အိုမီဂါအဖြစ် ကူးပြောင်းပြီးနေ...

By Azure5549

1.1M 130K 2.5K

Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... More

မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
hello သတင်းကောင်းလေးပါရှင့်
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175 ( End )
IQ team က အသစ်ပြန်တဲ့ အပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင့်

67

5.9K 798 17
By Azure5549

Chapter 67

ဟဲဟောင်မင်က မုန်တိုင်းမက်ခါပေါ်တက်လိုက်ပြီး တိုက်ခိုက်ရန်ပြင်လိုက်သည်။

ယွမ်ရှင်းကျဲအမြင်တွင် အဆိုပါမက်ခါ၌ အသုံးပြုထားသည့်ပစ္စည်းများမှာ အလွန်အရည်အသွေးကောင်းသော်လည်း ဒီဇိုင်းကပုံစံမကျပေ။

သူ ကြယ်နှစ်ထပ်ပင်မ မက်ခါအား စတင် မောင်းနှင်လိုက်သည့်အချိန်တွင် ပရိတ်သတ်က တိတ်ကျသွားလေသည်။

ပြိုင်ပွဲစလေပြီ။

ကြီးမားသောမက်ခါကြီးနှင့် မက်ခါသားရဲတို့ရှိမီးအလင်းရောင်များမှာ ပြိုင်တူလင်းလာခဲ့သည်ာ

ယွမ်ရှင်းကျဲက.လက်ဦးမှုယူကာ စတင်တိုက်ခိုက်လိုက်သည်။

မုန်တိုင်းမက်ခါ၏တိုက်ခိုက်ပုံမှာ အတော်လေးရှေးရိုးဆန်သည်။ သူက ခံစစ်အလေးသာပြီး ပြိုင်ဘက်မက်ခါအားကုန်နေချိန်တွင် အလစ်ချောင်းတိုက်ခိုက်လေ့ရှိသည်။

နားလည်အောင်ပြောရမည်ဆိုလျှင် တင့်ကားများ၏လုပ်ဆောင်မှုနှင့်တူသည်။ ဒိုင်းကာလည်းဖြစ်နိုင်သလို သေစေနိုင်သည့်အနီးကပ်ရန်သူလည်းဖြစ်သွားနိုင်သည်။

ယွမ်ရှင်းကျဲ၏ကြောင်က အရင်ပြေးသွားပြီး ပင်မမက်ခါက နောက်ကလိုက်လာသည်။

မက်ခါနှစ်ခုက လက်နက်များကိုယ်စီထုတ်လိုက်ပြီး မုန်တိုင်းမက်ခါပေါ်သို့ တစ်ခုပြီးတစ်ခုဆက်တိုက်ပစ်ချရန်ပြင်ဆင်လိုက်သည်။

ယွမ်ရှင်းကျဲ၏မက်ခါမှ သတ်ဖြတ်လိုရိပ်အပြည့်ပါသည့် ပန်းရောင်အလင်းဓားနှင့် အပြာရောင်အလင်းဓား ဖြာထွက်လာသည်။ ထိုစဥ် မက်ခါသားရဲက အလင်းကြာပွတ်ဖြင့် မုန်တိုင်းမက်ခါ၏လက်မောင်းများကို ချုပ်နှောင်ရန်ကြံရွယ်လိုက်သည်။

ဟဲဟောင်မင်က မလှုပ်ရှားပဲနေရာ၌သာ ရပ်တန့်နေသည်။ မက်ခါသားရဲ၏ အလင်းကြာပွတ်များ သူနှင့်နီးကပ်လာသည့်အခါ သိပ်သည်းကြီးမားသောလက်မောင်းများကို လွှဲယမ်းလိုက်ပြီး မုန်တိုင်းဒိုင်းကာကို ထုတ်လွှတ်လိုက်သည်။

“ကလန်–”

မက်ခါသားရဲ၏ အလင်းကြာပွတ်များသည် ဒိုင်းကာကြောင့် ပိတ်ဆို့ခံလိုက်ရသည်။ ယွမ်ရှင်းကျဲ၏ အလင်းဓားနှစ်ခုသည်လည်း ပြန်ကန်ထွက်လာကာ လွင့်သွားခဲ့သည်။

မုန်တိုင်းမက်ခါက လက်အနည်းငယ်လွှဲယမ်းရုံဖြင့် ယွမ်ရှင်းကျဲ၏ အနိုင်ကွက်မှာ ချက်ချင်းဖျက်ဆီးခံလိုက်ရလေသည်။

မက်ခါသားရဲ၏ အလင်းကြာပွတ်နှင့် သူ၏အလင်းဓားများက ပြန်လည်မွမ်းမံထားခြင်းဖြစ်သည်။ သို့ရာတွင် မုန်တိုင်းမက်ခါအတွက်မူ ခြိမ်းခြောက်မှုဖြစ်မလာပေ။

အဆိုပါလှည့်ကွက်က အလုပ်မဖြစ်သည့်အခါ ယွမ်ရှင်းကျဲအား အားပေးနေသူအချို့သည် စတင်၍ပူပန်လာကြသည်။

နောက်တစ်စက္ကန့်တွင် ယွမ်ရှင်းကျဲနှင့်မက်ခါသားရဲက အကွာအဝေးတစ်ခု ထပ်မံတိုက်ခိုက်လိုက်ကြသည်။

မက်ခါသားရဲက သံချိန်းကြိုးဓားကို ယမ်းလိုက်သည်။

မုန်တိုင်းမက်ခါက ဒိုင်းကိုရုတ်သိမ်းလိုက်ပြီး ချိန်းကြိုးကိုလက်ချည်းသပ်သပ်ဖမ်းကိုင်လိုက်ကာ အရှိန်ပြင်းပြင်းနှင့်မွှေးယမ်း၍ လွှင့်ပစ်လိုက်သည်။ ရုပ်ဆိုးဆိုးကြောင်မှာ မြေပြင်နှင့်ထိကာနီးပင် ဖြစ်သွားခဲ့သည်။

ကံကောင်းစွာဖြင့် ယွမ်ရှင်းကျဲက လျှင်မြန်စွာလှုပ်ရှားလိုက်ရာ ကြောင်က ဘောလုံးတစ်လုံးကဲ့သို့ကွေးချလိုက်ပြီး မြေပြင်နှင့်အရိုက်ခံရမည့်ဘေးမှ လက်မတင်လေးလွတ်သွားသည်။

ပရိတ်သတ်က ယွမ်ရှင်းကျဲအတွက် စိတ်မကောင်းဖြစ်လာကြသည်။

“အင်အားက အတော်လေးကွာတယ်…”

“ယွမ်ရှင်းကျဲက ဘယ်လောက်မြန်မြန် Sအဆင့်မက်ခါကိုတော့ ယှဥ်နိုင်မှာမဟုတ်ဖူး....”

“ဟဲဟောင်မင်က ယွမ်ရှင်းကျဲကို ကစားနေသလိုပဲ....”

ထိုစဥ် အရပ်ရှည်ရှည်ပုံရိပ်နှစ်ခု ရောက်ရှိလာသည်။

အက်ရှလေက ချွေးများစွာထွက်နေပြီး လက်ထဲတွင် ပန်ကာအသေးလေးကိုင်ထားသည်။

“နင်ငါ့ကို.နည်းနည်းလေးတောင် အလျှော့မပေးဘူး...ခုတော့ S အဆင့်တွေထဲမှာငါ့အမှတ်ကအနည်းဆုံးဖြစ်နေလောက်ပြီ...”

သူမက ပြောရင်းမျက်လုံးများလိမ့်လိုက်သည်။

“၈မိနစ်နဲ့အဆုံးသတ်မယ်ပြောထားတယ်လေ....” လော့ဝမ်ချွမ်းက ပြိုင်ကွင်းAကိုအာရုံစိုက်ကြည့်ရင်း ပရိတ်သတ်နေရာသို့သွားလိုက်သည်။

“ဘယ်သူကအဲ့သောက်၈မိနစ်ကို သဘောတူလို့လဲ...”

လော့ဝမ်ချွမ်းနှင့် အက်ရှလေက အခုလေးတင်ပြိုင်ပွဲပြီးထားသည့် ခယ့်လိုင်ထံလျှောက်သွားကြသည်။ သူတို့ရောက်ရှိလာမှုက လူအားလုံး၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

“Sအဆင့်လေးယောက်လုံး ဒီပွဲကိုလာကြည့်ကြတာလား...”

“ဟုတ်တယ်...ဟဲဟောင်မင်ရဲ့ပြိုင်ပွဲကို အားလုံးကစိတ်ဝင်စားကြပုံပဲ...”

“ဟဲဟောင်မင်က လော့ဝမ်ချွမ်းပြီးရင် အတော်ဆုံး Sအဆင့်မဟုတ်လား....”

ခယ့်လိုင်က သူတို့နှစ်ဦးကိုခေါင်းညှိတ်ပြလိုက်သည်။

“ပြိုင်ပွဲစတာ ၃မိနစ်လောက်ရှိပြီ...ဟဲဟောင်မင် ဒိုင်းကာထုတ်လိုက်ကတည်းက ညီလေးယွမ် သူ့ကိုဘာမှမလုပ်နိုင်သေးဘူး...”

အက်ရှလေက လော့ဝမ်ချွမ်းကိုစနောက်လိုက်သည်။

“အိုး...နင့်ရဲ့စက်ပြင်ဆရာလေးတော့ အခက်တွေ့နေပြီ...ဒီလိုတိုက်တာက အနိုင်ရနိုင်ချေ အရမ်းနည်းမှန်းသူသိတယ်မဟုတ်လား..ဒါမှမဟုတ် သူအရမ်းပျင်းနေလို့ ဟဲဟောင်မင်ကိုထိပ်တိုက်ရင်ဆိုင်နေတာလား...”

ခယ့်လိုင်က အက်ရှလေကိုမေးလိုက်သည်။

“အမအက်ရှလေ...ကျွန်တော်ကြားတာတော့ အမက ဟဲဟောင်မင်ကိုနိုင်ဖူးတယ်ဆို...”

“ငါနိုင်ခဲ့တယ်...ဒါပေမယ့်ငါက အရိပ်မက်ခါကိုမောင်းတာ...,”

အက်ရှလေကပြန်ပြောလာသည်။

“ဟဲဟောင်မင်ရဲ့အင်အားက အရင်နှစ်ကထက် အများကြီးပိုသန်မာလာတယ်...မနှစ်ကငါ အလစ်ဖမ်းတိုက်လို့ နိုင်သွားခဲ့တာ...မောင်လေးယွမ်ရဲ့မက်ခါက အဲ့လိုမလုပ်နိုင်မှာစိုးရတယ်…”

“ဆိုတော့ပြောရရင် မုန်တိုင်းမက်ခါနဲ့တိုက်မယ့်လူက တဖက်မက်ခါကို အလစ်ဖမ်းတိုက်ဖို့အခွင့်အရေးကိုစောင့်ဖို့လိုအပ်တာပေါ့....”

ခယ့်လိုင်က မျက်မှောင်ကြုတ်လိုက်သည်။.

“ညီလေးယွမ် လက်ရှိတိုက်ခိုက်နေတဲ့ပုံစံက အတော်လေးအန္တရာယ်များတာပဲ...”

အက်ရှလေက တိတ်ဆိတ်နေသော လော့ဝမ်ချွမ်းကိုကြည့်လိုက်သည်။

“ချွမ်းကြီး...နင့်ရဲ့စက်ပြင်ဆရာလေးကို ဘာမှမသင်ပေးထားဘူးလား..ကြည့်ရတာ နင်သူ့ကိုသိပ်ဂရုမစိုက်သလိုပဲ...”

လော့ဝမ်ချွမ်းက ပြိုင်ကွင်းကိုသာဆက်ကြည့်နေသည်။ ယွမ်ရှင်းကျဲက မုန်တိုင်းမက်ခါနှင့်ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ခြင်းမှာ သူ့စိတ်ကူးနှင့်သူရှိလိမ့်မည်ဟု ယူဆထားသည်။

ပြိုင်ပွဲစချိန်မှ လေးမိနစ်ကြာလာသည့်အချိန်တွင် ယွမ်ရှင်းကျဲ အတွက်စတင်အန္တရာယ်များလာပြီဖြစ်သည်။ ဟဲဟောင်မင်က ဒိုင်းကာကိုကာကွယ်ရန်သုံးထားပြီး အနီးကပ်တိုက်ခိုက်မှုကိုပါ စတင်လာခဲ့သည်။ အကြိမ်အနည်းငယ်ကြာသည့်အခါ သူက ယွမ်ရှင်းကျဲ၏တိုက်ခိုက်မှုကို အာရုံနောက်လာဟန်ဖြင့် ဒိုင်းကာကိုဖယ်ရှားလိုက်သည်။

ဟဲဟောင်မင်က တိုက်ခိုက်မှုစတင်တော့မှာဖြစ်သည်။

ပွဲကြည့်စင်ရှိကျောင်းသားများ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

အော်ရီရယ်က ပင့်သက်ရှိုက်လိုက်သည်။

“နောက်ငါးမိနစ်အတွင်းမှာ ဟဲဟောင်မင်စတိုက်လိမ့်မယ်...”

“ပုံမှန်ဆိုရင် ပြိုင်ပွဲစပြီးဆယ်မိနစ်လောက်ကြာမှ မုန်တိုင်းမက်ခါတွေက စ တိုက်ရမှာ..သူတို့ကနှေးတဲ့အတွက် ရန်သူအားကုန်မှထိထိရောက်ရောက်တိုက်ခိုက်နိုင်တာမဟုတ်လား..".

ကျိုးဖေးရွှယ်က မျက်မှောင်ကြုတ်လိုက်ကာ စိတ်ပျက်သောအသံဖြင့်ပြောလာသည်။

“ဟဲဟောင်မင်က ရှင်းကျဲထက် နှစ်ဆင့်ပိုမြင့်တာကြောင့် အခုကတည်းကတိုက်ဖို့ရွေးချယ်လိုက်တာထင်တယ်....”

လူရန်ရှုက စိတ်ပူနေကာ နဖူးတွင်ချွေးပျံလျှက်ရှိသည်။

“မုန်တိုင်းမက်ခါ ဒိုင်းကာဖယ်လိုက်တဲ့အချိန်က ပြိုင်ဖက်အတွက်အန္တရာယ်အများဆုံးလို့ပြောတယ်...ရှင်းကျဲအဆင်ပြေပါ့မလား..”

လုရန်ရှုစကားမဆုံးခင် ယွမ်ရှင်းကျဲက မုန်တိုင်းမက်ခါထံမှဆုတ်ခွာလိုက်သည်။ သူက ၅မီတာလောက်ဆုတ်ခွာပြီးချိန်တွင် မုန်တိုင်းမက်ခါက ကျောနောက်မှ လျှပ်စစ်သံလိုက်ဘားတန်းကို ဆွဲယူလိုက်သည်။ ထို့နောက် လေမုန်တိုင်းပုဆိန်ကြီးအဖြစ် လျှင်မြန်စွာတပ်ဆင်လိုက်၏။

အဆိုပါ ပုဆိန်အမျိုးအစားက အလွန်ကြီးမားလေးလံသည့်အလျှောက် မက်ခါများတိုက်ခိုက်ရာ၌ တော်ရုံအသုံးပြုလေ့မရှိကြချေ။

ပုဆိန်ပေါ်လာချိန်တွင် မြေပေါ်၌အရိပ်ကြီးတစ်ခုအဖြစ်မိုးသွားခဲ့သည်။ လျှပ်စစ်သံလိုက်၏ ငွေဖြူရောင်အလင်းက ပုဆိန်ထိပ်ဖျားတွင် တဖျပ်ဖျပ်လင်းလက်နေသည်။

ဟဲဟောင်မင်က ယွမ်ရှင်းကျဲ၏မက်ခါသားရဲထံသို့ ပုဆိန်ကိုလွှဲကာခုတ်ချလိုက်သည်။

ပွဲကြည့်စင်မှ အာမေဋိတ်သံများတန်းစီထွက်လာသည်။ ပုဆိန်က ဥက္ကာပျံ၏အမြန်နှုန်းဖြင့် လွှဲယမ်းလာကာ မက်ခါသားရဲအား သေချာပေါက်နှစ်ပိုင်းဖြတ်နိုင်လေသည်။

ကင်းထောက်မက်ခါက ပိုင်းဖြတ်ခံရပါက သူ့အားထိန်းချုပ်နေသည့် ယွမ်ရှင်းကျဲစိတ်စွမ်းအားသည်လည်း ပြင်းထန်စွာထိခိုက်သွားနိုင်သည်။

အံ့သြစရာကောင်းစွာပင် ကြောင်ရုပ်ဆိုးက မျက်စိဖြင့်မမြင်နိုင်သောအမြန်နှုန်းဖြင့် ရုတ်တရက်ခုန်ကျော်လိုက်သည်။.

ပုဆိန်ကလည်း သူ့နောက်သို့လိုက်ခုတ်သည်။

ပရိတ်သတ်က သားသတ်သမား၏ လိုက်လံသတ်ဖြတ်ခြင်းခံရသော သနားစရာကြောင်ကိုကြည့်နေကြရင်း အသက်ရှူဖို့ပင်မေ့နေကြသည်။

“ဘွမ်း—”

ကြောင်ရုပ်ဆိုးက လေထဲသို့ခုန်ပြီးပြီးချင်း မုန်တိုင်းမက်ခါ၏မျက်နှာနားသွား၍ သူ၏အမြှီးကိုမြှောက်ကာ ဓာတ်ငွေ့များထုတ်လွှတ်လိုက်သည်။

ဓာတ်ငွေ့က အချိန်ကိုက်ထွက်လာပြီး ဟဲဟောင်မင်၏သုံးသပ်နိုင်စွမ်းကို နှောင့်ယှက်လိုက်သည်။ ပုဆိန်ကလွဲသွားကာ ကြောင်ရုပ်ဆိုးလည်းလွတ်မြောက်သွားခဲ့သည်။

အားလုံးက စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်သည်။

“အိုးမိုင်ဂေါ့...အရမ်းစိတ်လှုပ်ရှားစရာကောင်းတာပဲ..”

“ငါထင်တာ ဒီတစ်ခါကြောင်ရုပ်ဆိုးတော့သွားပြီလို့...ယွမ်ရှင်းကျဲက တုံ့ပြန်မှုအားအတော်လေးကောင်းတာပဲ....”

“ကံကောင်းလို့...သူကရိုးရာမပျက် လေလည်နေတုန်းပဲ...”

“ဒီတစ်ခါလေလည်တာက ကာလက်တုန်းကထက်ပိုပြင်းလောက်တယ်…”

“အရမ်းချစ်ဖို့ကောင်းတယ်...ငါလည်းသူလေလည်တာခံချင်တယ်..”

“ငါလည်း သူလေလည်အောင် စချင်တယ်..”

xxxxx

Continue Reading

You'll Also Like

120K 5.3K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
638K 71.2K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
703K 30.4K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...
770K 31.1K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....