အိုမီဂါအဖြစ် ကူးပြောင်းပြီးနေ...
By Azure5549
1.1M 129K 2.5K
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... More
မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
hello သတင်းကောင်းလေးပါရှင့်
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175 ( End )
IQ team က အသစ်ပြန်တဲ့ အပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင့်
83
5.7K 719 2
By Azure5549
Chapter 83
ခေါင်းဆောင်ချန်ကျွင်းက သူ၏အားအင်ကုန်ခမ်းနေသောအဖွဲ့သားများအား ပြောပြနေ၏
" ငါတို့ဒီတခါအရမ်းကံကောင်းတယ်…နိုအာ ဒါမှမဟုတ် ဖန့်ယွင်နဲ့မကျလိုက်ဘူး…အဖွဲ့ထဲမှာ ကစားသမားတွေအကုန်လုံးက ငါတို့ထက်အားနည်းတဲ့လူတွေကြီးပဲ…ပြီးတော့ ငါတို့ရဲ့ပထမဆုံးပွဲကရှင်းဟိုင်နဲ့ဆိုတော့ သွေးပူလေ့ကျင့်ခန်းလိုပဲသဘောထားပြီး အေးဆေးလေးနိုင်နိုင်တယ်…"
ချန်ကျွင်းစကားပြောပြီးသည့်နောက်တွင်တောင် ဂျက်ကော့ကျောင်း၏အသင်းသားများမှာ သူတို့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြစ်ပေါ်မလာခဲ့ချေ။ သူတို့အားကြည့်ရသည်မှာ အလွန်စိုးရိမ်တကြီးဖြစ်နေပုံပင်။
" ရှင်းဟိုင်စစ်တက္ကသိုလ်က လူသစ်အဖွဲ့ဆိုပေမယ့် ယွမ်ရှန်ကော စိန့်ကလီယိုကောက လွယ်ကူတဲ့ပစ်မှတ်မဟုတ်ဘူးနော်…"
ချန်းကျွင့်မျက်မှောင်ကြုတ်ကာ တစ်ဖွဲ့လုံးအားပြောလိုက်လေသည်။
" အဲ့တော့ အရမ်းပေါ့လျော့မနေနဲ့ မင်းတို့ကြိုးကြိုးစားစားလေ့ကျင့်ရဦးမှာ…"
သူတို့ထွက်ခွာသွားသည်နှင့်တပြိုက်နက် လူတိုင်းစကားပြောနေခြင်းမှာစတင်လာခဲ့သည်။
" မနေ့တုန်းက ငါ ငါကအရမ်းအားနည်းတယ်ဆီကို တောင်းဆိုမှုတွေအများကြီးပို့ထားတာတောင် သူငါ့ကိုလျစ်လျူရှုနေတုန်းပဲ…"
" သူကဘယ်သူလဲ… တကယ်ပဲ ငါတို့ကျောင်းမှာ အဲ့လိုသန်မာတဲ့သူရှိတာလား…"
ရှီးပေါ်လိုင် သူ၏သွားများအားကြိတ်လိုက်ကာ
" မဟုတ်သေးဘူး ကစားပွဲအကြီးကြီးမစခင် အဲ့ကောင်ကိုငါရိုက်ပစ်ရဦးမယ်… အဲ့ကောင်ကအရမ်းလှည့်စားတတ်လွန်းတယ်… မင်းတို့မှာ သူနဲ့မကစားရသေးတဲ့မက်ခါကြယ်ပွင့်အကောင့်များရှိရင် ငါကိုတစ်ခုလောက်ခဏငှားဦး…"
ချန်ကျွင်းသူ၏အဖွဲ့သားများက ဂိမ်းထဲရှိပြိုင်ဘက်တစ်ယောက်ပြောနေကြသည်အား ကြားလိုက်ရချိန်တွင် " အဲ့ဒါကဂိမ်းတစ်ပွဲပဲလေ မင်းတို့ကဘာလို့အဲ့လောက်အရေးတယူဖြစ်နေတာလဲ…"
" ခေါင်းဆောင်မသိသေးဘူးလား ကျွန်တော်တို့ကျောင်းမှာဆရာကြီးတစ်ယောက်ရှိတာလေ…"
အဖွဲ့သားတစ်ယောက်ကပြန်ဖြေလာခဲ့သည်။
" ကျောင်းတွင်းဖိုရမ်‌တွေအကုန်လုံးက သူ့အကြောင်းပဲဆွေးနွေးနေကြပြီးတော့ သူ့ခွန်အားအကြောင်းပြောနေခဲ့ကြတာ… ကျောင်းရဲ့အသန်မာဆုံးလူတောင်ဖြစ်နိုင်သေးတာ … ခေါင်းဆောင် ငါကအရမ်းအားနည်းတယ်က ခေါင်းဆောင်မဟုတ်ဘူးလား…"
ချန်ကျွင်းသည်အနှောင့်အယှက်ပေးခံရသည်အား မကြိုက်သူဖြစ်သောကြောင့် သူ၏ဂိမ်းတွင်းနာမည်ပြောင်အား " ဒေါသကြီးတယ်ဆိုရင် ငါနဲ့လာမရှုပ်နဲ့ဟူ၍ပြောင်းထားခဲ့ပြီး " အားနည်းသည့်ကြက်ပေါက် " ဟူသော အလိုအလျောက်စာပြန်သည့်စနစ်အားထားထားခဲ့သည်။ ထို့အပြင် တဖက်လူမှာ အလွန်အဆင့်နိမ့်နေပါက တိုက်ရိုက်ဖယ်ထုတ်ခံရမည်ဖြစ်သည်။
သူသည်ထိုစကားအား‌ကြားပြီးနောက် ခဏတာ ကြောင်အသွားမိလေသည် ။ ထို့နောက် အဆင့်အနိမ့်ပိုင်းမှ သူဖယ်ထုတ်လိုက်သူတစ်ယောက်မှာထိုကဲ့သို့သော နာမည်မျိုးရှိသည်အား အမှတ်ရသွားတော့သည်။
ချန်ကျွင်းအေးစက်စွာပြောလိုက်လေသည် " လေ့ကျင့်ရေးကိုပဲအာရုံစိုက်ကြ… ကျန်တဲ့သုံး‌ရက်လုံး နေ့တိုင်းဂိမ်းဆော့ဖို့ကို စဉ်းတောင်မစဉ်းစားနဲ့…"
ယွမ်ရှင်းကျဲ၏လေ့ကျင့်ရေးအပြီးတွင် ရုတ်တရက်ဆိုသလို မက်ခါကြယ်ပွင့်တွင် " ဒေါသကြီးတယ်ဆိုရင်ငါနဲ့လာမရှုပ်နဲ့ " ဆီမှ PKဖိတ်ခေါ်စာတစ်စောင်ရောက်ရှိလာခဲ့လေသည်။
ယွမ်ရှင်းကျဲသူ့ကိုယ်သူပြန်တွေးကြည့်လိုက်မည်ဆိုလျှင် သူသည်ဂျက်ကော့တွင်ထိုမျှလူသိများသူမဟုတ်နိုင်ပေ။ မည့်သည့်အရာကများ ထိုလူအားဆွဲဆောင်ထားနိုင်ပါလိမ့်ဟူ၍ တွေးတောနေမိသည်။
မကြာမီတွင် သူတို့နှစ်ဦး ယှဉ်ပြိုင်ကြလေသည်။ ယွမ်ရှင်းကျဲမှာ အလင်းဓားမက်ခါကိုအသုံးပြုထားပြီး ချန်ကျွင်းသည် ကြယ်တံခွန်မက်ခါအားဖွင့်လှစ်ထားခဲ့သည်။
ဆယ့်ငါးမိနစ်အကြာတွင်…
ယွမ်ရှင်းကျဲ၏နှုတ်ခမ်းထောင့်မှ အပြုံးတစ်ပွင့်ဖြစ်ပေါ်လာပြီးနောက် ပြိုင်ဘက်အားဖယ်ထုတ်ကာ ဂိမ်းအခန်းထဲမှထွက်လာခဲ့သည်။
ချန်ကျွင်းမှာမူ သူ၏ရှုံးနိမ့်သွားခဲ့သောမြင်ကွင်းအားစိုက်ကြည့်နေခဲ့သည်။ အချိန်အတန်ကြာအထိ သူသည်မတည်ငြိမ်နိုင်သေးဘဲ လက်ချောင်းများအနည်းငယ်တုန်ယင်နေခဲ့လေ၏။ သူတို့ကျောင်းတွင် ထိုကဲ့သော ဆရာကြီးတစ်‌ဦးပုန်းအောင်းနေခဲ့သည်လော…
သူ " ငါကအရမ်းအားနည်းတယ် " အား ဖရန့်အပ်ရန်ပြင်လိုက်ချိန်တွင်တော့ သူဖယ်ထုတ်ခံလိုက်ရသည်အား ရှာဖွေတွေ့ရှိသွားသည်။
"သောက်ကျိုးနည်း…"
ချန်ကျွင်း ဂိမ်းအခန်းရှိ အတွင်းနံရံကိုသာ အရှိန်ပြင်းစွာ ထုရိုက်လိုက်တော့သည်။
" ဘာလို့အဲ့လူကအမြဲအဲ့လိုဖြစ်နေတာလဲ…"
ယွမ်ရှင်းကျဲ၏အဆင့်များမှာ ဆက်လက်တက်နေဆဲပင်ဖြစ်ပြီး သူကျိုးဖေးရွှယ်အား လျို့ဝှက်ချက်အဖြစ်ထားရန် အထူးတလည်တောင်းဆိုခဲ့လေသည်။ ထို့ကြောင့် ရှင်းဟိုင်စစ်တက္ကသိုလ်မှ စိတ်စွမ်းအားအေအဆင့်သာရှိသော ကစားသမားမှာ မက်ခါကြယ်ပွင့်၏အဆင့်ဆယ့်တစ်ဖြစ်ကြောင်းကို မည်သူကမှ မသိနိုင်တော့ပေ။
ခယ့်လိုင် ဂိမ်းထဲမရောက်သည်မှာ ရက်အတန်ကြာပြီဖြစ်သည်။ သူဝင်ရောက်လိုက်သည့်အချိန်မှာတော့ အဆင့်ဆယ့်တစ်မှ ဆယ့်နှစ်သို့ကျဆင်းသွားသည်အား မြင်လိုက်ရပြီး " ငါကအရမ်းအားနည်းတယ် " ဟူသောလူတစ်ယောက်မှာ သူ၏အထက်တွင် ရှင်းရှင်းလင်းလင်းရှိနေလေသည်။
ခယ့်လိုင်မှာ ထိပ်ပိုင်းဆယ့်ငါးဆင့်မှကစားသမားမျာအား ရင်းနှီးနေခဲ့သောကြောင့် သဘာဝကျစွာပင် ထိုထူးဆန်းသည့်အိုင်ဒီအားသိချင်နေ၏။ သူထောက်လိုက်မိချိန်တွင် ထိုလူမှာ မက်ခါအမျိုးအစားအားလုံးကိုအသုံးပြုထားပြီး တစ်ဦးချင်းPK တစ်ပွဲမှမရှုံးထားသည်အားတွေ့လိုက်ရတော့သည်။
ခယ့်လိုင်သူ၏အဆင့်အား ပြန်လည်သန့်စင်ခဲ့သောကြောင့် ထိုကစားသမားအားဖိတ်ခေါ်လိုက်လေသည်။
ရလဒ်မှာ သဘာဝကျစွာ….
လုံးဝကိုရှုံးနိမ့်ခြင်းပင်ဖြစ်၏။
ထိုအကောင့်မှာ ခယ့်လိုင်၏အကောင့်ဖြစ်မှန်း ယွမ်ရှင်းကျဲသိနေခဲ့သောကြောင့် တိုက်ပွဲအား အချိန်မဆွဲဘဲ သပ်ရပ်စွာအဆုံးသတ်လိုက်ကာ အဆင့်တစ်ဆယ်သို့ တိုက်ရိုက်ဝင်သွားလေသည်။
မည်သို့ပင်ဖြစ်စေ ခယ့်လိုင်နှင့်ကစားပြီးချိန်တွင် ယွမ်ရှင်းကျဲ၏စိတ်ထဲသို့ ရုတ်တရက်တစ်စုံတစ်ခုဝင်ရောက်လာခဲ့သည်။
အကယ်၍ခယ့်လိုင်သည်အဆင့်ဆယ့်နှစ်ဆိုပါက လော့ဝမ်ချွမ်းသာ ဤဂိမ်းကိုဆော့မည်ဆိုလျှင် သူ၏အဆင့်မှာ အနည်းဆုံးတော့ ထိပ်ဆုံးဆယ်ယောက်ထဲဝင်မည်ဖြစ်သည်ဟူ၍ပင်။
ထို့ကြောင့် ယွမ်ရှင်းကျဲစာရင်းတစ်ခုလုံးအား စေ့စေ့စပ်စပ်ကြည့်ရှုလိုက်လေသည်။
နာမည်မပါသော အယ်လ်မှ လွဲ၍ မည်သူမှ လော့ဝမ်ချွမ်းမဟုတ်နေခဲ့ပေ။
ထို့နောက် အယ်လ်….
ယွမ်ရှင်းကျဲသူ၏မျက်လုံးများအား တဖြည်းဖြည်းချင်းပြန်ဖွင့်လာကာ…
အယ်လ်ထံသို့ PK ဖိတ်ခေါ်စာတစ်စောင်အလျှင်အမြန်ပေးပို့လိုက်လေသည်။
ဤအချိန်မှာတော့ အမည်မသိအကြောင်းပြချက်များဖြင့် အယ်လ်သည် ဖိတ်ခေါ်မှုအား လျင်မြန်စွာလက်ခံလိုက်တော့သည်။
အယ်လ် ဆိုသူမှာ မက်ခါကြယ်ပွင့်ဂိမ်းထဲတွင် လျို့ဝှက်ဆန်းကြယ်ဆုံးသောဘော့စ်ဖြစ်ကာ သူ့အားမည်သူမှမယှဉ်နိုင်ကြပေ။
ဆာဗာပေါ်ရှိ လူတိုင်းနီးပါးပင် ထိုစကားပြောခဲသောကစားသမားအား ဝိုင်းဝန်းကြည့်ရှုနေကြသည်။ ယခင်နှစ်ထဲက အယ်လ်၏တိုးတက်မှုမှာ ဒုံးပျံကဲ့သို့ပင်။ မူလစာရင်းမှအကောင်ကြီးများအား မရပ်မနားသတ်ဖြတ်ကာ တစ်ညအတွင်းအဆင့်တစ်သို့ရောက်ခဲ့လေသည်။
အယ်လ်အား စိန်ခေါ်ချင်သူအများအပြားရှိနေခဲ့သော်လည်း သူသည်လက်ခံခဲလှ၏။ သို့တိုင်အောင် သူရယူထားသော ကြောက်မက်ဖွယ်ကောင်းသည့်အမှတ်များမှာ သူ့အား နှစ်နှစ် သုံးနှစ်အထိ ပထမနေရာမှမကျစေရန် ထောက်ပံပေးနိုင်ခဲ့သည်။
83.2
မက်ခါကြယ်ပွင့်ထဲတွင် ထိပ်ပိုင်းဆယ်ယောက်ထဲမှလူများ PKမည့်အချိန်၌ ဆာဗာတစ်ခုလုံးအား သတိပေးသည့် ဆက်တင်တစ်ခုပါဝင်လေသည်။
[ စနစ် : ကစားသမား " ငါကအရမ်းအားနည်းတယ် " သည် ကစားသမား " အယ်လ် " သို့ ဖိတ်ခေါ်ချက်တစ်ခုပေးပို့လိုက်သည် ] အွန်လိုင်းဖြစ်နေကြသောလူအားလုံးမှာ အချိန်ခဏခန့်အေးခဲသွားရသည်။ ထိုအဆင့်တစ်ဆယ်မှလူအသစ်မှာ အယ်လ်အားစိန်ခေါ်ရဲလိမ့်မည်ဟု သူတို့မထင်ထားမိကြချေ။
ချက်ချင်းဆိုသလိုပင် လူအများ " ငါကအရမ်းအားနည်းတယ် " အား လူအများကြည့်ရှူနိုင်သည့်ချန်နယ်ပေါ်တွင် သူ၏အားနည်းမှုအတွက်လှောင်ပြောင်နေကြပြီး ထိုသူတို့၏အမြင်၌ အယ်လ်သည်သူ့အား ငြင်းပယ်လိမ့်မည်မှာ အသေအ‌ချာပင်ဖြစ်၏။
သို့သော်လည်း အဆုံးမှာ လူတိုင်း၏အမြင်အားကျော်လွန်သွားခဲ့သည်။
[ စနစ် : ကစားသမား " အယ်လ် " သည် ကစားသမား " ငါကအရမ်းအားနည်းတယ် " ၏တောင်းဆိုမှုအားလက်ခံလိုက်သည် ] ထိုအချိန်၌ ကစားသမားအားလုံး မျက်စိလည်သွားခဲ့ရလေပြီ။ အယ်လ်သည် ယခုမှရောက်လာသည့် အဆင့်တစ်ဆယ်ကစားသမားလေး၏ စိန်ခေါ်မှုအားလက်ခံလိုက်မည်ဟု မည်သူကမှမထင်မိကြချေ။
အတိအကျပင် အံ့ဩထိတ်လန့်နေခြင်းများနှင့်အတူ လူတိုင်းမှာသိချင်စိတ်များအပြည့်ဖြင့် ထိုကစားပွဲ၌မည်သူနိုင်မည်ဆိုသည်ကိုခန့်မှန်းနေခဲ့ကြသည်။
သူတို့ထဲမှာ ၉၅ရာခိုင်နှုန်းခန့်မှာ အယ်လ်နိုင်မည်အားလောင်းနေကြပြီး ကျန်သည့်၅ရာခိုင်နှုန်းမှာမူလှောင်ပြောင်နေကြသည်သာဖြစ်၏။ အချက်အလက်များအရ " ငါကအရမ်းအားနည်းတယ် " သည် " အယ်လ် " အား မည်သို့မှ နိုင်နိုင်ခြေမရှိပေ။
ယွမ်ရှင်းကျဲ PKအခန်းထဲသို့ဝင်ရောက်လာခဲ့သည်။
အခန်းထဲတွင်ရှိနေသော နှစ်ဖက်လုံးမှပုံရိပ်များမှာ စိတ်ကူးယဉ်လူပုံရိပ်များသာဖြစ်ကြသည်။
ယွမ်ရှင်းကျဲသည် အယ်လ်ဆိုသူမှာ လော့ဝမ်ချွမ်းဖြစ်မည်ဟုခန့်မှန်းထားခဲ့ပြီးဖြစ်သောကြောင့် PK မစတင်ခင်တွင် သူမတတ်နိုင်ဘဲ တုန်လှုပ်နေမိသည်။
တချိန်တည်းမှာပင် စိတ်လှုပ်ရှားမှုအချို့လည်း ဖြစ်နေပေါ်နေသေးသည်။
PK မှာဆယ်စက္ကန့်အတွင်းစတင်တော့မည်ဖြစ်သည်။
ယွမ်ရှင်းကျဲတွင်မည်သည့်မက်ခါရွေးချယ်ရမည်အားစဉ်းစားနိုင်မည့်အချိန်မရှိတော့သဖြင့် စနစ်မှာ သူ့အားသူ့အကောင်းဆုံးအသုံးပြုခဲ့သည့် ကြယ်နှစ်ထပ်မက်ခါအား အလိုအလျောက်ရွေးချယ်ပေးလိုက်သည်။ ပြိုင်ပွဲကွင်းပြင်အားဝင်ရောက်လာပြီးနောက် အယ်လ်၏ အလင်းဓားမက်ခါမှာ ပြိုင်ဘက်၏ခုံတွင်ပေါ်လာလေသည်။
ယွမ်ရှင်းကျဲနှလုံးသားထဲရှိခန့်မှန်းချက်မှာ ခြေတစ်လှမ်းပို၍နီးကပ်လာပြီဖြစ်သည်။
မက်ခါကြယ်ပွင့်၏ ကစားပွဲကွင်းပြင်မှာ အပြင်ဘက်ရှိအစစ်အမှန်ကစားပွဲကွင်းပြင်ထက်ပို၍ ကြီးမားပြီး အကာအကွယ်အလွှာဟု‌ခေါ်သည့်အရာလည်းမရှိသည့်အတွက် လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်မှုနှုန်းပို၍ မြင့်မားလေသည်။
မကြာမီပင် အလင်းဓားမက်ခါမှာ ယွမ်ရှင်းကျဲအားတိုက်ခိုက်လာခဲ့သည်။
မသိလိုက်မသိဘာသာဖြင့် ယွမ်ရှင်းကျဲ စက်ရုပ်သားရဲအား ပြိုင်ဘက်အား အာရုံလွဲရန်လွတ်ပေးလိုက်သော်လည်း တဖက်လူမှာ အနှောင့်အယှက်‌ကင်းမဲ့နေသည့်ပုံပင်။ သူ၏လက်ထဲရှိ ငွေရောင်‌အလင်းဓားနှစ်လက်မှာ ကြောက်စရာကောင်းသည့် အေးစက်သောအလင်းတစ်ခုထုတ်လွှတ်လိုက်ပြီး ယွမ်ရှင်းကျဲအားအသက်ရှုခွင့်မပေးခဲ့ချေ။
ခုန်ပျံကျော်လွှားပြီး ရှောင်တိမ်းနေချိန်၌ မည်သို့တန်ပြန်တိုက်ခိုက်နိုင်မည်အား ယွမ်ရှင်းကျဲစဉ်းစားနေရလေသည်။
မည်သို့ပင်ဖြစ်စေ အယ်လ်သည် သူ၏လှုပ်ရှားပုံများအား ကြိုသိနေသကဲ့သို့ အလွယ်တကူဖမ်းဆုပ်နေနိုင်သည်။ စက္ကန့်အနည်းငယ်မှာပင် အလင်းဓားမှာ ယွမ်ရှင်းကျဲ၏လက်မောင်းပေါ်သို့သက်ရောက်လုဖြစ်သွားခဲ့ရသည်။
စက်ရုပ်သားရဲမှာ အယ်လ်အားချုပ်နှောင်ရန် သံကြိုးဓားတစ်လက်ထုတ်ကာ သူ၏လှုပ်ရှားမှုအား ဖျက်ဆီးလိုက်ရလေသည်။
မူလအချိန်မှာတုန်းက ယွမ်ရှင်းကျဲသည် သက်သာရာရမှုကြောင့် သက်ပြင်းတစ်ချက်ချလိုက်မိခဲ့သော်လည်း သူ၏မသိစိတ်မှ ထိုစက်ရုပ်သားရဲအားထိန်းချုပ်တိုက်ခိုက်ခိုင်းလိုက်မိချိန်၌ တစုံတစ်ခုမှာမှားယွင်းနေသည်ဟု သူတွေးမိသွားခဲ့သည်။
ထိုကဲ့သို့တိုက်ခိုက်ရေးလှုပ်ရှားကွက်မျိုးမှာ အလွန်နည်းပါးသောကြယ်နှစ်ထပ်မက်ခါများသာ ပြုလုပ်နိုင်မည့်အရာဖြစ်ရာ…
အကယ်၍ အယ်လ်သာ လော့ဝမ်းချွမ်းဆိုပါက သူဖော်ထုတ်ခံလိုက်ရပြီမဟုတ်ပါလော…
၎င်းအရာကြောင့် ယွမ်ရှင်းကျဲအာရုံပျံ့လွင့်နေသဖြင့် အယ်လ်မှာ စက်ရုပ်သားရဲ၏ သံကြိုးဓားမှလွတ်မြောက်သွားကာ ယွမ်ရှင်းကျဲ၏အဓိကသံချပ်ကာအား မြေပြင်ပေါ်သို့တိုက်ရိုက်ပင် ခုတ်ချလိုက်လေသည်။
ကစားပွဲမျက်နှာပြင်ပေါ်၌ ယွမ်ရှင်းကျဲရှုံးနိမ့်သွားသည်အားဖော်ပြလာခဲ့သည်။
ယွမ်ရှင်းကျဲ၏နှလုံးမှာမူ အပြင်သို့ထွက်လာတော့မတတ် ခုန်ပေါက်နေပြီဖြစ်သည်။
အယ်လ်၏ တိုက်ခိုက်သည့်ပုံစံမှာ လော့ဝမ်ချွမ်းနှင့်အလွန်တရာဆင်တူနေခဲ့ပြီး…
ဖုန်မှု့န်ပင်မကပ်နိုင်မည့် သန့်ရှင်းစင်ကြယ်သောလှုပ်ရှားမှု ၊ ချွန်မြသည့်ဓားစွမ်းရည် နှင့် ပြတ်သားလှသော ဆုံးဖြတ်ချက်များ…
တစ်ဘက်လူမှာလော့ဝမ်ချွမ်းဖြစ်သည်အား ယွမ်ရှင်းကျဲခန့်မှန်းနိုင်ခဲ့ပြီးဖြစ်သည်။
ကစားပွဲတစ်ခုလုံးမှာ သုံးမိနစ်ပင်မကြာလိုက်ချေ။
ကစားပွဲခန်းမထဲတွင်ထိုင်ကာ ယွမ်ရှင်းကျဲကူကယ်ရာမဲ့စွာဖြင့်တံတွေးသာမြိုချလိုက်မိလေသည်။
၎င်းမှာ လော့ဝမ်ချွမ်း၏ကြောက်မက်ဖွက်ရာတိုက်ခိုက်နိုင်စွမ်းအား ပထမဆုံးအကြိမ်အဖြင့် အလိုလိုခံစားမိသွားပင်ဖြစ်၏။
ကစားပွဲမှာမူကား ဤနေရာတွင်ပြီးဆုံးသွားခဲ့လေပြီ။
မက်ခါကြယ်ပွင့်ထဲတွင် ယွမ်ရှင်းကျဲ၏ PK ရမှတ်ကျဆင်းသွားသည်အား စစ်ဆေးလိုက်ပြီးနောက် အယ်လ်ထပ်မံအနိုင်ရရှိသွားသည်အား ကစားသမားများအလျင်အမြန်ဆိုသလို သဘောပေါက်သွားခဲ့ကြသည်။ လူအများရှေ့တွင်ပင် အချို့သောကစားသမားများမှာ အယ်လ်အား မသေနိုင်သောနတ်ဘုရားဟူ၍ချီးမွမ်းဂုဏ်ပြုနေကြလေသည်။
ယွမ်ရှင်းကျဲသက်ပြင်းကြီးကြီးတစ်ချက်ချလိုက်ပြီး သူ၏မျက်လုံးထဲတွင် အောင်မြင်မှုကိုလိုလားသည့် စိတ်ဆန္ဒများလောင်ကျွမ်းနေခဲ့သည်။
စက္ကန့်အနည်းငယ်အကြာ၌ သူ အယ်လ်ထံသို့ဖိတ်ခေါ်စာတစ်စောင်အားထပ်မံပေးပို့လိုက်လေသည်။
အကြောင်းအရင်းအချို့ကြောင့် အယ်လ်သည် ဖိတ်ခေါ်စာအားတိုက်ရိုက်မငြင်းပယ်ခဲ့သော်လည်း သတ်မှတ်ထားသည့်အချိန်ကုန်သွားသည့်အတွက်ကြောင့် စနစ်သည်အလိုအလျောက်အယ်လ်ထံသို့ဖိတ်ခေါ်မှုအား ပယ်ချလိုက်၏။
ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်းသူ့အားအလွန်နုံ့အသည်ဟုထင်နေသောကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်မည်ဟုသံသယဝင်သွားသဖြင့် အယ်လ်ထံသို့ " နောက်တစ်ခေါက်ဆော့ရအောင် " ဟူ၍စာတစ်စောင်ပေးပို့လိုက်လေသည်။
အယ်လ်မှာ တစုံတစ်ခုအားတွေးတောနေသည့်ပုံစံဖြင့် အခန်းထဲမှ ထွက်မသွားသေးသော်လည်း ယွမ်ရှင်းကျဲအား စာမပြန်ခဲ့ချေ။
တစ်ချိန်ထဲမှာပင်…
လော့ဝမ်ချွမ်းကစားပွဲခန်းမတွင်ထိုင်နေကာ မျက် နှာပြင်အားမျက်မှောင်ကြုတ်၍ကြည့်နေ‌၏။
ထို " ငါကအရမ်းအားနည်းတယ် " သည် သူ၏ထိပ်ပိုင်း၁၀၀အတွင်းဝင်စဉ်အချိန်တုန်းက သူ့အားစိန်ခေါ်စာတစ်စောင်ပေးဖို့ခဲ့သော်လည်း သူငြင်းပယ်ခဲ့သည်။
လွန်ခဲ့သည့်မိနစ်နှစ်ဆယ်ခန့်က ခယ့်လိုင် မက်ခါကြယ်ပွင့်ထဲတွင် သူ့အားအဆင့်တစ်ဆယ်မှ ကန်ထုတ်နိုင်သည့်အတော်လေးသန်မာသောသူတစ်ဦးရှိသည်ဟု ပြောပြပြီး လော့ဝမ်ချွမ်းအား သူ့အတွက်လက်စားချေခိုင်းခဲ့သည်။
တစ်ချိန်တည်းမှာပင် " ငါကအရမ်းအားနည်းတယ် " မှ PK ဖိတ်ခေါ်ချက်တစ်ခုပို့လာခဲ့သဖြင့် သူလက်ခံလိုက်လေသည်။
xxxxxxx
Continue Reading
You'll Also Like
11.4K 361 28
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
6.3K 1.2K 38
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
1.6M 197K 160
622K 70K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...