အိုမီဂါအဖြစ် ကူးပြောင်းပြီးနေ...

By Azure5549

1.1M 130K 2.5K

Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... More

မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
hello သတင်းကောင်းလေးပါရှင့်
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175 ( End )
IQ team က အသစ်ပြန်တဲ့ အပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင့်

72

6.2K 827 13
By Azure5549

Chapter 72

ချီယုအံကိုကြိတ်လျက် "စုကျီနန် မင်းအရှက်မရှိတဲ့လူလိမ် "

စုကျီနန်မှာရှက်ရွံ့မှု​ကြောင်မျက်နှာမှာ နီရာမှဖြူသွားခဲ့သည်။ ​ဘေးပါတ်ပါတ်လည်မှမျက်၀န်းများမှာ သူ့အား ​ရေခဲအကျဥ်း​ထောင်ထဲဖမ်းချုပ်ခံထားရသကဲ့သို့ ခံစားရ​စေသည်။

လုရန်ရှုမှာ ချီယု၏မျက်နှာမှာထူလွန်းလှသည်ဟုခံစားမိလျက် ​ထေ့​ငေါ့လိုက်သည်။

"မင်းက​ရော အရင်တုန်းကကျ ယွမ်ရှင်းကျဲကို မုန်တိုင်းမက်ခါအတွက် အစိတ်အပိုင်း​တွေ​တောင်း​နေခဲ့တာ​လေ မင်းက​ရော စုကျီနန်ထက်ဘာများပို​ကောင်း​နေလို့လဲ"

လုရန်ရှု၏စကားကိုကြားလျှင်လူအုပ်ကြီးမှာအ​ခြေအ​နေကိုချက်ချင်းသ​ဘော​ပေါက်သွားခဲ့သည်။ ချီယု ဟယ့်​ဟောင်မင်နှင့် စုကျီနန်ကိုကြည့်​နေ​သောသူတို့၏အကြည့်များမှာ ရွံရှာမှုများဖြင့်​ပြည့်နှက်လျက်။

"​သေစမ်း စားစရာဖရဲ​စေ့​တွေကျန်​နေ​သေးတာပဲဟ"

"အ​မေ​ရေ၊ စုကျီနန်က၆၉၀၀၀၀ကို ၃၀၀၀၀၀လို့လိမ်ခဲ့တာ​ပေါ့၊ သူဘယ်​လောက်များများအိတ်ကပ်ထဲထည့်ထားလိုက်တာလဲ"

"စုကျီနန်ကကြားက ကြယ်င်္ဒါး သိန်းဂဏန်း​ကျော်မြတ်သွားတာပဲ မိုက်လိုက်တာ"

"တကယ့်လက်ဖက်စိမ်းမပဲ၊ သူကနှစ်ဖက်လုံးကိုလိမ်​နေခဲ့တာကိုး"

"ချီယုလည်းတကယ့်ရွံစရာပဲ၊ အဲဒီတုန်းကယွမ်ရှင်းကျဲကသူ့ရဲ့သူတို့သား​​လောင်းဖြစ်​နေတုန်းပဲ၊ အဲဒါကိုယွမ်ရှင်းကျဲ​ပေးထားတဲ့ပစ္စည်း​တွေကိုသူများကိုပြန်​ရောင်းပစ်တယ်"

"ဟယ့်​ဟောင်မင်​​ရောဘာထူးလဲ၊ ယွမ်ရှင်းကျဲကိုများ ရွံစရာစကား​တွေ​ပြောရဲ​သေးတယ်"

"တကယ်ဂုတ်​သွေးစုတ်တဲ့ အုပ်စုပဲ"

ဖရဲ​​​စေ့စား​နေ​သောလူအုပ်ကြီးမှာ ပြဇာတ်​ကောင်းကိုကြည့်လျက် ​ဆွေး​နွေး​နေကြသည်။ အများစုမှာ ယွမ်ရှင်းကျဲအားဂရုဏာသက်စွာကြည့်​နေကြ​လေသည်၊

သူ့ခမျာ သူ၏သူတို့သား​​လောင်း၏​ဖောက်ပြန်ခြင်းကိုခံခဲ့ရသည်။ ထို့အပြင် လက်ဖက်စိမ်းမထံမှ ဂုတ်​သွေးစုပ်ခြင်းကိုလည်းခံရသည်။ ထိုလက်ဖက်စိမ်းမကသူ့အား နာမည်ဖျက်ပြီးဟယ့်​ဟောင်မင်နှင့်လည်း ထိပ်တိုက်​တွေ့​စေခဲ့သည်။

ယွမ်ရှင်းကျဲ၏ထက်မြက်​သောစွမ်းရည်​ကြောင့်သာမဟုတ်လျှင် ဟယ့်​ဟောင်မင်နှင့်ရင်ဆိုင်ရခြင်းမှာအဆုံးသတ်​ကောင်းလိမ့်မည်မဟုတ်​ချေ။

​လော့၀မ်ချွမ်း ခယ့်လိုင်နှင့် အက်ရှ​လေတို့မှာလည်းထို​နေရာတွင်ရှိ​နေခဲ့သည်။ အက်ရှ​လေမှာ ဖြစ်ပျက်သည်တို့ကိုကြားလျှင် ပါးစပ်ကိုလက်နှင့်မကာပဲမ​နေနိုင်ခဲ့​ချေ။

"ဘုရား​ရေ သူကသနားစရာ​ကောင်းလိုက်တာ"

ယွမ်ရှင်းကျဲမှာထိုသို့ဖြစ်လာခြင်းကိုအံ့ပင်မအံ့သြ​ချေ။အစကတည်းကပင် သူ့မှာချီယုအတွက်​မျှော်လင့်ချက်ရှိမ​နေခဲ့တာဖြစ်သည်။

​လော့၀မ်ချွမ်းမှာလူအုပ်အလယ်ကလူငယ်​လေးကိုကြည့်ရင်း မျက်​​မှောင်ကျုံ့လိုက်မိသည်။ သူ၏မျက်လုံးထဲတွင် မခံမရပ်နိုင်မှုတစွန်းတစထွက်​ပေါ်လာခဲ့သည်။

ချီယုမှာယွမ်ရှင်းကျဲကိုကြည့်ကာ​တောင်းပန်လိုက်သည်။

"ရှင်းကျဲ ငါတကယ်မှားခဲ့ပါတယ်၊ ဒါ​ပေမယ့် ဟယ့်​ဟောင်မင်က မင်းကိုအဲဒီပစ္စည်း​တွေနဲ့တိုက်ခိုက်လာမယ်လို့​တော့တကယ်မထင်ထားတာပါ၊ ငါ​ရောင်းရတဲ့​ငွေ​တွေကို​တော့ မင်းကိုပြန်​ပေးပါ့မယ်၊ တပြားမှမ​လျော့​စေရပါဘူး၊ ငါ့ကိုခွင့်လွှတ်​ပေးပါ"

ယွမ်ရှင်းကျဲမှာချီယုနှင့်တကယ်ကိုဘာမှ​ပြောချင်စိတ်မရှိ​ချေ။ သူကချီယုကို​အေးစက်စွာကြည့်လျက်

"မင်းကိုခွင့်မလွှတ်နိုင်ဘူး၊ ပိုက်ဆံလား၊ ဒါ​ပေါ့ မင်းပြန်​ပေးဖို့လိုတာ​ပေါ့"

"ငါကျိန်း​သေပြန်​ပေးမှာပါ" ချီယုကစုကျီနန်ကိုကြည့်လိုက်ကာ သူ၏​လေသံမှာချက်ချင်း​အေးစက်သွားလျက်

"စုကျီနန် ၆၉၀၀၀၀ထဲကမင်းအ​ချောင်နှိုက်သွားတဲ့ ၄၉၀၀၀၀ကို ရှင်းကျဲကိုပြန်​ပေးလိုက်ပါ"

စုကျီနန်၏နှုတ်ခမ်းတို့တုန်ရီလာခဲ့သည်။ သူကချီယုကိုကြည့်လျက်​တောင်းပန်လိုက်သည်။

"ချီယု မင်းဘာလို့ဒီလိုလုပ်ရက်ရတာလဲ၊ အဲဒါကမင်းအကြံလည်းပါခဲ့တာပဲ​လေ"

ချီယုမှ ယွမ်ရှင်းကျဲသူ့အားစိတ်ဆိုးမည်စိုး၍ စုကျီနန်အားဖြတ်​ပြောလိုက်သည်။

"ပါးစပ်ပိတ်ထား"

ထိုစဥ်ဟယ့်​ဟောင်မင်မှာ ရုတ်ချည်းအသိ၀င်လာခဲ့ကာ မျက်​မှောင်ကြုတ် လျက် စုကျီနန်အား စူးရှစွာကြည့်ကာ

"စုစု သူတို့​​ပြောတာအမှန်ပဲလား၊ မင်းတကယ်ပဲ အဲလိုလုပ်ခဲ့တာလား"

"ငါ..ငါ မဟုတ်.." စုကျီနန်မှာ လူအုပ်ကြားမှလွတ်​မြောက်ရန်ကြိုးစားရင်းဆိုလိုက်သည်။ သို့​သော်လူအုပ်ကသူ့အားလျှင်မြန်စွာ၀ိုင်းထားလိုက်​လေသည်။

"မင်းတကယ်ပဲ ယွမ်ရှင်းကျဲရဲ့ မက်ခါပစ္စည်း​တွေကိုပြန်​ရောင်းခဲ့တယ်​ပေါ့?ပြီး​တော့ ၃၀၀၀၀၀နဲ့​ရောင်းတာဆိုပြီး​​တောင်လိမ်လိုက်​သေးတယ်၊ "

ဟယ့်​ဟောင်မင်မှာ ထွက်​ပြေးရန်ပြင်​နေ​သော စုကျီနန်လက်ကိုဖမ်းဆွဲလျက်

"စုကျီနန်မင်းဘာလို့ဒီလိုလုပ်ရတာလဲ"

"ဟယ့်​ဟောင်မင် မင်းကပါငါ့ကိုဒီလိုဆက်ဆံ​နေတာလား၊ "စုကျီနန်ကမတရားခံရသလိုအကြည့်မျိုးဖြင့် ဟယ့်​ဟောင်မင်အားကြည့်လျက် တုန်ရီ​နေ​သောအသံဖြင့်

"ငါတို့နှစ်​ယောက်လုံး ကြယ်အစွန်အဖျားကလာတာ​လေ၊ မြို့​တော်မှာ ပထမနှစ်​တွေအတွက်​နေထိုင်စားရိတ်ဘယ်​လောက်ကုန်လဲ မင်းသိတာပဲ၊ငါလည်း ​ငွေလိုနေလို့ပါ၊ ငါဥပ​ဒေကိုလည်းမချိုး​ဖောက်ခဲ့ပါဘူး၊ ငါ့ကိုခွင့်လွှတ်ပါ"

ထို့​နောက်စုကျီနန်မှာ ယွမ်ရှင်းကျဲနှင့်ချီယုကိုကြည့်လျက် ကျယ်​လောင်စွာ​ပြောလိုက်သည်။

"ယွမ်ရှင်းကျဲကချီယုကို အဲဒီပစ္စည်း​တွေလိုလိုချင်ချင်​ပေးခဲ့တာ၊ ချီယုကလည်းကလည်းသူ့ဆန္ဒနဲ့သူ​ရောင်းတာ၊ ဒီ​တော့ငါ​ရောင်းတာ ဘာမှား​နေလို့လဲ"

ဟယ့်​ဟောင်မင်မှာ စုကျီနန်အား​အေးစက်စွာကြည့်လျက် အလှည့်စားခံရ​သောခါးသည်းမှုနာကျင်မှုများဖြင့် "စုကျီနန်ငါမင်းကိုသိပ်စိတ်ပျက်တယ်"

စုကျီနန်ကမူဟယ့်​ဟောင်မင်အား​အော်ဟစ်လိုက်သည်။

"မင်းဘာလို့ဟန်​ဆောင်​နေတာလဲ၊ မင်းအဲဒါ​တွေကို၀ယ်တုန်းကအရမ်း​ကျေနပ်​နေခဲ့တာ​လေ၊အခုကျငါ့ကိုစိတ်ပျက်တယ်ဟုတ်လား၊ ယွမ်ရှင်းကျဲ​ပေးထားတဲ့ဟာ​တွေသာမရှိရင် မင်းဒီ​နေ့ဘာများလုပ်နိုင်မှာလဲ

​ကျောင်းအသင်းကို​တောင်၀င်နိုင်မှာလား"

စုကျီနန်ထံမှသ​ရော်ခံရမှု​ကြောင့် ဟယ့်​ဟောင်မင်၏မျက်နှာမှာ ဖြူ​ဖျော့သွားခဲ့သည်။ သူ၏မျက်လုံးတို့မှာ လွန်ခဲ့​သော မိနစ်အနည်းငယ်ကသူ​ထေ့​ငေါ့ခဲ့​သောယွမ်ရှင်းကျဲကိုကြည့်လျက် ​ပြောမပြတတ်​သောခံစားချက်များဖြင့်ပြည့်နှက်သွား​တော့သည်၊

စုကျီနန်က​​ သူ့အား​လှောင်ရယ်လိုက်ကာ

"မင်းS+အဆင့်ရှိလို့သာပဲ၊ မင်းကBအဆင့်ကို​တောင်မချနိုင်တဲ့ အမှိုက်ကစားသမားပဲ"

ချီယုကသု့အား​အေးစက်စွာကြည့်လျက်

"စုကျီနန်မင်းဘာမင်းလူ​တွေကိုလိမ်တာဟာ မင်းရဲ့အပြစ်သပ်သပ်ပဲ"

"ပြီး​တော့မင်း" စုကျီနန်အံကိုကြိတ်လျက် ချီယုအား​ပြောလိုက်သည်၊

"မင်း​ရော ယွမ်ရှင်းကျဲဆီက ပစ္စည်း​တွေယူခဲ့တာ နည်းနည်း​နောနောလား၊ပထမနှစ်တစ်နှစ်ထဲနဲ့တင် ချီမိသားစုက ကန်ရှန်းကုမ္ပဏီက​နေမက်ခါဘယ်​လောက်များများခိုးထုတ်ထားတာလဲ၊ လူ​တွေက​တော့ ယွမ်မိသားစုက မင်းတို့မိသားစုဆီက အကျိုးအမြတ်ရ​နေတယ်ထင်ကြတယ်၊တကယ်တမ်းမှာမင်းတို့ချီမိသားစုကသာ ဂုတ်​သွေးစုပ်​နေတာမဟုတ်ဘူးလား၊ မင်းမှာငါ့ကိုအပြစ်​ပြောဖို့ ဘာအရည်အချင်းရှိလဲ"

ချီယု၏လက်နှင့်​ခြေတို့မှာ ချက်ချင်း​အေးစက်လာ​တော့သည်။ သူသည်စိတ်လှုပ်ရှားစွာတံ​တွေးမြိုချလိုက်ပြီး ယွမ်ရှင်းကျဲအားအမြန်ကြည့်လိုက်မိသည်၊

ယွမ်ရှင်းကျဲ၏​လေသံမှာ ခံစားချက်တစိုးတစိမျှမပါရှိပဲရှင်းလင်းလျက်ပင် "ဘယ်​လောက်များများအ​ကြွေးတင်​နေတာလဲ၊ မင်းဘာမင်းပြန်စဥ်းစားပါ"

သူကိုယ်တိုင်လည်း​ငွေမည်းများကိုသိပ်မလိုချင်လှ​ချေ။ ထို့အပြင်သူ့တွင်မူလယွမ်ရှင်းကျဲအားသနားစိတ်သာရှိသည်၊ အကယ်၍ချီယုသာ​ငွေများကိုသူ့ထံပြန်​ပေးနိုင်လျှင် မူလပိုင်ရှင်၏အစွဲတချို့ကိုပျယ်​စေလိမ့်မည်ဟု​မျှော်လင့်မိသည်ပင်။

ဟယ့်​ဟောင်မင်ကယွမ်ရှင်းကျဲအားကြည့်လျက် သူ၏လည်​စေ့မှာလှုပ်ရှား​နေခဲ့သည်။ သူ၏မက်ခါပစ္စည်းများမှာ ယွမ်ရှင်းကျဲထံမှရရှိထားသည်များဖြစ်​​နေမည်ဟု မ​မျှော်လင့်ထားမိ​ချေ။ ရုတ်တရက်သူသည် အ​ခြေအ​နေက​ပြောင်းပြန်လှန်သွားသလိုခံစားရသည်။ ခံစားချက်မျိုးစုံကသူ့အားအလွန်မသက်မသာဖြစ်​စေသည်။

သူက​​ရှေ့သို့တိုးလျက် ယွမ်ရှင်းကျဲအား​တောင်းပန်လိုခဲ့သည်။ သို့​သော်သူဘာကိုမှ​ပြောမထွက်​ချေ၊

သူကိုယ်တိုင်ယွမ်ရှင်းကျဲကို​ပြောခဲ့​သော ရက်စက်​သောစကားလုံးများကိုသတိရမိလျှင် လွန်စွာရှက်ရွံ့မိ​တော့သည်၊

ယွမ်ရှင်းကျဲဘာမှမတုံ့ပြန်သည်ကိုမြင်လျှင် ချီယုက​​ရှေ့သို့လှမ်းလျက် လက်ကိုဖမ်းဆွဲချင်ခဲ့သည်။

သို့​သော်ချီယု၏လက်မှာ ဖြတ်ခနဲရိုက်ထုတ်ခံလိုက်ရ​တော့သည်။

​လော့၀မ်ချွမ်းမှာမည်သည့်အချိန်က ယွမ်ရှင်းကျဲ၏​ဘေးကို​​ရောက်​နေခဲ့သလဲမသိ​ချေ။ သူ၏ရှည်လျား​သောအရပ်ဖြင့် ​​ဘေးပါတ်၀န်းကျင်အားကာလိုက်ကာ ချီယုအား​အေးစက်စွာ​ပြောလိုက်သည်၊

"မင်းနဲ့စုကျီနန်နဲ့ နှစ်​ယောက်​ပေါင်း​ပေးရမယ့်အ​ကြွေးကို​သေချာတွက်ထားပါ၊ ယွမ်ရှင်းကျဲကိုမ​နှောင့်ယှက်ပါနဲ့"

စုကျီနန်၏​လေသံမှာတုန်ရီလျက်

"ငါ့မှာ​ငွေအများကြီးမရှိပါဘူး"

"ဒါဆို​ကျောင်းကထွက်"

​လော့၀မ်ချွမ်း၏​လေသံမှာလွန်စွာ​အေးစက်လှသည်။သူ၏စကားလုံးများကစုကျီနန်အားဓါးသဖွယ်​ဖောက်ထွင်းသွားခဲ့သည်။

၄င်းကိုမြင်လျှင် ချီယုကအမြန်​ပြောလိုက်သည်။

"ငါပြန်​ပေးမှာပါ ရှင်းကျဲ ငါ့ကိုနား​ထောင်နိုင်မလား၊ ငါတကယ်မရည်ရွယ်ပါဘူး"

"ဒါကိုမှတကယ်မရည်ရွယ်ဘူးဆိုရင် ရူး​နေလို့လား" ​

လော့၀မ်ချွမ်းမှာ ချီယုအားနည်းနည်းမှမျက်နှာသာမ​ပေးခဲ့​ချေ။သူသည် ယွမ်ရှင်းကျဲနှင့်ချီယုကြား နံရံကြီးသဖွယ် ကာဆီး​နေခဲ့သည်။

ချီယုမှာ​လော့၀မ်ချွမ်း၏စကား​ကြောင့် သီး​တော့မတက်​ပင်။ ​ဘေးပါတ်လည်ရှိမျက်၀န်းများမှာလည်း သူ့အား​လှောင်​ပြောင်​နေကြသည်။

ယွမ်ရှင်းကျဲမှာ ​လော့၀မ်ချွမ်းအား အ​ငေးသားကြည့်​နေမိစဥ် တဖက်လူမှာ​ဘေးမှအကြည့်တို့မှ သူ့အား သန်မာ​သောလက်​မောင်းများကြားထည့်လျက် ကာကွယ်လိုက်သည်ကို မြင်လိုက်ရ​လေသည်။

ယွမ်ရှင်းကျဲအသိပြန်၀င်လာချိန်တွင် ​လော့၀မ်ချွမ်းမှာသု့အား လူအုပ်အ​ေ၀းမှ ​ခေါ်ထုတ်သွားခဲ့ပြီးဖြစ်​လေသည်။

ချီယုက​​နောက်မှလှမ်း​အော်​ပြော​နေခဲ့သည်။ "ရှင်းကျဲမသွားပါနဲ့ ငါမင်းကို ၆၉၀၀၀၀ယွမ်​ပေးမှာပါ၊ ရှင်းကျဲ"

လုရန်ရှုကမျက်​မှောင်ကျုံ့လျက် "နားညီးလိုက်တာ၊ မင်းပိုက်ဆံအရင်​ပေးပြီးမှဆက်​ပြောလို့ရမလား"

ချီယုမျက်နှာမှာဖြူ​ဖျော့လျက် ဘာကိုမှမဆိုနိုင်​တော့။

​လော့၀မ်ချွမ်းကယွမ်ရှင်းကျဲအား ချယ်ရီ​တောအုပ်ထံ​ခေါ်ထုတ်သွားခဲ့သည်။

ယွမ်ရှင်းကျဲမှာ​တံ​တွေးကိုမြိုချလျက် တိုးတိုး​လေး​ပြောလိုက်သည်။

"စီနီယာကိုဒုက္ခ​ပေးမိပြန်ပြီ"

ယွမ်ရှင်းကျဲမှာ မိမိသည်​လော့၀မ်ချွမ်းအားရှက်စရာအ​ကောင်းဆုံးအ​ခြေအ​နေမျိုးတွင်သာအမြဲ​တွေ့​နေရသလိုခံစားရသည်။

"မင်းသူတို့နဲ့ မဆက်ဆံချင်ရင် သူတို့နဲ့​ဝေးဝေး နေလို့ရတယ်"​လော့၀မ်ချွမ်းကယွမ်ရှင်းကျဲအားငုံ့ကြည့်လျက် သူ၏​လေသံမှာတည်ငြိမ်​နေခဲ့သညံ္

"သူတို့နဲ့မဖြစ်မ​နေ​တွေ့ဖို့လိုရင် ငါမင်းနဲ့လိုက်ခဲ့​ပေးမယ်"

​လော့၀မ်ချွမ်းမှာယွမ်ရှင်းကျဲ၏​ဘေးတွင် ခိုင်မာစွာ ညင်သာစွာအမြဲရပ်​နေ​ပေး​ခဲ့သည်။

ချီယု၏"ငါမင်းအ​ပေါ်​ကောင်းပါ့မယ်"ဟူ​သော စကားများကဲ့သို့မဟုတ်ပဲ" ​လော့၀မ်ချွမ်းမှာသူ့အ​ပေါ် အလွန်ကြင်နာလွန်းလှသည်ဟုခံစားမိ​လေသည်။ သူကအမြဲကာကွယ်​ပေးရန်အသင့်ရှိ​နေ​ပေးသည်။

ထို့​ကြောင့် သူ ယွမ်ရှင်းကျဲ မငြင်းဆန်နိုင်ခြင်းဖြစ်ပါလိမ့်မည်။

xxxxx

Continue Reading

You'll Also Like

770K 31K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
2.9M 190K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
124K 14.4K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...