှန်းအတွက် စိုက်ပျိုးပေးရန် အမိန့်ပေးလေ့ရှိသည်။

ယွီရှန်းကလည်း ကျေးဇူတင်သည့်အနေဖြင့် မဒမ်အိုကြီးရဲ့ ခြံကို အကောင်းဆုံး ပန်းတွေ အပင်တွေ ပို့ပေးလေ့ရှိသည်။ ဤသို့ဖြင့် သူတို့ရဲ့ ဆက်ဆံရေးက ပိုရင်းနှီးလာကာ ခပ်တန်းတန်းနှင့် အထင်လွဲမှုတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

သူ(မ)က ပန်းရနံ့တွေကို ခံစားနေတုန်း ချိန်းရှီက အခန်းကလိုက်ကာကို မကာ တင်ပြလေသည်

“သခင်မလေး မိန်းကလေးချင် လာတွေ့ပါတယ်”

မိန်းကလေးချင်က နိုင်ငံခြားရေးမှူးမတ်ကြီး ကျုံးယုံရဲ့ ကိုယ်လုပ်တော်ရဲ့ သမီးဖြစ်ပြီး ဒီနှစ်အသက်၁၂ရှိပြီဖြစ်သည်။ သူ(မ)က နိုင်ငံခြားရေးမှူးမတ်စံအိမ်တော်မှာ မျက်နှာသာပေးမခံခဲ့ရပေ။ လင်ရှီရဲ့ပစ်ပယ်ထားခံရပြီး မဒမ်ကြီးရဲ့စောင့်ရှောက်မှုကို မရသည့် ယွီရှန်းက မိမိထက် အဆင့်အတန်းနိမ့်ကျသည့် မျိုးရိုးက ထိုကောင်မလေးဖြင့် အတူတူ မကစားချင်ပေ။ တစ်ဖက်မှာလည်း မိသားစုရဲ့အပယ်ခံလေးဖြစ်သည့် ယွီရှန်းကို ရင်းနှီးချင်ပြီး ယွီရှန်းက ခခယယ လုပ်နေတာကို အလွန်ကျေနပ်လေ့ရှိသည်။

မိန်းကလေးချင်က သူ(မ)ရဲ့ တစ်ဦးတည်းသော အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သည်။

ယွီရှန်းရဲ့ မှတ်ဉာဏ်တွေအရ လှောင်ပြုံးပြုံးလိုက်သည်။ ထိုယွီရှန်းက တကယ်သနားဖို့ကောင်းသည်။ သူရဲ့အရင်းနှီးဆုံး သူငယ်ချင်းလေးက အကျင့်မကောင်းတာတောင် ယွီရှန်းက ပျော်ရွှင်စွာ တွယ်ကပ်ခဲ့သည်။ နှစ်ပေါင်းများစွာကြာတော့ မိန်းကလေးချင်က အဓိကအမျိုးသမီးဇာတ်ဆောင်ရဲ့ ကြင်နာလှပမှုမှာ သူ့ကိုယ်သူမြှုပ်နှံခဲ့ပြီး အရက်စက်ဆုံး အရန်ဇာတ်ကောင် ဖြစ်လာခဲ့သည်။

ယွီရှန်းသာ ကူးပြောင်းမလာရင် ဘယ်လိုတောင် မရှုမလှ ဇာတ်သိမ်းသွားမှာလဲ။ ထိုသို့တွေးလိုက်တော့ ယွီရှန်းရဲ့ မျက်နှာမည်းမှောင်သွားကာ လက်ဖြင့် အချက်ပြလိုက်လေသည်

“ဝင်လာခိုင်းလိုက်”

ချင်ဖန်း ခြံထဲဝင်လာသည်နှင့် ခြံထဲက အရောင်အသွေးစုံလင်လှသည့် ပန်းတွေရဲ့ ဆွဲဆောင်ခြင်းကို ခံလိုက်ရလေသည်။ ဥယျာဥ်ကို မျက်စိတစ်ဆုံးကြည့်ပြီးနောက် စိတ်မပါစွာ အခန်းဖက်ကို ကြည့်လိုက်တော့ ထိတ်လန့်သွားလေသည်။

အောက်ပိုင်းအကြောသေနေသည့် ယွီရှန်းက သရဲလို လူမမာရုပ်ပေါက်နေမည်ဟု အစက ထင်ခဲ့သည်။ အခု တွေ့လိုက်ရသည့် ယွီရှန်းက မနက်ခင်းရဲ့ နှင်းရည်ကိုသောက်သုံးကာ ဖူးပွင့်ပြီးနေရောင်ကို နှုတ်ဆက်နေသည့် ပန်းလေးလို သက်ဝင်လွန်းနေသည်။ ကောက်ရိုးလိုခြောက်နေသည့် ဆံပင်က နက်မှောင်ကာ ခြောက်ကပ်ကပ် အသားအရေကလည်း နို့ရည်စိမ်ထားသလို ချောမွတ်နေပြီး အရင်က မျက်နှာပြောင်ကြီးကလည်း အခုတော့ ချစ်ဖို့ကောင်းနေသည်။

သူ(မ)က သိပ်မလှပေမည့် လှပသည့် မျက်ဝန်းတောက်တောက်ဝိုင်းဝိုင်းကြီးကို စိုက်ကြည့်လိုက်ပါက လူတစ်ယောက်ရဲ့ အာရုံကိုဆွဲဆောင်နိုင်သည်။ ပြတင်းပေါက်နား ပျင်းရိပျင်းတွဲမှီကာ စိတ်လွတ်ကိုယ်လုံးပြုံးနေသည့်လူကို တခြားကမ္ဘာကလူလို့ပင် ခံစားရသည်။

“ရောက်ပြီကို ထိုင်ပါဦး”

ယွီရှန်းက သလွန်တွင်မှီကာ သူ့ခြေထောက်ကို ညွှန်ပြပြီး 

“နင့်ကို ထွက်ပြီး နှုတ်ဆက်လို့ အဆင်မပြေလို့”

ယွီရှန်းက အရင်ဘဝက မင်းမျိုးမင်းနွယ် မိသားစုက မွေးဖွားလာခဲ့သူဖြစ်သည်။ ဒါကြောင့် ဂုဏ်ကျက်သရေကြီးမှုနှင့် မြင့်မြတ်မှုတို့က အရိုးထဲထိစွဲကျန်နေသည်။ ဟန်ပန်အမူအရာဖြင့် စကားအနည်းငယ်ပြောကာ အထက်ဆီးဆန်ဆန်ပြုမူခဲ့သည်။

ချင်ဖန်းက ချက်ချင်းကြီး ကသိကအောက်ခံစားလိုက်ရပြီး ထိုင်ပြီးနောက် အထစ်ထစ်အငေါ့ငေါ့ပြောလေသည်

“ရှန်းအာ နင်ပိုလှလာတယ်”

“ဟုတ်လား”

ယွီရှန်းက အနည်းငယ်ပြုံးကာ ဇဝေဇဝါလည်း ခံစားလိုက်ရလေသည်။ ဒီ၂လအတွင်း ကြောက်ရွံ့စွာနှင့် စိတ်မငြိမ်စွာဖြတ်သန်းခဲ့ရပြီး မျက်တွင်းကျနေမယ်ထင်ခဲ့ပေမယ့် ခြောက်ကပ်ကပ်ဆံပင်က မည်းနက်လာပြီး အသားအရေကလည်း နတ်ရေတွင်းမှာစိမ်လိုက်ရသလို ချော့မွေ့နူးညံ့လာခဲ့သည်။

ဘာကြောင့်လဲဆိုတာ အကြောင်းအရင်းရှာမရတော့ လျစ်လျူရှုထားလိုက်ကာ ကျန်းမာသည့်အသွင်ရှိတာကလည်း အကောင်းဖြစ်သည်။ ယွီရှန်းက လက်ဖက်ရည်တစ်ငုံ သောက်လိုက်လေသည်။

ချင်ဖန်း ဒီနေ့လာရသည့် အကြောင်းအရင်းက နှစ်သိမ့်ချင်လို့မဟုတ်ဘဲ သူ့ဘာသာသူ အပျင်းပြေအောင်လာခြင်းဖြစ်သည်။ သူ(မ)က မျက်လုံးလှည့်ကာ မေးလေသည်။

“ရှန်းအာ နင့်ခြေထောက်တွေ ထပ်မကောင်းတော့ဘူးလို့ကြားတယ်”

“အင်း အဲတော့ဘာဖြစ်လဲ ငါ့အစ်ကိုကြီးက ငါ့ကို စောင့်ရှောက်ထားနိုင်တာပဲ”

ယွီရှန်းက ဝမ်းနည်းခြင်းတစိုးတစိမျှ မရှိဘဲ ဖြေလိုက်တော့ ယွီရှန်း ဝမ်းပန်းတနည်းငိုတာကို စောင့်နေသည့် ချင်ဖန်းက စိတ်ပျက်သွားလေသည်။ မူကကစဥ်းစားထားသည့် နှစ်သိမ့်စကားတွေ ပြောမရတော့တာကြောင့် စကားလမ်းကြောင်းလွှဲကာ ရောက်တတ်ရာရာတွေ လျှောက်ပြောနေလိုက်သည်။ ယွီရှန်းက အစေခံကို လက်ဖက်ရည်အသစ်လဲခိုင်းမှ ချင်ဖန်းက အခန်းရဲ့ပြောင်းလဲမှုကို သတိထားမိသွားလေသည်။ နေရာတိုင်းက ပစ္စည်းတွေက တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေ ထည့်ထားကာ အသုံးအဆောင်သေတ္တာကလည်း ပြန်ပိတ်မရအောင် ရတနာတွေဖြင့် ပြည့်လျှံနေလေသည်။ နေရောင်ကြောင့် ရတနာတွေက တလက်လက်ထကာ မျက်စိကိုပင် ကန်းသွားစေနိုင်အောင် လက်ထနေသည်။

ချင်ဖန်းက စိုက်ကြည့်ကာ သူ(မ)မျက်လုံးတွေက လောဘတွေတက်နေလေသည်။

ယွီရှန်းက လှောင်ပြုံးပြုံးကာ 

“ကြိုက်လား၊ ဒါတွေအကုန် ငါ့အစ်ကိုကြီး လက်ဆောင်ပေးထားတာလေ၊ အစေခံတွေကို သေတ္တာယူလာခိုင်းပြီး နင့်ကိုပြမယ်”

သူ(မ)က စကားပြောရင်း လျိုလွီ့ကို အချက်ပြလိုက်သည်။

“ရှန်းအာ နင့်အစ်ကိုကြီးက နင့်ကို တကယ်အလိုလိုက်တာပဲ”

ချင်ဖန်းက မနာလိုမှုတွေကို ဖိနှိပ်ကာ သေတ္တာကို ဆတ်ကနဲ ယူကာ လှန်လှောကြည့်လေသည်။

“ဒါပေါ့ ငါ့အစ်ကိုကြီးက ငါ့ကို အလိုမလိုက်လို့ ဘယ်သူ့ကိုအလိုလိုက်ရမှာလဲ”

ယွီရှန်းက ပျင်းရိပျင်းတွဲဖြင့် လက်ချောင်းတွေကို အရှေ့တိုင်းက ပုလဲကြီးတွေကို ဆော့ကစားနေသည်။

ချင်ဖန်းက သူ့ကိုမကြောက်တော့ ပစ္စည်းတွေကို ထုတ်ယူကာ ထပ်ခါထပ်ခါကြည့်နေလေသည်။ နောက်ဆုံးတော့ အထူးကောင်းမွန်ကာ တန်ဖိုးကြီးသည့် ကျင်းဖူကလစ်ကို ထုတ်ယူကာ ခေါင်းတွင် တွယ်လိုက်ပြီး

“လှလား”

“လှတယ် နင်က ဘာနဲ့ဖြစ်ဖြစ် လှတယ်”

ယွီရှန်းက မျက်လုံးမှေးကျဉ်းကာ ရယ်ပြလေသည်။

ချင်ဖန်းကလည်း ပြန်ရယ်ပြခဲ့သည်။ သူ(မ) က သေတ္တာကို သူ့နေရာသူပြန်ထားကာ ဟိုရောက်ဒီရောက်ဖြင့် စကားတွေကို တစ်နာရီနီးပါးလောက်ပြောပြီး ပြန်သွားလေသည်။ သူ(မ)က ခြေလှမ်းမြန်မြန်ဖြင့် အခန်းလိုက်ကာကိုမက အပြင်ကိုထွက်သွားခဲ့သည်။ ခြံတံခါးနားရောက်ခါနီးမှာ ကျေနပ်အားရစွာပြုံးပြီး တံခါးဆီ ဦးတည်လိုက်လေသည်။ သူ(မ) ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် အနောက်က ခြောက်ကပ်ကပ် အသံကိုကြားလိုက်လေသည်

“အိုက်ယား နင်တစ်ခုခုမေ့နေတာလား”

“ဟမ် ငါဘာမေ့လို့လဲ”

ချင်ဖန်းက ပြန်လှည့်ကာ အားတင်းပြီးပြုံးလေသည်။

ယွီရှန်းက သူ(မ)ခေါင်းကို ညွှန်ပြကာ အသံနည်းနည်းမြင့်ပြီး ပြောလေသည်။

“ငါ့ကလစ်ကိုယူပြီး ပြန်ဖို့တွေးနေတာလား၊ မေ့ချင်ယောင်ဆောင်ပြီး ယူသွားမလို့လား၊ ဒီကလစ်က ကုန်သည်ဆီကနေ ငါ့အစ်ကိုကြီး မှာယူထားပေးတာ တစ်မြို့လုံးမှာ တစ်ခုပဲရှိတယ်၊ တော်တော်လေးရှားလို့ နင့်ကိုခိုးသွားခွင့် မပေးနိုင်ဘူး”

လက်ရှိသခင်မလေးက အရင်နဲ့မတူတော့တာကို ချိန်းဖင်နှင့်ချိန်းရှီက အစောကြီးကတည်းက သိထားပြီးပြီ ဖြစ်သည်။ သူ့အပေါ် အမြတ်ထုတ်ဖို့ ကြိုးစားသည့်လူတိုင်း မျက်နှာကို ဖြတ်ရိုက်ခံရသလို အရှက်ခွဲခံရဖို့သာ ပြင်ထားဖို့လိုသည်။ ဒီဖြတ်ရိုက်မှုက မိန်းကလေးချင်ကို ရှက်သွားဖို့ လုံလောက် သွားစေနိုင်သည်။

ခြံထဲက အစေခံတွေက ချင်ဖန်းကို အထင်သေးစွာ ကြည့်လေသည်။ ဒီသတင်းတွေ အပြင်ကိုပျံ့သွားရင် နောက်ကျရင် သူများတွေကို ဘယ်လိုရင်ဆိုင်ရမှာလဲ။ ချင်ဖန်းရဲ့မျက်နှာက နီရဲသွားကာ အမြန်ပင် ကလစ်ကို ဆွဲဖြုတ်ကာ သူ(မ)ဘာသာ ကာကွယ်ပြောဆိုလေသည်

“ဖြုတ်ဖို့မေ့သွားတာလေ၊ ဘာလို့... ဘာလို့ သပုတ်လေလွင့်စကားတွေ ပြောနေတာလဲ”

“ဟယ် ဟုတ်လား၊ ငါနင့်ကို သပုတ်လေလွင့် လျှောက်ပြောတာ မဟုတ်ပါဘူး၊ အရင်က နင်ငါ့ပစ္စည်းတွေ အများကြီးယူသွားတာပဲကို အခု မကြာက်ဘူးလား၊ သေချာ သတိထားစမ်းပါ ငါ့အစ်ကိုကြီးက ဒီကလစ်ကို ငွေတုံး၆၀၀ နဲ့ဝယ်ထားတာ၊ ပျက်စီးသွားလို့ကတော့ နင့်မေမေကြီးကို ပိုကောင်းတာတစ်ခု ပြန်ဝယ်ခိုင်းမှာနော်”

ယွီရှန်းက တောက်ပစွာ ပြုံးလေသည်။

ထိုစကားကြားတော့ သူ(မ)က ဇောချွေးတွေ ပြန်လာလေသည်။ အစေခံတွေရဲ့ ထေ့ငေါ့သံတွေ ကြားတော့ ဒီကနေရှောင်ဖို့ မြေကြီးမှာ တွင်းတူးပြီးသာ ပုန်းလိုက်ချင်သည်။ တကယ်ပဲ ယွီရှန်းရဲ့ ပါးစပ်ကို ဆွဲဖြဲပစ်ချင်သည်။ ကလစ် ပျက်စီးသွားရင် မေမေကြီးကို ဒုက္ခပေးမိမှာ ကြောက်လို့ ဂရုတစိုက်ပင် အစေခံရဲ့လက်ထဲ ကလစ်ပြန်ထည့်ပေးပြီး မျက်နှာကို လက်ဖြင့်အုပ်ကာ တံခါးတွန်းဖွင့်ပြီး အမြန်ထွက်ပြေးသွားလေသည်။

“ထပ်လာခဲ့ပါဦး”

ယွီရှန်းက စိတ်အားထက်သန်စွာ အော်ပြောလေသည်။ ချင်ဖန်း ထပ်လာရဲရင် တခြားနည်းလမ်းကို သုံးဦးမည်။ ဒီလိုကိုယ်တွယ် ဖြေရှင်းမရသည့် သူငယ်ချင်း ဆက်ဆံရေးကို မလိုချင်ပေ။

ထောင်ဟုန်နဲ့ လျိုလွီ့က ပါးစပ်ကိုအုပ်ကာ ရယ်သံတွေကို ဖိနှိပ်နေလေသည်။ ခြံတံခါးပိတ်ဖို့ ပြင်လိုက်သည့်အချိန်မှာ မှူးမတ်ကြီးနှင့် လူအိုကြီးက အလွန်ထူးဆန်းသည့် အမူအရာဖြင့် အပင်အောက်မှာ ရပ်နေတာကို တွေ့လိုက်လေသည်။

#####

Zawgyi

TYCDTN

Chapter 12

ယြီဖင္ယန္က အိမ္ျပန္ဖို႔ အခ်ိန္မရွိေသးဘဲ နန္းေတာ္ကိုသြားကာ တင္ျပရေသးတာေၾကာင့္ သူ႕ရဲ႕အေႁခြအရံျဖင့္သာ အိမ္ကို သတင္းပို႔ခိုင္းခဲ့ရသည္။

မဒမ္အိုႀကီးက အေႁခြအရံကိုျပန္မလႊတ္ခင္ အေၾကာင္းစုံကို နာရီဝက္နီးပါးေလာက္ ေမးျမန္းၿပီးမွ ျပန္လႊတ္ခဲ့သည္။ သူ(မ)က ဗုဒၶ႐ုပ္ပြားေတာ္ေရွ႕မွာ ဒူးေထာက္ရွိခိုးလိုက္သည္။ ဘုရင္ေပးသည့္တာဝန္ကို အႏၲရာယ္ၾကားမွာ မထိခိုက္ဘဲ ေဆာင္႐ြက္နိုင္ခဲ့သည္။ ေလာ့ယန္မွာ ကပ္ေဘးဒုကၡေရာက္ေနေၾကာင္း ၾကားသိခဲ့ရတုန္းက ၂ညေလာက္အိပ္မရခဲ့ေပ။

မာေမာေမာလည္း အလြန္ေပ်ာ္႐ႊင္ကာ ဒူးေထာက္ၿပီး

“မဒမ္ႀကီး သခင္မေလးက ကံေကာင္းျခင္းနဲ႕ ျပည့္စုံတဲ့လူတစ္ေယာက္ပဲ၊ မႉးမတ္ႀကီးက သခင္မေလးအတြက္ အစြမ္းရွိေဆးဆရာကို သြားရွာပင့္ခဲ့ေပမယ့္ သခင္မေလးအစား အိမ္ေရွ႕စံကို ကုသေပးေစခဲ့တယ္၊ ကံၾကမၼာက တကယ္ကိုေကာင္းမြန္တာပဲ၊ သခင္မႀကီး ဘယ္ကရွာလာမွန္းမသိတဲ့ ဘုန္းႀကီးအတုက ကံေကာင္းတဲ့ၾကယ္ကိုမ်ား ၿဂိဳလ္ဆိုးဆိုၿပီး ေလွ်ာက္ေဟာခဲ့ေသးတယ္”

မဒမ္အိုႀကီးက တိတ္ဆိတ္စြာ မ်က္လုံးပိတ္ထားေလသည္။

မာေမာေမာက ဗုဒၶက်မ္းစာေတြ႐ြတ္ဖတ္ ပူေဇာ္ၿပီး ထိပ္လန့္တၾကား ထေအာ္ေလသည္။

“အမေလး”

“ဗုဒၶဘုရားရွင္က အေရွ႕မွာရွိေနတာကို နင္ဘာေတြျပာယာခတ္ေနတာလဲ”

မဒမ္အိုႀကီးက မ်က္လုံးဖြင့္ကာ သူ(မ)ကို စူးရွစြာၾကည့္ေလသည္။

မာေမာေမာက အလ်င္အျမန္ ပါးစပ္ကိုလက္ျဖင့္အုပ္ၿပီး အသားအေရာင္က ျဖဴေဖ်ာ့လာကာ မ်က္အိမ္ေတြက မတည္မၿငိမ္ျဖစ္ေနေလသည္။

မဒမ္အိုႀကီးက တစ္ခုခု မွားယြင္းေနတာကို သတိထားမိၿပီး ႏူးညံ့စြာေမးေလသည္

“ဘာေတြးမိလို႔လဲ”

“ဘာမွ.... ဘာမွမဟုတ္ပါဘူး”

မာေမာေမာက ေတာင့္တင္းစြာ ၿပဳံးေလသည္။

“စိတ္ထဲရွိတဲ့အတိုင္း ေျပာစမ္း”

မဒမ္အိုႀကီးက ခက္ထန္စြာ ဆူပူခဲ့သည္။

မာေမာေမာက သက္ညွာမႈအျပည့္ပါသည့္ ဗုဒၶ႐ုပ္ပြားေတာ္ကိုၾကည့္ၿပီး သူ(မ)လက္ထဲက စိပ္ပုတီးကို လွည့္ကာ

“မဒမ္ႀကီး သခင္မႀကီးက ဘုန္းႀကီးကို သခင္မေလးရဲ႕ ေမြးဖြားဇာတာ ဖတ္ခိုင္းတုန္းကေလ အဲဒီ ေမြးဖြားဇာတာက... သခင္မေလးရဲ႕ ေမြးဖြားဇာတာ မဟုတ္ဘူးေလ”

မာေမာေမာက ဆက္မေျပာရဲေတာ့ေပ။ ကေလးမေလး၂ေယာက္က တစ္ရက္တည္းေမြးတာ ျဖစ္ေသာ္လည္း တစ္ခ်ိန္တည္း အတူတူေမြးတာေတာ့ မျဖစ္နိုင္ေပ။ အခ်ိန္ေတာ့ အနည္းငယ္ ကြာဟနိုင္သည္။ ဒီလို ကံၾကမၼာႀကိဳဖတ္တာက အနည္းငယ္ လြဲေခ်ာ္သြားရင္ေတာင္ အမွားႀကီး မွားသြားနိုင္သည္။

ဒီေမြးဖြားဇာတာက ယြီရွန္းဟာ မဟုတ္ရင္ တရားဝင္ေျမးမေလးရဲ႕ေမြးဖြားဇာတာေပါ့။ ဘုန္းႀကီးက မွားၿပီးေဟာတာ မဟုတ္ဘဲ တကယ့္ၿဂိဳလ္ဆိုးက တရားဝင္ေျမးမေလး ျဖစ္ေနတာလား။ ယြီရွန္းက အခုအသက္၁၀ႏွစ္ရွိၿပီ ျဖစ္ၿပီး စံအိမ္ေတာ္ႀကီးက တစ္ခါမွ ႀကီးႀကီးမားမား ကပ္ေဘးမဆိုက္ဖူးေပ။ ၿပီးေတာ့ ဒီရက္ေတြထဲမွာ ႀကဳံခဲ့ရတဲ့ အသက္ေဘး၂ခုကလည္း ယြီရွန္းေၾကာင့္ ေရွာင္ရွားနိုင္ခဲ့တယ္။

လင္ရွီက မဒမ္အိုႀကီးရဲ႕ သားေသဆုံးရတာက ယြီရွန္းေၾကာင့္လို႔ အခိုင္အမာ ေျပာဆိုခဲ့ၿပီး  အဲဒီအခ်ိန္ ဓားျပေတြရဲ႕ဓားခ်က္ႏွင့္ သားျဖစ္သူ ေသဆုံးခဲ့တုန္းက ကေလးခ်င္း မမွားယူရေသးဘဲ တရားဝင္ေျမးမေလး ေမြးဖြားသည့္ အခ်ိန္မွာ ျဖစ္ခဲ့ျခင္းျဖစ္သည္။ ဒါသာ အမွန္ဆိုပါက... 

မဒမ္အိုႀကီးက ထိတ္လန့္သြားကာ စိပ္ပုတီးကိုင္ထားသည့္ လက္ေတြဟာလည္း အလြန္အမင္း တုန္ယင္ေနေလသည္။ သူ(မ)က ဗုဒၶဘုရားရွင္ကို ယုံၾကည္တာမလို႔ ကံၾကမၼာကိုလည္း ယုံၾကည္သည္။ သူ(မ)က ယြီရွန္းကို တစ္ခါမွ မမုန္းခဲ့ေပမယ့္ လင္ရွီကေတာ့ မတူေပ။ သူ(မ)က အေတြ႕အႀကဳံပိုမ်ားၿပီး စိတ္ထား ထားတတ္လို႔ ျဖစ္သည္။ မၾကာခင္က စံအိမ္ႀကီးက အရာအားလုံး အဆင္ေျပေခ်ာေမြ႕ကာ ေျမးျဖစ္သူကလည္း စံအိမ္ရဲ႕ဂုဏ္သိကၡာကို ႀကီးျမတ္ေအာင္ ျမႇင့္တင္နိုင္ခဲ့ၿပီး သူ(မ)က တျဖည္းျဖည္း ယုတ္ေလ်ာ့လာခဲ့သည္။ အခု တရားဝင္ေျမးမက ၿဂိဳလ္ဆိုးလို႔ သိလိုက္ေတာ့ ေမ့ေဖ်ာက္ထားသည့္ခါးသီးသည့္ ခံစားခ်က္က ျပန္ထႂကြလာခဲ့သည္။

ထိုအခ်င္းအရာကို ျမင္သည့္ မာေမာေမာက ေထာင့္ကို အျမန္ကပ္ကာ အသက္ပင္ ျပင္းျပင္း မရႉရဲေတာ့ေပ။

မဒမ္အိုႀကီးက စိတ္တည္ၿငိမ္ေစမယ့္ ဘုရားစာေတြကို မ်က္လုံးမွိတ္ကာ ထပ္ခါထပ္ခါ ႐ြတ္ဖတ္ပူေဇာ္ရင္း အသိစိတ္ကို ျပန္ထိန္းထားေလသည္။

ဘာပဲျဖစ္ျဖစ္ ေျမးမက မႉးမတ္စံအိမ္ရဲ႕ ေသြးသားျဖစ္ၿပီး ေသလားရွင္လားမသိ ဆင္းရဲမြဲေတေနသည့္ ေျမးမအေၾကာင္း သတင္းမပ်ံ့ပြားေစခ်င္ေပ။ ဘုန္းေတာ္ႀကီးက က်င့္ႀကံစဥ္ မရွိတာေၾကာင့္ မွားၿပီး ေဟာတာလည္းျဖစ္နိုင္သည္။ ေကာင္းေကာင္းဆိုးဆိုး က်န္တဲ့ဆုံးျဖတ္ခ်က္ေတြကို သူသာခ်မည္။ မဒမ္အိုႀကီးက ဗုဒၶ႐ုပ္ပြားေတာ္ေရွ႕မွာ ခါးမတ္မတ္ျဖင့္ ဒူးေထာက္ထားၿပီး သူ(မ)ရဲ႕ မ်က္လုံးေတြက မည္းနက္ေနသည္။

ယြီရွန္းက ေန႕ေန႕ညည ယြီဖင္ယန္ျပန္လာတာကို ေစာင့္ေနၿပီး ထိုေန႕ရက္ေတြက မၾကာခင္ ၿပီးဆုံးေတာ့မည္ျဖစ္သည္။ ထိုလူငယ္ရဲ႕ ပုံရိပ္ကို ေတြးၾကည့္႐ုံျဖင့္ သူ႕ကို လုံးဝ စိတ္ၿငိမ္ေစသည္။

ယြီရွန္းက ျပတင္းေပါက္နားက သလြန္ထက္မွာ ကိုယ္တစ္ဝက္လဲေနၿပီး လ်ိဳလြီ့ကို ယြီဖင္ယန္ အိမ္ျပန္လာမယ့္အေၾကာင္း သြားစုံစမ္းခိုင္းၿပီး စိတ္လႈပ္ရွားစြာ ျပတင္းေပါက္အျပင္ကို ၾကည့္ေနသည္။

ၿခံဝန္းေလးထဲမွာ ပန္းပင္ႏွင့္ အပင္ေလးေတြျပည့္ေနသည္။ ခရမ္းေရာင္ပန္းအခက္ေလးက ၿခံတံတိုင္းမွာ တြယ္တက္ေနသည္။ စံပယ္ပန္းနံ႕ေတြလည္း ေလႏွင့္အတူ တစ္ၿခံလုံးေဝ့ေနကာ တလည္းသီးပင္မ်ားစြာ ဟာလည္း ေကာင္းေကာင္း ႀကီးထြားေနကာ ေလွ်ာက္လမ္းတစ္ေလွ်ာက္ ငြားငြားစြင့္ေနသည့္ ေနၾကာပန္းေတြကလည္း စီစီရီရီႏွင့္ ေနေရာင္ခံယူေနသည္။ ဖိတ္ဖိတ္ေတာက္ေနေသာ ပန္းေရာင္စုံေတြရဲ႕အနံ႕က ေလႏွင့္အတူပါလာကာ လူကို ညွို႔ယူဖမ္းစားနိုင္သည္။

ဒီေကာင္းကင္ဘုံကို ယြီရွန္း ဖန္တီးထားတာျဖစ္ၿပီး ၂လအတြင္း ေျမကြက္လပ္ကို အပင္ေတြျဖင့္ ျဖည့္ခဲ့ေလသည္။ သူ(မ)ရဲ႕ လႈပ္ရွားမႈက အကန့္အသတ္ ရွိသြားေတာ့ ပန္းစိုက္ျခင္း၊ စာဖတ္ျခင္း၊ လက္ေရးလွေလ့က်င့္ျခင္း၊ တူရိယာ တီးခတ္ျခင္းမ်ားကိုသာ လုပ္နိုင္သည္။ အရင္ဘဝက သူ(မ)က ပန္းပင္ေတြစိုက္ပ်ိဳးရာမွာ အလြန္ကြၽမ္းက်င္ခဲ့ေသာ္လည္း ဒီဘဝေတာ့ စိုက္ပ်ိဳးထားသည့္ အပင္ေတြ ေကာင္းေကာင္း ရွင္သန္နိုင္မလားဆိုတာ မသိနိုင္ေပ။

သူ(မ)က အပင္ေတြကို ပိုဂ႐ုစိုက္ခဲ့သည္။ မဒမ္အိုႀကီးက သူ(မ)ဆီ မၾကာခဏ လာလည္ေလ့ရွိကာ ပန္းဥယ်ာဥ္ထဲေျခခ်ၿပီးပါက ျပန္ဖို႔ တြန့္ဆုတ္ေနၿပီး တိုင္းတစ္ပါးကလာသည့္ အေရာင္အေသြးစုံ ပန္းအေစ့ေတြႏွင့္ ရွားပါးသည့္ ေဆးျမစ္ေတြကို ယြီရွန္းအတြက္ စိုက္ပ်ိဳးေပးရန္ အမိန့္ေပးေလ့ရွိသည္။

ယြီရွန္းကလည္း ေက်းဇူတင္သည့္အေနျဖင့္ မဒမ္အိုႀကီးရဲ႕ ၿခံကို အေကာင္းဆုံး ပန္းေတြ အပင္ေတြ ပို႔ေပးေလ့ရွိသည္။ ဤသို႔ျဖင့္ သူတို႔ရဲ႕ ဆက္ဆံေရးက ပိုရင္းႏွီးလာကာ ခပ္တန္းတန္းႏွင့္ အထင္လြဲမႈေတြက တျဖည္းျဖည္း ေပ်ာက္ကြယ္သြားခဲ့သည္။

သူ(မ)က ပန္းရနံ႕ေတြကို ခံစားေနတုန္း ခ်ိန္းရွီက အခန္းကလိုက္ကာကို မကာ တင္ျပေလသည္

“သခင္မေလး မိန္းကေလးခ်င္ လာေတြ႕ပါတယ္”

မိန္းကေလးခ်င္က နိုင္ငံျခားေရးမႉးမတ္ႀကီး က်ဳံးယုံရဲ႕ ကိုယ္လုပ္ေတာ္ရဲ႕ သမီးျဖစ္ၿပီး ဒီႏွစ္အသက္၁၂ရွိၿပီျဖစ္သည္။ သူ(မ)က နိုင္ငံျခားေရးမႉးမတ္စံအိမ္ေတာ္မွာ မ်က္ႏွာသာေပးမခံခဲ့ရေပ။ လင္ရွီရဲ႕ပစ္ပယ္ထားခံရၿပီး မဒမ္ႀကီးရဲ႕ေစာင့္ေရွာက္မႈကို မရသည့္ ယြီရွန္းက မိမိထက္ အဆင့္အတန္းနိမ့္က်သည့္ မ်ိဳးရိုးက ထိုေကာင္မေလးျဖင့္ အတူတူ မကစားခ်င္ေပ။ တစ္ဖက္မွာလည္း မိသားစုရဲ႕အပယ္ခံေလးျဖစ္သည့္ ယြီရွန္းကို ရင္းႏွီးခ်င္ၿပီး ယြီရွန္းက ခခယယ လုပ္ေနတာကို အလြန္ေက်နပ္ေလ့ရွိသည္။

မိန္းကေလးခ်င္က သူ(မ)ရဲ႕ တစ္ဦးတည္းေသာ အရင္းႏွီးဆုံး သူငယ္ခ်င္းျဖစ္သည္။

ယြီရွန္းရဲ႕ မွတ္ဉာဏ္ေတြအရ ေလွာင္ၿပဳံးၿပဳံးလိုက္သည္။ ထိုယြီရွန္းက တကယ္သနားဖို႔ေကာင္းသည္။ သူရဲ႕အရင္းႏွီးဆုံး သူငယ္ခ်င္းေလးက အက်င့္မေကာင္းတာေတာင္ ယြီရွန္းက ေပ်ာ္႐ႊင္စြာ တြယ္ကပ္ခဲ့သည္။ ႏွစ္ေပါင္းမ်ားစြာၾကာေတာ့ မိန္းကေလးခ်င္က အဓိကအမ်ိဳးသမီးဇာတ္ေဆာင္ရဲ႕ ၾကင္နာလွပမႈမွာ သူ႕ကိုယ္သူျမႇုပ္ႏွံခဲ့ၿပီး အရက္စက္ဆုံး အရန္ဇာတ္ေကာင္ ျဖစ္လာခဲ့သည္။

ယြီရွန္းသာ ကူးေျပာင္းမလာရင္ ဘယ္လိုေတာင္ မရႈမလွ ဇာတ္သိမ္းသြားမွာလဲ။ ထိုသို႔ေတြးလိုက္ေတာ့ ယြီရွန္းရဲ႕ မ်က္ႏွာမည္းေမွာင္သြားကာ လက္ျဖင့္ အခ်က္ျပလိုက္ေလသည္

“ဝင္လာခိုင္းလိုက္”

ခ်င္ဖန္း ၿခံထဲဝင္လာသည္ႏွင့္ ၿခံထဲက အေရာင္အေသြးစုံလင္လွသည့္ ပန္းေတြရဲ႕ ဆြဲေဆာင္ျခင္းကို ခံလိုက္ရေလသည္။ ဥယ်ာဥ္ကို မ်က္စိတစ္ဆုံးၾကည့္ၿပီးေနာက္ စိတ္မပါစြာ အခန္းဖက္ကို ၾကည့္လိုက္ေတာ့ ထိတ္လန့္သြားေလသည္။

ေအာက္ပိုင္းအေၾကာေသေနသည့္ ယြီရွန္းက သရဲလို လူမမာ႐ုပ္ေပါက္ေနမည္ဟု အစက ထင္ခဲ့သည္။ အခု ေတြ႕လိုက္ရသည့္ ယြီရွန္းက မနက္ခင္းရဲ႕ ႏွင္းရည္ကိုေသာက္သုံးကာ ဖူးပြင့္ၿပီးေနေရာင္ကို ႏႈတ္ဆက္ေနသည့္ ပန္းေလးလို သက္ဝင္လြန္းေနသည္။ ေကာက္ရိုးလိုေျခာက္ေနသည့္ ဆံပင္က နက္ေမွာင္ကာ ေျခာက္ကပ္ကပ္ အသားအေရကလည္း နို႔ရည္စိမ္ထားသလို ေခ်ာမြတ္ေနၿပီး အရင္က မ်က္ႏွာေျပာင္ႀကီးကလည္း အခုေတာ့ ခ်စ္ဖို႔ေကာင္းေနသည္။

သူ(မ)က သိပ္မလွေပမည့္ လွပသည့္ မ်က္ဝန္းေတာက္ေတာက္ဝိုင္းဝိုင္းႀကီးကို စိုက္ၾကည့္လိုက္ပါက လူတစ္ေယာက္ရဲ႕ အာ႐ုံကိုဆြဲေဆာင္နိုင္သည္။ ျပတင္းေပါက္နား ပ်င္းရိပ်င္းတြဲမွီကာ စိတ္လြတ္ကိုယ္လုံးၿပဳံးေနသည့္လူကို တျခားကမာၻကလူလို႔ပင္ ခံစားရသည္။

“ေရာက္ၿပီကို ထိုင္ပါဦး”

ယြီရွန္းက သလြန္တြင္မွီကာ သူ႕ေျခေထာက္ကို ၫႊန္ျပၿပီး 

“နင့္ကို ထြက္ၿပီး ႏႈတ္ဆက္လို႔ အဆင္မေျပလို႔”

ယြီရွန္းက အရင္ဘဝက မင္းမ်ိဳးမင္းႏြယ္ မိသားစုက ေမြးဖြားလာခဲ့သူျဖစ္သည္။ ဒါေၾကာင့္ ဂုဏ္က်က္သေရႀကီးမႈႏွင့္ ျမင့္ျမတ္မႈတို႔က အရိုးထဲထိစြဲက်န္ေနသည္။ ဟန္ပန္အမူအရာျဖင့္ စကားအနည္းငယ္ေျပာကာ အထက္ဆီးဆန္ဆန္ျပဳမူခဲ့သည္။

ခ်င္ဖန္းက ခ်က္ခ်င္းႀကီး ကသိကေအာက္ခံစားလိုက္ရၿပီး ထိုင္ၿပီးေနာက္ အထစ္ထစ္အေငါ့ေငါ့ေျပာေလသည္

“ရွန္းအာ နင္ပိုလွလာတယ္”

“ဟုတ္လား”

ယြီရွန္းက အနည္းငယ္ၿပဳံးကာ ဇေဝဇဝါလည္း ခံစားလိုက္ရေလသည္။ ဒီ၂လအတြင္း ေၾကာက္႐ြံ႕စြာႏွင့္ စိတ္မၿငိမ္စြာျဖတ္သန္းခဲ့ရၿပီး မ်က္တြင္းက်ေနမယ္ထင္ခဲ့ေပမယ့္ ေျခာက္ကပ္ကပ္ဆံပင္က မည္းနက္လာၿပီး အသားအေရကလည္း နတ္ေရတြင္းမွာစိမ္လိုက္ရသလို ေခ်ာ့ေမြ႕ႏူးညံ့လာခဲ့သည္။

ဘာေၾကာင့္လဲဆိုတာ အေၾကာင္းအရင္းရွာမရေတာ့ လ်စ္လ်ဴရႈထားလိုက္ကာ က်န္းမာသည့္အသြင္ရွိတာကလည္း အေကာင္းျဖစ္သည္။ ယြီရွန္းက လက္ဖက္ရည္တစ္ငုံ ေသာက္လိုက္ေလသည္။

ခ်င္ဖန္း ဒီေန႕လာရသည့္ အေၾကာင္းအရင္းက ႏွစ္သိမ့္ခ်င္လို႔မဟုတ္ဘဲ သူ႕ဘာသာသူ အပ်င္းေျပေအာင္လာျခင္းျဖစ္သည္။ သူ(မ)က မ်က္လုံးလွည့္ကာ ေမးေလသည္။

“ရွန္းအာ နင့္ေျခေထာက္ေတြ ထပ္မေကာင္းေတာ့ဘူးလို႔ၾကားတယ္”

“အင္း အဲေတာ့ဘာျဖစ္လဲ ငါ့အစ္ကိုႀကီးက ငါ့ကို ေစာင့္ေရွာက္ထားနိုင္တာပဲ”

ယြီရွန္းက ဝမ္းနည္းျခင္းတစိုးတစိမွ် မရွိဘဲ ေျဖလိုက္ေတာ့ ယြီရွန္း ဝမ္းပန္းတနည္းငိုတာကို ေစာင့္ေနသည့္ ခ်င္ဖန္းက စိတ္ပ်က္သြားေလသည္။ မူကကစဥ္းစားထားသည့္ ႏွစ္သိမ့္စကားေတြ ေျပာမရေတာ့တာေၾကာင့္ စကားလမ္းေၾကာင္းလႊဲကာ ေရာက္တတ္ရာရာေတြ ေလွ်ာက္ေျပာေနလိုက္သည္။ ယြီရွန္းက အေစခံကို လက္ဖက္ရည္အသစ္လဲခိုင္းမွ ခ်င္ဖန္းက အခန္းရဲ႕ေျပာင္းလဲမႈကို သတိထားမိသြားေလသည္။ ေနရာတိုင္းက ပစၥည္းေတြက တန္ဖိုးႀကီးဇိမ္ခံပစၥည္းေတြ ထည့္ထားကာ အသုံးအေဆာင္ေသတၱာကလည္း ျပန္ပိတ္မရေအာင္ ရတနာေတြျဖင့္ ျပည့္လွ်ံေနေလသည္။ ေနေရာင္ေၾကာင့္ ရတနာေတြက တလက္လက္ထကာ မ်က္စိကိုပင္ ကန္းသြားေစနိုင္ေအာင္ လက္ထေနသည္။

ခ်င္ဖန္းက စိုက္ၾကည့္ကာ သူ(မ)မ်က္လုံးေတြက ေလာဘေတြတက္ေနေလသည္။

ယြီရွန္းက ေလွာင္ၿပဳံးၿပဳံးကာ 

“ႀကိဳက္လား၊ ဒါေတြအကုန္ ငါ့အစ္ကိုႀကီး လက္ေဆာင္ေပးထားတာေလ၊ အေစခံေတြကို ေသတၱာယူလာခိုင္းၿပီး နင့္ကိုျပမယ္”

သူ(မ)က စကားေျပာရင္း လ်ိဳလြီ့ကို အခ်က္ျပလိုက္သည္။

“ရွန္းအာ နင့္အစ္ကိုႀကီးက နင့္ကို တကယ္အလိုလိုက္တာပဲ”

ခ်င္ဖန္းက မနာလိုမႈေတြကို ဖိႏွိပ္ကာ ေသတၱာကို ဆတ္ကနဲ ယူကာ လွန္ေလွာၾကည့္ေလသည္။

“ဒါေပါ့ ငါ့အစ္ကိုႀကီးက ငါ့ကို အလိုမလိုက္လို႔ ဘယ္သူ႕ကိုအလိုလိုက္ရမွာလဲ”

ယြီရွန္းက ပ်င္းရိပ်င္းတြဲျဖင့္ လက္ေခ်ာင္းေတြကို အေရွ႕တိုင္းက ပုလဲႀကီးေတြကို ေဆာ့ကစားေနသည္။

ခ်င္ဖန္းက သူ႕ကိုမေၾကာက္ေတာ့ ပစၥည္းေတြကို ထုတ္ယူကာ ထပ္ခါထပ္ခါၾကည့္ေနေလသည္။ ေနာက္ဆုံးေတာ့ အထူးေကာင္းမြန္ကာ တန္ဖိုးႀကီးသည့္ က်င္းဖူကလစ္ကို ထုတ္ယူကာ ေခါင္းတြင္ တြယ္လိုက္ၿပီး

“လွလား”

“လွတယ္ နင္က ဘာနဲ႕ျဖစ္ျဖစ္ လွတယ္”

ယြီရွန္းက မ်က္လုံးေမွးက်ဥ္းကာ ရယ္ျပေလသည္။

ခ်င္ဖန္းကလည္း ျပန္ရယ္ျပခဲ့သည္။ သူ(မ) က ေသတၱာကို သူ႕ေနရာသူျပန္ထားကာ ဟိုေရာက္ဒီေရာက္ျဖင့္ စကားေတြကို တစ္နာရီနီးပါးေလာက္ေျပာၿပီး ျပန္သြားေလသည္။ သူ(မ)က ေျခလွမ္းျမန္ျမန္ျဖင့္ အခန္းလိုက္ကာကိုမက အျပင္ကိုထြက္သြားခဲ့သည္။ ၿခံတံခါးနားေရာက္ခါနီးမွာ ေက်နပ္အားရစြာၿပဳံးၿပီး တံခါးဆီ ဦးတည္လိုက္ေလသည္။ သူ(မ) ေျခလွမ္းအနည္းငယ္လွမ္းၿပီးေနာက္ အေနာက္က ေျခာက္ကပ္ကပ္ အသံကိုၾကားလိုက္ေလသည္

“အိုက္ယား နင္တစ္ခုခုေမ့ေနတာလား”

“ဟမ္ ငါဘာေမ့လို႔လဲ”

ခ်င္ဖန္းက ျပန္လွည့္ကာ အားတင္းၿပီးၿပဳံးေလသည္။

ယြီရွန္းက သူ(မ)ေခါင္းကို ၫႊန္ျပကာ အသံနည္းနည္းျမင့္ၿပီး ေျပာေလသည္။

“ငါ့ကလစ္ကိုယူၿပီး ျပန္ဖို႔ေတြးေနတာလား၊ ေမ့ခ်င္ေယာင္ေဆာင္ၿပီး ယူသြားမလို႔လား၊ ဒီကလစ္က ကုန္သည္ဆီကေန ငါ့အစ္ကိုႀကီး မွာယူထားေပးတာ တစ္ၿမိဳ႕လုံးမွာ တစ္ခုပဲရွိတယ္၊ ေတာ္ေတာ္ေလးရွားလို႔ နင့္ကိုခိုးသြားခြင့္ မေပးနိုင္ဘူး”

လက္ရွိသခင္မေလးက အရင္နဲ႕မတူေတာ့တာကို ခ်ိန္းဖင္ႏွင့္ခ်ိန္းရွီက အေစာႀကီးကတည္းက သိထားၿပီးၿပီ ျဖစ္သည္။ သူ႕အေပၚ အျမတ္ထုတ္ဖို႔ ႀကိဳးစားသည့္လူတိုင္း မ်က္ႏွာကို ျဖတ္ရိုက္ခံရသလို အရွက္ခြဲခံရဖို႔သာ ျပင္ထားဖို႔လိုသည္။ ဒီျဖတ္ရိုက္မႈက မိန္းကေလးခ်င္ကို ရွက္သြားဖို႔ လုံေလာက္ သြားေစနိုင္သည္။

ၿခံထဲက အေစခံေတြက ခ်င္ဖန္းကို အထင္ေသးစြာ ၾကည့္ေလသည္။ ဒီသတင္းေတြ အျပင္ကိုပ်ံ့သြားရင္ ေနာက္က်ရင္ သူမ်ားေတြကို ဘယ္လိုရင္ဆိုင္ရမွာလဲ။ ခ်င္ဖန္းရဲ႕မ်က္ႏွာက နီရဲသြားကာ အျမန္ပင္ ကလစ္ကို ဆြဲျဖဳတ္ကာ သူ(မ)ဘာသာ ကာကြယ္ေျပာဆိုေလသည္

“ျဖဳတ္ဖို႔ေမ့သြားတာေလ၊ ဘာလို႔... ဘာလို႔ သပုတ္ေလလြင့္စကားေတြ ေျပာေနတာလဲ”

“ဟယ္ ဟုတ္လား၊ ငါနင့္ကို သပုတ္ေလလြင့္ ေလွ်ာက္ေျပာတာ မဟုတ္ပါဘူး၊ အရင္က နင္ငါ့ပစၥည္းေတြ အမ်ားႀကီးယူသြားတာပဲကို အခု မၾကာက္ဘူးလား၊ ေသခ်ာ သတိထားစမ္းပါ ငါ့အစ္ကိုႀကီးက ဒီကလစ္ကို ေငြတုံး၆၀၀ နဲ႕ဝယ္ထားတာ၊ ပ်က္စီးသြားလို႔ကေတာ့ နင့္ေမေမႀကီးကို ပိုေကာင္းတာတစ္ခု ျပန္ဝယ္ခိုင္းမွာေနာ္”

ယြီရွန္းက ေတာက္ပစြာ ၿပဳံးေလသည္။

ထိုစကားၾကားေတာ့ သူ(မ)က ေဇာေခြၽးေတြ ျပန္လာေလသည္။ အေစခံေတြရဲ႕ ေထ့ေငါ့သံေတြ ၾကားေတာ့ ဒီကေနေရွာင္ဖို႔ ေျမႀကီးမွာ တြင္းတူးၿပီးသာ ပုန္းလိုက္ခ်င္သည္။ တကယ္ပဲ ယြီရွန္းရဲ႕ ပါးစပ္ကို ဆြဲၿဖဲပစ္ခ်င္သည္။ ကလစ္ ပ်က္စီးသြားရင္ ေမေမႀကီးကို ဒုကၡေပးမိမွာ ေၾကာက္လို႔ ဂ႐ုတစိုက္ပင္ အေစခံရဲ႕လက္ထဲ ကလစ္ျပန္ထည့္ေပးၿပီး မ်က္ႏွာကို လက္ျဖင့္အုပ္ကာ တံခါးတြန္းဖြင့္ၿပီး အျမန္ထြက္ေျပးသြားေလသည္။

“ထပ္လာခဲ့ပါဦး”

ယြီရွန္းက စိတ္အားထက္သန္စြာ ေအာ္ေျပာေလသည္။ ခ်င္ဖန္း ထပ္လာရဲရင္ တျခားနည္းလမ္းကို သုံးဦးမည္။ ဒီလိုကိုယ္တြယ္ ေျဖရွင္းမရသည့္ သူငယ္ခ်င္း ဆက္ဆံေရးကို မလိုခ်င္ေပ။

ေထာင္ဟုန္နဲ႕ လ်ိဳလြီ့က ပါးစပ္ကိုအုပ္ကာ ရယ္သံေတြကို ဖိႏွိပ္ေနေလသည္။ ၿခံတံခါးပိတ္ဖို႔ ျပင္လိုက္သည့္အခ်ိန္မွာ မႉးမတ္ႀကီးႏွင့္ လူအိုႀကီးက အလြန္ထူးဆန္းသည့္ အမူအရာျဖင့္ အပင္ေအာက္မွာ ရပ္ေနတာကို ေတြ႕လိုက္ေလသည္။

#####

Continue Reading

You'll Also Like

181K 31.1K 69
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
230K 37.2K 62
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**
659K 76.6K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
91.1K 16K 200
Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင္ဖတ္လို႔ရပါတယ္