အိုမီဂါအဖြစ် ကူးပြောင်းပြီးနေ...

Azure5549 tarafından

1.1M 129K 2.5K

Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... Daha Fazla

မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
hello သတင်းကောင်းလေးပါရှင့်
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175 ( End )
IQ team က အသစ်ပြန်တဲ့ အပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင့်

45

6.2K 827 4
Azure5549 tarafından

Chapter 45

စုကျီနန်ကလုရန်ရှုအား အမြောက်ကျည်များဖြင့် အဆက်မပြတ်ပစ်ခတ်နေသည်မှာ  နေ့ခင်းကြောင်တောင်တွင် ကြယ်များထွက်ပေါ်လာသကဲ့သို့ပင်။ အပူချိန်မြင့်ဖျက်ဆီးခြင်းသေနတ်နှင့် အပူချိန်နိမ့်အရှိန်လျော့သေနတ်တို့သည် လုရန်ရှု၏မက်ခါကို အလှည့်ကျ တိုက်ခိုက်နေခဲ့သည်။

စုကျီနန်၏မီးလျှံများကို လုရန်ရှုကရှောင်တိမ်းလိုက်ပြီး စုကျီနန်မက်ခါ၏ဦးခေါင်းကိုချိန်ရွယ်ကာ  သူ၏အမြောက်ဖြင့်အဆက်မပြတ်ပစ်ခတ်လိုက်သည်။

“မက်ခါက ဘယ်လိုဖြစ်ပြီးရုတ်တရက်မြန်လာတာလဲ...”

“မဖြစ်နိုင်တာ...ခုဏကအထိအဲ့ဒီ့မက်ခါက အရမ်းနှေးနေတာမဟုတ်လား...”

“ဒါက Bအဆင့်ကလုပ်နိုင်မယ့်အရာနဲ့မတူဘူးနော်...”

“စုကျီနန်က တကယ်ကြီးအပစ်ခံရတော့မှာလား..”

ဤသည်မှာ လုရန်ရှအတွက် ယွမ်ရှင်းကျဲက အထူးပြုပြင်မွမ်းမံပေးထားခြင်းဖြစ်သည်။ မက်ခါ၏အင်ဂျင်နှင့် သေနတ်ပစ်ကိရိယာကိုပေါင်းစပ်ပြီးနောက် ရရှိလာသောရလဒ်တစ်ခုပင်။

မည်သို့ပင်ဆိုစေ စုကျီနန်က Aအဆင့်တိုက်ခိုက်သူတစ်ဦးဖြစ်သည်။ သူက လျှပ်တစ်ပြက်တိုက်ခိုက်မှုကို လျှင်မြန်စွာရှောင်တိမ်းကာ လုရန်ရှုမက်ခါ၏ခြေထောက်ဆီသို့ မီးလျှံအမြောက်အများပစ်လွှတ်လိုက်သည်။

ပြိုင်ပွဲစချိန်မှ၈မိနစ်ကျော်လာပြီဖြစ်ပြီး လုရန်ရှူက ဆိုးဆိုးရွားရွားအရေးနိမ့်နေခဲ့သည်။ သူ့အနေဖြင့် ပြိုင်ပွဲကိူလက်လျှော့လိုက်သင့်ပြီဖြစ်သည်။

ယွမ်ရှင်းကျဲမျှော်မှန်းထားသည်နှင့်မတူပဲ လုရန်ရှုက ခြေထောက်မှနာကျင်မှုကိုတောင့်ခံကာ  စုကျီနန်၏မီးတောက်များကိုရှောင်ရှားရင်း ဆက်လက်တိုက်ခိုက်ခဲ့သည်။

သို့ရာတွင် အဆိုပါမီးတောက်များမှာ အဆက်မပြတ်ထွက်ပေါ်လာခဲ့ပြီး လုရန်ရှု ပို၍အရေးနိမ့်လာခဲ့သည်။

စုကျီနန်က ငဲ့ညှာရန်စိတ်ကူးမရှိပဲ လုရန်ရှု၏ဒဏ်ရာရနေသာခြေထောက်ကို ဆက်လက်တိုက်ခိုက်ခဲ့သည်။ သူက လုရန်ရှုအား လမ်းမလျှောက်နိုင်သည်အထိ တိုက်ခိုက်ပစ်ချင်နေသည်။

တစ်ချက်...နောက်တစ်ချက်...ထို့နောက် နောက်တစ်ချက်...

ယွမ်ရှင်းကျဲ၏အသက်ရှူသံက ပို၍လျှင်မြန်လာခဲ့ကာ လုရန်ရှု၏မက်ခါကို စိုးရိမ်စွာကြည့်နေခဲ့သည်။ လုရန်ရှုက အရှုံးပေးရန်စိတ်ကူးမရှိပုံရသည်။

ဆယ့်ငါးမိနစ်အကြာတွင်.လုရန်ရှု၏မက်ခါက မြေပြင်ပေါ်သို့ဒူးထောက်ကျသွားခဲ့သည်။ သို့ရာတွင် သူကစုကျီနန်၏မီးတောက်များကို ရင်ဆိုင်ရန် ခေါင်းမော့ထားဆဲပင်။

“အဲ့ကောင်လေးက ဘာသောက်လုပ်တွေလုပ်နေတာလဲ...”

“ငါထင်တာတော့...သူကစုကျီနန်ကို အမှတ်လျှော့ခံရစေချင်တဲ့ပုံပဲ..”

“ချီးပဲ...အဲ့ဒီ့လိုကိုး...”

ယွမ်ရှင်းကျဲက ထအော်လိုက်သည်။ “လုရန်ရှု...မလုပ်နဲ့...”

သို့ရာတွင် သူ့အသံက အားပေးသံများကြားထဲတွင် နစ်မြုပ်သွားခဲ့သည်။ စုကျီနန်က ပြိုင်ပွဲကိုအနိုင်ရခဲ့လေသည်။

လုရန်ရှုက အလွန်နာကျင်နေခဲ့ကာ မက်ခါအပြင်ဘက်သို့ထွက်လာချိန်တွင် မတ်တပ်ပင်အနိုင်နိုင်ရပ်နေခဲ့ရသည်။ စုကျီနန်က မေးကိုမော့ကာလှောင်ပြောင်လိုက်သည်။

“မင်းနဲ့ယွမ်ရှင်းကျဲလိုမျိုးအိုမီဂါတွေက အိုမီဂါတက္ကသိုလ်ကိုသွားပြီး ချက်ပြုတ်တာနဲ့အဝတ်လျှော်တာတွေကိုပဲ သင်ယူနေသင့်တယ်...ငါပြောတာနားလည်လား...”

အနည်းငယ်သက်သာလာသော လုရန်ရှုက နှာခေါင်းရှုံ့ရင်းပြောလာသည်။

“မင်းနိုင်တော့ရော ဘာဖြစ်လဲ...မင်းရဲ့လုပ်ဆောင်မှုအမှတ်က ၀.၅တောင်ကျော်လို့လား...”

မက်ခါပြိုင်ပွဲ၌ အနိုင်ရမှတ်နှင့် လုပ်ဆောင်မှုအမှတ်ဟူ၍ရှိသည်။ ပြိုင်ပွဲတစ်ခုချင်းဆီ၌ အနိုင်ရလျှင် ၁၀မှတ်ရပြီး တိုက်ခိုက်သည့်ပုံစံပေါ်မူတည်၍ 0 မှ 1 အတွင်းအမှတ်ပေးလေ့ရှိသည်။

(TN: ၀.၅....၀.၈ အဲ့လိုပေးတာကိုပြောတာပါ)

ပို၍ရှင်းလင်းစွာပြောရလျှင် ပြိုင်ပွဲဆယ်ခု၌ အမှတ်ပေါင်း 110အထိရနိုင်သည်။ သို့ရာတွင် လုပ်ဆောင်မှုအမှတ်ပေးပုံမှာ အတော်လေးရှုပ်ထွေးလေသည်။ ပြိုင်ပွဲအတွင်းလှုပ်ရှားမှုများ၊ မက်ခါထိခိုက်မှုအခြေအနေ၊ ပြိုင်ဘက်မက်ခါ၏အင်အား အစရှိသည်တို့အပေါ်မူတည်၍ အမှတ်ပေးခြင်းဖြစ်ရာ မည်သူမှအမှတ်ပြည့်မရကြချေ။ 

လုပ်ဆောင်မှုအမှတ် ၀.၇ဆိုလျှင် ကောင်းမွန်သည်ဟုပြော၍ရသည်။

လက်ရှိပြိုင်ပွဲမှာ အချိန်ကြာမြင့်ခြင်းမရှိသည့်အပြင် လုရန်ရှုမက်ခါမှာ စုကျီနန်နှင့်ယှဥ်ပါက လွန်စွာအားနည်းလေသည်။ အရေးအကြီးဆုံးအချက်မှာ လုရန်ရှုကစုကျီနန်အား ပြိုင်ပွဲတစ်လျှောက်လုံး ကျည်အချက်ရေများစွာပစ်ခတ်ခဲ့ခြင်းပင်။

စုကျီနန်က သူ့ကြယ်ပျံမက်ခါရှိ ကျည်ရာများကိုကြည့်လိုက်ပြီးနောက် အံကြိတ်ကာ လုရန်ရှုအားပြောလာသည်။

“အဲ့တော့ဘာဖြစ်လဲ...ငါကပြိုင်ပွဲမှာအနိုင်ရတဲ့လူပဲလေ...သေချာပေါက် ကျောင်းလက်ရွေးစင်အသင်းကို ဝင်ခွင့်ရမှာပဲ...အဲ့ဒီ့လုပ်ဆောင်မှုအမှတ်လေးက ဘာများအရေးပါလို့လဲ...”

လုရန်ရှုက ဆက်လက်၍တောင့်မခံနိုင်တော့ပဲ မြေပြင်ပေါ်သို့ဒူးထောက်လဲကျသွားခဲ့သည်။ ဒိုင်ဖြစ်သူက ချက်ချင်းပင် သူနာပြုစက်ရုပ်နှင့်လက်ထောက်အားခေါ်ယူကာ သူ့အားနားနေခန်းသို့သယ်ဆောင်သွားစေပြီး အရေးပေါ်ကုသမှုခံယူစေခဲ့သည်။

စုကျီနန်က အဆိုပါနားနေခန်းအထိလိုက်သွားပြီး ဘဝင်လေဟပ်နေဟန်ဖြင့် ဖြည်းညှင်းစွာပြောလေသည်။

"ညီလေးလု...အရမ်းနာသွားလား...နောက်တခါပြိုင်ဘက်ကို မနာလိုဖြစ်ရုံသက်သက်နဲ့ခုလိုမစွန့်စားနဲ့တော့နော်....မင်းမှာဘာခွန်အားမှမရှိတော့ မင်းပဲထိခိုက်လိမ့်မယ်.."

လုရန်ရှုက စိတ်အချဥ်ပေါက်စွာဖြင့် သူ့အားကြည့်လိုက်ကာ..."ရှင်းကျဲနဲ့မတွေ့အောင်သာ ဆုတောင်းစမ်းပါ...မင်းဘယ်အချိန်ထိရယ်နေနိုင်မလဲကြည့်ကြသေးတာပေါ့...."

"ယွမ်ရှင်းကျဲ...ဟုတ်လား.."

စုကျီနန်က ခပ်ဖွဖွရယ်လိုက်သည်။

"ဝင်ခွင့်စာမေးပွဲကျတဲ့တစ်ယောက်လား...သူ့မိတ်ဖက်ဆီက အငြင်းခံရတဲ့တစ်ယောက်လေ...နောက်ပြီးဘာတဲ့...ငါကသူ့ဆီကလုယူတယ်ပဲဖြစ်ရသေးတယ်...အဲ့ဒီ့အမှိုက်သရိုက်လား.."

လုရန်ရှုက စိတ်ဆိုးစွာဖြင့် ပြန်လည်ချေပခဲ့သည်။

"ရှင်းကျဲက ကောင်းကောင်းနေနေတာ...ပြီးတော့ လက်ထပ်စာချုပ်ကိုလည်း သူကပဲစပြီးဖျက်သိမ်းခဲ့တာ...စုကျီနန်...မင်းမသိရင်ပါးစပ်ပိတ်ထား.."

"အိုး...အရမ်းကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ သူငယ်ချင်းဆက်ဆံရေးလေးပဲနော်...စိတ်မပူပါနဲ့...ငါကကာလက်လိုမျိူး သူ့ကိုညှာမှာမဟုတ်ဖူး...ပြောကာမှ...ဘာလို့ကာလက်က သူ့ကိုပြိုင်ပွဲမှာအလျှော့ပေးခဲ့တာလဲမသိဘူးနော်.."

စုကျီနန်က အပြစ်ကင်းကာချစ်စရာကောင်းသည့်ဟန် လုပ်လိုက်ကာ "သူတို့ကြားမှာ သဘောတူညီချက်တစ်ခုခုများရှိနေတာလား.."

လုရန်ရှုက ဒေါသတကြီးထအော်တော့သည်။

"မင်း...အားလုံးကိုမင်းလိုများထင်နေတာလား...ညစ်ပတ်လိုက်တဲ့ပါးစပ်.."

လုရန်ရှု၏ခံစားချက်ပြင်းထန်နေပုံကိုတွေ့ရသောအခါ ဆေးဘက်ဆိုင်ရာလက်ထောက်က စုကျီနန်အား မနှစ်မြို့စွာကြည့်လိုက်သည်။

ထိုအချိန်တွင် ယွမ်ရှင်းကျဲရောက်လာကာ စုကျီနန်အားတွေ့သွားသည်။ သူကမျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာဖြင့် "မြန်မြန်ထွက်သွားစမ်း.."

စုကျီနန် တစ်စုံတစ်ခုပြန်ပြောရန်ပြင်လိုက်သော်လည်း ယွမ်ရှင်းကျဲကလက်ချောင်းများကိုတင်းတင်းဆုပ်လိုက်ကာ..."မင်းအခုမသွားဘူးဆို ငါမင်းကိုနောက်တစ်ချက်ထပ်ရိုက်ဖို့ ဝန်မလေးဘူးနော်.."

ဒါရိုက်တာဟွမ်၏ရုံးခန်းတွင် ယွမ်ရှင်းကျဲသူ့အားရိုက်လိုက်စဥ်က အရှက်တကွဲဖြစ်ခဲ့မှုကို ပြန်လည်သတိရသွားကာ စုကျီနန်၏မျက်နှာမဲတက်လာသည်။ သူက အံကြိတ်လိုက်ပြီးနောက် "ယွမ်ရှင်းကျဲ...ငါနဲ့ပြိုင်ကွင်းထဲမှာမတွေ့ဖို့ဆုတောင်းနေလိုက်.." ဟူ၍ပြောကာ လှည့်ထွက်သွားခဲ့သည်။

ယွမ်ရှင်းကျဲကသူ့အား ဂရုမစိုက်အားပေ။ နားနေခန်းတွင်းရှိကုတင်ပေါ်၌ ဒဏ်ရာများဖြင့်လှဲလျောင်းနေသောလုရန်ရှုကို ဝေခွဲမရဟန်ဖြင့်ကြည့်လိုက်သည်။ သူ့ဘက်မှ ရပ်တည်ပေးခဲ့သည့်အတွက်ကျေးဇူးတင်ရမည်လား သို့မဟုတ် လုရန်ရှူ၏မိုက်မဲမှုအတွက်ဆူပူရမည်လား သူမသိတော့ချေ။

"ရန်ရှု...ငါ.."

"မင်းဘာပြောချင်မှန်း ငါသိတယ်.."

လုရန်ရှုအသံက ကြမ်းရှကာအားနည်းနေသည်။ သို့သော် သူကဖျစ်ညှစ်ပြုံးလိုက်ကာ

."ရှင်းကျဲ...ငါဒါကိုမင်းအတွက်တင်မဟုတ်ဖူး...ငါကိုယ်တိုင်အတွက် ကြိုးစားပြီးပြိုင်ခဲ့တာ.."

"ငါဒီကျောင်းကိုစဝင်ကာစတုန်းက စုကျီနန်ကိုအရမ်းအားကျခဲ့တယ်..."

လုရန်ရှုက ခေါင်းကိုငုံ့လိုက်ကာ တိုးညှင်းစွာပြောလာသည်။

"..သူကအိုမီဂါဖြစ်ပေမယ့် Aအဆင့်စိတ်စွမ်းအားနဲ့ မက်ခါမောင်းနှင်သူ ဖြစ်ခဲ့တယ်လေ....ငါဘယ်လောက်ကြိုးစားပါစေ သူ့ကိုမမီခဲ့ဘူး.."

ယွမ်ရှင်းကျဲက နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။

"ရန်ရှု...ဒါကမင်းအမှားမဟုတ်ပါဘူး.."

"ရှင်းကျဲ...မင်းမက်ခါပြိုင်ပွဲစပြိုင်တော့မယ်ဆိုတော့ ငါထင်လိုက်တာ မင်းကချီယုကြောင့်ဝင်ပြိုင်တာလို့လေ..."

လုရန်ရှုက ဆက်ပြောသည်။

"ဒါပေမယ့် မင်းကအရင်နဲ့လုံးဝကွာခြားသွားခဲ့တယ်...မင်းရဲ့ခြေလှမ်းတိုင်းက ငါ့ကိုအံ့အားသင့်စေခဲ့တယ်...ပြောရရင်ကွာ...ငါ့အနေနဲ့ စိတ်ကူးယဥ်ရုံကလွဲလို့ လက်တွေ့မလုပ်ရဲခဲ့တာတွေအားလုံးကို မင်းကတစ်ခုချင်းလုပ်ပြသွားခဲ့တယ်..."

ယွမ်ရှင်းကျဲက လုရန်ရှုမျက်ဝန်းထဲတွင် စိတ်အားထက်သန်မှုများတွေ့နေရသည်။

"မင်းကာလက်ကိုအနိုင်ပိုင်းလိုက်တော့ ငါမင်းဆီကနေ မျှော်လင့်ချက်တစ်ခုရခဲ့တယ်.."

လုရန်ရှုက သူ့လက်ဖဝါးသူစိုက်ကြည့်နေသည်။

"တစ်စုံတစ်ယောက်ကိုနိုင်ဖို့အတွက် အဲ့ဒီ့လူထက် မဖြစ်မနေသန်မာနေစရာမလိုဘူးဆိုတာပဲ.."

လုရန်ရှူက လက်သီးတင်းတင်းဆုပ်လိုက်သည်။ သူ့ပုံစံမှာ ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်ပုံပင်။

"ငါ ငါ့ကိုယ်ငါပြောင်းလဲချင်ခဲ့တယ်.."

ယွမ်ရှင်းကျဲ ဤကမ္ဘာသို့စတင်ဝင်ရောက်ခဲ့စဥ်ကအတိုင်းပင် လုရန်ရှုသည်လည်း ပို၍သန်မာလိုစိတ်အပြည့်ရှိနေလေသည်။

လုရန်ရှုက သူ့ပေါင်သူလက်သီးဖြင့်ထုလိုက်သည်။

"ချီးပဲ...ငါအဲ့ဒီ့ကောင် စုကျီနန်ထက် မြန်မြန်ရှောင်နိုင်ခဲ့ရင်...အား....နာတယ်.."

ပေါင်ကိုလက်သီးဆုပ်ဖြင့်ထုနေရင်း ဒဏ်ရာအားမတော်တဆသွားထိမိကာ မျက်ရည်များပင်ကျလာလေသည်။

ယွမ်ရှင်းကျဲက စိုးရိမ်တကြီးမေးလာသည်။ "မင်း အဆင်ပြေရဲ့လား.."

ဆေးဘက်ဆိုင်ရာလက်ထောက်ကပြောလာသည်။

"ပြိုင်ပွဲမပြီးခင်အထိ သူအဆောင်မှာပဲနားနေသင့်တယ်..."

လုရန်ရှုက မျက်ရည်များသုတ်ရင်း ယွမ်ရှင်းကျဲအားပြောလာသည်။

"ရှင်းကျဲ...စုကျီနန်နဲ့ပြိုင်ရင် မင်းသူ့ကိုသေချာပေါက်အနိုင်ပိုင်းရမယ်နော်.."

ယွမ်ရှင်းကျဲက မဆိုင်းမတွပင်ခေါင်းညှိတ်လိုက်သည်။

"အင်း...ငါသေချာပေါက်နိုင်အောင်လုပ်မယ်.."

ထို့နောက် လုရန်ရှုအား ဆေးရုံသို့ကူညီပို့ဆောင်ပေးလိုက်သည်။ သူတို့ဆေးရုံရောက်သောအခါ အတန်းဖော်များနှင့် ကျိုးဖေးရွှယ်က သတင်းမေးလာရောက်ခဲ့ကြပြီး လုရန်ရှု၏ရဲဝံ့မှုအပေါ် ချီးကျူးပြောဆိုခဲ့ကြသည်။

ယွမ်ရှင်းကျဲက လုရန်ရှုတွင် ထိခိုက်မှုကြီးကြီးမားမားမရှိကြောင်း သိရသည့်အခါမှ သက်ပြင်းချနိုင်တော့သည်။

ကျိုးဖေးရွှယ်က ယွမ်ရှင်းကျဲအား ရုတ်တရက်မေးလိုက်သည်။

"ရှင်းကျဲ...မင်းလော့ဝမ်ချွမ်းရဲ့ သီးသန့်မက်ခါပြင်ဆရာ လုပ်မှာလား.."

"ကျွန်တော် သူနဲ့ လူချင်းတွေ့ပြီးပြောမလို့ပဲ...ခုထိပြောဖို့အခွင့်မသာသေးဘူး.."

ကျိုးဖေးရွှယ်က လော့ဝမ်ချွမ်း၌ အခွင့်အရေးရှိသည်ဟု ခံစားလိုက်ရသည့်အတွက် "မင်း ဒီညပြောလို့ရတယ်မဟုတ်ဖူးလား.."

ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းအား အဖြေပြန်ပေးရန်သေချာပေါက်လိုအပ်သည်ဟု ခံစားလိုက်ရသည်။ သူက မှတ်ဉာဏ်တုကိုထုတ်လိုက်ကာ စာပို့လိုက်သည်။

(စီနီယာလော့...ဒီညအားလား..)

ခဏအကြာတွင် လော့ဝမ်ချွမ်းထံမှ ပြန်စာရရှိခဲ့သည်။

(အားတယ်...ဘာဖြစ်လို့လဲ)

(ကျွန်တော် မက်ခါပြင်ဆရာလုပ်ဖို့ကမ်းလှမ်းချက်အကြောင်းပြောချင်လို့ပါ...ဒီညတွေ့လို့အဆင်ပြေမလား..)

တစ်ဖက်မှ အတန်ကြာတိတ်ဆိတ်သွားသည်။ ထို့နောက် သဘောတူကြောင်းပြသည့်အနေဖြင့် (အင်း) ဟူ၍သာပို့လာခဲ့သည်။

လော့ဝမ်ချွမ်း၏ စာရိုက်သောပုံစံမှာ သူစကားပြောနေကျပုံစံအတိုင်းပင် အေးစက်စက်နှင့်ခပ်တိုတိုသာဖြစ်သည်။ ယွမ်ရှင်းကျဲက သူ့အား သီးသန့်မက်ခါပြင်ဆရာအဖြစ် အလိုမရှိတော့ခြင်းပေလားဟူ၍ပင် ထင်မိသည်။

လော့ဝမ်ချွမ်းက ကျောင်းပြင်ပရှိစားသောက်ဆိုင်၌တွေ့ရန် ချိန်းဆိုလိုက်သည်။

အဆိုပါစားသောက်ဆိုင်မှာ အတော်လေးစျေးကြီးပုံရပြီး ပုံမှန်ကျောင်းသားများ လာနေကျနေရာမဟုတ်ချေ။

ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏ဇစ်မြစ်ကို သိချင်လာသည်။ သူက စွန့်ပစ်ကြယ်မှလာခဲ့ခြင်းဖြစ်ပါမူ အဘယ့်ကြောင့်ဤကဲ့သို့အဆင့်မြင့်သော နေထိုင်မှုပုံစံနှင့် အကျွမ်းတဝင်ဖြစ်နေရသနည်း။

မူလဇာတ်ကြောင်းတွင် ယွမ်ရှင်းကျဲက ဝတ္ထုတစ်ဝက်အထိသာ အသက်ရှင်ခဲ့ခြင်းဖြစ်သည်။ သူ့တွင် လော့ဝမ်ချွမ်းနှင့်ပတ်သတ်ရန် အကြောင်းမတိုက်ဆိုင်ခဲ့သည့်အလျှောက် လော့ဝမ်ချွမ်း၏ အချက်အလက်များများစားစားမရှိချေ။

မည်သို့ပင်ဆိုစေ လော့ဝမ်ချွမ်း၏ပုံရိပ်အရ ဇာတ်ကြောင်းတွင် မပါရှိသည်မှာမဖြစ်နိုင်ချေ။

ယွမ်ရှင်းကျဲ၏ခန့်မှန်းချက်အရ လော့ဝမ်ချွမ်းမှာ ဒုတိယဇာတ်လိုက်ပင်ဖြစ်နိုင်လေသည်။

သီးသန့်ခန်းအတွင်းဝင်လိုက်သောအခါ တစ်ဖက်လူက သူ့အားစောင့်ကြိုနေခဲ့သည်။ သီးသန့်ခန်းမှာ အတော်လေးမြင့်မားသည့်နေရာတွင်တည်ရှိနေပြီး အောက်ဘက်ရှိအရာအားလုံးကို ရှင်းလင်းစွာမြင်နေရသည်။ ရှင်းဟိုင်စစ်တက္ကသိုလ်သည် ညမီးရောင်အောက်တွင် လှပသောရှုခင်းတစ်ခုအဖြစ် ရှိနေလေသည်။

လော့ဝမ်ချွမ်းက သက်တောင့်သက်သာဝတ်ဆင်ထားသည်။ ပုံမှန်တွေ့နေကျဂျက်ကတ်များအစား သူ၏ကျယ်ပြန့်သောပုခုံးများကိုပေါ်လွင်စေသည့် ခပ်ပါးပါးတီရှပ်ကို ဝတ်ဆင်ထားလေသည်။ ညရှုခင်းနှင့် တွဲမြင်ရသည်မှာ သူ့အား ပိုမို၍နှစ်လိုဖွယ်ကောင်းစေသည်။

ယွမ်ရှင်းကျဲက နှုတ်ဆက်လိုက်ပြီး ထိုင်ခုံ၌ထိုင်လိုက်သည်။ လော့ဝမ်ချွမ်းက စာရွက်စာတမ်းတစ်ခုကို သူ့အားပေးလာသည်။

"ကားလ်၊ ဒါရိုက်တာဟွမ်နဲ့..အယ်လ်ဖာသုံးယောက်ရဲ့ သက်သေထွက်ဆိုချက်တွေ..."

ယွမ်ရှင်းကျဲက အံ့သြသွားခဲ့သည်။ အဆိုပါစာရွက်စာတမ်း၌ ကားလ်ကချီယုအားသွားရောက်တွေ့ဆုံသည့်အချိန်မှစ၍ ချီယုနှင့်ဒါရိုက်တာဟွမ်တို့ကြား ပြောသောစကားများအထိ ပါဝင်လေသည်။

အဆိုပါသက်သေများက ယွမ်ရှင်းကျဲအပြစ်ကင်းကြောင်း သက်သေပြနိုင်ရုံတင်မက ချီယုနှင့်စုကျီနန်တို့ပေါင်းကာ သူ့အားအကွက်ဆင်ခဲ့ကြောင်းကိုပါ ထင်ထင်ရှားရှားပြသနေခဲ့သည်။

xxxxxx

Okumaya devam et

Bunları da Beğeneceksin

370K 26.4K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
219K 25.4K 74
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
621K 69.9K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...