မာယာကျော့ရှင် (1930)

By firozah34

41.6K 1K 123

Adult sence တေ‌ွ ၊ age 21+🚨မို့ အသက်္မပြည့်သေးသူများမဖတ်ပါနဲ့ Horror , rape တဲ့အခန်းတွေပါရှိမှာမို့ ဇာတ်လမ်း... More

part-1
part-3
part-4
Part-5
part-6⛔️🔞🔞🔞
part-7
part-8
part-9 (🔞)
part-10

part-2

5.4K 113 4
By firozah34

"စာတော်တာချင်းတူတူ ဘုံဘုံက အရပ်ပိုပုတယ်နော်"

"မာဂရက် သူ့ရဲ့ဟနေတဲ့ ပါးစပ်ကြီးကို တစ်ခုခုနဲ့စို့ထားစမ်းပါ"

မာဂရက်က မနိုင်ဘူးဆိုတဲ့ ပုံ လုပ်ပြကာ ပါလာတဲ့ ပီဇာ ကို ထုတ်စားနေ၏။

"ဟားဟား လူပူစိတ်တိုဆိုတာမှန်တာကိုး"

"ဘွဲ့ဖြူ...နင်တခြားသူသွားစစမ်းပါ"

"မင်းကို ဒီကားပေါ်ရောက်ဖို့ ငါးသိန်းစိုက်တာငါနော် ကျန်တဲ့သူက တစ်ယောက်တစ်သိန်း"

"ဘယ်လိုရာဇ၀င်ရှိရှိ....."

"အဟင်း project ကို ငါလည်းလုပ်နိုင်သားပဲ
ဒါပေမယ့် ဘုံဘုံ မပါတော့ ဘုန်းဘုန်းက ပျင်းလို့"

အသံကို ညှစ်အစ်ထုတ်ပြီး ပြောနေတာကြောင့် ဘုံ နားကို နားကြပ်ပြန်ထိုးထည့်ရင်း ဟိုဘက်လှည့်ငေးနေလိုက်သည်။

"ကဲ စမနေပါနဲ့ကွာ ဟေ့ မာဂရက် မင်းတို့ဘိုးဘွားပိုင် အိမ်ကြီးက ပြင်ဦးလွင်မှာဆို"

"ဟုတ်တယ် ဒါပေမယ့် အပ်နှင်းက သူ့အ‌ဒေါ်အိမ်က ဈေးနဲ့ပိုနီးလို့ အဲ့ကိုပဲ သွားနေကြတော့မယ်တဲ့"

"ကောင်းတာပဲ"

စာအုပ်ဖတ်နေသော နိုဘယ်က အိမ်ကြီးဆိုတဲ့ အသံကြောင့် စိတ်၀င်တစားဖြင့်

"ပြင်ဦးလွင် မှာ ဒီလိုအိမ်ကြီးတွေက သရဲရှိတယ်တဲ့နော် ငါတော့စိတ်၀င်စားတယ်"

"အမလေး အဲ့အိမ်က မြို့ပေါ်မှာမဟုတ်ဘူး
ပြင်ဦးလွင်ကနေ နဲနဲလှမ်းသေးတယ်
ရွာလေးတစ်ရွာနားမှာ မြို့နဲ့ဆိုရင် ဆယ့်တစ်မိုင်လား ဆယ့်ငါးမိုင်လားမသိဘူးဝေးတယ် "

"ဟုတ်လား"

"ဟုတ်တယ် အရင်က ကားလမ်းပေါက်တယ်
တောင်ကျရေကြောင့် ပျက်စီးကုန်ပြီး လမ်းတွေကွေ့ပတ် သွားရတာကြောင့် အဲ့ရွာကအခုဆို ခြောက်ကပ်နေတာပဲတဲ့'

"ရွာနာမည်က??"

"ထူးတော့ထူးဆန်တယ် နာမည်က!!"

"အင်း!!"

"နိမိတ်မင်းမူ တဲ့!!"

"ဟင် နာမည်ကြီးကလဲ"

အပ်နှင်းစံက နာမည်ကြားတာနဲ့ ကျကျနန မဲ့ရွဲ့ကာ

"နာမည်ကြီးကလည်းမလုပ်နဲ့ အခုနေ ရွာက ဘယ်လိုအနေထားရှိလဲ မသိပေမယ့်
တောတောင်သဘာ၀အလှက အခုနာမည်ကြီးနေတဲ့ နေရာ‌ေတွထက် ပိုပြီးလှတယ် ဆန်းကျယ်တယ်တဲ့ ဘုရားလေးတစ်ဆူဆို တော်တော်ရှေးကျတာတဲ့"

သူမတို့ပြောတုန်း မိုးတွေက အုံ့မဲရစ်သိုင်းကာ
တအိအိ ရွာသွန်းလာ‌တာကြောင့် တိတ်တိတ်ကလေးနားထောင်နေသည့် ဘုံက ကွေးကွေးလေးနေလိုက်ကာ မျက်စိတွေမှိတ်ထားလိုက်သည်။

ဘုရားသကြားမလို့ ဒီrich kid မျောက်လောင်းအုပ်စု အဲ့ဘက်္မသွားပါစေနှင့်

"ဟိတ် သူကြောက်နေတာလား?"

မာဂရက်က ဘုံ မကြားအောင် မျက်နှာရိပ်ပြတော့ ဘွဲ့ဖြူက ညီညာသောသွားတန်းတွေပေါ်အောင် ဟီးကနဲရယ်ကာ ဘေးမှာရှိသည့် လေထိုးမုန့်ကို အုန်းကနဲမြည်အောင် ဖောက်ချလိုက်သည်။

"ဘုန်း!!!'

"အား..... ကြီးကြီး‌ငုတ်တုတ်ကြွ!!"

"ဟားဟား "

အုပ်စုလိုက် လက်ညိုးထိုးဝိုင်းရီကြတာကြောင့်
ဘုံ ရှက်ရကောင်းမှန်းသိကာ တရားခံဘက်သို့
ကိုင်ထားသောရေဘူးနှင့် လွှဲချလိုက်သည်။

"ဖုန်း!!!!'

လက်္မောင်း ထံ ရေသန့်ဘူး ရိုက်သံက
အကျပနထိတော့ ဘွဲ့ဖြူက မျက်စိမှိတ်ပြကာ

"မနာဘူး မနာဘူး..'

"နင်!!!'

ဘုံ ထိုသတဝါကို ဂရုစိုက်္မနေတော့ဘဲ

"နင်တို့ အဲ့ရွာကိုသွားမယ့်စိတ်ကူးရှိရင်
Projectပြီးမှသွား"

"ခ်ခ် မသွားပါဘူး ဘုံရဲ့ မကြောက်ပါနဲ့"

"ရုပ်ကြမ်းကြိးလဲ ကြောက်တတ်တာပဲနော်၊"

မပြင်မဆင်နေတတ်သော ဘုံ့ကို ဘွဲ့ဖြူလိုက်စပေမယ့် ဘုံက လစ်လျူကာ

"မသွားရင် တော့ အဆင်ပြေပါတယ်
ဒါဆို ငါနားတော့မယ်"

မာဂရက်နဲ့ အပ်နှင်းက အိုကေပုံစ့လေးလုပ်ပြကာ ပြုံးနေတာကြောင့် စိတ်တအားမဆိုးမိတော့ဘဲ ဘေးမှာ ထိုင်နေတဲ့ ကျက်သတုံးကို
မမြင်သလို ပြုမူကာအိပ်ရင်းလိုက်ပါလာမိတော့သည်။

သူမအိမ်မက္ထဲမှာတော့ ကြီးကြီးကငိုလို့ ချော့လိုက်ရတာ မိုးတလင်းရယ်တဲ့

မြန်မြန်ပြန်လာမယ်လို့ ကတိပေးထားခဲ့တာ
ကြီးကြီးကပူတတ်ရန်ကောဟုတဖွဖွပြောတုန်း
ကားတစ်ချက်လူးသွားတာကြောင့် သူမ လန့်နိုးသွားခဲ့ရသည်။

ဒီခရီးကို ဘာတွေစိတ်ထင့်နေလဲ မသိ
ဖြစ်နိုင်ရင် ကြီးကြီးစီပဲ ပြန်လှည့်သွားချင်တော့သည်။
ရင်ထဲလေးကျနေတာကြောင့် တစ်ခုခုတော့တစ်ခုခုပင်......

............

"ထတော့ လေ ဘုံနန်းမြိုင်...'

"အင် ဟင် ရောက်ပြီလား?"

"ရောက်ပြီ မြို့အ၀င်တောင်ရောက်နေပြီ"

မိုးရွာထားဟန်ရှိတာကြောင့် ပြင်ဦးလွင်ရဲ့ ရာသီဥတုဟာ ပိုချမ်းပြီး အေးစက် ညှို့မှိုင်းနေသည်။

ကားတံခါးတွေအကုန်ဖွင့်ထားတာမို့ လေနံ့မိုးနံ့တို့က နှာဖျားထိပ်မှာ ကလူကျီစယ်လာသည်။

"အဲ့လောက်ထိသဘောကျတာလား ပြင်ဦးလွင်ကို"

"ဘာလဲ နင်ငါ့ပဲ လိုက်ကြည့်နေတာ မမောဘူးလား"

"အံမာ နင့်မျက်ရည်တွေကျပြီး ငေးနေလို့ မေးကြည့်တာ"

"ဟင်..'

ဘွဲ့ဖြူ အပြောကြောင့် ပါးပြင်ကို စမ်းကြည့်တော့ စိုစွတ်စွတ် မျက်ရည်စီးကြောင်းကရှိနေလေသည်။

အိမ်မက္မက္ရင်း ထပ်ငိုမိတာလား??

"ကဲ အထုတ်တွေ စစ် အိမ်ကို ရောက်တော့မယ်"

ဦးဆောင် နဲ့ နိုဘက်ကနေရာချင်း ချိန်းပြီး မောင်းနေတာကြောင့် အပ်နှင်းစံက နို့ဘယ်ကို သူ့အဒေါ်အိမ်ရှိရာ ရပ်ကွက်ကို လမ်းညွှန်နေလေ၏။

ဦးဆောင်ကတော့ နောက်ခုံမှာ ခြေပစ်လက်ပစ်အိပ်နေလျက်ရှိသည်။

"အထုတ် ကူမဆွဲပေးဘူးနော် လိုက်ကြည့်မနေနဲ့"

"ရား ငါနင့်ကို ခိုင်းမိလို့လား အ၀တ်စားအိတ်တစ်အိတ်ပဲ ငါယူလာဝာာ"

"စာအုပ်တွေကရော??'

"Project နဲ့ဆိုင်တဲ့ note , reference တွေ stickထဲ ပါလာပြိးသား ဖယ်စမ်းပါ ကလန်ကလားနဲ့"

ဘွဲ့ဖြူ ခပ်ကြိတ်ကြိတ်ပြုံးရင်း ဖယ်ပေးလိုက်သည်။

ဘုံ့ကိုသဘောကျတာဒီအချက်ပင်

ဆင်းရဲပေမယ့် အားငယ်တာ ၊အားနွဲ့နေတာမရှိ

အချမ်းသာဆုံးမာနတွေနဲ့ စကားပြောရင် အထက်စိးက
‌ဘယ်ယောကျာ်းမ မကြောက်သလို မိန်းကလေးတွေနဲ့လဲ သိပ်မခင်တတ်

သူတို့အုပ်စုက ငယ်သူငယ်ချင်းတွေဖြစ်ပြီး
ဘုံ တစ်ယောက်သာ လွန်ခဲ့တဲ့ နှစ်လ က ခင်မိကြတာဖြစ်သည်။ခင်တယ်ဆိုတာ ခေါင်းစဉ်သပ်သပ်သာ

အပေးယူပုံစံဆိုလျင်ပိုမှန်မည်
ဒီခရီးကိုလဲ အပေးယူအနေထားနှင့် လာခဲ့တာ ဖြစ်ပြီး ဘာကိုမှ အားငယ်တာ ၊အထီးကျန်တာမဖြစ်
တစ်ခုပဲ သူမက သရဲအရမ်းကြောက်တတ်၏။

Idea type တော့မဟုတ်ပေမယ့် ဒိခရီးအတွက် အပျင်းပြေ clown
တစ်ယောက်‌ေတာ့လိုမယ်မလား??

........

"ဘုံ က သူတစ်ခန်းသပ်သပ်ယူမယ်တဲ့
စာလုပ်နေရင်း ငါတို့ဆူညံတာ သူအာရုံမရလို့တဲ့"

"ဖြစ်ရလေ ကြီးကျယ်လိုက်တာ"

အပ်နှင်းက လွှတ်ကနဲပြောတော့

"အမလေး မယ်မင်းကြိးမ တိုးတိုးပြောပါဟယ်
ယူက တကယ့်ချီးထုတ် ဟိုကကြားပြီး ပြန်သွားမှ ငါတို့ ဘွဲ့မရပဲဖြစ်မယ်"

"ဟွန်း ငါတို့လိုအနေထားကို သူမို့..'

"ကနဦးထဲက ပညာမာနရှိတယ်လေဟာ လာပါ ဟိုမှာ နင့်တီတီလုပ်ပေးတဲ့ ရှမ်းခေါက်ဆွဲသွားစားကြမယ်
"

"အွန်း ဒါနဲ့ ဦးဆောင် တို့ရော"

"ရေချိုးပြီးထဲက ခြံထဲရောက်နေကြတာ"

"အိုး သူတို့ ချိုးနိုင်တယ်နော်"

"ရေနွေးစပ်ချိုးတာနေမှာပေါ့ ငါကတော့ ချမ်းလို့ ခြေလက္ပဲသန့်စင်လိုက်တယ်"

"ငါရောဘဲ"

"ဒါနဲ့ ဟိုတစ်ယောက်ကို ဘာကျွေး ထားလဲ"

"ရှမ်းခေါက်ဆွဲမကြိုက်လို့ သူ့ကို ထမင်းပဲကျွေးပါဆိုပြီးပြောလို့ ကျွေးထားတယ်တဲ့"

"တော်တော်ကောင်းတဲ့ ဧည့်သည်ပဲ"

"ဟုတ်တယ် ရေချိုးထမင်းစားပြီး project ထိုင်လုပ်နေတာ ရယ်"

"လုပ်ပစေ ပိုက်ဆံပေးထားတာပဲဟာ လာခြံထဲကို"

အပ်နှင်းနဲ့ မာဂရက်တို့က ချမ်းသာသူပီပီ
ပိုက်ဆံနှင့်အရာရာဖြေရှင်းချင်တာများသည်။ဒီ
Projectပြီးမှ ဘွဲ့ရမှာမို့  ဘုံ့ကို ခရီးထဲ မရရအောင် ဆွဲခေါ်လာတာပင်

"ဟေး ယူတို့က တက်ကြွတယ်နော်"

"မရတော့ဘူး ဟေ့ နင်တို့မိန်းမတွေကကြာတယ် ငါကတော့ ဗိုက်ဆာလို့ နှစ်ပွဲတောင်ကုန်ပြိ"

"ဦးဆောင်ရယ် နင်ပဲစားတော့ သိလား တစ်ခါထဲ ကားလေးခနမောင်းခိုင်းမိတာ တစ်ကားလုံး သူ့အမိန့်သူအသံကြီးပဲ"

"မကျေနပ် နင်၀င်မောင်းကြည့်ပါလား ခါးကိုချိရော"

အပ်နှင်းက အဝါရောင် ဆွဲသား ကပ်ကပ်လေးကို ချပ်ရပ်စွာ၀တ်ထားရင်း ဘွဲ့ဖြူဘေးကပ်ထိုင်ကာ

"ဘွဲ့ဖြူ ‌ကားမောင်းကျွမ်းတာ နင်မောင်းပြလိုက်"

ဦးဆောင်က မာဂရက်ကို ကြည့်ပြီး သူ့ဘေးထိုင်ဖို့ နေရာဖယ်ပေးတော့ မာဂရက်က စူပုတ်ကာ

"အပ်နှင်း နင်စားစရာရှိတာစား"

မာဂရက် ဘွဲ့ဖြူအပေါ် တိမ်းညွတ်နေတာ သူတို့အကုန်သိသည်။
သို့ပေမယ့် အပ်နှင်းက သိသိရက်နှင့်ဒိလို လိုက်စကာမခံချင်အောင်မွှေသည်။
ဦးဆောင်ကတော့ ငယ်ရွယ်သွက်လက်လွန်းသည့် အပ်နှင်းကိုပဲ ကြည့်ပြီး ပြုံးကာ

"ကဲ စမနေကြနဲ့ စားသောက်ကြပြိးရင် နားကြမယ် ဒီ project က လက်တွေ့လုပ်ရမှာ စာအပိုင်းနဲ့ အချက်လက် ချိန်ညှိဖို့ ဘုံ တစ်ယောက် ကြိုးစားနေပြီနဲ့တူတယ်"

"ဟုတ်တယ် မနက်ဖြန် location ကိုသူပဲရွေးမှာ"

"Recycle တွေကိုcollection လုပ်ရတာကြိး မကြိုက်ပါဘူး
ဒါပေမယ့် အဲ့ကနေ ကုန်ချော ပြန်လုပ်နိုင်တဲ့
Formula ကို အပေါ်ထပ်ကဆရာမကြီးက ထွင်တာနော် လျော့မတွက်နဲ့"

"ဒါဆို ဒီ projects က"

"Useto မဖြစ်တဲ့ နေရာတွေကနေ မြေဆွေးနမူနာရယ် ၊ပြီးတော့ စွန့်ပစ်ပစည်းတွေကနေ အမြန်ဆုံး အသုံး၀င်တဲ့ product မျိုး ပြန်လုပ်တာပေါ့ "

"သိပ်နားမလည်ဘူး"

"ဒိလိုလေဟာ အရမ်းခေါင်တဲ့ရွာတွေ ၊လူနေအိမ်တွေမှာ အခု ငါတို့သုံးနေတဲ့ ပန်ကာ၊လျှပ်စစ် ရေသန့် မြေဩစာ တွေ လှိုင်လှိုင်အသုံးပြုလို့ရအောင် သူ့ technic နဲ့ လုပ်ပြမှာ"

"အခြေခံလိုအပ်ချက်ပစည်းတွေကို စွန့်ပစ်ပစည်းကနေ ထုတ်ပေးမယ့်သဘောပေါ့"

"ဟုတ်တယ် မနက်ဖြန် ရွာ တွေမေးပြီး project ကို လက်တွေ့လုပ် မှတ်တမ်းယူ
စာစီပြိး PowerPoint လုပ်ပြီးရင် ရပြီ"

"သူ့ဟာက အဆင်ပြေပါ့မလား"

"အဆင်ပြေရင် လုပ်ငန်းရှင်တွေကိုရောင်းစားလို့ရတဲ့အထိ အဆင်ပြေမှာ ဒါကြောင့် project အတွက် ငါခေါ်တာ ဘွဲ့ရဖို့တစ်ခုထဲအတွက် မဟုတ်ဘူး"

"ဘာအတွက်ပါပါလို့လဲ"

"ဒီဟာ သာအောင်မြင်ရင် ငါ့ဒယ်ဒိကိုပြပြိး
ကိုယ်ပိုင် စီးပွားလုပ်လို့ရပြီ"

ဦးဆောင်က ဝိုင်ခွက်ကို တစ်ချက်္မော့ရင်းပြောတော့

"ယူအထင်ကြီးလွန်းနေတာပါ ဘုံက....'

"ငါဖြင့် ဘုံကို ကြည့်မရပါဘူး
အရမ်းတော်ပြီး ဘ၀င်မြင့်နေတာ"

အပ်နှင်းက ရှမ်းခေါက်ဆွဲစားမယ့်ဟာဆက်္မစားဘဲ ဘုံ့ကို သာသာလေးထိုးနှက်ပြောနေစဉ်

"ဒီမှာ  reference အတိုချုံ့ထားတာ
ငါရဲ့အစိစဉ်က Friday 13 folderထဲမှာ အကုန်ရှိတယ် ပြီးတော့ location ငါပဲရွေးမယ်"

Stick ကို စားပွဲပေါ် ပစ်တင်ရင်း ဘုံက ခပ်သာသာပြောကာ လှည့်ထွက်ဖို့လုပ်တော့ ဦးဆောင်က

"ဘုံ စိတ်မဆိုးနဲ့နော် အပ်နှင်းက!!'

"မဆိုးပါဘူး ငါ့အရည်ချင်းက လူတိုင်း
မနာလိုစရာ ကောင်းနေတာ အမှန်ပဲကို...'

"What!!"

အပ်နှင်းရဲ့ အာမေဋိတ်ကြောင့် မာဂရက်က ခွိးကနဲရယ်ကာ
လှည့်ထွက်သွားသော ဘုံ့ကျောပြင်ကိုကြည့်ရင်း

"ငါပြောတယ်မလား သွားမရှုပ်နဲ့လို့၊"

"နင်နော် လာမလှောင်နဲ့"

"ဟိုက genius တစ်ကျောင်းလုံးရဲ့ first"

နိုဘယ်ကလဲ ဘုံ့ကို ချီးကျူးသလိုပြောကာ အပ်နှင်းကို ဒဲ့လှောင်၏။

"ယူတို့တွေ လွန်တယ်သိလား ဟွန့်"

စိတ်ဆိုးပြီး ထွက်သွားသောအပ်နှင်းကြောင့်
သူတို့အကုန်ရယ်လိုက်ကာ စားသောက်ပြီး မကြာခင် အိပ်ရာ၀င်လိုက်ကြရသည်။

........

"ရွာကလူတွေက မြို့နဲ့နီးလို့လားမသိဘူး
သူ့တို့စိတ်ထဲမှာ ၀ယ်သုံးဖို့လောက်ပဲ အာရုံရှိတယ်"

"ဒါဆို ဘုံဘုံ ဘယ်လို လုပ်မယ်စိတ်ကူးလဲ"

"ဘွဲ့ဖြူ !!!'

"စတာစတာ ဒါဆို ဘယ် location ရှာမလဲ"

ဘုံ မျက်္မှောင်လေးကြုံ့ရင်း စဉ်းစားနေတာကို ဦးဆောင် နှင့် နိုဘယ်ကလဲ ဝိုင်းကူစဉ်းစားပေနေကြ၏။

ထိုအဖြစ်ပျက်ကို ကားနားမှာ ရှိနေတဲ့ အပ်နှင်းက မာဂရက်ကို မျက်ရိပ်ပြလှမ်းခေါ်လိုက်ရင်း
သူမတွေးမိထားတဲ့ အကြံကို မာဂရက် ဆီပြောပြလိုက်တော့
မာဂရက္မျက်နှာ
၀င်းလက်သွားသည်။
မာဂရက်ကိုယ္တိုင်လည်း ဘွဲ့ဖြူ ဘုံ နားကပ်နေ၍ သိပ်ပြီးသဘောမကျတာမို့ အပ်နှင်းပေးတဲ့ အကြံကို လက်ခံလိုက်သည်။

သေချာတယ် ဒီခရိးက ဒီထက် ပိုပျော်စရာကောင်းဦးမှာ.....

👻👻👻👻👻

မိုးတွေမဲပြီး မှိုင်းညို့နေတာကြောင့် မုဒ်၀င်ပြိးရေးလိုက်ပါသည်။

ထပ်ပြောပါမည် ongoing မလိုက်ပါနှင့်❤️❤️😘

Continue Reading

You'll Also Like

9.7K 288 25
A collection of my original platonic yandere one shots and short stories. This book will not be related to any sort of challenge and will be updated...
10.2M 353K 35
How does your night go from a game of Hide and Seek with your best friend, to your parents being murdered the same night? On top of that, you're sent...
294K 7.1K 24
"until you have found someone to love you as you are, you shall remain forever a beast." ~*~ ...
16.4K 1.1K 24
─ vhope. bts. Hoseok wants to have his last days spent with his friends, and Taehyung. [completed]