part-6⛔️🔞🔞🔞

5.7K 97 12
                                    

"ဒါကကြောက်စရာမဟုတ်ပါဘူး!!"

အပ်နှင်းအသံက အဖျားခတ္
တုန်ရီနေပေမယ့် ​ကြောက်ရွံ့မှုကို ရအောင်ထိန်းချုပ်သည် ။သွေးအိုင်ထဲ မလှုပ်မယှက် တည်ရှိနေတဲ့ ကျီးကန်းကို မာဂရက် က မမှိတ်မသုန် ကြည့်ရင်း

"ငါစိတ်တွေ လေးနေတယ် အပ်နှင်း နိုဘယ် နိုဘယ်တစ်ယောက်ရော နေကောင်းပြီလား?"

"ငါကနင်နဲ့ တူတူရှိနေတာလေ မာဂရက် ဘယ်လိုလုပ်သိမှာလဲ"

"အေးပါ ဒါကြီးကို ငါမရှင်းရဲဘူး ဟို ထွားမေတို့ ညီအမကို ခေါ်ရှင်းခိုင်း လိုက်္မယ်"

"ဘာမှ အပို တွေ မလုပ်နဲ့ ယောကျာ်းလေးတွေပါတာပဲ သူတို့ကို ရှင်း ခိုင်းလိုက်္မယ် လာ "

အပ်နှင်းက အိမ်ထဲထိ ဒေါက်ကို မချွတ်တမ်း၀တ်သူမို့ ပြောဆိုမှုတွေတိုင်း လှုပ်ရှားသံတွေက ပဲ့တင်ထပ်သည်။
အိမ်ကကြီးသည် ကျယ်သည် ထို့ကြောင့် လှုပ်ရှားမှုတိုင်းမှာ မလိုအပ်ပဲ အသံတို့က ပိုညည်းတွားနေသယောင်

"ဂျိန်း!!!"

"အမလေး!!!"

"မာဂရက်ရယ် ကြောက်တတ်ရန်ကော နင်ကလည်း တံခါးပိတ်တာပါဟ"

"ဖြည်းဖြည်းသက်သာတော့ ပိတ်ပေါ့ အပ်နှင်းရယ် နင့်ဟာက"

"ဟင်"

"ဘာတုန်း"

"ဟိုမှာ နိုဘယ်!!!"

အပ်နှင်းက တံခါးပိတ်ရင်း လသာဆောင်ဘက်လှည့်ကာ ​နိုဘယ်ဟိုဆိုရင်းညွှန်ပြသည်။
အစထဲက ပိန်ပါးသော နိုဘယ်
အနက်ရောင် ရှပ်ကို ၀တ်ထားပြီး လူက အ၀တ်ပုံထဲ မြုပ်နေသည်။
ဖြူဖွေးသောအသားရည်က ပိုဖြူစုပ်နေသယောင်

"ဟဲ့ မာဂရက် သူ့ပုံစံက အိပ်နေရင်း လမ်းထလျောက်နေသလိုပဲ နင်လိုက်သွား ငါတံခါးပိတ်ပြီး လိုက်လာမယ်"

"အင်း"

နိုဘယ့်ကို သူမလည်း စိတ်ပူသည်မို့ လသာဆောင်ဘက် အပြေးတပိုင်းသွားမိသည်။
အေးစက်သော လေတို့က တသုန်သုန်တိုက် ခတ်နေသည်။ ကျောထဲစိမ့်အောင် ချမ်းတာမို့
မာဂရက် အနွေးထည်လေးကို ရင်စေ့လိုက်ရင်း

မာယာကျော့ရှင် (1930)Where stories live. Discover now