အိုမီဂါအဖြစ် ကူးပြောင်းပြီးနေ...

Por Azure5549

1.1M 129K 2.5K

Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... Mais

မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
hello သတင်းကောင်းလေးပါရှင့်
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175 ( End )
IQ team က အသစ်ပြန်တဲ့ အပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင့်

100

5.9K 700 1
Por Azure5549

Chapter 100

ရှီးပေါ်လိုင် အရင်အချိန်တုန်းက ထိုကဲ့သို့အခြေအနေမျိုးနှင့် ‌မတွေ့ကြုံခဲ့ဖူးပေ။

ယခင်ကစားပွဲများတွင် သူ၏ထိုကြီးမားသောလှည့်ကွက်ကြီးအားထုတ်လိုက်သည်နှင့် ပြိုင်ဘက်မှာ ခံစစ်ဘက်သို့ ပြည့်ပြည့်ဝဝရောက်ရှိသွားမြဲသာဖြစ်၏။

သူ၏ပိုးချည်မျှင်များဖြန့်ကျက်သည့်နှုန်းမှာ အလွန်လျင်မြန်ပြီး ကိုယ်ပျောက်နေသည့်အခြေအနေတွင် ရန်သူမတုံ့ပြန်နိုင်ခင်မှာပင် ကွင်းပြင်တစ်ခုလုံး ချည်မျှင်များ ပြည့်နှက်သွားခဲ့သည်။

မည့်သို့ပင်ဖြစ်စေ ရှီးပေါ်လိုင် သူ၏တုနှိုင်းမဲ့အကွက်မှာ မက်ခါသားရဲတစ်ကောင်ထံမှ အလွယ်တကူဖြိုဖျက်ခံရမည်ဟူ၍ မထင်ထားခဲ့မိချေ။

ကွင်းပြင်တစ်ခုလုံးတွင်ရှိနေသော ပိုးချည်မျှင်များအနက် အနည်းငယ်သာကျန်ရှိခဲ့ပြီး အပေါက်ကြီး အပေါက်သေးများမှာ နေရာတိုင်းတွင်ဖြစ်ပေါ်နေသည်။

သူစိတ်ရှည်ရှည်နှင့် စီစဉ်ထားခဲ့သော ကောင်းကင်ပိုက်ကွန်မှာ ထိုကဲ့သို့ လွယ်လင့်တကူ ဖြိုဖျက်ခံရသည်ကို မြင်ရချိန်၌ ရှီးပေါ်လိုင် ကြောင်အသွားရသည်။ ထိုနာနိုဝိုင်ယာများမှာလည်း ပိုက်ဆံပေးထားရသည့်အတွက် သူ၏နှလုံးသားထဲတွင် အချိန်အတန်ကြာနာကျင်သွားရလေသည်။

ယွမ်ရှင်းကျဲ သူ့အား အညံ့ခိုင်းနေသော်လည်း ရှီးပေါ်လိုင် အံတင်းတင်းကြိတ်ကာ ကျည်ဆန်ကိုကိုက်၍ ဆက်လက်တိုက်ပွဲဝင်ခဲ့လေသည်။

နောက်ထပ် တစ်စက္ကန့်မှာပင် ရှီးပေါ်လိုင် သူ၏ကောင်းကင်ပိုက်ကွန်တိုက်ကွက်အား ရိုးရှင်းစွာ လက်လျော့လိုက်ပြီး ယွမ်ရှင်းကျဲအား တိုက်ရိုက်သာ တိုက်ခိုက်လိုက်သည်။

အရိပ်မက်ခါမှာ ကွင်းပြင်ထဲမှ ထပ်မံပျောက်ကွယ်သွားပြန်သည်။

အချိန်များများမကျန်တော့သဖြင့် သိသိသာသာပင် ရှီးပေါ်လိုင်၏တိုက်ကွယ်မှာ ယွမ်ရှင်းကျဲအားထုတ်ပယ်ပစ်ရန်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူယွမ်ရှင်းကျဲ မထိနိုင်လိုက်ခင် သူတို့၏ကြားထဲ၌ မီတာအနည်းငယ်သာ ကွာဝေးနေချိန်တွင် ရုတ်တရက်ဆိုသလို မက်ခါသားရဲမှာ တိတ်တဆိတ်ပေါ်လာကာ လက်ထဲမှာ ချည်မျှင်လုံးကြီးအား ရှီးပေါ်လိုင်ထံသို့ ပစ်ပေးလိုက်သည်။

ရှီးပေါ်လိုင်၏ဦးခေါင်းမှာ သိုးမွှေးလုံးကြီးဖြင့် ရိုက်မိသွားခဲ့သည်။ ၎င်းမှာ အန္တရာယ်မပေးနိုင်သော်လည်း အတော်အတန် အနှောင့်အယှက်‌ဖြစ်စေခဲ့သည်။

သူ အံကြိတ်လျက် အရိပ်သံကြိုးအားဆွဲထုတ်လိုက်ကာ ထိုမက်ခုနှစ်ခုအား တစ်ခုချင်းစီ ရှင်းထုတ်ရန်ပြင်လိုက်လေသည်။

သံကြိုးမှာ ရုပ်ဆိုးကြောင်ထံသို့ ပျံလာခဲ့သော်လည်း ထိုကြောင်မှာ မရှောင်တိမ်းခဲ့ချေ။

ပွဲထဲတွင်ရှိနေကြသော လူများကဲ့သို့ ရှီးပေါ်လိုင်သည်လည်း ယွမ်ရှင်းကျဲ၏သားရဲ အပိုင်းအစများဖြစ်သွားသည်အထိ အရိုက်ခံရခြင်းကိုစောင့်ကြည့်နေမိသည်။

သို့သော်လည်း အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခုထွက်ပေါ်လာေလသည်။

ရှီးပေါ်လိုင်ပေါ်သို့ ပစ်လိုက်သော သိုး‌မွှေးလုံးမှာ အောက်သို့ကျမသွားဘဲ သူ့မက်ခါ၏ပခုံးပေါ်တွင် ခိုင်မြဲစွာ ငြိတွယ်နေ၏။

ရှီးပေါ်လိုင်၏မျက်လုံးများ ချက်ချင်းဆိုသလို ပြူးကျယ်သွားရသည်။

အချိန်ခဏကြာပြီးနောက် ရုပ်ဆိုးကြောင်၏လက်သည်းများကြားထဲတွင် ကိုင်ထားသော ထွင်းဖောက်မြင်နိုင်သည့် ချည်မျှင်များအားတွေ့လိုက်ရလေသည်။ ထိုသိုးမွှေးလုံး၏ရုတ်တရက်ပြောင်းလဲချက်မှာ နာနိုဝိုင်ယာများမှ လျှပ်စစ်သံလိုက်ဓာတ်စီးဆင်းမှုကြောင့် ဖြစ်ပေသည်။

ရှီးပေါ်လိုင် ထိတ်လန့်သွား၏ .. ထိုအရာမှာ မည်ကဲ့သို့ဖြစ်နိုင်မည်နည်း…

မည်သို့ပင်ဖြစ်စေ သူထိုနာနိုဝိုင်ယာကြိုးများငြိတွယ်နေခြင်းမှ မထွက်လိုက်နိုင်ခင်မှာပင် ရုပ်ဆိုးကြောင်မှာ တစ်ချက်ထခုန်လိုက်ကာ လေထဲတွင် အချိန်ခဏမျှတန့်နေပြီး ရှီးပေါ်လိုင်မက်ခါ၏လက်မောင်းများအား ချည်မျှင်များဖြင့် ပို၍ခိုင်မြဲစွာ ရစ်ပတ်နေလေသည်။

နာနိုဝါယာများမှာ လျှပ်စစ်သံလိုက်စီးဆင်းမှုကြောင့် ချွန်ထက်သော လက်နက်ဖြစ်လာလေသည်။

နာနိုဝိုင်ယာများ၏ အခြစ်ခံရမှုဖြင့် ရှီးပေါ်လိုင်မက်ခါပေါ်ရှိ အရိပ်မှုတ်ဆေးမှာ ထပ်မံ၍ ကိုယ်ပျောက်အခြေအနေအား ထိန်းမထားနိုင်တော့ချေ။

ရှီးပေါ်လိုင် သူ့မက်ခါ၏လက်နှစ်ဖက်ကို ချည်နှောင်ထားသည့် ပိုးချည်မျှင်ကို ဖြည်ရန် လက်ကို အလျင်အမြန်ဆန့်လိုက်သော်လည်း သူ၏ခွန်အားအကုန်သုံးလိုက်သည့်တိုင်အောင် မလွတ်မြောက်နိုင်ဖြစ်နေခဲ့သည်။

သူ၏နဖူးပြင်မှ ချွေးအေးများကျဆင်းလာပြီး နှလုံးသားထဲရှိ ကြောက်ရွှံ့နေမှုကိုဖိနှိပ်ကာ သူ့ကိုယ်သူပြောလိုက်သည် : ရုပ်ဆိုးကြောင်မှ လျပ်စစ်သံလိုက်ကူးမှုကို တားဆီးနိုင်နေသရွေ့၊ နာနိုဝိုင်ယာများ ပို၍ ထက်ရှလာသည်ကို ဖျက်ဆီးနိုင်နေသရွေ့ သူကစားပွဲအား နိုင်နိုင်ချေရှိသေးသည်။

ခန်းမအပြင်ဘက်ရှိ ပရိသတ်များမှာမူ အသက်ရှုအောင့်ထားမိကာ ထုတ်လွှင့်ပြသနေသော မျက်နှာပြင်ပေါ်သို့သာ မလွတ်တမ်းကြည့်နေခဲ့ကြသည်။

ဂျက်ကော့‌မှအဖွဲ့ဝင်များမှာမူ စကားပင်မပြောနိုင်သည်အထိ ထိတ်လန့်နေကြချိန် ရှင်းဟိုင်ဘက်မှ လူများမှာ ယွမ်ရှင်းကျဲကို အားပေးနေကြသည်။

NCLM ၏ တရားဝင်ဝဘ်ဆိုဒ်မှ ပြိုင်ပွဲအား တိုက်ရိုက်ထုတ်လွင့်ပေးထားသဖြင့် ပြိုင်ပွဲကွင်းပြင်သို့ မတက်ရောက်နိုင်ကြသော အဓိကစစ်ဘက်ဆိုင်ရာကျောင်းများမှ ကျောင်းသားများသည်လည်း ကျောင်းထဲမှာပင် ကြည့်ရှုနိုင်ကြမည်ဖြစ်သည်။

အိုမီဂါမက်ခါအဖွဲ့အစည်းသည်လည်း အဖွဲ့ဝင်အားလုံး ကြည့်ရှုနိုင်ရန်အတွက် အထူးစီစဉ်ထားခဲ့သည်။

ထုတ်လွှင့်ပြသမှုမှာ အနည်းငယ် နှောင့်နှေးသဖြင့် ထိုအချိန်တွင် လူတိုင်း ချီယုထုတ်ပယ်ခံရသည်အား မြင်တွေ့လိုက်ရသည်။

လုရန်ရှု၏လက်ချောင်းများမှာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမှုကြောင့် လက်သည်းများပင် သူ၏အရေပြားကိုဖောက်မိသွားခဲ့သည်။

ဘေးတွင်ရှိနေသော စုကျီနန်မှာ မျက်လုံးကိုသာလှန်လိုက်မိတော့သည်။ ဖယ်ကျဉ်ထားခံရသဖြင့် ခပ်လှမ်းလှမ်းတွင် ထိုင်နေရသော်လည်း သူ၏အမူအယာမှာ အခြားသူများနှင့် အတူတူပင်ဖြစ်ပြီး စုကျီနန်တီးတိုးရေရွတ်လိုက်မိသည်။

" ချီယုကတကယ့်အမှိုက်ပဲ…"

မကြာမီအချိန်တွင် ယွမ်ရှင်းကျဲနှင့် ရှီးပေါ်လိုင်၏ တစ်ဦးချင်းပြိုင်ပွဲစဉ်ကို ပြသလာခဲ့သည်။ ၎င်းမြင်ကွင်းမှာလည်း လုရန်ရှု၏ နှလုံးသားအား ကြမ်းကြမ်းတမ်းတမ်း ခုန်ပေါက်နေစေပြန်သည်။

ရုပ်ဆိုး.ကြောင်မှာ အလွန်သန်မာလှသော်လည်း ရှီးပေါ်လိုင်၏ခွန်အားမှာ အထင်သေး၍မရချေ။ နှစ်ဘက်စလုံး၏တိုက်ပွဲမှာ ခွဲခြားနိုင်ရန် ခက်ခဲလှ၏။

ထိုအချိန်၌ အိုမီဂါတစ်ဦးမှာ သူ၏မှတ်ဉာဏ်တုအား ဖွင့်ကြည့်လိုက်ပြီးနောက် ထအော်လာခဲ့သည်။

100.2

" နိုင်ပြီ နိုင်ပြီ ငါတို့နိုင်သွားတာ… ယွမ်ရှင်းကျဲကရှီးပေါ်လိုင်ကိုအနိုင်ရသွားတာ…"

လုရန်ရှု သူ၏ခေါင်းအား အံ့ဩမှုအပြည့်နှင့် လှည့်လိုက်ပြီး မနေနိုင်တော့ဘဲ အော်ဟစ်မေးမြန်းလိုက်သည်။

" တကယ်ကြီးလား…"

" အဲ့ဒါအမှန်ပဲ ကျောင်းဖိုရမ်တွေအကုန်လုံးတင်နေကြတာ…"

လုရန်ရှု သူ၏တုန်ယင်နေသောလက်များဖြင့် မှတ်ဉာဏ်တုအားဖွင့်လိုက်ရာ မျက်နှာပြင်တစ်ခုလုံးတွင်...

( ယွမ်ရှင်းကျဲကအရမ်းမိုက်တာပဲ…)

( သောက်ကျိုးနည်း သူကဒီလိုပြန်တိုက်နိုင်တာလား…) 

( အားကြီးလွန်းတယ် ယွမ်ရှင်းကျဲတော့ ပွဲစဉ်အမှတ်ကို ပြန်ရသွားပြီ…)

( အကောင်းဆုံး MVP : ယွမ်ရှင်းကျဲရဲ့ စက်ရုပ်သားရဲ )စသည်တို့အပြင် အခြားသော ခေါင်းစဉ်များဖြင့် ပြည့်နှက်သွားခဲ့သည်။

လုရန်ရှုတံတွေးသာမြိုချလိုက်မိသည်။ ထိုအချိန်တွင် မျက်နှာပြင်မှာလည်း အဓိကအနိုင်ရရှိသည့် ပြကွက်အား ပြသနေပြီဖြစ်သည်။

မက်ခါသားရဲက ရှီးပေါ်လိုင်၏လက်မောင်းအား ချုပ်နှောင်လိုက်သောလည်း သူသည် S+အဆင့်ကစားသမားတစ်ဦးဖြစ်ရန်ထိုက်တန်နေဆဲဖြစ်သည်။ ရှီးပေါ်လိုင် သူ့မက်ခါ၏မျက်နှာပြင်မှသုတ်ဆေးအား လက်လျော့လိုက်ပြီး မက်ခါ၏လက်မောင်းပေါ်မှ ပိုးချည်မျှင်များအား အရိပ်သုတ်ဆေးနှင့်အတူ တိုက်ရိုက်ဆွဲခွာချလိုက်သည်။

ထိုကဲ့သို့ ဆုံးဖြတ်ချက်မျိုး ချနိုင်သည့်အင်အားနှင့် သတ္တိမှာ ရှီးပေါ်လိုင်ကဲ့သို့သော အသက်အရွယ်မျိုးရှိသင့်သည့် စိတ်ဓာတ်ထက် သာလွန်နေ၏။

အိုမီဂါအဖွဲ့အစည်းရှိလူများမှာ အသက်အောင့်ထားမိလိုက်ကြသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ရှီးပေါ်လိုင် သူ၏အရိပ်သံကြိုးနှင့် အရိပ်ဓားတို့ဖြင့် ယွမ်ရှင်းကျဲမက်ခါ၏လည်ပင်းအား တိုက်ရိုက်ထိုးချလိုက်လေသည်။

ယွမ်ရှင်းကျဲ အလျင်အမြန်ရှောင်တိမ်းလိုက်ရသဖြင့် ခဏအကြာတွင် အားနည်းချက်ပေါ်လာခဲ့သည်။

ရှီးပေါ်လိုင် ချက်ချင်းဆိုသလိုပင် လိုက်သွားခဲ့သည်။

ရုတ်တရက်ဆိုသလို ရှီးပေါ်လိုင်၏အရိပ်မက်ခါသည် မမြင်နိုင်သောပိုက်ကွန်တစ်ခုအား တိုက်မိလိုက်လေသည်။

၎င်းမှာ ယခုပင်ဖြိုဖျက်လိုက်သော ပိုက်ကွန်မှဖြစ်ပြီး ယွမ်ရှင်းကျဲ၏သားရဲ တမင်တကာချန်ရစ်ခဲ့သောအရာဖြစ်သည်။

ရှီးပေါ်လိုင်၏မျက်လုံးများ ချက်ချင်းဆိုသလို ပြူးကျယ်သွားရပြန်သည်။

" ဘမ်း ဘမ်း "

ယွမ်ရှင်းကျဲမှာ ယုန်အားစောင့်ဆိုင်းနေခြင်းသာဖြစ်၏။ ထို့နောက် ရိုးရိုးရှင်းရှင်းပင် ရှီးပေါ်လိုင်ထံသို့ အမြောက်နှစ်ခုပစ်ခတ်လိုက်ပြီး သူ့အား မြေပြင်ပေါ်သို့ မှောက်သိပ်လိုက်သည်။

ရှီးပေါ်လိုင်၏မက်ခါ မြေပြင်ပေါ်သို့လဲကျသွားချိန်တွင် စက်ရုပ်လက်တံများမှ အလျင်အမြန်ဆွဲယူလိုက်ကာ ကွင်းပြင်၏အပြင်ဘက်သို့ဆွဲထုတ်သွားခဲ့သည်။

ဂျက်ကော့စစ်တက္ကသိုလ်၏ နောက်ဆုံးကျန်ရစ်ခဲ့သော အဝါရောင်အလင်းမှာ မှိတ်သွားလေပြီ။

အလင်းအချိန်မှာမူ ၃၂မိနစ်နှင့် ၆စက္ကန့်ဖြစ်၏။

ထိုအချိန်တွင် ကစားပွဲအဆုံးမသတ်ခင် ၅မိနစ်ကျန်ရှိနေသေးသည်။

ကွင်းပြင်တစ်ဝိုက်တွင် အပြာရောင်အလင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။

ပြိုင်ပွဲတွင် အထူးဆက်တင်တစ်ခုရှိပြီး ၎င်းမှာ အဖွဲ့လိုက်ပြိုင်ပွဲပြီးဆုံးသွားချိန်တွင် ကျန်ရှိနေသေးသော အလင်းများမှာ အရင်ကထက်ပို၍ လင်းလက်လာခြင်းပင်ဖြစ်၏။

တစ်ဦးတည်းကျန်ရစ်ခဲ့သော အပြာရောင်အလင်းတန်းမှာမူ တောက်ပနေခဲ့သည်။ မက်ခါ၏လက်မောင်းပေါ်ရှိ အကာအကွယ်အလွှာမှာ အလွန်တောက်ပနေခဲ့သော‌ကြောင့် လူတိုင်းပင် စိုက်မကြည့်နိုင်ကြချေ။

ရှင်းဟိုင်တက္ကသိုလ်၏ အလင်းချိန်စုစု‌ပေါင်းမှာ ၁နာရီ ၇မိနစ်နှင့် ၇စက္ကန့်ဖြစ်ပြီး ဂျက်ကော့၏အလင်းချိန်စုစုပေါင်းမှာမူ ၅၉မိနစ်နှင့် ၅၁စက္ကန့်သာဖြစ်သည်ဟု ဒိုင်လူကြီးမှ ကြေငြာလိုက်သည်။

ရှင်းဟိုင်တက္ကသိုလ်သည် ဒုတိယအဆင့်ပွဲစဉ်တွင် အောင်မြင်စွာ အနိုင်ရရှိခဲ့သည်။

ဖန်သားပြင်ကြီးပေါ်ရှိ ရလဒ်များမှာ( ၁-၃) ဖြစ်နေခြင်းမှ (၃-၃) သို့ပြောင်းလဲသွားလေသည်။

ဂျက်ကော့မှကျောင်းသားများသည် ထိုရက်စက်လှသောပွဲစဉ်တွင် ရှင်းဟိုင်တက္ကသိုလ်မှ ရလဒ်များအား ပြောင်းပြန်လှန်နိုင်ကို မျှော်လင့်မထားခဲ့ကြသော်လည်း ယွမ်ရှင်းကျဲ၏ ပြောင်မြောက်လှသော ဖျော်ဖြေ‌မှုအား အားပေးနေခဲ့ကြသည်။

လုရန်ရှုနှင့် အခြားသူလည်း အားမပေးဘဲမနေနိုင်တော့ချေ။ သူတို့လူကိုယ်တိုင် သွားရောက် အားပေးနိုင်ရန်ပင် မျှော်လင့်မိခဲ့ကြသည်။

" ရှင်းကျဲက ငါတို့ရှင်းဟိုင်တက္ကသိုလ်ရဲ့ ဂုဏ်ကျက်သရေပဲ…"

" သူက ငါတို့အိုမီဂါတွေရဲ့ ဂုဏ်ယူရတဲ့သူလည်း ဖြစ်တယ်…"

" သေရေးရှင်ရေးဖြစ်နေတဲ့ အခြေအနေမှာ ယုံလို့ရတာ ယွမ်ရှင်းကျဲပဲရှိတယ်…"

ထောင့်နားလေးတွင်ထိုင်နေသော စုကျီနန်၏အမူအယာမှာ အေးစက်နေသော်လည်း သူ၏နှုတ်ခမ်း‌မှာမူ တစ်ဝက်မျှ ကော့တက်နေပြီး တီးတိုးရေရွတ်လိုက်သည်။

"ငါအစောထဲက ပြောသားပဲ အယ်လ်ဖာတွေက ယုံလို့မရတဲ့အမှိုက်တွေပါလို့…"

သူ့အားမည်သူကမှ အဖက်မလုပ်ကြသော်လည်း ၎င်းမှာ သူ၏ပျော်ရွှင်နေသော ခံစားချက်များအား မသက်ရောက်ခဲ့ပေ။ အနည်းဆုံးတော့ သူယွမ်ရှင်းကျဲကိုပေးလိုက်သည့် စာရင်းမှာ အမှန်ကန်ဆုံးရွေးချယ်မှုဖြစ်သည်ဟု သက်သေပြနေပြီဖြစ်သည်။

ရှင်းဟိုင်ကျောင်းမှအဖွဲ့ဝင်များသည်လည်း ယွမ်ရှင်းကျဲ၏ခက်ခက်ခဲခဲ အနိုင်ရရှိမှုအား ဂုဏ်ပြုပေးနေကြသည်။ အော်ရီရယ်ဆိုလျှင် သူ၏လက်များပြုတ်ထွက်မတတ် လက်ခုပ်တီးနေမိလေသည်။

စီစဉ်သူ၏ကူညီမှုဖြင့် ယွမ်ရှင်းကျဲ ပင်မခန်းမနေရာသို့ပြန်ရောက်လာခဲ့သည်။

ခန်းမထဲသို့ဝင်လိုက်သည်နှင့် တစ်ပြိုက်နက် တစ်စုံတစ်ယောက်သည် သူ၏ရှေ့သို့တိုးလာကာ ပန်းစည်းတစ်စည်းလာပေးခဲ့သည်။

၎င်းမှာ နိုအာစစ်တက္ကသိုလ်၏ဝတ်စုံကို ဝတ်ဆင်ထားသော အစိမ်းရင့်ရောင်ဆံပင်နှင့် အယ်လ်ဖာတစ်ဦးဖြစ်ပြီး သူ့ကိုကြည့်ရသည်မှာ အနည်းငယ်ရင်းနှီးနေပုံပင်။

" ငါမင်းအတွက် အထူးပြင်ဆင်ထားခဲ့တာ…"

မင်ရှောင်း၏နှုတ်ခမ်းများမှာ ကော့တက်နေလျက် သန့်စင်စွာပြုံးလိုက်ကာ သူ၏မျက်လုံးထဲတွင် လေးစားမှုများပြည့်နေခဲ့သည်။

" ငါ့ကိုမှတ်မိလား.. ငါကမင်ရှောင်းလေ မင်းကိုလေဆိပ်မှာလာကြိုခဲ့တဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်.. မင်းကစားသွားတာ မိုက်ချက်ပဲ… မင်းရဲ့အဆင့်က Aအဆင့်ထက် ကျော်နေမယ်လို့တောင် ငါခံစားနေရတယ်…"

" ကျေးဇူးပါ…မင်းတကယ်ကြီး ပြိုင်ပွဲကိုလာကြည့်မယ်လို့ မထင်ထားဘူး…"

မင်ရှောင်း၏ " မင်းပြိုင်ပွဲကို ငါလာကြည့်မယ် " ဟူသောစကားမှာ ယဉ်ကျေးမှုအရသာဖြစ်သည်ဟု သူထင်မိခဲ့သည်။

" ငါမင်းကိုမေးခွန်းတွေပိုပြီးမေးလို့ရမဲ့ အခွင့်အရေးရှိမယ်လို့ မျှော်လင့်ပါတယ်... ငါကလည်း မင်းလိုပဲ မက်ခါတိုက်ခိုက်သူတစ်ယောက်ဖြစ်ချင်တာလေ…"

မင်ရှောင်း လေးစားစွာကြည့်၍ ဆက်ပြောလိုက်သည်။

အနည်းငယ်မျှသော အယ်လ်ဖာအချို့သည်သာ အိုမီဂါတစ်ဦးအား ထိုကဲ့သို့သော စကားမျိုးပြောမည်ဖြစ်သည်။

ယွမ်ရှင်းကျဲ မင်ရှောင်းအား ပြန်ပြောလိုက်သည် " မင်းကြိုးစားနေသရွေ့ လုပ်နိုင်ပါတယ်…"

စကားပြောလိုက်ပြီးနောက် ယွမ်ရှင်းကျဲ မင်ရှောင်း၏အတွေးလွန်နေသော အမူအယာအား သတိမထားမိလိုက်ဘဲ သူ၏အသင်းဖော်များနှင့်အတူ ပင်မခန်းမသို့ဝင်လာခဲ့သည်။

ဘေးတွင်ရှိနေသော ချီယုမှမေးလိုက်သည် " အဲ့ဒီ မျက်နှာဖြူကောင်ကဘယ်သူလဲ… သူကမင်းကိုဘာလို့ပန်းစည်းလာပေးရတာလဲ…သူ့မှာ တခြားအကြံတွေရှိသေးတာလား…"

ယွမ်ရှင်းကျဲ သူ့အားလျစ်လျူသာရှုထားလိုက်သည်။

xxxxx

Continuar a ler

Também vai Gostar

370K 26.4K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
6.3K 1.2K 38
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
747K 30K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....