part-4

1.5K 75 14
                                    

ညဘက်အိပ်စက်ရတာ ဘာလို့ရယ် မသိ သူမ မနှစ်ခြိုက်လှ

"ဝှား!!"

အပျင်းကြောတစ်ချက် ဆန့်ရင်း ကုတင်ဘေးကို ကြည့်မိတော့ အပ်နှင်းတို့မရှိကြတော့ပ

ပြတင်းပေါက် နံဘေးက သစ်ပင်အိုကြီးရဲ့ အရိပ်ကြောင့် မနက်ခင်းအလင်းရောင်ဟာ အနည်းငယ်မျှသာ ဖိတ်စင်ကြသည်။
အုံ့မှိုင်းသောရာသီဥတုဟာလည်း ဘယ်အချိန် ဘယ်အခါဆိုတာ ပြောရခက်အောင်
အေးစက္မှောင်မိုက်လွန်းလှ၏။

"ကျွီ!!!!"

တံခါးက လေမတိုက်ပါပဲ အနည်းငယ်ပွင့်သွားတော့ သူမအပ်နှင်းထင်ကာ

"နင်တို့အစောကြီးနိုးနေကြတာလား ငါအခုပဲ ထလာတော့ဖို့ "

သူမစောင်ကို ခေါက်ရင်းပြောလိုက်ပေမယ့် တုံ့ပြန်သံမကြားရ

မှန်တင်ခုံကိုရွေ့သံကြားတော့ ဘုံလည်း လှည့်မကြည့်ပဲ စကားကို ဆက်ဆိုသည်။

"ငါဒီနေ့ ရွာမြောက်ပိုင်းက ကျောင်းဆရာဆီသွားမလို့ နင်တို့လိုက် မယ်ဆိုရင် ....ဟင်"

သူမသွားတိုက်‌တံနှင့် ဆပ်ပြာ ယူပြီး လှည့်ကြည့်တော့ အပ်နှင်းက မရှိတော့
မှန်တင်ခုံထက် အလှဆင်ထားသည့်ရုပ်သေးရုပ်လေးက လှုပ်ခပ်နေဆဲ။
သူမကို စကားမပြောချင်မဆိုချင်အောင် အပ်နှင်းက ဘာတွေတင်းနေတာလဲ

သူမမျက်နှာသစ်ပြီး အပြင်ထွက်တော့ ဘွဲ့ဖြူတို့အုပ်စု အိမ်ရှေ့မျက်နှာစာက သရက်ပင်ရှေ့မှာ မြူးထူးခုန်ပေါက်နေကျသည် ။
သရက်ကင်းလေးတွေကို တုတ်ဖြင့် ရိုက်ချရင်း မာဂရက်က ပြေးကောက်လိုက် အပ်နှင်းက ခုန်ဆွ ခုန်ဆွ လုပ်နေလိုက်နှင့်

အုပ်စုကွဲသင်းကွဲဖြစ်နေသလို ခံစားချက်ရပေမယ့် ဘုံ စိတ်ကို တင်းကာ အောက်သို့ဆင်းမည်အလုပ် တစ်ယောက်ယောက် သူမကို ကြည့်နေသလို ခံစားလိုက်ရသည်။

"ဟင်!!!"

ယောကျာ်းတစ်ယောက်
သူမလှည့်လာတာမြင်တော့ ဖျတ်ကနဲ လှည့်ပြန်ကာနောက်နားကတောစပ်ထဲ လျင်မြန်စွာ ပျောက်ကွယ် ပြေးထွက်သွားသည်။

ရွာနားထိ တောစပ်ကရှိနေပေမယ့် ဒီလိူ အိမ်နားထိ လူစိမ်းရောက်လာတာ သာမာန် ယုန်ထောင် မျှစ်ရှာ သမား ဟုတ်ဟန်မရှိ

မာယာကျော့ရှင် (1930)Where stories live. Discover now