အိုမီဂါအဖြစ် ကူးပြောင်းပြီးနေ...

By Azure5549

1.1M 130K 2.5K

Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... More

မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
hello သတင်းကောင်းလေးပါရှင့်
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175 ( End )
IQ team က အသစ်ပြန်တဲ့ အပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင့်

29

6.4K 831 22
By Azure5549

Chapter 29

" အရင်နှစ်က စုကျီနန်က ကံကောင်းသွားပြီး ချီယုကို တွေ့ခဲ့တယ်လေ ... ချီယုက သူ့ကို အလျော့ပေးခဲ့တယ် ... ကာလက်နဲ့ စုကျီနန်က ၈ပွဲနိုင် ၂ပွဲရှုံးနဲ့ အတူတူ သရေဖြစ်နေကြတာ ... ချီယုက အလျှော့ပေးလိုက်တော့ စုကျီနန်ရဲ့ လုပ်ဆောင်ချက်တွေက ကာလက်ထက်မြင့်သွားတာ အဲ့ကိစ္စကြောင့်သာ မဟုတ်ရင် အစားထိုးအဖြစ် ပါသွားနိုင်မှာ မဟုတ်ဘူး ..."
ခယ့်လိုင် ပြောလိုက်သည်။

လော့ဝမ်ချွမ်းက တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ ဘာမှ ပြန်မပြောပေ။

ခယ့်လိုင်က ယှဉ်ပြိုင်ရမည့် စာရင်းကိုကြည့်ပြီး တအံ့တဩနှင့် ပြောလိုက်သည်။
" အား ... ကာလက်ရဲ့ပြိုင်ဘက်က ယွမ်ရှင်းကျဲတဲ့ ... မင်းရဲ့ မက်ခါကို ကူပြင်ပေးခဲ့တဲ့ အိုမီဂါလေးလေ ..."

" ငါသိတယ် ..."
လော့ဝမ်ချွမ်းက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

ခယ့်လိုင်က သူ့ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
" မင်း သိတယ်လား ... ဘယ်တုန်းကများ ဒီလိုကိစ္စတွေကို ဂရုစိုက်တတ်သွားတာတုန်း ..."

လော့ဝမ်ချွမ်းက သူ၏မေးခွန်းကို ပြန်မဖြေသည့်အပြင် ထပ်မေးလိုက်သည်။
" မင်း ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ ..."

" ဟမ် ..."
ခယ့်လိုင် လန့်သွားသော်လည်း မျက်မှောင်ကြုတ်ပြီး ဂရုတစိုက် တွေးလိုက်သည်။

" တစ်ခုတည်းသော နည်းလမ်းကတော့ မက်ခါကို တာဝေးပစ်မက်ခါဖြစ်အောင် မွမ်းမံလိုက်ဖို့ပဲရှိတာ ... ဒါပေမဲ့ ဒီနည်းလမ်းက ဘေးမကင်းဘူး ... ပြီးတော့ အချိန်လည်း မလုံလောက်ဘူးလေ ..."

ခယ့်လိုင်က လော့ဝမ်ချွမ်းကို ကြည့်လိုက်သည်။
" ဘာလို့ ရုတ်တရက်ကြီး သိချင်သွားတာလဲ ..."

" ဒီတိုင်းမေးကြည့်တာပါ ..."
လော့ဝမ်ချွမ်း၏လေသံက ပြတ်သားနေသည်။

" ကာလက်က စုကျီနန်လုပ်လိုက်တဲ့ကိစ္စကြောင့် အိုမီဂါတွေကို အမြင်မကြည်တော့တာလည်း ဖြစ်နိုင်တယ် ..."

ခယ့်လိုင်၏ နှုတ်ခမ်းများ တွန့်ကွေးလိုက်သည်။

" ယွမ်ရှင်းကျဲတော့ ဒုက္ခရောက်ပြီ ..."

လော့ဝမ်ချွမ်းက မနက်ပိုင်းက ကယ်ခဲ့သည့် ကြောင်လေးကို သတိရသွားသည်။ ထို့နောက် ခယ့်လိုင်ကိုကြည့်ကာ အမှတ်တမဲ့ဖြင့် ပြောလိုက်သည်။
" သူ့အတွက် စိုးရိမ်နေတာလား ..."

" ဒါပေါ့ ... ကာလက်က အရမ်းရက်စက်တယ် ... ယွမ်ရှင်းကျဲကလည်း အိုမီဂါလေ ... မင်းရော သူ့ကို မစိုးရိမ်ဘူးလား ... အနည်းဆုံးတော့ သူကမင်းရဲ့မက်ခါကို ကူပြင်ပေးခဲ့တယ်လေ ..."

ခယ့်လိုင် လေးနက်စွာပြောလိုက်သည်။

" ငါကတော့ ကာလက်ကို ပိုစိတ်ပူတယ် ..."

လော့ဝမ်ချွမ်းက စက်အတုအခန်းတစ်ခန်းကိုဖွင့်ပြီး မျက်နှာသေဖြင့် ဝင်သွားသည်။

" ဟမ် ..."

ခယ့်လိုင်၏ မျက်နှာတွင် သိချင်စိတ်ဖြင့် ပြည့်သွားပြီး မျက်လုံးများက ထိတ်လန့်နေပုံပေါ်သည်။
တချွမ်းက အဲ့စကားကို နောက်ပြီး ပြောတာများလား ...

–––

ယွမ်ရှင်းကျဲက လိုအပ်သော ပစ္စည်းများကို ရှာရန်ပြင်လိုက်စဉ်တွင် ပြင်ဆင်မွမ်းမံမှုအတွက် လိုအပ်သည်က များများစားစားမရှိကြောင်း သိလိုက်ရသည်။ သူ စိတ်အေးလက်အေးဖြစ်သွားပြီး သက်ပြင်းချလိုက်မိသည်။ ထိုသို့မဟုတ်ပါက ဆရာကျိုးထံမှ ပိုက်ဆံချေးရတော့မည်ဖြစ်သည်။

သူက အရှိန်အဟုန်အပြည့်ဖြင့် မွမ်းမံပြင်ဆင်ကာ အလုပ်များနေချိန်၌ အမည်မသိနံပါတ်တစ်ခုမှ မက်ဆေ့တစ်စောင် ရောက်လာသည်။

[ ငွေလိုနေလား ... အကူအညီရောလိုလား ... မင်းရဲ့ မက်ခါက အတော်လေးပျက်စီးနေပြီထင်တယ်... ]

ယွမ်ရှင်းကျဲ ပြန်ဖြေလိုက်သည်။
[ အာမခံတွေ မလိုဘူး ... ထပ်နှောင့်ယှက်ရင် ရဲခေါ်လိုက်မယ် ...]

တစ်ဖက်လူက( ? )တစ်ခု အမြန်ပို့လာသည်။
[ ယွမ်ရှင်းကျဲ ... မင်း ငါ့ရဲ့ ဆက်သွယ်ရေး နံပါတ်ကိုဖျက်လိုက်တာလား ...]

ယွမ်ရှင်းကျဲ ခဏတာ အံ့အားသင့်သွားပြီးနောက် ထိုလူက မျိုးရိုးနာမည် ချီ နှင့်တစ်ယောက်ဖြစ်မည်ဟု ချက်ချင်းတွေးမိသွားသည်။

ယွမ်ရှင်းကျဲ ပြန်ဖြေသည်မှာကြာနေ၍ ချီယုက သူ့လေသံမာသွားသည်ဟု တွေးလိုက်မိ၍ ကျစ်ခနဲ အသံပြုလိုက်မိသည်။ အချိန်အတော်ကြာ တွေးတောလိုက်ပြီးနောက် chat boxတွင် ယွမ်ရှင်းကျဲက စိတ်မဆိုးနေသရွေ့ သူ့နှင့် သင့်မြတ်အောင်နေပြီး ယွမ်မိသားစုကို အကူအညီပေးမည်ဟု စာအရှည်ကြီး ပို့‌လိုက်သည်။

ယွမ်မိသားစုက သူ့ကို အသုံးစရိတ်ဖြတ်တောက်လိုက်ပုံရ၍ သူ၏မက်ခါက ကြည့်ရဆိုးလွန်းနေခြင်း ဖြစ်လိမ့်မည်။ ထိုသို့မဟုတ်ပါက ထိုသို့ရုပ်ဆိုးသောမက်ခါကို သူမောင်းလိမ့်မည်မဟုတ်ပေ။

ယွမ်ရှင်းကျဲက ပျော်သွားပြီး သူ့ကိုခွင့်လွှတ်ပေးလိမ့်မည်ဟု ချီယု ကျိန်းသေပေါက် တွေးထားသည်။

သို့သော်လည်း ချီယုက မက်ဆေ့ကို သေသေချာချာeditပြီး သတင်းကောင်းကိုပြောမည်အပြုတွင် သူ၏မက်ဆေ့က ငြင်းဆိုခံလိုက်ရသည်ကို တွေ့လိုက်သည်။

သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဆယ်စက္ကန့်ခန့် အံ့အားသင့်သွားသည်။ ထို့နောက် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်တော့သည်။
" သူ ငါ့ကို ဘလော့လိုက်တယ်တဲ့လား ... ငါ့ကိုဘလော့ရဲတယ်ပေါ့လေ ..."

စုကျီနန်က စိတ်မကြည်မလင် ဖြစ်သွားသည်။ ဤအခြေအနေကို မြင်တွေ့ပြီးနောက် စိတ်မပါလက်မပါဖြင့် ပြုံးလိုက်သည်။
" ညီလေးရှင်းကျဲက စိတ်ဆိုးနေတုန်းထင်တယ် ... အစ်ကိုကြီယုက သူ့ကိုဂရုမစိုက်တာကိုပဲ အပြစ်တင်ရမှာ ..."

ချီယု၏ မျက်နှာကြီးက မည်းမှောင်နေပြီး အံကြိတ်ထားသည်။

" ငါ သူ့ကို ဂရုမစိုက်လို့လား ... သူက ငါ့စကားကို နားမထောင်လို့လေ ... သူ့မက်ခါကို ကာလက်က အပိုင်းပိုင်းလုပ်ပစ်မှ ငါ့ဆီ လာတောင်းပန်စေရမယ် ..."

" အဲ့လို မပြောပါနဲ့ ... အစ်ကိုကြီး သူ့ကိုချော့သင့်တယ်လေ မဟုတ်ရင် သူထပ်ပြီး စိတ်ဆိုးသွားမှာပေါ့ ..."
စုကျီနန် နူးညံ့စွာပြောလိုက်သည်။

" ငါ သူ့ကို ဘယ်လိုချော့ရမှာလဲ ..."

ချီလု လက်သီးတင်းတင်းဆုပ်ထားပြီး သူ့မျက်လုံးထဲတွင် မီးတောက်များ လောင်ကျွမ်းနေသည်နှင့်ပင် တူနေသည်။

" သူက ငါ့ကို အရင်ဘလော့တာလေ ... အဲ့ဒါကို အရှက်မရှိ ငါ့ကိုစိတ်ဆိုးသေးတယ်ပေါ့ ..."

" စိတ်မဆိုးပါနဲ့ ညီလေးရှင်းကျဲက တမင်လုပ်တာ မဟုတ်လောက်ပါဘူး ... အစ်ကိုကြီးက သူ့အကျိုးအတွက် အဲ့လိုလုပ်တယ်ဆိုတာ နားလည်သွားမှာပါ ..."

ထိုအချိန်မှသာ စုကျီနန်၏မျက်လုံးထဲတွင် ပြုံးရိပ်သန်းလာသည်။

–––

နှစ်ရက်ကြာသောအခါ

ဒုတိယပွဲစဉ်တွင် အနိုင်ရသူများက အဖွဲ့နှစ်ခုခွဲထားပြီး  ကွင်းနံပါတ် Cနှင့် Dတွင် ပြိုင်ပွဲများ ကျင်းပနေသည်။

ချီယုနှင့် စုကျီနန်တို့၏ပြိုင်ပွဲက ပထမနေ့တည်းက ပြီးဆုံးသွားခဲ့ပြီး သူတို့နှစ်ယောက်လုံး အဆင်ပြေချောမွေ့စွာဖြင့် အနိုင်ရခဲ့သည်။ သူတို့နှစ်ယောက်လုံးက ယမန်နှစ်။ကျောင်းအဖွဲ့တွင် ပါဝင်ခဲ့ကြသော အဖွဲ့ဝင်များဖြစ်၍ သူတို့၏ ကျွမ်းကျင်မှုအဆင့်က အလွန်မြင့်လှသည်။

နောက်နေ့မနက်စောစောတွင် ချီယုက အိပ်ယာစောစောထပြီး သူ့ထံမှ ကြည့်အကောင်းဆုံးအဝတ်အစားများဝတ်ကာ ဆံပင်ပုံစံကိုလည်း အမိုက်ဆုံးဖြစ်နေအောင်လုပ်ပြီး ယွမ်ရှင်းကျဲရှိနေမည့်  ကွင်းနံပါတ်Cသို့ သွားသည်။

သူက အကောင်းဆုံးအ‌နေအထားဖြင့် ယွမ်ရှင်းကျဲ အရှက်ကွဲတော့မည်ကို သူ့မျက်လုံးဖြင့် ကိုယ်တိုင်အတည်ပြုလိုခြင်းဖြစ်သည်။

စုကျီနန်လည်း ထိုသို့တွေးမည်မှာ သိသာလှသည်။ သူတို့နှစ်ယောက်က ကျောင်းယူနီဖောင်းများ ဝတ်ဆင်ထားသောလူအုပ်စုထဲတွင် ရောနေကြသည်။

ထိုအချိန်တွင် အသံတစ်သံက ချီယု၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်။

" အယ် ... လော့ဝမ်ချွမ်းလည်း ဒီရောက်နေတယ် ... သူက ကွင်းနံပါတ်Dမှာ မဟုတ်ဘူးလား ..."

" သူက တခြားလူတွေရဲ့ ပြိုင်ပွဲကို တစ်ခါမှ မကြည့်ဖူးပါဘူး ..."

" ထူးဆန်းလိုက်တာ ဒီနေ့ဆရာကြီးတွေ တိုက်ကြမှာများလား ..."

" လော့ဝမ်ချွမ်းက ရှေ့မှာရှိနေမှတော့ ဘယ်သူက ဆရာကြီးဖြစ်ဦးမှာလဲ ..."

ချီယုလည်း ပဟေဠိဖြစ်သွားသည်။ လူအများ ဆွေးနွေးပြောဆိုနေကြသည့် ဇာတ်လိုက်ကောင်လေးက ပရိသတ်ထဲတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ လော့ဝမ်ချွမ်းက မျက်လုံးများမှိတ်ကာ အနားယူနေပြီး ကွင်းထဲမှ ပြိုင်ပွဲကို အာရုံရှိပုံမရပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူ့ဘေးတွင်ထိုင်နေသော ခယ့်လိုင်က တစ်စုံတစ်ယောက် တိုက်ခိုက်တော့မည်ကို စိတ်လှုပ်ရှားစွာဖြင့် စောင့်နေပုံရသည်။

ချီယုနှင့် မလှမ်းမကန်းတွင် ထိုင်နေသော လုရန်ရှုက သူတို့ကိုသူတို့ ဒေါင်းကဲ့သို့ ဝတ်စားထားသော လူနှစ်ယောက်ကိုကြည့်ကာ မျက်မှောင်ကြုတ်ပြီး အော်ရီရယ်ကို ပြောလိုက်သည်။
" ကျစ် ... မကောင်းတော့ဘူး ..."

အော်ရီရယ်က ကွင်းထဲကိုကြည့်လျက် အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
" ကြည့်ရတာ ယွမ်ရှင်းကျဲက နောက်တစ်ပွဲမှာပြိုင်မယ်ထင်တယ် ... သူ့ရဲ့ မွမ်းမံတာကို အဆင်ပြေနိုင်မယ်ထင်လား ..."

" အဲ့ဒါ တကယ်ကို စွန့်စားရမှာ ... ငါသူ့ကို နေ့နေ့ညည စည်းရုံးပေမယ့် သူက နားမထောင်ဘူး ... ဒါပေမဲ့ ရှင်းကျဲမှာလည်း သူ့ဆုံးဖြတ်ချက်နဲ့သူဆိုတော့ သူ့ကိုယုံကြတာပေါ့ ..."
လုရန်ရှု လက်သီးများ ဆုတ်ထားမိသည်။

အော်ရီရယ် ခေါင်းငြိမ့်ပြလိုက်သည်။
" အဆင်ပြေမှာပါ ...ဒီပြိုင်ပွဲမှာ ရှုံးသွားတာက ကျောင်းလက်ရွေးစင်အဖွဲ့မှာပါဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာမှ မဟုတ်တာ ..."

လုရန်ရှု အသက်ပြင်းပြင်းရှုပြီး စိတ်ငြိမ်ရန် ကြိုးစားနေသည်။

ယွမ်ရှင်းကျဲက စောင့်ဆိုင်းခန်းထဲတွင် ပြင်ဆင်နေသည်။ ထိုစဉ် ဝန်ထမ်းတစ်ယောက်က သူ့ကိုစင်နောက်တွင် ပြင်ဆင်ရန် လာခေါ်သည်။

သူမတ်တပ်ရပ်လိုက်သည်။ တစ်ဖက်ခုံမှ ကာလက်လည်း မတ်တပ်ရပ်လိုက်သည်။ သူ၏ အနီရောင် ဆံပင်တိုများက တလက်လက်တောက်နေသည်။

ထိုလူနှစ်ယောက်က တစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြပြီး လေထုအခြေအနေက တစ်မျိုးဖြစ်နေသည်။

ပရိသတ်များက ကာလက်၏လှုပ်ရှားမှုကို သတိပြုမိပြီး ချက်ချင်းစိတ်လှုပ်ရှားလာကြသည်။

" ဆံနီ အရူး ပြိုင်တော့မယ်ဟေ့ ..."

" ချီးပဲ ငါ သူ့ပြိုင်ပွဲကို စောင့်နေတာ ...ဒီတစ်ခါလည်း ပြိုင်ဘက်ကို တစ်စစီဖြုတ်ပစ်မလား မသိဘူး ..."

" ငါကြားတာတော့ သူ့ပြိုင်ဘက်က အိုမီဂါတဲ့ ..."

" ဒါဆိုရင်တော့ ဘာမှမကျန်တော့တဲ့အထိ တစ်စစီလုပ်တော့မှာပဲ ..."

လော့ဝမ်ချွမ်းက ဆူဆူညံညံအသံများကြောင့် မျက်လုံးဖွင့်လိုက်သည်။ ကွင်းထဲကိုကြည့်လိုက်သည့်အခါ သူ၏လျော့တိလျော့ရဲအမူအယာက လေးနက်သွားသည်။

မူလက ချီယုမှာ ရှိုးတစ်ခုကိုကြည့်ရန် သဘောဖြင့်သာ ရောက်လာခဲ့သော်လည်း ယွမ်ရှင်းကျဲနှင့် ကာလက်က စင်နောက်တံခါး၌ အတူတူ ပျောက်ကွယ်သွားသည့်အခါ ပြောမပြနိုင်အောင် စိတ်လှုပ်ရှားလာပြီး လက်တွင် ချွေးများစိုရွှဲလာသည်။

မိနစ် အနည်းငယ်အကြာတွင် ...

အားလုံး၏ မျက်စိရှေ့မှောက်၌ပင် ယွမ်ရှင်းကျဲနှင့် ကာလက်တို့က ကွင်း၏အလယ်ဗဟိုတွင် တစ်ချိန်တည်း ပေါ်လာကြသည်။

ယွမ်ရှင်းကျဲက သူ့ရှေ့မှ အရပ်ရှည်ရှည်နှင့် အယ်လ်ဖာကိုကြည့်ပြီး လက်ကမ်းလိုက်သည်။
" ကျေးဇူးပြုပြီး သင်ပြပေးပါဦး ..."

ကာလက်က သူ့လက်ကို ဂရုမစိုက်သည့် အမူအယာဖြင့် ကြည့်နေသည်။ ခဏအကြာတွင် သူ့လက်ကိုပြန်ကမ်းပေးပြီး လက်ဆွဲနှုတ်ဆက်သည်ဆိုရုံသာ နှုတ်ဆက်ပြီး ဘာစကားမှ မပြောပေ။

သူ၏ ဆံပင်အနီရောင်အောက်က မျက်ခုံးများက အနည်းငယ် ပင့်တက်သွားသည်။ သူ၏မျက်ဝန်းများထဲတွင် အသက်နှင့်မလိုက်သည့် ရန်လိုမှုများရှိနေပြီး  တင်းတင်းစေ့ထားသော နှုတ်ခမ်းများက စိတ်မရှည်မှုကို ဖော်ပြနေသည်။

သူတို့နှစ်ယောက် မက်ခါထဲမဝင်မီ ဒိုင်လူကြီးက ယွမ်ရှင်းကျဲထံသို့ လျှောက်လာပြီး အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။

" ခဏနေလို့ မင်း ဆက်မတိုက်နိုင်တာဖြစ်ဖြစ် တခြားအခက်အခဲတစ်ခုခု ဖြစ်နေတာဖြစ်ဖြစ် တစ်ခုခုဖြစ်လာခဲ့ရင် အကူအညီတောင်းတဲ့ ခလုတ်ကို ချက်ချင်းနှိပ်လိုက်ပါ ... ဒါမှမဟုတ် PAစနစ်ဖွင့်ပြီး ငါ့ကိုပြောလိုက်ပါ ... ငါပြိုင်ပွဲကို ရပ်ပေးမယ် ..."

ယွမ်ရှင်းကျဲက ရန်လိုဟန်ရှိသော ဆံနီကောင်လေးထံမှ အာရုံလွှဲပြီး ဒိုင်လူကြီးကို ခေါင်းငြိမ့်ပြလိုက်သည်။ သို့သော်လည်း သူ၏ အမူအယာက ဒိုင်လူကြီးထင်ထားသကဲ့သို့ စိတ်လှုပ်ရှားမနေခဲ့ပေ။

ကာလက်က သူ၏ကြယ်တံခွန်မက်ခါကို သတ်မှတ်နေရာမှ မောင်းထွက်လာသည်။

၇မီတာ - ၈မီတာခန့်သာရှိသည့် မက်ခါငယ်လေးက အလယ်စားအရွယ် မက်ခါလေးဟုသာ ဆိုနိုင်သည်။ ကိုယ်ထည်တစ်ခုလုံးက အနက်ရောင်ဖြစ်ပြီး တချို့အပိုင်းများကမူ ကတ္တီပါနီရောင်များဖြစ်သည်။ ၎င်းတို့က ရန်သူမက်ခါများကို တစ်စစီဖြတ်ပစ်မည့် လက်နက်များဖြစ်သည်။

ယွမ်ရှင်းကျဲ ဗီဒီယိုကြည့်ခဲ့စဉ်က ကာလက်၏မက်ခါကို ဂရုတစိုက်လေ့လာခဲ့သည်။ ၎င်းအပေါ်တွင် လက်နက်များစွာရှိသော်လည်း ချိန်းကြိုးဓားရှည်ကြီးက ရန်သူကို လျှို့ဝှက် ထောင့်တစ်ခုခုမှ တိုက်ခိုက်နိုင်သည်။

ကာလက်၏ မက်ခါစထွက်လာသည်နှင့် ယွမ်ရှင်းကျဲက မက်ခါ၏ အချက်အလက်များကို သူ့စိတ်ထဲ မှတ်ထားလိုက်သည်။

ပရိသတ်များက ကာလက်၏မက်ခါ ထွက်လာသည်ကို မြင်လိုက်ရစဉ်တွင် ယွမ်ရှင်းကျဲအတွက် စိတ်ပူလာကြသည်။

" အဲ့ဒါကြီး ရောက်လာပြီ ... မရေမတွက်နိုင်တဲ့ မက်ခါတွေကို ဖျက်ဆီးပစ်ခဲ့တဲ့ ကြယ်တံခွန်မက်ခါကြီး ..."

" ပထမနှစ်က အိုမီဂါလေးက အလင်းမက်ခါမောင်းတာပဲ ... သူတော့ နင်းချေခံရတော့မယ် ..."

" အလင်းမက်ခါဆိုမှ ... သူ့မက်ခါက တော်တော်ကြည့်ရဆိုးတယ်နော် ... ငါသာ ကာလက်ဆိုရင် အဲ့ဒါမျိုးကို တစ်စစီဖြုတ်ပစ်ဖို့ စိတ်ဝင်စားမှာမဟုတ်ဘူး ..."

" ဟိုမှာကြည့်လိုက်ကြဦး ရုပ်ဆိုးတဲ့မက်ခါကြီး ထွက်လာပြီ..."

ယွမ်ရှင်းကျဲက သူ့လက်ထဲမှ မက်ခါလေးထောင့်တုံးကို တစ်ချက်ကြည့်လိုက်သည်။ ၎င်း၏ဘေးအနားတွင် အပိုင်းငယ်တစ်ခုထွက်နေသည်။ ၎င်းက သူ၏မက်ခါကို ပြန်လည်ပြင်ဆင်ရာတွင် အလိုအပ်ဆုံး ပစ္စည်းတစ်ခုဖြစ်သည်။

ယွမ်ရှင်းကျဲက မက်ခါလေးထောင့်တုံးကို ပစ်လိုက်သည်။ အပိုင်းသေးလေးက မူလလေးထောင့်တုံးမှ ထွက်လာပြီး မက်ခါ၏ဘေးနားတွင် ပေါ်ထွက်လာသည်။

ပရိသတ်ထဲမှ စူးရှသော အကြည့်ပိုင်ရှင်များက ထိုမြင်ကွင်းကို လျင်မြန်စွာတွေ့သွားကြသည်။

" သူ့ မက်ခါတုံးက နှစ်ပိုင်းရှိတာလား ..."

" နှစ်ပိုင်းတဲ့လား ... ကြယ်နှစ်ထပ်မက်ခါကို ဖြန့်လိုက်ရင်လည်း အဲ့လိုပဲမလား ..."

" မက်ခါတုံးက နှစ်ပိုင်းကွဲသွားတယ်ဟ ... သူက အလင်းမက်ခါကို ကြယ်နှစ်ထပ်မက်ခါပုံစံ ပြောင်းလိုက်တာများလား ..."

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ကြယ်နှစ်ထပ်မက်ခါကို ထိန်းချုပ်ဖို့က ထင်သလောက်မလွယ်ဘူး ..."

ဆယ်မီတာနီးပါးရှည်သော အလင်းမက်ခါက ကွင်းအလယ်တွင် ရပ်နေသည်။ ပထမအကြိမ်ကကဲ့သို့ပင်  ဤမက်ခါကို မြင်လိုက်ရသူတိုင်းက သူ၏အရောင်အဆင်းကြောင့် ထိတ်လန့်သွားရသည်။ သို့ရာတွင် ပို၍အံ့အားသင့်စရာကောင်းသည့်အရာမှာ အလင်းမက်ခါ၏ဘေးမှ သုံးမီတာခန့်ရှိသော သားရဲပုံစံ ကင်းထောက်စက်ဖြစ်သည်။

သို့ဖြစ်၍ ယွမ်ရှင်းကျဲက အလင်းမက်ခါကို ကြယ်နှစ်ထပ်မက်ခါအဖြစ် ပြောင်းလဲထားခြင်းဟု ဆိုလိုသည်။

ဤကင်းထောက်စက်လေးက မြေအောက်မှောင်ခိုဈေးတွင် ယွမ်ရှင်းကျဲ အလင်းမက်ခါသွားဝယ်စဉ်က သူဌေးချူ ပေးလိုက်သည့် ကိရိယာဖြစ်သည်။

သို့ဖြစ်၍ ယွမ်ရှင်းကျဲမှာ လော့ဝမ်ချွမ်းကို ကျေးဇူးတင်ရမည်ဖြစ်သည်။ အကယ်၍ သူ့ကို ဘောနပ်စ်အဖြစ် ကြယ်ဒင်္ဂါးတစ်သောင်း မပေးလိုက်ပါက သူဌေးက သူ့ကို ဤစက် ပေးလိုက်မည်မဟုတ်ပေ။

ပြန်လည်မွမ်းမံစဉ်က ယွမ်ရှင်းကျဲက ကျားပုံစံ ပြောင်းပစ်ခဲ့ခြင်းဖြစ်၍ ကင်းထောက်‌စက်လေးက ကျားပုံစံစက်ရုပ်နှင့်တူသည်။

သို့ရာတွင် ပြောင်းလဲမှု များများစားစားမရှိခဲ့ပေ။ ၎င်း၏ လက်နက်စနစ်ကိုသာ ခိုင်ခံ့အောင်လုပ်လိုက်ခြင်းဖြစ်ပြီး ပျက်စီးနေသောအမြီးပိုင်းကို ဖယ်လိုက်ကာ အမြီး၏ တိုက်ခိုက်မှုစွမ်းရည်ကို အနေအထားတစ်ခုရောက်အောင် ပြုပြင်လိုက်သည်။

ယွမ်ရှင်းကျဲက ငွေကြေးပြတ်လပ်နေ၍သာ ကြယ်နှစ်ထပ်မက်ခါဖြစ်အောင် အသွင်ပြောင်းရမည့် အစိတ်အပိုင်းများကိုသာ ဝယ်လိုက်ခြင်းဖြစ်ပြီး အခြားအရာများကို ကြည့်ရဆိုးသည့်အပိုင်းတွင် တပ်လိုက်သည်။

စက်ရုပ်ကျားလေးက အလင်းမက်ခါ၏ခြေထောက်နားတွင် နာခံစွာဖြင့် ဆောင့်ကြောင့်ထိုင်နေသောကြောင့် ပရိသတ်က ၎င်းကို စိတ်ဝင်တစား ကြည့်နေသည်။

xxxx

Continue Reading

You'll Also Like

633K 70.8K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
12.6K 404 30
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
17.7K 1.2K 19
သောကြာနေ့တိုင်း Update ရှိပါသည်။ ကြာပန်းဖြူလေးများအဖွဲ့
700K 30.4K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...