အိုမီဂါအဖြစ် ကူးပြောင်းပြီးနေ...

By Azure5549

1.1M 129K 2.5K

Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... More

မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
hello သတင်းကောင်းလေးပါရှင့်
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175 ( End )
IQ team က အသစ်ပြန်တဲ့ အပုဒ်လေးနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင့်

22

6.8K 898 0
By Azure5549

Chapter 22

"သူ​ကျောင်းကထွက်ရမထွက်ရမင်းမှာဘယ်တုန်းက ဆုံးဖြတ်ပိုင်ခွင့်ရှိသွားတာလဲ"

လေးနက် ကျယ်​လောင်​သောအသံတစ်ခုကဖြတ်​ပြောလာခဲ့သည်။ ကျိုး​ဖေးရွယ်က ယွမ်ရှင်းကျဲ​ဘေးသို့​လျှောက်လာကာ ​အော်ရီရယ်နှင့်လုရန်ရှုတို့ပါ​ရောက်လာခဲ့သည်။

"ရှင်းကျဲကအခုငါတို့အတန်းရဲ့ပထမ​နေရာ၊ ပထမနှစ်ရဲ့မျိုး​စေ့​ကောင်း​လေးဖြစ်​နေပြီ"

​အော်ရီရယ်က ချီယုအား​လှောင်​ပြောင်စွာကြည့်လျက် "သူ့ကို​ကောင်း​​ကောင်း​လေ့လာဖို့​ပြော​နေတာ မင်းမရှက်ဘူးလား"

လုရန်ရှုသည်လည်းစုကျီနန်အားရွံ့ရှာစွာကြည်ြလျက်

"တချို့လူ​တွေကိုယ့်အတွက်ကိုယ်ပဲပူဖို့ ငါ​ပြောချင်တယ်" ထိုလူသုံး​ယောက်ရုတ်တရက်​ရောက်လာခြင်းက ချီယုနှင့်စုကျီနန်အား​နေရာတွင်​အေးခဲသွား​စေသည်။ ​ဘေးပါတ်၀န်းကျင်၏မျက်လုံးတို့က သူတို့အားဤ​နေရာတွင်ဆက်ရပ်မ​​နေရဲ​အောင်ပြုလုပ်​နေခဲ့သည်။

ယွမ်ရှင်းကျဲ၏မထူးမခြားနား​သောမျက်နှာကိုမြင်လျှင် ချီယုက ​ဒေါသထွက်စွာ ​ထေ့​ငေါ့လိုက်သည်။

"မင်း ဒီပထမနှစ်ဘယ်​လောက်​တောင်​တော်​နေနိုင်မလဲကြည့်ကြတာ​ပေါ့၊ ဗျူ​ဟာ​လေး​ကောင်းမှု​ကြောင့်နိုင်သွားတာများ ၊လာမယ့်PKပွဲ​တွေဒီ​လောက်လွယ်မယ်ထင်​နေလား၊ နှစ်​လေးခုပဲယှဥ်လိုက်ဦး ၊ ငါတို့နဲ့​တွေ့တာနဲ့မင်းထွက်ရပြီသာမှတ်"

"မင်းနဲ့​တွေ့ရမှာဟုတ်လား"ယွမ်ရှင်းကျဲရုတ်တရက်ရယ်လိုက်ကာ ပထမဆုံးအကြိမ်အဖြစ် ချီယုကိုပြုံးပြလိုက်ပြီး ​အေးစက်​သောမျက်၀န်းများဖြင့်ကြည့်လျက်

"​ကောင်းတာ​ပေါ့၊ ငါလည်းအဲဒါကိုပဲလိုချင်​နေတာ"

ချီယုမှာ ယွမ်ရှင်းကျဲမှမိမိအားဤသို့ပြန်ခံပက်လာလိမ့်မည်မထင်ထား​ချေ။ စက္ကန်အနည်းငယ်ကြာပြီး​နောက် သူကဆိုးရွားလှ​သောအမူအရာဖြင့်ပင်ထွက်သွား​တော့သည်။ စုကျီနန်လည်း​​ကြောက်​ကြောက်လန့်လန့်နှင့် ချီယု​နောက်မှ​ပြေးလိုက်သွား​တော့သည်၊

"ရှင်းကျဲ မင်းပြန်သွားပြီး​ကောင်း​ကောင်းနားလိုက် "

လုရန်ရှုကဆိုလိုက်သည်။

"မင်းဒီ​နေ့ပင်ပန်းသွားပြီ"

ကျိုး​ဖေးရွယ်ကလည်းယွမ်ရှင်းကျဲကို​ခေါင်းငြိမ့်ပြလိုက်သည်။

"မင်း​ကောင်း​​​ကောင်းလုပ်ခဲ့တယ်၊ ဒီစံချိန်ကိုထိန်းထား"

ယွမ်ရှင်းကျဲမှာအလွန်ပင်ပန်း​နေပြီး ​ကျောင်းသို့ ယာဥ်ပျံစီးလျက်ပြန်သွားခဲ့သည်။ ပြိုင်ပွဲပြီးသည့်​နောက် ယွမ်ရှင်းကျဲမှာရှင်းဟိုင်တက္ကသိုလ်အတွင်း လူ​ပြောအများဆုံးသူဖြစ်လာခဲ့သည်။

​ကျောင်းဖိုရမ်တစ်ခုတွင်

"​လော့၀မ်ချွမ်းသူ့ရဲ့စွမ်းအားအမှန်ကိုဒီနှစ်မှာချပြခဲ့တာလား"

"​လော့၀မ်ချွမ်းတစ်​ယောက်​ဒီနှစ်မှာကျောင်းအသင်းကို ဆီမီးဖိုင်နယ်ထိဆွဲ​ခေါ်သွားနိုင်မလား"

ထိုကဲ့သို့ပိုစ့်များဖြင့်ပြည့်​နေခဲ့သည်။ ထို့​နောက်အခြားပို့စ်များမှာ

"ပထမနှစ်ရဲ့ ပထမ​နေရာကတကယ်ပဲ အိုမီဂါတစ်​ယောက်လား၊ "

"အဲဒီအိုမီဂါက ​ပြောင်​မြောက်လွန်းတယ်"

"အိုမီဂါတစ်​ယောက်က ငါ့ထက်ရလဒ်ပို​ကောင်း​နေတာကို ငါမယုံနိုင်ဘူး" အစရှိသည်တို့ဖြစ်​လေသည်။

လူတိုင်းမှာ ယွမ်ရှင်းကျဲ၏စွမ်းအားအစစ်အမှန်အ​ကြောင်းကို​ဆွေး​နွေး​နေကြသည်။

"ငါ၀င်ခွင့်ပြိုင်ပွဲဗီဒီယို ကိုကြည့်ပြီးပြီ ၊ ယွမ်ရှင်းကျဲကတကယ်ဗျူဟာသခင်ကြီးပဲ၊ သူ့မှာအဲလိုကြံရည်ဖန်ရည်မျိုးရှိလိမ့်မယ် ဘယ်သူ့မှထင်ထားမှာမဟုတ်ဘူး၊ ဒါ​ပေမယ့် သူ့အသင်း​ဖော်​တွေသာမပါရင်သူက၀င်ခွင့်​တောင်မ​အောင်​လောက်ပါဘူး၊ သူ့ရဲ့စိတ်စွမ်းအားနဲ့ ကိုယ်ခံအားကဒီ​လောက်နိမ့်တာ"

"ဒါ​ပေမယ့်ယွမ်ရှင်းကျဲက ပန်းမ၀င်ခင်သူ့စ​​ကေး​တွေပြသွား​သေးတယ်​လေ၊ မက်ခါသုံးစီးရဲ့ ဒူးကိုပိုင်းချလိုက်တုန်းကဆို သူ့အလျင်ပဲဖြစ်ဖြစ် ချိန်ဆမှုပဲဖြစ်ဖြစ် Aအဆင့်​တစ်​ယောက်ထက်​တော့မ​လျော့ဘူးကွ"

"အမှန်ပဲ ဒူးကိုဖြတ်တာက မက်ခါတစ်စီးရဲ့ မျှ​ချေကိုပျက်စီး​စေမှန်းလည်းသိ​နေတယ်၊ ဒါ​ကြောင့်သူကမက်ခါအ​ကြောင်းလည်း​ကောင်း​ကောင်းသိပုံရတယ်"

"စက္ကန့်ပိုင်းအလို​လေးမှာ အရှိန်မြင့်ပြီးလိုက်လာတဲ့အပိုင်းလည်း​သောက်ရမ်းလန်းပဲ၊ အဲအရှိန်က​လော့၀မ်ချွမ်း​တောင်ယှဥ်လို့ရတယ်​နော်"

"အရမ်းကြီးလည်း​မြောက်မ​နေပါနဲ့ ယွမ်ရှင်းကျဲရဲ့စ​ကေးကအဲ​လောက်လည်း​ကောင်းမ​နေပါဘူး"

"ဟုတ်တယ် ငါကြားတာ​တော့ သူ​ကျောင်းကိုစ၀င်လာတုန်းက ကိုယ်ခံအားစစ်​ဆေးတာကျတယ်တဲ့၊ သူကဘယ်လိုလုပ်​လော့၀မ်ချွမ်းနဲ့ယှဥ်နိုင်မှာလဲ"

လူအများစုမှာ ပြိုင်ပွဲကို​​သေချာ​လေ့လာပြီး​သော​​ကျောင်းသားများပင်ဖြစ်ကြသည်။ သူတို့ကပြိုင်ပွဲပြီးသည်နှင့်ထင်မြင်ချက်များဖလှယ်ကြ​လေ့ရှိသည်ပင်။ နှစ်​လေးခုယှဥ်ပြိုင်မှုတွင် ​လော့၀မ်းချွမ်းမှလွဲလျှင် ယွမ်ရှင်းကျဲက ရေပန်းအစားဆုံး ​ဆွေး​နွေးစရာ​ခေါင်းစဥ်ဖြစ်​နေခဲ့သည်။

အ​တော်ကြာ​ဆွေး​နွေး​နေကြသည့်တိုင် ယွမ်ရှင်းကျဲ၏စွမ်းအားအစစ်အမှန်ကိုမ​တွေးနိုင်ကြ​ချေ။ သိူ့နှင့်တခြား​ခေါင်းစဥ်ကိုသာ​ပြောင်းလိုက်ကြသည်။

သူ၏နည်းဗျူဟာအသစ်မှာ​နောက်လာမည့်၀င်ခွင့်ပြိုင်များကို တနည်းတဖုံ​ပြောင်းလဲ​စေ​တော့မည်ဖြစ်​ချေသည်။  ကျိုး​ဖေးရွယ်သည်လည်းဤပို့စ်များကို​တွေ့သည်ပင်။ သူကဖိုရမ်ထဲ၀င်လျက် အတင်းအဖျင်းများကိုစပ်စုရခြင်းအားအထူးနှစ်သက်သည်။ ယွမ်ရှင်းကျဲ၏အမည်မှာ ​လော့၀မ်ချွမ်းနှင့်အတူ မက်ခါ​မောင်းနှင်​ရေးဖိုရမ်တွင်နာမည်ကြီး​နေသည်ကိုမြင်လျှင်ကျိုး​ဖေးရွယ်လွန်စွာစိတ်ကြီး၀င်သွားမိသည်။

ထိုသို့စိတ်ကြီး၀င်ပြီး​နောက်တွင်သူ၏အမူအယာမှာပြန်တည်သွားပြန်သည်။ပြီးခဲ့​သောလက်​တွေ့​လေ့ကျင့်​ရေးတွင် ယွမ်ရှင်းကျဲမှာ Bအဆင့်မက်ခါကို Cအဆင့်စိတ်စွမ်းအားဖြင့်နှိုးခဲ့သည်၊ သူကထိုသည်မှာမ​တော်တဆဟုသာအမြဲ​တွေးထားခဲ့တာပင်။ သိူ့​သော် ၀င်ခွင့်အပြီး ယွမ်ရှင်းကျဲ၏လုပ်​ဆောင်မှုကိုမြင်ပြီး​သောအခါအခြားအ​တွေးတစ်ခုက​ခေါင်းထဲ​ရောက်လာခဲ့သည်၊

ယွမ်ရှင်းကျဲက အမှန်တကယ် မက်ခါများကိုအဆင့်​ကျော်​မောင်းနှင်​နေနိုင်​ပေသည်လား၊ ကျိုး​ဖေးရွယ်မှာသူ၏ကိုယ်ပိုင်အ​တွေး​ကြောင့်အလွန်ထိတ်လန့်သွားမိသည်။ အင်ပါယာတစ်ခုလုံး၌ပင် မက်ခါအဆင့်​ကျော်​မောင်းနိုင်သူကိုလက်ချိုး​ရေနိုင်သည်။

ယွမ်ရှင်းကျဲကဲ့သို့Cအဆင့်စိတ်စွမ်းအားနှင့်အိုမီဂါမှာ ထိုကဲ့သို့ဥာဏ်ကြီးရှင်မျိုး မည်သို့ဖြစ်နိုင်မည်နည်း။

၄င်းမှာမဖြစ်နိုင်မှန်းသိ​သော်လည်း ကျိုး​ဖေးရွယ်မှာသူ၏သံသယ​ကြောင့်အိုမီဂါ အမျိုးသား အ​ဆောင်သို့သွားလိုက်သည်။

မ​နေ့ကပြိုင်ပွဲပြီး​နောက်တွင် ယွမ်ရှင်းကျဲမှာ ပင်ပန်းလွန်းသဖြင့်အိပ်ယာတွင်လဲကာ အိပ်​ပျော်​နေ​ချေပြီ။ သူသည်ယခုပိုက်ဆံရှာထွက်စရာမလို​​သလို ​ကျောင်းမှအထုတ်ခံရမည့်အ​ရေးကိုလည်းပူစရာမလို​ချေ။ သို့​သော် ကျိုး​ဖေးရွယ်က စော​စောစီးစီးသူနှင့်လုရန်ရှုအတွက် မနက်စာ၀ယ်လာ​ပေးမည်မထင်ထား​ချေ။

ယွမ်ရှင်းကျဲကအလျင်အမြန်​ကျေးဇူးတင်လိုက်သည်။ မနက်စာစား​နေစဥ် ကျိုး​ဖေးရွယ်က လာရင်းကိစ္စကိုရှင်းပြလာသည်။ ယွမ်ရှင်းကျဲမူလကထင်​နေသည်မှာ ကျိုး​ဖေးရွယ်က သူပထမ​နေရာကိုရသဖြင့် သီးသန့်ဂုဏ်ပြုချင်၍ဟု။ သို့​သော်ကျိုး​ဖေးရွယ်က ​သူ့အားလေ့ကျင့်​ရေးခန်းမမှ စိတ်စွမ်းအားတိုင်းတာသည့်စက်ဆီ​ခေါ်သွားလျှင်သူက အံ့အားသင့်လျက်​မေးလိုက်သည်။

"ဆရာကျွန်​တော့်ကိုစိတ်စွမ်းအား​လေ့ကျင့်​ပေးမလို့လား၊"

"ငါမင်းကိုဒီ​နေ့အပင်ပန်းမခံခိုင်းပါဘူး" ကျိုး​ဖေးယွယ်ကဆိုသည်၊

"ဒါကတစ်​ကျောင်းလုံးမှာအ​ကောင်းဆုံး ​လေ့ကျင့်​ရေးခန်းမပဲ၊ ​ပြောရမယ်ဆို တချို့အသင်း​တွေနဲ့လူတချို့ပဲသုံးခွင့်ရှိတယ်၊ ​ကျောင်းအသင်းအတွက်လူ​တွေကမဆုံးဖြတ်ရ​သေးဘူး၊မင်းမ၀င်ရဘူးဆို​တာ​တော့ဖြစ်သင့်တယ်၊ ဒါ​ပေမယ့် ."

ကျိုး​ဖေးရွယ်က ခဏမျှရပ်လိုက်ပြီး

သူသည် 'မင်းတကယ်ပဲ မက်ခါအဆင့်​ကျော်​မောင်းနိုင်တာလား' ဟူ​သော​မေးခွန်းကို​မေးချင်ပါ​သော်လည်းဆရာတစ်​ယောက်အ​နေနှင့်မသင့်​တော်လှဟုခံစားရကာ

"မင်းရဲ့စိတ်စွမ်းအားကိုအရင်စမ်းကြည့်သင့်တယ်"

ကျိုး​ဖေးရွယ် ကယွမ်ရှင်းကျဲ၏စိတ်စွမ်းအားကိုအတည်ပြုလိုခဲ့သည်။ အကယ်၍ ယွမ်ရှင်းကျဲ၏ စိတ်စွမ်းအားမှာCအဆင့်ဖြစ်ပါက သူကအမှန်တကယ်မက်ခါအဆင့်​ကျော်​မောင်းနိုင်ခြင်းဖြစ်​ပေလိမ့်မည်။
ယွမ်ရှင်းကျဲ​ခေါင်းငြိမ့်လိုက်သည်။ သူကဆရာဖြစ်သူက သု့အတွက်စိတ်ပူ​နေတာကိုနားလည်​ပေသည်။

သူ၏စိတ်စွမ်းအားကို တိုင်းတာ​ရေးဦးထုတ်နှင့် ဆက်သွယ်​လိုက်ပြီး​နောက် ယွမ်ရှင်းကျဲကမျက်လုံးကိုမှိတ်လိုက်ပြီးညစိတ်စွမ်းအားကိုလည်ပါတ်​စေလိုက်သည်။ ကျိုး​ဖေးရွယ်ကမူ ​ဘေးမှ လက်ကိုတင်းတင်းဆုပ်လျက် အသက်ပင်မရှူနိုင်ပဲစိုက်ကြည့်​နေမိသည်။

မိနစ်အနည်းငယ်ကြာပြီး​နောက် ရလဒ်ကတိုင်းတာ​ရေးစက်၏မျက်နှာပြင်တွင်​ပေါ်လာခဲ့သည်။ ယွမ်ရှင်းကျဲမျက်လုံးကိုဖွင့်ကြည့်လိုက်လျှင် စက်​ပေါ်၌ Bဟု​သောစာလုံးကြီးကြီး​ပေါ်​နေသည်ကိုကြည့်ပြီး အံ့အားသင့်သွားမိ​လေသည်။ သူ၏စိတ်စွမ်းအားမှာ အဆင့်တက်သွား​ချေပြီ၊ ထိုစဥ်သူကရုတ်တရက် ပြိုင်ပွဲအတွင်းမှ အတန်း​A၏​မက်ခါသုံးစီး​နောက်​ပြေးလိုက်စဥ်က သူ၏စိတ်စွမ်းအားမှာအလွန်​ပေါ့ပါးကာ ထိန်းချုပိရပိုလွယ်​နေသလိုခံစား​နေရ​ကြောင်းသတိရမိသွားသည်။

ထိုအချိန်အတွင်းတွင် သူ၏စိတ်စွမ်းအားမှာ Cအဆင့်မှ Bအဆင့်သို့တက်သွားခြင်းဖြစ်လိမ့်မည်။ Bအဆင့်သို့တိုးတက်ခြင်းမှာအ​တော်​ကောင်းလှသည်။ ထို့အပြင် မိမိတွင် မက်ခါများအဆင့်​ကျော်​မောင်းနိုင်​ကြောင်းလည်း ယွမ်ရှင်းကျဲ သိသည်ပင်။

ယခုသူ၏စိတ်စွမ်းအားမှာ Bအဆင့်သို့တက်သွားလျှင် Aအဆင့်မက်ခါကို​​မောင်းနိုင်​တော့မည်ဟုဆိုလိုသည်မဟုတ်ပါလား။ သူ၏​ဘေးတွင်​တော့ ကျိုး​ဖေးရွယ်က စိတ်သက်သာရာရစွာ သက်ပြင်းမှုတ်ထုတ်လိုက်သည်။ ယွမ်ရှင်းကျဲကဘမက်ခါအဆင့်​ကျော်​မောင်းနိုင်သည်ဟုဘသူ​တွေး​နေခြင်းမှာ ရူး​နေ၍ဖြစ်မည်။

ထိုကဲ့သို့​မေးခွန်းမျိုးကိုသာ​မေးမိပါက ယွမ်ရှင်းကျဲသူ့ကိုရယ်လိမ့်မည်။

"ဒါက​ကျောင်းကိုစစ​ရောက်ချင်းကထက် တစ်ဆင့်ပိုမြင့်တာပဲ ၊ ​ကောင်းတယ်"

ကျိုး​ဖေးရွယ်ကပြုံးလျက်ချီးကျူးလိုက်သည်။

"မင်းလိုပဲ အဆင့်မြန်မြန်တက်နိုင်တဲ့သူ​တွေရှိတယ်၊ အနာဂါတ်မှာ လည်းများများ​လေ့ကျင့်ပြီးစိတ်စွမ်းအားနဲ့ ကိုယ်ခံအားတိုး​အောင်လုပ်"

ကျိုး​ဖေးရွယ်အကြံ​ပေးလိုက်သည်။

ယွမ်ရှင်းကျဲသည်မက်ခါကိုအဆင့်​ကျော်​မောင်းခြင်းမဟုတ်လျှင်​တောင် သူ၏စိတ်စွမ်းအားအမြန်တိုးတက်လာသည်မှာ အံ့သြစရာ​ကောင်းဆဲဖြစ်သည်။ ယွမ်ရှင်းကျဲသည်​ခေါင်း​ဆောင်းကိုချွတ်လိုက်ပြီး ​ခေါင်းငြိမ့်လိုက်ကာ

"ဟုတ်ကဲ့ပါ"

ထို့​နောက်​သူက​မေးလိုက်သည်။

"ဒါနဲ့ ဆရာ၊ ကျွန်​တော်တို့ဒီမှာစိတ်စွမ်းအားတိုင်းတာရုံပဲလား"

"တစ်ခုရှိ​သေးတယ်" ကျိုး​ဖေးရွယ်ကအတည်အတံ့ဆိုလာသည်။

"မင်းရဲ့အလင်းဓါးမက်ခါက တလက်ကိုင်အ​ဟောင်းမလား ငါပြိုင်ပွဲတုန်းကသတိထားမိတယ်၊သူ့အစိတ်အပိုင်း​တော်​တော်များများကပြန်ပြင်ထားရတာပဲ၊ သူ့ရဲ့လုပ်​ဆောင်ရည်လည်းနည်းနည်းကျ​နေတယ်"

"ဆရာအမြင်စူးရှတာပဲ တကယ်ပဲ တလက်ကိုင်အ​ဟောင်း​လေးပါ၊ "

"၀င်ခွင့်ပြီးရင် သုံးရက်အတွင်း တစ်ဦးချင်းPKပြိုင်ပွဲ​တွေစ​တော့မယ်"

ကျိုး​ဖေးရွယ်ကယွမ်ရှင်းကျဲအားကြည့်လျက်ဆိုလိုက်သည်။

"မင်းရဲ့စိတ်စွမ်းအားကအဆင့်တက်သွားပြီဆို​တော့မက်ခါကိုပြန်ပြင်ရမယ့်အချိန်ပဲ၊ သိပ်အများကြီးလုပ်ဖို့​တော့အချိန်မရ​ပေမယ့်၊ တခြားလိုတာ​​လေး​တွေ​တော့​ပေါင်းထည့်လို့ရမှာပါ၊

ထို့​နောက်တွင်ကျိုး​ဖေးရွယ်က​တွေးလိုက်ပြီး

"တစ်ဦးချင်းPKပြိုင်ပွဲ​တွေက နှစ်​လေးနှစ်​ရောထားတာ ၊ Bအဆင့်က​နေ SSအဆင့်အထိလူ​တွေအကုန်ပါတယ်၊မင်းရဲ့ Cအဆင့်မက်ခါနဲ့ဆို ​သေချာ​ပေါက်အ​ခြေအ​နေမ​ကောင်းနိုင်ဘူး"

ယွမ်ရှင်းကျဲသည်လည်း ၄င်းကိုသတိထားမိ​လေသည်၊ သူကရှက်ရွံ့စွာဆိုလိုက်သည်။

"ကျွန်​တော်အိမ်နဲ့ပြသနာဖြစ်​နေတာဆို​တော့ မက်ခါကိုအဆင့်မြှင့်ဖို့ပိုက်ဆံမရှိဘူးရယ်" .

ကျိုး​ဖေးရွယ်နားလည်​ပေသည်။ ခဏမျှစဥ်းစားပြီး​နောက် ယွမ်ရှင်းကျဲအားဆိုလိုက်သည်။

"ငါမှတ်မိတာ​တော့၀င်ခွင့်ပထမ​နေရာအတွက် ​ဘောနပ်စ်  ၅၀၀၀၀ရှိတယ်မလား"

ယွမ်ရှင်းကျဲအံ့အားသင့်လျက်

"တကယ်ကြီးလား"

"တကယ်ကြီး​ပေါ့"

ကျိုး​ဖေးရွယ်ပြုံးလျက်​ခေါင်းငြိမ့်လိုက်သည်။

"မင်း​ငွေလို​နေတုန်းပဲဆို ငါ့ကိုအကူအညီ​တောင်းနိုင်တယ်"

"အားနာစရာကြီး"

ယွမ်ရှင်းကျဲ​ခေါင်းကုတ်လိုက်မိသည်။

ယွမ်ရှင်းကျဲမှာတပါးသူများထံမှတစ်ခါမျှအကူအညီမယူဖူး​ချေ။ အထူးသဖြင့် လူကြီးများထံမှဖြစ်သည်။

"မက်ခါပြိုင်ပွဲမှာ မင်းဆုရသ၍ ငါမင်းကို​သေချာ​ပေါက်​​ထောက်ပံ့​ပေးမယ်"

ကျိုး​ဖေးရွယ်ကအတည်အတံ့ဆိုလာသည်။

"ငါအခုလည်းမင်းကို​နည်းနည်း​ပေးဦးမယ်"

"ဟင့်အင်း၊ တကယ်မလိုပါဘူး ဆရာ"

ယွမ်ရှင်းကျဲသည်အ​ကောင့်ထဲ သို့​ကျိုး​ဖေးရွယ်ထံမှ ကြယ်ဒဂါး ၆၀၀၀၀ခန့်၀င်လာလျှင် အလွန်ဖိအားများသွားရသည်။​​ကျောင်းမှ​ဘောနပ်စ်နှင့်​ပေါင်းလျှင် ၁၀၀၀၀၀ကျော်ရှိပြီ။ အ​ကောင်းစားပစ္စည်းများကို​တော့မ၀ယ်နိုင်​သော်လည်း ၄င်းမှာယွမ်ရှင်းကျဲအတွက် လုံ​လောက်သည်ပင်။

​ငွေများကိုကြည့်လျက် ယွမ်ရှင်းကျဲမှာမိမိ​ကောင်း​ကောငိးမလုပ်နိုင်လျှင် ဆရာကိုမျက်နှာပျက်​စေလိမ့်မည်ဟု​တွေးမိ​လေသည်။

"ဆရာ့ရဲ့ကြင်နာမှုကိုပြန်​ပေးဆပ်ဖို့ ကျွန်​တော်အ​ကောင်းဆုံးကြိုးစားပါ့မယ်"

ကျိုး​ဖေးရွယ်ကပြုံးလျက်

"ရပါတယ် ငါတခြားဆရာ​တွေနဲ့​တွေ့စရာရှိ​သေးတယ်၊မင်းကဒီနှစ်ရဲ့ နံပါတ်၁ ဖျက်​မြင်း ပဲ၊ ငါ့ကိုစိတ်မပျက်​စေနဲ့"

xxxxxx

Continue Reading

You'll Also Like

1.8M 186K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
6.2K 1.2K 38
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...