part-3

5K 120 10
                                    

"နင်တို့ဟာက ဟုတ်ရော့ဟုတ်ရဲ့လား"

မေးပုံကအထက်စီး ပြေပြစ်တာဘာမှမရှိ
သုန်မှုန်နေတဲ့မျက်နှာက မသင်ကာစရာတွေ့ထားလို့ ရိုက်စစ်နေပုံမျိုး

"ငါတို့လည်း နင် project လုပ်လို့ရမယ့် နေရာကို ရှာပေးနေတာပဲလေ
တစ်ရွာ၀င်တစ်ရွာထွက်နဲ့ ဆီဖိူးတောင်ကုန်သေး"

"ကုန်မခံနိုင်ရင် လည်း ငါ့ဘာသာရှာမယ် "

"နေပါဦး ဘုံရာ နင်ကစိတ်ကြီးပဲ"

အပ်နှင်းကကြားထဲကဖြန်ဖြေသလိုနဲ့ ကားမောင်းနေသော မာဂရက်ကို မျက်ရိပ်ပြလိုက်သည်။

"ဦးဆောင် ၊နိုဘယ်၊ ဘွဲ့ဖြူ တစ်ခုခုပြောကြဦးလေဟာ ငါခေါ်လာတာ မယုံသင်ကာနဲ့ ဘုံက"

"နင်တို့ရွာအစကနေ လမ်းကရောက်ရမှာလေ အခုဟာက သုသာန် ကနေရွာကစတယ်"

"လမ်းကတော့ ကွေ့ရင်းပတ်ရင်း ဒီလိုပဲလေ နင်ကိုက သံသယကြီးတာ"

ဘုံအောက်နှုတ်ခမ်း အသာကိုက်ပြီး ပတ်၀န်းကျင်ကို ကြည့်လိုက်ပေမယ့် တစ်ခုမှ စိတ်ချမ်းသာဖွယ်မရှိ
ဒီနေရာကို သူမမကြိုက်
လေးလံနေသောစိတ်က negative thinking တွေပဲ တန်းစီပေါ်၏။
အုံမှိုင်းနေသောရာသီဥတုရယ်
မှိုင့်ညို့နေသော တောင်တန်းတွေက ပတ်ပတ်လည်
ကျိုးတို့ကျဲတဲ ဖြစ်နေတဲ့အိမ်တွေက အိမ်ကြီးအိမ်ကောင်းတွေပေမယ့် လွန်ခဲ့တဲ့ နှစ်တစ်ရာကလို ပုံစံမျိုးတွေ
အိုဟောင်းခြောက်ခြားစရာအတိ

ဒီရွာကိုလာဖို့ ကျိုးအံ့ဆဲဆဲ တံတားတစ်ဆင်းကို ဖြတ်လာရသေးသည်။
မြင်းခြံဟောင်းတွေတွေ့ရတာကြောင့်
အရင်ကအရမ်းစည်ကားခဲ့တဲ့ရွာမှန်း သိသာစေသည်။

"ဟင်!!!"

ဘုရားငုတ်တို ပုံစံလေးကဝိုးတိုးဝါးတာ မြူတွေကြားမှာ တွေ့လိုက်ရသလိုပင်

"ဘာတွေ့လို့လဲ ဘုံ!!'

ရယ်ချင်ပက်ကျိဖြစ်နေတဲ့ မာဂရက်က မသိသလို ဟန်ဆောင်ကာ ဘုံ့ကို ခပ်တည်တည်မေးလာသည်။ဘုံက ပြန်မဖြေပဲ ကားပေါ်မှာ ငြိမ်သက်နေကာ စိတ်ရှုပ်ထွေးနေသလို
မျက္မှောင်‌ေလးတွေ ကျုံ့နေ၏။

"ဟင် ဟိုမှာ မိန်းမတစ်ယောက်!!"

အပ်နှင်းက ဘုံ့ နားကပ်ကာ ကြောက္အားလန့်အားထအော်တော့ ဘုံ့ မျက်လုံးတွေက ထိုဘုရားငုတ်တိုစီ ဝေ့ကနဲ ရောက်သွားတော့‌သည်။
မျက်္နှာဟာလဲ ဖြူစုတ်နေပြီး တကယ့်ကို ကြောက်သွားတဲ့ပုံစံ

မာယာကျော့ရှင် (1930)Where stories live. Discover now