Uncle And Me (House Slave Sea...
By minoo44
288K 12.1K 1.1K
ဦး ❤ငယ် Zawgyi Unicoad More
Intro
part1
part2
part3
part4
part5
part6
part7
part8
part9
part10
part11
part12
part13
part14
part15
part16
part17
part18 (A)
part18 (B)
part19
part20
part21
part22
part23
part 24
part25
character
part26
part27
part28
part29
part30
part31
part32
part33
part34
အသဲငယ်တို့ရေ
part35
Part 36
part37
part 38
part39
part40
part42
part-43
part44
part 45
part46
bl ds
part41
2K 103 16
By minoo44
Unicoad
ကားတစ်စီးရောက်ရှိလာတာနှင့်နှိုင်းနှင့်ဝေယံအတူ တကွပေးထားတဲ့လိပ်စာအတိုင်းကားကိုမောင်းလာခဲ့လိုက်သည်။ ဝေးလွန်းတဲ့မြို့အစွန်ဖျားနားမှာရှိတဲ့ဂိုလ်ထောင်တစ်ခုတွင်ဖြစ်ပြီးတစ်လမ်းလုံးကတိတ်ဆိတ်ကြမ်းတမ်းလှသည်။
နှိုင်းသည် ဝေယံ ကားမောင်းနေရင်တစ်ချိန်လုံးဘာလုပ်ရမလဲတွေးတောနေပြီး တစ်ဦးတည်းသောချစ်သူလေးကို သူအရမ်းပင်စိတ်ပူနေပေသည်။
ခဏနေတော့တည်နေရာကိုရောက်ရှိလာပြီးကားပေါ်ကနေ့နှိုင်းဆင်းလာခဲ့လိုက်သည်။ ဝေယံလဲလိုက်ဆင်းလာခဲ့သည်။
"ဝေယံ မင်းနေခဲ့ရမယ် "
"Boss ရန်သူတောထဲလေ တစ်ယောက်ထဲ ဖြစ်မလား"
"ဖြစ်တယ်"
တည်ငြိမ်စွာတစ်လုံးထဲပြောပြီး အထဲသို့ဝင်လာခဲ့သည်နှင့် ဦးမဂ္ဂရဲ့လူတွေနှင့်စတွေ့တော့သည်။
"ငယ်ဘယ်မှာလဲ!"
"လိုက်ခဲ့"
ထိုလူတွေနောက်လိုက်သွားပြီးတာနှင့်ဦးမဂ္ဂထိုင်နေတဲ့အခန်းဆီသို်ရောက်လာခဲ့သည်။ ဘေးမှာလဲသံကြိုးအထပ်ထပ်နဲ့ချုပ်ထားခံရတဲ့ သတိမေ့နေတဲ့ငယ်အားမြင်လိုက်ရသည်။
"ခင်ဗျားသူ့ကိုကြိုးဖြေပေး ပြီးရင်ခင်ဗျားလိုချင်တဲ့အရာကျုပ်ပေးမယ်"
"ဒါတော့ဘယ်ရမလဲ မင်းအညံ့အရင်ခံစမ်းပါဟားဟား"
"ကျစ်!"
တိုက်တိုက်ဆိုင်ဆိုင်ထိုအချိန်ကျမှသတိရလာတဲ့ ဇနကမှုံဝါးဝါး နှင့် ခေါင်းမှသွေးစီးကျနေသော နှိုင်းအားမြင်လိုက်ရသည်။
တိုးလျှသောအသံလေးနှင့်ဇနရဲ့နှုတ်ခမ်းလေးမှခေါ်သံလေးထွက်လာခဲ့သည်။
"ဦး~"
ထိုအသံကြားတာနဲ့ဦးမဂ္ဂပါးစပ်မှ
"ဟက်! နှိုင်းဝန မင်းရဲ့တန်ဖိုးထားရာလေးက ဦးးတဲ့ ဟားဟား ရွံဖို့ကောင်းလိုက်တဲ့ဟာလေးတွေကွာ "
ဇနကလဲနှိုင်းကိုသာလှမ်းကြည့်နေခါ
"ဦးထွက်သွားပါ ဒီနေရာကနေအဝေးကြီးကိုထွက်သွားပြီးငယ့်ကိုစွန့်လွှတ်လိုက်ပါ"
ဇနမျက်လုံးမှမျက်ရည်တို့ကျလာပြီးနှိုင်းကိုကြည့်လျှက်ပြောနေသည်။
"ဇနသော်တာ မင်းငြိမ်ငြိမ်လေးနေလိုက်"
အေးစက်စက်အသံနှင့်နှိုင်းပြောလိုက်ပြီး ဦးမဂ္ဂရဲ့ရှေ့မှာ ဒူးထောက်ချလိုက်
တစ်ချိန်ထဲမှာပဲသူ့ကြောင့်ဒူးထောက်တဲ့နှိုင်းကို ဇန မျက်ရည်အပြည့်နှင့်ကြည့်နေကာ
"ဘာလို့အဲ့လိုလုပ်တာလဲမလုပ်ပါနဲ့ဦး!"
ွဦးမဂ္ဂကလဲ နှိုင်းလုပ်တာကိုစိတ်ကျေနပ်စွာကြည့်ရင်း ဟက်ဟက်ပက်ပက်ရယ်ပေတော့သည်။
"ဟားဟားဟား top1 စီးပွားရေးသမားကြီးက ကျုပ်ရှေ့ဒူးထောက်တယ်တဲ့ကွာ!ဟားဟား"
ထိုအချိန်အပြင်ကဝေယံတစ်ယောက် ဂိုလ်ထောင်အတွင်းကထွက်လာတဲ့ဦးမဂ္ဂရဲ့သားကိုမြင်လိုက်တာကြောင့်ချောင်းကာအနားကပ်သွားပြီး အနောက်ကနေ့ချုပ်ကာ ဝေယံမှာပါတဲ့သေနတ်နှင့်ထိုကောင့်ခေါင်းကိုချိန်လိုက်သည်။
"မင်းမသေချင်ရင်ငါနဲ့လိုက်ခဲ့"
ထိုသို့ဝေယံဆိုပြီးနောက်
"ဟေ့ကောင်မင်းဘာလုပ်တာလဲလွှတ်စမ်း"
"သေချင်လို့လား!"
ဦးမဂ္ဂရဲ့သားငြိမ်ကုတ်သွားပြီးနောက်ဝေယံ ထိုကောင့်ခေါင်းကိုချိန်လျှက်သား အထဲသို့ဝင်လာခဲ့ပြီး အစောင့်တွေကိုဖြတ်ကာအထဲသို့ဝင်လာခဲ့သည်။
"အဖေ! သားကိုကယ်ဦး!!"
ထိုအသံကြားတာနှင့်နှိုင်းရောမဂ္ဂရောအထဲဝင်လာတဲ့သူတွေကိုကြည့် လိုက်၍
"ဝေယံ"
"မင်းငါ့သားကိုလွှတ်စမ်း!!!"
ဝေယံကနှုတ်ခမ်းတွန့်ရုံပြုံးပြီး
"သခင်လေးဇနကိုအရင်လွှတ်ပေးလိုက်!!!!!မဟုတ်ရင်ခင်ဗျားသားကိုကျုပ်သတ်လိုက်မှာ!!"
နှိုင်းလဲ ပြုံးလိုက်ပြီးဒူးထောက်နေရာမှထလိုက်သည်။
"လွှတ်ပေးမယ်! ငါ့သားကိုမထိနဲ့"
ဦးမဂ္ဂသူ့တပည့်တွေကိုဇနအားကြိုးဖြေစေခိုင်းလိုက်ပြီးနောက်ဇနလဲ နှိုင်းဆီပြေးလာကာနှိုင်းရင်ခွင်ထဲဝင်လူလိုက်သည်။
"ငယ် ဒီကနေ့ထွက်ကြရအောင်"
ငယ့်လက်ကိုဆွဲကာ ဂိုလ်ထောင်အပြင်ဘက်ထွက်လာပြီးကားပေါ်တတ်လိုက်ကြသည်။ ဝေယံလဲထိုကောင့်ခေါင်းကိုချိန်ထားလျှက်ပဲ ကားအနားကိုကပ်သွားကာမှထိုကောင့်ကိုတွန်းထုတ်လိုက်ပြီးမောင်းသူနေရာထိုင်ကာ ကားနှင်အဝေးကိုမောင်ထွက်လာခဲ့တော့သည်။
ကားနှင့်အဝေးကြီးရောက်လာတော့မှ နှိုင်းသက်ပြင်းရှည်ရှည်ချလိုက်ပြီးနှာရိုးကိုသာနိုပ်နေလိုက်သည်။
"ဝေယံ ကျေးဇူးပဲ"
"အာ...bossကလဲကျွန်တောလုပ်သင့်တာပါဗျာ"
ဝေယံချီးကျူးခံလိုက်ရတာကိုကျေနပ်ပြီး ပြုံးဖြီးနေတော့သည်။
"ဦး ဘာလို့ဒူးထောက်ရတာလဲ ဒီတိုင်းငယ့်ကိုထားခဲ့လိုက်ရမှာ"
နိှုင်းဘေးကိုစောင်းကြည့်လိုက်ကာ ဇနကိုအေးစက်စက်ကြည့်လိုက်
"ဒီလောက်လုပ်ခဲ့တာတောင် မင်းကထွက်သွားဖို့ပြောတယ်တဲ့လားငယ် မင်းက ကိုယ့်ဆီကထွက်သွားချင်တာလား"
ဇနမေးဖျားကိုလက်နဲ့မော့စေလိုက်ပြီးကြည့်လိုက်သည်။
"အပြစ်ပေးခံချင်ပြီနဲ့တူတယ်"
"ဟင်"
ဇနပြူးကြောင်ကြောင်နှင့်ဦးနှိုင်းကိုကြည့်နေလိုက်ကာ
"အပြစ်ပေးမခံပါဘူး ဦးဆီကထွက်ပြေးတာမှမဟုတ်တာဦးကိုချစ်လို့ဦးထိခိုက် မှာစိုးရိမ်လို့လေ "
"စိုးရိမ်ဖို့မလိုဘူး ကိုယ့်စကားတိုင်းကအမိန့်ပဲ ကိုယ်ကမင်းကိုဘာလို့ထားခဲ့နိုင်မှာလဲ ထားခဲ့ဖို့ပြောတဲ့ပါးစပ်လေးကိုသေချာလေးအပြစ်ပေးသင့်တာ"
ဇနခေါင်းလေးငုံ့သွားပြီးနောက်
"ဦးအဲ့လူတွေကရှိနေသေးတာ ငယ်ဦးဆီကထွက်သွားရင် သူတို့တွေဦးကိုထပ်အနှောက်ယှက်မပေးနိုင်တော့ဘူးမလား"
မေးဖျားကိုညှစ်ကိုင်ပြီးနောက်စိုက်ကြည့်ကာ
"အိမ်ရောက်ရင်မင်းကိုကောင်းကောင်းဆုံးမပေးမယ် ဇနသော်တာ "
ပြောပြီးအေးစက်စက်ကြည့်လိုက်ပြီး နောက်လွှတ်ပေးကာ ကားပေါ်မှာသာမှေးနေလိုက်တော့သည်။
အဟမ်း! Vote,comments လေးတွေပေးခဲ့ပါအုံး
သာသာupလိုက်ပါပြီဗျ
Zawgyi
"ဝေယံ မင်းနေခဲ့ရမယ် "
"ဖြစ်တယ်"
"ငယ်ဘယ်မှာလဲ!"
"လိုက်ခဲ့"
"ကျစ်!"
"ဦး~"
"သေချင်လို့လား!"
"အဖေ! သားကိုကယ်ဦး!!"
"ဝေယံ"
"ဝေယံ ကျေးဇူးပဲ"
"ဟင်"
သာသာupလိုက်ပါပြီဗျ
Continue Reading
You'll Also Like
153K 6.9K 37
နိုရာတို့ရဲ့ Married lifeလေးလာပြီနော် ကြိုက်ကြမယ်ထင်ပါတယ် သူတို့နှစ်ယောက်မှာကလေးလေးအပိုပါလာမယ်..မုန်တိုင်းတွေကလည်းလာပါလိမ့်မယ်..သူတို့ရဲ့အချစ်ရေးလေးဖ...
49.7K 1.5K 64
[Unicode] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အဓိပ္ပါယ်က နေရောင်ခြည်လိုတောက်ပပြီးနွေးထွေးတဲ့အပြုံးလေးကိုရည်ညွှန်းသတဲ့။ [Zawgyi] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အ...
61K 1.6K 28
MC_ ​နောင်ဦးငယ် Ml_ စေလိုရာ
3.9M 267K 81
Married Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အ...