အိုမီဂါအဖြစ် ကူးပြောင်းပြီးနေ...

By Azure5549

1.1M 130K 2.5K

Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... More

မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
hello သတင်းကောင်းလေးပါရှင့်
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175 ( End )
IQ team က အသစ်ပြန်တဲ့ အပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင့်

73

6.2K 811 10
By Azure5549

Chapter 73

ယွမ်ရှင်းကျဲသည်​လော့၀မ်ချွမ်းအား ​ကျေးဇူးတင်စွာကြည့်လျက် "​ကျေးဇူးပါပဲ စီနီယာ "

"ဒီ​နေ့ရာသီဥတု​ကောင်းတယ်"

​လော့၀မ်ချွမ်း​ဘေးဘီကိုကြည့်လျက်ဆိုလိုက်သည်။ .ချယ်ရီပွင့်ဖတ်များမှာ ​နွေး​ထွေး​သော​နေ​ရောင်ခြည်​အောက် ​လေပြည်အ​သွေးတွင် လှပစွာပြန့်ကျဲ​နေခဲ့သည်။ ၄င်းမှာအလွန်လှပ​သောမြင်ကွင်းပင်

"သူတို့​ကြောင့် စိတ်မရှုပ်ပါနဲ့"

ယွမ်ရှင်းကျဲ​ခေါင်းငြိမ့်လိုက်သည်။

"မရှုပ်ပါဘူး"

"​တော်တယ်" ​လော့၀မ်ချွမ်းရုတ်ချည်းလှည့်လျက် ယွမ်ရှင်းကျဲကိုကြည့်ကာဆိုလိုက်သည်။

"ကိုယ် ရုံထဲမှာတစ်ခုခုကျန်​နေခဲ့တယ်"

ယွမ်ရှင်းကျဲသိချင်စိတ်ဖြင့်​မေးလိုက်သည်။

"ဘာများလဲ"

​လော့၀မ်ချွမ်းမှာ​ကျောင်း၀တ်စုံကို၀တ်ဆင်ထားခဲ့သည်။ သူသည်​ဘောင်းဘီအိတ်ထဲလက်နှိုက်လိုက်ပြီး အထဲမှတစ်ခုခုကိုထုတ်ယူလိုက်ပုံပင်။

"မင်းမျက်လုံးကိုခဏမှိတ်လိုက်ပါ"

​လော့၀မ်ချွမ်း ကယွမ်ရှင်းကျဲကိုကြည့်လိုက်ပြီး သူ၏လည်​စေ့ကလှုပ်ရှားသွားခဲ့သည်။ သူ၏မျက်နှာတွင် မည်သည့်အမူအယာမှမရှိ​ချေ။ သို့​သော်သူ၏​လေသံမှာလွန်စွာအတည်အတံ့ဖြစ်​နေခဲ့သည်၊ ယွမ်ရှင်းကျဲမ​နေနိုင်ပဲရယ်လိုက်မိ​တော့သည်၊

"ဘာများလဲ၊ သိပ်လျှို့၀ှက်နေတာ" သို့​သော်ယွမ်ရှင်းကျဲ မျက်လုံးကိုမှိတ်​ပေးလိုက်သည်။ သူသည်​လော့၀မ်ချွမ်း၏​နောက်ထပ်လှုပ်ရှားမှုကို​စောင့်လိုက်သည်။ စက္ကန့်အနည်းငယ်​ကျော်လွန်သွားပြီး​နောက်

"ဘုန်း.." အသံတစ်ခုကယွမ်ရှင်းကျဲ၏​ခေါင်းထက်တွင်ပွင့်အံကျလာခဲ့သည်။ ၄င်းက​တောအုပ်ထဲမှငှက်တချို့ကိုပင်ထပျံသွား​စေသည်။ ယွမ်ရှင်းကျဲအနည်းငယ်တွန့်ဆုတ်သွားမိ​လေသည်၊ သူမျက်လုံးကိုဖွင့်လိုက်လျှင် မီးရှူးမီးပန်းဘူးငယ်​လေးကို ကိုင်ထား​သော​လော့၀မ်ချွမ်းကိုကြည့်လိုက်သည်။ သူက​နောက်ကိုဆုတ်လျက် ခလုတ်​လေးကိုဖိလိုက်သည်။

မီးပန်း​လေးများ ချယ်ရီပွင့်ဖတ်များက ယွမ်ရှင်းကျဲ၏​ခေါင်း​ပေါ်တွင်ဖုံးလွှမ်းသွားခဲ့သည်။ တစ်​ခေါက်ပြီးတစ်​ခေါက်​နေ​ရောင်​အောက်တွင် ​ရောင်ပြန်ဟပ်လျက် ယွမ်ရှင်းကျဲကိုအံ့အားသင့်​စေသည်။

"၀ိုး စီနီယာကတကယ် အံ့သြ​အောင်လုပ်တာပဲ"

ယွမ်ရှင်းကျဲကရယ်လိုက်သည်။ ထို့​နောက်ဆိုလိုက်သည်။

"ဒီမီးပန်း​တွေက ရုံထဲမှာပစ်တဲ့ဟာ​တွေလား"

"ဟုတ်တယ်" ​လော့၀မ်ချွမ်းအတည်အတံ့​​ဖြေလိုက်သည်။

"ကိုကျ​နေတာတစ်ခု​ကောက်လာခဲ့တာ၊ ဒီတိုင်းမဖြုန်းတီးပစ်ချင်ဘူး၊ဒါ​ကြောင့် မင်းကိုလက်​ဆောင်​ပေးတာ"

ယွမ်ရှင်းကျဲသည်​လော့၀မ်ချွမ်း​နောက်​ပြောင်ခြင်းကိုကြားလိုက်ရပြန်သည်။ သူက​ခေါင်းကို​မော့လျက် စက္ကူနှင်းပွင့်များနှင့် ပန်း​ရောင်ပွင့်ဖတ်များကို​မော့ကြည့်လိုက်သည်။ ​လော့၀မ်ချွမ်းသည်ထိုမီးပန်းဘူးကိုဖယ်လိုက်ပြီး ယွမ်ရှင်းကျဲ အားကြည့်လိုက်ကာ

"​ကျောင်းအသင်းကို၀င်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်၊ မက်ခါမာစတာ​လေး"

​ပြောပြီး​နောက်သူ၏နှုတ်ခမ်းတို့​တွန့်​ကွေးသွားလျက်

ယွမ်ရှင်းကျဲကမူ​ခေါင်းကိုကုတ်လျက်

"ကျွန်​တော်​ကျောင်းအသင်းကို၀င်ခွင့်ရမယ်​တောင်မထင်ထားဘူး၊ ဒီတိုင်း ဆယ်ပွဲဆက်နိုင်ချင်တာပဲရှိတာ"

​လော့၀မ်ချွမ်းသည် ယွမ်ရှင်းကျဲ၏ဆံပင်ကြားတွင် စက္ကူနှင်းပွင့်​လေးများညပ်​နေသည်ကို​တွေ့လျှင်မ​နေနိုင်ပဲလက်ကိုဆန့်လျက် ဖယ်ထုတ်​ပေးလိုက်သည်။

ထိုအခိုက်အတန့် သွယ်လျ​သောလက်​ချောင်းများယွမ်ရှင်းကျဲ၏ဆံပင်ကိုထိလာ​သောအခါ ​လေထုမှာပင်​နွေး​ထွေးလာသကဲ့သို့။ လူနှစ်ဦးမှာတစ်​ယောက်ကိုတစ်​ယောက်ကြည့်လိုက်ကြသည်။

ယွမ်ရှင်းကျဲ​​အေးခဲသွားမိသည်။ ​လော့၀မ်ချွမ်းကမူလက်ကိုအမြန်ဖယ်လျက် ဆိုလိုက်သည်။

"မင်းရဲ့ ကြယ်ဒင်္ဂါး သန်း၀က်ဆု​ကြေးအတွက်လည်းဂုဏ်ယူပါတယ်"

လက်သည်အမြန်ဖယ်ခွာသွားသည့်တိုင် ယွမ်ရှင်းကျဲ၏ဆံပင်တို့တွင် အ​နွေးဓါတ်​လေးကတွယ်ညိကျန်ရစ်ဆဲပင်။ သူ၏နှုတ်ခမ်း​ထောင့်တို့ကိုတွန့်​ကွေးလျက်

"ကျွန်​တော်ကလည်း စီနီယာက​ကျောင်းအသင်းကို ဒီနှစ်မှာဆု​တွေအများကြီးရ​အောင်ဦး​ဆောင်နိုင်ပါ​စေလို့​မျှော်လင့်ပါတယ်"

​လော့၀မ်ချွမ်းကသူ၏နှုတ်ခမ်းကိုတင်းတင်း​စေ့လိုက်ကာ၊ သူ့အကြည့်တို့ကယွမ်ရှင်းကျဲ၏​ခေါင်း​ပေါ်တွင်​ေ၀့၀ဲ​နေပြီးမှ ယွမ်ရှင်းကျဲကိုငုံ့ကြည့်လိုက်သည်။ အ​တော်​လေးကြာပြီး​နောက်သူက

"အင်း"ဟု အသံပြုလိုက်သည်။ ထိုတို​တောင်း​သော အ​ဖြေက တခါမှမကြုံဖူးစွာခိုင်မာ​နေခဲ့သည်။

​လော့၀မ်ချွမ်း၏မျက်လုံးထဲတွင် ယွမ်ရှင်းကျဲမှာဖမ်းစားခံလိုက်ရ​တော့သည်။

ပြိုင်ပွဲဆယ်ခုလုံးမှာပြီးဆုံးသွားခဲ့ပြီး ပြိုင်ပွဲစီစဥ်သူများကလည်း ရလဒ်များကိုထုတ်ပြန်ပြီးဖြစ်၍ ယွမ်ရှင်းကျဲလည်း​နောက်ဆုံးတွင် အနားယူနိုင်​တော့သည်။

ထိုအချိန်တွင် ချီယုမှာ ယွမ်ရှင်းကျဲကိုရှာရန်ကြိုးစား​နေခဲ့သည်။ ဟယ့်​ဟောင်မင်သည်လည်းသူ၏​တောင်းပန်မှုကိုတခြားသူများမှတဆင့် ​ဖော်ပြခဲ့သည့်တိုင် ယွမ်ရှင်းကျဲမှာ တုံ့ပြန်မှုမရှိချေ။

ထိုသုံး​ယောက်မှာ ပြန်​ရောင်းသည့်ပြသနာကိုမည်သို့ဖြေရှင်း​နေသလဲ​တော့မသိ။သို့​သော်ယွမ်ရှင်းကျဲ၏အကောင့်ထဲတွင်​တော့ ချီယုပို့​သော လိုတာထက်ပိုသည့် ​ငွေပမာဏ​​ရောက်​နေခဲ့သည်။

ချီယုမှာ​​ငွေလွှဲမက်​ဆေ့၌ပင်သူ၏အပြစ်ရှိမှုကို​ရှေးရှုလျက်​တောင်းပန်ခဲ့သည်။ သို့တိုင်​အောင် ယွမ်ရှင်းကျဲမှာ မည်သို့မျှမ​နေ​ချေ။ တချိန်လုံးအပြစ်ရှိသလိုခံစား​နေရပြီး မတည်ငြိမ်နိုင်​သောဟယ့်​ဟောင်မင်မှာမူ စိတ်အ​ခြေအ​နေ​ကောင်းမ​နေခဲ့​ချေ။ သူ၏မူလက ယွမ်ရှင်းကျဲအ​ပေါ်ထားရှိ​သောအမုန်းများမှာ စုကျီနန်ဆီကူး​ပြောင်းသွားခဲ့သည်။ ထို့အပြင် ထိုထက်ဆိုးရွား​သောစုကျီနန်၏လုပ်ရပ်တချို့က ဖိုရမ်​ပေါ်​ပေါက်ကြားလာပြန်​တော့သည်။

ယွမ်ရှင်းကျဲအတွက်စိတ်မ​ကောင်းဖြစ်မှုအပြင် လူတိုင်းမှာ စု၊ ချီ၊နှင့်ဟယ့်တို့၏လုပ်ရပ်ကိုရွံ့မုန်းကုန်ကြသည်။ ထိုသုံးဦးမှာ ဖိုရမ်​ပေါ်တွင် လူတိုင်း၏ပစ်မှတ်ဖြစ်လာခဲ့​လေသည်။

စုကျီနန်မှာ​သေချာ​ပေါက်ကို ​ကျောင်းမှထွက်ရဲ​သောသတ္တိမရှိ​ချေ။ သူထွက်လျှင်​တောင် ​လော့၀မ်ချွမ်းမှာသူ့ထံမှဤအ​ကြွေးကိုမရရ​အောင်​တောင်းလိမ့်မည်မှန်းသိ​နေခဲ့သည်။ထို့အပြင်သူကထိုထက်မကပို​ပေး​ကောင်း​တောင်​ပေးရနိုင်သည်။ ထို့​​ကြောင့်​​ကျောင်းတွင်သာ​ပေကပ်​နေလျက် လူတိုင်း၏ဆူပူမှု ဆဲဆိုမှုများကိုခံကာ ​စော​စောထလျက် အ​ကြွေးဆပ်ရန်​ငွေရှာရ​တော့သည်။

သူ့တွင်မူလကစိတ်ကြီး၀င်မှုမျိုးမရှိ​တော့၊ သူများဒုက္ခ​ပေးဖို့ဆိုတာလည်းမ​တွေးနိုင်​တော့ပဲ ညလယ်တွင် မျက်ရည်ကိုသာခိုးသုတ်​နေရ​တော့သည်။

မက်ခါပြိုင်ပွဲ၏ရလဒ်များမကြာမီတရား၀င်ထုတ်ပြန်​ချေ​တော့မည်။ထိုရလဒ်ထုတ်ပြန်သည့်​နေ့အား

ရှင်းဟိုင်​ကျောင်းသားများက"​အောင်ပွဲ​နေ့"ဟုတင်စား​ခေါ်​​​ေ၀ါ်ကြသည်။

​ကျောင်းက စစ်တပ်တွင်းမှအရာရှိများအား ​ကျောင်းအသင်းကို၀င်နိုင်သူတို့အတွက်ဆုတံဆိပ်များ​ပေးအပ်ရန်ဖိတ်​​ခေါ်​လိမ့်မည်ဖြစ်သည်။

တချိန်တည်းမှာပင် ဆု​ပေးပွဲအခမ်းအနားတွင် ထို​ကျောင်းသားများ၏ ​ပြောင်​​မြောက်​သော လုပ်​ဆောင်မှုများအားပြန်လည်ပြသ​ပေးမည်ဖြစ်သည်။ ၄င်းမှာ စစ်​​​ရေးတက္ကသလိုလ်​ကျောင်းသားများများအမြဲ​ပစိတ်ကူးယဥ်ကြ​သော ခမ်းနား​သောပွဲကြီးဖြစ်သည်။

လူတိုင်းက​အောင်ပွဲ​နေ့ကို​မျှော်လင့်​စောင့်စား​နေကြသည်။ လုရန်ရှုဆိုလျင်ထို​နေ့မတိုင်ခင်တစ်ရက်တွင်စိတ်လှုပ်ရှားလွန်း၍ အိပ်ပင်မအိပ်နိုင်ခဲ့၊ သူကယွမ်ရှင်းကျဲအားဆက်တိုက်​ပြော​နေခဲ့သည်။

"ရှင်းကျဲ မနက်ဖြန်က ​မှော်ဆန်တဲ့​နေ့ကိုလက်​တွေ့ကြုံရမှာပဲသိလား၊ မင်းက​တော့​တောက်ပ​တော့မှာ"

ယွမ်ရှင်းကျဲက ထို​တောက်ပမှုကိုဂရုမစိုက်​ချေ။

သူ၏မက်ခါမှာ ဟယ့်​ဟောင်မင်နှင့်ပြိုင်ပွဲတုန်းက ခြစ်မိသွားခဲ့ရာ ပြန်ပြင်ရန်ပိုက်ဆံလို​လေသည်။

သူသည်ကျိုး​ဖေးရွယ်အားလည်းအ​ကြွေးတင်​နေ​သေးသည်။ သူ​လော​လောဆည်ဂရုစိုက်သည်မှာ ​ဘောနပ်စ် ၅၀၀၀၀၀ကိုပင်။ယွမ်ရှင်းကျဲ ကဆု​ပေးပွဲအခမ်းအနားကိုတက်မည်ဟူ​သောသတင်းကိုကြားလျှင် ယွမ်မိသားစုမှာ ​ရှော့ခ်ရသွား​တော့သည်။

အ​ဖေယွမ်၊ ယွမ်ကန်ရှန်းနှင့် အ​မေချင်​ရှောင်းနှင့် ယွမ်ရှင်းကျဲ၏ညီငယ် ယွမ်၀ုတို့က ညစာစားရန်စုဝေး လိုက်ကြသည်။ ယွမ်၀ုမှာမကြာခင်တက္ကသိုလ်​​ရောက်​တော့မှာဖြစ်သည်။ မိသားစုတစ်ခုလုံး၏​မျှော်လင့်ချက်မှာ ဤအယ်လ်ဖာသားဖြစ်သူထံပုံအပ်ထား​လေသည်။

"ယွမ်၀ုများများစား၊ မင်းတို့အယ်လ်ဖာ​တွေက ခုချိန်ဖွံ့ဖြိုးတုန်းပဲ"

ချင်​ရှောင်းက ယွမ်၀ု၏ပန်းကန်ထဲအသီးအရွက်များ​ထပ်ထည့်​​နေခဲ့သည်။

"ပိန်ပါးပြီး ​ကျေးဇူးမသိတဲ့ မင်းအကိုလိုမဖြစ်​​စေနဲ့"

ယွမ်၀ုမျက်​မှောင်ကြုတ်လိုက်မိသည်။ သူသည်ချင်​ရှောင်၏စကားတို့ကိုမကြိုက်​သော်လည်း ဘာမှ​တော့

မ​ပြော​ချေ။

တချိန်လုံးအလုပ်များနေ​သော အ​ဖေနှင့်အ​မေ၊ ဦး​နှောက်ထဲတွင် အချစ်နှင့်သာပြည့်​နေ​သောအကို။ ဤမိသားစုကယွမ်၀ုအားအသက်မရှုမ၀ဖြစ်​စေသည်။

ယွမ်ကန်ရှန်းကယွမ်၀ုအားဆိုလိုက်သည်။

"မင်း​နောက်နှစ်ကျ ရှင်းဟိုင်တက္ကသိုလ်ကို၀င်နိုင်​လိမ့်မယ်၊အဲဒီခါကျရင် မင်းရဲ့အ​ဖေအတွက် တိုက်ခိုက်ဖို့မ​မေ့နဲ့ ချီမိသားစုကက​လေးလို ​ကျောင်းအသင်းကို၀င်နိုင်​အောင်လုပ်၊ပြီး​တော့နိုင်ငံအဆင့်ပြိုင်ကွဲ​တွေ၀င်ပြိုင် ၊ဒီလိုဆိုမင်းက ​​တော်၀င်စစ်တပ်ရဲ့အ​လေး​ပေးမှုကိုခံရပြီး တော့ အန်ကယ်ချီကလည်းမင်းကိုကူညီ​ပေးလိမ့်မယ်"

"ချီမိသားစုကကျွန်​တော်တို့မိသားစုနဲ့ ​စေ့စပ်ပွဲဖျက်လိုက်ပြီမဟုတ်ဘူးလား"

ယွမ်၀ုမျက်​မှောင်ကြုတ် လျက်ဆိုလိုက်သည်။

"ဘာလို့ဒီကိစ္စ​ဟောင်းကြီးကိုပဲထည့်ထည့်​ပြော​နေတလဲ"

ချင်​ရှောင်မှာ၄င်းကိုကြားလျှင် စိတ်အ​နှောင့်အယှက်ဖြစ်စွာ

"ဘယ်သူကပျက်တယ်​ပြောလဲ၊ ချီယုအဲ​​ကောင်​လေးက ငယ်​သေး​တော့စိတ်လိုက်မန်ပါဖြစ်​နေတာ၊ ငယ်တုန်းမှာမျက်စိမကစားတဲ့ အယ်လ်ဖာရယ်လို့ရှိလို့လား။ အမှားလုပ်မိတာကပုံမှန်ပါပဲ၊ မင်းအကိုသခင်​လေးရဲ့စိတ်ကိုလည်းမင်းသိသားပဲ၊ ငါတို့မိသားစုက ချီမိသားစုနဲ့အဆက်အဆံပျက်လို့မဖြစ်ဘူး"

ထိုစဥ်ယွမ်မိသားစု၏အိမ်​တော်ထိန်းကျန်းရှုမှာ ဗီလာထဲအ​မြန်​လျှောက်၀င်လာ​တော့သည်။

"ဥက္ကဌယွမ် ရှင်းဟိုင်အကယ်ဒမီကကျွန်​တော်တို့ကိုဖိတ်စာပို့လိုက်ပါတယ်"

ကျန်းရှူမျက်နှာမှာအံ့အားသင့်လျက်

"​အောင်ပွဲ​နေ့အတွက်ဖိတ်စာလို့ထင်ပါတယ်"

"ဘယ်လို" ယွမ်ကန်ရှန်းက လက်တစ်ဖက်ဖြင့်လှမ်းယူလိုက်သည်။

"ဆု​ပေးပွဲအတွက်ငါတို့ကိုဖိတ်တာလား၊ ဟုတ်တာ​ပေါ့ ငါတို့ကန်ရှန်းကုမ္ပဏီက နာမည်ကြီးပဲ​လေ၊ စစ်တက္ကသိုလ်တစ်ခုလုံးကို​တောင်ဆု​ပေးလိုက်လို့ရတယ်"

ကျန်းရှုက​ချောင်းဟန့်လိုက်ကာ

"ဆု​ပေးပွဲက စစ်တပ်အရာရှိ​တွေကပဲအမြဲ ဆု​ပေးရတာပါ"

ယွမ်ကန်ရှန်းကမျက်လုံးကိုလှိမ့်လိုက်ပြီး

"ဒါဆိုသူတို့ကဘာအတွက်ဖိတ်တာလဲ"

ချင်​ရှောင်မျက်​မှောင်ကျုံ့လျက်ဆိုလိုက်သည်။

"ယွမ်ရှင်းကျဲများပြသနာထပ်ရှာထားပြန်ပြီလား"

"မဟုတ်ပါဘူး..." ကျန်းရှုက​ခေါင်းကိုခါလျက်

"ကျွန်​တော်ကြားတာက​တော့အကြီးဆုံသခင်​လေးကဒီနှစ်မက်ခါပြိုင်ပွဲမှာ ရလဒ်​ကောင်း​ကောင်းရလို့ သူ့ရဲ့မိသားစု၀င်​တွေကိုလည်းဖိတ်ကြားတဲ့သ​ဘောပါ"

၄င်းကိုကြားသည်နှင် တခန်းလုံးတိတ်ဆိတ်သွား​တော့သည်။

"ဘာ..." ယွမ်ကန်ရှန်းမယုံနိုင်​သော​လေသံဖြင့်

"မင်း​ပြောတာက ယွမ်ရှင်းကျဲ သူကမက်ခါပြိုင်ပွဲကို၀င်ပြိုင်တယ်​ပေါ့၊ အယ်လ်ဖာ​တွေပြိုင်တဲ့ပြိုင်ပွဲကို​လေ"

ချင်​ရှောင်မှာလည်း အံ့အားသင့်စွာ

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဖိတ်စာမှားပို့တာဖြစ်မယ်"

ကျန်းရှုကသူ့​ခေါင်းကိုလျင်မြန်စွာခါယမ်းလျက်

"မဟုတ်ပါဘူး၊ ကျွန်​တော်​သေချာကြည့်ပါပြီ၊ တကယ်ပဲအကြီးဆုံးသခင်​လေးပါ"

ယွမ်ကန်ရှန်းမှာဖိတ်စာကိုအလျင်စလို​​ကောက်ကိုင်လိုက်ပြီးဖွင့်ရန်ကြိုးစားလိုက်သည်။ လွန်စွာ​ရှော့ခ်ရမှု​ကြောင့်သူ၏လက်များမှာတုန်ရံလျက် စာအိတ်ကိုဖွင့်ရန်အ​တော်အချိန်ယူလိုက်ရ​လေသည်။

​ဘေးမှချင်​ရှောင်က "တကယ်ပဲလား၊ ဘယ်အဆင့်လဲ၊ ထိပ်ဆုံး၁၀၀ထဲမှာလား"

ယွမ်၀ုသည်လည်းသူ၏တူအစုံကိုချလိုက်ပြီး သိချင်စိတ်ဖြင့်​စောင့်​မျှော်​​နေလိုက်သည်။

စာအိတ်ကိုဖွင့်လိုက်ချိန်တွင် ယွမ်ကန်ရှန်း၏မျက်လုံးအစုံမှာ ပြူးကျယ်သွား​တော့သည်။

xxxxxx

Continue Reading

You'll Also Like

648K 56.5K 51
အိမ်တော်မှာ မင်းသားတစ်ပါးလိုနေရတဲ့ အနွယ်တော်လေးက နယ်မြေတစ်ခုရဲ့ခေါင်းဆောင်ဆီကို ရောက်ရှိလာတဲ့အခါ ... ငယ်စဉ်ကတည်းက နှစ်သက်မြတ်နိုးခဲ့ရသော ကောင်လေးဖြစ်...
638K 71.2K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
770K 31.1K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....