အိုမီဂါအဖြစ် ကူးပြောင်းပြီးနေ...

By Azure5549

1.1M 129K 2.5K

Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... More

မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
hello သတင်းကောင်းလေးပါရှင့်
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175 ( End )
IQ team က အသစ်ပြန်တဲ့ အပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင့်

51

6.1K 862 8
By Azure5549

Chapter 51

ယွမ်ရှင်းကျဲက မက်ခါသားရဲအား ကြယ်တံခွန်မက်ခါအသေးစားပုံစံမျိုး မွမ်းမံခဲ့ခြင်းဖြစ်သည်။

သူက ကာလက်ကြယ်တံခွန်မက်ခါ၏ဖွဲ့စည်းပုံကို အသေးစိတ်မှတ်သားထားခဲ့ပြီး မက်ခါသားရဲ၏ ခြေလက်အင်္ဂါများနှင့်လက်နက်များကို ဒီဂရီအမျိုးမျိုးဖြင့်ပြုပြင်မွမ်းမံကာ ကြယ်တံခွန်မက်ခါ၏လုပ်ဆောင်မှုအတိုင်း မွမ်းမံခဲ့လေသည်။

တနည်းအားဖြင့် ယွမ်ရှင်းကျဲ၏လက်ရှိမက်ခါသည် ကြယ်တံခွန်မက်ခါနှင့် ကြယ်နှစ်ထပ်မက်ခါအား ပေါင်းစပ်ထားခြင်းဖြစ်လေသည်။.

စုကျီနန်က ကြောင်ရုပ်ဆိုးအား စတင်၍ကြောက်လန့်လာခဲ့သည်။ နှစ်ယောက်တစ်ယောက်တိုက်နေရသည်ဟုပင် သူခံစားနေရလေသည်။

စုကျီနန် မက်ခါသားရဲ၏ချုပ်နှောင်မှုအား ခံလိုက်ရသည်နှင့် ယွမ်ရှင်းကျဲက အလင်းဓားများကိုထုတ်ကာ ကြယ်ပျံမက်ခါအားခုတ်ချလိုက်သည်။

အဆိုပါဓားနှစ်လက်သာ မက်ခါအပေါ်သို့တစ်ချိန်ထဲကျရောက်သွားခဲ့ပါက မျှော်လင့်ထားသည့်အတိုင်း ထိခိုက်မှုကြီးကြီးမားမားဖြစ်ပေါ်စေမှာပင်။

ယွမ်ရှင်းကျဲ အနိုင်ရသွားပြီဟု အားလုံးထင်လိုက်ကြသည်။

“အုန်း...”

ကြယ်ပျံမက်ခါက အင်အားကုန်သုံးကာ ဒိုင်းကာကိုထုတ်လိုက်ပြီး အလင်းဓားများ၏တိုက်ခိုက်မှုအားကာကွယ်လိုက်သည်။

ထိုဒိုင်းကာက မောင်းနှင်သူအန္တရာယ်ကျရောက်သည့်အချိန်တွင်သာ မဖြစ်မနေအသုံးပြုရခြင်းဖြစ်ပြီး မက်ခါ၏ခေါင်းအစခြေအဆုံး ကာကွယ်ပေးထားသည့် မိုးပြာရောင်အလင်းကိုထုတ်လွှတ်နေလေသည်။

သို့ရာတွင် အဆိုပါဒိုင်းကာက စွမ်းအင်အကုန်အကျများလှသည်။ ယေဘူယျအားဖြင့် ကြယ်ပျံမက်ခါများက တိုက်ပွဲပြီးခါနီးအချိန်မျိုးတွင်သာ ဒိုင်းကာကိုထုတ်လေ့ရှိကြသည်။

ဒိုင်းကာပျောက်ကွယ်သွားသည်နှင့် တန်း၍ထိုးစစ်စင်ရမှာဖြစ်ပြီး မဟုတ်ပါက သေချာပေါက်အရှုံးနှင့်ရင်ဆိုင်ရမည်သာ။

ယွမ်ရှင်းကျဲက အလင်းဓားများကိုပို၍အားထည့်ကာ ကိုင်ဆောင်လိုက်ပြီးသည့်နောက် ဒိုင်းကာအားခုတ်ဖြတ်ရန်ပြင်လိုက်သည်။ သို့သော် ဒိုင်းကာ၏ခံနိုင်ရည်မှာ အလွန့်မြင့်မားသည့်အလျှောက် ထက်မြသောအလင်းဓားများပင် ထိုးဖောက်နိူင်ခြင်းမရှိခဲ့ချေ။

စုကျီနန်က ဤတစ်ကြိမ်မှာနောက်ဆုံးအခွင့်အရေးဖြစ်သည်ကို သိရှိထားခဲ့သည်။

သူက နည်းလမ်းအမျိုးမျိုးကိုစဥ်းစားနေခဲ့သည်။ ကြောင်ရုပ်ဆိုးကိုရိုက်ထုတ်ပစ်ကာ ယွမ်ရှင်းကျဲကို ချက်ချင်းတိုက်ခိုက်နိုင်မှသာလျှင် သူအနိုင်ရမှာဖြစ်သည်။

ပြိုင်ပွဲမှာ နှစ်ဆယ့်တစ်မိနစ်ကြာမြင့်သွားလေပြီ။

လုရန်ရှုအသက်ရှူသံ မြန်ဆန်လာခဲ့သည်။ ယွမ်ရှင်းကျဲ ရှူံးနိမ့်တော့မည်ဟု သူထင်ခဲ့သည်။ သို့သော် တိုက်ပွဲအခြေအနေမှာပြောင်းပြန်ဖြစ်သွားခဲ့ပြီး ယွမ်ရှင်းကျဲကအသာစီးရသွားခဲ့သည်။ သို့ရာတွင် စုကျီနန်ကလည်းပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိနေသေးသည်။

ရလဒ် မကြာခင်ထွက်ပေါ်လာတော့မည်။

သို့ရာတွင် အနိုင်ရသူအားမည်သူမှမခန့်မှန်းနိုင်ကြသေးချေ။

ကျိုးဖေးရွှယ်ကဲ့သို့ အတွေ့အကြုံကြွယ်ဝသူပင် အသက်ရှူအောင့်ထားမိလေသည်။

မကြာခင် စုကျီနန်၏မက်ခါက ဒိုင်းကာအောက်မှလှုပ်ရှားလာခဲ့သည်။ သူက မက်ခါသားရဲ၏အလင်းကြာပွတ်များအောက်မှ ခက်ခက်ခဲခဲရုန်းထွက်နေဟန်ပင်။

ငါဒါတွေဆီကလွတ်ရင် ပြန်ပြီးတိုက်ဖို့အခွင့်အရေးရနိုင်တယ်...

စုကျီနန်က ရုန်းနေရင်းတန်းလန်းနှင့်ပင် လက်မောင်းပေါ်ရှိအလင်းကြာပွတ်များက အားလျော့သွားသည်ကို ခံစားမိခဲ့သည်။

“အဲ့ကြောင်က အလင်းကြာပွတ်တွေကိုတဖြည်းဖြည်းဖြေလျော့ပေးနေသလိုပဲ...”

“ဆက်ပြီးမထိန်းနိုင်တော့တာများလား...”

“ဖြစ်နိုင်တာ ယွမ်ရှင်းကျဲရဲ့ကာယကြံ့ခိုင်မှုက ဂိတ်ဆုံးရောက်သွားတာလား...”

“အိုးမိုင်ဂေါ့...ယွမ်ရှင်းကျဲအန္တရာယ်ကျနေပြီလား…”

စုကျီနန်က အခွင့်အရေးကိုအပြည့်အဝအသုံးချကာ လက်ကိုမြှောက်လိုက်ပြီးနောက် သေနတ်ဖြင့်ယွမ်ရှင်းကျဲဦးခေါင်းကိုချိန်ရွယ်လိုက်သည်။

သို့သော် သူသေနတ်ပစ်ရန် အခွင့်အရေးမရလိုက်ချေ။

မက်ခါသားရဲက ဤတစ်ကြိမ်၌ အလင်းကြာပွတ်အစား ချိန်းကြိုးဖြင့်ဆက်ထားသည့်ဓားကိုဝေ့ယမ်းလိုက်ပြီး ကြယ်ပျံမက်ခါ၏လက်မောင်းကိုခုတ်ချလိုက်သည်။

“ဘုန်း...”

ကြီးမားသောအသံက ပဲ့တင်ထပ်သွားခဲ့ပြီးနောက် အကာအကွယ်အမိုးခုံးထံသို့ ဒိုင်းကာကလွင့်ပျံလာခဲ့သည်။

စုကျီနန်မက်ခါ၏ ဘယ်ဘက်လက်မောင်းသည် အချိန်အတော်ကြာဆွဲ မခံရခြင်းကြောင့် ပြင်းထန်စွာပျက်စီးနေခဲ့ပြီဖြစ်သည်။ သူကမက်ခါ၏လက်မောင်းကို မသိစိတ်ဖြင့်ပင့်မြှောက်လိုက်မိချိန်တွင် လက်မောင်းနှင့်ပခုံးတစ်ခုလုံးက ပြီးပြည့်စုံသော၉၀ဒီဂရီထောင့်အနေအထားသို့ပြောင်းလဲသွားခဲ့သည်။

ယွမ်ရှင်းကျဲက စုကျီနန်ကြာပွတ်မှရုန်း၍ရရခြင်းသေနတ်ကိုအသုံးပြုမည်ဟု တွက်ဆခဲ့ပြီးသားပင်။ ထို့ကြောင့်သူက အလင်းကြာပွတ်အစား ချိန်းကြိုးဓားကိုအသုံးပြုခဲ့ခြင်းဖြစ်သည်။

ကြယ်ပျံမက်ခါ၏ ဘယ်ဘက်လက်မောင်းက မြေပြင်ပေါ်သို့ပြတ်ကျသွားခဲ့သည်။

ပရိတ်သတ်က ထိုမြင်ကွင်းတွင်ဖမ်းစားခံလိုက်ရပြီး မျက်လုံးများပြူးကျယ်လာခဲ့သည်။

“ကြယ်ပျံမက်ခါရဲ့ လက်မောင်းကဖြုတ်ချခံလိုက်ရတယ်...”

“နောက်ပြီး ကြောင်ရုပ်ဆိုးကဖြုတ်ပစ်လိုက်တာ...”

“ရှက်စရာကြီး...သမိုင်းမှာ ကြောင်ကနေပြီး တစ်စစီဖြုတ်တာခံရတဲ့ ပထမဆုံးမက်ခါမောင်းနှင်သူပဲ…”

မက်ခါ၏ဘယ်ဘက်လက်မောင်းပြုတ်သွားသည့်အခါ စုကျီနန်မျက်နှာက နာကျင်မှုကြောင့်ဖြူလျော်သွားခဲ့သည်။ သို့သော် အရှက်ရခြင်းကပိုဆိုးလေသည်။

ကြယ်တံခွန်မက်ခါကိုပင် သူရင်ဆိုင်နိုင်ခဲ့သည်။

ဒါပေမယ့် ဒီသောက်ကြောင်က သူ့လက်မောင်းကိုဖြုတ်လိုက်တယ်...

ဒေါသထွက်နေသောစုကျီနန်က တိုက်ခိုက်ရန်ပြင်လိုက်သော်လည်း ယွမ်ရှင်းကျဲက ဒိုင်းကာကွဲအက်သွားသည်ကို အခွင့်ကောင်းယူကာအလင်းဓားများအားထပ်မံအသုံးပြုလိုက်သည်။ ယခုအကြိမ်၌ ကြယ်ပျံမက်ခါ၏ညာဘက်လက်ကို ပြင်းပြင်းထန်ထန်ဖြတ်ပစ်လိုက်လေသည်။

ဒိုင်ကပြောကြားလိုက်သည်။ “ကျောင်သားစုကျီနန် အညံ့ခံမလား..”

စုကျီနန်အနေဖြင့် မက်ခါ၏လက်မောင်းများမရှိပဲ တိုက်ခိုက်ရန်မဖြစ်နိုင်ချေ။

ယွမ်ရှင်းကျဲက မြေပေါ်ရှိစက်ရုပ်လက်မောင်းနှစ်ခုကို ငေးကြည့်နေမိသည်။ နှစ်ခုလုံးက ယွမ်ကုမ္မဏီတံဆိပ်ပါရှိပြီး ချီယုအားမူလကိုယ်ပေးခဲ့ခြင်းပင်။

သူက စုကျီနန်၏မက်ခါမှ အဆိုပါတံဆိပ်ပါသည့်အရာအားလုံးကို ဆွဲဖြုတ်ပစ်လိုက်သည်။

မကြာခင် ကြယ်ပျံမက်ခါသည် တစ်စစီဖြစ်သွားခဲ့လေသည်။

ကာလက်၏ပြိုင်ပွဲများတွင် မြင်ရနေကျမြင်ကွင်းအား ယွမ်ရှင်းကျဲကတစ်ထေရာတည်းပုံဖော်ခဲ့သည်။

စုကျီနန်က အံတင်းတင်းကြိတ်လိုက်သည်။ သူ့ဘဝတွင် တစ်ခါမှဤတစ်ကြိမ်လောက်အရှက်မရခဲ့ဖူးချေ။

သူသွားသည့်နေရာတိုင်းတွင် သူက အသန်မာဆုံးအိုမီဂါဟု သတ်မှတ်ခံရလေ့ရှိသည်။ ယခုမူ ပျော့ညံ့ညံ့အိုမီဂါတစ်ယောက်အား ရှုံးနိမ့်ခဲ့လေပြီ။

သူ့နှလုံးသားထဲတွင် မလိုတမာမှုများ၊ ခါးသီးမှုများဖြင့်ပြည့်နှက်နေပြီး ယွမ်ရှင်းကျဲအားမုန်းတီးစွာ စိုက်ကြည့်နေခဲ့သည်။ သူ့လက်မောင်းများမရှိတော့သည့်အလျှောက် တိုက်ခိုက်နိုင်ခြင်းမရှိတော့။ အံကြိတ်ထားရသည်မှာလည်း သွားများပင်ကြေလုနီးနီးဖြစ်နေပြီဖြစ်သည်။

စုကျီနန်ကိုကြည့်ရသည်မှာ အညံ့ခံမည့်ပုံမပေါ်သည့်အတွက် သူလုရန်ရှုအားလုပ်ခဲ့သည့်အတိုင်း ယွမ်ရှင်းကျဲကသူ့အားကန်ကျောက်လိုက်သည်။

မက်ခါသားရဲက သူ့အားချုပ်နှောင်ထားခဲ့ပြီး ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးမပေးခဲ့ချေ။

စုကျီနန်က အနည်းငယ်ရုန်းကန်လိုက်ပြီး ကြောင်၏စီးနင်းခံရမှုကြောင့် အရှက်ကြီးရှက်နေရင်းပြောလာသည်။

“ယွမ်ရှင်းကျဲ...မင်းကိုယ်မင်းသိပ်ဟုတ်လှပြီထင်မနေနဲ့...မင်းကဒီအတိုင်း ကံကောင်းသွားရုံသက်သက်ပဲ...” သူက မက်ခါ၏ခြေထောက်များအားလှုပ်နိုင်ရန် ရုန်းကန်နေသော်လည်း ဆန့်ငင်ဆန့်ငင်သာဖြစ်နေခဲ့သည်။

ဒိုင်က စတင်၍ရေတွက်နေသည်။

ယွမ်ရှင်းကျဲက အမြောက်ကိုထုတ်လိုက်ပြီး စုကျီနန်၏ခြေထောက်ကို လုရန်ရှုဒဏ်ရာရခဲ့သည့်နေရာအတိုင်း ချိန်ရွယ်ပြီးပစ်ချလိုက်သည်။

စုကျီနန်မက်ခါက တစ်ချက်အကြောဆွဲသွားသည်။ သူ၏ညာခြေထောက်သည်လည်း မလှုပ်နိုင်တော့။

အမှတ်စဥ်ရေတွက်မှုပြီးဆုံးသွားသည်နှင့် စုကျီနန်ရှုံးသွားတော့သည်။

ပရိတ်သတ်က ဆူညံလာခဲ့သည်။

“ယွမ်ရှင်းကျဲက စုကျီနန်ကိုနိုင်သွားတာလား..”

“အိုးမိုင်ဂေါ့...စုကျီနန်ရဲ့မက်ခါက တစ်စစီအဖြုတ်ခံလိုက်ရတာပဲ...”

“ကြောက်စရာကြီး...အဲ့ဒီ့ကြောင်ကိုမောင်းနေတာက ကာလက်များလား...”

“အာ...မဖြစ်နိုင်ဘူးနော်...”

“မိုက်တယ်ကွာ...အိုမီဂါနှစ်ယောက်ရဲ့ပွဲက ဒီလောက်ထိကြမ်းတာလား...”

“ဖာ့ခ်....ငါစုကျီနန်ဘက်ကလောင်းထားတာကွ.. ကုန်ပါပြီ..”

စုကျီနန်က တစ်စစီဖြစ်နေသောမက်ခါထဲမှထွက်လာကာ သွေးတစ်ချို့ထွေးထုတ်လိုက်ပြီး ရန်စလာခဲ့သည်။

.“ယွမ်ရှင်းကျဲ...ညစ်ပတ်တဲ့အကွက်တွေသုံးတာ မရှက်ဖူးလား..”

“မင်းတောင် မင်းလုပ်ခဲ့တာအတွက်ရှက်တတ်ခဲ့လို့လား...”

ယွမ်ရှင်းကျဲက အေးစက်စွာပြောလိုက်သည်။

“ငါလုပ်ခဲ့တာအကုန်လုံးက ပြိုင်ပွဲစည်းမျဥ်းအတိုင်းပဲ...”

စုကျီနန်က နှာခေါင်းရှုံ့လိုက်သည်။

“ငါက ဘာလုပ်လို့လဲ...”

သူက ယွမ်ရှင်းကျဲသူ့အားသံသယဝင်မည်မှန်း မျှော်လင့်ထားပြီးသားပင်။ သို့သော် သက်သေမရှိသရွေ့ဘာမှတတ်နိုင်မည်မဟုတ်။

ယွမ်ရှင်းကျဲက ရွံရှာစွာကြည့်လိုက်သည်။

“ငါ့ဖယ်ရိုမုန်းကိစ္စကိဖော်ကောင်လုပ်လိုက်တာက မင်းမဟုတ်လား..”

“အဲ့တာက ချီယုလည်းပါတာပဲလေ..”

စုကျီနန်က ပျော်ရွှင်စွာရယ်မောလိုက်သည်။

“မင်းကချီယုကိုကြိုက်နေတာမဟုတ်လား...သနားစရာလေးပဲ..”

“သနားစရာကောင်းတာကမင်းပဲ...”

ယွမ်ရှင်းကျဲက သူ့ထံလျှောက်သွားလိုက်ပြီး..

“ဖိုရမ်ပို့စ်တွေရှိသေးတယ်....အဲ့ဒါတွေရဲ့နောက်ကွယ်ကလည်း မင်းပဲမဟုတ်လား...”

စုကျီနန်က တုန်လှုပ်သွားခဲ့သည်။

“မင်းမှာဘာသက်သေရှိလို့လဲ..ပြီးတော့အဲ့ဒီ့ပို့စ်တွေက အမှန်တွေချည်းပဲလေ...မင်းကအရှက်မရှိတဲ့မျိုးမစစ်ကလေးပဲ...ချီယုကသောက်ရေးမပါတဲ့ကိစ္စတစ်ခုကြောင့်သာ မင်းနဲ့ချည်နှောင်ခံလိုက်ရတာ..သူကမင်းလို့အမှိုက်သရိုက်မျိုးနဲ့ ဖူးစာဆုံသင့်တဲ့လူမဟုတ်ဖူး…”

ယွမ်ရှင်းကျဲက “ဆိုတော့...မင်းဘာမှမမှားခဲ့ဘူးပေါ့..”

စုကျီနန်၏နှုတ်ခမ်းများက ဖြူဖျော့နေခဲ့သော်လည်း.ပြတ်သားစွာပြောခဲ့သည်။

“ငါဘာမှားလို့လဲ...ငါပိုင်ရမယ့်အရာအတွက် တိုက်ခိုက်ရုံပဲလေ...”

သူက စွန့်ပစ်ကြယ်တွင် ကြီးပြင်းခဲ့ပြီး ငယ်စဉ်ကတည်းက အမှောင်ထုထဲတွင်ရောထွေးနေခဲ့ရသည်။ သူ့အားသူကိုးပြီး အသန်မာဆုံးအိုမီဂါဖြစ်လာရန်ကြိုးစားခဲ့ရသည်။

ရှင်းဟိုင်စစ်တက္ကသိုလ်သို့ ရောက်ပြီးနောက်တွင် လူများစွာ၏သဘောကျခြင်းကို ခံခဲ့ရသော်လည်း သူ၏အရည်အချင်းများကို အမှန်တကယ်တန်ဖိုးထားသူမှာ အနည်းငယ်သာရှိသည်။ ချီယုက သူတွေ့ဖူးသမျှထဲတွင် သူ့အား နွေးထွေးမှုနှင့်ဂရုစိုက်မှုကိုပြသခဲ့သည့် တစ်ဦးတည်းသော အယ်လ်ဖာဖြစ်သည်။ နှမြောစရာကောင်းသည်မှာ ချီယု၌ စေ့စပ်ထားသူရှိလေသည်။ သို့ရာတွင် ချီယုက သူ့မိတ်ဖက်ကိုမနှစ်သက်ချေ။

စုကျီနန်က သူနှင့်ချီယုကသာ လိုက်ဖက်သည်ဟု အမြဲယုံကြည်ခဲ့ပြီး ယွမ်ရှင်းကျဲကမူ သူတို့အတွက် အနှောင့်အယှက်သက်သက်သာဖြစ်သည်။

စုကျီနန်နှင့်ယွမ်ရှင်းကျဲတို့က အချင်းချင်းမုန်းတီးစွာ စိုက်ကြည့်နေကြသည်။ သူတို့နှစ်ဦး၏ ထိပ်တိုက်တွေ့မှုကိုကြည့်ရှုနေရင်း ပရိသတ်များစွာကစိတ်လှုပ်ရှားလာသည်။

"ဝိုး....ဒါကအချစ်ပြိုင်ဖက်တွေကြားကတိုက်ပွဲတစ်ခုလား"

“ချီယုအတွက်တိုက်ခိုက်ကြတော့မှာလား…”

လူတိုင်း၏မှတ်ချက်ကိုကြားသည့်အခါ ချီယုမျက်လုံးထဲတွင် အံ့အားသင့်မှုတစ်ခုပေါ်လာခဲ့သည်။

ယွမ်ရှင်းကျဲက စုကျီနန်ကိုမနာလိုဖြစ်နေတာလား...နောက်တော့ အချစ်ရဲ့စွမ်းအားကြောင့် အခုလိုအနိုင်ရသွားတာလား...

ချီယုက ဂုဏ်ယူစွာဖြင့် အဝေးမှလော့ဝမ်ချွမ်းအား ရန်စသလိုကြည့်လိုက်သည်။ လော့ဝမ်ချွမ်း၏မျက်ဝန်းထဲတွင် ဘာခံစားချက်မှရှိမနေချေ။

ဒိုင်လူကြီးက ကြမ်းပြင်ပေါ်ရှိမက်ခါအစိတ်အပိုင်းများကိုကြည့်ရှုကာ သန့်ရှင်းရေးလုပ်ရန်စက်ရုပ်များကိုခေါ်လိုက်သည်။

ယွမ်ရှင်းကျဲက ယွမ်ကုမ္မဏီတံဆိပ်ပါသည်များအား ပြန်ကောက်ချင်သော်လည်း ချီယု စုကျီနန်အားပေးပြီးသားပစ္စည်းများဖြစ်ကြောင်းတွေးမိသောအခါ ကောက်ယူခြင်းမပြုခဲ့ပေ။

မေ့လိုက်တော့...ဘာပဲဖြစ်ဖြစ် ပျက်စီးသွားပြီပဲလေ...

နောက်ဆုံးတွင် စုကျီနန်နှင့်ယွမ်ရှင်းကျဲက ကွင်းမှ ထွက်ခွာလာခဲ့သည်။ ဆေးဝန်ထမ်းများက စုကျီနန်အား ဆေးရုံတက်ရန်ပြောခဲ့သော်လည်း သူကငြင်းဆန်ခဲ့သည်။

ကွင်းထဲမှထွက်ပြီးနောက် စုကျီနန် ယွမ်ရှင်းကျဲအားကြည့်ကာ "မင်းငါ့ကိုရိုက်တော့ရော ဘာဖြစ်လဲ...ချီယုက မင်းကိုမှမကြိုက်တာ...မင်းက B အဆင့်ကစားသမားသပ်သပ်ပဲ...မယုံရင်ဖိုရမ်ကိုသွားကြည့်လိုက်လေ...မင်းကိုဘယ်သူကထောက်ခံနေတာတွေ့ဖူးလို့လဲ..."

သို့သော် သူစကားမဆုံးခင် လုရန်ရှုက ပြိုင်ကွင်းနောက်ဘက်သို့ပြေးလာခဲ့ပြီး စုကျီနန်အား.. “စုကျီနန်...မင်းလုပ်ခဲ့တဲ့အရာတွေအားလုံးကို လွန်ခဲ့တဲ့မိနစ်အနည်းငယ်က ဖိုရမ်မှာတင်ထားခဲ့တယ်...အခုမင်းသောက်ကျင့်ကို အားလုံးသိသွားပြီ..."

ထိုစကားကိုကြားသည့်အခါ စုကျီနန်က မယုံနိုင်စွာနဲ့ သူ့၏မှတ်ဉာဏ်တုကိုဖွင့်လိုက်သည်။ ဖိုရမ်ထဲသို့ဝင်လိုက်သည်နှင့် သူ့ ခြေထောက်များချက်ချင်းအေးစက်သွားခဲ့ပြီး ခွန်အားကုန်ဆုံးသွားသလိုခံစားလိုက်ရသည်။

ဖိုရမ်၏ထိပ်တွင် ပို့စ်သုံးခုရှိနေသည်။ ယွမ်ရှင်းကျဲကိုအပုပ်ချခဲ့သော စုကျီနန်၏ပို့စ်၊ စုကျီနန်က ကားလ်နှင့်ပူးပေါင်းကာ ယွမ်ရှင်းကျဲအားချောက်ချခဲ့ခြင်းနှင့် မနှစ်ကပြိုင်ပွဲတွင် စုကျီနန်အားချီယုအလျှော့ပေးခဲ့ခြင်းပင်။

ဖိုရမ်စီစဥ်သူက ပို့စ်တစ်ခုချင်းကို အရောင်အမျိုးမျိုးဖြင့် အမှတ်အသားပြုထားသည်။ ပထမပို့စ်တွင် ယွမ်ရှင်းကျဲအားလျှို့ဝှက်စွာ အပုပ်ချရန် စုကျီနန်အသုံးပြုသော နည်းလမ်းမျိုးစုံကို ပြန်လည်ဖြေရှင်းထားသည့်ပို့စ်ကို မျှဝေထားခဲ့သည်။

စုကျီနန်က တိုက်ပွဲရှုံးတုန်းကထက်ပင် အဆင်မပြေဖြစ်နေခဲ့သည်။ အဆိုပါပို့စ်များထွက်လာသည်နှင့်တပြိုင်နက် ယွမ်ရှင်းကျဲကိုနင်းကာတည်ဆောက်ထားသော "လွတ်လပ်ပြီးကိုယ့်ကိုယ်ကိုယ်အားကိုးတတ်သည့် ခေတ်သစ်အိုမီဂါ" ဟူသည့်သူ့ပုံရိပ်သည် လုံးဝပျက်စီးသွားခဲ့လေပြီ။

“မဖြစ်နိုင်ဘူး..ဒါတွေက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…”

စုကျီနန်၏နှုတ်ခမ်းများသည် ဖြူဖျော့နေခဲ့ပြီး သူ့နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များစတင်ထွက်ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင် အဆိုပါပို့စ်များထဲမှတစ်ခုကို တုန်လှုပ်စွာကလစ်နှိပ်လိုက်သည်။ ပို့စ်များ၏ ခေါင်းစဉ်သည် တစ်ခုထဲဖြစ်ပြီး ၎င်းမှာ...

<စုကျီနန်...ရှင်းဟိုင်တက္ကသိုလ်ကနေထွက်သွားပါ>

xxxxxx

Continue Reading

You'll Also Like

3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
2.1M 162K 36
No descriptions here
1.8M 186K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...